Tuesday 1 January 2013

တာလီဘန်များက သေနတ်ဖြင့်ပစ်ပြီး သေပြီဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေပြန်ကောင်းလာ


တာလီဘန်များက သေနတ်ဖြင့်ပစ်ပြီး သေပြီဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေပြန်ကောင်းလာ
Tuesday, 01 January 2013

အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့ကဆေးကုသ
ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း
သတင်းရရှိသည်။

ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီ
ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲဝှက်ကာ သေနတ်သမားများ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။

ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကို
ကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်း
ပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့်သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန်လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။ 
အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်းမည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများက
ပြောကြားသည်။ 

မောက္ခ

အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့ကဆေး

(၂၀၁၃)ခုနှစ်အတွင်း နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှ ရှာဖွေတွေ့ရှိရန် ပညာရှင်များ မျှော်လင့်


(၂၀၁၃)ခုနှစ်အတွင်း နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှ ရှာဖွေတွေ့ရှိရန် ပညာရှင်များ မျှော်လင့်
Tuesday, 01 January 2013

(၂၀၁၃)ခုနှစ်အတွင်း စကြာဝဠာ အတွင်းမှ နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှထိ ရှာဖွေ တွေ့ရှိရန် သုတေသီများက မျှော်လင့်ထားသည်။

ဩစတြေးလျ နက္ခတ်ဗေဒ ပညာရှင်များက Wallabyနှင့် Dingo နက္ခတ်ဗေဒ မှန်ပြောင်းစခန်းကြီး နှစ်ခုအား စတင် မိတ်ဆက် ဖော်ပြလိုက်ပြီးနောက် ယင်းတို့၏ အကူအညီဖြင့် အဆုံးမဲ့ စကြာဝဠာအတွင်းမှ လူသားများ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော နဂါးငွေ့တန်း (၇၀၀၀၀)မျှကို
တွေ့ရှိရန် မျှော်လင့်လျှက် ရှိသည်။ တစ်ခုလျှင် စူးစမ်းရေးယူနစ် (၃၆)ခုစီ ပါဝင်ကာ (၁၂)မီတာစီ အကျယ်ရှိသော စလောင်းကြီးများကို ဩစတြေးလျနှင့် တောင်အာဖရိကတို့တွင် ဖြန့်ကျက် တည်ဆောက်
ထားသည်။

ဩစတြေးလျရှိ Askapဟု အမည်ပေးထားသော နက္ခတ်တာရာ စူးစမ်းရေး သုတေသန စခန်းသည် ပေါင်စတာလင် (၆၅)သန်းထိ အကုန်အကျခံ တည်ဆောက်ကာ ဂြိုဟ်တုစလောင်း (၃၆)ခု ဝန်းရံထားသည်။ ပညာရှင်များက Askapသည် စကြာဝဠာ၏ အလျှို့ဝှက်ဆုံး ပဟေဠိတစ်ခုဖြစ်သော အမှောင်စွမ်းအင် အကြောင်းကိုလည်း အဖြေထုတ်ပေးနိုင်ရန် ကူညီပေးမည်ဟု မျှော်လင့်နေသည်။ အဆိုပါ အမှောင်စွမ်းအင် အကြောင်းကို မည်သူမျှ တိတိကျကျ မရှင်းပြနိုင်ဘဲ သီအိုရီ သဘောသာ ယူဆထားသော်လည်း ယင်း၏ လွှမ်းမိုးသည် စကြာဝဠာ တိုက်တစ်ခုလုံး၏ (၇၃)ရာခိုင်နှုန်းထိ ရှိနေမည်ဟု သုတေသီများက ယူဆထားသည်။ ယခုမှန်ပြောင်းကြီးများကို စကြာဝဠာအတွင်း သက်ရှိများ ရှင်သန်နေမှု ရှိမရှိ စူးစမ်းရန်လည်း အသုံးပြုမည် ဖြစ်သည့်တိုင် ယင်းသည် အဓိက အကျဆုံး ရည်ရွယ်ချက် မဟုတ်ကြောင်းလည်း သိရှိရသည်။

(Ref: Daily Mail)
Planet Myanmar Network

(၂၀၁၃)ခုနှစ်အတွင်း စကြာဝဠာ အတွင်းမှ နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှထိ ရှာဖွေ တွေ့ရှိရန် သုတေသီ များက မျှော် လင့်ထားသည်။

ဩစတြေးလျ နက္ခတ်ဗေဒ ပညာရှင်များက Wallabyနှင့် Dingo နက္ခတ်ဗေဒ မှန်ပြောင်းစခန်းကြီး နှစ်ခုအား စတင် မိတ်ဆက် ဖော်ပြလိုက်ပြီးနောက် ယင်းတို့၏ အကူအညီဖြင့် အဆုံးမဲ့ စကြာဝဠာအတွင်းမှ

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ  Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး  စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူ

ဟော်မုန်းရောဂါနှင့်ပတ်သက်၍ မြောက်ဥက္ကလာဆေးရုံ၌ တက်ရောက်ကုသနိုင်


ဟော်မုန်းရောဂါနှင့်ပတ်သက်၍ မြောက်ဥက္ကလာဆေးရုံ၌ တက်ရောက်ကုသနိုင်
Tuesday, 01 January 2013

ဟော်မုန်းသည်ခန္ဓာကိုယ်တစ်ခုလုံးနှင့်သက်ဆိုင်သောကိုယ်အင်္ဂါအစိတ်
အပိုင်းများ၊ကိုယ်တွင်းကလီစာတို့၏ လုပ်ငန်းဆောင်တာများကို
ထိန်းချုပ်ထားခြင်းကြောင့်ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်ဟော်မုန်းနှင့် သက်ဆိုင်သော ရောဂါများဖြစ်ပွားနိုင်ကြောင်းပညာရှင်များထံက သိရသည်။

မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်ခဲ့သည့်  ဟော်မုန်းရောဂါများအထူးကုဌာန၌ လက်ရှိတွင် တက် ရောက်ကုသသူ(၃၀)၀န်းကျင်ရှိပြီးလူ့ခန္ဓာကိုယ်မှဟော်မုန်း
မမှန်ကန်မူကြောင့်ဖြစ်ပွားတတ်သောရောဂါများအားကုသနိုင်ရန်အတွက် ရန်ကုန်၊မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဟော်မုန်း ရောဂါများအထူးကုဌာနကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါအထူးကုဌာနဖွင့်လှစ်နိုင်ရန်အတွက်၁၉၉၇ခုနှစ်မှစတင်ဆောင်ရွက်
ခဲ့ခြင်းဖြစ်ပြီး၂၀၁၂ခုနှစ်ဒီဇင်ဘာ(၁၁)ရက်နေ့၌ မြောက်ဥက္ကလာပဆေးရုံကြီး၊ 
သီတာဆောင်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံဆေးပညာလောကမှာသမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
မြန်မာပြည်မှာဖွင့်ဖို့ကြိုးစားတာ၁၉၉၇ကတည်းကပါ၊ ကိုရီးယားကပြန်လာပြီး
ကတည်းကတောက်လျှောက်ကြိုးစားခဲ့တဲ့အတွက်ကြောင့်Endocrinologyဆိုတဲ့ဘာသာရပ် ကိုမြန်မာနိုင်ငံမှာပိုပြီးတော့စည်ပင်ဖွံဖြိုးတိုးတက်အောင်
တစိုက်မတ်မတ်ကြိုးစားခဲ့ပါတယ်ဟု”ဆေးတက္ကသိုလ် (၂)ပါမောက္ခချုပ်
ဒေါက်တာတင့်ဆွေလတ်က ပြောသည်။

ဟော်မုန်းမမှန်ကန်ခြင်းများကြောင့် သွေးချို၊ ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါ၊ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမူ မမှန်ကန်ခြင်း၊ ကြီးကောင်ဝင်မှု မမှန်ခြင်းနှင့် အမျိုးသား/ အမျိုးသမီးများတွင် ဟော်မုန် မမှန် ခြင်းများကြောင့် ပန်းသေ ပန်းညှိုးခြင်း၊ ဓမ္မတာ မမှန်ခြင်း/မလာခြင်း စသည့် ရောဂါများဖြစ်ပွားနိုင် ကြောင်း ဆရာဝန်ကြီးများ၏ ပြောပြချက်အရ သိရှိရသည်။

“Endocrinologyကြောင့်အရိုးပါးအရိုးပွရောဂါ၊လည်ပင်းကြီးရောဂါလည်းဖြစ်တတယ်။လည်ပင်းကြီးရောဂါဆိုရင် လည်းဟော်မုန်းတွေနည်းတဲ့အတွက်
ဥာဏ်ရည်ဥာဏ်သွေးမမှီတာတွေပန်းသေပန်းညှိုးတာတွေ ဆက်စပ်ပြီး
ဖြစ်တက်တယ်။”ဟု ဆေးတက္ကသိုလ်(၂) တွဲဖက်ပါမောက္ခ
ဒေါက်တာကိုကိုက ပြောသည်။

ဟော်မုန်းများနှင့်သက်ဆိုင်သောရောဂါများလေ့လာသည့်ပညာရပ်ကို
ဟော်မုန်းဗေဒဟုခေါ်ဆိုပြီးအထူးကုဌာနနှင့်ရောဂါများအတွက်အသိပညာပေး
ရှင်းလင်းဟောပြောပွဲအား(၂၀၁၃)ခုနှစ်၊ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်
သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

သန့်ဇင်ဝင်း(မြစ်မခ)
Myit Makha Mediagroup
ဟော်မုန်းသည်ခန္ဓာကိုယ်တစ်ခုလုံးနှင့်သက်ဆိုင်သောကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ကိုယ်တွင်းကလီစာတို့၏ လုပ်ငန်းဆောင်တာများကိုထိန်းချုပ်ထားခြင်းကြောင့်ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်ဟော်မုန်းနှင့် သက် ဆိုင်သော ရောဂါများဖြစ်ပွားနိုင်ကြောင်းပညာရှင်များထံက သိရသည်။
မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဟော်မုန်းရောဂါများအထူးကုဌာန၌ လက်ရှိတွင် တက် ရောက် ကု သသူ(၃၀)၀န်းကျင်ရှိပြီးလူ့ခန္ဓာ ကိုယ်မှဟော်မုန်း မမှန်ကန်မူကြောင့်ဖြစ်ပွား တတ်သောရောဂါများ အားကု

Samsung တို့ ကိုယ်ပိုင် OS သုံး စမတ်ဖုန်း ထွက်ရှိတော့မည်

Samsung တို့ ကိုယ်ပိုင် OS သုံး စမတ်ဖုန်း ထွက်ရှိတော့မည်
Tuesday, 01 January 2013

Samsung ကိုဆိုရင် Android OS ပဲမှီခိုနေရတယ်လို့ ထင်နေသူများအတွက် အပြောင်းအလဲ ဖြစ်သွားစေမယ့် သတင်း ဖြစ်ပါတယ်။ Samsung တို့ ကိုယ်ပိုင် OS သုံး စမတ်ဖုန်းများ ထုတ်ဖော်ပြသတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၃ ဇန်နဝါရီလ CES ပွဲမှာ Samsung တို့ ကိုယ်တိုင်လုပ်ထားတဲ့ စမတ်ဖုန်း OS ဖြစ်တဲ့ Tizen ကို အသုံးပြုတဲ့ စမတ်ဖုန်း တစ်မျိုးကို ထုတ်ဖော် ပြသမှာ ဖြစ်ပါတယ်။ ယင်း Tizen ဟာ HTML 5 ကို
အခြေခံလို့ ရေးဆွဲထားတဲ့ OS ဖြစ်ပြီး ဂျပန် မိုဘိုင်းဆက်သွယ်ရေး 
ကုမ္မဏီ Docomo နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

ယင်း OS ကို စမတ်ဖုန်းတင်မကပဲ၊ Tablet, ကွန်ပြူတာ၊ ကား အတွင်းထိန်း ချုပ်စနစ်၊ စမတ်တီဗီ အစရှိတဲ့ အီလက်ထရောနစ် ကုန်ပစ္စည်း တိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Samsung Galaxy S4 ကို ထုတ်ဖော်ပြသခြင်း နဲ့အတူ Tizen OS သုံး ဖုန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ သတင်းမီဒီယာများက အတည်ပြုပြောကြားတဲ့ သတင်း ဖြစ်ပြီး Tizen ကို မြင်တွေ့ရတေ့မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal

Samsung ကိုဆိုရင် Android OS ပဲမှီခိုနေရတယ်လို့ ထင်နေသူများအတွက် အပြောင်း အလဲ ဖြစ် သွားစေမယ့် သတင်း ဖြစ်ပါတယ်။ Samsung တို့ ကိုယ်ပိုင် OS သုံး စမတ်ဖုန်းများ ထုတ်ဖော်ပြ သတော့

ဆီးရီးယားတွင် သတင်းထောက်များ သေဆုံးမှု ထိပ်ဆုံးမှ ဦးဆောင်နေ

ဆီးရီးယားတွင် သတင်းထောက်များ သေဆုံးမှု ထိပ်ဆုံးမှ ဦးဆောင်နေ
 
၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝန်း၌ သေဆုံးခဲ့သော သတင်းထောက် ၇ဝ ဦးအနက် ၂၅ ဦးမှာ တောင်အာရှတွင် ဖြစ်သောကြောင့် ၎င်းဒေသသည် သတင်းထောက် များအတွက် ကမ္ဘာ တစ်ဝန်းလုံးတွင် ဆက်လက်၍ အန္တရာယ်ရှိသော နေရာ ဖြစ်နေပါသည်။

နိုင်ငံအလိုက် သတင်းထောက်များ သေဆုံးမှုမှာ ပါကစ္စတန်တွင် ၁၃ ဦး၊ အိန္ဒိယတွင် ၅ ဦး၊ ဘင်္ဂလားဒေ့ရှ်တွင် ၃ ဦး၊ နီပေါနှင့် အာဖဂန်နစ္စတန်တွင် ၂ ဦးစီ သေဆုံးခဲ့ ပါသည်။ ဆီးရီးယားတွင် သတင်းထောက်များ သေဆုံးမှုမှာ ၂၈ ဦး အထိရှိပြီး ထိပ်ဆုံးမှ ဦးဆောင်နေကာ ဆိုမာလီယာတွင် ၁၂ ဦးဖြင့် ဒုတိယ နေရာတွင် ရပ်တည် နေပါသည်။ 

သတင်းထောက်များ အပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ လုံခြုံရေးသည် အဓိက အရေးကြီးသော အကြောင်း အရာအဖြစ် ကျန်ရှိ နေကြောင်းနှင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်သည် တောင်အာရှ၌ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ကြောင်း တောင်အာရှ မီဒီယာ စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်ခဲ့ ပါသည်။

http://www.myawady.com.mm/allnews/global/item/3318-2013-01-01-14-38-58

၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ သေဆုံးခဲ့သော သတင်းထောက် ၇ဝ ဦးအနက် ၂၅ ဦးမှာ တောင် အာရှတွင် ဖြစ်သောကြောင့် ၎င်းဒေသသည် သတင်းထောက်များအတွက် ကမ္ဘာတစ်ဝန်းလုံးတွင်

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန်

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန် 

ရန်ကုန် ဇန်န၀ါရီ ၁ 

 မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်းများစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  
ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၎င်းကစားသမားများသည် ဇန်န၀ါရီလ ၂၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားကြမည်ဖြစ်ကြောင်းသိရသည် ။

ခြေစမ်းပွဲမတိုင်မီ ဇန်န၀ါရီလ ၂၂ ရက်တွင်  Football Clinic  
အစီအစဉ်ဖြင့် သုဝဏ္ဏကွင်း၌ မြန်မာလူငယ်ကစားသမားများကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဂန္တ၀င်ကစားသမားများမှာ ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတိုစ် ပါဝင်မည်ဖြစ်ပြီး နည်းပြအဖြစ် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ ခေါင်းဆောင် ကားလိုစ်အဲလ်ဘာတို က တာဝန်ယူမည်ဖြစ်ကြောင်း ၊ အထူးဧည့်သည်အဖြစ် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် 
ကစားသမားစာရင်းအပြည့်အစုံမှာ ဂိုး- ဂီလ်မာ၊ ဇက်တီ။
 နောက်တန်း- အဲလ်ဒဲယား၊ဂွန်ကဲလ်ဗက်စ်၊မာစီယိုဆန်းတိုစ်၊ 
ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို။ 
အလယ်တန်း- ဒွန်ဂါ၊မာဇင်ဟို၊ပက်ဒရင်ဟို၊ 
ရီကာဒို ရိုချာ၊ 
ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။ ရှေ့တန်း- ဘီဘတ်တို၊
 ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ 
တို့ဖြစ်ကြောင်းသိရသည်။

NLA


မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း များစာရင်း

မာရသွန် နှင့် ဘဝအဓိပ္ပါယ်ဖော်သူ ကင်ဆာရောဂါသည် Terry Fox

မာရသွန် နှင့် ဘဝအဓိပ္ပါယ်ဖော်သူ ကင်ဆာရောဂါသည် Terry Fox
Tuesday, 01 January 2013 

၁၉၅၈၊ ဇူလိုင် ၂၈ ဖွား ကနေဒါ နိုင်ငံသား အားကစားသမား 
တစ်ဦး ဖြစ်ပါ တယ်။

အထက်တန်းကျောင်းသားဘဝ တစ်လျှောက်လုံး အကောင်းဆုံး ဘတ်စကတ်ဘော အားကစားသမား၊ မာရသွန် အပြေးသမား ဖြစ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ရောက်တော့ ကုံဆိုးလှစွာပဲ ကင်ဆာ ရောဂါ ကြောင့် ခြေ တစ်ချောင်း ဖြတ်ဖို့ ကံကြုံပါတယ်။ ညာဘက်ဒူး မှာ ကားအက်ဆီး ဒန့်ကြောင့် အောင့်နေတာကို အမှတ်မဲ့ထားပြီး ဘတ်စကတ်ဘော
ဆော့ပေမယ့် ၁၉၇၇ ခုနှစ်မှာ ဖြတ်လိုက် ရပါတယ်။

ကင်ဆာဆိုတာ ဒီတိုင်းရှိနေတာ မဟုတ်ပဲ ခန္ဓာကိုယ် တစ်ခုလုံး ဆီ ရောက်အောင် ပြန့်နှံ့ပါတယ်။ သို့သည့်တောင် ဘီးတပ်ကုလားထိုင်စီး ဘက်စကတ်ဘော ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်အောင်ကြိုးစားပါတယ်။ ယင်းအချိန်မှာ သူ့ရောဂါအခြေအနေ တော်တော်လေး ဆိုးနေပါပြီ။ သို့ပေမယ့် အားကစးသမား ဖြစ်တဲ့အတွက် ဇွဲကတော့ အတော်လေး ကောင်းပါတယ်။

၁၉၈၀ ခုနှစ်မှာ နိုင်ငံဖြတ်သန်း မာရသွန်ပြေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကင်ဆာရောဂါကြောင့် သေနေရတဲ့သူတွေ၊ နာနေရတဲ့သူတွေအတွက် ကိုယ်ချင်းစာ ခံစားမိပြီး ဆေးသုတေသန ရန်ပုံငွေ လှူရန် ဆန္ဒရှိလာ ပါတယ်။ သူ့မှာ ငွေအမြောက်အများမရှိ ပါဘူး။ ဒါကြောင့် မာရသွန် ပြေးပွဲ နဲ့ ငွေစုဖို့ အကြံရပြီး နိုင်ငံဖြတ်သန်း ပြေးပါတယ်။ ၃၃၃၉ မိုင် (၁၄၃ ရက်) ပဲ ပြေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေ မကောင်းတော့ လို့ ဖြစ်ပါ တယ်။ ယင်းနောက် ကိုးလကြာ ဆေးကုသမှု ခံယူပြီး သေဆုံးခဲ့ပါတယ်။ Terry Fox ပြေးခဲ့တဲ့ Marathon of Hope မှ အမေရိကန်ဒေါ်လာ ၂၄ သန်းမက ရရှိခဲ့ပါတယ်။

သူပြေးစဉ် ကာလကလည်း ကမ္ဘာတစ်လွှားမှ နိုင်ငံခေါင်းဆောင်များ၊ စီပွားရေး လုပ်ငန်းရှင်များရဲ့  အာရုံစူးစိုက်မှု ခံရပြီး ရန်ပုံငွေဆက်တိုက်တိုးခဲ့ ပါတယ်။ ကနေဒါနိုင်ငံမှ နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပါတယ်။ သူကွယ်လွန်ပြီးချိန်မှာလည်း ယနေ့တိုင် Terry Fox Run အမည်ရ မာရသွန် ပြေးပွဲကို ကနေဒါနိုင်ငံမှာ ကျင်းပပြီး နိုင်ငံပေါင်း ၆၀ ကျော်က လာပြိုင်ပါတယ်။ ကင်ဆာရောဂါ ဖောင်ဒေးရှင်းအတွက် ဖြစ်ပြီး Terry Fox အမည်နဲ့ အလှူငွေပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ မက ရရှိထားပြီ ဖြစ်ကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

၁၉၅၈၊ ဇူလိုင် ၂၈ ဖွား ကနေဒါ နိုင်ငံသား အားကစားသမား တစ်ဦး ဖြစ်ပါ တယ်။
အထက်တန်းကျောင်းသားဘဝ တစ်လျှောက်လုံး အကောင်းဆုံး ဘတ်စကတ်ဘော အားကစားသမား၊ မာရသွန် အပြေးသမား ဖြစ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ရောက်တော့ ကုံဆိုးလှစွာပဲ ကင်ဆာ ရော

*ရွှေဈေးနှုန်း*



( ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်၊ အင်္ဂါနေ့ )
-
ရန်ကုန်ဈေးကွက်

*ဒေါ်လာလဲလှယ်နှုန်း*




( ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်၊ အင်္ဂါနေ့ )
-
ရန်ကုန်ဈေးကွက် ( နံနက်ပိုင်း @ ၁၀:၄၅ မိနစ်)
တရုတ် အစိုးရ သင်္ဘောများ အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ၀င်ရောက်
 
တရုတ် အစိုးရ သင်္ဘော ၃ စီးသည် ဂျပန်နိုင်ငံနှင့် အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝင်ရောက် ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြား ခဲ့ပါသည်။

တရုတ်ကင်းလှည့် သင်္ဘောတစ်စင်း ဆန်ကာကူ ကျွန်းစု အနီးသို့ ဒေသ စံတော်ချိန် ၁၃ နာရီ ၃၂ မိနစ်တွင် ဝင်ရောက်ခဲ့ပြီး မိနစ် ၂ဝ ကြာ ပြီးနောက် နောက်တစ်စီး ဝင်ရောက်လာ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ တတိယမြောက် သင်္ဘောသည် ၁၄၃၅ နာရီခန့်တွင် ဝင်ရောက် လာခဲ့ကြောင်း သိရှိရ ပါသည်။ 

အဆိုပါ တရုတ် သင်္ဘောများ ဝင်ရောက်လာမှုအား ၎င်းဧရိယာ အတွင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့၏ ကင်းလှည့် လေယာဉ်မှ ရှာဖွေ တွေ့ရှိခဲ့ပြီး နှောင်းပိုင်းတွင် ဂျပန်ကင်းလှည့် ရေယာဉ်များမှ ၎င်းတို့ ရေပိုင်နက် အတွင်းမှ ထွက်ခွာရန် အမိန့်ပေး ခဲ့ကြောင်း သိရှိရ ပါသည်။ ဒီဇင်ဘာလ ၂၁ ရက် နေ့ကလည်း ၎င်းရေပိုင်နက် အတွင်းသို့ တရုတ် နိုင်ငံမှ ၎င်းတို့၏ သင်္ဘောများ စေလွှတ်ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3314-2013-01-01-14-29-58
တရုတ် အစိုးရ သင်္ဘောများ အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ၀င်ရောက်တရုတ် အစိုးရသင်္ဘော ၃ စီးသည် ဂျပန်နိုင်ငံနှင့် အငြင်းပွားလျက်ရှိသော အရှေ့တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများအနီးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝင်ရောက်ခဲ့ကြောင်း ဂျပန်

“ဘ”အက္ခရာသတင်းများကြောင့် စလစ်ဈေးအနည်းငယ်ကျ


“ဘ”အက္ခရာသတင်းများကြောင့် စလစ်ဈေးအနည်းငယ်ကျ
Tuesday, 01 January 2013

ရန်ကုန်ကားဈေးကွက်အတွင်း ယခုနောက်ပိုင်းစလစ်ဈေးများမှာ ကျပ်သိန်း ၈၀ မှ ၉၀ကြားရှိနေသည့် အတွက် ယခင်ကထက် ဈေးနှုန်းအနည်းငယ်
လျော့ကျလာကြောင်း သိရသည်။

ယခင်က ရန်ကုန်ဈေးကွက်တွင် စလစ်ဈေးများမှာ ကျပ်သိန်း ၉၀ မှ ၁၀၀ အတွင်းရှိနေခြင်းဖြစ်ပြီး နယ်အချို့တွင် ၁၁၀ မှ ၁၂၀ အတွင်း ရှိနေသော စလစ်များသည် ယခုနောက်ပိုင်း အရောင်းအ၀ယ် နည်းပါးလာခြင်း၊ `ဘ´အက္ခရာ ယာဉ်များ အပ်နှံခွင့်ရတော့မည်ဟူသည့်ကောလဟာလ
များကြောင့် စလစ် ဈေးများထိုးကျလာကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ဘယ်သူတွေ လွှင့်လိုက်တဲ့ သတင်းလည်းတော့ မသိဘူး၊ `ဘ´ ကားတွေ အပ်နှံ ခွင့်ရတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာပြီး
ကတည်းက စလစ်ဈေးတွေ ကျလာတာ၊ အခုဆို စလစ်ဈေးတွေက ၈၅ ပတ်ဝန်းကျင်ပဲ ရှိတော့တယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ မထွက်သေးပါဘူး”ဟု ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ကုန်လမ်းသယ်ယူပို့ဆောင်ရေးဋ္ဌာနသို့ “ဘ´ အက္ခရာယာဉ်ဟောင်းများအား အပ်နှံရန် မဖြစ်နိုင်သေးကြောင်း က.ည.န(မြင်သာ)မှတာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။

ဝယ်ယူသူများအနေဖြင့်`ဘ´စလစ်ထွက်ချိန်အား စောင့်ယူလျှက်
ရှိကြောင်းကိုလည်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ အကျိုးဆောင်များထံက သိရသည်။

“အခုလို စလစ်ဈေးကျလာပြန်တော့လည်း ၀ယ်တဲ့သူတွေက `ဘ´စလစ်
ထွက်တော့မှာပဲဆိုပြီး မ၀ယ်ကြတော့ ပြန်ဘူး၊ `ဘ´အက္ခရာ အပ်မဲ့အချိန်ကို
စောင့်နေကြတယ်၊ အခုစလစ်ထုတ်ရောင်းတဲ့ သူတွေတော့ များလာတယ်၊ အ၀ယ်တော့ သိပ်မရှိသေးဘူး´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ၀ါရင့်ကားကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုထွန်းမှ ပြောသည်။

Toyota Provox နှင့် Nissan AD  Van ကဲ့သို့သော ၁၃၀၀ စီစီကားများ ယခုနောက်ပိုင်း အရောင်းအနည်းငယ်သာရှိကြောင်း ကားဈေးကွက်
အတွင်းမှ သိရှိရသည်။ အဆိုပါကားများသည် TAXI ယာဉ်မောင်းများ
အကြိုက်ကားအမျိုးအစားများဖြစ်ပြီး ချယ်ရီကားများထက် ပိုမိုရောင်း
ရကြောင်း ကိုလည်း သိရှိရသည်။

ယခုနောက်ပိုင်း `ဘ´အက္ခရာများ လက်မခံသေးသည့်အတွက် ယခင်က
`ဘ´ အက္ခရာကားများ လိုက်လံ ၀ယ်ယူထားသည့်မော်တော်ယာဉ်
တင်သွင်းသူများ၊ ကားအရောင်းပြခန်းများသည် ငွေမ၀င် ပဲ အထွက်များ၍ အရှုံးပြနေကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရသည်။

ငွေအရင်းအနှီးနည်းသည့် ကားရောင်းဝယ်သူ တစ်ချို့ဆိုလျှင် `ဘ´ အက္ခရာကားများကို ပြန်လည် ထုတ်ရောင်းမှု များပင်ရှိလာကြောင်း သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ယာဉ်အသစ်များ တင်သွင်းခွင့် ပြုခဲ့သည်။ ထို့နောက် န၊ ပ အက္ခရာများ ထွက်ရှိခါစအချိန်တွင် စလစ်ဈေးမှာ သိန်း ၆၀ မှ ၇၀ ၀န်းကျင်အတွင်းရှိခဲ့သည်။ အောက်တိုဘာလကုန် နိုဝင်ဘာလ
အတွင်း လေလံကား အမျိုးအားလုံး လက်ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခု ဗ အက္ခရာများအပ်နှံခွင့်ရရှိသည့်အချိန်တွင် ဈေးနှုန်းမှာ သိန်း ၉၀ မှ ၁၀၀ အတွင်း ရှိလာသည်။ သို့ရာတွင် ယခုနောက်ပိုင်း စလစ်ဈေးများ
မှာသိန်း ၈၀ မှ ၉၀ ကြား ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
ရန်ကုန်ကားဈေးကွက်အတွင်း ယခုနောက်ပိုင်းစလစ်ဈေးများမှာ ကျပ်သိန်း ၈၀ မှ ၉၀ကြားရှိနေသည့်

သာမန်ကားများထက် အရောင်းသွက်လာသည့် ပြိုင်ကား

သာမန်ကားများထက် အရောင်းသွက်လာသည့် ပြိုင်ကား
Tuesday, 01 January 2013 

ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများမှာ အရောင်းပြခန်းများ၌ အရောင်းအ၀ယ်ဖြစ်လျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေး
စခန်းများတွင်မူ မော်ဒယ်မြင့်ကားများ အနည်းငယ် အရောင်းအ၀ယ်
ဖြစ်လျှက်ရှိကြောင်း သိရသည်။

1300CCကားများတွင်လူငယ်ကြိုက်ဖြစ်သောMazda(1300CC)
အမျိုးအစားပြိုင်ကားသည်အခြားကားများထက်စိတ်ဝင်စားမှု များကြောင်း သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှပြောသည်။ အဆိုပါကားတန်ဖိုးမှာ ကျပ် ၂၁၀ သိန်း ၀န်းကျင် ရှိသည်။

အဆိုပါကားသည်ဂျပန်နိုင်ငံထုတ်အမျိုးအစားဖြစ်သည်။အဆိုပါ
ပြိုင်ကားအား စိတ်ဝင်စားကြ သည့်အချက်မှာ ပြိုင်ကားဟုဆိုသည်နှင့် တံခါးနှစ်ပေါက်အမျိုးအစားသာ သိသော်လည်း Mazda သည် တံခါးလေးပေါက်ပါရှိခြင်းဖြစ်ပြီး နောက်တံခါးနှစ်ပေါက်ကို အတွင်းမှ ဖွင့်နိုင်ခြင်း၊ ထို့အပြင် 1.3 L(Rotary) အင်ဂျင်( လေယာဉ်)များတွင်သာ အသုံးပြုသော အင်ဂျင်အမျိုးအစား အသုံးပြုထားခြင်း တို့ကြောင့်
ဖြစ်ကြောင်းကိုလည်း သိရသည်။ 

`` အခုနောက်ပိုင်းဂျပန်က ကားတွေကို ၀ယ်သူတွေ တော်တော်များများ စိတ်ဝင်စားလာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပိုပစ္စည်း
စုံလင်တာရယ်၊လိုအပ်တဲ့ပစ္စည်းဆိုရင်တောင်မှဈေးသက်သက်သာသာနဲ့
အချိန်သိပ်ပေးစရာမလိုတာရယ်ကြောင့် ပါ၊ရောင်းအားကတော့ထုံးစံ
အတိုင်းမကောင်းပါဘူး၊ဒါပေမဲ့ရောင်းအားကအခုရက်ပိုင်းတော့အရင်ကထက်စာရင်   ရောင်းအားနည်းနည်း ပြန်တက်လာတယ်၊ ဆိုင်လည်ပတ်လို့ ရရုံလောက်ပေါ့´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ ပြောသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ Surf ကားများနှင့် Prado ကဲ့သို့သော ကားများ ရောင်းရပြီး Land Rover ကဲ့သို့သော ကားများ ရောင်းနေရကြောင်း
သိရသည်။

Hilux Surf (3000CC) ကားများသည် သိန်း ၂၄၀ မှ ၂၆၀ အတွင်း ရှိကြောင်း သိရှိရသည်။ Prado (96) ထုတ်၊ အင်ဂျင်(2.7 L) အနေဖြင့် သိန်း ၃၂၀ မှ ၃၅၀ အတွင်း ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။

``အခုနောက်ပိုင်းဝင်းထဲမှာကားအမြင့်တွေတော့နည်းနည်းအရောင်း
အ၀ယ်ဖြစ်တယ်တော့ကြားတယ်၊အကိုတို့ဘက် မှာတော့  ငြိမ်နေတယ်၊ Prado တွေကတော့ ဈေးနည်းနည်းတက်လာတယ်၊ ဘာလို့လဲဆိုတော့ ဒီကားတွေဘက် စိတ်ဝင်စားတာ နည်းနည်းများလာတော့ ဈေးတင်လာတာ
ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အ၀ယ်က အဲလောက်လည်း မများပါဘူး၊ အရောင်းကတော့ အစကထက်တောင် ပိုများလာသေးတယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။

ကားဈေးကွက်အတွင်း ကားဈေးများသည် အတက်အကျ တည်ငြိမ်မှု မရှိသော်လည်း အရောင်းအ၀ယ် အနည်းငယ်ရှိကြောင်း၊ ထို့အပြင် လူငယ်ကြိုက် ပြိုင်ကားများမှာ သာမန်ကားများထက် စိတ်ဝင်စား မှုများပြားပြီး အရောင်းသွက်နေကြောင်းကိုလည်း သိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများမှာ အရောင်းပြခန်းများ၌ အရောင်း အ၀ယ်ဖြစ်လျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ မော်ဒယ်မြင့်ကားများ အနည်းငယ် အရောင်း

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရ


အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရ
Tuesday, 01 January 2013

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိ
ဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့်
သေဆုံးသွား ခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်း ပူဆွေးမှုများ
ဖြစ်ပေါ် နေချိန်အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန် တွန်းအား ပေးခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏
ပြောကြားချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်း ဌာနက 
ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါ ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏ မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။

မြ၀တီ

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုး သမီးတစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁

အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား

အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား
ဘတ်စ်ကား တစ်စင်းပေါ်တွင် အရက်မူးနေသူ (၆)ဦး၏ ဝိုင်းဝန်း မုဒိမ်းကျင့်ပြီး ရိုက်နှက်ခြင်းကို ခံရသော အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ မိန်းကလေးသည် စင်္ကာပူနိုင်ငံရှိ ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့်

ဗြိတိသျှ spitfire တိုက်လေယာဉ်များ ရှာဖွေမှု မြစ်ကြီးနားမြို့ တွင်သေတ္တာတစ်လုံးစတင်တွေ့ရှိ

 
 
 
 
 
မြန်မာ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမိတက် နှင့်ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော ဒုတိယကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ့သည်ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့တွင် မြန်မာနိုင် ငံ မြစ်ကြီးနားမြို့ တွင် လေယာဉ်များထည့်ထားသောသေတ္တာ(ကွန်တိန်နာ)တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အင်တာနက်ပေါ်တင်ဖို့ ပိုက်ဆံပုံ ကိုင်ပြီး ဓာတ်ပုံရိုက်တဲ့ ချစ်သူကြောင့် အဖမ်းခံရတဲ့ မူးယစ်ဆေး ခေါင်းဆောင်








ပိုက်ဆံပုံကြီးကို ကိုင်ပြီး ဓာတ်ပုံရိုက် ကြွားချင်တဲ့ ချစ်သူမိန်းကလေးကြောင့် မူးယစ်ဆေးဝါး အရောင်း အ၀ယ်လုပ်တဲ့မူးယစ်ခေါင်းဆောင်ကြီး အဖမ်းခံရကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

တစ်ဆယ့် နှစ်ရပ်သော အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသည့် ပြည်ထောင်စု တပ်မတော်

တစ်ဆယ့် နှစ်ရပ်သော အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသည့် ပြည်ထောင်စု တပ်မတော်

မြန်မာ နိုင်ငံသည် နှစ်ပရိစ္ဆေဒ ကြာရှည်စွာ ကိုယ့်ထီးကိုယ့်နန်း ကြငှန်းနှင့် ကိုယ်ပိုင် ယဉ်ကျေး မှု၊ ကိုယ်ပိုင် စာပေတို့ဖြင့် ဝင့်ထည်စွာ နေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ၁၉ ရာစုနှစ်တွင် ကိုလိုနီ နယ်ချဲ့တို့က မတရား ကျူးကျော် စစ်ပွဲသုံးကြိမ် ဆင်နွှဲ၍ ကိုလိုနီ နယ်ချဲ့ လက်အောက် ကျရောက် ခဲ့ရသည်။ နယ်ချဲ့ လက်အောက်တွင် အတွေ့အကြုံ အမျိုးမျိုး ခံစားဖြတ်ကျော် လာခဲ့ရသည့် ပြည်ထောင်စုသား ညီအစ်ကို များသည် နယ်ချဲ့ လက်အောက်ခံ ဘဝမှ အပြီး တိုင်လွတ်မြောက်ရန် အတွက် လက်နက်ကိုင် အမျိုးသား တပ်မတော် တစ်ရပ် ဖွဲ့စည်းတိုက်ပွဲ ဝင်နိုင်ရန် လိုအပ်ကြောင်း သဘော ပေါက်လာကြသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့မျိုးချစ် လူငယ် သုံးကျိပ်သည် ဟိုင်နန်ကျွန်းသို့ သွားရောက်၍ ဂျပန်တို့ ထံမှ စစ်ပညာကို ဆင်းရဲ ပင်ပန်းစွာ သင်ယူ ခဲ့ကြပြီး တိုင်းရင်းသား လူမျိုး တစ်ရာကျော်ကို ကိုယ်စားပြုသည့် တစ်ခုတည်းသော မြန်မာ့ တပ်မတော်၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စု တပ်မတော်ကို ခိုင်မာစွာ ဖွဲ့စည်း ပြီးသည်နှင့် အမိ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ပြန်လည်ရယူ ပေးခဲ့သည်။

နိုင်ငံတော်၏ လွတ်လပ်ရေး ရရှိ ပြီးသည်နှင့် တပ်မတော်သည် ပြည်တွင်း သောင်းကျန်းမှု အန္တရာယ်နှင့် ပြည်ပ ကျူးကျော်မှု အန္တရာယ် အပြင် နိုင်ငံရေး အခက် အခဲများ၊ ပြည်ပ ပယောဂကြောင့် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်း အသီးသီး တို့ကို ပြည်သူ၊ နိုင်ငံတော် အစိုးရနှင့် အတူ စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲပြီး အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့သည်။ တပ်မတော် သည် မွန်မြတ်သော အစဉ်အလာ ဖြစ်သည့် မျိုးချစ် တပ်မတော် ဖြစ်သည်။ စည်းကမ်း ကောင်းသော၊ သစ္စာရှိသော၊ စည်းလုံး ညီညွတ်သော၊ စွမ်းရည်ရှိသော၊ စွန့်လွှတ် စွန့်စားသော၊ တစ်ဦးချင်း ကိုယ်ကျိုးကို ပဓာန မထားသော၊ စိတ်ဓာတ် မြင့်မြတ်သော၊ အခက် အခဲကို ရင်ဆိုင် ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိ ရှိသော၊ အပင်ပန်း အဆင်းရဲ ခံနိုင်သော၊ ဇွဲလုံ့လ ဝီရိယ ရှိသော၊ ဒို့တာဝန် အရေး သုံးပါးကို အမြဲဦးထိပ် ပန်ဆင်သော တပ်မတော် ဟူသည့် တစ်ဆယ့် နှစ်ရပ်သော အစဉ်အလာ ကောင်းများနှင့် ပြည့်စုံစွာ ရပ်တည် လာခဲ့သည့် တပ်မတော် ဖြစ်သည်။

တပ်မတော်သည် ပြည်သူတို့၏ အခက်အခဲ အတားအဆီး များကို ကိုယ်ကျိုး စွန့်လွှတ်ပြီး စွန့်စွန့်စားစား အလုပ်အကျွေး ပြုလျက်ရှိသည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် အခါတိုင်းလည်း အချိန်မဆိုင်း သွားရောက်ရှာဖွေ ကယ်တင်ပေးခြင်း၊ လိုအပ် သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ဆေးအကာ အကွယ်ပေးရေး လုပ်ငန်းများကို အလျင်အမြန် ကူညီပံ့ပိုး ဖြည့်ဆည်း ပေးခဲ့သည်။

ထို့ကြောင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁ဝ) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်း အနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင် လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားရာ၌ ''တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည် ဆိုသည့် ကျင့်စဉ်နှင့် အညီ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကာ အကွယ်များ ဖြည့်ဆည်း ပေးနိုင် ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အတွက် အရေးပေါ် အခြေအနေ ဖြစ်ပေါ် လာပါက လိုအပ်လာမည့် သူနာပြုနှင့် ဆေးဘက် ဆိုင်ရာ အကာအကွယ် ပေးရေး လုပ်ငန်းစဉ် များကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ကျေပွန်အောင် ထမ်းဆောင်ပြီး ပြည်သူကို အလုပ်အကျွေး ပြုပေး နိုင်ရမည် ဖြစ်ကြောင်း'' အလေးအနက် မှာကြားခဲ့ခြင်း ဖြစ်ပေသည်။

http://www.myawady.net.mm/allnews/editorschoice/item/3173-2012-12-31-10-14-33

မြန်မာ နိုင်ငံသည် နှစ်ပရိစ္ဆေဒ ကြာရှည်စွာ ကိုယ့်ထီးကိုယ့်နန်း ကြငှန်းနှင့် ကိုယ်ပိုင် ယဉ်ကျေး မှု၊ ကိုယ်ပိုင် စာပေတို့ဖြင့် ဝင့်ထည်စွာ နေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ၁၉ ရာစုနှစ်တွင် ကိုလိုနီ နယ်ချဲ့တို့က မတရား

ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်


ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်

၂၁ ရာစု ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ ဟူ၍ တွေ့ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုး မှု တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ရေရှည် ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများက ဖွံ့ဖြိုးရေး စသည်ဖြင့် ဦးတည်ချက် အမျိုးမျိုး ထားကာ ကြိုးပမ်းနေ ကြသည်။ ထိုသို့ ကြိုးပမ်း ကြရာ၌ နိုင်ငံရေး စနစ်မှာ ဒီမိုကရေစီ စနစ်ဖြစ်ပြီး စီးပွားရေး စနစ်မှာ ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး နေကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တက်လှမ်း နိုင်ရန် ပြည်သူ့ အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့ အစိုးရဖြစ်သည့်  ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှု တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေးနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက် လာနိုင်မည့် စီမံအုပ်ချုပ် လုပ်ကိုင် မှု ပြောင်းလဲသွားရန် လိုအပ်ချက် အရ တတိယ အဆင့်အဖြစ် အစိုးရ အဖွဲ့အစည်း ယန္တရား ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲ သွားမည်ဖြစ်သည်။

အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။ နိုင်ငံတော် သမ္မတက ''အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ်တိုးတက် ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တတိယ အဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း'' ပြောကြားပြီး နိဂုံး ချုပ် ပြောကြားရာ၌ ''တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ပြန် လည် ကောင်းမွန်အောင် စိတ်ဓာတ် ကောင်းကောင်း၊ စည်းကမ်း ကောင်းကောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို စေတနာ ကောင်းကောင်းဖြင့် ကောင်း မွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန်'' တိုက်တွန်းခဲ့သည်။

မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးသည် မိမိတို့ နိုင်ငံသား အားလုံးက  ပတ်ဝန်းကျင် ကမ္ဘာ့ နိုင်ငံများကို ကြည့်တတ် မြင်တတ်ဖို့ လိုသည်။ ကမ္ဘာ့ နိုင်ငံများ၏ ပထဝီ အနေအထား များနှင့် သမိုင်း ကြောင်း၊  ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ နိုင်ငံအစိုးရ များ၏ ဖွဲ့စည်းမှုနှင့် ဆောင်ရွက် ချက်များ၊ နိုင်ငံသား များ၏ အခန်းကဏ္ဍ စသည်တို့ကို အာဂမ္မယုတ္တိ၊ သဘာဝယုတ္တိ တို့ဖြင့် ရှုမြင်၍ အကြောင်းအကျိုး၊ အကောင်း အဆိုးတို့ကို ဆန်းစစ်ရမည် ဖြစ်သည်။ တွေ့ရှိချက်များမှ မိမိနိုင်ငံနှင့် လူမျိုးတို့၏ ကောင်းကျိုး အတွက် ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ကြရ မည် ဖြစ်သည်။

သို့ဖြစ်၍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရတို့၏ စွမ်းဆောင်ရည် ထက်မြက်မှုနှင့် ပြည်သူလူထု အတွက် ပြည်သူလူထု ဗဟိုပြု၍ ဆောင်ရွက် ကြရမည်ဖြစ်ရာ ပြည်သူတို့ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ၏ ပကတိ အခြေ အနေများကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်ကြမည် ဖြစ်ပေသည်။  

http://www.myawady.net.mm/allnews/editorschoice/item/3066-2012-12-29-09-47-49
၂၁ ရာစု ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ ဟူ၍ တွေ့ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုးမှု တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ရေရှည် ဖွံ့ဖြိုးရေး ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများက ဖွံ့ဖြိုးရေး စသည်ဖြင့် ဦးတည်ချက် အမျိုးမျိုး ထားကာ

၂၀၁၃ နှစ်သစ်ကူးပွဲ ကမ္ဘာတ၀ှမ်းမှာဆင်နွှဲ


၂၀၁၃ နှစ်သစ်ကူးပွဲ ကမ္ဘာတ၀ှမ်းမှာဆင်နွှဲ 
Tuesday, 1 January 2013

၂၀၁၃ခုနှစ် နှစ်ကူးနေ့ကို ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြတာပါ။ အာရှပစိဖိတ်နိုင်ငံတွေဟာ နှစ်သစ်ကို အရင်ဆုံး ကြိုဆိုနိုင်ခဲ့ကြပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ဆိပ်ကမ်းမှာ ခမ်းနားကြီးကျယ်တဲ့ မီးဆိုင်းမီးပန်းတွေကို ထွန်းညှိပြသထားပါတယ်။ 

ဆစ်ဒနီဆိပ်ကမ်းဝန်းကျင်မှာ လာရောက်ပြီး စုဝေးကြသူပေါင်းဟာ တစ်သန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲ့ဒီ့ဒေသမှာ
နွေးထွေးတဲ့နွေညဖြစ်တာမို့ လူတွေအတော်များများ အေးအေးချမ်းချမ်းနဲ့ ဆင်နွှဲနေကြပါတယ်။

မီးရှုးမီးပန်းပြပွဲအတွက် ဒေါ်လာသန်းပေါင်း ၆.၉သန်းဖိုး အကုန်အကျခံပြီး
ပြသ ထားတာပါ။ သြစတေးလျနိုင်ငံက နံမည်ကျော် ဂီတပညာရှင် Kylie Minogue  က ဆစ်ဒနီဆိပ်ကမ်းတံတားမှာ တန်ဆာဆင် ထွန်းညှိထားတဲ့ မီးတွေပွင့်လာအောင် ခလုတ်နှိပ်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာတော့ တိုကျိုမှာရှိတဲ့ အဆာကူဆာ ဘုရားကျောင်းမှာ ရိုးရာနှစ်သစ်ကူး ပွဲတော်ကျင်းပနေသလို ဂျပန်နိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ရှင်တို ဘုရားကျောင်းတွေမှာ ၂၀၁၃ခုနှစ်အတွက် ကံကောင်းစေဖို့ သန်းနဲ့ချီတဲ့ ဂျပန်လူမျိုးတွေ လာရောက်ဆုတောင်းနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကတာမှာတော့ နှစ်သစ်ကူးပွဲတော် ကပွဲခုန်ပွဲ ကျင်းပနေတာမို့ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ထားပါတယ်။

ဗွီအိုအေ

၂၀၁၃ခုနှစ် နှစ်ကူးနေ့ကို ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြတာပါ။ အာရှပစိဖိတ်နိုင်ငံတွေဟာ နှစ်သစ်ကို အရင်ဆုံး ကြိုဆိုနိုင်ခဲ့ကြပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ဆိပ်ကမ်းမှာ ခမ်းနားကြီးကျယ်တဲ့ မီးဆိုင်း

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးလျှင်
Monday, 31 December 2012

လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုးတယ်ရယ်လို့မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံး ဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။
--
Ref: medic-facts
International news for myanmar

လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်

KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ

Photo: KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ

Tuesday, 1 January 2013
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါသည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာမြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင်များနှင့် မိသားစုဝင် များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား တရုတ်နယ်စပ်ဖြတ် သန်းခွင့်ကို KIA မှပိတ်ထားသဖြင့် လိုင်ဇာတွင်ကျန်ရစ် သူ ဒေသခံ များမှာ စိတ်သောက ရောက်နေကြသည်။ အခုဆိုရင် KIA ဌာနချုပ်ကိုလည်း လိုင်စင်စခန်း ကို ရွှေ့နေ ပါတယ်။ KIA ခေါင်းဆောင်တွေရော၊ မိသားစု ၀င်တွေရော၊ သူဌေးတွေရော တစ်ယောက်မှ လိုင်ဇာမှာ မရှိတော့ပါဘူး။ အကုန်လုံးတရုတ်ဖက်ကိုကူးကုန်ပါပြီ။ “ကျွန်မတို့ကတော့ ဒီမှာကျန်ခဲ့ပြီး တရုတ်ဘက်ကို လည်း KIA က ကူးခွင့်မပေးတော့ အချုပ်ကျသလို ဖြစ်နေပါ တယ်” ဟု ကချင်အမျိုးသမီး ဒုက္ခသည် တစ်ဦးကဆိုသည်။

ယခုအခါလိုင်ဇာမြို့တွင် ခြောက်ကပ်နေပြီး KIA စစ်သားများပင် သိပ်မတွေ့ရတော့ကြောင်း၊ KIA စစ်သားအားလုံးကို ရှေ့တန်းသို့ ပို့ထားကြောင်း သိရသည်။ လိုင်ဇာအား သဘာဝတံတိုင်းကြီးသဖွယ် ကာရံ ထားသော လဂျားယန်တောင်ကြောမှာ အစိုးရတပ်များက ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် သိမ်းပိုက် ခဲ့သောကြောင့် လိုင်ဇာမြို့ရှိဒေသခံများမှာ လုံခြုံမှုမရှိဟု ခံစားလာရသည်။ လဂျားယန်မှ အစိုးရတပ်များ လိုင်ဇာမြို့သို့ ချီတက် သိမ်းပိုက်မည်ဆိုပါက တစ်နာရီအတွင်းရောက်ရှိလာနိုင်ကြောင်း သိရသည်။ သို့သော် အစိုးရတာဝန်ရှိသူများက လိုင်ဇာမြို့အား သိမ်းပိုက်မည်မဟုတ်ကြောင်း ကြေငြာထားခဲ့သည်။

သံလွင်
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါ သည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာ မြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင် များနှင့် မိသားစုဝင် များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း


မိဘပြည်သူများ ခင်ဗျား

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော်အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။ အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူအများစု အားထားရတဲ့ သတင်း ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများစတင် ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခင်နှစ်အတွင်း ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု များကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်စ ပြုခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့အစိုးရ အထူး သတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့ အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။

ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုလို ပြုပြင် ပြောင်းလဲရေးကာလမှာ အကောင်းဆုံး အခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ် တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင် ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့် ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာတစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီကလက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ။


http://www.president-office.gov.mm/briefing-room/news/2012/12/31/id-2267
မိဘပြည်သူများ ခင်ဗျား

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံ ပါစေ လို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေ

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။


KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့ အရင်က စိတ်ထဲမှာ အသိအမှတ်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာတာက နိုင်ငံရေးခံယူချက် မည်မည်ရရ မရှိတဲ့အဖွဲ့ တစ်ခုဆိုတာပါပဲ။

ဘယ်လို နိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်နေတာလဲ။

(အကယ်၍) ကချင်ပြည်နယ်ကို KIO/KIA အဖွဲ့ လက်ထဲထည့်ပြီး “ ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ ” ဆိုရင် ၊ ဘယ်လို ဖွဲ့စည်းပုံနဲ့ ၊ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား ၊ ကချင်လူထု အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တယ်ဆိုတာ သေချာရဲ့လား ဆိုတဲ့ မေးခွန်းတွေကို မေးခွန်းထုတ်ရပါလိမ့်မယ်။

ငြိမ်းချမ်းရေး ကိစ္စ စဉ်းစားတဲ့နေရာမှာ ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အတွက် ဘာလို့ ထည့်မစဉ်းစားနိုင်ရတာလဲ။

KIO/KIA အဖွဲ့ အနေနဲ့ ကိုယ့်လူမျိုး အချင်းချင်းအတွက် အဲဒီကိစ္စတွေကို မစဉ်းစားပေးဘဲ ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ၊ ကချင်လူထုအတွက် လုပ်နေတဲ့ တော်လှန်ရေး ဟုတ်ပါရဲ့လား။

KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများ၏ ချမ်းသာကြွယ်ဝမှုကို လိုင်ဇာရောက်ဖူးသူတိုင်း သိပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ကချင်ပြည်နယ် အတွက် ကျန်းမာရေး ၊ ပညာရေး ၊ လူမှုဘ၀ ဖွံ့ဖြိုးစည်ပင်ရေးတွေ အတွက် ဘာများ လုပ်ကိုင်ပေးခဲ့ ပါသလဲ။

လုပ်ခွင့်မရလို့ ဆိုတဲ့ အကြောင်းပြချက် လောက်နဲ့တော့ မလုံလောက်ပါဘူး။


ကချင်ပြည်နယ်ကို အုပ်ချုပ်ပိုင်ခွင့် တောင်းနေသော KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများခင်ဗျာ...

ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေသာ နေတာမပာုတ်ပါဘူး ၊ လူမျိုးပေါင်းစုံ နေထိုင်တာပါ။

အုပ်ချုပ်ခွင့် လိုချင်တဲ့သူက ပြည်သူကို ဘယ်လိုဆက်ဆံတာလဲ ၊ လက်ခံချင်အောင် လုပ်နေတာလား ၊ လက်မခံချင်အောင် လုပ်နေတာလား။

အစိုးရက ပေးတာ ၊ မပေးတာ အပထား။ ပြည်သူကိုတော့ အရင်မေးကြည့်သင့်ပါတယ်။

အုပ်ချုပ်မဲ့သူတစ်ယောက်က အစိုးရထက်ပိုပြီး ဆိုးရွားလွန်းနေတာ ၊ ဘယ်ပြည်သူက သဘောကျမတုန်း။

သေချာသိချင်ရင် တစ်နိုင်ငံလုံး ဆန္ဒမဲကောက်ြပီး မေးနေ စရာမလိုပါဘူး။

ကချင်ပြည်နယ်မှာ နေတဲ့သူဆီမှာပဲ ၊ ဆန္ဒမဲ အရင် ကောက်ကြည့်ပါဗျာ။

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။။ ။။

KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့

KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ


KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ

Tuesday, 1 January 2013
၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ၁၂၀ မမ စိန်ပြောင်းများသည် ဈေးအလွန်ကြီးမားပြီး လက်နက်မှောင်ခိုများထံမှ ၀ယ်ယူရန်ခက်ခဲသည့် လက်နက်မျိုးဖြစ်ကြောင်း KIA အဖွဲ့တွင် အသုံးပြုလျက်ရှိသော လက်နက်ငယ်နှင့် မိုင်းအားလုံးလိုလိုမှာ တရုတ်နိုင်ငံလုပ်များပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် လက်နက်ကြီးတစ်လက် KIA အဖွဲ့ထံမှ သိမ်းဆည်းရမိခြင်းက တရုတ်တို့အနေဖြင့် KIA အားလက်သိပ်ထိုးထောက်ပံ့နေသည့် သက်သေပင် ဖြစ်ကြောင်းသိရသည်။
၎င်းတရုတ်နိုင်ငံလုပ် ၁၂၀ မမ လက်နက်ကြီးဖြင့် အစိုးရတပ်များအား ပစ်ခတ်နေသည့်ပုံကို The Voice ဂျာနယ်၏ Facebook စာမျက်နှာတွင် (၃၀-၁၂-၂၀၁၂) ရက်နေ့ကလည်း တွေ့ခဲ့ရသည်။

အမေ့အိမ်

၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ

လက်နက်ချ အလင်းဝင်လာသည့် ကေအိုင်အေ (၆)ဦးတွင် မြင်းခြံ တောင်သာဘက်မှ (၄)ဦး၊ လီဆူး (၂) ဦး ပါဝင်

ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကေအိုင်အေတပ်ရင်းမှ ထွက်ပြေးလာသော မြင်းခြံတောင်သာမှ (၄) ဦး၊ လီဆူး လူမျိုး(၂) ဦး စုစုပေါင်း(၆)ဦးအား လက်နက်ငယ်များနှင့် အတူ မြန်မာ့တပ်မတော်ထံသို့ လက်နက်ချ