Tuesday 13 November 2012

နေပြည်တော်မှ ပြင်ဦးလွင်သို့ ထွက်ခွာလာသော မန္တလာမင်းနှင့် အခြားကားအချို့ တိုက်ခိုက်ခံရ

နေပြည်တော်မှ ပြင်ဦးလွင်သို့ အဝေးပြေးလမ်းမကြီး အတိုင်း ထွက်ခွာလာသော မန္တလာမင်း ကားနှင့် အခြားကား အချို့ မိုင်တိုင် ၂၀၈၊ ၆ ဖာလုံနဲ့ ၈ ဖာလုံကြား အရောက်တွင် လမ်းဘေးဘယ်ညာ မှ လောက်ေ လး ခွများဖြင့် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း ယာဉ်ပေါ်တွင် ပါရှိသူ ခရီးသွားတစ်ဦးက ဖုန်းဆက် အကြောင်းကြားသည်။

ရတနာသိင်္ဃ တံတားအခြေအနေ




နိုဝင်ဘာလ ၁၁ ရက်နေ့နံနက်ပိုင်းလှုပ်ခတ်ခဲ့သည့် အ၀ါရောင်အဆင့်ရှိ အင်အားပြင်းငလျင် ဒဏ်ကြောင့် ရတာနာသိင်္ယ ဧရာဝတီမြစ်ကူးတံတား ပျက်စီးမှုအခြေအနေ။ တံတား ပျက်စီးမှုကြောင့် စီမံကိန်း လုပ်ငန်းခွင်တွင်တာဝန်ထမ်းဆောင်နေသော လုပ်သား တစ်ဦးသေဆုံးခဲ့ပြီး ငါးဦးပျောက်ဆုံးနေကြောင်း  သိရ သည်။ ၁၂ ရက်နေ့ နေ့လည် သုံးနာရီအထိ ပျောက်ဆုံးနေသော လုပ်သားများကို ယခုထိ ပြန်လည် မတွေ့ရှိသေးပေ ။

အင်းလေးကန် အခြေအနေ ဆိုးဝါးလာ


ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အင်းလေကန်ရဲ့ သဘာဝပတ်ဝန်းကျင် အနေအထားဟာ တနေ့တခြားပိုဆိုးဝါးလာတယ်လို့ အင်းလေး အထူးဒေသဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ကိုရေအေးက ပြောပါတယ်။

တရုတ်နိုင်ငံထုတ် ပထမဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ် စမ်းသပ်ပျံသန်း


http://img.news.sina.com/china/p/2012/1111/U47P5029T2D525320F24DT20121112074527.jpeg

တရုတ်စစ်ဘက်က ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ် အသုံးပြုနေသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုး အစား WZ-10သည် အမေရိကန်၏ နာမည်ကျော် AH-64 Apacheများကို စိန်ခေါ်လာဖွယ် ရှိနေကြောင်း သိရသည်။ အမေရိကန် ကြည်းတပ်နှင့် လေတပ်တို့တွင် အသုံးပြုနေသော AH-64 တိုက် ခိုက်ရေး ရဟတ်ယာဉ်သည် ကမ္ဘာပေါ်တွင် မဟာဗျူဟာ မြောက် ချေမှုန်းစစ်ဆင်ရေးများကို အကောင်းဆုံး လုပ်ဆောင်နိုင်သည့် စစ်ယန္တရား တစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်နေခဲ့သည်။

ဆီးရီးယားဘက်မှ မော်တာကျည် ကျရောက်ပေါက်ကွဲပြီးနောက် အစ္စရေး တုံ့ပြန်ပစ်ခတ်

အစ္စရေးစစ်တပ်သည်ဂိုလန်ကုန်းပြင်မြင့်သို့ဆီးရီးယားဘက်မှပစ်လွှတ်သော မော်တာကျည်ကျေ ရာက်   ပေါက် ကွဲပြီးနောက် တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တနင်္လာနေ့ ကတည်းက အစ္စရေး တပ်များသည် ဆီးရီးယား နယ်နိမိတ်ဘက်သို့ တုံ့ပြန် ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ဆီးရီးယား မော်တာကျည်ဆန်များသည် ဂိုလန်ဒေသသို့ ကျရောက် ပေါက်ကွဲခဲ့သလို ကျည်တစ် လုံးသည် အစ္စရေးစစ်တပ် အခြေစိုက်ရာ နေရာအပြင်ဘက်ကိုပင် ထိမှန်ခဲ့သည်။ ဂိုလန်ကုန်းပြင်မြင့် အလယ်ပိုင်းသို့ ကျရောက်ခဲ့သော မော်တာကျည်ဆန်ကြောင့် မိမိတို့ စစ်စခန်းတွင် ထိခိုက်သေဆုံးသူ မရှိကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

israel-syria-attack

CEGG Fourm တွင် ဒုတိယသမ္မတ ဒေါက်တာဆိုင်းမောက်ခမ်း ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်



၂၀၁၂ခုနှစ် နိုဝင်ဘာလ (၃၁)ရက်က နေပြည်တော်၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် CEGG Forum တွင် ဒုတိယ သမ္မတဒေါက်တာ    စိုင်းမောက်ခမ်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာ အချို့ကိုကောက်နုတ်ေ   ဖ်ာပြအပ်ပါသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဂျပန်ကလပ် အိုကာယာမနဲ့ ခြေစမ်းမည်

http://u.goal.com/218600/218634hp2.jpg

တောင်ကိုရီးယား လက်ရွေးစင်ဟောင်း နည်းပြ ပါ့ဆောင်ဟွာ ကိုင်တွယ်နေတဲ့ မြန်မာအသင်းဟာ ဂျပန်နိုင်ငံ ဒုတိယတန်း ကလပ်ဖြစ်တဲ့ ဖာဂီယာနို အိုကာယာမအသင်းနဲ့ ဆူဇူကီးဖလားအကြို ခြေစမ်းပွဲ ၂ ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

အာဆီယံ-အာရှ လမ်းပိုင်းတခု ကျပ်သန်း ၆,ဝဝဝ ကျော်ဖြင့် ဖောက်လုပ်မည်-


အာဆီယံနှင့် အာရှလမ်းမကြီးအတွင်း ပါဝင်နေသည့် ရှမ်းပြည်နယ် နမ့်ဆန်-ကွမ်ဟိန်း-တာကော်-မိုင်းပြ -ကျိုင်းတုံ လမ်းအား ကျပ်သန်းပေါင်း ၆,ဝဝဝ ကျော် အကုန်အကျခံ၍ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

“နမ့်ဆန်-ကျိုင်းတုံ လမ်းက မိုင် ၂ဝဝ ကျော် အရှည်ရှိပါတယ်။ ဆောက်လုပ်ရေးနဲ့ ကုမ္ပဏီအဖွဲ့ ၁၃ ဖွဲ့က ရရှိတဲ့ ရန်ပုံငွေ ကျပ်သန်း ၆,ဝဝဝ ကျော်နဲ့ ဖောက်လုပ်သွားမှာပါ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူ တဦးကပြောကြားသည်။

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ


ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ
Tuesday, November 13, 2012

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။

သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ တာဝန်ကျတာ ဖြစ်ပါတယ်။ 
ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက် လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊ ရေကူး ပင်ပန်းတဲ့အချိန်ကျတော့ အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို ဘလောဂ် တစ်ခု လုပ်ပြီးတော့
တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောက်ရေး
ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။

သူရောက်နေတဲ့ နေရာကလည်း ကမ္ဘာ့အလှဆုံး စာရင်းဝင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ တော်ရုံလူ မသွားနိုင်ပါဘူး။ ရှားရှားပါးပါး သန္တာကျောက် တန်းများ ပေါကြွယ်ဝပြီး အလှပေါင်းများစွာ ပြည့်စုံနေတဲ့ ကျွန်းငယ်လေး ဖြစ် ပါတယ်။ ခြောက်ဆို ပျင်းစရာ ကောင်းမယ်ထင်ပေမယ့် သူ့အတွက် ကတော့ ပျော်စရာချည်း ဖြစ်ပါတယ်။ လူများလည်း လာရောက် လည်ပတ်တဲ့အတွက် အထီးကျန်ခြင်းလည်း မရှိပါဘူး။

ခြောက်လ စာချုပ်ပြည့်သွာတော့လည်း အလုပ်က ထွက်ရမယ်လို့ ထင်ထား ခဲ့ပေမယ့် ထင်သလိုမဟုတ်ပဲ ရာထူးတောင် တက်သွားပါသေး တယ်။ Queensland (သန္တာကျောက်တန်းကျွန်းစု) အတွက် သံတမန်အဖြစ် အခန့်အပ်ခံလိုက်ရပါတယ်။ ကျွန်းစုကြီး ကမ္ဘာပေါ် ထင်ရှား ကျော်ကြား လာစေဖို့ တာဝန်အလွဲခံရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒီအတွက် ရတဲ့ လစာ ကျွန်းစောင့်ရတဲ့ လစာထက် ပိုတောင် တိုးသွားတယ်လို့ ဆိုပါတယ်။

Queensland ဘုတ်အဖွဲ့က ရွေးချယ်လိုက်တဲ့ Ben ဟာ ကမ္ဘာ့ အလုပ် ကံအကောင်းဆုံးလူသား၊ ကမ္ဘာ့အကောင်းဆုံး အလုပ်ရသော လူသားအဖြစ် ယနေ့တိုင် လူသိများခဲ့ရပါတယ်။

Ref: greatist.com
International news for myanmar

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန် တင်ခဲ့ပါတယ်။

ဘန်ကောက်လုပ်ငန်းခွင်ရန်ပွဲအပြီး မြန်မာ ၁၇၅ ဦး နယ်စပ်ပြန်ရောက်



ပြည်တော်ပြန်အလုပ်သမားအများအပြား မြ၀တီမြို့ သောင်းရင်းခန်းမသို့ ရောက်ရှိလာကြသည်

ဘန်ကောက်တွင် အလုပ်လုပ်ကိုင်စဉ်  အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၇၅ ဦး ယနေ့မွန်းလွဲပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့သို့  ပြန်လည်ရောက်ရှိခဲ့ကြသည်။

မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင် Google Chromebook (Acer C7)

မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင် Google Chromebook (Acer C7) 

မကြာမီရက်ပိုင်းအတွင်း ကမ္ဘာတစ်လွှား ဖြန့်ချိတော့မှာ ဖြစ်တဲ့ Notebook ဖြစ်တဲ့ Acer C7 ဟာ မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင်ပဲ ရှိပါတယ်။ 

Acer C7 သို့မဟုတ် Google C7 Chromebook လို့ခေါ်တဲ့ Notebook ကို Google နဲ့ Acer က တွဲထုတ်တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက စလို့ စတင် မိတ်ဆက်ပြီး Google ရဲ့ အဓိက လက်တွဲဖော် ကတော့ တောင်ကိုရီးယား Samsung နဲ့ ထိုင်ဝမ် Acer ဖြစ်ပါတယ်။ ယခု တစ်ခေါက် လက်တွဲထုတ်တာကတော့ Acer နဲ့ ဖြစ်ပါတယ်။ 

Processor : 1.1GHz Intel Celeron 847 processor 

RAM          : 2GB of DDR3

Storage      : 320GB hard drive

OS              : Google Chrome OS

Connectivity : 3-USB 3.0 ports, SD/MMC card reader, HDMI, Wi Fi

battery        : four cell , 3.5 hours

Dimension    : 285x202x27.5mm

Weight         : 1.38kg

ဘက်ထရီ သုံးနာရီခွဲခံတယ်လို့ ဆိုပါတယ်။ စဖွင့်ချင်း ၁၈ စက္ကန့်ထက် မကျော်ခင် ပွင့်တယ်ပါတယ်။ Screen အရွယ်အစား ၁၂ လက်မဝန်းကျင် ရှိပါတယ်။ C7 ရဲ့  ရည်ရွယ်ချက်က လုံခြုံရေး အဆင့်မြင့်မှု၊ အင်တာနက် အသုံးပြုခြင်း မြန်ဆန်မှု၊ အလွယ်တကူ အသုံပြုနိုင်မှု (easy to use interface) အချက်သုံးချက်အတွက် လို့ ဆိုပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့လည်း အဆင်ပြေမယ့် Notebook ဖြစ်ပါတယ်။ 

အမှန်တကယ် အဓိက ရည်ရွယ်ချက်က ရောက်လေရာ နေရာ တိုင်းမှာ အင်တာနက် အလွယ်တကူ အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Storage နဲ့ Graphic ကိုအဓိကထားတဲ့ လပ်(ပ)တော့ မဟုတ်ပါဘူး။ ပြီးတော့ OS ကလည်း Google Chrome OS ဖြစ်ပါတယ်။  Linux ကို အခြေခံပြီးဆွဲထားတဲ့ OS ဖြစ်ပါတယ်။Open source ဆိုပေမယ့် မြန်မာပြည်မှာ ဗားရှင်းစုံစုံ လင်လင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ Google ပေးတဲ့ ဆားဗစ်တွေ ပြည့်ပြည့်ဝဝ မရရှိတာမျိုး တို့ ဖြစ်ပါတယ်။

 သို့ပေမယ့် အင်တာနက်လိုင်းအမြဲတမ်းရနေမယ်၊ ငွေ ၂ သိန်းလည်း ရှိနေမယ်၊ OS အသစ်လည်း စမ်းကြည့်ချင်တယ်ဆိုရင် Acer ရဲ့  C7 ကိုရွေးချယ် နိုင်ပါတယ်။ 
----
Ref: GoogleChrome
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/google-chromebook-acer-c7.html

မကြာမီရက်ပိုင်းအတွင်း ကမ္ဘာတစ်လွှား ဖြန့်ချိတော့မှာ ဖြစ်တဲ့ Notebook ဖြစ်တဲ့ Acer C7 ဟာ မြန်မာ ကျပ်ငွေ   ၂ သိန်းဝန်းကျင်ပဲ ရှိပါတယ်။

Acer C7 သို့မဟုတ် Google C7 Chromebook လို့ခေါ်တဲ့ Notebook ကို Google နဲ့ Acer က တွဲထုတ် တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက စလို့ စတင် မိတ်ဆက်ပြီး Google ရဲ့ အဓိက လက်တွဲဖော် ကေ တာ့ တောင်ကိုရီးယား Samsung နဲ့ ထိုင်ဝမ် Acer ဖြစ်ပါတယ်။ ယခု တစ်ခေါက် လက်တွဲ ထုတ်တာ ကတော့ Acer နဲ့ ဖြစ်ပါတယ်။

အင်တာနက်လိပ်စာတွင် ထည့်သော မျဉ်းစောင်းနှစ်ခုအတွက် ဖန်တီးသူက တောင်းပန်ခဲ့


အင်တာနက်လိပ်စာတွင် ထည့်သော မျဉ်းစောင်းနှစ်ခုအတွက် ဖန်တီးသူက တောင်းပန်ခဲ့

အင်တာနက်သုံးဖို့ ဝဘ်ဆိုဒ် လိပ်စာ တစ်ခုခုကို ဖွင့်တဲ့အခါ http(s) ပြီး ရင် နောက်မှာ Slash (မျဉ်းစောင်း) နှစ်ခု ရိုက်ရိုက်ထည့်ပေးရပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်းနှစ်ခုမှာ မလိုအပ်ပဲ တီထွင်သူ Tim Berners-Lee က မှားယွင်းထည့်သွင်းမိတာလို့ ဆိုပါတယ်။ 

ဒီအတွက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက World Wide Web တီထွင်သူ Tim Berners-Lee ကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်း နှစ်ခုဟာ မလိုအပ်ပဲ အချိန်ပိုကြာစေတဲ့ အရာ တစ်ခု လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် စစချင်း တီထွင်တုန်းက သူ့ရဲ့  အင်ဂျင်နေယာ ကွန်ရက်ငယ်လေးသာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီတော့ နောက်တော့ အခြား နယ်ပယ်များအထိ ကျယ်ပြန့်လာပြီး ကမ္ဘာသုံး အင်တာနက်ရယ်လို့ ဖြစ်လာပါတယ်။ သို့ပေမယ့် မျဉ်းစောင်း နှစ်ခုကို ဖျက်ဖို့အတွက် Tim Berners-Lee အတွက် နှောင့်နှေးသွားပြီ ဖြစ်ပါတယ်။ 

အားလုံး အသုံးပြုနေပြီဆိုတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ မလွယ်ကူတော့ ပါဘူး။ ဒါကြောင့် ယနေ့တိုင် အင်တာနက်မှာ ဝဘ်ဆိုဒ်လိပ်စာများ ရှာဖွေ မယ်ဆိုရင် https:// အစရှိသဖြင့် မျဉ်းစောင်း နှစ်ခုကို ထည့်ထည့် ပေးနေ ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: BBC

Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/blog-post_13.html

အင်တာနက်သုံးဖို့ ဝဘ်ဆိုဒ် လိပ်စာ တစ်ခုခုကို ဖွင့်တဲ့အခါ http(s) ပြီး ရင် နောက်မှာ Slash (မျဉ်းစောင်း)   နှစ်ခု ရိုက်ရိုက်ထည့်ပေးရပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်းနှစ်ခုမှာ မလိုအပ်ပဲ တီထွင် သူ Tim Berners-Lee က မှားယွင်းထည့်သွင်းမိတာလို့ ဆိုပါတယ်။

မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်တွင် အဖွဲ့ ဝင် (၂၉) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)၏ ပထမအကြိမ် အစည်း အ ဝေး ကို ၂၀၁၂ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့တွင် ကုန်းမြင့်သာစားသောက်ဆိုင်၌ ကျင်းပခဲ့ပြီး ယခု အချိန် အထိ အစည်းအဝေး(၅)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ယင်းအစည်းအဝေးများမှ

ကမ္ဘာ့တီထွင်မှု အကောင်းဆုံး ကုမ္မဏီအဖြစ် Apple က နံပါတ် ၁တွင်ရှိနေဆဲ



သုံးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ Apple က တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ တီထွင် မှု အကောင်းဆုံး ကုမ္မဏီ ( The world most innovative company) ၁၀ ခု စာရင်းကို အမေရိကန်အခြေဆိုက် စစ်တမ်းေ ကာက် ကုမ္မဏီတစ်ခုဖြစ်တဲ့ Booz မှ ထုတ်ပြန်ခဲ့ တာ ဖြစ်ပါတယ်။

နံပါတ် ၂ ကတော့ Google ဖြစ်ပါတယ်။ Google နံပါတ် ၂ ရသွားတဲ့ အကြောင်းအရင်းမှာ လက်ရှိ သူတို့  ပြုလုပ်ထားတဲ့ Project Glass ( Smart Glass) -ဂူးဂဲလ်မျက်မှန်ကြောင့်မို့လို ဆိုပါတယ်။

ကွင်းဟောင်းတွေပြန်ပြင်ပြီး လေယာဉ်ဆင်းမယ်


 
 (ဂူဂဲရဲ့ ဂြိုဟ်တုမြေပုံမှာ တွေ့ရတဲ့ နောင်မွန်းမြို့ လေယာဉ်ကွင်း)
 လေယာဉ်အတက်အဆင်းမရှိဘဲပစ်ထားတာကြာပြီဖြစ်တဲ့ကွင်းတွေကိုအသုံးပြုနိုင်အောင်ပြန်ပြင်တော့မယ်                               လို့ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ဝင်များကို ထိုင်းအာဏာပိုင်များ တရက်ကြာ ဖမ်း


ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ဝင်များကို ထိုင်းအာဏာပိုင်များ တရက်ကြာ ဖမ်း
Tuesday, November 13, 2012


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်၏ ဆွေမျိုးနှင့် တပ်ဖွဲ့ဝင်တချို့ လိုက်ပါလာသည့် ကားတစီးကို ထိုင်းအာဏာပိုင်များက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နောက်တရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ယင်း ကားပေါ်တွင် DKBA တပ်ဖွဲ့ဝင် ၂ ဦးနှင့် ဗိုလ်ချုပ် စောလားပွယ်၏ ဆွေမျိုး အပါအ၀င် ၆ ဦး လိုက်ပါလာပြီး မဲဆောက်မြို့မှ တဆင့် ထိုင်း-မြန်မာနယ်စပ်သို့ မောင်းသွားနေစဉ် ဖုပ္ဖရဒေသရှိ စစ်ဆေးရေး ဂိတ်တခုတွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်က ဧရာဝတီသို့ ပြောသည်။

ကားပေါ်တွင် လိုက်ပါလာသူများသည် နယ်စပ်ဖြတ်ကျော်သည့် တရားဝင် စာရွက်စာတမ်း တချို့သာပါရှိပြီး ထိုင်းနိုင်ငံ နယ်စပ်မှ တဆင့် DKBA တပ်ဖွဲ့ဝင်ရှိရာ မြ၀တီမြို့နယ် ဆုံစည်းမြိုင် ကျေးရွာသို့ သွားမည်ဟု သိရသည်။

DKBA တပ်ဖွဲ့ဝင်များရှိရာ ဆုံစည်းမြို့ဒေသကို မြ၀တီမြို့မှ သွား၍ရသော်လည်း ဗိုလ်ချုပ် စောလားပွယ်၏ အမျိုးတော်စပ်သူ သက်ကြီးရွယ်အို ပါသည့်အတွက် အဆင်ပြေရန် စီစဉ်ခဲ့ကြောင်း ဗိုလ်မှူးကြီး စန်းအောင်က ဆက်ပြောသည်။

ထိုင်း အာဏာပိုင်များက ကားပေါ်တွင် လိုက်ပါလာသူများကို ပြန်လွှတ်ပေးသော်လည်း ကားမောင်းသူကိုမှု လူကုန်ကူးမှုဖြင့် စွပ်စွဲ၍ မဲဆောက်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

လတ်တလောတွင် ကားမောင်းသမား ပြန်လည် လွတ်မြောက်လာရန် ကြိုးစားဆောင်ရွက်နေပြီး အခြေအနေများကို မသိရှိရသေးကြောင်း ကားသမားအမှုကို ဆောင်ရွက်ပေးနေသည့် DKBA တပ်ဖွဲ့မှ ကိုဇေယျာက ပြောသည်။

“ကားနဲ့ လူကိုတော့ မရသေးဘူး။ ဒီမနက် ကားကို လာထုတ်ပါလို့ ရဲအရာရှိတဦးရဲ့ လက်ထောက်က ပြောတယ် ဆိုပြီးတော့ လှမ်းပြောလို့ ကျနော်တို့ သွားတဲ့အခါ အမှုတွဲ ကာယံကံရှင်က တရားရုံးရောက်နေတော့ ထုတ်လို့ မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ကားမောင်းသမားနှင့် ပတ်သက်သည့် အခြေအနေမှန်ကို ကားမောင်းသမားနှင့် တွေ့ဆုံ စကားပြောခွင့် ရမှသာလျှင် သိရှိရမည်ဟု ကိုဇေယျာက ပြောသည်။

“အရင်ကလည်း ထိုင်းနိုင်ငံကနေပြီးတော့ သွားတာပဲ။ သွားခဲ့တဲ့ အခေါက်ရေလည်းများပြီ။ ဒီတကြောင်းကျမှ ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ ဆိုတာကတော့ နောက်ကွယ်က တခုခုများ ရှိနေသလားလို့ ကျနော်တို့ စဉ်စားထားတာရှိပါတယ်” ဟု ဆိုသည်။

ကိုဇေယျာက ဖမ်းဆီးရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ကားလမ်းများ သွားရေးလာရေး အခက်အခဲရှိသည့်အခါ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပုံစံအရ DKBA တပ်ဖွဲ့ဝင် တချို့ကို ထိုင်းနိုင်ငံဘက်မှ ပို့လေ့ပို့ထ ရှိကြောင်းပြောသည်။

ဗိုလ်ချုပ် စောလားပွယ်ကို ဧပြီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) မှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်း ဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ပြန်ထားသည်။

DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်တွင် တာဝန်ရှိသည်ဟု စွပ်စွဲ၍ ဆုကြေးငွေ ထုတ်ထားခြင်း ဖြစ်သည်။

Irrwaddy
 
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်၏ ဆွေမျိုးနှင့် တပ်ဖွဲ့ဝင်တချို့ လိုက်ပါလာသည့် ကားတစီးကို ထိုင်းအာဏာ ပိုင် များက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နောက်တရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရ သည်။

မြေငလျင်သတင်း

ပြင်းအား ရစ်ချတ်တာစကေး ၆ ဒသမ ၈ ရှိ အင်အားကြီးမြေ ငလျင် ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီးနောက် နိုဝင် ဘာ ၁၃ရက် ညနေပိုင်းအထိ အင်အား ၅ အထက်ရှိ နောက်ဆက် တွဲမြေငလျင် ၄ ကြိမ်လှုပ်သွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု့ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

ကမ္ဘာဘဏ်မှ ကချင် နှင့် ရခိုင်ဒုက္ခသည်များအား ဒေါ်လာ ၅ သန်း ထောက်ပံ့မည်

ကမ္ဘာဘဏ်မှ ကချင် နှင့် ရခိုင်ဒုက္ခသည်များအား ဒေါ်လာ ၅ သန်း ထောက်ပံ့မည်

November 13, 2012Home, သတင်း 

ကချင်စစ်ပွဲများကြောင့်ရခိုင် ပြည်နယ်အတွင်းရှိ ပဋိပက္ခများ ကြောင့် ဒုက္ခရောက်လျက်ရှိသော   ဒုက္ခသည်များအား ကမ္ဘာဘဏ်    မှ ဒေါ်လာ(၅)သန်း ကူညီသွား  မည်ဖြစ်ကြောင်း သိရသည်။
၎င်းကိစ္စများနှင့်ပတ်သက်၍  ကမ္ဘာဘဏ်မြန်မာနိုင်ငံမန်နေဂျာ  Kanthan Shanker ကပြောကြား ရာတွင် ““အခု ကျွန်တော်တို့အ  ပစ်အခက်ရပ်စဲရေးဒေသတွေကို  ကူညီပေးဖို့လုပ်နေပါတယ်။  ထောက်ပံ့ပေးမှာကတော့ (၅) သန်းပါ””ဟု ပြောကြားခဲ့သည်။
ယခုပြည်တွင်းတွင် ဖြစ်ပွား နေသော ကချင်စစ်ပွဲများကြောင့်    ဒုက္ခသည်ဦးရေ (၈)သောင်းကျော်  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေ သော ပဋိပက္ခများကြောင့် ဒုက္ခသည်ဦးရေ (၁)သိန်းကျော်တို့ရှိ   နေပြီဖြစ်ပြီး ၎င်းနေရာများမှ ဒုက္ခ  သည်များအား ကူညီမည့်အလှူ ရှင်များ ထောက်ပံ့ပေးမည့်သူများ    လိုအပ်လျက်ရှိနေသည်ကိုသိရှိရ သည်။
အဆိုပါလှူဒါန်းငွေ(၅)သန်း မှာ မြန်မာအစိုးရသို့ ထောက်ပံ့  သော သန်း(၈၀)နှင့်မဆိုင်ပဲ သီး ခြားလှူဒါန်းခြင်းဖြစ်ကြောင်းသိရ သည်။

    ဖြိုးအောင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : occupycorporatism.com

ကချင်စစ်ပွဲများကြောင့်ရခိုင် ပြည်နယ်အတွင်းရှိပဋိပက္ခများ ကြောင့်ဒုက္ခရောက်လျက်ရှိသောဒုက္ခသည် များ အား ကမ္ဘာဘဏ် မှ ဒေါ်လာ(၅)သန်း ကူညီသွား မည်ဖြစ်ကြောင်း သိရသည်။

အချိန်အခါမဟုတ်မိုးရွာမည့်သတိပေးချက်


(၁၃-၁၁-၂၀၁၂ ခုနှစ် နံနက်(၁၀း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန်(၀၉း၃၀)နာရီအချိန်တိုင်းထွာချက်များအရယနေ့မွန်းတည့်မှနာက်(၇၂)နာရီအတွင်း
အရှေ့ဘက်မှရွေ့လျားလာသောလေပွေလှိုင်းများ၏အရှိန်ကြောင့်မန္တလေးတိုင်းဒေသကြီး၊မကွေး တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကယားပြည်နယ်နှင်ကရင်ပြည်နယ်တို့တွင် နေရာကွက် ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်း ရွာနိုင်ပါသည်။

ရီရဲလ်မက်ဒရစ်အသင်း၏ လူငယ်နည်းပြအဖွဲ့ဝင် ၄ ဦး မြန်မာနိုင်ငံ လာမည်

စပိန်လာလီဂါဘောလုံးကလပ် ရီရဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်နည်းပြအဖွဲ့ဝင် ၄ဦးဟာ မြန်မာ့ဘောလုံး အား ကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ ရန်ကုန်မြို့ကို ဒီက နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မှာ ရောက်ရှိမှာ ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားအထည်ချုပ် စက်ရုံ အလုပ်ထုတ်ခံရသည့် အလုပ်သမား ၇၀ကျော် ပြဿနာ မနက်ဖြန် ဖြေရှင်းမည်


  နိုဝင်ဘာ ၁၃

တောင်ဥက္ကလာ မြင်သာဈေး မှတ်တိုင်အနီးရှိ မြန်မာ ဟေးဝေး ကိုရီးယား အထည်ချုပ်စက်ရုံမှ အလုပ် သ မား ၇၃ ဦး အလုပ်ထုတ် ခံရသည့် ပြဿနာအား မနက်ဖြန် နံနက် ၁ဝ နာရီတွင် ဖြေရှင်းမည် ဟု၎င်း စက်ရုံ မှ အလုပ်သမား ခေါင်းဆောင် မသန်းသန်းဝင်းက ပြောသည်။

ဝမ်းဗိုက်အဆီ လျော့ကျစေမည့် နည်း ၉ သွယ်





ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

“ဆရာဝန်များ၏ ပေါ့ဆမှုကြောင့် လူနာအသက်ဆုံးရှုံးခဲ့ရပါသဖြင့်….”


 “အထက်ဖော်ပြပါအတိုင်း ဆရာဝန်များ၏ ပေါ့ဆမှုကြောင့် လူနာမှာ အသက်ဆုံးရှုံးခဲ့ရပါသဖြင့် လုံေ လာက်ေ သာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးပါရန်နှင့် တာဝန်ရှိသော ဆရာဝန်များကို ထိရောက်စွာ အရေး ယူပေး ပါရန် တိုင်ကြားအပ်ပါသည်”

ပစ်စာမဟုတ်ပါ။ အမည် မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ အတိအကျဖော်ပြပြီး ဖြစ်စဉ်အသေးစိတ်နှင့်တကွ တိုင်ကြားသော တိုင်စာ တစ်စောင်ဖြစ်ပါတယ်.။

ပင်ကိုအလှ ပိုပေါ်လွင်မှုရှိရအောင်

 

 လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက် ရဲ့ ပြင် ဆင် နေထိုင်ပုံ တွေကြောင့်  ပိုမိုတင့်တယ် တောက်ပသွား တတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ်ပါတယ်။

မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့


မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့
Tuesday, November 13, 2012

ယနေ့ နံနက် ၇ နာရီခွဲခန့်က ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာလာသော မြန်မာ့လေကြောင်းပိုင် Focker F-28 လေယာဉ်တစ်စီးသည် နေပြည်တော်လေဆိပ်သို့ဆင်းသက်ခါနီး အဆင်းဂီယာ ချို့ယွင်းမှုကြောင့် နေပြည်တော် လေဆိပ်တွင် မဆင်းတော့ဘဲ ရန်ကုန်လေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့ကြောင်းသိရှိရပါသည်။
လေယဉ်ပေါ်တွင် ခရီးသည် ၆၀ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ဦးပါလာပြီး မည်သူမှထိခိုက်မှုမရှိကြောင်းသိရှိရသည်။ မြန်မာ့လေကြောင်းပိုင် Focker F-28 လေယာဉ်များသည် သက်တန်းကြာမြင့်ပြီးဖြစ်သဖြင့် မြန်မာ့လေကြောင်းအနေဖြင့် ၄င်းလေယာဉ်များအားအမေရိကန်နိုင်ငံ GE Company  ထုတ်လေယာဉ်များနှင့် အစားထိုးပြေးဆွဲရန်ပြင်ဆင်ထားကြောင်းသိရှိရသည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်က ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာလာသော မြန်မာ့လေကြောင်းပိုင် Focker F-28 လေယာဉ်တစ်စီးသည် နေပြည်တော်လေဆိပ်သို့ဆင်းသက်ခါနီး အဆင်းဂီယာ ချို့ယွင်း မှုကြောင့် နေပြည်တော် လေဆိပ်တွင် မဆင်းတော့ဘဲ ရန်ကုန်လေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရှိရပါသည်။

Miss Myanmar International 2013 ပြိုင်ပွဲတွင် ဆုရလျှင် ကမ္ဘာ့အဆင့် မယ်ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်


မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် Miss Myanmar International 2013 ပြိုင်ပွဲ တွင် ဆုရရှိသူသည် ဆုငွေကျပ်သိန်း(၃၀) အပြင် ကမ္ဘာ့အဆင့် ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း Myanmar Tourism Services မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နေပြည်တော်တွင် ငလျင်လှုပ်ခတ်

 
ယနေ့နံနက်(နိုဝင်ဘာလ ၁၃ ရက် နေ့) ၈နာရီ၂၃မိနစ်၀၄စက္ကန့်အချိန်က နေပြည်တော်မြေ ငလျင်စခန်း  ၏ တောင်ဘက် ၃၅ မိုင်အကွာ ၊ မန္တလေး မြေငလျင်စခန်းမှ ၁၈၈ မိုင်အကွာ ဆွာမြို့အနောက်ဘက် ၁၄ မိုင်အကွာကိုဗဟိုပြု၍ ပြင်းအား ရစ်ခ်ျတာစကေး ၄.၈ ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ခတ်  သွားကြောင်း နေပြည်တော်မြေငလျင်စခန်းမှ သိရသည်။

လာမည့် နှစ် ၂၀ အတွင်း ငလျင်ကြီး ထပ်လှုပ်နိုင်ဖွယ်ရှိ



လာမည့် နှစ် ၂၀ အတွင်း စစ်ကိုင်းပြတ်ရွေ့ တလျှောက်နှင့် ပြတ်ရွေ့ကြောအနီးရှိ မြို့ကြီးတချို့ တွင် ပြင်း အား ၇ အဆင့်ကျော်ရှိ ငလျင်ကြီး ထပ်မံ လှုပ်နိုင်ခြေ ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အေ ထွထွေ အတွင်းရေးမှူး ဦးစိုးရသူရထွန်းက ပြောဆိုသည်။

မြေငလျင် ဒဏ်ကြောင့် ရွှေတွင်း နှစ်တွင်း အတွင်း ပိတ်မိ ခဲ့သော လုပ်သား ၂ဝ ဦး ပြန်လည် လွတ်မြောက်လာ


နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက လှုပ်ခတ် ခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် ဒဏ်ကြောင့် မန္တလေးတိုင်း ဒေသကြီး စဥ့်ကူး မြို့နယ်ရှိ ရွှေတွင်း နှစ်တွင်း အတွင်း ပိတ်မိနေ ခဲ့သော ရွှေတွင်း လုပ်သား ၂ဝ ဦးမှာ လေးနာရီကြာ ပိတ်မိနေ ခဲ့ရာမှ ပြန်လည် လွတ်မြောက် လာကြကြောင်း ဝမ်းမြောက် ဖွယ်ကြား သိရသည်။

ရှိတဲ့ လူစာရင်းနဲ့ ဆူဖူကီး ဖလား ရအောင် ကြိုးစား မယ် ဆိုတဲ့ ကြည်လင်း

ရှိတဲ့ လူစာရင်းနဲ့ ဆူဖူကီး ဖလား ရအောင် ကြိုးစားမယ် ဆို့တဲ့ မြန်မာ့ လက်ရွေးစင်တောင်ပံ တိုက်စစ်မှူး ကြည်လင်း အား ကျွန်တော်တို့ myanmarstriker.com မှ သွားရောက်တွေ့ ဆုံမေးမြန်း ခဲ့သည့် အင်တာဗျူး အစီအစဉ် ဖြစ်ပါသည်။
 
မေး။ ။ ကြည်လင်းရေ။ ပထမဆုံးမေးချင် တာက Goal.com က ရွေးချယ်တဲ့ အာရှ အကောင်းဆုံး ၁၁ ယောက် စာရင်းမှာ ပါခဲ့တဲ့ အတွက် ဘယ်လို ခံစားရ ပါသလဲ။
ဖြေ။ ။ ကျွန်တော့် အတွက်တော့ အရမ်းကို ပျော်စရာပေါ့ဗျာ။ ဘယ်လိုပြော ရမလဲ။ မယုံနိုင်အောင် ကိုဖြစ်ခဲ့ ရတာပါ။ မြန်မာ ကစားသမား တစ်ယောက် အနေနဲ့ ဒီလို စာရင်း မှာ ပါဖို့ ဆိုတာ လွယ်တာ မဟုတ် ဘူးလေ။ အဲ့ဒီတော့ ကျွန်တော် ဂုဏ်ယူ ပါတယ်။

လူကြီးမင်းဖုန်းဆိုင် Samsung ဖုန်းအလုံး ၈၀ ပြန်လည်မဲနှိုက်



ရန်ကုန်မြို့တော်ရှိ လူကြီးမင်း မိုဘိုင်း ဖုန်းအရောင်းဆိုင်များတွင် နိုဝင်ဘာလ ၃ ရက်နေ့က လူဦးရေ အလွန် အမင်း များပြားမှုနှင့် စီမံခန့်ခွဲမှု လိုအပ်ချက်များကြောင့် ပျက်ပြားခဲ့ရသော Samsung Galaxy Mini မဲနှိုက် ရွေးချယ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက Park Royal ဟိုတယ်၌ ဖုန်းအလုံး ၈၀ ပြန်လည် မဲနှိုက် ရွေးချယ်ပေးခဲ့ကြောင်း ယင်းပွဲ စီစဉ်သူများထံမှ သိရသည်။

ဖင်လန်နိုင်ငံကျောင်းများရဲ့အောင်မြင်ခြင်းသော့ချက်


ဖင်လန်နိုင်ငံရဲ့ ပညာရေး အပြောင်းအလဲက လွန်ခဲ့တဲ့အနှစ်၎ဝက စခဲ့တယ်လို့ဆိုရမှာပေါ့။ ဒါပေမယ့်လဲ သင်ကြားပေးနေသူတွေကိုယ်တိုင် ဒီစနစ်သစ်ကြီးက အကြီးအကျယ်အောင်မြင်တယ်ဆိုတာ ၂ဝဝဝ ခုနှစ် တိုင်အောင် မသိခဲ့ပါဘူး။ ကမ္ဘာ့နေရာပေါင်း ၄ဝ ကျော်မှာ ၁၅နှစ်သားကျောင်းသားတွေကို စစ်ဆေးလိုက် တဲ့အခါမှသာ ဖင်လန်သားတွေဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးနဲ့အကောင်းဆုံး စာဖတ်သူတွေဖြစ် တယ်ဆိုတာ တွေ့ရှိခဲ့တာပါ။ နောက် ၃နှစ်ကြာတော့ သူတို့ဟာ သင်္ချာဘာသာမှာပါ ထိပ်ဆုံးကိုရောက် လာတော့တာပါပဲ။ ဒါတင်မက ၂ဝဝ၆ မှာ သူတို့ဟာ သိပ္ပံပညာရပ်မှာ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ပထမ ထပ်စွဲခဲ့ပြန်ပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့်ရှိ


နိုဝင်ဘာလ ၁၁ ရက်နေ့ ငလျင်ဒဏ်ကြောင့် တည်ဆောက်ဆဲ ဧရာဝတီ မြစ်ကူး ရတနာသိင်္ဃ တံတား ပြိုကျပျက်စီးနေစဉ်

စစ်ကိုင်းနှင့် ရွှေဘိုခရိုင်အတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျပျက်စီးသည့်အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်း ခန့် ရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက်တွင် ယမန်နေ့က ငလျင်လှုပ်ခတ်မှုများကြောင့် တခြား တိုင်းဒေသများ အပါအဝင် သေဆုံးသူ စုစုပေါင်း ၁၁ ဦး၊ ပျောက်ဆုံးနေသူ ၃၆ ဦး ရှိကြောင်း သိရသည်။

တရားမဝင် ဝင်လာသည့် ဘင်္ဂါလီ ၁၀၀ ကျော်ကို ထိုင်းက ဖမ်းဆီး


ဖန်င ရဲစခန်းက တရားမဝင်ရောက်ရှိလာသည့် ဘင်္ဂါလီများကို ဖန်င လူဝင်မှုကြီးကြပ်ရေးသို့ လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ – Dailynews.co.th)

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့နယ် ရေပိုင်နက်အတွင်း လှေဖြင့် တရားမ၀င် ရောက်ရှိလာသည့် ဘင်္ဂါလီ ၁၁၂ ဦးကို ထိုင်း အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်။

အိုဘားမား မြန်မာခရီးစဉ်အပေါ် အမေရိန်ကန် အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆို

နိုဝင်ဘာ ၁၃

ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိန်ကန် သမ္မတအိုဘားမား ခရီးစဉ်နှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်သည်။