Tuesday 26 August 2014

ခေါင်းလောင်းကြီးကို နဂါးတွေပူဇော်နေလို့ သတင်းထုတ်ပြန်ဖို့ နောက်ကျခဲ့ရ

လူအများ စိတ်ဝင်စားနေကြတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာတွေ့ပြီလို့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီ ကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်း သေဆုံးနေ

မန္တလေးတွင် ယာဉ်တိုက်မှုများကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်း သေဆုံးနေကြောင်း အမှတ်(၃) ယာဉ် ထိန်း ရဲတပ်ဖွဲ့ခွဲ (မန္တလေး)၏ ယာဉ်တိုက်မှုစာရင်းတွင် ဖော်ပြထားသည်။

အီဘိုလာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်ဟု ကုလအရာရှိ ပြောကြား

Photo: အီဘိုလာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်ဟု ကုလအရာရှိ ပြောကြား
Tuesday, August 26, 2014

အီဘိုလာရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်သေးကြောင်း ကုလသမဂ္ဂက ခန့်အပ်ထားသည့် အီဘိုလာပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအရာရှိက သြဂုတ် ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် ကျန်းမာရေးဝန်ထမ်းများကိုပင် ကူးစက်နေကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။

အီဘိုလာရောဂါ ဖြေရှင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂက ခန့်အပ်ထားသည့် ဗြိတိန်ဆရာဝန် ဒေးဗစ်နာဘာရိုက ဆီရာလီယွန်မြို့တော် ဖရီးတောင်းသို့ ငါးရက်ကြာခရီးရောက်ရှိစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “အီဘိုလာရောဂါ တိုက်ဖျက်ရေးဟာ တိုက်ပွဲအသေးစား မဟုတ်ပါဘူး။ စစ်ပွဲကြီးတစ်ပွဲဖြစ်လို့ အားလုံးက ၀ိုင်းဝန်းပြီး အားကြိုးမန်တက် ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီစစ်ပွဲကြီးက ခြောက်လအ ထိ ကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားရပါမယ်” ဟု ၎င်းက ပြောကြား သည်။

ယခုနှစ်အစောပိုင်းက စတင်ခဲ့သည့် အပူပိုင်းဒေသဗိုင်းရပ်စ် အီဘိုလာကူးစက်ခံရသူ ၂၆၀၀ နှင့် သေဆုံးသူ ၁၄၂၇ ဦး ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၁၂၀ ကျော်သေဆုံး သွားပြီး ကူးစက်ခံရသူ ၂၄၀ ကျော်သွားပြီဖြစ်ကြောင်း WHO က သြဂုတ် ၂၅ ရက်တွင် စာရင်းထပ်မံ ထုတ်ပြန်ခဲ့သည်။

ရောဂါကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများတွင် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန် ထမ်းများ ပါဝင်သည်။ WHO ၏ ကြေညာချက်အရ ဂီနာ၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယားနှင့် ဆီရာလီယွန်နိုင်ငံများတွင် အီဘိုလာဗိုင်းရပ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၂၄၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အ နက် သေဆုံး သူ ၁၂၀ ရှိသွားပြီဖြစ်ကြောင်း၊ ဆီရာလီယွန်နှင့် လိုင်ဘေးရီးယားတို့တွင် သေဆုံးခဲ့သည့် ဆရာဝန်များမှာ ထင်ရှားကျော်ကြားသူများဖြစ်သောကြောင့် ကျန်း မာရေးစောင့်ရှောက်မှုကဏ္ဍတွင် အတွေ့အကြုံရှိသူ များ လိုအပ်လာကြောင်း သိရသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အိုဘိုလာေ ရာဂါဖြစ်ပွားသူ နှစ်ဦးတွေ့ရှိခဲ့ရပြီး ၎င်းတို့သည် အနောက်အာဖရိကနိုင်ငံများမှ ကူးစက်ခံရခြင်းမဟုတ်ကြောင်း သိရသည်။ 

Ref:AFP
Mizzima - News in Burmese
အီဘိုလာရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်သေးကြောင်း ကုလသမဂ္ဂ က ခန့်အပ်ထားသည့် အီဘိုလာပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအရာရှိက သြဂုတ် ၂၅ ရက်တွင် ပြောကြား လိုက်သည်။

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရန် အလုပ်သမားများ၏ ၀င်ငွေ၊ ထွက်ငွေစာရင်း ကောက်ယူမည်

အလုပ်သမား၏ အနိမ့် ဆုံးလစာကို အမြန်ဆုံးသတ်မှတ် ရန် ရန်ကုန်တိုင်းအတွင်း စက်မှု ဇုန်များရှိ အလုပ် သမားများ၏ ၀င်ငွေ၊ ထွက်ငွေ ကုန်ကျစရိတ်များကို လာမည့် စက်တင်ဘာမှ စတင်၍ စာရင်းကောက်ယူ သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။

စက်သုံးဆီအရောင်းဆိုင်များ အီလက်ထရွန်နစ် ကိရိယာများ တပ်ဆင်စေမည်

 Photo: စက်သုံးဆီအရောင်းဆိုင်များ အီလက်ထရွန်နစ် ကိရိယာများ တပ်ဆင်စေမည်
Tuesday, August 26, 2014

 နိုင်ငံတစ်ဝန်းရှိ စက်သုံး ဆီ အရောင်းဆိုင်များပေါ်တွင် အခွန်ကောက်ယူမှုပုံစံပို၍ တိကျ လာစေရန် နေ့စဉ် ရောင်းချနေ သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီပမာ ဏကို သိရှိနိုင်မည့် အီလက်ထရွန် နစ်ကိရိယာများ တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘လက်ရှိက Manual စနစ်နဲ့ ပဲ သွားနေတဲ့အတွက် ရောင်း အားကို သူတို့ပြောသလောက်ပဲ သိနိုင်တယ်။ အီလက်ထရွန်နစ် ကိရိယာနဲ့ လုပ်မယ်ဆိုရင်တော့ အတိအကျ  သိနိုင်တဲ့အတွက် အခွန်ဆောင်တဲ့နေရာမှာ ပိုပြီး တော့ တိကျတယ်’’ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီး တန်း အရာရှိတစ်ဦးက ပြောကြား သည်။

ပြည်တွင်းအခွန်များ ဦးစီး ဌာနအနေဖြင့် အဆိုပါ ကိရိယာ များအား စတင်အသုံးပြုနိုင်ရန် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် ဆောင်ရွက်လျက်ရှိသလို ပူးပေါင်း ဆောင်ရွက်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားသည်။

‘အခုလို ပြောင်းလိုက်တဲ့အ တွက် အခွန်ဆောင်တဲ့အခါမှာ ခို လို့မရတော့သလို၊ လုပ်ငန်းရှင် တွေရော ၀န်ထမ်းတွေကိုပါ စောင့်ကြည့်ပြီးသား ဖြစ်တဲ့အတွက် အားလုံးကို ထိန်းပြီးသား ဖြစ်သွားပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် စက်သုံးဆီဆိုင်မှ နေ့စဉ်ရောင်းချရမှု စာရင်းကို စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့နေရပြီး၊ အီလက်ထရွန်နစ်စနစ်သို့ပြောင်းလဲရမည် ဆိုပါက မည်သည့်အခက်အခဲများရှိနိုင်သည်ကို အတွေ့အကြုံမရှိ၍ မသိဘဲစောင့်ကြည့်ရမည်ဖြစ်ကြောင်းပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူကပြောသည်။

သို့သော် ယနေ့အချိန်ထိ စက်သုံးဆီဆိုင်များ အီလက်ထရွန်နစ်ကိရိယာ တပ်ဆင်ရမည့်အကြောင်း မည်သည့်ဌာနကမှ ညွှန်ကြားချက် မရှိသေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ဖွင့်လှစ်ထားသော စက်သုံးဆီ ရောင်းချသည့် ဆိုင်ပေါင်း ၁၂၀၀ ကျော်အထိ ရှိကြောင်း သတင်း ရရှိသည်။

7Day DAILY 

ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံတစ်ဝန်းရှိ စက်သုံး ဆီ အရောင်းဆိုင်များပေါ်တွင် အခွန်ကောက်ယူမှုပုံစံပို၍ တိကျ လာစေ ရန် နေ့စဉ် ရောင်းချနေ သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီပမာ ဏကို သိရှိနိုင်မည့် အီလက်ထရွန် နစ်ကိရိယာများ တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း လုပ်ဆောင်ခဲ့သမျှ အတွက် ကျေ နပ်ကြောင်း အင်ဒို သမ္မတ ပြောကြား

Photo: ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း လုပ်ဆောင်ခဲ့သမျှ အတွက် ကျေ နပ်ကြောင်း အင်ဒို သမ္မတ ပြောကြား
Tuesday, August 26, 2014
 
ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် စီးပွားရေး အင်အားကို မြှင့်တင် တည်ဆောက် ပေးနိုင်ခဲ့သဖြင့် အပြည့်အဝ ကျေနပ်မှု ရှိကြောင်း အင်ဒိုနီးရှား သမ္မတဆူဆီလိုဘမ်ဘန်း ယူဟွိုင်အိုနိုက ပြောကြား ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီး ဘဝမှ သမ္မတအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သူ ယူဟွိုင်အိုနိုသည် နိုင်ငံအာဏာကို ဆယ်စုနှစ် တစ်ခုမျှ ထိန်းသိမ်း ထားခဲ့ပြီးနောက် ဇူလိုင်လ ရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေး အမြင်ရှိသူ ဂျိုကို ဝီဒိုဒိုကို အရေးနိမ့်ခဲ့သည်။ ယူဟွိုင်အိုနိုသည် အောက်တိုဘာလတွင် သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဝီဒိုဒိုက ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက်မည် ဖြစ်သည်။

The Australian သတင်းစာနှင့် အင်တာဗျူးတွင် ယူဟွိုင်အိုနိုက သမ္မတ အနေဖြင့် မိမိ လုပ်သင့်သော အကြောင်းအရာများ ကျန်နေသေးသော်လည်း အများစုကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “သမ္မတရုံးကို စွန့်ခွာရတဲ့ အချိန်မှာ ကျွန်တော် အပြည့်အဝ ကျေနပ်တဲ့ စိတ်မျိုး ဖြစ်ပေါ်နေပါလိမ့်မယ်။ နိုင်ငံကို အလုပ်အကျွေးပြုဖို့ စွမ်းသမျှ ကျွန်တော် လုပ်ပေးခဲ့တယ်။ သမ္မတရုံးမှာ (၁၀)နှစ်လုံးလုံး တာဝန်ယူခဲ့တဲ့ အတောအတွင်း အင်ဒိုနီးရှားဟာ ပိုပြီး တောင့်တင်းခိုင်မာတဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်။ ဒီမိုကရေစီ စနစ်နဲ့ စီးပွားရေး ကဏ္ဍတွေမှာလည်း ပိုပြီး အားကောင်းလာ ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

ယူဟွိုင်အိုနိုသည် အဂတိ လိုက်စားမှု၊ သူပုန်ထကြွမှုများနှင့် မငြိမ်မသက် ဖြစ်နေသည့် အင်ဒိုနီးရှား နိုင်ငံကို သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ရသူ ဖြစ်သည်။ “ကျွန်တော်တို့ စိန်ခေါ်မှုတွေ အများကြီး ကြုံခဲ့တယ်။ ဒါပေမဲ့ တစ်ခုချင်းစီ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်”ဟု ယူဟွိုင်အိုနိုက ဆိုသည်။ “အာချေးမှာ ဖြစ်နေတဲ့ ခွဲထွက်ရေး ပြောက်ကျား ပြဿနာတွေကို ကျွန်တော်တို့ ရှင်းလင်းနိုင်ခဲ့တယ်။ ပါပူအာမှာ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့တယ်။ (၂၀၀၄)ခုနှစ်၊ ဆူနာမီရေလှိုင်း ရိုက်ခတ်မှု ဖြစ်ရပ်ကြီး အပါအဝင် တခြား သဘာဝ ကပ်ဘေးတွေကနေ ပြန်နိုးထလာနိုင်ခဲ့တယ်။ ပြီးတော့ ခြစားမှုတွေကို ပြင်းပြင်းထန်ထန် ကြိုးစား တိုက်ဖျက်ခဲ့တယ်။ ဒါက အမြဲတမ်း အဆင်ပြေ အောင်မြင်နေဖို့တော့ မလွယ် ပါဘူး။ နိုင်ငံထဲက အကြမ်းဖက် လက်နက်ကိုင် အဖွဲ့တွေကို ကျွန်တော်တို့ ဖျက်ဆီးနိုင်ခဲ့တယ်။ တစ်ကမ္ဘာလုံးနဲ့ နိုင်ငံတကာ အဆင့် ဆက်ဆံရေးတွေကို ပိုပြီးတော့ တက်တက်ကြွကြွ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်”ဟုလည်း ယူဟွိုင်အိုနိုက ပြောကြားသွားခဲ့သည်။ 

_Ref: Channelnewsasia
7Day DAILY
ရာထူးမှ ဆင်းပေးရမည် ဖြစ်သော်လည်း နိုင်ငံ၏ ဒီမိုကရေစီ စနစ်နှင့် စီးပွားရေး အင်အားကို မြှင့်တင် တည်ဆောက် ပေးနိုင်ခဲ့သဖြင့် အပြည့်အဝ ကျေနပ်မှု ရှိကြောင်း အင်ဒိုနီးရှား သမ္မတဆူဆီလိုဘမ်ဘန်း ယူဟွိုင်အိုနိုက ပြောကြား ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီး ဘဝမှ သမ္မတအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သူ ယူဟွိုင်အိုနို သည် နိုင်ငံအာဏာကို ဆယ်စုနှစ် တစ်ခုမျှ ထိန်းသိမ်း ထားခဲ့ပြီးနောက် ဇူလိုင်လ ရွေးကောက် ပွဲတွင် ပြုပြင်ပြောင်းလဲရေး အမြင်ရှိသူ ဂျိုကို ဝီဒိုဒိုကို အရေးနိမ့်ခဲ့သည်။ ယူဟွိုင်အိုနိုသည် အောက်တိုဘာ လတွင် သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဝီဒိုဒိုက ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက် မည် ဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်းဆို

Photo: ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်းဆို
Tuesday, August 26, 2014

ရန်ကုန်- ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့ တွင် ခေါင်းလောင်းကြီးကိုတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြော သည်။

ခေါင်းလောင်းတွေ့ရှိကြောင်းကို အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ယနေ့နံနက်တွင်  တယ်လီဖုန်းဆက်၍ ပြောကြားပြီး ၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းရှာဖွေရေးအတွက် စေတနာထားကြသော ရဟန်း၊ပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ခေါင်းလောင်းကြီးကို မကြာမီ ကုန်းပေါ်သို့အရောက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယနေ့( သြဂုတ် ၂၆ရက်)တွင် ခေါင်းလောင်းရှာဖွေနေမှုကို လာရောက်ကြည့်ရှု့သူပိုမိုများပြားလာသည်။ခေါင်းလောင်းရှာဖွေရေးအဖွဲ့နေထိုင်သည့် သုံးထပ်သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေသောသောင်တူးသင်္ဘောတို့ ပိုမိုနီးကပ်လာသည်ကိုတွေ့ရပြီး လာကြည့်သူများက သင်္ဘော ၂ စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သောကြောင့်ဟု ထင်မြင်နေကြသည်။

ထို့အပြင် ယနေ့မှစ၍ သောင်တူးစက်အနားသို့ စက်လှေသမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများအား အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားသည်။

7Day DAILY 

ခေါင်းလောင်းတွေ့ရှိပြီဟု ဦးစံလင်း၏ ထုတ်ပြန်ချက်
ခေါင်းလောင်းတွေ့ရှိပြီဟု ဦးစံလင်း၏ ထုတ်ပြန်ချက်
ရန်ကုန်- ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့ တွင် ခေါင်းလောင်းကြီး ကိုတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြော သည်။

မုံရွာတွင် ပညာရေး ဥပဒေကြမ်း ကန့်ကွက် ဆန္ဒဖော်ထုတ်သည့် ကျောင်းသား များကို အမှုဖွင့်

Photo: မုံရွာတွင် ပညာရေး ဥပဒေကြမ်း ကန့်ကွက် ဆန္ဒဖော်ထုတ်သည့် ကျောင်းသား များကို အမှုဖွင့်
Tuesday, August 26, 2014

မုံရွာမြို့ပေါ်တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများ ထဲမှ ဦးဆောင်ကျောင်းသား လေးဦးကို မုံရွာမြို့ နယ်မြေရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

“ဆန္ဒထုတ်ဖော်တဲ့ နေ့ကတည်းက တစ်ခါတည်း အမှုဖွင့်ထားတာပါ” ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစိန်မင်းက ပြောဆိုသည်။

ပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ စီတန်း လှည့်လည်ခဲ့ရာတွင် ခွင့်ပြုချက်ကို ငါးရက် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ လှည့်လည်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့က ဖြေလျှော့ တားဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်မှု ဆက်လက် လုပ်ဆောင်ခဲ့ခြင်းကြောင့် အမှုဖွင့်ရခြင်း ဖြစ်ကြောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ကို အမှုဖွင့်ထားတယ်ဆိုပြီး အကြောင်းကြားလာတာတော့ မရှိသေးပါဘူး။ ဖွင့်ရင်လည်း ရင်ဆိုင်သွားမှာပါ။ အခုကိစ္စက တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်း ဖြစ်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့တာပါ” ဟု ပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲရန် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့ပြီး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ခံထားရသည့် ကိုဟိန်းဇော်ဝင်းက ပြောကြားသည်။

ပညာရေး အဆင့်အတန်းကို ဟန်ပြသဘော မဟုတ်ဘဲ အမှန်တကယ် စေတနာရှိရှိဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးစနစ် တစ်ခုလုံးကို အမိန့်အာဏာများဖြင့် လွှမ်းမိုးချုပ်ကိုင်မှုမှ ကင်းလွတ်ရန် လိုအပ်သည်ဟူသည့် အချက်အပါအဝင် အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အချက်ကိုးချက်ပါ ကြေညာချက် တစ်စောင်ကို သြဂုတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ် (ယာယီ) က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သော အမျိုးသားပညာရေး ဥပဒေသည် ပညာရေးလွတ်လပ်မှု (Academic Freedom) ကို အာမခံထားခြင်း မရှိကြောင်း တွေ့ရပြီး ပုဒ်မ ၅၇ (က) အရ အခြေခံပညာကျောင်းများ၏ စီမံခန့်ခွဲပိုင်ခွင့်ကို ဝန်ကြီးဌာနသို့ ပေးအပ်ထားကြောင်း တွေ့ရှိရသည်ဟူသည့် အချက်များကိုလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်များကို ဖြတ်သန်း၍ ကျောက္ကာလမ်းမကြီး တစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲရေး၊ ပညာရေးဥပဒေ ရေးဆွဲရာတွင် အားလုံး ပါဝင်နိုင်ရေးနှင့် ကျောင်းသားထု အခွင့်အရေး အပြည့်အဝရရှိရေး စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။

The Voice Weekly
မုံရွာမြို့ပေါ်တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေး ဆွဲပေး ရန် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများ ထဲမှ ဦးဆောင်ကျောင်းသား လေးဦးကို မုံရွာမြို့ နယ်မြေရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

တရားရုံးရောက် မွေ့ယာနဲ့လိင်ဆက်ဆံမှု

Photo: တရားရုံးရောက် မွေ့ယာနဲ့လိင်ဆက်ဆံမှု
Tuesday, August 26, 2014

တရားရုံးတွေမှာ ထူးဆန်းတဲ့ အမှုတွေလည်း ရောက်လာတတ်ပါတယ်။ အဲဒီထဲက အမှုတခုကတော့ အမျိုးသား တဦးဟာ မွေ့ယာနဲ့ လိင်ဆက်ဆံလို့ လန်ဒန်က တရားရုံးတခုကို ရောက်လာခဲ့တာပါဘဲ။ 

လန်ဒန် Derry မှာရှိတဲ့ Magistrate’s Court ကို မွေ့ရာနဲ့ လိင်ဆက်ဆံလို့ဆိုတဲ့ အမှုနဲ့ ရောက်လာသူက အသက် ၅၂ နှစ်ရှိတဲ့ Martin Gregory Coll ဖြစ်ပါတယ်။ သူဟာ ဓမ္မတာ မဟုတ်တဲ့ လိင်ဆက်ဆံမှု၊ လူမြင် ကွင်းမှာ မတော် တရော်လုပ်မှု စတာတွေနဲ့တရားစွဲခံရတာလို့ The Mirror သတင်း တပုဒ်က ရေးပါတယ်။ 

တရားလို ရဲတပ်ကြပ်ကြီးပြောတာက လိင်နိုးဆွတဲ့ ဗွီဒီယိုကြည့်နေသူ အဝတ်ဗလာအဲဒီအမျိုးသားကို ပြီးခဲ့တဲ့ စနေနေ့က ကားရပ်နားတဲ့နေရာတခုမှာ မွေ့ယာတခုကို လိင်ဆက်ဆံနေတာတွေ့ရတယ်လို့ ဆိုထားပါ တယ်။ 

ခရိုင်တရားသူကြီး Peter King ကို ရဲက လျှောက်လဲရာမှာတော့ အဲဒီ အမျိုးသား ကို လွန်ခဲ့တဲ့ ၃ ပတ်က အလှူခံပုံး ၃ ပုံးကို ခိုးမှုနဲ့ လွန်ခဲ့တဲ့ သတင်းပတ်ကဘဲ ဆိုင်းငံ့ပြစ်ဒဏ်ပေးခဲ့ပါသေးတယ် တဲ့။ 

Martin Gregory Coll ဟာ အိမ်ခြေမဲ့ တဦးလည်းဖြစ်ပြီး မကြာခဏဆိုသလို ရာဇဝတ်မှုပုဒ်မငယ်တွေနဲ့ ဖမ်းဆီးခံရ၊ ထောင်ချခံရလေ့ရှိပါတယ်တဲ့။ 

အခုတော့ သူဟာ Sexual Offender’s Prevention Order ဆိုတဲ့ လိင်ဆိုင်ရာ ပုဒ်မနဲ့ တရားစွဲခံထား ရတာက ကြာသပတေးနေ့မှာ စတင်ကြားနာမယ်လို့ သတင်း က ဆိုပါတယ်။ 

ဧရာဝတီ BLOG
တရားရုံးတွေမှာ ထူးဆန်းတဲ့ အမှုတွေလည်း ရောက်လာတတ်ပါတယ်။ အဲဒီထဲက အမှုတခုကတော့ အမျိုးသား တဦးဟာ မွေ့ယာနဲ့ လိင်ဆက်ဆံလို့ လန်ဒန်က တရားရုံးတခုကို ရောက်လာခဲ့တာပါဘဲ။

အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျှတရေးမူဘောင် အစီရင်ခံစာ ထိပ်သီးအစည်းအဝေးတွင် တင်ပြမည်

Photo: အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျှတရေးမူဘောင် အစီရင်ခံစာ ထိပ်သီးအစည်းအဝေးတွင် တင်ပြမည်
Tuesday, August 26, 2014

 မြန်မာနိုင်ငံက လေ့လာသုံးသပ်နေသော အာဆီ ယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မျှတရေးမူဘောင် (AFEED) အစီရင်ခံစာကို အမေ ရိကန် သမ္မတ အိုဘားမားတက် ရောက်မည့် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တင်ပြမည်ဟု သတင်းရရှိသည်။

(၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင် ဘာတွင် ပြုလုပ်မည်ဖြစ်ပြီး ယင်း အစည်းအဝေး၌ အမေရိကန် သမ္မတ အိုဘားမားသာမက အာ ဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ တော်အကြီးအကဲများ၊ မိတ်ဖက်  နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲ များ တက်ရောက်ကြမည် ဖြစ် သည်။ အာဆီယံမှ အကောင်အ ထည်ဖော် ဆောင်ရွက်နေသော အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု မျှတရေးမူဘောင် (AFEED) ကို အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် လေ့လာသုံးသပ်ရေးအစီရင်ခံစာ ကို ပြုလုပ်နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် လျော့နည်း ရေးအတွက် အာဆီယံ ကနဦး ပေါင်းစည်းရေးအစီအစဉ် အဆင့်(၂) အရ အာဆီယံ (၄) နိုင်ငံဖြစ် သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ၏ စွမ်းဆောင်ရည်မြင့်မားရေးအစီ အစဉ်များသည် အခြားအာဆီယံ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကွာ ဟချက်ကို နည်းပါးစေပြီး ဒေသ တွင်း ပေါင်းစည်းမှုကိုလည်း မြန် စေမည်ဟု သမ္မတက ပြောသည်။အာဆီယံဒေသတွင်း အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိလာကာ ဖွံ့ဖြိုးမှုကို အ ထောက်အကူဖြစ်စေမည်ဟု ဆို သည်။

အာဆီယံခေါင်းဆောင်များ သည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာက ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် တည် ငြိမ်သော၊ အောင်မြင်ကြွယ်ဝ သော၊ ယှဉ်ပြိုင်မှုစွမ်းအားမြင့်မား သော၊ အချိုးညီညီ စီးပွားရေးဖွံ့ ဖြိုးတိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုစီးပွားရေးကွာခြားမှုနည်း ပါးသော ဒေသဖြစ်လာစေရန် အာ ဆီယံ၏ မျှော်မှန်းချက် ၂၀၂၀ ကို ကြေညာခဲ့သည်။ အာဆီယံအ သိုက်အ၀န်းကို အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အ၀န်း၊ အာ ဆီယံစီးပွားရေး အသိုက်အ၀န်း နှင့် အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အ၀န်းတို့ကို ၂၀၁၅ ခုနှစ်တွင် ဟန်ချက်ညီစွာဖြင့် တည်ထောင်သွားရန် မျှော်မှန်းထားသည်ဟု သမ္မတက ပြောကြားခဲ့သည်။

7Day DAILY 

(၁၂)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အ၀န်းကောင်စီအစည်းအဝေး အပြီး ၀န်ကြီးများ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ - MOI)
(၁၂)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အ၀န်းကောင်စီအစည်းအဝေးအပြီး ၀န်ကြီးများစုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံက လေ့လာသုံးသပ်နေသော အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျှတရေးမူဘောင် (AFEED) အစီရင်ခံစာကို အမေရိကန်သမ္မတအိုဘားမားတက် ရောက်မည့်(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တင်ပြမည်ဟု သတင်းရရှိသည်။

ကိုယ်အလေးချိန် လျှော့ချရာတွင် လူအများစုမှားတတ်ကြသော အမှားများ

စားသုံးလိုက်သော ပမာဏထက် ကယ်လိုရီများ ပိုမိုလောင်ကျွမ်းစေရန် အစားလျှော့စားပြီး လှုပ်လှုပ်ရှားရှား များများ လုပ်၍ ကိုယ်အလေးချိန် လျော့ကျစေရန် ကြိုးစားခြင်းမှာ လွယ်ကူရိုးရှင်းသယောင် ရှိသော်လည်း ခန္ဓာကိုယ် သွယ်လျစေရန် လေ့ကျင့်ခန်းများလုပ်ကာ ကယ်လိုရီလျှော့ချဖူးသူ မည်သူမဆို ထင်မှတ်သည် ထက် များစွာ ပိုမိုခက်ခဲကြောင်း သိရှိထားသည်။

‘၀’ နှင့် မိုင်းလားအဖွဲက တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်

Photo: ‘၀’ နှင့် မိုင်းလားအဖွဲက တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်
Tuesday, August 26, 2014

 နိုင်ငံတော်သမ္မတနှင့်   ပထမဆုံးအကြိမ် နေပြည်တော်၌ တွေ့ဆုံရာတွင် ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား (NDAA) အဖွဲ့တို့မှ ခေါင်းဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်လက်မှတ်ရေးထိုးရာ၌ ပါဝင်လက်မှတ်ထိုးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကြိုတင်သတင်းထွက်ပေါ်  ခြင်းမရှိဘဲ သမ္မတဦးသိန်းစိန်က ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါ တီ(UWSP)၊ ‘၀’ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလားအဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ ခေါင်းဆောင် များကို သြဂုတ် ၂၅ ရက်က နေပြည်တော်လယ်တောရိပ်သာ ၌ ၂ နာရီကျော်ကြာ တစ်ပြိုင်နက်တည်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်၌ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

သမ္မတနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားခေါင်းဆောင်များ က ဒို့တာဝန် အရေးသုံးပါးကို လက်ခံပြီး တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရာတွင် ပါဝင်ရန် သဘောတူညီကြောင်း ပြောကြားခဲ့သည်ဟုဆွေးနွေးပွဲတက်ရောက်ခဲ့သူများ ကဆိုသည်။

သမ္မတနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ၊ ‘၀’ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံပိုင် ရုပ်သံများက ထုတ်လွှင့်ခဲ့သည်။

နိုင်ငံတော်သမ္မတက ပြဿ နာများကို တွေ့ဆုံဆွေးနွေးညှိ နှိုင်းသည့်နည်းလမ်းဖြင့် သာ ဖြေ ရှင်းရမည်ဖြစ်ကြောင်း တိုင်းရင်း သားအဖွဲ့များနှင့် ဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။

‘‘တပ်မတော်ကလည်း အစိုး ရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေး ကို မဖြစ်မနေအကောင်အထည်  ဖော်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပြီး မိမိတို့ အားလုံးငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ပါတယ်’’ဟု သမ္မတက ဆက် လက်ပြောသည်။ တိုင်းရင်းသားခေါင်းဆောင်များက နိုင်ငံတော် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးကို ထိန်းသိမ်းမည်ဖြစ်ပြီး ဒို့ တာဝန်အရေးသုံးပါးကို လိုက်နာ ကာ ငြိမ်ချမ်းရေး ရရှိမည့်နည်း လမ်းကို ကျင့်သုံးမည်ဟု သန္နိဋ္ဌာန် ချထားကြောင်း သမ္မတအား ကတိ ပြုပြောကြားခဲ့သည်။

သမ္မတက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို တစ်ပြိုင်နက်တည်းတွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်တွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က UWSPနှင့် NDAA ကို နှစ်ဖွဲ့ပေါင်း တွေ့ဆုံခဲ့ကာ SSPP/SSA ကို သီးခြားတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံသောနေ့နှင့်တစ်ရက်တည်းမှာပင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပထမဆုံး အကြိမ် ပြုလုပ်နေသည့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညီ လာခံစတင်သည့် နေ့နှင့်လည်း တိုက်ဆိုင်နေသည်။ ‘၀’ပြည်သွေး စည်းညီညွတ်ရေးပါတီနှင့် မိုင်း လားအဖွဲ့တို့မှာ UNFC တွင်ပါဝင်ခြင်း မရှိသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည်။

တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့ က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံ ခဲ့ရာတွင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ ၎င်းတို့သဘောထားများကို တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

‘‘တချို့နည်းနည်းပါးပါး ဟာ လေးတွေကို ကျော်လွှားလိုက်ပြီး လို့ရှိရင် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး လုပ်လို့ရပါပြီ’’ဟု SSPP/SSA အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးကြီး စပ်ခွန်ဆိုင်း ကပြောသည်။

UWSP နှင့် NDAA အဖွဲ့တို့ သည် အဖွဲ့ဝင် ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT)တွင်လည်း ပါဝင်ခြင်းမရှိပေ။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့သည်လာမည့် စက်တင်ဘာလတွင် တွေ့ဆုံပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးဆွေးနွေးကြမည်ဖြစ်သည်။ လာမည့် အောက်တိုဘာ လကုန်ခန့်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း နှစ်ဖက် ပြောကြားထားသည်။

7Day DAILY 

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလား(NDAA)အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့မှ ခေါင်းဆောင်များ ပထမဆုံးအကြိမ် နေပြည်တော်ရှိ သမ္မတ၏လယ်တောရိပ်သာ၌ တွေ့ဆုံဆွေးနွေးပြီးနောက် လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလား(NDAA)အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့မှ ခေါင်းဆောင်များ ပထမဆုံးအကြိမ် နေပြည်တော်ရှိ သမ္မတ၏ လယ်တော ရိပ်သာ၌ တွေ့ဆုံဆွေးနွေးပြီးနောက် လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
 နိုင်ငံတော်သမ္မတနှင့်   ပထမဆုံးအကြိမ် နေပြည်တော်၌ တွေ့ဆုံရာတွင် ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား (NDAA) အဖွဲ့တို့မှ ခေါင်းဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်လက်မှတ်ရေးထိုးရာ၌ ပါဝင်လက်မှတ်ထိုးမည်ဟု ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

အိမ်ခန်းငှားရမ်းခ ထိန်းချုပ်ရေး ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်

https://scontent-b-kul.xx.fbcdn.net/hphotos-xpa1/v/t1.0-9/s552x414/10537077_675712575853119_3675337584780022495_n.jpg?oh=6b2763f2dd2e7ce8102b9d60ab5b987f&oe=545F6F2E
အဆောက်အအုံသစ်များ ဖြစ်ထွန်းလာသည်နှင့်အမျှ လူနေထူထပ်လာသော ရန်ကုန်မြို့လယ်တစ်နေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ −နစ်ကီ)
ရန်ကုန်မြို့တွင် မြင့် တက်လာသော အိမ်ခန်းငှားရမ်း ခများကို ထိန်းချုပ်ပေးရေးအ တွက် တိုင်းအစိုးရ က ဆောင် ရွက် ပေးရန် သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော် အစည်းအဝေးတွင် တင်ပြလိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရေး စာပေအနုပညာရှင်များ ၀ိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: နိုင်ငံကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရေး စာပေအနုပညာရှင်များ ၀ိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Tuesday, August 26, 2014

စာပေအနုပညာရှင်များ ၏ သြဇာကြောင့် နိုင်ငံရေးအရ၊  ယဉ်ကျေးမှုအရ အပြောင်းအလဲ များစွာရှိနိုင်ပြီး အဆိုပါအပြောင်း အလဲများမှန်ကန်သည့် လမ်း ကြောင်းပေါ်ရောက်ရန် စာပေ အနုပညာရှင်များ အားလုံးတွင် တာဝန်ရှိသည်ဟု သြဂုတ် ၂၅ ရက်က တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော စာပေအနုပညာရှင်များနှင့် တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ကပြောကြား လိုက်သည်။

သြဂုတ် ၂၅ ရက်တွင် ဒေါ် အောင်ဆန်းစုကြည်နှင့် မြန်မာစာ ပေလောကမှ စာပေအနုပညာရှင် ၉၀ ဦးခန့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူ စာပေပညာ ရှင်များအား ဒေါ်အောင်ဆန်းစု ကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်ဖြစ်၊ ယဉ်ကျေးမှုတစ်ခု ထူ ထောင်တာပဲဖြစ်ဖြစ် အဲဒီလိုကိစ္စ တွေမှာဆိုရင် စာပေအနုပညာရှင် များရဲ့ သြဇာက အင်မတန်မှ အ ရေးပါပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ သည်။

ယနေ့အချိန်သည် နိုင်ငံအ တွက် အလွန်အရေးကြီးနေသော အချိန်ဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ်တွင် မှန်ကန်သော လမ်းပေါ် ရောက်မှသာ ၂၀၁၅ ခုနှစ်တွင် လို ချင်သည့် ပန်းတိုင်သို့ရောက်ရှိ နိုင်သောကြောင့် အမှန်တကယ် ရောက်သင့်သည့် လမ်းပေါ် ရောက်ရန် ၀ိုင်းဝန်းကူညီ ပေးရန်လည်း ဒေါ်အောင်ဆန်းစု ကြည်က တွေ့ဆုံပွဲသို့တက်ရောက် လာသူ စာပေအနုပညာရှင်များအား မေတ္တာရပ်ခံခဲ့သည်။

စာပေအနုပညာရှင်များ အနေဖြင့် ၁၉၈၈ ခုနှစ် ကာလက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမို ကရေစီ အင်အားစုများဘက်မှ ရပ်တည်ခဲ့ပြီး ယနေ့အချိန်တွင် လည်း မနီးမဝေးတွင်ရှိနေပါသည် ဟု စာပေပညာရှင်များ ကိုယ်စား ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) က ပြောကြားသည်။

‘‘အခုတိုင်းပြည်မှာ အရေးပါ တဲ့ကိစ္စရော၊ အရေးမပါတဲ့ကိစ္စ ရော ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စ တွေဖြစ်နေပါတယ်။ ဒါတွေကို စာပေအနုပညာရှင်များဘက်က လည်း သူ့အတတ်ပညာနဲ့ သူရှင်း လင်းနေတာတွေရှိနေပါတယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် တက်ရောက်လာ သူ စာရေးဆရာများ အားလုံးက နိုင်ငံရေးသမားများနှင့် စာပေအနု ပညာရှင်များအနေဖြင့် ချိတ်ဆက် မှုလမ်းကြောင်းတစ်ခုဖြင့် ပို၍ နီး နီးကပ်ကပ် ဆက်ဆံရန် လိုအပ် သည်ဟု ထောက်ပြခဲ့ကြသည်။

ထို့အပြင်ပြည်သူများ၏ အ ခြေအနေသည် ဟောပြောပွဲများ ပြုလုပ်ရုံဖြင့် မလုံလောက်တော့ဘဲ အပြန်အလှန် ဆွေးနွေးနိုင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်နေသည်ဟု စာရေးဆရာဖေမြင့်က ပြောကြားသည်။

တွေ့ဆုံပွဲတွင် အစိုးရနှင့် စာနယ်ဇင်းများကြား၊ ပုံနှိပ်လုပ် ငန်းရှင်များကြား ပဋိပက္ခများနှင့် ဥပဒေများ ကိစ္စကိုလည်း စာပေ အနုပညာရှင်များက တင်ပြခဲ့ပြီး တရားစွဲဆိုခံရသူများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအထောက်အကူပြုအဖွဲ့အနေဖြင့် ကူညီပေးနိုင်ရန်လည်း စာရေးဆရာများသမဂ္ဂနှင့် စာရေးဆရာများက ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲများ ပြုလုပ်ရာ တွင်လည်း အစဉ်တက်ရောက်နေကျသူများနှင့် တက်နေကျ အကြောင်း အရာများမှ ကွဲထွက်သော အကြောင်းအရာများကိုစဉ်းစားပေးရန် ကာတွန်းဆရာအော်ပီကျယ်က ပြောသည်။

စာရေးဆရာများက ပြော ကြားသော ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဖြစ်ခဲ့သော ပုံ နှိပ်ထုတ်ဝေသူများဥပဒေကို အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံခဲ့သည်မှာ နားလည်မှု အလွဲများကြောင့်ဟု ဒေါ်အောင် ဆန်းစုကြည်က ၀န်ခံပြောကြားခဲ့ ပြီး အချက်အလက်များပိုမိုရရှိရန် သီးသန့်လမ်းကြောင်းများ စီစဉ် မည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများပြုလုပ်ရန်နှင့် တရားစွဲဆိုခံရသူများအတွက် ဥ ပဒေအထောက်အကူပြုအဖွဲ့ဖြင့် ကူညီရန်မှာလည်း ပါတီအနေဖြင့် အဆင်သင့်ရှိသည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ စာပေအနုပညာရှင် ၉၀ ဦးခန့်တက်ရောက်ခဲ့ပြီး မောင်လင်းယုန်(ရှမ်း ပြည်)၊ မင်းယုဝေ၊ ၀င်းဖေ၊ ဘိုးလှိုင်၊ သစ္စာနီ၊ မောင်သွေးသစ်၊ တက္ကသိုလ်စိန်တင်၊ မောင်ပေါ်ထွန်း၊ မသီတာ(စမ်းချောင်းစသည့် စာပေအသိုင်းအ၀ိုင်းမှ စာရေးဆရာများနှင့်အတူ ပန်းချီမျိုးမြင့်၊ ကာတွန်း အော်ပီကျယ်၊ ကာတွန်းမြေဇာ၊ ဆာသော်ဒိုး၊ ဒီဇိုင်း စိုးဝင်းငြိမ်းစသည့် ပန်းချီကာတွန်းနှင့် ဓာတ်ပုံဒီဇိုင်း ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

7Day DAILY 

ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ သြဂုတ် ၂၅ ရက် တွင် တွေ့ဆုံနေ စဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ သြဂုတ် ၂၅ ရက်တွင် တွေ့ဆုံနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စာပေအနုပညာရှင်များ ၏ သြဇာကြောင့် နိုင်ငံရေးအရ၊  ယဉ်ကျေးမှုအရ အပြောင်းအလဲ များစွာရှိနိုင်ပြီး အဆိုပါ အပြောင်း အလဲများမှန်ကန်သည့် လမ်း ကြောင်းပေါ်ရောက်ရန် စာပေ အနုပညာရှင်များ အားလုံး တွင် တာဝန်ရှိသည်ဟု သြဂုတ် ၂၅ ရက်က တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော စာပေအနုပညာရှင် များနှင့် တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ကပြောကြား လိုက် သည်။

သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေးဓာတ်ခွဲခန်းသို့ မပို့ရသေး

 ဝေဘာဂီကူးစက်ဆေးရုံ တွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါသံသယရှိလူနာ၏ သွေးကို စစ်ဆေးရန်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ဓာတ်ခွဲမှုဌာနရှိရာ အိန္ဒိယနိုင်ငံ၊ ပူးနေမြို့သို့ သြဂုတ်လ ၂၅ ရက် အထိ ပေးပို့ခြင်းမရှိသေးကြောင်း   ကျန်း မာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လျှပ်စစ်ဖြန့်ဖြူးမှုတွင် ပုဂ္ဂလိကပါဝင် လုပ်ကိုင်ခွင့်ပြုမည်

မြန်မာနိုင်ငံ၏ လျှပ်စစ် ကဏ္ဍတွင် ထုတ်ဝေဖြန့်ဖြူးခြင်းနှင့် ထိန်းသိမ်းရေးအပိုင်းများကို အစိုး ရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်သာထွေး က ပြောသည်။

အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း စုပေါင်း ကန့်ကွက်

Photo: အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း စုပေါင်း ကန့်ကွက်
Tuesday, August 26, 2014

 ပြည်ထောင်စုလွှတ် တော်က အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေသည် ပညာရေးလွတ်လပ်မှုကို အာမခံ ထားခြင်းမရှိသောကြောင့် တက္က သိုလ်ဆရာ၊ ဆရာမများအသင်း တို့က စုပေါင်း၍ ကန့်ကွက် ကြောင်း ကြေညာချက် ထုတ်ပြန် သည်။

မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍလွတ်လပ်မှုအပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးချုပ်ချယ် ခဲ့သောကြောင့် အာရှထိပ်တန်း အဆင့်မှ တဖြည်းဖြည်းကျဆင်း ပျက်စီးခဲ့ရာ အရှေ့တောင်အာရှ  နိုင်ငံများကပင် အသိအမှတ်မပြု တော့သည်ကို သမိုင်းသင်ခန်းစာ ယူရန် အရေးကြီးကြောင်း တက္က သိုလ်ဆရာများက ထောက်ပြ ထားသည်။

အခြေခံပညာကျောင်းများ ၏ စီမံခန့်ခွဲပိုင်ခွင့်ကို ၀န်ကြီးဌာန က ရရှိထားပြီး အဆင့်မြင့်ကဏ္ဍ တွင်လည်း တက္ကသိုလ်များအား လွတ်လပ်သော   ကိုယ်ပိုင်စီမံ ခန့်ခွဲပိုင်ခွင့်   ပေးအပ်ရာတွင် လွှမ်းမိုးချုပ်ကိုင်လိုသော ပြဋ္ဌာန်း ချက်များရှိနေကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။ ကျောင်းသားသမဂ္ဂများ၊ ဆရာ သမဂ္ဂများ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာဆောင်ရွက်လုပ် ကိုင်ခွင့်ကို ချုပ်ကိုင်ရန် ပြဋ္ဌာန်း ချက်များပါဝင်နေခြင်းနှင့် ဆရာ များကိုယ်ကျင့်တရားကောင်းလာ မှသာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ မည်ဟု အဓိပ္ပာယ်ရသော ပြဋ္ဌာန်း ချက်သည် ဆရာများ၏ ဂုဏ်သိက္ခာကို သေးသိမ်စေခြင်းကြောင့် အပြင်းအထန်ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုကို အမှန်တ ကယ်အကျိုးပြုနိုင်မည့် အမျိုး သားပညာရေးဥပဒေတစ်ရပ်ပေါ် ပေါက်လာရန် ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ပြီး ပညာရေး ကဏ္ဍတွင် အဓိကအကျုံးဝင်သူ များဖြင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ  အမျိုးသားပညာရေးဥပဒေကို ပြန်လည်အတည်ပြုပြဋ္ဌာန်းရန် တက္ကသိုလ်ဆရာများက တောင်း ဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသားပညာရေး ဥပဒေဖြစ်လာမည့် ဥပဒေကို ကျောင်းသားသမဂ္ဂများကလည်း ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်နေ ပြီး ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် ကလည်း ကန့်ကွက်ထားသည်။

ဥပဒေကြမ်းတင်သွင်းချိန် က ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကော်မတီတို့ ထိပ် တိုက်တွေ့ဆုံခဲ့ပြီး   ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် တို့ကြား  သဘောထားကွဲလွဲမှု အများအပြားဖြစ်ပေါ်ခဲ့သော အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခြင်းမရှိဘဲ ပြန်လည်ပြင် ဆင်ရန် ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်ပေးပို့ထားသည်။

7Day DAILY 

အမျိုးသားပညာရေး ဥပဒေကြမ်းကို ယခုနှစ် မတ်လ ၃၀ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ −နိုင်လင်းအောင်)
အမျိုးသားပညာရေး ဥပဒေကြမ်းကို ယခုနှစ် မတ်လ ၃၀ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ −နိုင်လင်းအောင်)
 ပြည်ထောင်စုလွှတ် တော်က အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေသည် ပညာရေး လွတ်လပ်မှု ကို အာမခံထားခြင်း မရှိသောကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းတို့က စုပေါင်း၍ ကန့် ကွက် ကြောင်း ကြေညာချက်ထုတ်ပြန် သည်။

ရန်ကုန်ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ ထိန်းသိမ်းရေးအဆို ရှုံးနိမ့်

Photo: ရန်ကုန်ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ ထိန်းသိမ်းရေးအဆို ရှုံးနိမ့်
Tuesday, August 26, 2014

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ စနစ်တကျထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို  တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်းသတင်းရရှိသည်။

ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်ညိုညို သင်း တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်းရှိ ရှေး ဟောင်းမြို့ပြအမွေအနှစ်များအား  စနစ်တကျထိန်းသိမ်းရန်တိုက်တွန်းကြောင်း အဆိုကို  သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသောရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌  မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်ရာတွင် ရန်ကုန် တိုင်းဒေသကြီး  လွှတ်တော်အ စည်းအဝေးသို့တက်ရောက်သော လွှတ်တော်ကိုယ်စားလှယ် ၁၁၄ ဦး အနက် အဆိုကို ထောက်ခံခဲ့သူမှာ ၁၁ ဦးသာရှိခဲ့၍ထောက်ခံသူနည်းပါးသည့်အတွက် လွှတ်တော်တွင်အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

ရှေးဟောင်းမြို့ပြအမွေအ နှစ်များတွင် ပါဝင်သော ပန်းခြံ၊ အဆောက်အအုံများ၊ ကန်များ၊ စိမ်းလန်းသော နေရာများအား စနစ်တကျထိန်းသိမ်းရန်  လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာ ဒေါ်ညိုညိုသင်းက  လွှတ်တော်သို့ တင်ပြခဲ့သည်။

 လက်ရှိအချိန်တွင် ရန်ကုန် မြို့တော်  စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဥရောပသမဂ္ဂ၏ အကူအညီဖြင့် မြို့ပြအမွေအ နှစ် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) တို့နှင့်လည်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင် ပြန်လည်ရှင်းပြခဲ့သည်။

  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနအနေဖြင့်လည်း လက်ရှိအချိန်ထိ ပန်းခြံပေါင်း ၆၃ ခုကို အများပြည်သူ  အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်  ဦးလှမြင့်က ပြောသည်။

 သမိုင်းဝင်အဆောက်အအုံ များ တည်ရှိရာ ရန်ကုန်မြို့၏ အထင်ကရမြို့လယ်ဧရိယာအား ၂၀၁၄ ခုနှစ် ယဉ်ကျေးမှုအမွေ အနှစ်နေရာတစ်ခုအဖြစ် ကမ္ဘာ့ သမိုင်းဝင် အဆောက်အအုံစောင့် ကြည့်ရေးအဖွဲ့ (World Monument Watch) ၏ စောင့်ကြည့် မည့် စာရင်းတွင် ထည့်သွင်းရန် ရွေးချယ်ထားသည်။

7Day DAILY 

ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံကို မဟာဗန္ဓုလပန်းခြံအတွင်းမှ တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံကို မဟာဗန္ဓုလပန်းခြံအတွင်းမှ တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ စနစ်တကျထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း အဆိုကို  တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိ သည်။

အလုပ်လက်မဲ့ ငါးသောင်းခန့်အတွက် အစိုးရက အလုပ်ရှာဖွေပေးခဲ့ဟုဆို

ပြည်တွင်း၌ အလုပ် လက်မဲ့လုပ်သားများအား အစိုးရမှ တိုက်ရိုက်အလုပ်ရှာပေးသည့် အစီအစဉ်သစ်တွင် လုပ်သား ငါး သောင်းခန့်အတွက် အလုပ်ရှာဖွေပေးခဲ့ကြောင်း နေပြည်တော် အလုပ်သမားန်ကြားမှုဦးစီး ဌာနမှ သတင်းရရှိသည်။

မူလသတ်မှတ်ရက် တစ်ရက်ကျန်ချိန်ထိ ဓမ္မစေတီခေါင်းလောင်းရှာမတွေ့သေး

Photo: မူလသတ်မှတ်ရက် တစ်ရက်ကျန်ချိန်ထိ ဓမ္မစေတီခေါင်းလောင်းရှာမတွေ့သေး
Tuesday, August 26, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် မူလသတ်မှတ်ထား သောကာလ   တစ်ရက် သာ ကျန် တော့သည့်အချိန်ထိ ခေါင်းလောင်းကို ရှာမတွေ့သေးကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း သုံးနေရာဆုံသော နေရာတွင် ၁၈ ရက်ကြာ ဓမ္မစေတီခေါင်းလောင်းရှာဖွေ ဆယ်ယူမှု နောက်ဆုံးနေ့သည် ယနေ့တွင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

သြဂုတ် ၂၆ ရက်  (ယနေ့)နောက်ဆုံးထား  ဆယ်ယူမည်ဟု ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်း က ပြောကြားထားသည်။ မြစ်အ တွင်း ရှာဖွေမှုကို ရက်တိုးချဲ့ရန် အစီအစဉ် ရှိ၊မရှိ   ပြန်ကြားရေး အဖွဲ့က ယနေ့အကြောင်း ပြန်ပေးမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။

သြဂုတ်လ ၉ ရက်က ဓမ္မ စေတီခေါင်းလောင်းရှာဖွေရေး လုပ်ငန်းကို စတင်ခဲ့ပြီး သြဂုတ် ၁၆ ရက်မှစကာ သဲသောင်တူးစက် ဖြင့် ရှိမည့်နေရာကို တည်နေရာ သတ်မှတ်ကာ သဲစုပ်ယူမှုများပြု လုပ်ခဲ့သည်။ သြဂုတ်လ ၂၆ ရက် နောက်ဆုံးတူးဖော်မည်ဟု ပြော ကြားထားသော်လည်း    ခေါင်း လောင်းမတွေ့သေးသောကြောင့် ရက်     တိုးချဲ့လုပ်ဆောင်ရန်ရှိ ကြောင်း ကမ်းနားရှိ လုံခြုံရေးတာ ၀န်ယူနေသည့် အုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။

ဦးစံလင်းသည်     ကော့ သောင်းရှိ နေအိမ်ကိုရောင်းချ၍ ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရန် စတင်ကြိုးပမ်းခြင်းဖြစ်ကာ အလှူရှင် ဦးဝင်းမြင့်က ဆက် လက်မတည်၍ ယခုလို ဆယ်ယူ ခြင်းဖြစ်သည်။

‘‘ရှာဖွေမှု   ဆက်လုပ်နေ တယ်။ သင်္ဘောပေါ်မှာ နေတဲ့လူ တွေ စားသောက်ဖို့အတွက် တစ် ပတ်စာ လာဝယ်တယ်။ ခေါင်း လောင်းကြီး ဆယ်ယူဖို့ ရက်တိုးချဲ့ဖို့က မနက်ဖြန်ကျမှသိရမယ်’’ဟု ၎င်းက ရှင်းပြသည်။

သြဂုတ် ၂၅ ရက်တွင် သဲသောင်တူးစက်ဖြင့် ယမန်နေ့က ထက် ပို၍ ဆက်လက်တူးဖော်နေ ပြီး သြဂုတ်၂၆ရက်တွင် လာကြည့်သူများ ပိုမိုများပြားနိုင်ကြောင်း၊ ကမ်းနားတွင် လုံခြုံရေး တာဝန်ယူထားရသည့် ဒေါပုံမြို့နယ်၏ မီးသတ်တပ်ခွဲမှူး   ဦးဝင်းလွင်ဦးက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး၊ ပြန်ကြားရေးအဖွဲ့ ထံသို့ လာရောက်ကြည့်ရှုသူ စေတနာရှင်များ၏ လှူဒါန်းငွေ များကိုလည်း ဘဏ်တွင် ထည့် သွင်းထားပြီး ယနေ့အထိ ထုတ်ယူသုံးစွဲခြင်းမရှိသေးကြောင်း၊ ဆယ် ယူရေးအဖွဲ့က ဆိုသည်။ ဦးစံလင်းသည် ၁၉၉၆ ခုနှစ်တွင် ခေါင်း လောင်းရှာဖွေမှုစတင်ဆောင် ရွက်ခဲ့ပြီး ယခုတစ်ကြိမ်သည် လေးကြိမ်မြောက်ရှာဖွေခြင်း ဖြစ်သည်။မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသည့် အေးရှားပွိုင့်ဘိုး လင်းစင်တာ ကမ်းစပ်အနီးတွင် မွန်တိုင်းရင်းသား တစ်ရာကျော်ကသြဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီ မှ နံနက် ၉ နာရီခွဲထိ ကမ်းစပ်၌ စင်ထိုး၍ ပွဲများပေးကာ မွန်ဘာ သာဖြင့် ဆုတောင်းခဲ့သည်။

7Day DAILY 

ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူရေးလုပ်ကိုင်နေသော သင်္ဘောများ ကိုတွေ့ရစဉ်(ဓာတ်ပုံ−ပပ)
ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူရေးလုပ်ကိုင်နေသော သင်္ဘောများကိုတွေ့ရစဉ်(ဓာတ်ပုံ−ပပ)
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် မူလသတ်မှတ်ထား သောကာလ  တစ်ရက်သာကျန် တော့သည့်အချိန် ထိ ခေါင်းလောင်းကို ရှာမတွေ့သေးကြောင်း သတင်းရရှိသည်။

အာဆီယံနိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်အရေးကြီးစိန်ခေါ်မှု အဖြစ်ရှိနေဆဲ

အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ နည်းပါးအောင် အကောင်းဆုံးကြိုး စားနေသော် လည်း အာဆီယံ၏ဆယ်စုနှစ် လေးစုကျော် အောင်မြင်မှုရရှိ ထားသော လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိန်းသိမ်းရန် ကြီးမားသော စိန်ခေါ်မှုများရှိနေဆဲ ဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောသည်။

သူရဦးရွှေမန်းအမေရိကသွားမည်

ယခုနှစ် နိုဝင်ဘာလ မကုန်မီ အချိန်အတွင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် အမေရိ ကန်ပြည် ထောင်စုသို့  သွားရောက်ရန်ရှိ ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ထံ မှသတင်းရရှိသည်။

အာဆီယံစီးပွားရေးအသိုက်အ၀န်း သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော်ရန် သမ္မတဦးသိန်းစိန်တိုက်တွန်း

Photo: အာဆီယံစီးပွားရေးအသိုက်အ၀န်း သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော်ရန် သမ္မတဦးသိန်းစိန်တိုက်တွန်း
Tuesday, August 26, 2014

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အ ၀န်းထူထောင်ရန် အချိန် နီးကပ် နေပြီဖြစ်သော်လည်း လုပ်ငန်းစဉ် များ ၂၀ ရာခိုင်နှုန်း နီးပါးကျန်ရှိ နေသေး ၍ အချိန်နှင့် တစ်ပြေးညီ    အပြည့်အ၀အကောင်အထည် ဖော်နိုင်ရေး ၀ိုင်းဝန်းကြိုး ပမ်း ကြ ရန် အာဆီယံနိုင်ငံများကို သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြော ကြားသည်။

အာဆီယံစီးပွားရေး အသိုက်အ၀န်း(AEC) ပုံစံအကောင်အ ထည်ဖော်မှုအနေဖြင့် ၈၂ ဒသမ ၁ ရာခိုင်နှုန်းသာ ပြီးစီးနေသေးသည်။

 ‘‘အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့နဲ့ AEC ပုံစံကို အပြည့်အ၀အကောင်အထည် ဖော်နိုင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ ထပ်လောင်းတိုက်တွန်းလိုပါတယ်’’ ဟု သမ္မတဦးသိန်းစိန်က (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားအဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အာဆီယံစီးပွားရေး အ သိုက်အ၀န်းနှင့် ဆက်စပ်အစည်း အဝေးများဖွင့်ပွဲအခမ်းအနား အ ဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက် အ၀န်းနှင့် ပတ်သက်၍ အာဆီယံ ဒေသတွင်းပြည်သူများနှင့် စီးပွား ရေးလုပ်ငန်းရှင်များ ပိုမိုသိရှိရေး နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို အလေးပေးဆောင်ရွက်ရမည်ဖြစ်သည်။ အာဆီယံဒေသ တွင်း စီးပွားရေးပူးပေါင်းမှုအ တွက်  အာဆီယံစီးပွားရေး အသိုက်အ၀န်းပုံစံအရ ဒေသတွင်းကုန် စည်ကုန်သွယ်မှု၊ ၀န်ဆောင်မှု ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရေးနှင့် ငွေကြေးအ ရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်ရေး ရည်မှန်းချက်အတိုင်း အဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သမ္မတက ပြော ကြားခဲ့သည်။

 အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ကိုရီးယား၊ အိန္ဒိယ၊ သြစတြေး လျ၊ နယူးဇီလန်နိုင်ငံတို့နှင့် အာ ဆီယံလွတ်လပ်သော ကုန်သွယ် မှုဒေသ(AFTA) ထူထောင်၍ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေပြီး အာဆီယံနှင့် ဟောင်ကောင်တို့အကြား လွတ် လပ်သော ကုန်သွယ်မှုဒေသထူ ထောင်ရန် ဆွေးနွေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

AEC ထူထောင်မှုကို အ ထောက်အကူပြုစေရန် ဦးစားပေးနယ်ပယ်သုံးခုဖြစ်သော ဒေသတွင်းအသေးစားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ရေး၊ အာဆီယံနှင့်အာဆီယံစီးပွားရေးအသိုက်အ၀န်း၏ ၂၀၁၅ အလွန်စသော ဦးစားပေးနယ်ပယ် သုံးခုကို ယခုနှစ်စီးပွားရေးမဏ္ဍိုင်၏ အဓိကလုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်နေသည်။

7Day DAILY 

သမ္မတဦးသိန်းစိန်မိန့်ခွန်းပြောကြားစဉ်(president-office.gov.mm)
သမ္မတဦးသိန်းစိန်မိန့်ခွန်းပြောကြားစဉ်(president-office.gov.mm)
၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အ ၀န်းထူထောင်ရန် အချိန်နီးကပ် နေပြီဖြစ်သော်လည်း လုပ်ငန်းစဉ်များ ၂၀ ရာခိုင်နှုန်းနီးပါးကျန်ရှိ နေသေး၍ အချိန်နှင့် တစ်ပြေးညီအပြည့်အ၀အကောင်  အထည် ဖော်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြ ရန် အာဆီယံနိုင်ငံများကို သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြော ကြားသည်။

ကျောက်မျက်ရတနာလုပ်ငန်းများအသင်းဥက္ကဋ္ဌအဖြစ် ဦးရုံးမူအားခန့်အပ်

မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင်များ အ သင်းတွင် ခြောက်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ သည့် ဥက္ကဋ္ဌ ဦးတေဇရာထူးမှနုတ်ထွက်လိုက် ပြီး စိမ်းလင်းရတနာကျောက်မျက် ကုမ္ပဏီမှ ဦးရုံးမူအား အသင်းသား များ၏ မဲဆန္ဒဖြင့်ဥက္ကဋ္ဌအဖြစ် ရွေး ချယ်တင်မြှောက်လိုက်ကြောင်း သတင်းရရှိသည်။

ပညာရေးကောလိပ် ဆရာ၊ ဆရာမများအား အင်္ဂလိပ်စာသင်ပေးရန် ဗြိတိန်နိုင်ငံမှ ဆရာ၊ ဆရာမများရောက်ရှိ

ဗြိတိန်နိုင်ငံ၏ ကူညီ ထောက်ပံ့မှုဖြင့် ပညာရေးကော လိပ်များမှ ဆရာ၊ ဆရာမများအ တွက် အင်္ဂလိပ် ဘာသာစကား သင်ကြားရေးအစီအစဉ်စတင် ဆောင်ရွက်ရန် အင်္ဂလိပ်ဘာသာ သင်ကြားရေး ဆရာ၊ ဆရာမ များ ရောက်ရှိလာပြီ ဖြစ်သည်။

ဒေါ်မိမိကြည်အမှု ဌာနဆိုင်ရာခုံရုံးဖွဲ့ စစ်ဆေးပြီး

ဂါရ၀မဲ့ အပြုအမှုများ လုပ်ဆောင်ခဲ့သည် ဆိုသည့် အထက(၁)မော်လမြိုင်မှ ကျောင်းအုပ် ဆရာ မကြီး ဒေါ်မိမိကြည်ကို ဌာနဆိုင်ရာ ခုံရုံးဖွဲ့ စစ်ဆေးပြီး သွားပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိ ချက်များကို ပညာရေး ၀န်ကြီးဌာနသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အချိန်ဖြစ် ၍ နိုင်ငံရောက်သင့်သည့် လမ်းပေါ်သို့ ရောက် ရှိရေး ၀ိုင်းဝန်းကူညီ ရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ


သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များတွေ့ဆုံ ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)
လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အချိန်ဖြစ်၍ နိုင်ငံရောက်သင့်သည့် လမ်းပေါ် သို့ ရောက်ရှိရေး ဝိုင်းဝန်းကူညီရန် ဩဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိ ခန်းမ၌ ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များတွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံ လိုက်သည်။

မဲဆောက်ရှိ Silver & Gold Garment အထည်ချုပ်စက်ရုံ မှ မြန်မာ လုပ်သား များ ခြိမ်းခြောက်ခံနေရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Silver & Gold Garment အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမားများမှာ လုပ်အားခဖြတ်တောက်ခံရသည့်အပြင် အလုပ်ရှင်မှ ခြိမ်းခြောက် မှုများပြုလုပ်သဖြင့် အမျိုးသမီးများမှာ စက်ရုံအတွင်း မနေရဲဖြစ်နေကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည် သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ သိရသည်။

ငမိုးရိပ်တံတား(ပါရမီ) တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင် က ငွေကျပ် ၈၅ သန်းကျော် ပိုမိုထုတ်ယူခဲ့ကြောင်း စိစစ်တွေ့ရှိ

ငမိုးရိပ်တံတား(ပါရမီ) ဘေလီတံတားသစ် တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ငွေကျပ် ၈၅ သန်းကျော် ပိုမိုထုတ်ယူခဲ့ကြောင်း ဩဂုတ် ၂၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

အီဘိုလာသံသယလူနာ၏သွေးကို အိန္ဒိယနိုင်ငံရှိ WHO ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေး မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင် ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့ ညှိနှိုင်းဆဲဖြစ်

Photo: အီဘိုလာသံသယလူနာ၏သွေးကို အိန္ဒိယနိုင်ငံရှိ WHO ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေး မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင် ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့ ညှိနှိုင်းဆဲဖြစ်
Tuesday, August 26, 2014

အီဘိုလာဗိုင်းရပ်စ်သံသယလူနာ၏သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်း သို့ ပေးပို့နိုင်ရေးအတွက် မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) တို့ လက်ရှိအချိန်အထိ ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနက သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။  

"အိန္ဒိယကိုပို့မယ့်သွေးနမူနာကို ကျွန်မတို့ကျန်းမာရေးဌာနက အားလုံးပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် IATA အဖွဲ့ရဲ့ သယ်ပေးမယ်ဆိုတဲ့ခွင့်ပြုချက်ကို စောင့်နေရတဲ့အခြေအနေပါ။
အိန္ဒိယအစိုးရဘက်ကလည်း သွေးနမူနာလက်ခံမယ်ဆိုတဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ IATA အနေနဲ့လည်း လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ IATA တို့လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲပါ။ ဒီလိုလေကြောင်းလိုင်း ပြဿနာအခက်အခဲတွေက တခြားနိုင်ငံတွေမှာလည်း ဖြစ်နေတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာဆို ကိုယ်ပိုင်လေယာဉ်တွေနဲ့သယ်တာမျိုးတွေတောင်ရှိပါတယ်။  ၀န်ကြီးဌာနအနေနဲ့လည်း အမြန်ဆုံးပေးပို့ချင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ WHO က သတ်မှတ်ချက်အတိုင်း အားလုံးလုပ်ဆောင်ပြီးသွားပါပြီ။ သွေးနမူနာကိုပေးပို့နိုင်ဖို့ တိုက်ရိုက်မပို့နိုင်တဲ့ အခက်အခဲတစ်ခုပဲရှိတော့တာပါ" ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ ဒေါက်တာတိုးသီရိအောင်ကဆိုသည်။

အီဘိုလာကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် သွေးနမူနာကို သတ်မှတ်ညွှန်းပို့ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) အဖွဲ့၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဝေဖန်ချက်များထွက်ပေါ်နေပြီး မြန်မာအစိုးရအနေဖြင့် ယင်းကိစ္စအပေါ် မည်သို့ကိုင်တွယ်လုပ်ဆောင်သွားမည်ကိုမူ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားရာတွင် "ဒီသွေးနမူနာရဲ့ ဓာတ်ခွဲအဖြေရဖို့က ကြားထဲမှာလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအများကြီးရှိနေတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယလူနာရဲ့သွေးနမူနာကို သတ်မှတ်ဓာတ်ခွဲခန်းကိုပေးပို့မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်းရှိပြီးသားဖြစ်ပြီး ဒါတွေကိုလည်း ကျွန်တော်တို့ဘက်က အားလုံးပြင်ဆင်ထားပြီးသားပါ။ အခု အိန္ဒိယအစိုးရရဲ့ထောက်ခံချက်ကရပြီးပါပြီ။ အရင် H5N1 စစ်တုန်းကလည်း နမူနာပစ္စည်းပို့ဖို့အတွက် ကြားထဲမှာ အချိန်နှစ်ပတ်လောက်ကြာခဲ့ပါတယ်။ သတ်မှတ်ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်းတွေရောက်သွားရင် စစ်တဲ့အချိန်က တစ်ရက်အတွင်းရပေမယ့် ပေးပို့ရတဲ့ကြားက လုပ်ငန်းတွေကကြာနေတာပါ" ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကဘက်မှပြန်လာပြီး ဖျားနာနေသူ ဦးဇင်မင်းဦး၏သွေးနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ စစ်ဆေးခဲ့ရာရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ် (Plasmodium Falciparum) နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် (Plasmodium Vivax) ရောဂါပိုးနှစ်မျိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့အပြင် လူနာ၏သွေးနမူနာများကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လူနာမှာကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အီဘိုလာ သံသယလက္ခဏာဖြစ်သည့် ခန္ဓာကိုယ်အတွင်းအပြင်တို့တွင် သွေးယိုစီးခြင်းလက္ခဏာများ လုံးဝမတွေ့ရှိရကြောင်းနှင့် အခြားလေးဦး၏ ကျန်းမာရေးအခြေအနေမှာလည်း အားလုံးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Eleven Media Group 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့် ကြပ်ကြည့် ရှုရေး လုပ်ငန်းများ လုပ်ဆောင်နေ စဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ လုပ်ဆောင်နေ စဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
အီဘိုလာဗိုင်းရပ်စ်သံသယလူနာ၏သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေးအတွက် မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) တို့ လက်ရှိအချိန်အထိ ညှိနှိုင်းနေရ ဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနက သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။ 

မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျမှုကြောင့် တစ်ဦးဒဏ်ရာရ

Photo: မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျမှုကြောင့် တစ်ဦးဒဏ်ရာရ
Tuesday, August 26, 2014

တာမွေမြို့နယ်တွင် မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးမှဖုန်းတိုင် ရုတ်တရက်ကျိုးကျမှုကြောင့် ယာဉ်မောင်းဒဏ်ရာရရှိမှု သြဂုတ် ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သီရိလင်္ကာရာမကျောင်းလမ်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အဆိုပါမြို့နယ် ၁၆၄ လမ်းနေ ဦးတင်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကားကို ပုံမှန်အတိုင်းမောင်းလာတုန်း မျက်စိထဲရိပ်ခနဲမြင်လိုက်တယ်။ ပထမတော့ ဓာတ်တိုင်ကျိုးကျတယ်လို့ထင်တာ။ နောက်တော့ ဖုန်းတိုင်ဖြစ်မှန်းသိတယ်။ ဆက်သွယ်ရေးကို အကြောင်းကြားလိုက်လို့  လာတော့ကြည့်သွားတယ်။ ဘာမှမပြောသွားဘူး" ဟု ဦးတင်ဝင်းကဆိုသည်။

ဖုန်းတိုင်သည် အဆိုပါကြက်ခြင်းများတင်ဆောင်လာသော ယာဉ်၏ယာဘက်ခြမ်းယာဉ်မောင်းနေရာ ခေါင်မိုးပေါ်သို့ကျိုးကျပြီး နောက်ယာဉ်ရှေ့မှန်ပေါ်သို့ ပိသွားခဲ့သည်။

ယာဉ်မောင်းဦးတင်ဝင်းတွင် ဖုန်းတိုင်ကျိုးကျပြီး ယာဉ်ပေါ်ပိသွားမှုကြောင့် ဦးခေါင်းနှင့်လက်တွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးတင်ဝင်းက ယင်းဖုန်းတိုင်၏ ကွန်ကရစ်အတွင်း မြှုပ်နှံဖရိန်ချထားသော သံချောင်းများ၏အရွယ်အစားမှာ ရှိသင့်သောပမာဏထက် သေးလွန်းကြောင်း ၎င်း၏အမြင်ကို ပြောကြားသည်။     

Eleven Media Group 

ယာဉ်ပေါ်သို့ကျိုးကျသွားသော ဆက်သွယ်ရေးဖုန်းတိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယာဉ်ပေါ်သို့ကျိုးကျသွားသော ဆက်သွယ်ရေးဖုန်းတိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တာမွေမြို့နယ်တွင် မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးမှဖုန်းတိုင် ရုတ်တရက်ကျိုးကျ မှုေ ကြာင့် ယာဉ်မောင်း ဒဏ်ရာရရှိမှု သြဂုတ် ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။