အောက်တိုဘာ ၂၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွေ့ရသော တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေးတွင် စစ်တပ်၏
အထူးနေရာကို ရပ်ဆိုင်းရန် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ရန်လိုကြောင်း အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က
ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်ဟု Bloomberg သတင်းဌာနက
ဖော်ပြခဲ့သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်သာမက ယခင်အစိုးရနဲ့ ဆက်စပ်ခဲ့ဖူး
သူတွေရဲ့ အထူးအခွင့် အရေးတွေကို ဆက်လက်ထိန်းသိမ်း ပေးထားပါတယ်" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် အောက်တိုဘာ ၂၂
ရက်က ဥရောပလွှတ်တော် ကော် မတီနှစ်ရပ်နှင့် တွေ့ဆုံ ချိန်၌ ပြောကြားသည်။