Friday 19 February 2016

မန်းရွှေစက်တော်ဖွင့်ပွဲနေ့တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး နောက်ရေကင်းလုံခြုံရေးတိုးမြှင့်

မြန်မာနိုင်ငံ၏ဒုတိယရက်အကြာရှည်ဆုံးကျင်းပသည့်မင်းဘူး-စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲဖွင့်ပွဲနေ့တွင် မန်းချောင်းအတွင်း ရေနစ်သေဆုံးခဲ့သည့်အတွက် ရေကင်းလုံခြုံရေးအစီအမံများချထား ပေးထားကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိသည်။စတင်ဖွင့်လှစ်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် မန်းချောင်းအတွင်းရေဆင်းချိုးရာမှ အမျိုးသား တစ်ဦး ရေနစ်သေဆုံးခဲ့သောကြောင့် လုံခြုံရေးအစီအမံများ ထပ်မံတိုးမြင့်ခြင်းဖြစ်သည်။

မက်ဒေါနား၏ စင်္ကာပူဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက စင်္ကာပူဒေါ်လာ ၁၄ သန်း အကုန်ကျခံသွားမည်

စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ ကျင်းပပြုလုပ်မည့် မက်ဒေါနား၏ “Rebel Heart” ဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ဒေါ်လာ ၁၀ သန်း (စကာင်္ပူဒေါ်လာ ၁၄ သန်း) အကုန်ကျခံသွားမည် ဖြစ်သည်။စင်္ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် မက်ဒေါနား၏ ဖျော်ဖြေပွဲအတွက် ကုန်ကျစရိတ်တွင် မတ်တပ်ရပ်ဗီရို၊ မီးအပြင်အဆင်၊ စတိတ်စင်ပြုလုပ်မည့် ကွန်တိန်နာ ၂၇ ခုအတွက် ကုန်တင်လေယာဉ် စရိတ်လည်း ပါဝင်သည်။

ဖူးခက်တွင် ဒုစရိုက်နှိမ်နင်းရေးဆောင်ရွက် သံသယရှိသူ ၅၈ ဦးကို ဖမ်းဆီး

ဖေဖော်ဝါရီ ၁၈ က ထိုင်းနိုင်ငံ ချွန်ဘူရီနှင့် ဖူးခက်တွင် မာဖီးယားဂိုဏ်းများအား နှိမ်နင်းမှုပြုလုပ်စဉ် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့(CSD)မှ ရဲတပ်ဖွဲ့ဝင်များသည် လက်နက်များနှင့် တရားမ၀င်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး များပြားလှသည့်သံသယရှိသူများနှင့် တရားမ၀င်ရွှေ့ပြောင်းလုပ်သား ၆၀နီးပါးကို ဖမ်းဆီးခဲ့သည်။

"ရေနံတူးတဲ့သူကလည်း တရားမဝင်တူး၊ အစိုးရကလည်း ဘဏ္ဍာငွေမရ"

အစိုးရသစ်လက်ထက်တွင်ရေနံတူးဖော်မှု လုပ်ကိုင်ခွင့် ပိုမိုချပေးပြီး လုပ်ငန်းရှင် များကို အခွန်တိတိကျကျ ကောက်သင့်သည်ဟု မကွေးတိုင်းဒေသကြီးမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်
။ မြန်မာပြည်အလယ်ပိုင်း ရေနံထွက်သည့် နေရာများထဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ နယ်လည်း ပါဝင်သည်။ မင်းလှမြို့ဝန်းကျင်ရှိ အရွယ်အစား မျိုးစုံသော ရေနံမှော်များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူတို့ကိုတွေ့နိုင်ပြီးအများစုမှာတရားမဝင် လုပ်ကိုင်သူများ ဖြစ်ကြ သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရင် ဘာဖြစ်မလဲ အတွေးအမြင် အာဘော်

ပြည်ထောင်စုလွှတ်တော်တွင် အစုအဖွဲ့သုံးခုမှ ဒုတိယသမ္မတလောင်းများ အမည်စာရင်းတင် သွင်းရန် အစည်းအဝေးများ စတင်မည့်ရက်ကို မတ် ၁၇ ဟု သတ်မှတ်ထားပြီးဖြစ်ရာ မတ် ၁၇ ကို သွားရာ ရက်များသည် တစ်ရက်ပြီးတစ်ရက် ရင်ခုန်လှိုက်မောဖွယ်ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာများသည် လမ်းဘေးအိပ်ပြီးလည်းကောင်း၊ မြန်မာပြည်မှ မဲဆန္ဒရှင် တချို့သည် ညလုံးပေါက် မအိပ်နိုင်ဘဲ ရင်ခုန်စွာနှင့် တစ်အိမ်လုံးထွက် မဲပေးခဲ့မှုများသည် လည်းကောင်း သူတို့ယုံကြည်သည့် လူထုခေါင်းဆောင်ကို မြန်မာနိုင်ငံအား လက်ဝကွက် အပ်နှင်းလို သောကြောင့် ဖြစ်သည်။

ယူနန်ပြည်နယ် လင်ချန်းအုပ်ချုပ်ရေးအဖွဲ့ လောက်ကိုင်၊ ကွမ်းလုံ၊လားရှိုးမြို့ တို့၌ အလှူငွေနှင့်အထောက်အကူပြုပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယမြို့တော်ဝန် အမြဲတမ်း ကော်မတီဝင် Mr.LiHuasong ခေါင်းဆောင် သည့်အဖွဲ့ဝင် ကိုးဦးဟာ မြန်မာနိုင်ငံ ကိုရောက်ရှိစဉ် အေးရှားဝေါလ် ဖောင်ဒေရှင်း (Asiaworld Foundation)ရဲ့အကူအညီနဲ့ လောက်ကိုင်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရုံးသို့ Sony ကင်မရာ ၃ လုံး အပါအ၀င် ကွန်ပြူတာ၊ မိတ္တူကူးစက်နဲ့ ရုံး သုံးပစ္စည်းများ၊ ကွမ်းလုံဆေးရုံကို ယွမ် ၁၅၀၀၀၀ နဲ့ ဆေးရုံသုံးပစ္စည်များ၊ လားရှိုးဆေးရုံကြီးအတွက် အလှူငွေ ယွမ် ၂သိန်းနဲ့ 25/30 KVA ထရန်စဖော်မာ တစ်လုံး အပြင် ခွဲစိတ်ခန်းနဲ့ ဆေးရုံးသုံးပစ္စည်း တွေလှူဒါန်းသွားတယ်လို့ အစိုးရ သတင်းက ဆိုပါတယ်။
ဒါအပြင် လားရှိုး အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း ကွန်ပြူတာ၊ ပရင်တာနဲ့ တခြားရုံးသုံးပစ္စည်း တွေကိုလည်း လှူဒါန်းတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - (MOI/ဧရာဝတီ)

NLD အစိုးရကို ဗန်းပြကာတိုက်ပွဲများ ဖန်တီးလာမည်ကို တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များ စိုးရိမ်


အစိုးရဘက်မှ လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အကျပ်အတည်းဖြစ်စေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို ဗန်းပြကာ မြန်မာ့တပ်မတော်အနေဖြင့် တိုက်ပွဲများ ဖန်တီးလာမည်ကို စိုးရိမ်ကြောင်း ညီညွတ်သော တိုင်းရင်းသာလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောသည်။

ဆောက်လုပ်ရေးအပြင် အခြားကဏ္ဍများတွင်လည်း အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရ အင်ဂျင်နီယာများ ခန့်ထားသင့်

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများတွင် အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍနှင့်
သတ္တုတူးဖော်ရှာဖွေရေး၊ စက်ရုံ၊ ဓာတုပစ္စည်းများ ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းများ၊ ရေနံတူးဖော်ရေးနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများတွင်
ပီအီးခေါ်ကျွမ်းကျင်အင်ဂျင်နီယာ (Professional Engineer) ကို အသုံးပြုသင့်ကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။

နယ်မြေခံတိုင်းရင်းသားမျိုးနွယ်စုများကို ခြိမ်းခြောက်နေသော UWSA “၀” အဖွဲ့ရဲ့ စစ်အင်အား တိုးချဲ့မှု အန္တရာယ် (အပိုင်း-၁)

၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ UWSA “၀” အဖွဲ့နယ်မြေကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့သလို ပန်ဆန်း-ပန်ယန်းဒေသမှာ လက်နက်မဖြုတ်သိမ်းစေဘဲ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ “၀” အဖွဲ့ရဲ့ အစိုးရနဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်မှု၊ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ နယ်နမိတ်ချင်းထိစပ်နေတဲ့အနေအထားတွေအရ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “၀” အဖွဲ့ရဲ့ အခွင့်သာမှုဟာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

ကျောက်မဲမြို့နယ်ရှိ တအာင်းပလောင် TNLA/PSLF စခန်းများကို RCSS/SSA က သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မက်မီးကျေးရွာတွင် အခြေချနေထိုင်သည့် တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်(PSLF/TNLA ) တပ်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း နှစ်ဖက်အသိုင်းဝိုင်းများထံမှ သိရသည်။

UWSA က တပ်သားသစ် စုဆောင်းမည်ဟူသည့် သတင်းထွက်၍ ဒေသခံများ တိမ်းရှောင်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပေါက်ခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တပ်သားသစ် လာရောက် စုဆောင်းမည်ဟူသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံ ၁၀၅ ဦး နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင်နေရသူ ၁၀၅ ဦးမှာ မိုင်းယန်မြို့နယ်ရှိ ၀မ်ကန်ရွာနှင့် ကျိုင်းခမ်းရွာတို့မှ ဒေသခံများဖြစ်ပြီး၊ ၎င်းတို့သည် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ပုံလုံရွာသို့ ထွက်ပြေးလာကြကြောင်း မိုင်းလွေ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးစိုင်းလွယ်ကျောက်က ဧရာဝတီကို ပြောသည်။