Wednesday 12 June 2013

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အရေးပေါ် အခြေအနေ ကြေညာချက်အမိန့် သက်တမ်းတိုးမြှင့်ခဲ့ခြင်း

 
ထိုင်းနိုင်ငံတွင် ခွဲထွက်ရေး မွတ်ဆလင် သူပုန်အဖွဲ့ များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်း မငြိမ်မသက် ဖြစ်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်း၌ အရေးပေါ်အခြေအနေ ကြေညာချက် အမိန့် ထုတ်ပြန်ထားမှုအား သက်တမ်း ၃ လတိုးမြှင့်ရန် ထိုင်းအစိုးရက ဇွန်လ ၁၀ ရက်နေ့တွင် ဆုံးဖြတ် ချက် ချမှတ် ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ဆင်ဆာမဲ့ခွေနှင့် ခွေကူးစက်များဖမ်းဆီးရမိ

Photo: တာမွေမြို့နယ်တွင် ဆင်ဆာမဲ့ခွေနှင့် ခွေကူးစက်များဖမ်းဆီးရမိ
Wednesday, June 12, 2013

၁၂.၆.၂၀၁၃ ရက်နေ့၀၉၀၀အချိန် အရှေ့ပိုင်းခရိုင်၊ အထူးမူခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ တိုင်းဗွီဒီယိုအခြေခံအတွင်းရေးမှူး ဦးတင်မိုး၊ သက်သေများနှင့်
အတူ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အင်းဝလမ်း၊ တိုက်အမှတ်(၃၀)၊ ပထမထပ်၊ ခေါင်းရင်းခန်းတွင် ဆင်ဆာမဲ့ခွေများ ခိုးကူးနေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ တိုက်အမှတ် (၃၀)၊ လှေကားအောက်ထပ်တွင် အဆိုပါတိုက် (ပထမထပ်)ခေါင်းရင်း ခန်းနေ ဥာဏ်မင်းထူး၊ (ဘ)ဦးသန့်ဇင်အား နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေ
ဒီဗွီဒီ ၂၅၀၀ချပ်အား ကတ္ထူပုံး (၄)ပုံး မြွေရေခွံအိတ် (၂)လုံးတို့ဖြင့်ထည့် လျက် အတင်အချပြုလုပ်နေစဉ်တွေ့ရပြီး ဆက်လက်၍ ၄င်း၏နေအိမ်ခန်း အား ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှေ့ခန်းတွင် ကတ္ထူပုံး(၇)ပုံးဖြင့်ထည့်လျက်
ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေ ဒီဗွီဒီ ၁၆၅၀ချပ်၊ နိုင်ငံခြားဇာတ်လမ်း မျိုးစုံ အယ်လ်ဘမ် ၁ခု၊ ကာဗာစာရွက် ၈၁၅ရွက်၊ရောင်စုံပလပ်စတစ်အိတ် ၆၄၀အိတ် တို့အားလည်းကောင်း၊ နေအိမ်နောက်ခန်းတွင်
ငြိမ်းချမ်းအောင်၊ (ဘ) ဦးကြည်ဝင်းအား View Sonic စာတမ်းပါ
Monitor (၁)လုံး၊ Liteon စာတမ်းပါ System Unit (၁)လုံး၊
ကီးဘုတ် (၁)ခု၊ မောက် (၁)ခု၊ ကာလာပရင်တာ(၃)လုံး၊
Vicopy စာတမ်း ပါ အခွေ (၁၀)ခွေကူးနိုင်သည့်ခွေကူးစက်(၇)လုံး၊
Ecopy စာတမ်းပါ အခွေ(၁၀)ခွေကူးနိုင်သည့် ခွေကူးစက် (၁)လုံး ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်း ခိုးကူးဒီဗွီဒီ (၉၀၀)ချပ်၊ ဒီဗွီဒီခွေလွတ် (၆၀၀)ချပ်ပါ ကတ္ထူပုံး (၃)ပုံး၊ ဒီဗွီဒီခွေအပျက်(၅၀၀)ချပ်၊
ရောင်စုံပလပ်စတစ်အိတ် (၁၃၀၀)၊ မာတိကာစာရွက် (၁၁)ရွက်၊ ဂဏန်းပေါင်းစက် (၁)လုံးတို့နှင့်အတူ ခိုးကူးနေစဉ်တွေ့ရှိသဖြင့် သိမ်းဆည်းပြီး ဥာဏ်မင်းထူးနှင့် ငြိမ်းချမ်းအောင်တို့အား
တာမွေမြို့မရဲစခန်း (ပ) ၂၃၈/၂၀၁၃၊ ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၂.၆.၂၀၁၃ ရက်နေ့၀၉၀၀အချိန် အရှေ့ပိုင်းခရိုင်၊ အထူးမူခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ တိုင်းဗွီဒီယိုအခြေခံအတွင်းရေးမှူး ဦးတင်မိုး၊ သက်သေများနှင့် အတူ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အင်းဝလမ်း၊ တိုက်အမှတ်(၃၀)၊

ဘုရင့်နောင်တံတားပေါ်မှ အမျိုးသမီးတစ်ဦးရေထဲခုန်ချ

၁၁.၆.၂၀၁၃ရက်နေ့ ၁၇၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားဟောင်း ရေလယ်တိုင် အမှတ် (၄)နှင့် (၅)ကြားမှ အမျိုးသမီး ငယ်တစ်ဦး ရေထဲခုန်ချခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်ရွက်လျက် ရှိ သည့် ဇက်ရေယာဉ်အမှတ် (၁၁၀) ပြည်တွင်းရေကြောင်း ပိုင် ရေယာဉ်ပေါ်တွင် ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်)မှ တွေ့မြင်သဖြင့် ဆယ်ယူ ကယ်တင် ခဲ့ပါသည်။

အာဆီယံ နိုင်ငံများက မြန်မာ လုပ်သားများကို ပြည်ပသို့ ခေါ်ယူ၍ အလုပ်လုပ်ကိုင် စေခြင်းထက် နိုင်ငံတွင်း လာရောက်ရင်းနှီး မြှုပ်နှံရန် တွန်းအားဖြစ်နေ

အာဆီယံ နိုင်ငံများက မြန်မာ လုပ်သားများကို ပြည်ပသို့ ခေါ်ယူ၍ အလုပ်လုပ်ကိုင် စေခြင်းထက် နိုင်ငံတွင်း လာရောက်ရင်းနှီး မြှုပ်နှံရန် တွန်းအားဖြစ်နေ
အာဆီယံဒေသအတွင်းရှိ နိုင်ငံများအနက် မြန်မာ နိုင်ငံမှ လုပ်သားများ၏ လုပ်ခလစာမှာ အခြား နိုင်ငံ များထက် များစွာသက်သာ နေခြင်းကြောင့် မြန်မာလုပ်သား များကို ပြည်ပ သို့ ခေါ်ယူ လုပ်ကိုင် စေခြင်း ထက် ပြည်တွင်း၌ လာရောက် မြှုပ်နှံစေရန် တွန်းအားတစ်ရပ် ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်း ပညာရှင် များနှင့် လေ့လာသူ များက သုံးသပ်ပြောကြား ခဲ့သည်။

အသည်းရောဂါ ကာကွယ် တားဆီးရေး အစွမ်းထက် တိုင်းရင်းဆေးများ ရှာဖွေဖော်ထုတ်

Photo: အသည်းရောဂါ ကာကွယ် တားဆီးရေး အစွမ်းထက် တိုင်းရင်းဆေးများ ရှာဖွေဖော်ထုတ်

လောကနီတိတွင် ဖိုးသုည ခုနစ်ယောက် အဖြစ် အအိပ်ကြီးသူ၊ မေ့လျော့တတ်သူ၊ သက်သောင့်သက်သာ ဇိမ်ခံ နေတတ်သူ၊ ရောဂါ ရနေသူ၊ ပျင်းရိသူ၊ အလိုကြီးသူ၊ အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်သူ တို့သည် ကျမ်းဂန်စာပေ တတ်ကျွမ်းခြင်းမှ ကင်းကုန်၏ဟု ညွှန်ပြထားသည်။
မျက်မှောက် ကမ္ဘာကြီးတွင် သိပ္ပံနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ဆန်းပြား လာခြင်းကြောင့် လူသားတို့ လူနေမှု ဘ၀ မြင့်မား လာခြင်းနှင့် အတူ ရောဂါဝေဒနာ အမျိုးမျိုး ကိုလည်း ကြုံတွေ့ နေကြရသည်။ ယခင်က ကြုံတွေ့ခဲ့ရ ဖူးသော ရောဂါများမှာ ဆေးမတိုးတော့ သဖြင့် ဆေးဝါးဗေဒ ပညာရှင် များက ထက်မြက်သော ကုသမှု အတွက် ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးအသစ်များ တီထွင် ထုတ်လုပ်ရေး ကြိုးပမ်းနေကြ ရသည်။ တစ်ပြိုင်တည်း မှာပင် နောက်ထပ် ဖြစ်ပေါ်လာသော ရောဂါဆန်းများ အတွက်လည်း ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးဝါးတို့ကို စမ်းသပ်ထုတ်လုပ် နေကြရသည်။

၂၀၁၃ ခုနှစ် ဇွန် ၇ ရက်တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သော စာရင်းအရ ကမ္ဘာ့ ပြည်သူသန်းပေါင်း ၅၀၀ ခန့်သည် အသည်းရောဂါ B သို့မဟုတ် C ရောဂါပိုး ကူးစက် ခံရသဖြင့် နာတာရှည် ရောဂါသည် အဖြစ် ရောက်ရှိနေကြ ရသော်လည်း ကမ္ဘာ့ နိုင်ငံများတွင် ဤရောဂါ ကုသရေးကို ထိထိရောက်ရောက် မဆောင် ရွက်နိုင် သေးကြောင်း သိရသည်။ အသည်း ရောဂါကြောင့် သေဆုံးသူ ဦးရေသည် ကိုယ်ခံစွမ်းအား ကျဆင်းသည့် ရောဂါကြောင့် သေဆုံးသူ ဦးရေထက် ပိုမို များပြားလျက် ရှိပြီး

Read more >>http://bit.ly/11GlGmf
လောကနီတိတွင် ဖိုးသုည ခုနစ်ယောက် အဖြစ် အအိပ်ကြီးသူ၊ မေ့လျော့ တတ် သူ၊ သက်သောင့်သက်သာ ဇိမ်ခံ နေတတ်သူ၊ ရောဂါ ရနေသူ၊ ပျင်းရိသူ၊ အလိုကြီးသူ၊ အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်သူ တို့သည် ကျမ်းဂန်စာပေ တတ်ကျွမ်းခြင်းမှ ကင်းကုန်၏ဟု ညွှန်ပြထားသည်။

Sea Game ကာလ 4G စနစ် ရရှိရန်နှင့် အင်တာနက်ဂိတ်ဝေးများ အဆင့်မြင့်တင်ရန် JICA မှ အမေရိကန် ဒေါ်လာ ၂၂ သန်း ထောက်ပံ့ထား

မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ JICA မှ မြန်မာနိုင်ငံရဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ 4G စနစ်ရရှိဖို့နဲ့ အင်တာနက် ဂိတ်ဝေးများ အဆင့်မြင့်တင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၂၂ သန်းခန့် ထောက်ပံ့ ထားတယ်လို့ သိရပါတယ်။ ဆီးဂိမ်း ကာလမှာ 4G စနစ် အသုံးပြုဖို့ အတွက် ကိုတော့ ဆီးဂိမ်း ကျင်းပမယ့် မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့ ငွေဆောင် ဒေသ များမှာ Optical Fiber Network များ တပ်ဆင် သွားမှာ ဖြစ်ပါ တယ်။

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်

Photo: လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်
Wednesday, 12 June 2013

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ
နေ၀င်း ၄၈ နှစ်ကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်တွင် မေ ၂၈ ရက် ညနေပိုင်း၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း ၂၄ နှစ်ကို ကျိုင်းတုံမြို့ နယ်တွင် နေသူ နေ၀င်းမှ ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ကျူးလွန်သူ နေ၀င်းကို ဖမ်းဆီးစစ်ဆေးရာတွင် ဘောင်းဘီအိတ်ထဲ မှ WY စာတန်းပါ မူးယစ်ဆေးဝါး နှစ်ပြားကိုလည်း ရှာဖွတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်း
က "ကျူးလွန်တဲ့ နေ၀င်းကို မီးရှို့မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် မှုတွေနဲ့ ဇွန် ၁၁ ရက် နံနက်ပိုင်းမှာ လားရှိုးမြို့နယ် တရားရုံးကို စွဲဆိုတင်ပို့ လိုက်တယ်။ ပြီးတော့ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၅၀ မှာ သူ့ကို မြို့နယ် တရားသူကြီးကအမိန့်ချလိုက်ပါတယ်။ဒါကြောင့် တရားခံကို တောင်ကြီး
ထောင်ကို လွှဲအပ်လိုက်ပါပြီ။ ဒါ့အပြင် နေအိမ်တွေ ဖျက်ဆီးမီးရှို့ ကျူးလွန်တဲ့ သူတွေကိုဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်"ဟု ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ
ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ် . . . . .

ကျူးလွန်သူ နေ၀င်းကို လားရှိုးမြို့နယ် တရားရုံးမှ ပုဒ်မ ၃၀၇ အရ ထောင်
ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇ နှစ်၊ မူး/စိတ်ပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ မှုး/စိတ်ပြစ်မှု ပုဒ်မ ၁၆ (င)အရ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်ဟု သံသယရှိသူ ၆၀ ကျော်ကို ဖမ်ဆီးစစ်ဆေးနေပြီး တရားစွဲဆိုရန် အထောက်ထား သက်သေခိုင်လုံမှု မရှိသူ ၂၉ ဦးကို ခြေချုပ်ခံဝန် ဥပဒေဖြင့် ပြန်လည်
လွှတ်ပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက ဇွန် ၁၁ ရက် ညနေပိုင်းတွင် "ကျူးလွန်သူကို တရားဥပဒေ အကြောင်းအရ အပြင်းထန်ဆုံး အရေးယူခဲ့တာ ဖြစ်တယ်။ ဒီအပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိရင်လည်း ဝေဖန်ထောက်ပြလို့ ရတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆိုတရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့
ဆောင်ရွက်သွားပါမယ်။ လားရှိုးမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ လူသတ်၊ ဓားခုတ်၊ မီးရှို့၊ ဖျက်ဆီးခဲ့တဲ့ ကျုးလွန်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေး
နေ တယ်။ အမြန်ဆုံး တရားရုံးကို စွဲဆိုတင်ပို့ သွားပါမယ်"ဟု ပြောကြား ခဲ့သည်။

ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင်ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ မနက် ၄ နာရီထိ ဖြစ်ပြီး၊ ယခု ဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ မနက် ၃ နာရီအထိ ဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

eleven media group
လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ နေ၀င်း ၄၈ နှစ်ကို ဇွန် ၁၁ ရက်တွင် မြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ILO ၏ မြန်မာအပေါ် ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး အလားအလာ ကောင်းနေ

Photo: ILO ၏ မြန်မာအပေါ် ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး အလားအလာ ကောင်းနေ
Wednesday, June 12, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေးအတွက် မြန်မာ အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ် များက ယခု ကျင်းပဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံ၌ တင်ပြခဲ့သည့်အပေါ် အလားအလာ
ကောင်းနေကြောင်း ညီလာခံ တက်ရောက်နေသည့် မြန်မာ အလုပ်သမား ကိုယ်စားလှယ်များက အင်္ဂါနေ့တွင် မဇ္ဈိမကို ပြောဆိုလိုက်သည်။

ILO-1
ILO ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၌ ဇွန်လ ၄ ရက်နေ့မှ စတင်ကျင်းပနေခြင်း ဖြစ်သည်။

“အခုထိတော့ အခြေအနေ ကောင်းတဲ့ပုံမှာ ရှိနေပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အားလုံးကလည်း ဒီအပေါ်မှာ သဘောထားတွေကလည်း ထပ်တူ ကျနေတဲ့ အနေအထား ရှိပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေး လိုက်ရင် ပြည်တွင်းမှာ အလုပ်အကိုင် ရရှိမှုတွေ ပိုများလာမယ်။ အလုပ်သမားတွေအတွက် ပိုပြီး ပြေလည်သွား မယ်လို့ ယူဆနေကြတယ်” ဟု ညီလာခံ တက်ရောက် နေသည့် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က မဇ္ဈိမကို ပြောသည်။

ILO ၏ ပိတ်ဆို့မှု ဖြုတ်သိမ်းပေးရေးအတွက် ကနဦး သဘောထား ကောက်ယူ ဆွေးနွေးကြရာတွင် တရုတ်၊ အန္ဒိယ၊ ဂျပန်၊ သြစတေးလျား၊ အမေရိကန်၊ တောင်ကိုးရီးယား နိုင်ငံတို့မှ ဖြုတ်သိမ်းပေးရေးနှင့် ပတ်သက်၍ ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။ ဥေ၇ာပကမဂ္ဂ (EU) ကမူ ဆက်လက်စောင့်ကြည့်
လေ့လာသွားမည့် အနေအထား၌ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့က ဆိုင်ရာ နိုင်ငံအစိုးရတွေနဲ့ သဘောထားတွေ ပြောကြဆိုကြတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား မြန်မာနိုင်ငံမှာ တွေ့ခဲ့တုန်းကလည်း အိုဘားမားက ပိတ်ဆို့မှု ဖြုတ်ဖို့ ထောက်ခံထားတယ် ဆိုတဲ့အကြောင်းကိုလည်း ထည်သွင်း ပြောကြားသွားပါတယ်။ ပိတ်ဆို့မှုကတော့ ဖြုတ်ပေးမယ့် သဘော ရှိသွားပါပြီ။ အားလုံးရဲ့ သဘောတူညီချက်နဲ့” ဟု ဒေါ်က်တာ စိုင်းခိုင် မျိုးထွန်း က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးလုပ်သား အသုံးပြုမှုများ ပပျောက်သွားခြင်း မရှိသေးသော်လည်း တိုးတက်သည့် လက္ခဏာရပ်များ ရှိလာခြင်းအပေါ် နိုင်ငံများမှ အသိအမှတ်ပြုကြောင်း အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသည့် ဒေါ်သန်းသန်းဌေး က ပြောသည်။

“မြန်မာနိုင်ငံ အနေနဲ့ တိတိကျကျ လိုက်လံ လုပ်ဆောင်ဖို့ ကျန်နေတာ နှစ်ချက် ရှိပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးလုပ်သား အသုံးပြုမှုကို ပပျောက်အောင် လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ နိုင်ငံတကာ အမြင်ကတော့ ဆက်လက် လုပ်ဆောင်ဖို့ လိုပေမယ့် လောလောဆယ်မှာ အပြုသဘော တိုးတက်မှုတွေ ရှိနေလို့ အခြေအနေကောင်းကို စဉ်းစားပေးတဲ့ သဘောပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း စသည့် တိုင်ကြားမှုများကို ILO မှ အများအပြား လက်ခံရရှိခဲ့ပြီးနောက် ကျွမ်းကျင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တဖွဲ့ ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ ILO ပြဋ္ဌာန်းချက် အမှတ် (၂၉) အဓမ္မ လုပ်အားခိုင်းစေမှုများ ကျူးလွန်မှု ရှိနေသည်ဟု ၁၉၉၉ ခုနှစ်တွင် ILO ကော်မရှင်မှ လေ့လာတွေ့ရှိခဲ့ပြီးနောက် ILO ၏ အရေးယူမှု ဥပဒေ ပုဒ်မ (၃၃) အရ အရေးယူခဲ့သည်။

ILO ၏ စီးပွားရေး ပိတ်ဆို့မှုကို ၂၀၀၀ ခုနှစ်၌ စတင်ခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့မှု ရုပ်သိမ်း သင့်မသင့် တရားဝင် ဆုံးဖြတ်ချက်ကိုမူ လာမည့် သောကြာနေ့၌ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။

အရေးယူ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အားလုံး ပိတ်ဆို့ရေး၊ ILO ၏ နည်းစနစ် ပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးမှု ရပ်ဆိုင်းရေး၊ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ လွဲ၍ ကျန်သည့် ဆွေးနွေးပွဲများ တက်ရောက်ခွင့် မရှိခြင်း စသည့် ပိတ်ဆို့မှုများဒဏ်ကို ခါးခါးသီးသီး ခံစားခဲ့ရသည်။

၂၀၁၂ မြန်မာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တိုးတက်မှုများကြောင့် ILO ၏ အရေးယူ ပိတ်ဆို့ထားမှုအား ၁ နှစ် ဆိုင်းငံ့ရန် ပြန်လည် သဘောထားခဲ့သည်။

ထို့ပြင် ၂၀၁၂ ဧပြီလတွင်း ရေးထိုးခဲ့သည့် ILO အုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာအစိုးရတို့အကြား သဘောတူချက် တွင် ရှေ့သုံးနှစ်တာ အတွင်း အဓမ္မ လုပ်အားခိုင်းစေခြင်း လုံးဝ ပပျောက်ရန် သဘောတူထားကြသည်။

“သုံးနှစ်အတွင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝ ပပျောက်စေရမယ် ဆိုပြီး စစ်တပ်ဘက်မှာ ဆိုရင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုးခဲ့တယ်။ ဒီနှစ်မှာတော့ အမှန်တကယ် တိုးတက်မှုတွေ
ဖြစ်လာတယ်။ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ အခြေအနေ တရပ် ဖြစ်လာတယ်။ နိုင်ငံတကာကလည်း
တောင်းဆိုလာတာက အာဆီယံ ဥက္ကဋ္ဌလည်း ဖြစ်တော့မယ် ဆိုတော့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထား ရှိမယ့် အစား ဖွင့်ပေးလိုက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်း ကြားထဲမှာ ဒီမိုကရေစီ ရှင်သန်ခွင့်ကို
ပေးဖို့ဆိုပြီး တနှစ်တာ ပိတ်ဆို့မှုကို ILO က ဆိုင်းငံ့ခဲ့တာပါ” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) မှ အတွင်းရေးမှူး ဦးဇာနည်သွေး က ပြောသည်။

ယခု ILO အစည်းအဝေးသို့ မြန်မာအစိုးရ ကိုယ်စားလှယ်များအဖြစ် အလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်းနှင့် ဦးမျိုးအောင် တို့လည်း တက်ရောက်ကြကာ လက်ရှိ မြန်မာအစိုးရ လုပ်ဆောင်ချက်များ ဖြစ်သည့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး၊ အောက်ခြေပိုင်း အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ဆောင်ချက်များကို တင်ပြခဲ့ပြီး ILO မှလည်း ၎င်းတင်ပြချက်များကို အသိအမှတ် ပြုခဲ့ကြောင်း ဒေါက်တာ စိုင်းခိုင် မျိုးထွန်း က ပြောသည်။

ILO ညီလာခံအား တရားဝင် မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ် အဖြစ် မြန်မာ နိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) ၏ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေး မှ Quota (ခွဲတန်း)ရရှိခဲ့ပြီး အကြံပေး အဖွဲ့ဝင်များအဖြစ် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင် မျိုးထွန်း၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) (ယခင် FTUB) မှ ဦးသန်းဆွေတို့ သုံးဦး တက်ရောက်ခဲ့သည်။

ILO ညီလာခံအား တရားဝင် တက်ရောက်နိုင်ရန် ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသူလည်း ဖြစ်ကာ ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားဖိုရမ် (Forum) အစည်းအဝေးမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ILO နှစ်ပတ်လည် ညီလာခံအား ဇွန်လ ၄ ရက်နေ့ ကတည်းက စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိသည် မြန်မာနိုင်ငံအရေး ဆွေးနွေးရန် အထူးနေ့များအဖြစ် သတ်မှတ်ထားကြောင်း တက်ရောက်နေကြသည့် မြန်မာကိုယ်စားလှယ်များမှထံမှ သိရှိရသည်။

Mizzima News
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေးအတွက် မြန်မာ အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ် များက ယခု ကျင်းပဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံ၌ တင်ပြခဲ့သည့်အပေါ် အလားအလာကောင်းနေကြောင်း ညီလာခံ တက်ရောက်နေသည့် မြန်မာ အလုပ်သမား ကိုယ်စားလှယ်များက အင်္ဂါနေ့တွင် မဇ္ဈိမကို ပြောဆို လိုက်သည်။

ရော်ဘာ တန်ချိန် ၁၇၀၀၀ ကျော် တင်ပို့ပြီး ဒေါ်လာ ၄၆ သန်းကျော် ရရှိ

Photo: ရော်ဘာတန်ချိန် ၁၇၀၀၀ ကျော် တင်ပို့ပြီး ဒေါ်လာ ၄၆ သန်းကျော် ရရှိ
Wednesday, 12 June 2013 

ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့မှုမှာ ၂၀၁၃ ခုနှစ် ဧပြီလမှ မေလကုန်အထိ နှစ်လအတွင်း တန်ချိန် ၁၇၀၁၀ အထိ တင်ပို့ထားသော်လည်း ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၇၇၈ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။

ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့ရာ၌ နိုင်ငံတကာ ရော်ဘာဈေး
များ ဆက်တိုက်ကျဆင်း နေမှုကြောင့် တန်ချိန်အားဖြင့် ပိုမိုတင်ပို့ နေသော်
လည်း ရငွေမှာ လျော့နည်းလျက် ရှိသည်ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။    

"ရော်ဘာဈေးက ပြည်တွင်းမှာဆိုရင် တစ်ပေါင်ကို ကျပ် ၁၀၀ လောက်ကျ
တယ်။ နိုင်ငံတကာ ပေါက်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၀၀ လောက် ကျသွားတယ်။ ရော်ဘာက နှစ်စဉ်တိုးပြီး ပို့နေတာ။ ဒါကြောင့် ဈေးကျတဲ့
 နှစ်ဆိုရင် ရငွေက နည်းတယ်။ ဈေးကျတာ နှစ်နှစ်လောက် ရှိနေပြီ" ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မေ ၁၆ ရက်တွင် နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ တစ်တန်လျှင် ၂၆၆၀ ဒေါ်လာအထိ ရှိခဲ့ရာမှ ဇွန် ၁၀ ရက်တွင် တစ်တန်လျှင် အမေရိကန်
 ဒေါ်လာ ၂၃၅၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

eleven media group 
 ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့မှုမှာ ၂၀၁၃ ခုနှစ် ဧပြီလမှ မေလကုန်အထိ နှစ်လအတွင်း တန်ချိန် ၁၇၀၁၀ အထိ တင်ပို့ထားသော်လည်း ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၇၇၈ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅ ) ကြိမ်မြောက် ပထမနေ့ အစည်းအဝေး ကျင်းပ

meeting-june12
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ အစည်းအဝေးကို တောင်ကြီးမြို့၌ ဇွန် ၁၁ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးပွဲအား ဇွန် ၁၁ ရက်က တောင်ကြီးမြို့ရှိ ကျားဖြူပါတီ ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၁၅ ခုမှ ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ပြီး ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မလေးရှားတွင် မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ပိုမိုဆိုးရွားလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုပြသလာ

malaypolis-june12
မလေးရှားတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးတို့ကို လူသတ်မှု သုံးခုအတွက် သံသယ ရှိသူများအဖြစ် ဆီလန်ဂေါ ရဲတပ်ဖွဲ့မှ အလိုရှိသူများ ဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထုတ်ပြန်နေသည်ကို တွေ့ရစဉ် (Photo: PolisSelangor facebook)

မလေးရှားနိုင်ငံတွင် မြန်မာများအကြမ်းဖက်ခံရမှုပိုမိုဆိုးရွားလာပြီး မြန်မာတစ်နိုင်ငံလုံးက အတိုင်းအတာ   ဖြင့် စာနာနားလည်မှုများ ပိုမိုရှိလာကြောင်း သိရှိရပါသည်။

ဇွန် ၁၆ ရက်တွင် ပြုလုပ်မည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများစာရင်း နိုင်ငံတော် သမ္မတထံတင်ပြမည်

လေးကြိမ်မြောက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးကို ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီ လမ်းရှိ Myanmar Peace Center တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြား သည်။