Monday 22 September 2014

ရဲတွေ အာဏာကို ကိုယ်ကျိုးအတွက် တလွဲသုံးခဲ့လား

ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ ရဲလေးဦးက မြစ်ကြီးနားမြို့ က နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါး ဝင် ရောက် ရှာဖွေမယ်ဆိုပြီးတော့ ဖမ်းဝရမ်း မပါဘဲ ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ အခုတော့ အဲဒီရဲလေးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ UNFC ဆိုတာ ခလုတ်ကန်သင်းတစ်ခုလား ?

Photo: ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ UNFC ဆိုတာ ခလုတ်ကန်သင်းတစ်ခုလား ?

စက်တင်ဘာ ၂၂ ရက် ၊၂၀၁၄ ခုနှစ်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသည် ၃ နှစ် ကျော်သို့ချဉ်းနင်း ၀င်ရောက်လာပြီဖြစ်သော် လည်း ပြည်တွင်းငြိမ်းချမ်းရေးသည် ယနေ့တိုင်ပြီးပြတ်နိုင်မှု မရှိသေးဘဲ အိပ်မက်ရှည် ခရီးတစ်ခုကဲ့သို့ ဖြစ်နေ ပေသည်။ ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် အစိုးရ UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ပါသည်။

ယခုဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်းအလို၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UNFC ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကြန့်ကြာနိုင်သည်ဟု မှတ်ချက်စကား ထွက်ပေါ်လာခဲ့သည်။ ထိုမှတ်ချက်စကားနှင့် ပတ်သက်ပြီး UNFC ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းစဉ်များသာ ချမှတ်ထားသည်ဟု ပြန်လည်တုံ့ပြန် ပြောဆိုထားခဲ့သည်။

UNFC အဖွဲ့ဝင်အားလုံးနီးပါး ပါဝင်နေသော NCCT ၏လုပ်ဆောင်ချက်များအတိုင်း UNFC ကတစ်သဘော တည်းလုပ်ဆောင်နေပါသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ခူးဦးရယ်ကပြောကြားခဲ့သည်။ သို့သော် UNFC ရဲ့ရပ်တည်ချက်များက ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ထိခိုက်စေသည်ကို ဆန်းစစ်ကြည့်ခြင်း ဖြင့် အဖြေထွက်နိုင်ပါသည်။

ပထမဦးစွာ UNFC အဖွဲ့ထဲက KNU နုတ်ထွက်သွားခြင်းကို သုံးသပ်ကြည့်ရပါမည်။ UNFC ၏လက်ရှိဖွဲ့စည်းပုံ သည်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်နေသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ အနေအထားနှင့် ကိုက်ညီသော UNFC အဖြစ် ပြုပြင် ပြောင်းလဲနိုင်ရန်၊ UNFC တွင် အမြဲတမ်း ဥက္ကဋ္ဌ၊ အမြဲတမ်းဗဟိုအလုပ်အမှုဆောင်များ မထားရှိဘဲ ဗဟိုချုပ်ကိုင် မှုအားလျော့ချပြီး UNFC အဖွဲ့အား ပြန်လည်ဖွဲ့စည်းရန် KNU ၏တင်ပြချက်အပေါ် UNFC ဥက္ကဋ္ဌ အင်ဘန်လက သဘောတူညီခြင်း မရှိသဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအချက်က UNFC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်များအဖြစ် ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက အလှည့်ကျ စစ်ဦးစီးချုပ်တာဝန်ယူရန်ဟူသော ဖွဲ့စည်းပုံကို ရေးဆွဲထားခြင်းသည် ယနေ့တပ်မတော်ကို ခြိမ်းခြောက်နေပြီး တိုင်းရင်းသားဒေသများကို အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားစေနိုင်သည်။ ထိုအချက်ကို UWJA ``၀´´အဖွဲ့ကပင် မဖြစ်နိုင်ဟု ထောက်ပြခဲ့ပြီး ဖြစ်ပါသည်။

တတိယအချက်က UNFC တွင် အဖွဲ့(၁၁)ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသော်လည်း အခြားတိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များ၏ အင်အားနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသောကြောင့် အမည်ခံသက်သက် လက်နက်ကိုင်အဖွဲ့ များဖြင့် နည်းနည်းနဲ့ကျဲကျဲ ၀ိုင်းထားသလိုဖြစ်နေခြင်း၊ အဓိကအင်အားကြီးသော UWSA ``၀´´အဖွဲ့၊ NDAA (မိုင်းလား)အဖွဲ့၊ RCSS/SSA အဖွဲ့တို့မပါဝင်ခြင်း စသည်တို့ကြောင့် UNFC သည် တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ကိုယ်စားမပြုဟုဆိုနိုင်ပါသည်။

UNFC တွင်ပါဝင်သော အဖွဲ့အစည်းမျာ၏ အင်အားမှာ KIO-၅၀၀၀၊ KNPP-၆၀၀၊ CNF-၂၀၀၊ NMSP-၆၀၀၊ SSPP/SSA-၄၀၀၀၊ PNLO-၅၀၊ PSLF-၂၀၀၊ ANC-မရှိ၊ LDU-မရှိ၊ WNO-မရှိ၊ KNO-မရှိ စသဖြင့် စုစုပေါင်း အင်အား(၁၀၈၅၀)ဦးရှိပါသည်။ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အင်အားမှာ (၅၁၂၀၀)ဦးဖြစ်ပါ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး၏ ငါးပုံတစ်ပုံသာရှိသော UNFC လိုအဖွဲ့မျိုးက စစ်တိုင်း တွေခွဲပြီး အလှည့်ကျ စစ်ဦးစီးချုပ်လုပ်ရန် မူဝါဒချမှတ်ခြင်းက ဟာသပျက်လုံးတစ်ခုလို ဖြစ်နေပါသည်။

အချုပ်ပြောရရင် UNFC ဆိုတာ တိုင်းတစ်ပါးရဲ့ ထောက်ပံ့ငွေပေးစာကမ်းစာ စားပြီးခေါင်းဆောင်ပိုင်းများသာ နေရာနဲ့လုပ်ပိုင်ခွင့်ရရှိနေသော အဖွဲ့ဖြစ်ပါသည်။ ခေါင်းစဉ်တပ်ပြီး ထောက်ပံ့ငွေများရနေပေမယ့် ယနေ့အချိန် ထိတိုင်းပြည်အတွက် ကောင်းရာကောင်ကျိုးတစ်ခုမှ မလုပ်ပြနိုင်ခြင်းက အံ့အားသင့်စရာဖြစ်ပါသည်။ ငြိမ်းချမ်း ရေးစကားဝိုင်းတွေမှာ UNFC ကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ခဲ့ရင် နီးလျက်ဝေးသွားရဦးမည့် ငြိမ်းချမ်းရေး ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အမည်ခံသက်သက် ကိုယ်ကျိုးရှာနေသော UNFC အနေနဲ့ မဖြစ်နိုင်တာများကို စိတ်ကူးနဲ့တွေးပြီး ရူးနေမည့်အစား ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ အကောင်းဘက်ကနေ ပါဝင်ရန် လိုအပ်ပါ သည်။ သို့မဟုတ်ဘဲ ကန့်လန်တိုက်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ UNFC ဆိုတာ ခလုတ်ကန်သင်း တစ်ခုပါလို့ သြဘာပေးခံရမည်ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးလည်း နောက်ဆုတ်သွားနိုင်ပါကြောင်း ရေးသား အပ်ပါသည်။

Credit: နေ၀န်းသစ်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသည် ၃ နှစ် ကျော်သို့ချဉ်းနင်း ၀င်ရောက်လာပြီ ဖြစ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးသည် ယနေ့တိုင်ပြီးပြတ်နိုင်မှု မရှိသေးဘဲ အိပ်မက်ရှည် ခရီးတစ်ခု ကဲ့သို့ ဖြစ်နေ ပေသည်။ ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် အစိုးရ UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ပါသည်။

RSO ကို တပ်ချခွင့်ပေးသော KIA သည်ကချင်ပြည်နယ်အား ဖျက်ဆီးခြင်းသာ ဖြစ်သည်


ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ထိန်းချုပ်နယ်မြေအတွင်းမှာ ဘင်္ဂါလီကုလားတွေဟာ ရိုဟင်ဂျာတပ်မတော် ထူထောင်ပြီး အခြေစိုက်ဖို့ တောင်းဆိုခဲ့စဉ်တုန်းက ဂွမ်မော်တို့က မဟုတ်ပါဘူးဆိုပြီး ဖင်ပိတ်ငြင်းခဲ့တာလေး ပြန်မြင်ယောင်မိပါသေးသည်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးဟု တစ်နိုင်ငံလုံးက လက်ခံထားသည့် တိုင်အောင် ဘင်္ဂါလီတွေဟာ ပေါ်ပေါ်တင်တင် တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ်သုံးစွဲပြီး ကချင်လူမျိုးများနဲ့ တညီတညွတ်တည်းဖြစ်ကြောင်း ဒီဘင်္ဂါလီတွေရဲ့ အင်အား ဟာလည်း ကချင်လူမျိုးများရဲ့ အင်အားသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပေါ် KIO ကလူတွေ အကျေနပ်ကြီး ကျေနပ်ကြ ပေလိမ့်မည်။

နိုင်ငံသားဖြစ်ခွင့်ရသည့် ဘင်္ဂါလီများကို လိုအပ်လျှင် ဒေသန္တရအမိန့် ထုတ်ပေးမည်ဟုဆို

ရခိုင် ပြည်နယ် မြေပုံမြို့နယ်ရှိ ဘင်္ဂါလီများ အနက် ၁၉၈၂ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူများကို နိုင်ငံ သားအခွင့်အရေး နေရာချထားပေး ရာတွင် လိုအပ်လျှင်ဒေသန္တရအမိန့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောကြားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ ပြည်ပမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၇၀ ကျော် သြဂုတ်လအတွင်း ဝင်ရောက်

Photo: ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ ပြည်ပမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၇၀ ကျော် သြဂုတ်လအတွင်း ဝင်ရောက်
Monday, September 22, 2014

 ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် သြဂုတ်လအတွင်း နိုင်ငံခြားကုမ္ပဏီ လုပ်ငန်း ၁၃ ခု ဝင်ရောက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ ရင်းနှီးမြှုပ်နှံမှုစာရင်းများတွင် ဖော်ပြထားသည်။

မင်းဘူးမြို့နယ်ရှိ ရေနံလုပ်ကွက်တွင် လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) ကန်ဒေါ်လာ ၆၇၄ သန်းကို နိုင်ငံခြားကုမ္ပဏီ ၁၃ ခုက ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီ ၁၃ ခုသည် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၆၇၄ သန်းဖြင့် လက်ရှိအစိုးရ တာဝန်ယူ ခဲ့သည့်နောက်ပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ ပမာဏအများဆုံး ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။

လက်ရှိအစိုးရ တာဝန်ယူပြီးနောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရာ၌ သဘာဝသယံဇာတ တူး ဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများထက် စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ဟိုတယ်ကဲ့သို့ အလုပ်အကိုင်အခွင့် အလမ်းရရှိနိုင်သည့်လုပ်ငန်းများကိုသာ ဦးစားပေးခွင့်ပြုလျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး (ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး) က မီဒီယာများကို မကြာခဏ ပြောသည်။

“ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေမှာဆိုရင် (၂၀၁၂- ၁၃ နှင့် ၂၀၁၃-၁၄ ) စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ အများ ဆုံးဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ကလည်း သယံဇာတတူးဖော်တဲ့လုပ်ငန်းတွေ ထက် တခြားရင်းနှီးမြှုပ်နှံမှုတွေမှာ ပိုမိုဝင်ရောက်ဖို့ အကောင်းဆုံးလုပ်နေပါတယ်” ဟု ဇူလိုင် ၂၇ ရက်က ကုန်သည်/စက်မှု အသင်းချုပ် UMFCCI တွင် အစိုးရဌာနများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများကို ပြောသည်။

သြဂုတ်လအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် ကုမ္ပဏီ ၁၅ ခုကို ခွင့်ပြုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ၁၃ ခု ခွင့်ပြုသဖြင့် လုပ်ငန်းအရေအတွက် ဒုတိယအများဆုံး ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်မှုများကို လုပ်ကိုင်ခွင့်ပြုရာတွင် ယခင်အစိုးရ လက်ထက်ဆောင်ရွက်ခဲ့သည့် ပုံစံများထက် ပွင့်လင်းမြင်သာမှုရှိစေရန် ကမ္ဘာ့အသိအမှတ်ပြု EITI အဖွဲ့ဝင်ဖြစ်ရေးကို ဆောင်ရွက်ထားလျက်ရှိသည်ဟု သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက သြဂုတ် ၁၀ ရက်တွင် ပြောထားသည်။

လက်ရှိအစိုးရ တာဝန်မယူမီ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာသန်းပေါင်း တစ်သောင်းကျော် (၁၀ ဘီလီယံကျော်) ကို ခွင့်ပြုခဲ့ပြီး မာဏအများဆုံး ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

Mizzima - News in Burmese
မင်းဘူးမြို့နယ်ရှိ ရေနံလုပ်ကွက်တွင် လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) ကန်ဒေါ်လာ ၆၇၄ သန်းကို နိုင်ငံခြားကုမ္ပဏီ ၁၃ ခုက ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် သြဂုတ်လအတွင်း နိုင်ငံခြားကုမ္ပဏီ လုပ်ငန်း ၁၃ ခု ဝင်ရောက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ ရင်းနှီးမြှုပ်နှံမှုစာရင်းများတွင် ဖော်ပြထားသည်။

ပျောက်ဆုံး တောင်တက်သမား ၂ ဦး အတွက် အသက်အာမခံ ထားခြင်းမရှိ

Photo: ပျောက်ဆုံး တောင်တက်သမား ၂ ဦး အတွက် အသက်အာမခံ ထားခြင်းမရှိ
Monday, September 22, 2014

ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံးနေသည့် မြန်မာအမျိုးသား တောင်တက် သမား ၂ဦး အတွက် အသက် အာမခံ ထားခြင်း မရှိကြောင်း သိရသည်။

တောင်တက်သမား ၂ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့သည် ခါကာဘိုရာဇီတောင်ထိပ်ကို သြဂုတ်လ ၃၁ ရက် တွင် ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ရာသီဥတုအခြေအနေကြောင့် ပျောက်ဆုံးကာ ရက်ပေါင်း ၂၀ ကျော်သည့် ယနေ့အချိန် အထိ ရှာဖွေနေရဆဲ ဖြစ်သည်။

ထိုအခြေအနေကြောင့် တောင်တက်သမား ၂ ဦး အတွက် အသက်အန္တရာယ် စိုးရိမ်မှုများလည်း ရှိနေကြသည်။

တက္ကသိုလ်များ ခြေလျင် နှင့် တောင်တက် အသင်း သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့်က မြန်မာ့ဓလေ့ အရ ခရီးသွားခါနီးတွင် အသက်အာမခံပါက နိမိတ်မကောင်းဟု ယူဆသဖြင့် အသက်အာမခံ မလုပ်ဆောင်ထားကြောင်း ယမန်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် တောင်တက်သမားများ အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြား ခဲ့သည်။

“အသက်အာမခံနဲ့ ထိခိုက်မှု အသက် အာမခံတွေ မရှိပါဘူး။ ထားဖို့ကလည်း တဦးတယောက်နဲ့ပဲ ဆိုင်တာပါ”ဟု ဦးမျိုးသန့်က ဧရာဝတီ သို့ ပြောသည်။

မြန်မာ့အာမခံ လုပ်ငန်းမှ (မီးအာမခံ) လက်ထောက် မန်နေဂျာ ဦးစောစိန်လင်း က အသက်အာမခံနှင့် ထိခိုက်မှု အသက်အာမခံ သည် တဦးတယောက်အနေဖြင့်လည်း ထားနိုင်ပြီး အသင်းအဖွဲ့အနေဖြင့်လည်း လာရောက် ထားနိုင်ကြောင်း၊ အသင်းအဖွဲ့အနေဖြင့် ထားပါက အသင်းအမည်နှင့် အသင်းဝင်အမည်များပါ ပေးရမည် ဖြစ်ကြောင်း မြန်မာပြည်တွင် အာမခံထားရှိမှု နည်းပါးနေသေးကြောင်းကို ဧရာဝတီသို့ ပြောသည်။

“တချို့လူတွေက အစွဲအလန်းပေါ့၊ အာမခံထားရင် မကောင်းဘူး။ တကယ်ဖွံ့ဖြိုးတဲ့ လုပ်ငန်းရှင်ဆိုရင် အဲ့ဒီလိုမဟုတ်ဘူး။ အာမခံ က ထားသင့်တာပေါ့။ လူဆိုတာ ဘယ်ချိန်မှာ ဘာဖြစ်မယ်ဆိုတာကို မမျှော်မှန်းတဲ့အန္တရာယ်တွေ ဖြစ်နိုင်တယ်”ဟု ဦးစောစိန်လင်း က ဆိုသည်။

တောင်တက်သမားများ အနေဖြင့်လည်း အသက်အာမခံ နှင့် ထိခိုက်မှုအသက် အာမခံထားမည် ဆိုပါက ထားနိုင်ကြောင်း သိရ သည်။

“တောင်တက်သမားတွေ အသက်အာမခံ ထားတဲ့ အလေ့အထက အရင်ကတည်းက မြန်မာပြည်မှာ မရှိဘူး။ အာမခံ ကိစ္စကလည်း အခုအချိန်လောက် မကျယ်ပြန့်သေးဘူး”ဟု ရန်ကုန်မြို့ရှိ အမည် မဖော်လိုသော တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်း ၀င်ဟောင်း တဦးက ပြောသည်။

ခါကာဘိုရာဇီတောင် တက်သည့် မြန်မာအမျိုးသား ၂ဦး ပျောက်ဆုံးနေသည်ကို ရှာဖွေရန်အတွက် ယခုလ ၂၇ ရက် အပြီးရှာဖွေရန် ရက် သတ်မှတ်လိုက်ကြောင်းလည်း တောင်တက်သမားများကို ကူညီရှာဖွေ ပေးနေသော ထူးဖောင်ဒေးရှင်း ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးကိုကို က ဧရာဝတီသို့ ပြောသည်။

တောင်တက်သမား ၂ဦး ကို သတ်မှတ်ရက် အတွင်း မတွေ့ခဲ့ပါက ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ၏ လမ်းညွန်ချက် အတိုင်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အတိအကျ မပြောနိုင်သေးကြောင်းနှင့် တောင်တက်သမား ၂ဦးကို အသက်ရှင်လျက်နဲ့ ပြန်လည်တွေ့နိုင်ရန် ကြိုးစား ရှာဖွေနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လက်ရှိတော့ မြေပြင်ရှာဖွေရေး၊ ရဟတ်ယာဉ် ကောင်းကင်ရှာဖွေရေးနဲ့ သွားနေပါတယ်။ မြေပြင်ရှာဖွေရေးကနေတော့ သတင်း တွေ မရသေးဘူး။ တရုတ်ပြည် တိဘက်ကနေရှာဖွေတဲ့အုပ်စုဘက် တွေဆီကလည်း ဘာသတင်းမှ မရသေးဘူး။ ဒီမနက် သတင်းအရ တော့ ခါကာဘိုရာဇီ တောင်ဘက်မှာ ရာသီဥတုအခြေအနေ ဆိုးရွားနေပါတယ်”ဟု ဦးဖြိုးကိုကို က ပြောဆိုသည်။

ယမန်နေ့က ကျင်းပသည့် တောင်တက်သမားများ အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲတွင် ဦးမျိုးသန့် က“တောင်တက်တဲ့ အတွေ့အကြုံအရ ပြောရရင်တော့ ရေခဲချောက် ထဲလည်း ရောက်ကောင်း ရောက်နိုင်တယ်။ လမ်းလည်း ပျောက်တာတွေ ဖြစ်နိုင်တယ်။ ရေခဲချောက်တွေအထိ ရှာဖွေဖို့ လုပ်ဆောင်နေပါတယ်။ ဒီရက်ပိုင်း အဲ့ဒီဒေသမှ ကျောက်တုံးတွေ ရေခဲတွေ နေ့စဉ်ပြိုကျနေပါတယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသော မြန်မာ အမျိုးသား တောင်တက်သမား ၂ ဦးသည် အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို သြဂုတ် လ ၃၁ ရက်တွင် မြန်မာနိုင်ငံအလံကို စိုက်ထူးနိုင်ခဲ့ပြီး နိုင်ငံတော် သီချင်းနှင့် အသင်းသီချင်းတို့ကို ဆက်သွယ်ရေး စကားပြောစက်ဖြင့် Base Team နှင့် အပြန် အလှန် အဆက်သွယ်ရာမှ ကြားကြရကြောင်း သိရသည်။

တောင်အဆင်းတွင် လမ်းကြောင်း နှင့် ရာသီဥတု အခြေအနေကြောင့် Base Teamကို စက်တင်ဘာ ၅ ရက်တွင် ရောက်ရှိရန် သတ် မှတ်ထားခဲ့သော်လည်း ထိုတောင်တက်သမား နှစ်ဦးသည် မရောက်ရှိဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု ဦးမျိုးသန့် က ထပ်မံရှင်းပြ သည်။

တောင်တက်သမား၂ ဦး သတ်မှတ်ထားသည့် ရက်မရောက်ရှိလာသဖြင့် Base Team မှ ရွာလမ်းပြသည် အမြင့်ပေ ၁၅၈၀၀ နှင့် အမြင့်ပေ ၁၆၂၀၀ သို့ တက်ရောက်ရှာဖွေခဲ့ကြောင်းလည်း သိရသည်။

ယခင် ဦးတေဇ ကချင်ပြည်နယ် မဒွယ်ရေခဲတောင်တွင် ၄ရက်ခန့်ပျောက်ဆုံးခဲ့သည်ကို လာရောက် ကူညီရှာဖွေသည့် ထိုင်းနိုင်ငံ၊ Advance Aviation မှ B4 ရဟတ်ယာဉ်တစ်စီးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်မောင်းနှင်ခဲ့ဖူးသည့် အတွေ့အကြုံရှိ ထိုင်းနိုင်ငံ သား ရဟတ်ယာဉ်မောင်း နှစ်ဦး၊ အမေရိကန်၊ နီပေါ တောင်တက်ကျွမ်းကျင်သူများလည်း ရှာဖွေနေကြသည်ဟု ဆိုသည်။

ထို ခါကာကာဘိုရာဇီတောင်ကို မြန်မာ အမျိုးသား ၈ဦး တက်ရောက်ရာတွင် တောင်ထိပ်ကို ၂ဦးသာရောက်ရှိခဲ့ပြီး ကျန် ၆ ဦးမှာ Base Team တွင် ကျန်ခဲ့ကြောင်း၊ Base Team တွင် ကျန်ခဲ့သည့် ၆ ဦးသည် ရန်ကုန်သို့ စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

ခါကာဘိုရာဇီ တောင်ထိပ်သို့ ၁၉၉၆ ခုနှစ်တွင် မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်း တောင်တက်အဖွဲ့က တက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့က တက်နိုင်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံတနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန် ရာဇီ စသော တောင်များမှာ အမြင့်ဆုံးဖြစ်ကြသည်။

နီပေါ နိုင်ငံ ဟိမ၀န္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧ၀ရက် တောင်(Everest) သို့ မြန်မာနိုင်ငံ သား ၅ ဦး ယခုနှစ်မတ်လတွင် ပထမဆုံးအကြိမ် တက်ရောက်ရန် ထူးဖောင်ဒေးရှင်း အဖွဲ့မှ စီစဉ်ခဲ့သော်လည်း ရာသီဥတု ဒဏ်ကြောင့် အစီအစဉ် ဖျက်ခဲ့ရကြောင်း သိရသည်။

ဧရာဝတီ BLOG

ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်တွင် လိုက်ပါသွားသည့် တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်းမှ အဖွဲ့ဝင်များရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းက ပြန်လည်ရောက်ရှိလာစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်တွင် လိုက်ပါသွားသည့် တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်းမှ အဖွဲ့ဝင်များရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းက ပြန်လည်ရောက်ရှိလာစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံးနေသည့် မြန်မာအမျိုးသား တောင်တက် သမား ၂ဦး အတွက် အသက် အာမခံ ထားခြင်း မရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ပထမ ငါးလအတွင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိ

ယခုဘဏ္ဍာနှစ် ပထမ ငါးလအတွင်းတွင် ကုန်သွယ်မှု တန်ဖိုးသည် ပြီးခဲ့သည့်နှစ် အ လားတူကာလထက် ကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ မြင့်တက် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့် က ပြောသည်။

မောင်တောနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဖွဲ့ စက်တင်ဘာ တတိယပတ်တွင်တွေ့မည်

Photo: မောင်တောနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဖွဲ့ စက်တင်ဘာ တတိယပတ်တွင်တွေ့မည်
Monday, September 22, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်းမှူး ဦးဆောင်သည့် နယ်ခြားစောင့် ကွပ်ကဲရေးမှူးအဖွဲ့နှင့် မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တို့ စက်တင်ဘာ တတိယပတ်အတွင်း နယ်စပ်အရေးတွေ့ဆုံဖွယ် ရှိကြောင်း နေပြည်တော်မှ သတင်းရရှိသည်။

‘‘အသစ်ပြောင်းသွားတဲ့ စစ်တကောင်းတိုင်းမှူးက ကျွန်တော် တို့ဘက်က နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးချုပ်နဲ့ တွေ့ဖို့ အဆိုပြုတာပါ။ ရက်အတိအကျ မပြောနိုင်သေးပေမယ့် စက်တင်ဘာ တတိယပတ်လောက် ဖြစ်နိုင်ပါတယ်’’ ဟု နေပြည်တော်ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၂ ရက် (သို့ မဟုတ်) ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ခေါင်းတုံးစခန်း ချစ်ကြည်ရေးတံတားအနီးတွင် တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စများအပြင် နယ်စပ်တစ်လျှောက် မှုခင်းဖြစ်စဉ်များအကြောင်းလည်း ဆွေးနွေးသွားမည်ဟု မောင်တော အခြေစိုက်အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ် သြဂုတ် ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဆင့် အစည်းအဝေးကို နယ်စပ်ပြဿနာဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

7 Day Daily

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်းမှူး ဦးဆောင်သည့် နယ်ခြားစောင့် ကွပ်ကဲရေးမှူးအဖွဲ့နှင့် မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တို့ စက်တင်ဘာ တတိယပတ်အတွင်း နယ်စပ် အရေးတွေ့ဆုံဖွယ် ရှိကြောင်း နေပြည်တော်မှ သတင်းရရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ဥပဒေတစ်ခုတော့ရှိသင့်ပြီ

မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်လူမျိုးများကိုအရင်းခံ၍ တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးဖြင့်ဖွဲ့စည်းထားသောနိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ၁၉၄၈ ခုနှစ်မှ အစပြု၍ နိုင်ငံအတွင်း သူတစ်လူငါတစ်မင်းစိတ်များဖြင့် အချို့သောတိုင်းရင်သားအဖွဲ့ များသည် လက်နက် စွဲကိုင်ကာ တောခို၍တော်လှန်ပုန်ကန်ခဲ့ကြသည်ကို သိရှိကြပြီးဖြစ်ပေလိမ့်မည်။ ၆၇ နှစ်ကျော်ကြာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ပဋိပက္ခများသည် မပြီးဆုံးနိုင်သေးပဲရှိခဲ့ရာမှ ယနေ့ခေတ်တွင် မှာတော့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တော်တော်များများဖြင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဖော်ဆောင်နေကြပြီဖြစ်ပေသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ပြည်သူများအား အသိပေးရှင်းလင်းရန် လိုကြောင်း ဗိုလ်ချုပ်ဂွန်မော် ပြော

Photo: တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ပြည်သူများအား အသိပေးရှင်းလင်းရန် လိုကြောင်း ဗိုလ်ချုပ်ဂွန်မော် ပြော
Monday, September 22, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်၏ Concept (အယူအဆ)နှင့် Process (လုပ်ငန်းစဉ်)ကို ပြည်သူလူထုအား ချပြရန်လိုအပ်ကြောင်း တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

ယနေ့ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူညီချက် တတိယမူကြမ်း ညှိနှိုင်းအစည်းအဝေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တချို့ ခေါင်းဆောင်များနဲ့ ပြည်သူများရဲ့ ပြောဆိုချက်တွေဟာ Single Text ရဲ့ Concept ကို နားမလည်တဲ့ ခေါင်းဆောင်များတွေ့ရပါတယ်။ Single Text လို့ ပြောလိုက်တာနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အစိုးရဘက်ပါသွားပြီးလား လို့ ဆွေးနွေးတဲ့ ခေါင်းဆောင်တွေရှိပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပြည်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း ‘‘တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဆွေးနွေးတဲ့အပေါ်မှာ လူထုအများစုသိနိုင်အောင် နှစ်ဖက်စလုံးက ရှင်းလင်းဆွေးနွေးပြသဖို့ တိုက်တွန်းလိုပါတယ်’’ဟု ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။

‘‘တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်အပေါ်မှာ လူထုကလည်း သိချင်နေကြပါတယ်။ ဘာလို့ကြာနေတာလဲလို့လည်း မေးနေကြတာရှိပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ ဆိုတာကိုလည်း ပြောနေကြပါတယ်’’ဟူ၍လည်း ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့သည် စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်မူကြမ်း ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပမည်ဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်များ အစုံအညီတက်ရောက်လျက်ရှိသည်။ ယခုဆွေးနွေးပွဲမှာ UPWC နှင့် NCCT တို့ကြား ခြောက်ကြိမ်မြောက်ဆွေးနွေးပွဲ ဖြစ်သည်။

7 Day Daily

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် ဆွေးနွေးပွဲ (ဓာတ်ပုံ- ကျော်ဇင်သန်း)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် ဆွေးနွေးပွဲ (ဓာတ်ပုံ- ကျော်ဇင်သန်း)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်၏ Concept (အယူအဆ)နှင့် Process (လုပ်ငန်းစဉ်)ကို ပြည်သူ လူထုအား ချပြရန်လိုအပ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

IS အဖွဲ့လက်မှ လွတ်မြောက်ရန် ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီသို့ ထွက်ပြေး

Photo: IS အဖွဲ့လက်မှ လွတ်မြောက်ရန် ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီသို့ ထွက်ပြေး
Monday, September 22, 2014

ဆီးရီးယား ကာ့ဒ်လူမျိုး အများအပြားသည် အစွန်းရောက် စစ်သွေးကြွအဖွဲ့ Islamic State ၏ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် စနေနေ့က တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ရသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ဇွန်လအတွင်းက ဖမ်းဆီးခြင်း ခံခဲ့ရသော တူရကီလူမျိုး ဓားစာခံ ၄၆ ဦး IS အဖွဲ့လက်မှ ပြန်လည်လွတ်မြောက်လာပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ ဆီးရီးယား ကာ့ဒ်လူမျိုး သောင်းနှင့်ချီ၍ တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

သောကြာနေ့က နယ်စပ်ဂိတ်ကို ဖွင့်လှစ်ပေးခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ တူရကီနိုင်ငံထဲသို့ ထွက်ပြေးလာသော ဆီးရီးယား ကာ့ဒ်လူမျိုး အရေအတွက်မှာ ၆၀,၀၀၀ ခန့်အထိ ရှိသွားပြီဟု တူရကီ ဒုဝန်ကြီးချုပ်က ပြောကြားသည်။

ကာ့ဒ်လူမျိုး အများအပြား နေထိုင်ရာ ဆီးရီးယား မြို့တစ်မြို့ ဖြစ်သော ခိုဘာနဲမြို့ကို IS အဖွဲ့က သိမ်းပိုက်ရန် ကြိုးစားသဖြင့် IS အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာမှ ဒေသခံ ဆီးရီးယား ကာ့ဒ်လူမျိုးများမှာ တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ခိုဘာနဲ့မြို့သည် ဆီးရီးယားနိုင်ငံ၏ တတိယမြောက် အကြီးဆုံး ကာ့ဒ်မြို့တစ်မြို့ ဖြစ်သည့်အပြင် တူရကီနှင့် နယ်စပ်တွင် တည်ရှိသဖြင့် ပထဝီဝင် အနေအထားအရ မဟာဗျူဟာမြောက် မြို့တစ်မြို့လည်း ဖြစ်သည်။

IS အကြမ်းဖက် အဖွဲ့သည် ပြီးခဲ့သော အင်္ဂါနေ့ကတည်းက ခိုဘာနဲမြို့အနီးသို့ စတင် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်ပြီး အချိန်တို အတွင်းမှာပင် ၎င်းမြို့ အနီးဝန်းကျင်ရှိ ရွာပေါင်း ၆၀ ခန့်ကို သိမ်းယူခဲ့သည်။

“IS အဖွဲ့ ကျွန်တော်တို့ ရွာထဲ ဝင်လာပြီး လူတိုင်းကို လိုက်ခြိမ်းခြောက်တယ်။ ရွာကို ဗုံးတွေနဲ့ တိုက်ခိုက်တယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ ထွက်မပြေးဘဲ ရွာမှာဆက်နေတဲ့ လူတွေကို ခေါင်းဖြတ်ပစ်တယ်” ဟု မိသားစုနှင့်အတူ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဆီးရီးယား ကာ့ဒ်အမျိုးသားတစ်ဦးက ပြောသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကမူ IS အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများတွင် IS အဖွဲ့သား ၁၈ ဦးအထိ သေဆုံးခဲ့ပြီးပြီဟု ထုတ်ပြန် ကြေညာထားသည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ပြီး အစ္စလာမ္မစ်နိုင်ငံတော် အဖြစ် ကြေညာထားပြီး ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှု အများအပြား ကျူးလွန်ထားသည့် IS အဖွဲ့ကို နှိမ်နင်းရန်အတွက် ကုလသမဂ္ဂက နိုင်ငံပေါင်းစုံ ပါဝင်သော ညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်။

The Voice Weekly
ဆီးရီးယား ကာ့ဒ်လူမျိုး အများအပြားသည် အစွန်းရောက် စစ်သွေးကြွအဖွဲ့ Islamic State ၏ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် စနေနေ့က တူရကီနိုင်ငံထဲသို့ ထွက်ပြေးခဲ့ရသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အစ္စလာမ္မစစ်သွေးကြွအဖွဲ့ IS ဆိုတာ ဘယ်သူတွေလဲ

Photo: အစ္စလာမ္မစစ်သွေးကြွအဖွဲ့ IS ဆိုတာ ဘယ်သူတွေလဲ
Monday, September 22, 2014

၂၀၁၃ ခုနှစ်တွင် အီရတ်အယ်လ်ကိုင်ဒါအဖွဲ့ (AQI) မှ ပေါ်ပေါက်လာသည်။ ပထမဆုံးသိမ်းယူခဲ့သည့် မြို့မှာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှ ရက္ကာမြို့ဖြစ်သည်။

ဇွန်လတွင် အီရတ်နိုင်ငံမှ မိုဆူးလ်မြို့အပါအ၀င် နေရာအများအပြားကို သိမ်းယူခဲ့ပြီး ဆီးရီးယားနှင့် အီရတ်နိုင်ငံများရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေများတွင် ဘာသာရေးခေါင်းဆောင်က အုပ်ချုပ်သည့် စနစ်တစ်ရပ်ကို ကြေညာခဲ့သည်။

ဆွန်နီအစ္စလာမ်အစွန်းရောက်အဖွဲ့တစ်ဖွဲ့ကို စည်းရုံးပြီး IS အဖွဲ့က မွတ်စလင်မဟုတ်သော ယာဇီဒီများ၊ ခရစ်ယာန်များအပြင် ရှီးအိုက်မွတ်စလင်များကိုလည်း ဘာသာရေးသစ္စာဖောက်များအဖြစ် သတ်မှတ်ကာ သုတ်သင်ခဲ့သည်။

စစ်သားများ၊ အနောက်နိုင်ငံများမှ ဂျာနယ်လစ်များနှင့် အကူအညီပေးရေး အလုပ်သမားများကို ခေါင်းဖြတ်သတ်ခြင်းအပါအ၀င် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို အသုံးပြုခဲ့သည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံများတွင် IS တပ်ဖွဲ့ဝင် ၃၁၀၀၀ ခန့်ရှိနေကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) က ခန့်မှန်းထားသည်။

အီရတ်အရှေ့မြောက်ပိုင်းရှိ IS အဖွဲ့များကို သြဂုတ်လလယ်မှစ၍ အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

BBC
၂၀၁၃ ခုနှစ်တွင် အီရတ်အယ်လ်ကိုင်ဒါအဖွဲ့ (AQI) မှ ပေါ်ပေါက်လာသည်။ ပထမဆုံးသိမ်းယူခဲ့သည့် မြို့မှာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှ ရက္ကာမြို့ဖြစ်သည်။

ငြိမ်းချမ်းရေးနေ့တွင် အစိုးရထံ ပြည်သူများက အချက်ငါးချက် တောင်းဆို

Photo: ငြိမ်းချမ်းရေးနေ့တွင် အစိုးရထံ ပြည်သူများက အချက်ငါးချက် တောင်းဆို
Monday, September 22, 2014

ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေး ပွဲများ မဖြစ်မနေကျင်းပရန်နှင့် လူမျိုး ရေး၊ ဘာသာရေးပဋိပက္ခများ၊အကြမ်းဖက်မှု များ မပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အပါအ၀င် အချက်ငါးချက်ကို အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာသေးမီကလည်း လူမျိုးရေး၊ဘာသာရေးကိုအခြေခံသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများပေါ်ပေါက်ခဲ့၍ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ဆုံးရှုံး ကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများကင်းမဲ့ခဲ့ရသည်။ ယင်း အတွက်ကြောင့် ငြိမ်းချမ်းရေးကို လိုလားသော လူငယ်များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် လေးလေးနက်နက် ကြေညာချက်ထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်ဟု ဆို သည်။

ငြိမ်းချမ်းရေးလိုလားသော တက်ကြွလှုပ်ရှားသူများက ပင်လုံစိတ်ဓာတ်ကိုအခြေခံသော ပွင့်လင်းမြင်သာ၍ အင်အားစုအားလုံး ပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရန်၊တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊တပ်မတော် နှင့် အစိုးရကြားဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းမြင်သာမှုရှိ အောင် ပြုလုပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

‘‘အပစ်အခတ်ရပ်စဲလောက်ရုံနဲ့တော့ ကျွန်မတို့လိုချင်တဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ပါဘူး။ ကျွန်မတို့အားလုံးလိုချင်တဲ့  စစ်မှန်တဲ့ ငြိမ်းချမ်းရေးထာဝရ တည်တံ့ခိုင်မြဲဖို့ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမှာဖြစ်ပါတယ်’’ဟု Generation Wave မှ မအိအိမိုးကပြောသည်။

ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများက တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအတွက် အမျိုးသားတန်းတူခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာ စေရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ပြည်သူများကြား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ကင်းမဲ့သော ပဋိပက္ခများ၊အကြမ်း ဖက်မှုများမပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့အနှံ့တွင် ပြုလုပ်ခဲ့ကြသည်။

7Day DAILY 

ငြိမ်းချမ်းရေးနေ့ ချီတက်ဆန္ဒဖော်ထုတ်ကြသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ငြိမ်းချမ်းရေးနေ့ ချီတက်ဆန္ဒဖော်ထုတ်ကြသူများကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေကျင်းပ ရန်နှင့် လူမျိုး ရေး၊ ဘာသာရေးပဋိပက္ခများ၊အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် အစိုးရအနေဖြင့် တာဝန် ယူမှုရှိစွာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အပါအ၀င် အချက်ငါးချက်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

အဘိဓမ္မာအခါတော်နေ့တွင် ချင်းမိုင်သျှမ်းစာ/ယဉ်အဖွဲ့က ယူနီကုတ်ဖောင့် အခမဲ့သွင်းပေးမည်

Photo: အဘိဓမ္မာအခါတော်နေ့တွင် ချင်းမိုင်သျှမ်းစာ/ယဉ်အဖွဲ့က ယူနီကုတ်ဖောင့် အခမဲ့သွင်းပေးမည်
Monday, September 22, 2014

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော အောက်တိုဘာလ ၈ ရက်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အင်တာနက်အသုံးပြုသူ သျှမ်းလူငယ်မောင်မယ်များ အား သျှမ်းယူနီကုတ်ဖောင့် အခမဲ့ ထည့်သွင်းပေးမည်ဟု သိရပါသည်။

သျှမ်းလူငယ်များ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယူနီကုတ်ဖောင့်အသုံးပြုရေးအတွက် ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးတွင် စက်တင်ဘာလ ၂၁ ရက်က ကျင်းပရာ ထိုသို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။

သျှမ်းစာပေသင်ရိုးညွှန်းတမ်းတွင် စာလုံးပေါင်းသည့်အတိုင်း ယူနီကုတ်ဖောင့်ဖြင့် စာရိုက်နိုင်မည့် နည်း လမ်းရှာဖွေနိုင်ရန်၊ လက်ရှိအသုံးပြုနေကြသော သျှမ်းယူနီ ကုတ်ဖောင့် ပြန့်နှံ့စေရန်ရည်ရွယ်ကြောင်း၊ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့တွင် ဝပ်ကူတောက် ဘုန်းကြီးကျောင်း၌ ချင်းမိုင်မှ သျှမ်းလူငယ် ရွှေ့ပြောင်းအလုပ်သမားများအား သျှမ်းစာပေယဉ်ကျေးမှု အသင်းမှ လူငယ်များက ကွန်ပြူတာ၊ လက်တော့ပ်၊ လက်ကုန်ဖုန်း၊ တက်ပ်လက်များအတွင်း ယူနီကုတ် ဖောင့်ထည့်သွင်းပေးမည်ဖြစ်ကြောင်း အသင်းဝင်လူငယ် စိုင်းဟန် က ပြောပါသည်။

“ကျနော်တို့ စေတနာအလျောက်ဘဲ ထည့်ပေးပါတယ်။ အဖိုးအခ မယူပါဘူး။ ဒါပေမယ့် အသင်းကို ကူညီထောက်ပံ့ချင်တယ်ဆိုရင်လည်း စေတနာအလျောက်ပေါ့နော်။ ထည့်ဝင်လှူဒါန်းလို့ ရပါတယ်။”

သျှမ်းလူငယ်များအကြား နည်းပညာပိုင်းဆိုင်ရာမြင့်တင်ရေးအတွက် ချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှု အသင်းက IT ပညာဝါသနာပါသူ လူငယ်များကို စုစည်းကာ နည်းပညာပိုင်းဆိုင်ရာအတွက် အသုံးပြုမည့် သျှမ်းဘာသာစာပေနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ယခုနှစ်ဆန်း ဂျန္နဝါရီလက စတင်ပြုလုပ်ခဲ့သည်။ ထိုနောက်ပိုင်း ၄ လ ခန့်အကြာ မေလမှ စ၍ ယခုချိန်အထိ လစဉ်လတိုင်း တလတကြိမ် အိုင်တီပိုင်းဆိုင် ရာ လူငယ်များ တွေ့ဆုံခဲ့ကြသည်။

သျှမ်းသံတော်ဆင့်
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော အောက်တိုဘာလ ၈ ရက်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အင်တာနက်အသုံးပြုသူ သျှမ်းလူငယ်မောင်မယ်များအား သျှမ်းယူနီကုတ်ဖောင့် အခမဲ့ ထည့်သွင်းပေးမည်ဟု သိရပါသည်။