Saturday 18 February 2012

ငြိမ်းချမ်းရေးအားရှောင်လွှဲကာ လက်နက်ကိုင်အာဏာယစ်မူးနေကြသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ( KIA ) ခေါင်းဆောင်ကြီးများ (ပေးစာ-၉)


ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက်   (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့်အပြန်အလှန်ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။
ယခုအချိန်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ကောင်းစားရေးအား အစိုးရနှင့်လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်ကာ ဆွေးနွေးပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ(၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူလက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
 (ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင်ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။
ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးမှုများ ပြုလုပ်နေချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား မသိကျိုးကျွံပြုကာ ငြိမ်းချမ်းရေး   ဆွေးနွေးမှုများအား ရှောင်လွဲမှုအကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါသည်။ ယခုနောက်ဆုံးအကြိမ် လိုင်ဇာမြို့၌ ဇန်န၀ါရီ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်သော KIA ခေါင်းဆောင်ကြီးများမပါဝင်ဘဲ မြန်မာစစ်တပ်များ၏ ထိုးစစ်ဆင်မှုများအား ခေတ္တရပ်တန့်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဟန်ပြလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
လိုင်ဇာမြို့၌ ဇန်န၀ါရီ(၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်

ပြည်သူ့ထံသို့ပေးပို့သော သ၀ဏ်လွှာ ကြောငြာချက်အမှတ်(၁/၂၀၁၂) (ပေးစာ-၈)


ပြည်သူလူထုအပေါင်းတို့ခင်ဗျား-
          ယနေ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် အတိုက်အခံအင်အားစုတို့၏ စိန်ခေါ်မှုများကို ကျွန်တော်တို့မှ အောက်ပါအတိုင်း ရှုမြင်ပါသည်။
          ဒီမိုကရေစီအသွင်ကူးပြောင်းရေး တပ်မတော်အစိုးရမှသည် ဒီမိုကရေစီကူးပြောင်းရေးသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အခြေခံဥပေဒေပေါ်ပေါက်ရေး အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူကျင်းပကာ လမ်းပြမြေပုံ(၇)ရပ် အကောင်အထည်ဖော်၍ (၂၀၁၀)ရွေးကောက်ပွဲခေါ်ယူကျင်းပပြီးသည့်နောက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို အရှိန်အဟုန်မြှင့်ကာ နှစ်ပေါင်း(၆၀)ကျော် သမိုင်းတစ်ခေတ်ကို ကူးပြောင်းစေခဲ့ပါသည်။ သို့သော် အသွင်ကူးပြောင်းရေးမူအရ အတိုက်အခံအင်အားစုအဖြစ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီထူထောင်ခွင့်လျှောက် ထား၍ လစ်လပ်သော (၄၈)နေရာတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီစည်းရုံးရေးများ၊ မဲဆွယ်ရေးများတို့ကို လမ်းပေါ်ထွက် နိုင်ငံရေးအသွင်သဏ္ဍာန်ဖြင့် စိန်ခေါ်ပွဲစတင်နေကြောင်း တွေ့ရှိရပါသည်။ အသွင်ကူးပြောင်း ရေးသည် ပြည်သူ့လွှတ်တော်၌ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် (၃)ရပ်အပေါ် NLD ၏ လွှတ်တော်အတွင်းဝင်ရောက်ရေးတွင် စိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်မည်ဟု သုံးသပ်ရပါသည်။
၁။       ရင်ကြားစေ့ရေးလမ်းစဉ်
        NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့တွေ့ဆုံခြင်းသည် ပြည်သူများ၏ရင်တွင်း၌ မဖြစ်နိုင်သော အသွင်တစ်ခုအား ဖြစ်ပေါ်လာခဲ့သဖြင့် အထူးအံ့သြတုန်လှုပ်ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေး ရေးအသွင်တစ်ရပ်အား ဦးသိန်းစိန် အစိုးရလက်ထက် NLD ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခဲ့ သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတကာမှ ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းသွားစေရန် သမ္မတကြီးနှင့် လွှတ်တော်နှစ်ရပ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော်လည်း နိုင်ငံကြီးတစ်ချို့မှ စောင့်ကြည့်နေဆဲကာလဖြစ်သဖြင့် နိုင်ငံတော်အစိုးရသစ်နှင့် NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်တို့ အားပြိုင်မှုကို ပါတီစည်းရုံးရေးခရီးစဉ်၌ စတင်အားပြိုင်မှု ပေါ်ပေါက်လာခဲ့သည့် အတွက် ရင်ကြားစေ့ရေး အဖြေလမ်းကြောင်းစောင့်ကြည့်ရပေမည်။ ပြည်သူလူထုအပေါင်းတို့ ခင်ဗျား-
၂။       NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး
          (၂၀၁၂)ခုနှစ်တွင် NLD ပါတီအနေဖြင့် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၍ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်းသည် ပြည်သူတို့အတွက် အထူးအံ့သြရပါသည်။ NLD ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ စိန်ခေါ်မှုအရ (၂၀၁၀)ရွေးကောက်ပွဲအား ဘွိုင်းကောက်လုပ်၍ NO ဟု ကြွေးကြော်ခဲ့ပါသည်။ (၂၀၀၈)အခြေခံဥပဒေအားကန့်ကွက်ခြင်း၊ မဲမပေးရေး၊ မဲရုံသို့မသွားရေး စည်းရုံး လှုံ့ဆော်ခဲ့ပါသည်။ NLD ဗဟိုအလုပ်အမှုဆောင်များ CRPP မှလည်း လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များမှာလည်း ရွေးကောက်ပွဲအား ဆန့်ကျင်ခဲ့ကြပါသည်။
၃။       လွှတ်တော်ပြင်ပနှင့် လွှတ်တော်တွင်းအခြေအနေ
          NLD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ (၄၈)နေရာအားလုံး ပါဝင်ယှဉ်ပြိုင်မည်ဟု ကြွေးကြော်ခဲ့ပြီးနောက် NLD ဗဟိုအဖွဲ့မှ  ကိုယ်စားလှယ်အမည်စာရင်း အပြည့်အ၀ မတင်ထားခဲ့ပါ။ ၎င်း အပြည့်အ၀မတင်ထားခဲ့ခြင်းသည် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်မြောက်လာမည့်နေ့အား စောင့်ဆိုင်း၍ ချန်လှပ်ထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံတော်သမ္မတကြီးမှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုပြီးနောက် ထပ်မံတိုးချဲ့၍ အသက်(၄၈)အောက်လူငယ်များ၊ ပညာရှင်များ အစားထိုးရွေးချယ် ကြေငြာခဲ့ပြန်ပါသည်။ (၈၈)မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့်အဖွဲ့တို့သည် ၎င်းရွေးကောက်ပွဲအား မလိုလားကြပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကြောင့် မပြောသာလက်ခံခဲ့ကြသော်လည်း ပါဝင်ယှဉ်ပြိုင် ခြင်းမရှိကြပါ။ သို့သော် လွှတ်တော်ပြင်ပ နိုင်ငံရေးဗျူဟာအရ အတိုက်အခံအင်အားစုတစ်ရပ်အဖြစ် ရပ်တည်၍ လွှတ်တော်အတွင်း ၀င်ရောက်သွားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော်သပိတ် (ပါလီမန်သပိတ်) ဆင်နွဲရန် ပြင်ဆင်ကူးပြောင်း ရပ်တည်ခြင်းဟု သုံးသပ်ရပါသည်။

ကမ္ဘာအဆင့်မီ ရေနက်ဆိပ်ကမ်းအတွက် ပြောင်းရွှေ့ရမည့် အစားထိုးအိမ်ရာများ အကောင်အထည်ဖော်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဘဝါဆိပ်ကမ်းတွင် ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံချက်အရ နဘုလည်ဒေသ ထိန်ကြီးကျေးရွာမှ ၄၄၅ အိမ်၊ မယင်းကြီးကျေးရွာမှ ၁၃၆ အိမ်၊ ပရဒတ်ကျေးရွာမှ အိမ် ၃၁၀ ၊ မူးဒူးကျေးရွာမှ ၃၄၃ အိမ်၊ လဲရှောင်ကျေးရွာမှ အိမ် ၆၁၀၊ ဘဝါကျေးရွာမှ ၅၅ အိမ် စုစုပေါင်းအိမ်ပေါင်း ၁၈၉၉ အိမ်တို့ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့ပေးရမည့် အိမ်ရာများအတွက် (ဘဝါမြို့သစ်စီမံကိန်း) ရေးဆွဲကာ ဘဝါဆိပ်ကမ်းသို့ ပြောင်းရွှေ့ပေးရမည့် မိသားစုများ မနစ်နာစေရေးအတွက် တစ်ပြေးညီ တိုက်များအခမဲ့ အစားထိုး ဆောက်လုပ်ပေးလျက် မိသားစုများ ပြောင်းရွှေ့စရိတ်ကိုပါ သက်ဆိုင်ရာကုမ္ပဏီမှ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ မြို့သစ်စီမံကိန်း ရေးဆွဲရာတွင် သာသနာ့မြေ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘိုးဘွားရိပ်သာ၊ အားကစားကွင်း၊ ပန်းခြံ၊ ရုံးများ၊ ဈေး၊ ပျိုးဥယျာဉ်၊ လူမှုစီးပွားဆိုင်ရာ အခြေခံဆောက်အအုံ၊ မူကြိုကျောင်း၊ အရန်မြေ၊ ဆေးရုံ၊ ရဲစခန်း၊ သုသာန်မြေ၊ လမ်းများဖြင့် မြေတိုင်းဧရိယာ (Surveyed Area ) ၇၃၂ ဧကဖြင့် စီမံကိန်းဧရိယာ  Project Area) ၅၁၄ ဧက ၁၀၀ ရာခိုင်နှုန်း ချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခုတ်လှဲသီးနှံပင်များအတွက် ကာလတန်ကြေးအလိုက် လျော်ကြေးငွေများ ပေးသွားမည်ဟု အီတာလျှံ ထိုင်းကုမ္ပဏီမှ ပြောဆိုထားကြောင်း ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 
                                                                                                                                              ခေတ်လူငယ် 

နှစ်၂၀ ကျော်ကြာ အဆက်အဆံပြတ်တောက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်လုပ်ငန်းများ ပြန်လည်စတင်မည်

၂၅ နှစ်ကြာမျှ အဆက်အဆံ ပြတ်တောက်ခံပြီးနောက် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလ အတွင်း မြန်မာနိုင်ငံအရပ်သား အစိုးရအဖွဲ့သစ်၏ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများဖြေလျှော့ခဲ့ပြီဖြစ်ရာ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် စတင်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကြောင့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းဆောင်တာများကို မြန်မာနိုင်ငံ၌ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း ကမ္ဘာ့ဘဏ်၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပါမယ်လာကော့စ်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။ သို့ရာတွင် အရပ်သားအစိုးရအဖွဲ့ လက်ထက်၌ နိုင်ငံတကာက အံ့အားသင့်ခဲ့ရသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်နှင့်အညီ ကာလကြာရှည်စွာ အရှိန်သေခဲ့ရသော မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပြန်လည်အရှိန်ရလာပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများအား မျက်စိကျနေသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်လာနိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍ သုံးသပ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသုံးသပ်ချက်များအား မကြာမီထုတ်ပြန်ရန်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီအဖြစ် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂ ဘီလီယံ တင်ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်း ပဋိပက္ခများနှင့် လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ရရှိလာခဲ့သော အတွေ့အကြုံများအရ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နည်းပညာအရ အထောက်အကူပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 
                                                                                                                                                ခေတ်လူငယ်

ဥရောပ သမဂ္ဂအဖွဲ့္ဂ (EU) က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင် ထိပ်တန်းပုဂ္ဂိုလ် ၈၇ ဦးအပေါ် ခရီးသွားလာခွင့်(ပြည်ဝင်ခွင့်ဗီဇာ)ကို ပိတ်ပင်ထားခြင်းအား ရုတ်သိမ်း

ယမန်နေ့က ဥရောပ သမဂ္ဂအဖွဲ့္ဂ (EU) က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင် ထိပ်တန်းပုဂ္ဂိုလ် ၈၇ ဦးအပေါ် ခရီးသွားလာခွင့်(ပြည်ဝင်ခွင့်ဗီဇာ)ကို ပိတ်ပင်ထားခြင်းအား ရုတ်သိမ်း လိုက်ကြောင်း သိရှိရပါသည်။ အဆိုပါ ရုတ်သိမ်း ပေးမှုကို EU နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က ယနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသော အပြုသဘောဆောင်သော အပြောင်းအလဲများကို တုန့်ပြန်သော အားဖြင့် ထိုသို့ ရုတ်သိမ်းပေးခြင်း ဖြစ်ကြောင်းနှင့် သူ့အနေဖြင့်လည်း ဧပြီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း ပြောဆိုခဲ့ပါသည်။
ထိုသို့ အမေရိကန် ၊ ဥရောပ သမဂ္ဂအဖွဲ့္ဂ (EU) အပါအ၀င် အနောက်နိုင်ငံအများစုက မြန်မာနိုင်ငံအပေါ် ဖြေလျော့မှုများ ပြုလုပ်နေသော်လည်း အတိုက်အခံ အချို့ကတော့ အပြုသဘောဆောင်သော ပြောင်းလဲမှုများမ၇ှိသေး ၊ စစ်အစိုးရမှ ဖြစ်ပေါ်လာသော အစိုးရ ဖြစ်ခြင်းကြောင့် အာဏာ၇ှင်ဟောင်းများ ဖြစ်သည် ဟူသော အကြောင်းပြချက်များဖြင့် ပိတ်ဆို့မှုကို ဆက်လက်ထားရှိရန်တောင်းဆိုဆဲဖြစ်ပါတယ် ခင်ဗျာ ။