Wednesday 7 September 2011

မှတ်သားစရာမပါသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး



အခုအပတ် ပြည်တွင်းထုတ်ဂျာနယ်အချို့မှာ ဒေါ်အောင်ဆန်းစုကြည် ၏ကိုယ်တိုင်ရေး ဆောင်းပါးများ အပြင် အင်တာဗျုးများ လည်း ထုတ်ဝေခွင့်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။

အခုလို ဖေါ်ပြခွင့်ပြုခြင်းကို ပြည်တွင်းပြည်ပ စာနယ်ဇင်းလောကသားများကကြိုဆိုလိုက်ကြပြီး ဆက်လက်ဖေါ်ပြနိုင်ရေးအတွက် မျှော်လင့် တောင်းဆိုမှုများလည်းရှိကြောင်းသိရပါတယ် ။

ယခုလ ၄ရက်နေ့ထုတ် The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး နှစ်ပေါင်း ၂၀အတွင်း ဘယ်ဂျာနယ်မှာမှဖေါ်ပြနိုင်ခြင်းမရှိသေးတဲ့ အင်တာဗျုးတစ်ခုကို သူတို့ဂျာနယ်ကပထမဆုံး ဖေါ်ပြနိုင်ပြီဖြစ်ကြောင်း သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာဂုဏ်ယူစွာ ဖေါ်ပြထား တာတွေ့ရပါတယ် ။ ဒါပေမယ့်လည်း အင်တာဗျူးကို ဖတ်ကြည့်ပြီးသူများကတော့ ဖြေကြားချက်တွေက နိုဘယ်စုရှင် တစ်ယောက်လို့တောင် မထင်ရပဲ.. အခြေခံပညာတန်းက ကျောင်းသားတစ်ယောက် ဖြေထားတဲ့ အဆင့်ပဲ ရှိတယ်လို့ ပြောကြပါတယ်။

ရောင်တော်ပြန် လွှတ်ကြသူများ


              ဒီကနေ့ သတင်းတပုဒ်ကိုဖတ်မိပါတယ် ။ထိုသတင်းကတော့ လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အစိုး၇ကဖမ်းဆီးပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေသည်ဟု ဒီမိုက၇က်တစ်မြန်မာ့အသံ (DVB) မှဖော်ပြထားခြင်းပဲဖြစ်ပါတယ်။(တကယ်တော့ ဖမ်းဆီးတာမဖြစ်နိုင်ပါ ခေါ်ယူစစ်ဆေး မေးမြန်းခြင်း လောက်သာဖြစ်နိုင်ပါသည် ။) ထိုဦးစိန်ကျော်လှိုင်ဆိုသူသည် ၀ါ၇င့်စာနယ်စာရင်းသမားတဦး ဖြစ်ပြီး BBC သတင်းဌာနတွင် စီးပွားေ၇းဆိုင်ရာ သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး (RFA) သတင်းဌာနသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်ဟု သိ၇ှိ၇ပါတယ်။ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေပါတယ်လို့ သိရှိ၇ပါတယ်။ ကျွန်တော်အဓိကဆိုလိုချင်သည်မှာ ထိုအကြောင်းအရာကိုမဟုတ်ပါ။ထိုသတင်းနှင့်အတူ ထွက်ပေါ်လာသည်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကိုပါ အစိုးရကဖမ်းဆီးထားပြီး ရန်ကုန် ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ စစ်ဆေးနေတယ်လို့ ထွက်ပေါ်လာခြင်းပါဘဲ အစတုန်းကတော့ ဘယ်သူမှ ပဒိုမန်းငြိမ်းမောင် ဘယ်ပျောက်နေမှန်းမသိပါဘူး ။အခုမှ ဦးစိန်ကျော်လှိုင်ပဲ ခေါ်ယူစစ်ဆေးခံရသလို ကြားတော့မှ ပဒိုမန်းငြိမ်းမောင်ပါ ရေကြည်အိုင်မှာ စစ်ဆေးခံနေရတယ် ဖြစ်ပေါ်လာပါတော့တယ်ခင်ဗျာ။