Monday 25 February 2013

အရီဇိုးနား ပြည်နယ်တွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခု ရှာဖွေ တွေ့ရှိ

အရီဇိုးနား ပြည်နယ်တွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခု ရှာဖွေ တွေ့ရှိ

အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ် ထူးဆန်မြို့ အပြင်ဘက်ရှိ တောင်တန်းများ ထူထပ်ရာ နေရာတွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခုကို သုတေသန ပညာရှင် များက ရှာဖွေတွေ့ ရှိခဲ့ ကြောင်း သိရသည်။
ယင်း မျိုးစိတ်သစ်သည် အရှည် တစ်လက်မခန့် ရှိပြီး အရောင်မှာ အညိုရောင် ရှိကြောင်းနှင့် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၅၉ဝဝ (၁၈ဝဝ မီတာ) ခန့်တွင် တည် ရှိသော Santa Catalina တောင်များ တည်ရှိရာ ဝက်သစ်ချ သစ်တော အတွင်း နေထိုင် ကျက်စားကြောင်း Zookeys ဂျာနယ်တွင် မကြာသေးမီက ဖော်ပြထားသော ကင်းမြီးကောက် မျိုးစိတ်သစ် လေ့လာမှု တစ်ရပ် အရသိရသည်။

ယင်းမျိုးစိတ်သစ်သည် လွန်ခဲ့သော နှစ်ခြောက်နှစ်မှ စ၍ အရီဇိုးနား ပြည်နယ်တွင် ရှာဖွေ တွေ့ရှိ ခဲ့သည့် နဝမ မြောက် မျိုးစိတ်သစ် ဖြစ်ပြီး ၎င်းကင်းမြီးကောက် မျိုးစိတ်သစ်အား Vaejovis brysoni ဟု အမည် ပေး ထားကြောင်း သိရသည်။

သုတေသန ပညာရှင် များသည် ကာတာလီနာ အဝေးပြေး လမ်းမ တစ်လျှောက်တွင် ခရမ်းလွန် ရောင်ခြည်သုံး လက်နှိပ်ဓာတ်မီးကို အသုံးပြု၍ ကင်းမြီးကောက် မျိုးစိတ်များ၏ အသိုက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်း မျိုးစိတ်သစ်သည် အခြားသော ကင်းမြီးကောက်များ ကဲ့သို့ ၎င်းတို့ ကျောပေါ်တွင် ကင်းမြီးကောက် အကောင်ပေါက် လေးများကို သယ်ဆောင်ပြီး ပျမ်းမျှအားဖြင့် ကင်းမြီးကောက် အကောင်ပေါက် ၂၄ ကောင် ကို သယ်ဆောင် နိုင်ကြောင်းနှင့် ၎င်းတို့သည် အဆိပ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သေချာစွာ မသိရှိ ရသေးကြောင်း သိရသည်။

ယခု တွေ့ရှိထားသော ကင်းမြီးကောက် မျိုးစိတ်သည် ယင်းဒေသတွင် ဆက်လက် ရှိနေသော ဇီဝမျိုးကွဲ ရှာဖွေမှုတွင် အခြေခံ ကျသော သာဓက တစ်ရပ်ဖြစ်ကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ရစ်ချက်ဒ် အက်ဖ် အာရေးက အစီရင် ခံစာ တစ်ခုတွင် ပြောကြား ထားသည်။

http://www.myawady.net.mm/allnews/global/item/7632-2013-02-24-14-07-26


အေးချမ်းမွန်မှ  မြဝတီ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ်ထူးဆန်မြို့ အပြင် ဘက်ရှိ တောင်တန်းများထူထပ်ရာ နေရာတွင် ကင်းမြီးကောက် မျိုးစိတ်သစ်တစ်ခုကို သုတေသနပညာရှင်များက ရှာဖွေတွေ့ ရှိ ခဲ့ ကြောင်း သိရသည်။

တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား ချိတ်ဆက် ဖောက်လုပ် ထားသော ရထားလမ်း စတင်ပြေးဆွဲ


တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား ချိတ်ဆက် ဖောက်လုပ် ထားသော ရထားလမ်း စတင်ပြေးဆွဲ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ H (ASEAN) နိုင်ငံများနှင့် ချိတ်ဆက် ဖောက်လုပ်ထားသော ရထားလမ်းကို ခုနစ်နှစ်ကြာ ဖောက်လုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင် အသုံးပြု ခဲ့ကြောင်း ဒေသဆိုင်ရာ ရထားလမ်း တာဝန်ရှိသူ များက ပြောကြားသည်။

ယူဇီနှင့် မန်ကျီ အကြားတွင် တည်ဆောက်ထားသော အဆိုပါ ရထား လမ်းသည် Pan-Asia  မီးရထားလမ်း ကွန်ရက် စီမံကိန်း၏ အရှေ့ပိုင်း ရထားလမ်း အစိတ်အပိုင်း ဖြစ်သည်။

၁၄၁ ကီလိုမီတာ ရှိသော ယင်း ရထားလမ်းသည် အမြင့်ဆုံး အမြန်နှုန်းတစ် နာရီလျှင် ၁၂ဝ ကီလိုမီတာ နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဆောက်လုပ်ထားပြီး ဥမင်လိုဏ်ခေါင်း ၃၅ ခုနှင့် တံတား ၆၁ စင်းတို့ ဖြတ်သန်း ဖောက်လုပ် ထားသည့် အပြင် အရှေ့ပိုင်း ရထားလမ်း အလျား၏ ၅၄ ဒသမ ၅၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်းတွင် လက်ရှိပြေးဆွဲ လျက်ရှိသော ကူမင်း- ယူဇီရထား လမ်းလည်း ပါဝင်ပြီး မန်ကျီ- ဟူကောင်း ရထားလမ်းသည် ဖောက်လုပ်လျက် ရှိပြီး လာမည့် နှစ်ကုန်ပိုင်းတွင် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်း ဖောက်လုပ်ပြီးစီး မှုကြောင့် စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အရှိန်တက် စေပြီး သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ တိုးတက်စေမည် ဖြစ်သည်။

နိုင်ငံ အနောက် တောင်ပိုင်းတွင်လည်း ရထားလမ်းများ ထပ်မံဖွင့်လှစ် သွားမည်ဟု  ကျွမ်းကျင် ပညာရှင်များက ပြောကြားသည်။

Pan-Asia ရထားလမ်း ကွန်ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်း မီးရထားလမ်း များပါဝင် ပါမည်။ ၎င်းမီးရထားလမ်း ကွန်ရက်သည် နိုင်ငံတကာ  မီးရထားလမ်း စီမံကိန်း တစ်ခုဖြစ်သည့် အပြင် တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံ တို့က ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/UZsMAy
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်နှင့် အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ H (ASEAN) နိုင်ငံများနှင့် ချိတ် ဆက်ဖောက်လုပ်ထားသော ရထားလမ်းကို ခုနစ်နှစ်ကြာ ဖောက် လုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်အသုံးပြု ခဲ့ကြောင်း ဒေသဆိုင်ရာ ရထားလမ်းတာဝန်ရှိသူများကပြောကြား သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး
Monday, February 25, 2013 

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်းစား ပြည်ထောင်စု တရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ် တာဝန်ပေး အပ်ကြောင်းပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌမှ အမည်စာရင်းတင်သွင်းသည့် ဦးမြငြိမ်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌအဖြစ် အတည်ပြုကြေညာ ခဲ့ခြင်းဖြစ်သည်။


ဓာတ်ပုံ - ယခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)

ဗညားဦး၊မောင်ပိုင် (နေပြည်တော်)
Yangon Media Group
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်း စား ပြည်ထောင်စု တရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေးအပ်ကြောင်းပြည်ထောင်စု လွှတ်တော်က

ဖေဖော်ဝါရီလ ၂၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း



ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း
Monday, February 25, 2013 

ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေးက ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။

အီဂျစ်အတိုက်အခံ အဖွဲ့များ ညွန့်ပေါင်းဖြစ်သော National Salvation Front တွင် ပါဝင်သည့် ခေါင်းဆောင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သူ အယ်လ်ဘာရာဒေးသည် ပြီးခဲ့သော သုံးနှစ်ကလည်း ယခုကဲ့သို့ပင်
ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ဖူးသူ ဖြစ်သည်။

သို့သော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့၏ Freedom and Justice ပါတီမှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ အက်ဆမ်အီရန်က ယင်းကဲ့သို့ သပိတ်မှောက်ရန် အဆိုပြုမှုအပေါ် ဝေဖန်ခဲ့သည်။

ရွေးကောက်ပွဲများတွင် မပါဝင်ခြင်းသည် အုပ်ချုပ်ရေးအာဏာများကို ဒီမိုကရေစီနည်းလမ်းများ မသုံးဘဲ ရယူလို၍ဖြစ်ကြောင်း ပါတီ Facebook တွင် ရေးသားခဲ့သည်။ လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားသော နေရာအများအပြား၌ ပြုလုပ်မည့် ရက်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည့် သမ္မတအမိန့် ဒီဂရီအား နိုင်ငံပိုင် Middle East News အေဂျင်စီက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ပေါ့ဆက်မြိ့တွင် သမ္မတမော်ဆီကို ဆန့်ကျင်သူများက အိုးဖုံးများတီးပြီး ဖေဖော်ဝါရီလ ၂၂ ရက်က ဆန္ဒပြနေကြစဉ်

Ref:BBC
Eleven Media Group
ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ် လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက် အခံ ခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေး က ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြားရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက်တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေကြ ရေ ပမဲ့ KIA တပ်တွေက သူတို့တပ် အင်အားဖြည့်ဖို့လိုတယ်။ မင်းတို့တွေ တပ်ထဲဝင်ရမယ် ဆိုပြီး အဓမ္မလူ သစ်စုေ ဆာင်း ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ 

“ကျနော်တို့က ကိုယ့်ရပ်ရွာမှာ မနေရဲလို့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေလို့ ထွက်ပြေးလာတဲ့ ဒုက္ခ သည် တွေပါ။ အခုလို ဒုက္ခသည်စခန်းကို ရောက်လာတော့လည်း KIA တပ်က ညဖက်တွေမှာ ရောက်လာ ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်တော့ အေးအေးဆေးဆေး မနေရဘူး။ ၀င်ဖမ်းတဲ့ အချိန်ပါ မ သွားေ အာင် သတိထားပြီး ရှောင်နေရတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း (၂) ကြိမ်၊ ဒီလလည်း (၁) ကြိမ်၊ စု စုပေါင်း (၃) ကြိမ်ရှိပြီ၊ သူတို့ KIA က တပ်သားသစ်လိုတယ်ဆိုပြီး ညအချိန်ဝင်ဖမ်းသွားတာ။ တစ်ခါ ဖမ်း ရင် အယောက် (၃၀) လောက်ပါသွားတယ်။ ကျနော်တို့က တရုတ်အစိုးရကိုတော့ တိုင်ထားတယ်။ အခု ထိတော့ တရုတ်အစိုးရကလဲ ဘာမှမဖြေရှင်းပေးဘူး” ဟု အမည်မဖော်လိုသူက ပြောပြသည်။

KIA တပ်အနေနဲ့ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေပြီး တစ်ဘက်မှ နိုင်ငံရေးအရ တပ်သားသစ် သင် တန်း တက်နေတဲ့ KIA သင်တန်းသားတွေကို မိဘနေရပ်ထံပြန်လွှတ်နေပေမဲ့ တိုက်ပွဲဝင်နိုင် တဲ့အနေ အထား မရှိသူတွေကို ပြန်လွှတ်ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ သူတို့တပ်တွေရှိတဲ့ ရွာတွေမှာတော့ အခု အချိန် အထိ အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Kachin Daily News

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြား ရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက် တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံနေ

ကမ္ဘာ့ အမြင့်ဆုံး မော်တော် ဆိုင်ကယ်

ပုံမှာမြင်တွေ့ရ တာကတော့ အမေရိကန် နိုင်ငံသား၊ နယူးယောက်မြို့မှ Greg Dunham အမည်ရ အင်ဂျင်နီယာ တစ်ဦးက ဖန်တီး လိုက်တဲ့ကမ္ဘာ့အမြင့်ဆုံး မော်တော် ဆိုင်ကယ် ဖြစ်ပါတယ်။

မွန်ပြည်နယ် စစ်တောင်းမြစ် ကမ်းပါးပြို

မွန်ပြည်နယ် စစ်တောင်းမြစ် ကမ်းပါးပြို

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

မွန်ပြည်နယ် ကျိုက်ထို မြို့နယ် သိမ်ဇရပ်မြို့ ကနေ အောက်ပိုင်း တစ်မိုင်ခန့် အရှည်ထိ စစ်တောင်းမြစ် ကမ်းပါး ပြိုကျရာကနေ လူနေ အိမ်တွေ၊ လယ်ကွင်းတွေ ရေထဲ ပါနေ တာကြောင့် ဒေသခံ တွေက စိုးရိမ် မူတွေ ရှိနေ ကြပါတယ်။

ခုလို ကမ်းပါးပြို နေတဲ့ အတွက် ခုနှစ်လ ရှစ်လ အတွင်းမှာ သိမ်ဇရပ်မြို့ ကမ်းနား ပိုင်းမှာ တည်ရှိတဲ့ ဆိပ်ကမ်းသာ ရပ်ကွက်နဲ့ ရွာမ ရပ်ကွက်က အိမ်ခြေ ၂၀ဝ နီးပါးခန့် လည်း ရေထဲ ပါကုန်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ ရေစကြို မြစ်ဆုံမှာ ရေကြီး မြေပြို
ကုလားတန် မြစ်ကြောင်းအတွက် လေ့လာဆန်းစစ်မယ်။

ချင်းတွင်းမြစ် ရေခန်းလာပြီ ဆက်စပ်အကြောင်းအရာများ တိုင်းရင်းသားရေးရာ နိုင်ငံတော် အစိုးရ ပိုင်းက ကျပ်ငွေ သိန်းပေါင်း ၂၁၃ သိန်း ချပေးပြီး သစ်သား တိုင်တွေနဲ့ ဂဝံ ကျောက်တွေနဲ့ ထိန်းသိမ်းဖို့ ကြို စား နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ခိုင်ခိုင် ခန့်ခန့် မလုပ် နိုင်ဘူး ဆိုရင် တားဆီး နိုင်မယ့် အနေ အထား မရှိဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

အိုးအိမ်မဲ့ ဖြစ်သွားတဲ့ မိသားစု တွေကို လည်း အာဏာပိုင် တွေက ပြန် လည် နေရာ ချပေးထား ပေမယ့် အနည်းစု ကိုသာ နေရာ ချပေး နိုင်တဲ့ အတွက် မိသားစု အများ အပြား ကတော့ အခက်အခဲ ဖြစ်နေ တယ်လို့ ဆိုပါတယ်။

သိမ်ဇရပ်မြို့ဟာ အိမ်ခြေ ၄၀ဝ၀ ခန့် ရှိပြီး ခုလို ကမ်းပါး ပြိုနေတဲ့ အတွက် ဒေသခံတွေ အကြားမှာ စိုးရိမ်မူ တွေလည်း တိုးပွား နေကြ တယ်လို့ သိရပါတယ်။

BBC News
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃
မွန်ပြည်နယ် ကျိုက်ထို မြို့နယ် သိမ်ဇရပ်မြို့ ကနေ အောက်ပိုင်း တစ်မိုင် ခန့်အရှည်ထိ စစ်တောင်းမြစ် ကမ်းပါး ပြိုကျရာကနေ လူနေအိမ်တွေ၊ လယ်ကွင်းတွေ ရေထဲပါနေတာကြောင့် ဒေသခံ တွေက စိုးရိမ် မူတွေ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ
Monday, February 25, 2013 

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက်
၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ကားနောက်ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံ
သားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှားလူမျိုးတစ်ဦးကိုလည်း
အတူဖမ်း ဆီးထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။

၎င်းတို့ စီးနင်းလာသော ကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသောကားဖြစ်ပြီး စစ်ဆေးရေးဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်ထွက်ခွာမှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်။ ICA ကလည်းအဖွဲ့သည် စင်ကာပူတွင်
နေခိုင်ခွင့်သက် တမ်း ကျော်လွန်ကာနေထိုင်သော နိုင်ငံခြားသား
များ၏ နိုင်ငံတွင်းသို့ အဝင်၊အထွက်များကို သေချာစစ်ဆေးနေ
ကြောင်း ပြောကြားသည်။

Ref: Asiaone
The Myanma Age

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက် ၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှအဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်း လိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။