တရားစွဲခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့်
သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ၂၈ ရက်
ရှစ်ကြိမ်မြောက်ရုံးချိန်၌ လာရောက်သူများနှင့်အတူ တွေ့ရစဉ်
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြ မှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီ အမှုဆောင် အရာရှိ ချုပ်နှင့် သတင်းထောက်လေးဦးတို့ ၏ ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် လိုပြသက်သေအဖြစ် ပခုက္ကူ ခရိုင်တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီ ဂျာနယ်ရုံး အဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့လိုက်သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီးအခြားမည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်း မရှိကြော င်းနှင့် ပေါက်မြို့မစခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေ ဦးဝါ၀င်းမောင်က က.ပ.စ (၂၄) စက်ရုံ အား တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါ သလားဟု မေးမြန်းရာ ၎င်းက နိုင်ငံတော်သမ္မတ အမိန့်ထုတ်ပြန်ထားသည်ကို ကြားဖူးကြောင်း ပြန် လည်ဖြေကြားခဲ့သည်။