Sunday 12 August 2012

အီရန် ငလျင် သေဆုံးသူ ၃၀၀ ကျော်

အီရန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၀၀ အထိ ရှိလာနိုင်ပြီး ဒဏ်ရာရရှိသူ ၂၆၀၀ ရှိကြောင်း The Guardian က ပြောကြားသည်။ 
 

“စည်းစိမ်တို့ကို လေးပုံ ခွဲဝေရာ၏”




သီလနှင့် ပြည့်စုံသော ပညာရှိသည် ဆီမီးကဲ့သို့ တင့်တယ် ထွန်းပ၏၊
ပျားသည် ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက်
ပျားလပို့ကို အားထုတ် ဆောက်လုပ် သကဲ့သို့ မိမိကို လည်းကောင်း၊
သူတစ်ပါးကို လည်းကောင်း မညှဉ်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့်
ဥစ္စာပစ္စည်းကို စုဆောင်း ရှာမှီးသော သူ၏ ဥစ္စာစည်းစိမ်တို့သည်
ခြတောင်ပို့ ကြီးပွါးသကဲ့သို့ ကြီးပွါးခြင်းသို့ ရောက်ကုန်၏။

“မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး”




ဝေးစွာ ရှောင်ကြဉ်သင့်သော မိတ်ဆွေယုတ် ၄-ယောက်

“မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး”




အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို     လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။

အီဂျစ်သမ္မတသစ် မိုဟာမက် မော်စီ ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ မိုဟာမက် တန်တဝီအား ရာထူးမှအနားယူရန် ညွှန်ကြား

အီဂျစ်သမ္မတသစ် မိုဟာမက် မော်စီသည် ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ မိုဟာမက် တန်တဝီအား ရာထူးမှအနားယူရန် ညွှန်ကြားလိုက်ကြောင်း CNN သတင်းက ပြောကြားသည်။ 

လန်ဒန်မြို့ တွင် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး မီးလောင်

လန်ဒန်မြို့ရှိ အသုံးပြုပြီးပစ္စည်း တစ်ကျော့ပြန်သုံးစွဲနိုင်ရေး လက်ခံဆောင်ရွက်ပေးသည့် Recycling Centre တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ 

မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာသည့်ကျာက်အစုအဝေးတစ်ခုပစိဖိတ်သမုဒ္ဒရာတွင်းမျာပါ လျက်ရှိ

ရေအောက် မီးတောင် ပေါက်ကွဲခြင်း ကြောင့်  ထွက်ပေါ် လာသည့် အရှည် ရေမိုင်၂၅ဝ နှင့် အနံမိုင် ၃ဝ ခန့် ပမာဏ ရှိ ပေါ့ပါးသော ကျောက်များ (Pumice)  သည် နယူးဇီလန် ကမ်းခြေ မှ မိုင် ၆ဝဝ ခန့်အကွာ ပစိဖိတ် သမုဒ္ဒရာ အတွင်း မျောပါနေ သည်ကို လေတပ် လေယာဉ် တစ်စင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ပါရှန်ပင်လယ်ကွေ့တွင် ဒုံးကျည်ကာကွယ်ရေး အမေရိကန်တိုးမြှင့်မည်

ပါရှန်ပင်လယ်ကွေ့တွင် ဒုံးကျည်များ၏အန္တရာယ် ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိသဖြင့် အမေရိကန်အစိုးရက ဒုံးကျည် ကာကွယ်ရေးများကို တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

၈ သောင်းတန် CDMA ဖုန်းများ ချထား ပေးရန် စီစဉ်

လာမည့် ၂၀၁၅ မတိုင်မှီ မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဟု သတင်း ထုတ်ပြန်ထားသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ ၈သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly ကိုပြောကြားသည်။

သတင်းတိုလေးများ (၁၂.၈.၂၀၁၂)

ရခိုင် နဲ့ အာသံ အရေးဆန္ဒပြမှုမှာ အကြမ်းဖက်မှုဖြစ်ပြီး သတင်းသမားများ အရိုက်ခံရ  Link
မေမြို့  - မိုးကုတ် - ဗန်းမော် မဟာဗျူဟာမြောက် လမ်းကွန်ရက်ယက်ကြီး  Link
အမေရိကန်ရှိ ဦးသန့်ကျွန်း   Link  

ပညာသင်နိုင်ရေး လုံခြုံရေးပေးရန် ဘူးသီးတောင်၊ မောင်တော ဒေသခံများ သမ္မတထံစာတင်မည်

ဆူပူ အကြမ်းဖက်မှုများ ပြန်လည် တည်ငြိမ်နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့မှ တရားဝင် ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အခြေခံ ကျောင်းများ ပြန်လည် မဖွင့်လှစ် နိုင်သည့် အတွက် ပညာသင်ယူခွင့် ဆုံးရှုံး နေသည့်ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေး လုံခြုံရေး ချပေးရန် အဆိုပါ ဒေသမှရပ်မိရပ်ဖများ စုပေါင်းကာ နိုင်ငံတော် သမ္မထံ စာတင်သွား မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေးကျင်းပမည်'

ဧရာဝတီတိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေး ၁/၁၂ ကို ယခုလ ၁၅ ရက်နေ့မှစတင်ကာ ၃ ရက်တာ ကျင်းပမည်ဖြစ်ပြီး ရေးရာကော်မတီ ၈ ခုနှင့် အမြဲတမ်းကော်မတီ ၃ ခုတို့၏ အစီရင်ခံစာ ကိုဖတ်ကြားမည်ဟု လွှတ်တော် ပြန်ကြာျးရးဌာနက ဦးအောင်ဟိန်းက ပြောသည်။

တွေ့မရှောင်နှင့် စိုးလင်းဦးတို့ သရေကျ

မြန်မာ့ရိုးရာလက်ဝှေ့သမိုင်းတွင် တစ်ဦးလျှင် ထိုးကြေး ကျပ်သိန်း ၃၀ ရရှိကာ အမြင့်ဆုံး စံချိန်တင်ခဲ့သည့် တွေ့မရှောင်နှင့် စိုးလင်းဦးတို့၏ ပွဲစဉ်မှ မှတ်တမ်းဓာတ်ပုံများသြဂုတ်လ ၁၂ ရက်က သိမ်ဖြူအားကစားခန်းမတွင် ကျင်းပခဲ့သည့် ၄င်းတို့၏ ၅ ချီ အထူးစိန်ခေါ်ပွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင်ကာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး ပူးတွဲသရေကျခဲ့သည်။ ယခုပွဲစဉ်သည် ၄င်းတို့နှစ်ဦး၏ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမြှုဖစ်ပြီး ပထမအကြိမ်ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အနိုင်အရှုံးအဖြေမပေါ်ခဲ့ပေ။

နာဆာ၏လဆင်းယာဉ် စမ်းသပ်ပျံသန်းစဉ် ပေါက်ကွဲ

နာဆာအဖွဲ့သည် ၎င်းတို့၏လဆင်းယာဉ် Morpheus ကို ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းတွင် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ရာ ၎င်းလဆင်းယာဉ်သည် ပြေးလမ်းပေါ်တွင် မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရုရှားစစ်သင်္ဘောများ မြေထဲပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုပြီးဆုံးပါက ဆီးရီးယားသို့ သွားမည်မဟုတ်

ရုရှား ရေတပ်ပူးပေါင်းတပ်ဖွဲ့သည် မြေထဲပင်လယ်အတွင်း မဟာဗျူဟာမြောက် ရေတပ်စစ်ရေးလေ့ကျင့်မှု ကို နှစ်ရက်ကြာ အောင်မြင်စွာ ပြုလုပ်ပြီးဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက    သြဂုတ် ၁ဝ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

လေဖိအားနည်းဆဲလ် 93W သည် အနည်ငယ် ပိုမိုအားကောင်းလာ

သြဂုတ်လ ၁၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၃၃၀ နာရီတွင် ရရှိသည့် MTSAT ဂြိုလ်တုဓါတ်ပုံနှင့် NRL data များအရ လေဖိအားနည်းဆဲလ် 93W သည် အနည်ငယ် ပိုမိုအားကောင်းလာပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားရှိရာ ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ၏ အရှေ့ဘက် မိုင် ၆၂၀ ခန့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
 
93W - 12 Aug 2012 0600Z
Location: 16.5 130.2
Winds: 20 knots
Central Pressure: 1007 hPa
 
 

မြစ်ရေကြီးမှု အခြေအနေသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် (၁၃း၀၀) နာရီအချိန် ထုတ်ပြန်ချက်)

သံလွင်မြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ ဘားအံမြို့ တွင် (၈၇၁) စင်တီမီတာသို့  ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၂၁) စင်တီ မီတာ (၄ - ပေခန့်) ကျော်လွန်   နေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃) ရက် အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၇၅၀) စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိ နိုင်ပါသည်။

နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်၌ ယနေ့နံနက် ၉ နာရီခန့်က တွေ့ဆုံခဲ့ပြီး တစ်နာရီခန့်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိဒေါက်တာတင်မာအောင်က အတည်ပြု ပြောကြားသည်။

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။


ကမ္ဘာ့အံဖွယ် အသေးငယ်ဆုံး ခွေးကလေး

ယော့ခ်ရှိုင်းယားပြည်နယ်မှ အသေးငယ်ဆုံး လူစီအမည်ရှိ ခွေးကလေးမှာ အလျား ၆ လက်မ၊ အမြင့် ၅ ဒသမ ၇ လက်မသာရှိပြီး အလေးချိန် ၂ ဒသမ ၅ ပေါင်သာရှိသည်။ 

နီပါးဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးတစ်မျိုး အမေရိကန်သိပ္ပံပညာရှင်များ ထုတ်လုပ်

အမေရိကန်သိပ္ပံပညာရှင်များသည်လူကိုသေစေနိုင်လောက်သောနီပါးဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိရောက် စွာ ကာကွယ်နိုင်မည့်ကာကွယ်ဆေးတစ်မျိုးကိုထုတ်လုပ်ရန်ကြိုးပမ်းလျက်ရှိရာ ယခုအခါ အောင်မြင်မှုရရှိရန် နီးစပ်လာပြီ ဖြစ်ကြောင်း သြဂုတ် ၈ ရက်က ဆေးဝါးသိပ္ပံဆိုင်ရာ ဂျာနယ်တစ်စောင်   ၌ ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်၌ နောက်အပတ်တွင်ဆွေးနွေးတော့မည်

မျှော်တလင့်လင့် စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို လွှတ်တော် တွင် နောက်အပတ်၌ ဆွေးနွေးကြ တော့မည် ဖြစ်ပြီး၊ သမ္မတက ယခုလအတွင်း လက်မှတ်ရေးဖွယ်ရှိ သည်ဟု ဥပဒေပြုလုပ်ငန်းစဉ်နှင့် နီးစပ်သူများက သောကြာနေ့တွင် ပြောကြားသည်။

ဖိလစ်ပိုင်ပင်လယ်ပြင် အရှေ့ပိုင်းမှ လေဖိအားနည်းဆဲလ် 93W

သြဂုတ်လ ၁၂ ရက် မြန်မာစံတော်ချိန် ၀၀၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အရှေ့ဘက် ၈၂၅ မိုင်ခန့်တွင် ဇူလိုင်လ ၂၂ ရက်နေ့က စတင်၍ဖြစ်ပေါ်နေခဲ့ သည့် လေဖိအားနည်းဆဲလ် LPC-93W သည် ပိုမို၍ အားကောင်းလာနေပြီး၊ အနောက်ဘက် (ဖိလစ်ပိုင်နိုင်ငံဘက်သို့) ရွေ့လျားလျှက်ရှိပါသည်။ ယင်း လေဖိအားနည်းဆဲလ်သည် ဆက်လက် အားကောင်းလာကာ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ခြေ MEDIUM အဆင့် သတ်မှတ်ထားကြောင်း JTWC ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

အထက်ပေါင်းလောင်း ဆည်ကြောင့်ဒေသခံ နစ်နာမှုရှိကြောင်း ကယန်းလူငယ်အဖွဲ့ ရှင်းလင်းပြောဆို

၂၀၁၂ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်မည်ဖြစ်သောသျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ်မှ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာ ၂၃ရွာမှာ အန္တရာယ်ကြုံတွေ့နိုင်ပြီး နစ်နာမှု များရှိနေကြောင်း ကယန်းမျိုးဆက်သစ်လူငယ် -KNGY က မန္တလေးမြို့၌ ယနေ့ ပြောဆိုလိုက်သည်။

အပစ်ရပ်ကာလအတွင်း ကရင်နီစာပေ ပထမဆုံး စတင်ပို့ချ

 

ယခင်က သင်ကြားပို့ချခွင့်မရခဲ့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့် ကရင်နီစာပေကို အပစ်ရပ်ကာလအတွင်း ပထမဆုံး စတင်သင်ကြားပို့ချနေပြီး ဖြစ်သည်။