Monday 12 November 2012

ဒုရဲအုပ်တစ်ဦး ဓားထိုးခံရ



နိုဝင်ဘာလ ၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ ဒုရဲ အုပ်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် တာဝန်ရှိသူတို့သည် တရားခံစုံစမ်း ဖမ်းဆီးရန် မိကျောင်း ကန်အပိုင်း (၁) ရပ်ကွက်တွင် သွား ရောက် စစ်ဆေး၍ ဘက်ထရီအိုးခိုး သူတို့မှ ဓားဖြင့် ထိုး၍ ထွက်ပြေး သွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းကြီးခဲ့တဲ့ သတင်းစာပါ ကြေညာချက်အား ပြန်လည်ချေပခြင်း




ပြန်လည်ရုတ်သိမ်းပေးရန် သတိပေးကြေညာခြင်း



မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်း ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၂-၁၁-၂၀၁၂

မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် လေယာဉ်မောင်း အကယ်ဒမီ သင်တန်းကျောင်း ( Myanmar Avicition Academy ) ကို ပုသိမ် လေဆိပ်တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ ဟက်ပီး ဟိုတယ် အက်ကြောင်းများဖြစ်ပေါ် တည်းခိုသူများကို အရေးပေါ်ပြောင်းရွေ့ပေးခဲ့ရ


စစ်ကိုင်းမြို့ရှိ ဟက်ပီးဟိုတယ်သည် နိုဝင်ဘာ-၁၂ ရက်နေ့ နံနက် (၁)နာရီကျော်က ထပ်မံလှုပ် ခတ်ခဲ့ေ သာနောက် ဆက်တွဲငလျင်ဒဏ်ကြောင့် ဟိုတယ် အဆောက်အဦ နှင့် စာသောက်ခန်းမကြီး မှာနောက်ဖက် သို့နိမ့်ဆင်း သွားခဲ့ပြီး အက်ကြောင်းကြီးများဖြစ်ပေါ်ကာ ဆိုးဆိုးရွားရွား ပျက်စီးထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သီလဝါစီမံကိန်း ဝန်းကျင် မြေနေရာများကို ဈေးကစားနေ


ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလ၀ါ အထူးစီးပွားရေး စက်မှုဇုန် (SEZ) စီမံကိန်း ဒေသ ၀န်း ကျင်ရှိ မြေယာများတွင် ဈေးကစားမှုများနှင့် ရင်ဆိုင်နေရကြောင်း SEZ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ အမျိုး သား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင်က ပြောသည်။

ထိုသို့ မြေဈေးများ ကစားနေသောကြောင့် SEZ တည်ဆောက်မည့် စီမံကိန်းအတွက် မြေနေရာကို အတိ အကျပြောနိုင်ခြင်း မရှိသေးကြောင်း သူက ဆိုသည်။

အခန်းပေါင်း ၅ဝဝဝ ပါဝင်မည့် အိမ်ရာ စီမံကိန်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင် များကို ဖိတ်ခေါ် ဆွေးနွေးမည်

အခန်းပေါင်း ၅ဝဝဝ ပါဝင်မည့် အိမ်ရာ စီမံကိန်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင် များကို ဖိတ်ခေါ် ဆွေးနွေးမည်

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ အခန်းပေါင်း ၅ဝဝဝ ပါဝင်မည့် အိမ်ရာ စီမံကိန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင် အကောင် အထည်ဖော် သွားရန် စီမံကိန်း ရေးဆွဲလျက် ရှိရာ ယင်း စီမံကိန်းတွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင် နိုင်မှုအတွက် ပြည်တွင်းပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင် များအား ဖိတ်ခေါ် ဆွေးနွေးမှုကို လာမည့် နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခ န်းမ၌ ကျင်းပသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက် ဗိုလ်ဗထူးလမ်း မြေ အကျယ်အဝန်း ၁၁၄ ဧကပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်ရာ ယင်းကိစ္စနှင့် ပတ်သက်၍ စိတ်ပါ ဝင်စားသော လုပ်ငန်း ဆောင်ရွက်လိုသူ ပြည်တွင်းပြည်ပ ဆောက်လုပ်ရေး လုပ်ငန်းရှင် များနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြ ဆွေးနွေးပွဲကို ကျင်းပ သွားမည်ဟု လုပ်ငန်းရှင် များအား နိုင်ငံပိုင် မီဒီယာ များမှ ဖိတ်ခေါ်ခဲ့သည်။ အချိန်ကာလ သုံးနှစ်အတွင်း အကောင် အထည်ဖော် ဆောက်လုပ်၍ ပြည်သူ လူထုသို့ သင့်တင့်သော တန်ဖိုးဖြင့် ရောင်းချ ပေးသွားရန် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/all-news/local-news/2012-11-12-02-54-23

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ အခန်းပေါင်း ၅ဝဝဝ ပါဝင်မည့် အိမ်ရာ စီမံကိန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် အကောင် အထည်ဖော် သွားရန် စီမံကိန်း ရေးဆွဲလျက် ရှိရာ ယင်း စီမံကိန်းတွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင် နိုင်မှု အတွက် ပြည် တွင်းပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင် များအား ဖိတ်ခေါ် ဆွေးနွေးမှုကို လာမည့် နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခ န်းမ၌ ကျင်းပသွားမည် ဖြစ်သည်။

အထက်တန်းကျသော အမျိုးသားရေးနှင့် သန်း ၆ဝ ၏ မနက်ဖြန်

နိဒါန်း
------
လတ်တလော တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များသည် မြန်မာ့နွေဦးကို အရုပ် ဆိုးစေမည် ဟု နိုင်ငံ တကာ ကျွမ်းကျင်သူများက ထောက်ပြ ပြောကြားခဲ့ကြသည်။

သို့သော်လည်း အမျိုးသား လုံခြုံရေးနှင့် အမျိုးသားရေး အရ အနောက်ဘက် တံခါး မကျိုးပေါက်ရေး သည် အ သက်ေ သွးကြော ဖြစ်ကြောင်း ရပ်တည်ကြ သည်လည်းရှိသည်။ အချို့ကလည်း သဟဇာတ လူ့အဖွဲ့ အစည်းသို့ မျှော်မှန်း တည်ဆောက်သွားရန် အဆိုပြုကြသည်။

ငလျင်ဘေးအန္တရာယ် ကာကွယ်ရေး ပညာပေးလက်ကမ်းစာဆောင်

loading

အနာဂတ်အတွက် ခရီးသွား လေယာဉ်


အနာဂတ်အတွက် ခရီးသွား လေယာဉ်

ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ အတွင်း တကယ် တည်ဆောက်လာတော့မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့ ခေတ်သွားလာနေတဲ့ ခရီးသွား Boeing လေယာဉ်ကြီးများလိုပဲ ခရီသည် ရာနဲ့ချီတင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ပေါင်း များစွာ ပါရှိပါတယ်။ လေယာဉ်ကွင်းမလိုအပ်တော့ပါဘူး။ ကုန်းမှာလည်းဆင်း သက်လို့ ရသလို ရေပေါ်လည်း ဆင်းသက်လို့ ရပါတယ်။ ရည်ရွယ်ချက် ကတော့ ကုန်းမြေရှားပါးပြီး ပင်လယ်ရေ မြင့်တဲ့မယ့် အနာဂတ်မှာ အသုံးပြု နိုင်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်ကွင်းကို ဆိပ်ကမ်းတွေမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဆီစားသက်သာမှု ဖြစ်ပါတယ်။ ယနေ့ခေတ် ဆီစား သက်သာပါတယ်ဆိုတဲ့ နည်းပညာ အဆင့်မြင့် လေယာဉ်တွေထက် ၃၀ ရာခိုင်နှုန်း ပိုမို ဆီစားသက်သာစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာ ပေါင်းစပ်ပေးမယ့် Hybrid အင်ဂျင်ပါဝင်လာလို့ ဖြစ်ပါတယ်။ ပြီးတော့ လေယာဉ်ပေါ်မှာ ယခင်တုန်းကလို ပုံသေ ထိုင်နေဖို့ မလိုပါဘူး။ အတွင်းမှာ ခန်းမတွေပါ ပါရှိပြီး မင်္ဂလာဆောင် ခမ်းမလိုတောင် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ခန်းမ မထည့်ရင် ယင်းအစား ရုပ်ရှင်ရုံ ထည့်မယ် လို့ ဆိုပါတယ်။ လေယာဉ်ရဲ့  Stability သဘောအရ အခန်းလွတ်တဲ့ ခုံနဲ့ ကျကျ နန ထိုင်လို့ရတဲ့ ခန်းမကြီးတွေကိုပဲ ဒီဇိုင်နိာတို့က Recommend ပေးထား ပါတယ်။

အသံထွက် ဆူညံမှု မရှိပဲ လေပေါ်ပဲ သွားသွား၊ ရေပေါ်ပဲ သွားသွား ဇင်ယော် တစ်ကောင်လို လှလှလေး ပျံဝဲစေမယ်လို့ Shabtai Hirshber က အမွမ်းတင် ပြောဆိုထားပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကိုက လေယာဉ်ဆီရှားပါးတဲ့ ခေတ်မှာ လေးစီး ပျံသန်းနေတာထက် ယင်း ရေလေပျံ အနာဂတ် လေယာဉ် တစ်စီးသာ ပျံသန်းစေဖို့ ဖြစ်ပါတယ်။ တကယ် တည်ဆောက်တဲ့အခါဖော်ပြ ပါ နည်းပညာနဲ့ အပြင်အဆင်အားလုံး ပါရှိဖို့အတွက် လေယာဉ်ထုတ်လုပ် ရေး ကုမ္မဏီအချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: realitypod
TechSpace Journal
ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ အတွင်း တကယ် တည်ဆောက် လာတော့ မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့ ခေတ်သွားလာနေတဲ့ ခရီးသွား Boeing လေယာဉ်ကြီးများလိုပဲ ခရီသည် ရာနဲ့ချီ တင်ဆောင်နိုင် မှာ ဖြစ်ပါတယ်။ ထူးခြားချက်ပေါင်း များစွာ 
 

ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်းကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက် ရက်စွဲဖြင့် စာတစ်စောင် ပေးပို့

 
ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အမျိုးသမီးပုံ များ ဖော်ပြေ နခြင်း ကိစ္စနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ကိုက်ညီမှုမရှိသည့် ဖော်ပြနေမှုများအပေါ် စာနယ် ဇင်းကောင် စီအနေဖြင့် လိုအပ်သလို သုံးသပ်ဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက် ရက်စွဲဖြင့် စာတစ်စောင် ပေးပို့ထားသည်ဟု ဆိုသည်။ အဆိုပါစာကို ပူးတွဲဖော်ပြလိုက်ပါသည်။

ယနေ့မနက် ၀၀ နာရီ ၅၀ မိနစ် ၃၀ စက္ကန့်တွင် ရွှေဘိုမြို့၏ မြောက်အရှေ့မြောက် ၄၅ မိုင်ခန့် အကွာနေရာကို ဗဟိုပြု၍ ၅.၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်

နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် ၈၂ မိုင်ခန့်အကွာ မြန်မာနိုင်ငံ ပြည်တွင်း ရွှေဘိုမြို့၏ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ နေရာကို ဗဟိုပြုလျက် အင်အား ရစ်စ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားအသင့်ရှိ ပြင်းထန်သည့် ငလျင်လှုပ်ခတ်အပြီး တစ်ရက်တည်းတွင်ပင် နောက်ဆက်တွဲ ငလျင် ၄ ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနမှ သတင်း ရရှိသည်။

(၁)နှစ်သားအရွယ်ကလေးငယ် အုတ်ရိုက်သံနှင့်ဆော့ကစားရင်းမျိုချမိ



  နိုဝင်ဘာ ၁၂


ထောက်ကြန့်မြို့၊ ရဲစုတောင် ရပ်ကွက်၊ မေတ္တာမွန်လမ်းနေ ဦးကျော်စိုးလင်း+ဒေါ်ခိုင်ဇင်လတ် တို့၏ သားဦး ၁နှစ်အရွယ်ရှိ မောင်ကျော်မင်းဟိန်း သည် ၂၉-၁၀-၂၀၁၂ နံနက် ၈း၀၀ နာရီ အိမ်၌ ဆော့က စားနေ စဉ်၁လက် မခွဲခန့်ရှိအုတ်ရိုက်သံအားမျို ချမိသွားခြင်းကြောင့် ရန်ကုန် ကလေးဆေးရုံကြီးသို့နံနက်၁၀း၀၀ နာရီ အချိန်တွင်သွားရောက်ပြသပြီး လိုအပ်သော စစ်ဆေးမှုများပြု လုပ်ပြီး ဓါတ်မှန်ရိုက်ရာခန္ဓာကိုယ် အတွင်းရှိနေခြင်းကြောင့် ဆေးရုံ တွင် စောင့်ကြည့်ပြီး ၃၁-၁၀-၂၀၁၂ နေ့တွင် ယခင်ဓါတ်မှန် ရိုက်ထား တာထက်အောက်သို့ကျ နေကြောင်း ထပ်မံ၍ဆေးရုံမှာပဲ စောင့်ကြည့်နေကြောင်း၊ ၃-၁၁-၂၀၁၂ နေ့

ဂွာတီမာလာနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းအနီး ရစ်ခ်ျတာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်

ဂွာတီမာလာနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းအနီး ရစ်ခ်ျတာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်ငလျင်တစ်ခု တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၁ ရက်) က လှုပ်ခတ်သွားကြောင်း သိရသည်။ 

ဂွာတီမာလာတွင် နိုဝင်ဘာ ၇ ရက်က ရစ်ခ်ျတာစကေး ၇.၄ အဆင့်ရှိ အင်အားပြင်းထန်လွန်းသော ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ယခု ထပ်မံလှုပ်ခတ်ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၇ ရက် ငလျင်ကြီးကြောင့် ဂွာတီမာလာတွင် ဒါဇင်နှင့်ချီ၍ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ 

တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်မှာ ဂွာတီမာလာနိုင်ငံ ချမ်ပီရီကိုမြို့နှင့် ၁၉ မိုင်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု၊ သေဆုံးဒဏ်ရာရရှိမှု သတင်းများ မရရှိသေးကြောင်း AP သတင်းတွင် ဖော်ပြသည်။
 
 
ဂွာတီမာလာနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းအနီး ရစ်ခ်ျတာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်ငလျင်တစ်ခု တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၁ ရက်) က လှုပ်ခတ်သွားကြောင်း သိရသည်။

အိုဘားမားခရီးစဉ်အတွက် ကန်အထူးတပ်ဖွဲ့များ လုံခြုံရေး စီမံဆောင်ရွက်


 လုံခြုံရေး စီမံနေသော အမေရိကန် အထူးတပ်ဖွဲ့များ၏ လှုပ်ရှားနေဟန်  
အမေရိကန် သမ္မတ မစ္စတာ ဘာရက်အိုဘားမား မြန်မာပြည်လာရောက်မယ့်ကိစ္စမှာ သူ့ရဲ့အထူး တပ်ဖွဲ့တွေ မြန်မာနိုင်ငံကို ကြိုတင်ရောက်ရှိနေပြီး လုံခြုံရေး အစီအမံတွေကို လေ့လာနေပါပြီဖြစ်ပါသည်။

မထုတ်လွှင့်သင့်တဲ့ သတင်းကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့မိလို့ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် နှုတ်ထွက်

 


မထုတ်လွှင့်သင့်တဲ့ သတင်းကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့မိလို့ သူ့မှာ တာဝန်ရှိပါတယ်ဆိုပြီး နိုဝင်ဘာ ၁၀ က နုတ်ထွက်သွားခဲ့တဲ့ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် နေရာမှာ တင်မ် ဒေဗီ (ပုံ) က လက်ရှိ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။ ဘီဘီစီကို ဆက်လက် မောင်းနှင်မယ့် 

"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"

"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"
ယနေ့(၁၂.၁၁.၂၀၁၂)ရက်နေ့၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့ရှိ ဘိုတောက်ထိန်လမ်း
နှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်းသိရသည်။အဆိုပါမီး
လောင်မှုသည် ၀ါယာရှော့ကြောင့် ဖြစ်ကြောင်း ပြောကြားချက်များအရသိရသည်။လက်ရှိတွင် ပျဉ်းမနားမီးသတ်စခန်းမှ မီးသတ်ကား
တစ်စီး ရောက်ရှိနေပြီဖြစ်ပြီး ရပ်မိရပ်ဖများမှလည်း ၀ိုင်းဝန်းငြိမ်းသတ်နေကြောင်းရသည်။ah

ယနေ့(၁၂.၁၁.၂၀၁၂)ရက်နေ့၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့ရှိ ဘိုေ တာက် ထိန်လမ်းနှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင် မှု ဖြစ် ပွားနေကြောင်းသိရသည်။

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်းမှာ မြန်မာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ အကြားမနေ့ညနေက ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့ ဒေသ ခံတွေ က ပြောပါတယ်။
တိုက်ပွဲဟာ နစက နယ်မြေ (၁)  လို့ သတ်မှတ်ထားတဲ့ အောင်သေပြ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယ မန်နေ့ ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စီအိုင်အေ ညွှန်မှုး ရဲ့  ချစ်ဇာတ်လမ်း


စီအိုင်အေ ညွှန်မှုး ရဲ့  ချစ်ဇာတ်လမ်း

တစ်ယောက်ထက် မက အချစ် ပိုမိခဲ့ သည့် ဗဟိုထောက်လှမ်းရေး ညွှန်ကြားရေး မှု ဒေးဗစ် ပီထရောစ် ၏ ချစ်ဇာတ် လမ်း တွင် စစ်ပွဲ မှတ်တမ်း
ရေးသား သူ ၊ သတင်းထောက် နှင့် စာရေး ဆရာ မ ပေါ်လာ ဘရော့ဝဲလ် မှာ
အခရာ ကျသည်။ ပေါ်လာ သည် ပီထရောစ် အကြောင်း ကို All In: The Education of General David Petraeus အမည်ရှိ စာ အုပ် ကို ရေးသား
ခဲ့ ရာ မှ သူ တို့  နှစ်ဦး ရင်းနှီးခဲ့ ကြသည်။ ပေါ်လာ သည် စတော့ ဘရော့ဝဲလ်
ဆိုသူ နှင့် အိမ်ထောင် ပြု ထား ပြီး ၊ သား နှစ်ဦး ရှိသည်။

ပေါ်လာ နှင့် ပီထရောစ့် တို့  ၏ ချစ်ဇာတ်လမ်းသည် လှို့ လှို့ ဝှက်ဝှက် ရှိ လှ ပြီး
နှစ်ယောက် တစ်ကမ္ဘာ ထက် မပို သော်လည်း ၊ ပီထာရော့ က ဂျေးကယ်လီ
ဆိုသည့် အမျိုး သမီး တစ်ဦး နှင့် ရင်ခုန်သံ ချင်း နီးလာ သည့် အခါ ပေါ်လာ က ကျွဲ မြီးတိုတော့ သည်။ ပေါ်လာ က နာမည် ၀ှက် ဖြင့် ဂျေး ထံ ခြိမ်းခြောက် စာ သဖွယ် အီးမေး များ ပို့  သည့် အခါ တွင် FBI က ခြေရာခံ မိ
ပြီး ပီထရောစ် ၏ ချစ်ဇာတ်လမ်း ကို ဖော် ထုတ် နိုင်ခဲ့ ခြင်း ဖြစ်သည်။

အေးချမ်းမွန်မှ  Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Freedom News Group(Burma)

တစ်ယောက်ထက် မက အချစ် ပိုမိုခဲ့ သည့် ဗဟိုထောက်လှမ်းရေး ညွှန်ကြားရေး မှု ဒေးဗစ် ပီထရောစ် ၏ ချစ်ဇာတ် လမ်း တွင် စစ်ပွဲ မှတ်တမ်း ရေးသား သူ ၊ သတင်းထောက် နှင့် စာရေး ဆရာ မ ပေါ်လာ ဘရော့ ၀ဲလ် မှာ အခရာ ကျသည်။ ပေါ်လာ သည် ပီထရောစ် အကြောင်း ကို All In: The Education of General David Petraeus အမည်ရှိ စာ အုပ် ကို ရေးသားခဲ့ ရာ မှ သူ တို့  နှစ်ဦး ရင်းနှီးခဲ့ ကြသည်။ ပေါ်လာ သည် စတော့ ဘရော့ဝဲလ် ဆိုသူ နှင့် အိမ်ထောင် ပြု ထား ပြီး ၊ သား နှစ်ဦး ရှိသည်။

ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည်



၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ ကျင့်မှု တွင် မြန် မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လာတော့မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ခု က ယနေ့ထုတ်ဖော်ပြောဆိုခဲ့သည်။

ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ


ငလျင်မလှုပ်မီ ဆောင်ရွက်ရန်

- အခန်းတွင်ခိုင်ခံ့သောစားပွဲခုံ၊အတွင်းနံရံသို့မဟုတ် တိုင် တံခါး ဘောင်အောက်စသော လုံခြုံေ သာ နေရာ များကို သိအောင် လုပ်ထားရန်
- ယင်းနေရာများအောက်သို့ အမြန်ဝင်၍ အကာအကွယ်ယူ၊ဆွဲကိုင်ရန် လေ့ကျင့်ထားရန်

- ပြတင်းပေါက်များ၊ မှန်များ၊ တွဲ လောင်းချိတ်ထားသော ပစ္စည်းများ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲ ပျက်စီးနိုင်သော နေ ရာများကို သိထားရန်

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ ခရီးစဉ် စတင်မည်

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ ခရီးစဉ် စတင်မယ်
Monday, November 12, 2012  

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  အိန္ဒိယနိုင်ငံသို့ ၅ ရက်တာ ခရီးကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ က စတင်မှာဖြစ်ပါတယ်။ 

ယနေ့ ည ၇ နာရီ ၄၀ မိနစ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ထိုင်းနိုင်ငံကတဆင့် အိန္ဒိယနိုင်ငံ၊ ဒေလီသို့ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ၀န်ကြီးချုပ် မာမို
ဟန်ဆင်းမ် အပါအ၀င် အိန္ဒိယ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့မှာဖြစ်
သလို ဂျဝါဟလာနေရှုး မွေးနေ့ အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနား
တက်ပြီး မိန့်ခွန်းပြောဖို့လည်း ရှိပါတယ်။ 

အိန္ဒိယရောက် မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ မြန်မာနိုင်ငံကို ပြန် လည် ရောက်ရှိမှာလည်းဖြစ်ပါတယ်။ 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံကို ရောက် ရှိလာမယ့် အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနဲ့ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာလည်းတွေ့ဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ် အချိန်ဇယားကို အောက်မှာ
ဖော်ပြထားပါတယ်။ 
 
၁။ နိုဝင်ဘာ ၁၂ ရက်နေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ
သို့ ( ည ၇ နာရီ ၄၀ မိနစ်) 
၂။ နိုဝင်ဘာ ၁၃ ရက်နေ့ ထိုင်းနိုင်ငံမှအိန္ဒိယနိုင်ငံ ဒေလီမြို့သို့ထွက်ခွာမည်။ 
၃။ နိုဝင်ဘာ ၁၄ ရက်နေ့ အိန္ဒိယ ၀န်ကြီးချုပ်နှင့်ဆွေးနွေးမည်၊ နေရူး
 အောက်မေ့ဖွယ် အမှတ်တရ မိန့်ခွန်း ပြောကြားမည်။ 
၎။ နိုဝင်ဘာ ၁၅ ရက်နေ့ အိန္ဒိယ နိုင်ငံ ဒုသမ္မတနှင့် တွေ့ရန်၊ ပါလီမန်သို့ အလည်သွားပြီး ပါလီမန် ဥက္ကဌ နှင့်တွေ့မည်။ 
၅။ နိုဝင်ဘာ ၁၆ ရက်နေ့ Lady Shri Ram College သို့ သွားရောက်
လည်ပတ်မည်။ Bengaluru သို့သွားပြီး မြန်မာအသိုင်းအ၀ိုင်းနှင့် တွေ့မည်။ 
၆။ နိုဝင်ဘာ ၁၇ ရက်နေ့ Rural Development Projects နှင့် Indian Institute of Science တို့သို့ သွားရောက်လည်ပတ်ပြီး ထိုင်းနိုင်ငံသို့
 ပြန်လည်ထွက်လာမည်။ 
၇။ နိုဝင်ဘာ ၁၈ ရက်နေ့ ထိုင်းနိုင်ငံမှ ထွက်ခွာလာမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ 

irrawaddy

နိုဝင်ဘာ ၁၂

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံသို့ ၅ ရက်တာ ခရီးကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ က စတင်မှာဖြစ်ပါတယ်။

ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး လာရောက်ဖွယ်ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၁

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခတံတား စီမံကိန်းသို့
 နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေး
အင်ဂျင်နီယာ တစ်ဦးက  ပြောကြားသည်။

စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့


နိုဝင်ဘာ - ၁၁


ယနေ့ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရ စစ် ကိုင်းမြို့တွင် မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။