မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုပမာဏ မြင့်တက်လာသည့်အလျှောက် အင်တာနက် Bandwidth ကို လွန်ခဲ့သည့် သုံးနှစ်ကထက် ခုနစ်ဆကျော် ပိုမိုမြှင့်တင်ထားသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်ကြေညာလိုက်သည်။၂၀၁၄ ခုနှစ်၊ မေလတွင် အင်တာနက် Bandwidth 27.36 Gbps အထိရရှိနေပြီး ၂၀၁၁ ခုနှစ်တွင် ၃.၇၂ ရရှိခဲ့သည်။ လက်ရှိအချိန်တွင် အသုံးပြုနိုင်သည့် အင်တာနက် Bandwidth မှာ လုံလောက်မှုရှိပြီး အသုံးပြုနိုင်သည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုနေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးဌာန(အဝေးဆက်)က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။ဦးစိုင်းစောလင်းထွန်းက “လက်ရှိသုံးလို့ရနေတဲ့ Bandwidth က လုံလောက်မှုရှိပါတယ်”ဟု ဆိုသည်။