Wednesday 5 September 2012

ခြင်ဆေးခွေမီးမှ ပရိဘောဂ စက်ရုံ မီးလောင်

 
 
မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

အန်အယ်လ်ဒီ ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ပါတီဝင်အဖြစ်က ယာယီရပ်ဆိုင်း

ပြီးခဲ့တဲ့ လပိုင်းက ဧရာဝတီတိုင်း မြောင်းမြမြို့မှာ အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ ခန့်အပ်တာကို မကျေနပ်လို့ အဖွဲ့ဝင်တချို့ လမ်းပေါ်ထွက် ဆန္ဒပြတာကို ခေါင်းဆောင်ခဲ့သူ ဦးမြင့်ကျော်နဲ့ ဦးဝင်းရွှေတို့ ၂ ဦးကို ပါတီဝင် အဖြစ်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

SSA တောင်ပိုင်းနှင့် “၀” တပ်ဖွဲ့ ဆက်ဆံရေး တင်းမာနေ

 From- irrawaddy 
 
ရှမ်းပြည်နယ် ပန်ဆိုင်း ဒေသ၌၂၀၁၀ ပြည့်
 မတ်လကကျင်းပသော စစ်အစိုးရနှင့်
 အပစ်အခတ်ရပ်စဲရေး ပြုလုပ်သည့် နှစ် 
၂၀ မြောက် အခမ်းအနားတွင် UWSA တပ်ဖွဲ့ဝင်များ
 စစ်ရေးပြနေကြစဉ် (ဓာတ်ပုံ – Shanland)
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားနေကြာင်း သတင်းရရှိသည်။

KIA အမာခံ ပြည်သူ့စစ်များက ဂျာဝမ်တံတားအား ဆင်ဖြင့် ဖြိုချဖျက်ဆီး

 From- kachin daily news
KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ အမာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တဲ့ တန်ဂွန်း ဦးဆောင်သော အဖွဲ့ဝင် (၃၀) ခန့်ဟာ စက်တင်ဘာလ (၃) ရက်နေ့က ဂျာဝမ်တံတားကို ဆင်တွေနဲ့ ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

““ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေးသင့်ပြည်သူများထံသွားရောက်စဉ် ပြောကြားသည့် မိန့်ခွန်း””

အဓိကလာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေ လာပြီး လေ့လာဖို့ပါ။ လေ့လာဖို့ဆိုပေမယ့်လည်း ရပ်ကွက်တိုင်းတော့မရောက်နိုင်ပါဘူး။ ရပ်ကွက်နှစ်ခုပဲ သွားလိုက် တယ်ဆိုပေမယ့် အခြေခံပြဿနာတွေကတော့ အားလုံးတူမယ်ထင်ပါတယ်။ ပထမတစ်ချက် ကတော့ ဘာဖြစ်လို့ ဒီလိုရေထထကြီးလဲပေါ့နော်။
မိုးတွင်းတိုင်း ရေကြီးတဲ့ရပ်ကွက်တွေရှိတယ်။

မြောက်ကိုရီးယားပါလီမန်အစည်းအဝေး ပြုလုပ်၍ စီးပွားရေးနှင့်ဆိုင်သော ဥပဒေပြုဖွယ်ရှိ

တစ်နှစ်လျှင် ၂ ကြိမ်ခန့်ပြုလုပ်လေ့ရှိသော ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံ၏ ပါလီမန်အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ရာ တရုတ်နှင့်သဘောတူထားသောစီးပွားရေးကိစ္စများအတွက် ဥပဒေ ပြုရန်ဖြစ်ဖွယ်ရှိကြောင်း CNA သတင်းတွင်ဖောပြထားသည်။ရာဘာတံဆိပ်တုံးလွှတ်တော်ဟု လူအများကသတ်မှတ်ထားသော မြောက်ကိုရီးယား ကွန်မြူနစ်ပါလီမန် အစည်းအဝေးသည် အစိုးရဘတ်ဂျက်အသုံးစားရိတ်ကိုအတည်ပြုရန်နှင့် အစိုးရအဖွဲ့ဝင်များခန့်အပ်ခြင်းများပြုလုပ်ရန် တစ်နှစ်လျှင် ၁ ကြိမ် ၂ ကြိမ်ခန့် ကျင်းပလေ့ရှိသည်။

"ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့်ရောင်းမည်"

From- AF Ijournal
ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခွင့်ရရှိက သတင်းထုတ်ပြန် ထားသည့်အတိုင်း ဖုန်းတစ်လုံးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်း ချပေးမည် ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောသည်။
''လုပ်ကိုင်ခွင့်ရရှိဖို့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက်လည်း အလုံးစုံ နီးပါး ပြင်ဆင်ထား ပြီးပါပြီ။ လောလောဆယ် ငါးထောင်နှုန်း သတ်မှတ် ထားပေမယ့် နောက်ပိုင်း အလကားပေးဖို့ အထိ ဆောင်ရွက်ပေးသွားမှာပါ'' ဟု ရွှေ ပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြော သည်။

"ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့်ရောင်းမည်"

From- AF Ijournal
ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခွင့်ရရှိက သတင်းထုတ်ပြန် ထားသည့်အတိုင်း ဖုန်းတစ်လုံးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်း ချပေးမည် ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောသည်။
''လုပ်ကိုင်ခွင့်ရရှိဖို့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက်လည်း အလုံးစုံ နီးပါး ပြင်ဆင်ထား ပြီးပါပြီ။ လောလောဆယ် ငါးထောင်နှုန်း သတ်မှတ် ထားပေမယ့် နောက်ပိုင်း အလကားပေးဖို့ အထိ ဆောင်ရွက်ပေးသွားမှာပါ'' ဟု ရွှေ ပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြော သည်။

ဝန်ထမ်းများအပေါ် ဥပဒေနဲ့ ပြောဆိုခြိမ်းခြောက်ခြင်းကို ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဒေါ်စုကြည် အားကိုးနဲ့ အမေ့ ဘေးနားမှာ နေတဲ့ ကောင် ငါ့ကို ဘာမှတ်လဲ မင်းတို့ကို အလုပ်ဖြုတ်ပစ်လို့ ရတယ် ဟုဆိုတာ တာဝန်ကျ ၀န်ထမ်းများကို ချိန်းခြောက်မှု ဖြစ်ပွားခဲ့တယ် လို့ သိရှိရပါတယ်... အဲဒီလို ခြိမ်းခြောက်မှုတွေ ကြောင့် တာဝန်ကျ ဆေးရုံအုပ်ကြီးနှင့် တကွ သက်ဆိုင်ရာ ဌာနမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအဖွဲ့ ချုပ်ထံ သို့ စာရေးပြီး တိုင်တန်းထားသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေး ( အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမှု တစ်စုံတစ်ရာ ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်...)
၎င်းစာကို အောက်တွင် ဖတ်ရူ့ နိုင်ပါသည်...

သမ္မတကို တရားစွဲမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း


ပြည်ထောင်စုလွှတ်တော်ရဲ့ခုံရုံးအပေါ်စွပ်စွဲချက် သမ္မတဆောင်ရွက်မပေးရင် သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေရှိလာနိုင်ဟုဆို လွှတ်တော်နှစ်ရပ်က အခြေခံဥပဒေ ခုံရုံးအပေါ် စွပ်စွဲပြစ်တင်တာတွေ ကို ပြည်ထောင်စုလွှတ်တော်နာယက ကနေတစ်ဆင့် သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတက ဆောင်ရွက်မပေးရင် သမ္မတ ကိုပါ စွပ်စွဲပြစ်တင်တာတွေရှိ လာနိုင်တယ် လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကပြောပါတယ် ပြည်ထောင်စုလွှတ်တော်နာယက ကနေ သမ္မတဆီပို့
ရမယ် သမ္မတက ခုံရုံးကိုစာထုတ်ရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုသေလေးစားလိုက်နာ တဲ့သမ္မတ ဖြစ်

“ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် စတင်ကျင်းပ”

ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို တာမွေမြို့နယ် မဟာသန္တိ သုခကျောင်းတော်ကြီးတွင် ယနေ့ နံနက်၌စတင်ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲကို တေးရေးဆရာကိုနေ၀င်းမှ ခွန်အားပြည့်မိငယ်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ၄င်း၏သားဖြစ်သူ ရဲရင့်မြင့်မိုရ် မှလည်း သီချင်းတစ်ပုဒ်ဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။

လုပ်ငန်းခွင်ကြောင့် အဝမလွန်ရလေအောင် ...........

အလုပ်ခွင်မှာ ကိုယ်ခန္ဓာလှုပ်ရှားမှုမရှိတဲ့ အလုပ်လုပ်ရသူတွေအနေနဲ့ အလုပ်မသွားခင် ဒါမှမဟုတ် အလုပ်ကပြန်လာချိန်မှာ နာရီဝက်လောက်အချိန်ပေးပြီး အားကစားလုပ်သင့်ပါတယ်။ ခက်ခဲနေတယ်ဆိုရင် လုပ်ငန်းခွင်မှာပဲ ကိုယ်လက်လှုပ်ရှား ဖြစ်စေမယ့် လွယ်ကူတဲ့နည်းတွေရှိပါတယ်။

၁။ အလုပ်ကို လမ်းလျှောက်ကာ သွားပါ။ လုပ်ငန်းခွင်နဲ့ နေအိမ်က နီးတယ်ဆိုရင် လမ်းလျှောက်ပြီးသွားပါ။ ဝေးလို့ ဘတ်စကားစီးရမယ်ဆိုရင် အလုပ်မရောက်ခင် တစ်မှတ်တိုင်အလိုမှာ ဆင်းပြီးအလုပ်ဆီကို လမ်းလျှောက်သွားပါ။ အလုပ်ကို ကားမောင်းပြီး သွားတယ်ဆိုရင် အလုပ်နဲ့ ဝေးတဲ့နေရာမှာ ကားပါကင်ထိုးပြီး အလုပ်ဆီကို လမ်းလျှောက်သွားပါ။

မြန်မာ့ အပြောင်းအလဲ ဟန်ချက်မညီ

 From: Irrawaddy
 
အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ သွားရာလမ်းသည် မည်သည့်နိုင်ငံတွင်မျှ စိတ်ကူးယဉ်သလို မဖြစ်ဘဲ ကြမ်းတမ်းခက်ခဲသော စိန်ခေါ်မှုများ၊ ခါးသီးသော အမှန်တရားများနှင့် ရင်ဆိုင်ဖြတ်သန်း ရမြဲဖြစ်သည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အခြေချစ မြန်မာနိုင်ငံ တွင်လည်း စစ်ဗိုလ်ချုပ် တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က ဦးဆောင်ပြုလုပ်နေသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲကို အလုပ်မတွင်စေသော ဘက်မညီမျှမှုများ ရှိနေကြောင်း မြင်တွေ့ နေ ရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု တိုင်းရင်းသား ၀န်ကြီးများ ပါဝင်လို

From- irrawaddy

နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် တိုင်းရင်းသား
ပါတီများအပါအ၀င် မဟာမိတ် ၁၀ ပါတီ ခေါင်းဆောင်
များနှင့် သမ္မတ ဦးသိန်းစိန် ဇူလိုင်လ အတွင်း က
 တွေ့ဆုံစဉ် (ဓာတ်ပုံ – Hmuu Zaw / Facebook)
ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်
များတွင်ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ပိုင်ခွင့် ကိစ္စများကို သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ဆွေးနွေးမည် ဟုသိရသည်။

နိုင်ငံကူးလက်မှတ်ကို ၈၈ အဖွဲ့အတွင်း ခွဲခြား ထုတ်ပေး

From- irrawaddy

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Micasa ဟိုတယ်တွင်
 မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ 
(MILI)၊ မြန်မာနိုင်ငံ နားမကြားသူများ၏ လူ့စွမ်းအား
 အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (DRC) တို့နှင့် ၈၈ မျိုးဆက်
 ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ်
နိုင်ငံရေးအကျဉ်းသားဟောင်းများ
အား နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် တပြေးညီ သတ်မှတ်ချက် မရှိခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးများကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တင်ပြထားကြောင်း သတင်းရရှိသည်။
“တယောက်ချင်း ပေးနေတဲ့ ပုံစံမျိုးထက်ကို လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အားလုံးကို တပြေးညီ ပုံစံတခု သတ်သတ်မှတ်မှတ် ရှိသင့်တယ်ဆိုတာကို ပြည်ထောင်စုအဆင့် ၀န်ကြီးများကို ပြောထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားေ ခါင်းဆောင် ဦးကိုကိုကြီးက ဧရာဝတီ သို့ ပြောသည်။

တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်း ...............



တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကြောင်း လေ့လာချက်အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံးကြီးခြင်း သည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွားစေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ်ပေးသည့် ကျန်းမာရေးအတွက် ကောင်းသော ကိုယ်လက်စထရော အမျိုးအစားကို   မြင့်တက်စေကြောင်း လေ့လာချက် အသစ်များအရ သိရသည်။

KNU နဲ့ အစိုးရ ဆက်ရန်ရှိသေးသည်

From- irrawaddy

အစိုးရနဲ့ ဘားအံမှာ ဆွေးနွေးခဲ့တဲ့ KNU အဖွဲ့ ဒီကနေ့ မြ၀တီကို ပြန်ရောက်လာပါပြီ

နှစ်ဘက်တပ် အပြောင်းအရွှေ့နေရာချထားရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရရှိခဲ့တဲ့အတွက် ထပ်မံပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျရင် အသေးစိပ်ပြန်ညှိနှိုင်းကြဖို့  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ KNU က အထွေထွေ အတွင်းရေးမှူးနော်စီဖိုးရာစိန်ဦးဆောင်တဲ့ အဖွဲ့တို့ မနေ့က ဘားအံမြို့မှာ သဘောတူညီခဲ့ကြ ပါတယ်။ဒီလ ၄ - ၅ ရက်နေ့တွေက ဘားအံမှာလုပ်ခဲ့တဲ့ နှစ်ဘက်အကြား ဒုတိယအကြိမ်ပြည်ထောင်စု

နိုင်ဂျီးရီးယားနိုင်ငံ Guinea ပင်လယ်ကွေ့အနီးတွင် စင်္ကာပူပိုင် ရေနံတင် သင်္ဘော ပြန်ပေးဆွဲခံရ

နိုင်ဂျီးရီးယားနိုင်ငံ Guinea ပင်လယ်ကွေ့အနီးတွင် စင်္ကာပူပိုင် သင်္ဘောသား၂၃ဦးပါဝင်သော   ရေနံတင်သဘောင်္ကို ပင်လယ်ဒမြတို့မှ ပြန်ပေးဆွဲခဲ့သည်။ ရက်သတ္တပါတ် ၂ပါတ်အတွင်း တတိယမြောက်ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။
 နိုင်ဂျီးယားနိုင်ငံမှ ထွက်ခွာလာသော သင်္ဘောပေါ်သို့ မည်သို့ ပင်လယ်ဓါးပြတို့ရောက်ရှိခဲ့ခြင်းကို မသိရှိသေးကြောင်းနှင့် နိုင်ဂျီးနီးယားနိုင်ငံအာဏာပိုင်တို့ထံ အရေးယူဆောင်ရွက်ပေးရန်အကြောင်းထားကြောင်း မလေးရှားနိုင်ငံအခြေစိုက် နိုင်ငံတကာပင်လယ်ရေကြောင်းဌာနမှ အကြီးအကဲ Noel Choongက ယနေ့ဗုဒ္ဓဟူးနေ့တွင် အေအက်ပီသတင်းဌာနသို့ပြောကြားခဲ့သည်။ 

ချမှတ်ထားသည့်စည်းကမ်းများ တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန် အဌားယာဉ်မောင်းများတောင်းဆို

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဌားယာဉ်မောင်းများမှ ၎င်းတို့ အပေါ်ချမှတ်ထားသည့်စည်းကမ်းများသည် တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန်တောင်းဆိုကြောင်း မီဒီယာရှင်းလင်းပွဲပြုလုပ်သည်။

ထိုရှင်းလင်းပွဲကို ဒဂုံမြို့နယ်စိန်ဂျွန်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဌားယာဉ်လုပ်ငန်းအလုပ်ရုံဝန်း၌ ယနေ့နံနက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့ကို ထုတ်ထားတဲ့ စည်းကမ်းချက်အချို့ ကယဉ်မောင်းတွေအတွက်နစ်နာတယ်။ကျွန်တော်တို့ပြုပြင်ပေးစေချင်တဲ့အချက် (၈) ချက်ကို စာတင်ထားတယ်။" ဟု ယာဉ်မောင်း ဦးအောင်မောင်းကပြောသည်။

ပိုင်နက်အငြင်းပွားမှုကြောင့်တင်းမာမှုပြင်းထန်နေစဉ် ဟီလာရီကလင်တန်နှင့် တရုတ်သမ္မတတွေ့ဆုံ

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်တက်နေစဉ်အချိန်တွင် အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် တရုတ်သမ္မတ ဟူဂျင်တောင်နှင့် တရုတ်နိုင်ငံ   ဘေဂျင်းမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂ရက်ကြာအလည်အပတ်ရောက်ရှိလျက်ရှိသော အမေရိကန်နို င်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်ဆွေးနွေးပွဲအစတွင် အမေရိကန်-တရုတ်ဆက်ဆံရေးမှာ ခိုင်မာကျစ်လစ်သောအခြေခံပေါ်တွင် ရှိနေကြောင်း အမေရိကန်နို င်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကပြောကြားသည်။

MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်ပ၌ တစ်ဆင့် အာမခံထားရှိ


MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့အာမခံ လုပ်ငန်းမှ ပြည်ပ၌တစ်ဆင့် အာမခံ ထားရှိပြီး ကျန်လေကြောင်းလိုင်းများ၏ လေကြောင်းအာမခံအား မြန်မာ့အာမခံ လုပ်ငန်းမှသာ တာဝန်ယူ လုပ်ကိုင်နေကြောင်းမြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ၏ ပြောကြားချက်အရ သိရှိရပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင်လေ ကြောင်းလိုင်းဖြစ်သော မြန်မာ့လေ ကြောင်းနှင့် ပုဂ္ဂလိကလေကြောင်း လိုင်းများဖြစ်သော MAI, Air Bagan, Asia  Wings, Air Mandalay, Air KBZ,YangonAirways ဟူ၍ လေကြောင်းလိုင်း ခြောက်ခုဖြင့် ခရီးစဉ်များကို ပျံသန်းလျက်ရှိသည်။

ခေတ်မီလာ တဲ့ ဖက်ရှင် ပွဲ များ


ရန်ကုန် မြို့  ၏ ဆူးလေဘုရား လမ်းရှိ ထရိတ်ဒါး ဟိုတယ်  ၏ ခန်းမ တစ်ခု ထဲ
မီးရောင် စုံများဖြင့် အမေရိကန် နိုင်ငံ နယူးယောက် မြို့  မှ VIP  ညကလပ် တစ်ခု အလား ထင်မှတ်
မှား ရသည်။  အနောက် တိုင်း ယဉ် ကျေးမှု နှင့် အတော် ပင် ကျင့် သား ရ နေ ပြီ ဖြစ်သည့် ပျိုပျို
အိုအို  အမျိုး သမီး ကြီးငယ် များ က ဂျိမ်း(စ)ဘွန်း ရုပ်ရှင် ကားများ ထဲ က ၀ိုင် ၊ ရှန်ပိန် ၊ ဘီယာ ၊
အရက် လိုသလောက်ရ နိုင်သည်။

အမေရိကန် သံအမတ် ရခိုင်သွားမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအဖွဲ့ဟာ  ဒီလ (၉)ရက်နေ့မှာ  ရန်ကုန်ကနေ  စစ်တွေကို သွားမယ်လို့ သတင်း ရရှိပါတယ်။
အမည်မဖေါ်လိုသူ အရာရှိ တစ်ဦးရဲ့ အပြောအရ သံအမတ်ကြီးနဲ့ အဖွဲ့ဟာ စစ်တွေ ကို စက်တင်္ဘာ ၉ ရက်နေ့မှာ ရောက်ရှိပြီး စစ်တွေဟိုတည်မှာ တည်းခိုကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဓိကတော့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်းမှာ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမူတွေနဲ့ ပတ်သက်ပြီး လေ့လာကြမယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဘယ်နှစ်ရက်နေမယ်။ ဘယ်သူတွေနဲ့ တွေ့မယ်။ ဘာတွေကို လုပ်ဆောင်မလဲ ဆိုတာကိုတော့ အရာရှိကြီးက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပါဘူး။
အမေရိကန် သံအမတ်ကြီးရဲ့ ရခိုင် ခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း ရန်ကုန် အမေရိကန် သံရုံးက ခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။

ref:www.narinjara.com

မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုလုံးဝရုပ်သိမ်းပေးရေး တောင်အာဖရိကနိုင်ငံ တောင်းဆိုသွားမည်

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအားလုံး လုံးဝရုပ်သိမ်းပေးရေးအတွက်   တောင်အာဖရိက အနေဖြင့် ဆက်လက် တောင်းဆိုမှုများပြုလုပ်သွားမည်ဟု တောင်အာ ဖရိကနိုင်ငံအပြည်ပြည်ဆိုင်ရာဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ပြောသည်။

မြန်မာသို့ ပထမဆုံးခရီးစဉ်အဖြစ်လာရောက်သည့် တောင်အာဖရိကနိုင်ငံအပြည်ပြည်ဆိုင်ရာဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Mrs Maite Nkoana Mashabane ကယခုလ ၄ ရက်နေ့ တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရာ၌ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းမြင်သာမှုအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဒါခေါ်ယူမှု ရက်ရွှေ့ဆိုင်း


ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့် ကုမ္ပဏီကြီးများ အပါအ၀င် အနောက်နိုင်ငံများ၏ ပွင့်လင်းမြင်သာမှု အဆင့်အတန်း မီစေရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတင်ဒါ ခေါ်ယူမှုကို ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

သို့သော် အဆိုပါ တင်ဒါခေါ်ယူခြင်းကို ယခုလအတွင်းမှာပင် ပြန်လည်စတင်နိုင်လိမ့်မည်ဟု   မျှော်လင့်ကြောင်း အမည်မဖော်လိုသော မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနအား ပြောကြားသည်။

နိုင်ငံတော်သမ္မတ ကလျာထားသော ပြည်ထောင်စုဝန်ကြီးများစာရင်း

(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို
(၃) နယ်စပ်ရေးရာ ၀န်ကြီးဌာန - ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး

(၄) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
(၅) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
(၆) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ...
- ဦးမြင့်လှိုင်

၅၀၀၀ တန် အိမ်မက် တကယ်နီးစပ်လာပြီလား


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း   ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။

ပြည်တွင်း ကစားသမားများ နိုင်ငံခြားသား များထက် ပိုသာအောင် ကြိုးစားကြရန် ဦးတင်မြင့်အောင် တိုက်တွန်း

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နည်းစနစ် ဒါရိုက်တာ ဖြစ်သူ ဦးတင်မြင့်အောင်က ပြည်တွင်းမှ ကစားသမားများ အနေဖြင့် နိုင်ငံခြားသား ကစားသမား များထက် ပိုမို သာလွန်အောင် ရည်မှန်း ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲသည် တစ်ပွဲသာ ကစားရန် ကျန်ရှိတော့ချိန်၌ ဂိုးအများဆုံး (၁၀) စာရင်း၌ နိုင်ငံခြားသား ကစားသမား (၈)ဦးက ထိပ်ဆုံးမှ ဦးဆောင်နေရာ ဦးတင်မြင့်အောင်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ "မြန်မာ တိုက်စစ် ကစားသမား တွေဟာ နိုင်ငံခြားသား တွေထက် ပိုကောင်းအောင် ကြိုးစားဖို့ လိုနေပြီ ဆိုတာ ပြနေတာပါပဲ။ အမှန်တော့ ကိုယ့်ဆီက တိုက်စစ်မှူးတွေက အားရစရာ မကောင်းတာကြောင့် နိုင်ငံခြားသား ကစားသမား တွေကို ခေါ်ယူကြတာပါ။ ဒါပေမဲ့ ရေရှည်မှာ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် အခက်အခဲ တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာလတွင် စင်္ကာပူလေကြောင်လိုင်းမြန်မာနိုင်ငံသို့ပြေးဆွဲမည်

အထီးကျန်မူဝါဒဖြင့် တံခါးပိတ်နေသောအဏာရှင်စနစ်မှ ဒီမိုကရေစီလမ်းကြောင်းဆီသို့   ပြောင်းလဲမှုများစတင်လာ နေမှု့များကြောင့် ယ္ခုနှစ်အောက်တိုဘာလ၂၈ရက်နေ့ မှစတင်ပြီး စင်္ကာပူလေကြောင်း(SIA) သည် မြန်မာနိုင်ငံသို့ပြေးဆွဲတော့မည်ဖြစ်သည်။

နိုင်ငံတကာ ဧည့်သည်တော်များအတွက် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများ တင်သွင်းမည်

လာမည့်နှစ်များတွင် ပြုလုပ်မည့် အာဆီယံဆိုင်ရာ အစည်းအဝေးများ၌ နိုင်ငံတကာမှ လာရောက်မည့် အထူးဧည့်သည်များ အသုံးပြုရန်အတွက် တန်ဖိုးမြင့် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများကို တင်သွင်းနိုင်ရန် တင်ဒါခေါ်ယူထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

တင်ဒါခေါ်ယူရာတွင် မာစီဒီးနှင့် လပ်ဇပ်ယာဉ် ၉၂ စီး၊ တိုယိုတာ Camry အစီး ၅၀၊ Audi A-6 အစီး ၃၀၊ စုစုပေါင်း ၁၇၂ စီး တင်သွင်းခွင့် ပြုမည်ဖြစ်ရာ တန်ဖိုးအကြီးဆုံး ယာဉ်အဖြစ် မာစီဒီးမှာ အဓိက ပါဝင်လာနိုင်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကပင် ပြောကြားသည်။

SME အတွက် ဘဏ်ချေးငွေများ လုပ်ငန်းရှင်များတလွဲအသုံးချမှု များရှိနေ

မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များသည် SME လုပ်ငန်းများအတွက် ထုတ်ချေးထားသော ဘဏ်ချေးငွေများအား လုပ်ငန်းလည်ပတ် မှုတွင် ထိရောက်စွာအသုံးမချပဲ မိသားစုစား ၀တ်နေရေး တွင် အသုံးချမှုများရှိနေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသိန်းဇော်က ထုတ်ဖော်ပြောကြားလိုက်သည်။

“တချို့အမှုတွဲတွေလာတာတွေ့နေရတာက လုပ်ငန်းအတွက်ထုတ်ယူ တဲ့ ချေးငွေတွေမှာ သားသမီး တွေကိုကျောင်း အပ်ပစ်တာ၊ သားသမီးတွေကို မင်္ဂလာဆောင်ပေး လိုက်တာမျိုးတွေရှိနေတယ်” ဟု ယင်းက ဆိုသည်။

ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြမည်


ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၁ခုနှစ် မတ် ၃၀ ရက်နေ့မှ ၂၀၁၂ ဇွန် ၃၀ ရက်နေ့အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားရုံး အဆင့်ဆင့်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တင်ပြခြင်း။

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော်မှ ခွင့်ယူ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းမှစ၍ လွှတ်တော်မှ ခွင့်ယူထားကြောင်း သိရသည်။

iPhone 5 မိတ်ဆက်တော့မည်


လပေါင်းများစွာ ကောလာဟလသတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် iPhone 5 မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၂ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Apple ကုမ္ပဏီမှ အတည်ပြုကြေညာခဲ့သည်။ ဆဋ္ဌမ မျိုးဆက် iPhone ဖြစ်လာမည့် iPhone 5 ကို အခြားအမည်တစ်မျိုး (New iPhone) ဖြင့်လည်း မိတ်ဆက်ပေးဖွယ်ရှိသည်။ အဆိုပါ iPhone သစ်ကို ဒီဇိုင်းအသစ်ဖြင့်   တွေ့မြင်ရဖွယ်ရှိပြီး အသုံးပြုထားသည့် screen မှာလည်း ယခင် iPhone 4S ထက် screen အရွယ်အစား ကြီးမားကာ ပိုမို ပါးလွှာပြီး 640 x 1,136 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည်ဟု သိရသည်။

မိုးလေ၀သ သတင်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန် ထုတ်ပြန်ချက်) -မိုးဇလ

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း တို့တွင် မုတ်သုံလေအား အသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

(5.9.2012) မနက်ပိုင်းသတင်းများ

အစိုးရတပ်တွေ နေရာရွှေ့  ပေးဖို့ KNU တောင်းဆို  Link
ကျောက်မီးသွေးလုပ်ငန်း ရဲဝင်စီး Link
KNU-မြန်မာ Code of Conduct သဘောတူ လက်မှတ်ရေးထိုး  Link
ကော့သောင်းတွင် ၅၀၀၀ တန် အတုများထပ်မိ Link
ဝ တပ်ဖွဲ့ပြောခွင့်ရ ဦးအောင်မြင့် ကို မေးမြန်းချက်  Link
မြောက်ပိုင်းလူသတ်မှု ထောက်လှမ်းရေးပါ အစစ်ခံဖို့လိုဟု ဒေါက်တာနိုင်အောင်ပြော   Link
ရခိုင် အများပိုင်ကုမ္ပဏီ မတည်ငွေ သန်း ၅၀၀ ဖြင့် စတင်မည်   Link
လယ်မြေများ ရေလွှမ်းခံရသော်လည်း ဆန်ဈေးနှုန်းမတက်  Link
သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်  Link
ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူများနှင့် ၎င်းတို့လက်ရှိ  တာဝန်ထမ်းဆောင်နေသော ရာထူးများ Link



ကိုယ်ချင်းစာကြဘို့ တောင်းပန်ခြင်း ။ ( ပြည်ပရောက် ၈၈မျိုဆက်ကျောင်းသားများ )


၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အ များစုဟာ အသက် ၁၉ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။ တချို့ ၁၄ ၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့ လို ၂၆ ၂၇ နှစ် အရွယ် ရောက်ပြီသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြန်တိုက်မယ်ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက်
 နဲ့ အပေါင်း အသင်းတွေကြောင့်ဆို မမှားပါဘူ။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင် တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမူကြမ်း၏ အားနည်းချက် UMFCCI က ထောက်ပြဝေဘန်


မကြာမီရက်ပိုင်းက လွှတ်တော်တွင်တင်သွင်းလိုက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း၏ အားနည်းချက် အချို့ကို UMFCCI မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ် တာဝန်ရှိသူများနှင့် စီးပွားရေး ပညာရှင်တချို့က ဝေဘန်ထောက်ပြလိုက်ကြသည်။
 UMFCCI အသင်းချုပ်ရုံးတွင် ယနေ့ညနေ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ

ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program,,,,

ကဲ ဒီအဆီချနည်းကို စောင့်နေကြတဲ့လူတွေ အတော်များမယ်ထင်ပါတယ်.... ဒီစာတွေအားလုံးကို ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ...... အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... :) ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......


“သီလပြည့်စုံခြင်း အကျိုးငါးပါး”

 
ဥပါသကာတို့ သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၏ အကျိုး 'အာနိသင်' တို့သည် ဤငါးပါးတို့တည်း၊

အဘယ်ငါးပါးတို့နည်း ဟူမူ-