Sunday 5 August 2012

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၂၆ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၂၆ ဦးသေဆုံးကြောင်း AP သတင်းက ဖော်ပြသည်။ အိန္ဒိယ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး Uttarakhand ပြည်နယ် ရေကြီးမှုအတွင်း အနည်းဆုံး လူ ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အိန္ဒိယအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Amit Chandola က ပြောကြားသည်။ အဆိုပါပြည်နယ်တွင် ပြီးခဲ့သည့် ကြာဿပတေးနေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ခြင်းဖြစ်ပြီး   ရေကြီးမှု၊   မြေပြိုမှုများ   ဖြစ်ပွားကြောင်း သိရသည်။
 

ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်များ (2)

ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGO များ) အပေါ်ဆန့်ကျင်တဲ့ ခံစားချက်တွေပေါ်မှာလည်း ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ ကူညီမှုများအား ဘက်မလိုက်ရေးနှင့် ကြားနေရေးဆိုသော အခြေခံမူများအတိုင်း မထောက်ပံ့ဟူသော ရခိုင်ဗုဒ္ဓ္ဓဘာ သာဝင်တွေရဲ့ ထင်မြင်ယူဆမှုတွေကို ပူပန်ပါတယ်။ ဒီထင်မြင်မှုတွေကို ချေဖျက်ဖို့ရာ ပါဝင်ပတ်သက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့အစိုးရအာဏာပိုင် များနှင့်အတူတကွ ပူးတွဲလုပ်ဆောင်ရန် ကျွန်တော်တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး

ကျွန်တော်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသော နောက်ခံ အခြေအနေရှိနေ ချိန်မှာ   ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မကြာသေးမီက အောင်မြင်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအကျပ် အလုပ်စေခိုင်းမှုအားလုံး ပပျောက်ရေးနဲ့ ကုလသမဂ္ဂနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးချခြင်းများကို တားဆီးရေး လိုမျိုးဖြစ်ပါတယ်။

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါင်တာထွန်းလွင်ကအောက်ပါအတိုင်းခန့်မှန်းသည်။

“ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် ရှိ မြစ်များနဲ့ မြေနိမ့်ဒေသများတွင် မြစ်ချောင်းများမှာ ရေလျှံမှုအလားအလာများ မြင့်မားနိုင်ပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်  စသည့်  မြစ်တို့ တွင် လက်ရှိရေအမှတ်များထက် ပိုမိုမြင့်တက်လာနိုင်ပြီး၊ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းမိုးနိုင်ပါတယ်” ။
ထို့အပြင် “တောင်တရုတ်ပင်လယ်ပြင်မှာ အခုလာမယ့် ရက်သတ္တ တစ်ပတ်အတွင်းမှာ မုန်တိုင်းများ ဆက်တိုက်ဖြစ်လာနိုင်ပြီး၊ မြန်မာနိုင်ငံဖက်ကိုလည်း အရှေ့ဖက်မှ မုန်တိုင်း အကြွင်းအကျန် နဲ့လေပွေလှိုင်း များ ရောက်ရှိလာနိုင်ဖွယ်ရာရှိနေပါတယ်။ မုန်တိုင်းအကြွင်းအကျန်များလာရောက်ခဲ့ပါက မိုးကောင်းနိုင်ပြီး စစ်တောင်းမြစ်၊ ပခြူးမြစ်၊ သံလွင်မြစ်၊ ရွှေကျင်မြစ် တို့တွင် ရေကြီးမှုအန္တရာယ်များ မြင့်မားနိုင်ပါတယ်”ဟု ဆက်လက်ခန့်မှန်းသည်
 
ref:7daynews

၂ဝ၁၂ နိုဝင်ဘာလတွင် LCCI Series 4 (November Series) စာမေးပွဲများအား ကျင်းပမည်

၂ဝ၁၂ နိုဝင်ဘာလတွင် LCCI Series 4 (November Series) စာမေးပွဲများအား ကျင်းပမည်   ဖြစ်သောကြောင့် ဖြေဆိုမည့် ကျောင်းသား/သူများ စာမေးပွဲကြေးအား ဩဂုတ်လ (၆) ရက်နေ့မှ (၂၂) ရက်နေ့အတွင်းမြေညီထပ်တွင်ရှိသော British Council Customer Service and Sales Counter တွင် မှတ်ပုံတင်မူရင်းနှင့်တကွ တနင်္လာနေ့မှ သောကြာနေ့ မနက် (၈:၃ဝ) မှ ညနေ (၃:၃ဝ) အထိ လာရောက်ပေးသွင်းနိုင်ပါသည်။
 စာမေးပွဲကြေး - Level 1 - USD 30, Level 2 - USD 35, Level 3 - USD 40

သတ္တုတူးဖော်ရေး လုပ်ငန်း၌ နိုင်ငံခြား လုပ်ငန်းရှင်များမှ ကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါး မြှုပ်နှံထား သန့်စင်ပြီးသတ္တုများ တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိကနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်

ပြည်တွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံခြား လုပ်ငန်းရှင်များမှ အမေရိကန်ဒေါ်လာ သန်း ၂၈၁၄ ဒသမ ၃၆၀ မြှုပ်နှံထားပြီး နိုင်ငံသားလုပ်ငန်းရှင်များမှ ကျပ် သန်း ၁၁၀၀၇ ဒသမ ၉၂မြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 မြန်မာနိုင်ငံတစ်ဝန်း ဟိုတယ်ဇုန်သစ်များ ထပ်မံဖော်ထုတ်ရန် လျာထား ဇုန်သစ်နေရာများအား စိစစ်အတည်ပြုပြီးပါက ရင်းနှီးမြှုပ်နှံခွင့်ပြုမည်

ယခုလက်ရှိတွင် ဟိုတယ်ဇုန်များ ဖော်ထုတ်နိုင်ရန်အတွက် မြေနေရာနှင့် အဆောက်အအုံ ၂၅ ခုအား လျာထားနေဆဲဖြစ်ကြောင်း၊ လျာထားပြီးစီးပါက နိုင်ငံသားနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများကို လွတ်လပ်စွာမြှုပ်နှံခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။

မြေဈေးနှုန်းအမှန်တကယ် လျော့ကျမည့် ကာလကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျှော်နေ လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ အိမ်ခြံမြေအခွန်စနစ်သစ်မှာ သက်သမ်းတိုးဖွယ်မရှိကြောင်း သိရ

မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အာရှတိုက်တွင် ဈေးနှုန်း အမြင့်ဆုံးဖြစ်နေသောကြောင့် စက်မှုဇုန်မြေဈေးနှုန်းများအား ကားဈေးကွက်ကဲ့သို့ ဈေးနှုန်းလျော့ကျသွားအောင် ပြုလုပ်မည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားခဲ့ခြင်းကြောင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ   စောင့်မျော်နေကြကြောင်း၊ ထို့ပြင် သြဂုတ်လတွင် သက်တမ်း ကုန်ဆုံးတော့မည့် အခွန်စနစ် သစ်ကြောင့် မြေရောင်းဝယ်မှုများ ရပ်တန့်သွားကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများမှ သိရှိရပါသည်။

UMFCCI ၏ ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့် လုပ်ငန်းရှင်ကြီး အချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်မဆောင်နိုင်ကြောင်း ၀င်ငွေခွန်ကြေညာလွှာ တင်ထားသူများနှင့် အခွန်မဆောင်၊ ၀င်ငွေခွန်ကြေညာလွှာပါ မတင်သည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းများကို စတင်စစ်ဆေးနေ

UMFCCI အသင်းချုပ်တွင် ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့် လုပ်ငန်းရှင်ကြီးအချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်အပြည့်အ၀ မဆောင်နိုင်ကြောင်း အခွန်ကြေညာလွှာ တင်ထားသည့် လုပ်ငန်းရှင်များ နှင့် အခွန်အပြေအကြေ ပေးဆောင်မှု မရှိ၊ ပေးဆောင်နိုင်ခြင်း မရှိသည့်အကြောင်းကိုလည်း အခွန်ကြေညာလွှာ မတင်သော လုပ်ငန်းရှင်များ၏ လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း အခွန်များဦးစီးဌာနမှ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဆီးရီးယားနိုင်ငံ အယ်လက်ပို မြို့  တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား

ဆီးရီးယားနိုင်ငံ အစိုးရစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက်   ဖြစ်ပွားလျက်ရှိသည်။ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများအားလုံးကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဆီးရီးယားစစ်တပ်က စနေနေ့ တွင် ပြောကြားသည်။ 

ရခိုင်ဒေသအရေးမှာ ဘာသာရေးပြဿနာမဟုတ် ၊ လူမျိုးရေးပြဿနာမဟုတ်၊ နိုင်ငံတကာ ပြဿနာလည်း မဟုတ်ချေ။

ကျူးကျော်သည်ဆိုသည့်ဝေါဟာရမှာ စစ်ရေးနည်းနှင့်မျှ မဟုတ်ချေ။ “ လူသားချင်း မစာနာ ” ဟူသော ရှုထောင့်မှ ပြောဆိုကြသူများကို သန်းခြောက်ဆယ်သော သူများဘက် ရှုထောင့်မှ ကြည့်ရန်   မေ့လျော့နေကြပြီလားဟု ပြန်မေးလိုက်ချင်သည်။ အင်္ဂလိပ်လက်ထက်က လယ်ယာစိုက်ပျိုးရေး အတွက် ခေါ်ယူလာသော၊ မကြာသေးမီကမှ အမျိုးအမည်ခေါင်းစဉ်တပ်နိုင်သော လူမျိုးတစ်မျိုး၏ တံခါးမရှိ ဓားမရှိ ၀င်ရောက်လာမှုကို မည်သည့်နိုင်ငံချစ်စိတ်ဖြင့် လက်ကမ်းရပါမည်နည်း။ ထို့ထက်ပို၍ နောက်ကွယ်မှ သူတို့၏ လှုပ်ရှားဆောင်ရွက်နေမှုများကိုရော သိပါရဲ့လားဟုမေးလျှင် “ လူသားချင်း စာနာပါ ” ဟူသောသူတို့ ဖြေရခက်ကြလိမ့်မည်။

iOS နှင့် Android Apps များအကြောင်းဆွေးနွေးပွဲ ပြုလုပ်သွားမည်

Mobile Application များ၊ Jail Break လုပ်နည်းများ၊ Root လုပ်နည်းများကို မြန်မာဘာသာဖြင့်   ဖော်ပြပေးလျက်ရှိသည့် Myanmar Mobile Application Website က ဦးစီး၍ iOS နှင့် Android Apps များအကြောင်း ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း Myanmar Mobile Application ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

(၅.၈.၂၀၁၂ ) သတင်းတိုလေးများ

ရိုဟင်ဂျာကိစ္စကို မဟာဗျူဟာမြောက်တုန့်ပြန်ရန်လိုအပ်ခြင်း



1982 နိုင်ငံသားဖြစ်မှု ဥပဒေကို ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကန်တားနားက ပြန်လည်သုံးသပ်ဖို့ ယနေ့ ၄၊ ၈လ၊ ၂ဝ၁၂ ခုနှစ် မြန်မာစံတော်ချိန် ခြောက်နာရီခန့်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတယ်။ အဲ့ဒီသတင်းကို ဖေ့စ်ဘုတ်မီဒီယာလောကမှာ တက်တက်လာချင်း မျိုးချစ်တွေက အဆဲအဆိုတွေနဲ့တုန့်ပြန်ကြတာကိုတွေ့ရပါတယ်။ ရိုဟင်ဂျာတွေရဲ့ စံနစ်တကျ ကျူးကျော်မှုတွေ၊ မွတ်စလင်နိုင်ငံတွေရဲ့ အမျုးမျိုးဝါဒဖြန့်မှုတွေကို မတုန့််ပြန်ဘဲနေနေတဲ့ အစိုးရအဖွဲ့ကို အားရခြင်းမရှိတဲ့ မိမိအနေနဲ့ ကိုယ့်လူတွေကို အနည်းငယ်မချင့်မရဲဖြစ်ရတယ်။

ဝန်ထမ်းခေါ်ယူခြင်း

MRTV – 4 နှင့်ဆက်စပ်ရုပ်သံလိုင်းဖြစ်သည့် for Sports Channel တွင်တာဝန်ထမ်းဆောင်ရန်အားကစားသတင်းထောက်များအလိုရှိသည်။
ခေါ်ယူလိုသည့်အရေအတွက် (၆)ဦး
လိုအပ်သည့်အရည်အချင်းများ
(၁) အင်္ဂလိပ်စာကျွမ်းကျင်ရမည်။အားကစားသတင်းများကိုဘာသာပြန်နိုင်ရမည်။
(၂) အားကစားနှင့်ပတ်သတ်သည့်ဗဟုသုတကြွယ်ဝရမည်။(အထူးသဖြင့်ဘောလုံး)
(၃) ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
(၄) ပူးပေါင်းဆောင်ရွက်နိုင်ရမည်။
(၅) ဖျတ်လတ်တက်ကြွရမည်။
(၆) နေ့/ညမရွေးတာဝန်ထမ်းဆောင်နိုင်ရမည်။
(၇) အအေးဒဏ်ခံနိုင်ရမည်။
(၈) ကျန်းမာရေးကောင်းမွန်ရမည်။
အထက်ပါရာထူးကိုလျှောက်ထားလိုသူများသည်မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်း၊ဟံသာဝတီအ၀ိုင်းအနီး၊ပြည်လမ်း၊ရန်ကုန်မြို့သို့ (CV)ဖောင်၊မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာ
ရင်းမိတ္တူ၊ဓာတ်ပုံနှစ်ပုံနှင့်လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်။
ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၁- ၅၃၅၈၄၁ ၊ ၅၀၁၇၁၄ ။ လိုင်းခွဲနံပါတ် - ၅၁၆

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အရွေးခံရသတင်း ထွက်ပေါ်

လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို
 ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။  ဦးတင်အောင်မြင့်ဦး ဒုတိယ သမ္မတ (၁) နေရာကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော် ကိုယ်စားလှယ်တွေ အဆိုပြုခဲ့ တယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဦးမြင့်ဆွေ အနေနဲ့ ဒုတိယ သမ္မတ ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ သတင်းတွေထပ်မံ ကြားသိခဲ့ရ ပါတယ်။ အဲဒီနောက်ပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို အဆို တင်သွင်းလာကြတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေက တစုံတရာ တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။