Saturday 12 January 2013

လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်

Photo: လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်
Saturday, January 12, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ် မူတည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့နယ်
ပြည်သူ့လွှတ်တောိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာ့ခေတ်သို့
ပြောကြားသည်။

နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးသည်
ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ကြားဖြတ်အစီအရင်ခံစာ တင်သွင်းမည်
ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေ အပေါ်မှာ ပြည်သူလူထု လက်ခံနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး အပြီးအစီရင်ခံစာ တင်ပါမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထုတ်ပြန်ကြေညာခဲ့သော ကြေညာချက်များနှင့် ယခုလကုန်တွင် တင်သွင်းမည်ဖြစ်သော ကြားဖြတ်အစီအရင်ခံစာနှင့် ပတ်သက်ပြီး “နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးအတွက် ရေတိုကို ကြည့်လို့ မရပါဘူး။
ရေရှည်မှာ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် တင်ပြပြီး
ပြည်သူတွေကိုလည်ူ ကျွန်မတို့ ကော်မရှင်က နားလည်အောင် ရှင်းပြရပါမယ်။ အစီရင်ခံစာမှာ ဒီစီမံကိန်းတွေရဲ့ ဘယ်အချက်တွေက
ပြည်သူကို အကျိုးမရှိဘူးဆိုရင်လည်း ကျွန်မတို့က အကျိုးမရှိဘူးလို့
တင်ပြ ရှင်းပြမှာပါ။” ဟု ဆက်လက် ပြောကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခင်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော စာချုပ်များအား ပြန်လည် စီစစ်မည်ဖြစ်ကြောင်း သိရပြီး သမ္မတရုံးမှ အကူအညီပေးသော ဥပဒေ ပညာရှင်များနှင့် အဆိုပါ စာချုပ်အား စုံစမ်းစီစစ်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မုံရွာမြို့၌ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်း
စုကြည်နှင့် ဒေသခံတို့ တွေ့ဆုံပွဲတွင် ဒေါ်စုက “အရင်အစိုးရတုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ကျွန်မတို့ ပြည်သူတွေကလည်း သိဖို့ လိုတယ်။ ပြည်သူတစ်ယောက် အနေနဲ့လည်း သိခွင့်ရှိတယ်”ဟု
ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီစာချုပ်ထဲမှာ ဘယ်လိုအချက်တွေဟာ ပြည်သူအတွက် အကျိုးမရှိဘူး။ စတာတွေ စစ်ဆေးရမယ်။ ပြီးတော့ ကျွန်မတို့က ပညာရှင်တွေ မဟုတ် ဘူးလေ။ ဒါ့ကြောင့် ပညာရှင်တွေရဲ့ စီစစ်မှုတွေကို စောင့်ကြည့်ရမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် သက်ဆိုင်ရာမှ သုံးစွဲခဲ့သော မီးလောင်ဗုံးဟု ယူဆရသည့် လက်နက်များနှင့် ဆက်လျဉ်းပြီး အဆိုပါ ကိစ္စများအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်တွယ်ထားသော ကိစ္စဖြစ်ကြောင်းနှင့် အဆိုပါကိစ္စများအား သိကျွမ်းနားလည်သည့် ပညာရှင်အကူအညီများလည်း ရယူထားကြောင်း သိရသည်။

စူးရှ
The Myanma Age
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ်မူ တည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒ်ါခင်စန်းလှိုင်က မြန် မာ့ခေတ် သို့ပြောကြားသည်။
နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြ မှုများအား အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတော်သမ္မတမှ ဖွဲ့

KIA မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်

Photo: KIA မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်
Saturday, January 12, 2013

၂၀၁၃ ဇန်နဝါရီ ၁၂ ရက် (ယနေ့) တွင် မူဆယ်မြို့နယ် မုံးဟောင် ကျေးရွာ နယ်မြေခံ စစ်ကြောင်းထံသို့ KIA တပ်ဖွဲ့ဝင် ရွမ်ဆိုင်းဦးစီး ဒေသခံ လူမျိုး ၅ ဦးသည် M 25 တစ်လက်၊ ၎င်း ဗုံးသီး ၃ လုံး၊ M 22 ခေါက်ဒင်မပါ ၂ လက်တို့ ဖြင့် အလင်းဝင်ရောက် ခဲ့ပါသည်။

အဆိုပါ အလင်းဝင် ရောက်လာသူ အဖွဲ့ဝင်များအား နယ်မြေခံ တပ်မတော် စစ်ကြောင်းများမှ ကောင်းမွန်စွာ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။

သတင်း ဓါတ်ပုံများအား ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။

mwd
၂၀၁၃ ဇန်နဝါရီ ၁၂ ရက် (ယနေ့)တွင် မူဆယ်မြို့နယ် မုံးဟောင် ကျး ရွာနယ်မြေခံစစ်ကြောင်းထံသို့ KIA တပ်ဖွဲ့ဝင်ရွမ်ဆိုင်း ဦးစီး ဒေသခံ လူမျိုး ၅ ဦးသည် M 25 တစ်လက်၊ ၎င်း ဗုံးသီး ၃ လုံး၊ M 22 ခေါက် ဒင်မပါ ၂ လက်တို့ ဖြင့် အလင်းဝင်ရောက်ခဲ့ပါသည်။
အဆိုပါ အလင်းဝင် ရောက်လာသူ အဖွဲ့ဝင်များအား နယ်မြေခံ တပ်မတော်စစ်ကြောင်းများမှ ကောင်းမွန်စွာ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာ၌ ပျောက်ဆုံးသွားသော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများ ပြန်လည်ရှာဖွေမည်

Photo: ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာ၌ ပျောက်ဆုံးသွားသော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများ ပြန်လည်ရှာဖွေမည်

Saturday, January 12, 2013

အမေရိကန် စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ၌ ကျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သားများ၏
ရုပ်ကြွင်း များကို ရှာဖွေရန်အတွက် ရှစ်နှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြင်ဆင်နေကြောင်း သိရသည်။

ယခုကဲ့သို့  ရှာဖွေမှုများ စတင်နိုင်ခြင်းမှာ မြန်မာတွင်ဖြစ်ပေါ်ခဲ့သော
ပြုပြင်ပြောင်းလဲမှုများနောက်၌ ကန်-မြန်မာ ဆက်ဆံရေး တိုးတက်
လာမှု၏ ရလဒ်လည်း ဖြစ်သည်။

ဟာဝိုင်အီပြည်နယ်အခြေစိုက် စစ်အကျဉ်းသားနှင့် ပျောက်ဆုံး
တပ်သားများ ရှာဖွေရေးအဖွဲ့  POW/MIA Accounting Command ၏
ဖေါ်ပြချက်အရ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးများကို စေလွှတ်ပြီး တစ်လ
အကြာ လာမည့် ဇန်နဝါရီ ၂၁ရက် တွင် ရှာဖွေရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့ တစ်ဖွဲ့ ကို မြန်မာသို့ စေလွှတ်သွားမည်ဟု သိရသည်။

မြန်မာတွင် ဒုတိယကမ္ဘာစစ်အတွင်း၌ အမေရိကန်တပ်သား ၇၃၀ ဦးခန့်
ပျောက်ဆုံးခဲ့ပြီး အများစုမှာ လေတပ်သားများ ဖြစ်ကြကာ မြန်မာပြည်
မြောက် ပိုင်းတောင်တန်းများပေါ်တွင် အန္ဒိယမှ တရုတ်သို့ ရိက္ခာပို့ ပျံသန်းစဉ် မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
POW ရှာဖွေေ၇းအဖွဲ့ ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စ မစ်ရှဲလ်သောမတ်စ်က စုံစမ်းစစ်ဆေးရေးမှူးများသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင်
၃ ပတ်ခန့် နေထိုင်ပြီး စုံစမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။

အခြားနောက်တစ်ဖွဲ့မှာ နွေရာသီတွင် လာရောက်ကာ နောက်ပိုင်း၌ ရှာဖွေ
တူးဖေါ်ရေးအဖွဲ့ လာရောက်စဉ် လိုအပ်သော သတင်းအချက် အလက်များ
ရှိအောင် ကြိုတင်စုဆောင်းသွားမည်ဟု သိရသည်။



The Myanma Age
အမေရိကန် စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ၌ ကျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သားများ ရုပ် ကြွင်းများကိုရှာဖွေရန်အတွက် ရှစ်နှစ်တာအတွင်းပထမဆုံး အကြိမ် အဖြစ် ပြင်ဆင်နေကြောင်း သိရသည်။
ယခုကဲ့သို့  ရှာဖွေမှုများ စတင်နိုင်ခြင်းမှာ မြန်မာတွင်ဖြစ်ပေါ် ခဲ့သော ပြုပြင်ပြောင်းလဲမှုများနောက်၌ ကန်-မြန်မာ ဆက်ဆံရေးတိုး တက်လာမှု၏ရလဒ်လည်း ဖြစ်သည်။

အလင်းဝင်ရောက်လာသော ကေအိုင်အေ တပ်မဟာ ၅ မှ ကေအိုင်အေရဲဘော်တစ်ဦးမှ ၄င်းတို့အားလူတစ်ယောက်ကျည်တောင့် ၃၀ နှင့် တိုက်ခိုင်းထားပြီး ကေအိုင်အေအတွင်းရေးသိသူလုပ်သက်ရင့် ရဲဘော်များကို လိုင်ဇာတွင်ထိန်းချုပ်နေပြီဖြစ်ကြောင်း ပြောကြား

ကေအိုင်အေသောင်းကျန်းသူအဖွဲ့မှ အလင်းဝင်ချင် သူများ အား ခြိမ်းခြောက်၍တနည်း မက်လုံးပေးကာတသွယ် ထိန်းချုပ် ထားနေပြီဖြစ်သည်။
ကေအိုင်အေမှ ကွန်ပျူတာ အလုပ်လုပ်ရမည်။ လိုင်ဇာတွင် ထားမည်။ လခကောင်းကောင်းပေးမည်ဟုဆိုကာ စည်းရုံးကာ ကေအိုင်အေ စစ် သားအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရသည့် အလင်းဝင် ကေအိုင်အေ

KIA သူပုန်တွေ ကျောင်းသူတစ်ဦးအား လူမဆန်စွာ အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့

ဇန်နဝါရီလ၇ရက် နေ့ က နန့်ဆန်းယန် ဘုရားကျောင်းတွင် စစ်ဘေးရှောင်နေသော ကျောင်းသူတစ်ဦးအား KIAမှ လူမဆန်စွာအုပ် စုဖွဲ့ မုဒိန်းကျင့် ခဲ့ကြောင်းနန့် ဆန်ယန်ကျေးရွာမှ ပြည်သူ စစ်ခေါင်းဆောင် ဦးဂွမ်ရှောင် ကပြောကြားသည်။ အဆိုပါ

ပြည်နယ် အနှံ့ ပေါ်ပေါက်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူး ပြဿနာ ရခိုင် လွှတ်တော်က စစ်ဆေး

burma

ရခိုင်ပြည်နယ်အတွင်း များမကြာမီက ရွှေးချယ်တင်မြှောက် ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်မူနှင့် ပတ်သက်ပြီး ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေရာ ရခိုင်ပြည်နယ် လွှတ်တော်မှ  စုံစမ်းစစ်ဆေးရေးအဖွဲ့ (၃)ခုဖြင့်ကွင်းဆင်း စစ်ဆေးနေ သည်ဟု သိရသည်။

မီဒီယာသမားများအား တရားစွဲဆိုမှု ပြုလုပ်ပါက စာနယ်ဇင်းကောင်စီ၏ သဘောတူညီမှု ရယူရမည်ဟူသော အချက်အား ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းရေးဆွဲရာတွင် အဓိကထား ထည့်သွင်းမည်


AddThis Social Bookmark Button
thn-12-1-1
စာနယ်ဇင်းကောင်စီ(ယာယီ) မှ ရေးဆွဲနေသည့် မီဒီယာဥပဒေတွင် သတင်းမီဒီယာ အသိုင်းအ၀ိုင်းအား ကာကွယ်နိုင်ရန် သတင်းဖော်ပြ ချက် တစ်ခုအတွက် တရားစွဲဆိုမည်ဆိုပါက စာနယ်ဇင်းကောင်စီ (ယာယီ)ထံ အသိပေးကာ တင်ပြညှိနှိုင်းပြီးမှ တရားစွဲဆိုမှုအား ဆက် လက်လုပ်ဆောင်ရမည့် အချက်အား အဓိကထည့်သွင်း ထားသည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှုး ကိုကျော် မင်းဆွေက ပြောပါသည်။

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ အင်အား ၃၅ ယောက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ အင်အား ၃၅ ယောက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်


 KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ ဒုတိယ တပ်ရင်းမှူး လရိန် ဦးစီး အင်အား ၃၅ ဦး သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၀၈၃၀ ချိန်ခန့်တွင်  တပ်မဟာ(၅) နယ်မြေ အတွင်း၊ ဘန်တောင် ကျေးရွာ အနီးရှိ တပ်မတော် စခန်းတစ်ခု၌ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။ ၄င်းတို့နှင့် အတူ အမ်-၂၂ သေနတ် ၂၈ လက်၊ ကျည်အိမ်(၃၀)ခု၊ ၄င်းကျည် ၂၈၀၉ တောင့်၊ အမ် ၂၁ သေနတ် ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ၄င်းကျည် ၁၂၀၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၃၇ လုံး၊ မှန်ပြောင်း (BOSMA) ၂ လက်၊ အိုင်ကွန်အထိုင်စက် ၁ လုံး၊ Kenwood လမ်းလျှောက် စကားပြောစက် ၃ လုံး၊ ရီမုကွန်ထရိုးမိုင်း ၅ လုံး၊  လျှပ်စစ် ဒစ်တိုနေတာ ၅ ခု ပါရှိခဲ့ကြောင်း သိရှိရသည်။
    အဆိုပါ အဖွဲ့၏ ပြောကြားချက်အရ အဖွဲ့အတွင်း အာဏာပြိုင်မှုများကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပြီး နိုင်ငံတော် တိုးတက်ရေးနှင့် ၄င်းတို့ဒေသ တိုးတက် ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမည် ကို မလိုလား၍ လည်းကောင်း၊ ကချင် ပြည်နယ် အတွင်းမှ တိုင်းရင်းသားတွေ အားလုံး စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ပြဿနာတွေ ၊ သေကြေ ပျက်စီးမှု ဒုက္ခတွေကို ခံစား နေကြရသည်ကို မကြည့်ရက်တော့ သောကြောင့်လည်းကောင်း ယခုလို ခွဲထွက်၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
by စင်္ကာပူ

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ ဒုတိယ တပ်ရင်းမှူး လရိန် ဦးစီး အင်အား ၃၅ ဦး သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၀၈၃၀ ချိန်ခန့်တွင် တပ်မဟာ(၅) နယ်မြေအတွင်း၊ ဘန်တောင် ကျေး ရွာအနီးရှိ တပ်မတော်စခန်းတစ်ခု၌ လက်နက်နှင့် ငြိမ်းချမ်းရေး

CCTV ကင်မရာ များကို ဖုန်းလိုင်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ် ကြိုးများဖြင့် အသုံးပြုလာနိုင်

ပြည်တွင်းသို့ နောက်ပိုင်းဝင်ရောက်လာသည့် CCTV ကင်မရာများကို ဖုန်းကြိုး၊ တီဗီကြိုးနှင့် နက်ဝက်ခ် ကြိုး များဖြင့် အသုံးပြု နိုင်လာကြောင်း ဈေးကွက်မှ စုံစမ်း သိရှိသည်။
ယခင်က Coaxial ကြိုးများတွင် BNC ခေါင်းများကို ခဲဆော်၍ အသုံးပြုရပြီး ယခုအခါတွင် Bland ကိုကြားခံ၍ ကင်မရာများကို ဖုန်းကြိုး၊ နက်ဝက်ခ်ကြိုးနှင့် တီဗီကြိုး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးနှင့် Viettle Group ဒုတိယ ဥက္ကဋ္ဌတို့ ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ  ၁၁ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဇနီး မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနာယက ဒေါ် ခင်ခင်ဝင်းသည်  ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော်ဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသံ အမတ်ကြီး  မစ္စတာ ချူကွန်ဖွန်းနှင့် ဗီယက်နမ်ဆိုရှယ် လစ် သမ္မတနိုင်ငံ Viettle  Group ဒုတိယဥက္ကဋ္ဌ မစ္စ

ကရင်နှစ်သစ်ကူးနေ့အတွက် ငြိမ်းချမ်းရေး နိုဘယ်(လ်)ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သ၀ဏ်လွှာ


ကရင်နှစ်သစ်ကူးနေ့အတွက် ငြိမ်းချမ်းရေး နိုဘယ်(လ်)ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သ၀ဏ်လွှာ
Saturday, January 12, 2013

"ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား"


တရုတ်စစ်တပ်ကို မြန်မာနယ်စပ်ဆီ စေလွှတ်ထားကြောင်း တရုတ်ကြေငြာ

တရုတ်မြန်မာ နယ်စပ်ကို တရုတ်စစ်သားတွေ စေလွှတ်လိုက်တဲ့အကြောင်း တရုတ်အစိုး၇သတင်းစာ ဂလိုဘာတိုင်းမ် က ဒီကနေ့ ရေးသားဖော်ပြ လိုက်ပါတယ်။ နယ်စပ်မှာ ဖြစ်နေတဲ့အခြေအနေတွေကို နားလည်အောင်လို့ စေလွှတ်ကြည်ရှုစေတာလို့ သတင်းစာမှာ ရေးသားထားတာပါ။ 

ဘယ်လိုစစ်သားမျိုးနဲ့ အရေအတွက် ဘယ်လောက် ပို့ထားတယ်ဆိုတာ ကိုတော့ ဖော်ပြမထားပါဘူး။ 
၉ ရက်နေ့ညက ကချင်နယ်ထဲမှာ ဒုံးကျည်တွေကျရောက်ခဲ့ကြောင်း၊ ဒါကြောင့် ကချင်ဒေသခံတွေ တရုတ်နယ်ထဲကို ၀င်ရောက်ခိုလုံခဲ့ကြတယ်လို့ ဆိုပါတယ်။ နယ်စပ်မတည်ငြိမ်မှုတွေအတွက် တရုတ်နိုင်ငံက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်နယ်ထဲကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အတင်းအဓမ္မပြန်ပို့နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က အပြစ်တင်ထားပါတယ်။M

(ရှယ် နိုင်ပါတယ်။ ကော်ပီလုပ်ခြင်း သီးခံပါ။)
News/Photo: Reuters

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်း ထန်လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာ နယ်စပ်မှာ တရုတ် စစ်တပ်တွေ တိုးမြှင့်ချထားလိုက်တယ်လို့ အင်္ဂလပ် ဘာသာနဲ့ ထုတ်ဝေတဲ့ Global Times တရုတ်အစိုးရသတင်းစာက ဖေါ်ပြလိုက် ပါ တယ်။

လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်အတွင်း စစ်ရေးတိုးမြှင့်ရန် ကေအိုင်အေ ပြင်ဆင်

လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်အတွင်း စစ်ရေးတိုးမြှင့်ရန် ကေအိုင်အေ ပြင်ဆင်

လွှတ်တော်အတွင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ စုံလင်စွာ ရောက်ရှိနေချိန်တွင် ကချင်ပြည် နယ် အတွင်း စစ်ရေးအရှိန်များ တိုးမြှင့်လုပ်ဆောင်သွားရန်နှင့် မိုင်းထောင်ဗုံးခွဲမှုများ၊ မြို့တွင်း ၀င်ရောက် စီးနင်းမှုများ ပြုလုပ်သွားရန် ကေအိုင်အေ ခေါင်းဆောင်များမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။


ကျွန်တော်တို့ ဒီသတင်း ရတာ တစ်ပတ်လောက် ရှိပြီ။ အစပိုင်း ကျွန်တော်တို့ကြားတာက မံစီ၊လွယ်ဂျယ်၊ ဒေါ့ဖုန်း ယန် က ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေကို ၀င်စီးမယ်။ ရထားလမ်းတွေကို မိုင်းခွဲမယ်ဆိုပြီးကြား တယ်။ သတင်းရရခြင်းပဲ တပ်မတော် စစ်ကြောင်းတွေကို ကျွန်တော်တို့ လှမ်းသတိပေး လိုက်ပါတယ်။ မနေ့ ကတော့ ဖားကန့်နဲ့ ကာမိုင်း ဘက်တွေရော၊ မြစ်ကြီးနား အထိ ဖောက်ခွဲမှုတွေ လုပ်ဖို့ ညွှန်ကြားချက် ထုတ် လိုက် တယ် လို့ ကျွန်တော်တို့ သိရတယ်။ ဒီကာလကတော့ အရမ်းဂရုစိုက်ရတော့မယ် ဆိုပြီး သတင်း ရင်းမြစ် က ဆိုခဲ့ပါတယ်။

ကေအိုင်အေ အဖွဲ့အနေဖြင့် ကမ္ဘာအနှံ့ရှိ သံရုံးများ ရှေ့တွင် ဆန္ဒပြခြင်းများ ပြုလုပ်လျှက်ရှိပြီး တစ်ချိန် တည်း မှာ ပဲ လက်ကျန် အင်အား အကုန်စု၍ ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် တိုက်စစ် ဆင်လျှက် ရှိသည် ဟုလည်း သိရပါသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ တပ်မတော်မှ အရာရှိ တစ်ဦးကို မေးမြန်းရာ ကျွန်တော်တို့ လည်း သတင်း ရပါတယ်။ အခုလည်း နမ်ဆန်းယန်နဲ့ လဂျားယန်ကြား ရွာတွေမှာ ၀င်မီးရှို့တာတွေကို သိရ တယ်။လွှတ်ေ တာ် အစည်းအဝေးစပြီဆိုတော့ သူတို့ အရေးနဲ့ပတ်သက်ပြီး အတိအကျ အဖြေထွက်လာအောင် အစိုးရကို ဖိအားပေးတဲ့ အနေနဲ့ တိုက်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ တပ်တွေကတော့ ပစ်မှတ် ပုံသေ ထားပြီးပါပြီ။ လိုင်ဇာ ဌာနချုပ်ကို ချေမှုန်းမယ်ဆိုလဲ ချေမှုန်းလို့ ရတဲ့ အနေအထားပါ ဟု ပြောခဲ့ ပါ သည်။

နောက်ဆုံးရသော သတင်းများအရ လွှတ်တော် အစည်းအဝေး စတင်သည့် နေ့မှစ၍ ဟိုပင်ဘူတာကြား ရထား လမ်းမိုင်းခွဲခြင်း၊ ရဲစခန်းနှင့် ပြည်သူ့စစ် စခန်းများသို့ လာရောက် ပစ်ခတ်ခြင်း၊ မံစီမြို့နယ်သို့ လက် နက် ငယ် များဖြင့် လာရောက် ပစ်ခတ်ခြင်းများ ပြုလုပ်လျှက် ရှိသည်ဟု သိရပါသည်။

လွှတ်တော်အတွင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ စုံလင်စွာ ရောက် ရှိနေချိန်တွင် ကချင်ပြည် နယ် အတွင်း စစ်ရေးအရှိန်များ တိုးမြှင့်လုပ်ဆောင်သွား ရန်နှင့် မိုင်းထောင်ဗုံးခွဲမှုများ၊ မြို့တွင်းဝင်ရောက် စီးနင်းမှုများ ပြုလုပ်သွားရန် ကေ အိုင်အေ ခေါင်းဆောင်များမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ ဒီသတင်းရတာ တစ်ပတ်လောက်ရှိပြီ။ အစပိုင်းကျွန်တော်တို့ကြား တာကမံစီ၊လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်က ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေကို ၀င်စီးမယ်။ ရထားလမ်းတွေကို မိုင်းခွဲမယ်ဆိုပြီးကြားတယ်။ သတင်းရရခြင်းပဲ တပ်မတော်

မတော်တဆဖြစ်မှုကြောင့် ပျက်ကျသွာသော၇ဟတ်ယာဉ်နှင့်ပတ်သက်ပြီးဝေဟင်ချစ်သူ၏ခံစားချက်

Photo: မတော်တဆဖြစ်မှုကြောင့် ပျက်ကျသွာသော၇ဟတ်ယာဉ်နှင့်ပတ်သက်ပြီးဝေဟင်ချစ်သူ၏ခံစားချက်
Saturday, January 12, 2013 

ပစ်ချခံရခြင်းမဟုတ်ပါ single engine failure ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ရန်သူမှာ Mi 35 ကို ပစ်ချနိုင်လောက်တဲ့ heat seeker missile လည်း မရှိပါ လက်နက်ငယ်များသည်လည် Mi 35 ကို ပစ်ချနိုင်လောက်အောင် မလွယ်ကူပါ။ စာဖတ်သူများ သုံးသပ်နိုင်ရန်နှင့် တချိန်တွင် ရန်သူမှ ကောလဟာလ ဖြန့်ဝေလာနိုင်ပါသဖြင့် ကြိုတင် သုံးသပ်သိရှိနိုင်ရန် ပဲဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ လေသူရဲများအားလုံးကို လေးစားဂုဏ်ယူလျက် ကောင်းရာသုဂတိသို့လားပါစေဟု ဆုတောင်းမေတ္တာပို့အပ်ပါသည်။ နောက်ဆုံးခရီးမှာ နိုင်ငံတော်အတွက် တာဝန်ကျေပွန်ခဲ့ပါတယ်။ တပ်မတော်သားတွေအားလုံး ယခုကျဆုံးသွားသော လေသူရဲများအား ၀မ်းနည်းခြင်းများစွာနဲ့ လေးစားဂုဏ်ယူနေကြမှာပါ။
ဒီနေ့ ကျဆုံးသွားခဲ့ရတဲ့သတင်းနဲ့ ရဟတ်ယာဉ် Failure ဖြစ်တဲ့သတင်းကို ကျွန်တော် ဝေဟင်ချစ်သူမှာ အသိမပေးလို့ရပါတယ်။ ဒါပေမယ့် အသိပေးခဲ့ပါတယ်။ ပေးခဲ့တဲ့အတွက်လည်း ဝေဖန်မှုပေါင်းများစွာကို ရင်ဆိုင်ရပါတယ်။ ကျွန်တော်ဘာကြောင့် ဒီလို ထိခိုက်ဖွယ်ရာပိုစ့်ကို တင်ခဲ့သလဲလို့ မေးချင်တဲ့သူတွေများလိမ့်မယ်ဆိုတာလည်း ကျွန်တော် သိပြီးသားပါ။ နောက် ဒီသီတင်းဟာ လျှို့ဝှက်မဟုတ်ပါ။ ကျွန်တော် တင်ခွင့်ရှိမလားဆိုတာကိုလည်း အကြိမ်ကြိမ် confirm ပြုလုပ်ပြီးမှ တင်ပေးခဲ့တာပါ။ ကျွန်တော်တို့ဟာ ဒီသီတင်းကို ကြားရပြီးကတည်းက ရန်သူ့လက်ချက်မဟုတ်နိုင် single engine failure ဖြစ် လေသူရဲတွေ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်ဆိုတာကိုလည်း ကြိုတင်သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်မသေချာသေးတဲ့အတွက် သတင်းဖြန့်ချီခြင်းမပြုသေးပါ။ နောက်များမကြာမီမှာ KIA မှ အဆိုပါသတင်းကို ခေါင်းကြီးထား ၀ါဒဖြန့်ပါတော့မယ် သူတို့က လုပ်ကြံသတင်းနဲ့ မမှန်သတင်းတွေကို ပိုပြီး ချဲ့ကားလေ့ရှိတယ်ဆိုတာ အသိဥာဏ်ရှိတဲ့ စာဖတ်ပရိတ်သတ်တိုင်း သိပြီးဖြစ်မှာပါ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သတင်းကို ဦးအောင်ထုတ်ပြန်ပေးပြီး ဘာကြောင့်ဖြစ်တယ် ဘယ်လိုဖြစ်တယ်ဆိုတာကို ကြေငြာပေးလိုက်တော့ ဖြစ်စဉ်အမှန်ကို KIA ၀ါဒမဖြန့်ခင် သိလိုက်ရတဲ့သူပိုများသွားပါလိမ့်မယ်။ ဝေဟင်ချစ်သူဟာ နိုင်ငံတော်အတွက် တပ်မတော်အတွက် နိုင်ငံရေး စစ်ရေး နဲ့ အခြား အထွေထွေဗဟုသုတ လေကြောင်းဆိုင်ရာ ဆောင်းပါးတွေ တင်ဆက်ပေးနေပေမယ့်လည်း တပ်မတော်ရဲ့ တပ်မတော်လေရဲ့ official site မဟုတ်ပါ။ သာမန်online သတင်းဌာနပုံစံလေးတစ်ခုဖြစ်တာကြောင့် ဝေဟင်ချစ်သူ၏ အာဘော်သည်လည်း အစိုးရ တပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဖြစ်စဉ်ကို တတ်နိုင်သလောက် တိကျအောင် စုံစမ်းပါတယ်။ တကယ်တော့ ကျွန်တော်က DSA အပတ်စဉ်ကို ကျွန်တော့် အစ်ကိုတစ်ဦး အပတ်စဉ်နဲ့ရောပြီး ၃၈ လို့ရေးမိလိုက်တာပါ။ ဒါကြောင့်လည်း ချက်ချင်းပြန်ဖြေရှင်ပေးပါတယ်။ မှားယွင်းမိကြောင်းလည်း ၀န်ခံပါတယ်။ ကျွန်တော် ဒီနေ့ သတင်းတင်တယ်။ တင်ပေးသလောက် ၀ိုင်း share ပေးကြတာ စာနာတဲ့ ထောက်ခံကူညီတဲ့ comment တွေ ပိုမိုများပြားတာ တွေ့ရတဲ့အတွက် အကယ်၍ KIA ကသာ မနက်ဖြန်မှာ ၀ါဒဖြန့်ခဲ့ရင် စာဖတ်ပရိတ်သတ်တွေ အနေနဲ့ ဘာကြောင့်ဆိုတာကို သိပြီး နားလည်ပြီးဖြစ်ပါလိမ့်မယ်။ သတင်းကိုလည်း ကြိုတင်သိထားတဲ့အတွက် ၀ါဒဖြန့်တဲ့အခါမှာ ယခင်ကလို ကောလဟာလကို အလွယ်တကူ မယုံစေဖို့ ကျွန်တော် ရည်ရွယ်ပါတယ်။ နောက်တစ်ခုက KIA ရဲ့ အဖျက်လုပ်ရပ်တွေသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတယ်ဆိုတာကိုလည်း သိမြင်စေချင်ပါတယ်။ ၁ ပါတ်အတွင်း ရထား နဲ့ တံတား ဗုံးခွဲတာ ၂ ခါ။ အရပ်ဖက်ထဲ ၀င်ပစ်တာ ပြည်သူ့စစ်စခန်းငယ်တွေကို အင်အား ၄ ဆလောက်သုံးပြီး ၀င်စီးတာတွေလုပ်နေတဲ့ KIA အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ရပ်တံ့အောင် ပြုလုပ်သင့်နေပါပြီ။ အနည်းဆုံးတော့ ကိုယ့်ဖက်က ဆုံးရှုံးပေမယ့် ကျဆုံးခဲ့ရပေမယ့် မိမိပြည်သူတွေဟာ KIA ရဲ့ လောက်ကောင်အချို့မှလွဲပြီး နိုင်ငံတော်နဲ့ တပ်မတော် အပေါ်ကို ထားရှိတဲ့စေတနာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ခုလိုအားပေးကူညီတဲ့ စာဖတ်ပရိတ်သတ်တွေနဲ့ ညီနောင်များကိုလည်း ကျေးဇူးတင်ပါတယ်။ ဝေဟင်ချစ်သူမှာ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိသော ယုတ်ရင်းကျမ်းတမ်းသော အချက်အလက်ကျကျဝေဖန်မှုမရှိပဲ ၀ါးလုံးမစင်သုပ်ရမ်းသော comment များကိုတော့ ပါယ်ဖျက်သွားမှာပဲဖြစ်ပါတယ်။

ဝေဟင်ချစ်သူ
http://www.facebook.com/theuseofforce?fref=ts

ပစ်ချခံရခြင်းမဟုတ်ပါ single engine failure ဖြစ်သွားခဲ့ တာပဲ ဖြစ် ပါတယ်။ ရန်သူမှာ Mi 35 ကို ပစ်ချနိုင်လောက်တဲ့ heat seeker missile လည်း မရှိပါ လက်နက်ငယ်များသည်လည် Mi 35 ကို ပစ် ချနိုင်လောက်အောင် မလွယ်ကူပါ။ စာဖတ်သူများ သုံးသပ်နိုင်ရန်နှင့် တချိန်တွင် ရန်သူမှ ကောလဟာလ ဖြန့်ဝေလာနိုင်ပါသဖြင့် ကြိုတင် သုံးသပ်သိရှိနိုင်ရန် ပဲဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ လေသူရဲများအား

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု တည်ဆောက်သွားမည်


အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု တည်ဆောက်သွားမည်  

Saturday, 12 January 2013 10:35

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က ပြောပြခဲ့ပါသည်။

အဆိုပါ အဆင်မြင့်ဆိုက်ရောက်ရပ်နားကွင်းအား Myint & Paing Company Limited မှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး၊ ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး ၆ လအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဟု အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ အဆင့်မြင့်ဆိုက်ရောက်ရပ်နားကွင်း တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ အောင်မင်္ဂလာ အဝေးပြေးဝင်းယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က "အခုလို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ စိတ်ချမ်းသာစွာနဲ့ သက်သက်သာသာ ရှိစေဖို့အတွက်ပါ။ မိုးတွင်းလိုကာလမျိုးမှာလည်း ကားပေါ်ကဆင်းတဲ့အခါ လေဆိပ်လိုမျိုး မိုးလွတ်လွတ်ကင်းကင်းနဲ့ သွားလာနိုင်အောင် လုပ်သွားမှာပါ။ ခရီးကပြန်ရောက်တဲ့အခါမှာလည်း အငှားကားတွေကို အဆင်သင့်ငှားစီးလို့ရနိုင်အောင် တက်စီဂိတ် ထားပေးထားမှာပါ" ဟု ဆက်လက်ပြောကြားသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဆိုက်ရောက်ရပ်နားကွင်း နှစ်ကွင်းရှိကြောင်း သိရပြီး ယခုအသစ်တည်ဆောက်မည့်ကွင်းမှာ ဒုတိယရပ်နားကွင်းကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအနောက်ဘက်ရှိ ရန်ကုန်-မန္တလေး ကားဂိတ်အများစုရှိသောေ နေရာတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ထုတ်ပြန်သောစာရင်းများအရ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ယာဉ်လိုင်းပေါင်း ၁၂၈ လိုင်းရှိပြီး တစ်နေ့လျှင် ခရီးသည်ပေါင်း ၇၀၀၀ ကျော်ခန့် ၀င်ထွက်သွားလာနေကြောင်း သိရသည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေး ၀င်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက် ရပ်နားကွင်းတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦး ဥာဏ်ထွန်းအောင်က ပြောပြခဲ့ပါသည်။

KIA TERRORIST ဓါးပြအဖွဲ့၏ အကြီးတန်း အထူးအရာရှိများ ပါဝင်နေသော မြေပေါ်လှုပ်ရှားမှုများ

KIA TERRORIST ဓါးပြအဖွဲ့၏ အကြီးတန်း အထူးအရာရှိများ ပါဝင်နေသော မြေပေါ်လှုပ်ရှားမှုများ
===== ===== ===== ===== ===== ===== ===== ===== =====

KIA TERRORIST ဓါးပြအဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခုအချိန် အထိ မန္တလေး- မြစ်ကြီးနား ရထား လမ်းတွင် မိုင်းထောင် ဖောက်ခွဲမှု ၅၃ကြိမ်၊ မန္တလေး- လားရှိုး ရထားလမ်းတွင် နှစ် ကြိမ် စုစုပေါင်း ၅၅ကြိမ် ဖောက်ခွဲ ဖျက်ဆီး ခဲ့ပါတယ်။

နိုင်ငံရေး အင်အားစုများက KIA TERRORIST ဓါးပြအဖွဲ့ ကို ရှုံ့ချတဲ့ ကြေငြာချက်လေး တစ်စောင်တောင် ထွက် မလာပါလား။

စစ်ပွဲတွေရပ်ဆိုပြီး ဆန္ဒပြတဲ့ လူတွေ ၊ ဘာလုပ်နေတာလဲ။

လဂျားယန် နဲ့ လိုင်ဇာ တဝိုက်က လူတွေကိုသာ ၊ ခင်ဗျားတို့က " လူ " ထင်တာလား။

ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးက " ကွက်ကြားမိုး " ကြီးလားဗျာ။

KIA TERRORIST ဓါးပြအဖွဲ့၏ တပ်တွေကို လဂျာယန်စခန်းကနေ ဒီဇင်ဘာလ ၂၅ရက် နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သတိပေးအကြောင်းကြားစာပို့ မှ ကမန်းကတန်းထလုပ်တဲ့ " ငြိမ်းချမ်းရေးလိုလားသူများ၏ ဆန္ဒထုတ်ဖော်ပွဲများ " ဟာ လုံးဝ ရိုးသားမှု မရှိသလို ၊ အမှန်တကယ် ငြိမ်းချမ်းရေး အတွက်ပြောနေတာလို့လဲ ယုံနိုင်စရာမရှိပါဘူး။

အခုလိုလုပ်နေတဲ့ ပုံစံက ၊ ယခင် ဗကပ မြေပေါ် အဖွဲ့ အစည်းတွေ က ၊ အစိုးရ ကို မြေပေါ် မြေအောက်ညှပ်ပြီး တိုက်တဲ့ တိုက်ကွက်မျိုးမို့  ရိုးသားတဲ့ တောင်းဆိုမှုများ မဟုတ်ပါဘူး။

ခင်ဗျားတို့ ငြိမ်းချမ်းရေးလိုလားသူများဟု အော်နေကြသူတွေထဲမှာ KIA TERRORIST ဓါးပြအဖွဲ့၏ အကြီးတန်း အထူးအရာရှိများ ပါဝင်နေပြီး၊ မြေပေါ်လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတာကို အားလုံးက သိနေပါပြီ။

ပြည်သူလူထုသည် မိမိ တို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်နေသော KIA TERRORIST ဓါးပြအဖွဲ့၏ အပြုအမူများကို စက်ဆုပ်ရွံရှာ နေပါပြီ။

အစိုးရအနေနဲ့  KIA TERRORIST ဓါးပြအဖွဲ့ကို ဒီအတိုင်း လွှတ်ထားပါက ပြည်သူလူထု ဆက်ပြီး ဒုက္ခများ နေရပါမယ်။

အခုအချိန်ကစပြီး KIA TERRORIST ဓါးပြအဖွဲ့ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့  တောင်းဆိုလိုက်ပါတယ်။ ။


ကိုဂျွန်

( ၁၂-၁-၂၀၁၃ )

KIA TERRORIST ဓါးပြအဖွဲ့အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခု အချိန်အထိ မန္တလေး- မြစ်ကြီးနား ရထားလမ်းတွင် မိုင်းထောင် ဖောက် ခွဲမှု ၅၃ကြိမ်၊ မန္တလေး- လားရှိုးရထားလမ်းတွင် နှစ်ကြိမ် စုစုပေါင်း ၅၅ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း


ကချင် ၊ ကရင် ၊ ကယား ၊ ချင်း ၊ ရခိုင် ၊ ရှမ်း နဲ့  မွန် သတင်းများ  ဇန်နဝါရီ ၁၂၊ ၂၀၁၃။

ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအ၀င် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြု ဆွေးနွေးလုပ်ဆောင်ကြရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးသိန်းဇော်က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုမှာ KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ စစ်ပွဲရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း၊ သို့ရာတွင် လက်ရှိ အခြေအနေများအရ နှစ်ဖက်စစ်ရေးတင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့များနှင့် KIA တို့အကြား တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေသည့်အတွက် ဗီဒီယိုကွန်ဖရင့်၊ အီးမေးလ် အပါအ၀င် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြုဆွေးနွေးကြရန် တိုက်တွန်းလိုသည်ဟု ဦးသိန်းဇော်က ပြောကြောင်း သတင်းရရှိသည်။



KIO အပေါ် ထိုးစစ်မရပ်ပါက UNFC နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမည် 

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို အစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု မရပ်ဆိုင်းပါက
ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီနှင့်  နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောသည်။ပထမအကြိမ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး
ကော်မတီ ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံချိန် ဦးအောင်မင်းနှင့် တွေ့ဆုံမှုတွင် နိုင်ငံရေး ဆွေးနွေးရန် သဘောတူထားသည်။ ထို့ကြောင့် KIO အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်တန့်ပေးရေးကိုအဓိက ပြောဆိုသွားမည်ဖြစ်ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။

“ခုလို ထိုးစစ်ဆင်တဲ့အနေအထားမျိုးမှာ ကျနော်တို့ မဆွေးနွေးသေးဘူး။ သဘောကတော့ ကျနော်တို့ မကျေနပ်ဘူးဆိုတာ သူတို့ကို သိနေချင်တယ်”ဟု သူက ပြောသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရန် သဘောတူညီခဲ့သော်လည်း အစိုးရဘက်မှ KIO ဘက်ကို စစ်ရေးအရ ထိုးစစ်ဆင်လာခဲ့ခြင်းသည် အပြောနှင့်အလုပ် မညီဟု သူက သုံးသပ်သည်။ထို့ကြောင့် UNFC နှင့် အစိုးရတို့လွတ်လပ်သည့် နိုင်ငံရေးဆွေးနွေးမှုကို နိုင်ငံတကာ၏ စောင့်ကြည့်မှုအောက်တွင်ဆွေးနွေးလိုပြီး အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံ စသည့်နိုင်ငံကြီးများ၏ ဖိအားပေးမှုများလည်း အရေးပါသည်ဟု နိုင်ဟံသာက ဆိုသည်။

“ကျနော်တို့က နိုင်ငံရေးဆွေးနွေးသွားမယ်လို့ သဘောတူညီမှု ရှိပြီးသား။ နောက်ပိုင်း စစ်ရေးအနေနဲ့ တိုးချဲ့ထိုးစစ်ဆင်လာတဲ့ အပေါ် သူတို့ အပြောနဲ့ အလုပ်နဲ့ မညီဘူး။ ဒါက မရိုးသားဘူး”ဟု သူ က ပြောသည်။ ဇန်နဝါရီလ ၇ ရက်နေ့က ၁၀ ရက်နေ့ထိ လေးရက်ကြာ UNFC နှစ်နှစ်ပြည့် နှစ်ပတ်လည် စည်းဝေးပွဲအပြီး တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် ၁၉၉၀ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့အား စစ်ရေးအရ တိုက်ခိုက်မှုများ ရှိခဲ့ပြီး ယခု အစိုးရသစ်နှင့် အပစ် အခတ် ရပ်စဲရေး လုပ်ဆောင်မှုမှာလည်း KIO ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အစိုးရဘက်မှ နည်းဗျူဟာအရ လုပ်ဆောင်နေသည်ဟု ရှုမြင်ကြောင်း ဦးနိုင်ဟံသာက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ထို့ပြင် တနှစ်ကျော်ကြာ အစိုးရစစ်တပ်နှင့် KIO တို့ တိုက်ပွဲဖြစ်ပွားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရေငုံနုတ်ပိတ်နေခြင်းမှာ တိုင်းရင်းသားအရေးအား နားလည်သော်လည်း သူ၏ အဓိက ဦးစားပေး လုပ်ငန်းစဉ်အဖြင့် အရေးမထားခြင်း ဖြစ်သည်ဟု UNFC က ရှုမြင်သည်။ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင် အဖြစ်လက်ခံကြောင်း။ သူ့အနေနဲ့ အပြောင်းအလဲများကို အစိုးရနှင့် သင့်တင့်အောင်ပေါင်းပြီး ဆွဲဆောင် စည်းရုံးမှုနှင့် တဖြေးဖြေးချင်း လုပ်ဆောင် သွားမည့် လိုင်းဖော်ဆောင်နေသည်ဟု သူမြင်ကြောင်း နိုင်ဟံသာက ပြောခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒီ အပေါ်မှာ တပ်မတော်နဲ့ရော အစိုးရနဲ့ရော ပြဿနာ မဖြစ်ချင်လို့ မပြောတာလဲဖြစ်နိုင်သလို၊ တဖက်က သူက ကျနော်တို့ တိုင်းရင်းသားတွေဘက်က ပုဂ္ဂိုလ်တယောက် မဟုတ်တော့ ကျနော်တို့ရဲ့ နစ်နာမှု၊ ခံစားမှုကို သိပ်မခံစားမိဘဲနဲ့ ဒီဟာကို လျစ်လျု ရူထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ဒါက ကျနော်တို့ရဲ့ သုံးသပ်ချက်ပါ”ဟု နိုင်ဟံသာက ပြောသည်။

UNFC ၏ ၄ ရက်ကြာ အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးနှင့် တိုးချဲ့မြင့်တင်ရေး၊ ပြည်တွင်းမှ နိုင်ငံရေး အင်အားစုနှင့် အခြား အဖွဲ့အစည်းများနှင့်လည်း ပိုမိုနားလည်မှု ယူရေး စသည့် လုပ်ငန်းများ တိုးမြင့်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက UNFC ကို ဖွဲ့စည်းခြင်းဖြင့် တိုင်းရင်းသားများ စုစည်းညီညွတ်မှုများ အထိုက် အလျှောက်ရရှိခြင်း၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်အားစုများက တိုင်းရင်းသားများ၏ လိုလားချက်များ၊ပြဿနာများကို ပိုမိုသိရှိနားလည်လာခြင်းမှာ အောင်မြင်မှု ရရှိခြင်းဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။
နိုင်ငံတကာမှ UNFC အပေါ် အသိအမှတ် ပြုလာခြင်း၊ ဆက်သွယ် ညှိနှိုင်းမှုများ ရှိလာခြင်း၊ စစ်ပြေး ဒုက္ခသည်များအား ကူညီပေးခြင်း၊ ဆက်ဆံရေးရုံးများအား ကူညီပေးခြင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် အလုပ်ရုံ ဆွေးနွေး ပွဲများ ပြုလုပ်၍ အသိပညာများ ပေးခြင်း၊ တိုင်းရင်းသားညီလာခံ ကျင်းပစဉ် အကူအညီများ ပေးခြင်းများ ရှိလာခြင်းမှာနိုင်ငံတကာ၏ အားပေးကူညီမှုများဖြစ်သည်ဟု သူက ဆက်ပြေသည်။ထို့ပြင် နှစ်နှစ်သာ ကာလပတ်လုံး အဖွဲ့အနေဖြင့် လုပ်ဆောင်ခဲ့သော လုပ်ငန်းများအား ပြန်လည် သုံးသပ်ခဲ့သလို၊ အထူးသဖြင့် KIO အား အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် သုံးသပ်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

အကယ်၍ KIO အပေါ် ထိုးစစ်ဆင်မှု မရပ်ဆိုင်းပါက အခြား အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီထားသော UNFC အဖွဲ့ဝင်များအနေဖြင့် KIO ကို ကူညီရန် တာဝန် အပြည့်ရှိသည်ဟု UNFC နှစ်နှစ်ပြည့်နှစ်ပတ်လည် စည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နိုင်ဟံသာက  ထည့်သွင်းပြောဆိုခဲ့သည်။




အမေရိကန် သံအမတ် မွန်နှင့် ကရင် နယ်မြေသို့ သွား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ကြောင်း အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ဇန်န၀ါရီ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ခရီးစဉ်တွင် အဆိုပါဒေသများရှိ အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဒေသခံများကြုံတွေ့နေသော ကိစ္စရပ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ဇန်န၀ါရီ ၁၂ ရက်နေ့ ည ၇ နာရီ၌ မော်လမြိုင်မြို့ပေါ်ရှိ ကမ်းနားဟိုတယ်တွင် ပြုလုပ်မည့် ညစာစားပွဲတွင် အမေရိကန်သံအမတ်နှင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက ပြောသည်။
“ကျနော်တို့ရဲ့ နိုင်ငံရေးမူကတော့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ မူအတိုင်းပါပဲ။ အခုလောလောဆယ် ကျနော်တို့တဖွဲ့တည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုမျိုးကို မလုပ်ဘူး။ အဓိက အားလုံးပါဝင်လာနိုင်တဲ့အခါကြမှ ဆွေးနွေးမယ်”ဟု ၄င်းက ဆိုသည်။
အစိုးရက တနိုင်ငံလုံး ငြိမ်းချမ်းရေးရလိုပါက ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း အမေရိကန် သံအမတ်နှင့် တွေ့ဆုံစဉ် ပြောကြားသွားမည်ဖြစ်ကြောင်းလည်း နိုင်တလညီ က ဆက်ပြောသည်။အမေရိကန် သံအမတ်အနေဖြင့် မိမိတို့နှင့် ညစာစားရုံတင် လာရောက်ခြင်း မဖြစ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသော  လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ဆွေးနွေးခွင့်ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မွန်ဒီမိုကရေစီပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း က ပြောဆိုသည်။
“လက်ရှိ အစိုးရနဲ့ အရင်အစိုးရက ဘာမှ သိပ်မကွာပါဘူး၊ အ၀တ်အစားတွေ ပြောင်းသွားတာလောက်ပဲ ရှိသေးတယ်”ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းမှုမျိုး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိဘဲနှင့် နိုင်ငံရေး ဆွေးနွေးမှုမျိုး မဖြစ်နိုင်ကြောင်း၊ လက်ရှိကာလတွင် အစိုးရ လုပ်ဆောင်နေမှုများသည် ရိုးသားမှုမရှိသေးဟု ထင်မြင်မိကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း က ပြောဆိုသည်။
“ကချင်ပြည်သူတွေကို ကျနော် သနားမိတယ်။ သူတို့က ပညာရေးမှာလည်း ကောင်းကောင်း သင်ကြားခွင့် ရတာမဟုတ်ဘူး။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေနေရတယ်။ အစိုးရကလည်း အရင်ထဲက အဲဒီလူတွေအတွက် ဘာမှလုပ်ပေးခဲ့တာမဟုတ်ဘူး။ အဲလူတွေကို သွားတိုက်ခိုက်နေတာ ဘာထူးမှာလဲ”ဟုလည်း ၄င်းက ဆိုသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး အစစ်အမှန်လိုချင်လျှင် ယခု ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင် ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်နေသလို တစ်ဖက်တွင်လည်း တိုက်ခိုက်နေမှုများပြုလုပ်နေခြင်းက မလုပ်သင့်သော လုပ်ရပ်တခုဖြစ်ကြောင်း နိုင်ငွေသိမ်းက ဆက်ပြောသည်။အမေရိကန် သံအမတ်အနေဖြင့် မွန်ပြည်နယ်တွင် တရက် နေမည်ဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့၌ ကရင်လူမျိုးခေါင်း ဆောင်များနှင့် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဆက်လက်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။




ရခိုင် သတင်းများ  ဇန်နဝါရီ ၁၂၊ ၂၀၁၃။



ရိုဟင်ဂျာ ၆၀၀ ကျော် ထိုင်းအာဏာပိုင် ဖမ်းဆီး 

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူမှောင်ခို ကူးသူတွေရဲ့ လက်ထဲကနေ ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့လိုက်မှာကို စိုးရိမ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ က ပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေနဲ့ ဒီလူတွေနဲ့ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်ခွင့်မရသေးတဲ့ အချိန်အထိ သူတို့ကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ 

လူကုန်ကူးမှုတွေကို နှိမ်နှင်းတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ စီးနင်းဝင်ရောက်မှုတွေ အတွင်း ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၇၀၀ နီးပါးကို လူမှောင်ခိုကူးသူတွေ လက်ထဲကနေ ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပထမတကြိမ် ၀င်ရောက်စီးနင်းမှုမှာ ရိုဟင်ဂျာ ၃၀၀ ကျော်နဲ့ ကြာသပတေးနေ့က နောက် တကြိမ်စီးနင်းမှုအတွင်း နောက်ထပ် လူ ၄၀၀ နီးပါးကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့အထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်နေတာပါ။ ဒီ ရိုဟင်ဂျာတွေနဲ့ တွေ့ခွင့်ရဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံ UNHCR ရုံး ပြောခွင့်ရသူ Vivian Tan က ပြောပါတယ်။

“အခု ဖမ်းထားတဲ့သူတွေ ဘယ်နေရာမှာလဲ၊ သူတို့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ ဒီလို အချက်အလက်တွေ ပိုသိရဖို့ သူတို့နဲ့ တွေ့ခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို ကျမတို့ ချဉ်းကပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနက ပြောတာကတော့ ဒီကိစ္စဖြစ်လာဖို့ အစိုးရ အေဂျင်စီတွေကြားထဲမှာ သူတို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ခုထိတော့ ကျမတို့ တွေ့ခွင့်မရသေးပါဘူး။”

အခု ထိုင်းအစိုးရလက်ထဲမှာ ထိန်းသိမ်းထားသူတွေနဲ့ တွေ့ခွင့်ရမှသာ သူတို့ကို ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာကို နောက်တဆင့် ထိုင်းအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း Vivian Tan က ပြောပါတယ်။

“UNHCR အနေနဲ့ ဒီလူတွေနဲ့ တွေ့ခွင့်ရပြီးတော့ သူတို့တွေ ဒီမှာ ခိုလုံခွင့် လိုချင်သလား၊ သူတို့ဟာ တကယ်ပဲ မြန်မာနိုင်ငံကလား၊ နိုင်ငံတကာက အကာအကွယ်ပေးဖို့ လိုအပ်တဲ့သူတွေလား ဆိုတာတွေကို ကျမတို့ သိခွင့်ရဖို့လိုပါတယ်။ ဒါတွေ သိပြီးတော့မှ သူတို့ကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြု ကူညီဖို့ နောက်တဆင့် စစ်ဆေးမေးမြန်းတာပဲ ဖြစ်ဖြစ်၊ တခြား ဘယ်လိုနည်းလမ်းတွေနဲ့ သူတို့ကို ကူညီနိုင်မလဲ ဆိုတာတွေကို အာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် လူမှောင်ခိုကူးခံရသူတွေရဲ့ ခေါင်းပုံဖြတ်ခံရမယ့် အခြေအနေနဲ့ သူတို့ရဲ့ လုံခြုံရေး အတွက် စိုးရိမ်ရတာကြောင့် သူတို့ကို မြန်မာနယ်စပ်ကို ပြန်မပို့ဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေကလည်း တောင်းဆိုနေကြပါတယ်။

“ကျနော်တို့ရဲ့ စိုးရိမ်မှုကတော့ ထိုင်းအစိုးရအနေနဲ့ ဒီလူတွေကို ဖမ်းမိပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်ကို ပြန်ပို့မယ်ဆိုရင် သူတို့ကို တရားမ၀င် ခိုးယူ ခေါ်ဆောင်လာတဲ့သူတွေ လက်ထဲ ပြန်ထည့်လိုက်သလို ဖြစ်မှာကိုပါ။ ဒါဆိုရင်တော့ အခြေအနေကို ပိုပြီး ဆိုးအောင် လုပ်သလိုပဲ ဖြစ်ပါလိမ့်မယ်။ မနေ့က ဖမ်းမိခဲ့တဲ့လူတွေထဲမှာဆိုရင် ကျနော်တို့ သိထားတာတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများအပြား ပါနေပါတယ်။ သူတို့သာ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲ ပြန်ရောက်သွားမယ် ဆိုရင်တော့ ပိုပြီး ခေါင်းပုံဖြတ် နှိပ်စက်ခံရဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဒီလူတွေကို UNHCR က တွေ့ပြီး သူတို့ရဲ့ အခြေအနေတွေကို စစ်ဆေး လေ့လာတာတွေ လုပ်ပြီးတော့မှ ထိုင်းအစိုးရအနေနဲ့ သူတို့ကို ပြန်ပို့သင့် မသင့် ဆုံးဖြတ်ဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ရဲ့ ထိုင်းအခြေစိုက်ရုံးက Surin Phasuk ပြောသွားတာပါ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသမှာ နိုင်ငံမဲ့ ရိုဟင်ဂျာ ၈ သိန်းလောက်ရှိပြီး သူတို့ကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမ၀င် ၀င်ရောက်လာတဲ့သူတွေ အဖြစ် သတ်မှတ်ထားသလို ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။

ဒါကြောင့်လည်း ဘင်္ဂလား-မြန်မာနယ်စပ်ကနေ ရိုဟင်ဂျာတွေ တတိယနိုင်ငံတွေမှာ ခိုလုံနေထိုင်ခွင့် ရဖို့အတွက် ခုလို လူမှောင်ခို ကူးသူတွေကနေတဆင့် ထွက်ပြေးဖို့ ကြိုးစားကြတာတွေ၊ ပင်လယ်ဖြတ်ပြီး လှေစီးထွက်ပြေးကြတဲ့ ဖြစ်ရပ်တွေဟာလည်း မကြာခဏ ဆိုသလို ကြားနေရတာ ဖြစ်ပါတယ်။ 



NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအ၀င် ခေတ်မီ အီလက် ထရောနစ် နည်းပညာများအသုံးပြု ဆွေးနွေးလုပ်ဆောင်ကြ ရန် ပြည်

ကိုရီးယား နိုင်ငံသားတစ်ဦး ၎င်းငှားရမ်း နေထိုင်နေသည့် အခန်းအတွင်း သေဆုံးမှု ဖြစ်ပွား

1.11.12



ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ ရေတာရှည်လမ်းသစ်၊ တိုက် အမှတ် (၅၁)၊ အခန်းအမှတ် 2/C တွင် ငှားရမ်း နေထိုင်နေသော ကိုရီး ယား နိုင်ငံသားတစ်ဦးသည် ဇန်န၀ါရီလ ၁၁ ရက်နေ့က ယင်းအခန်းအတွင်း ကြိုး ဆွဲချ အနေအထားဖြင့် သေဆုံးနေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါ ကိုရီးယား နိုင်ငံသား လုပ်ကိုင်နေသော ကုမ္ပဏီမှဝန်ထမ်း တစ်

ပါကစ္စတန်တွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုကြောင့် ၁၀၁ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ဒဏ်ရာရရှိခဲ့

ပါကစ္စတန်တွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုကြောင့် ၁၀၁ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ဒဏ်ရာရရှိခဲ့

ကွာတာ၊ ဇန်န၀ါရီ ၁၁။

ပါကစ္စတန်ရှိ မြို့နှစ်မြို့တွင် ကြာသာပတေးနေ့က ဆက်တိုက် ဗုံး
ပေါက်ကွဲ မှုကြောင့် အနည်းဆုံး လူပေါင်း ၁၀၁ ဦးသေဆုံးခဲ့ကြောင်း
တာဝန်ရှိ သူများက ပြောကြားသည်။

Quetta တွင် ကြာသာပတေးနေ့ညနေပိုင်းမှာ ကြိုတင်စီစဉ်ခဲ့သည့်
ပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံး ၆၉ ဦး သေဆုံးကာ လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲအရာရှိ ဟာမစ်ရှာခေးက ဆိုသည်။

ပထမ အကြိမ် အသေခံဗုံးပေါက်ကွဲမှုသည် လူထူထပ်သည့် စနူကာ ကစားကွင်းတွင် ဖြစ်ပွားခဲ့ပြီး ၁၀ မိနစ်အကြာ၌ ကားဗုံးပေါက်ကွဲမှု ဖြစ် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယင်း ပေါက် ကွဲမှုတွင် သေဆုံးသူများထဲ၌ ရဲဝန်ထမ်း ၅ ဦးနှင့် ဓါတ်ပုံဆရာ ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယခု ပေါက်ကွဲမှုများသည် ပါကစ္စတန်နိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်း အထက်ရှိ ရှီယာလူမျိုးများ နေထိုင်ရာမှာ ဖြစ်ပွားခဲ့ပြီး ၎င်းလူမျိုးများသည် ပါကစ္စတန်တွင် ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ခံရလေ့ရှိပြီး ၂၀၁၂ ခုနှစ်အတွင်းမှာလည်း ရာပေါင်းများစွာ အသတ်ခံခဲ့ရသည်။

ကြာသာပတေးနေ့ တစ်ရက်ထဲတွင် စွက်ဒေသရှိ အကြီးဆုံးမြို့၌ ဘာသာရေးခေါင်းဆောင် မင်ဂိုရာ၏ ဟောပြောပွဲတွင်လည်း ဗုံး
ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ၂၁ ဦးသေဆုံး၍ လူပေါင်း ၆၀ ကျော်
ဒဏ်ရာရရှိခဲ့သည်။


“ထိခိုက်ဒဏ်ရာ ရသူထဲက တချို့တွေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီး သေဆုံးသူတွေလည်းများလာ နေတယ်။ ဒဏ်ရာရသူ တွေလည်း များများလာတယ်” ဟု ဆရာဝန် မိုဟာမက်က ပြောကြားသည်။


တာလီဘန် ပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ့ ပေါက်ကွဲမှုသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။


Ref: Reuters

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ပါကစ္စတန်ရှိ မြို့နှစ်မြို့တွင် ကြာသာပတေးနေ့က ဆက်တိုက် ဗုံးပေါက် ကွဲ မှုကြောင့် အနည်းဆုံး လူပေါင်း ၁၀၁ ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိ သူများက ပြောကြားသည်။
Quetta တွင် ကြာသာပတေးနေ့ညနေပိုင်းမှာ ကြိုတင်စီစဉ်ခဲ့ သည့်ပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံး ၆၉ ဦး သေဆုံးကာ လူပေါင်း

ဒီချုပ်ရုံးခန်း၌ အဓမ္မပြုကျင့်ခံရသူဘက်မှ ဥပဒေအတိုင်းရင်ဆိုင်မည်

ဒီချုပ်ရုံးခန်း၌ အဓမ္မပြုကျင့်ခံရသူဘက်မှ ဥပဒေအတိုင်းရင်ဆိုင်မည်
Saturday, 12 January

ပန်းပဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း ပညာဒါန
စာသင်ကျောင်း၌ အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား
ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းဂျာနယ်အချို့နှင့် အင်တာနက် စာမျက်နှာ
များပေါ်ရှိ သတင်းဖော်ပြချက်များမှာ လွဲမှားမှုများရှိနေကြောင်း ကာယကံရှင်အမျိုးသမီး ငယ်၏ မိသားစုများထံမှ ကြားသိရသည်။

၎င်းတို့အနေဖြင့် သားရေးသမီးရေး ဆွေးနွေးမှုများ မရှိကြောင်း၊ ရည်ငံနေကြသည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ အဆိုပါ ကိစ္စအား တရားဥပဒေအတိုင်းသာ ဆက်လက်ရင်ဆိုင်သွားမည် ဖြစ်ကြောင်း အမျိုးသမီးငယ်၏ ဦးလေးထံက သိရသည်။

“အမှုကို ကျေအေးပေးမယ်တို့၊ သူတို့ကို ပေးစားမယ်တို့ဆိုတာ လုံးဝမဟုတ်
ပါဘူး။ ပြီးတော့ သူတို့ နှစ်ယောက်က ရည်းစားတွေလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ တရားဥပဒေအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွား
မှာပါ။” ဟု  ကာယကံရှင်အမျိုးသမီးငယ်၏ ဦးလေးဖြစ်သူမှတယ်လီဖုန်းဖြင့်
 ဖြေကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးငယ်၏ အိမ်သို့ သွားရောက်
မေးမြန်းရာ၌လက်ခံတွေ့ ဆုံခြင်းမရှိပဲ၊ ဦးလေးဖြစ်သူနှင့်သာ ဆက်သွယ်ရန် အမျိုးသမီးငယ်၏ မိသားစုဝင်များက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် လာရောက်တောင်းပန်မည်ဟု ကြားသိရသော်လည်း လာရောက်တွေ့ဆုံခြင်း မရှိသေးကြောင်းကိုလည်း ၎င်းကပြောကြားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒီချုပ်ရုံးချုပ်အား ဆက်သွယ်မေးမြန်းရာ၌  The Messenger ဂျာနယ်တွင် ဖော်ပြသည့်သတင်းတွင် မိမိပြောဆိုခဲ့သည် မှာမှန်ကန်သော်လည်း မိမိသည်တစ်ဆင့် စကားကြားပြီး မေးမြန်း
သည်ကို ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဦးကြည်တိုးမှ ရှင်းလင်းပြောကြားခဲ့သည်။

“အန်ကယ်ကလည်း မြို့နယ်တာဝန်ရှိသူတွေနဲ့ ပညာရေးကွန်ယက်က တာဝန်ရှိသူတွေကတဆင့် ကြားသိရတာပါ။ ပါတီအနေနဲ့ ဒီကိစ္စကို ၀င်မပါပါဘူး။ ဘာလို့လဲဆိုတော့ ဖိအားပေးတာမျိုး ဖြစ်မှာ စိုးလို့ပါ။ သူတို့ဘာသာရေးအဖွဲ့တွေ၊   မြို့နယ်က တာဝန်ရှိသူတွေ သွားရောက် စကားပြော ကြမယ်လို့ ကြားတယ်။ မိန်ကလေးဘက်ကို ကိုယ်ချင်းမစာတာတော့ မဟုတ်ဘူး။ ဘယ်သူကိုမှ မနစ်နာစေချင် ပါဘူး။ အန်ကယ်တို့ လိုလားတာကတော့ တရားဥပဒေရဲ့ရှေ့မှောက်မှာ အမှန်တိုင်းပဲ ဖြစ်စေချင်တယ်” ဟု ဦးကြည်တိုးမှ ပြောသည်။

ယခုလ ၃ ရက်နေ့ ပန်းပဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်ရှိ ပညာဒါနကျောင်း၌ အသက်မပြည့်သေးသော အမျိုးသမီးငယ်တစ်ဦးအား ပါတီဝင်လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှုအား ပန်းပဲတန်းမြို့နယ် ရဲစခန်းတွင်  ဇန်န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့က ပုဒ်မ(၃၇၆)နှင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

Myit Makha Mediagroup


ပန်းပဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း ပညာဒါန စာသင်ကျောင်း၌ အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းဂျာနယ်အချို့နှင့် အင်တာနက် စာမျက်နှာ
များပေါ်ရှိ သတင်းဖော်ပြချက်များမှာ လွဲမှားမှုများရှိနေကြောင်း ကာယ

ကချင်ပြည်နယ်ရဲ့စစ်ပွဲတရားခံဟာ ကေအိုင်အေခေါင်းဆောင်တွေဖြစ်ကြောင်း ရှမ်းပါတီကြီးဖြစ်သော ကျားဖြူပါတီကပြောပြီ


ကေအိုင်အေခေါင်းဆောင်များမှ စစ်ကိုလိုလားသဖြင့် ကချင်ပြည်နယ် တွင် စစ်ပွဲများဖြစ်ဟု ရှမ်းပါတီလွှတ်တော် ကိုယ်စားလှယ်ပြောဆို လိုက် ပါပြီ ကေအိုင်အေ စစ်ခေါင်းဆောင်များမှ စစ်ကိုလိုလားနေသဖြင့် ကချင်စစ်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ရှမ်းပါတီကြီး တစ်ခုဖြစ်သည့်

ပေတစ်ရာဆီလျှောက်ပါလို့မြင်သလောက်ပြလိုက်ချင်ပါသည်


“မြေမြို၍လူမျိုးမပြုတ်၊ လူမြိုမှလူမျိုးပြုတ်မည်” ဆိုတဲ့ စကားတစ်ခွန်းကြားဖူးတယ်။ အခုလည်း ကေ အိုင် အေ/ ကေအိုင်အိုအဖွဲ့ရဲ့လုပ်ရပ်တွေက ဒီပုံစံဖြစ်နေတယ်။
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ကနေ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအထိဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို သုံးသပ်ကြည့်ရင် ကေအိုင်အေဘက်က တစ်ဖက်သတ်ဆန်လွန်းနေတာတွေ့ရတယ်။ ဘာကြောင့်ကျိန်းသေဒီလိုပြောရသလဲဆိုတော့ စစ်တပ်က