Wednesday 25 June 2014

ဂျပ်စတင်ဘီဘာ ယာဉ်မတော်တဆမှုဖြစ်

ဘီဘာလီဟေးလ်က Steak House ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားပြီး ကာဒီလက် အနက်ရောင် Escalade ကားကြီးနဲ့ စားသောက်ဆိုင်က ပြန်ထွက်လာတဲ့ ဂျက်စတင်ဘီဘာကို BMW ကား တစ်စီး က ဝင်တိုက်လိုက်တာပါ။

မီဒီယာအဖွဲ့များရေးဆွဲသည့် သတင်းမီဒီယာ နည်းဥပဒေကို ပြန်ကြားရေးဝန်ကြီး ဌာနသို့ ပို့တော့မည်

Photo: မီဒီယာအဖွဲ့များရေးဆွဲသည့် သတင်းမီဒီယာ နည်းဥပဒေကို ပြန်ကြားရေးဝန်ကြီး ဌာနသို့ ပို့တော့မည်
Wednesday, June 25, 2014

သတင်းမီဒီယာ အဖွဲ့အစည်းများကိုယ်တိုင် ရေးဆွဲထားသည့် သတင်းမီဒီယာ နည်းဥပဒေကို မတ်လမှ စတင်ကာ သုံးလကြာသည့်အထိ ရေးဆွဲပြီးနောက် ဇွန်လ ၂၈ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက 
ဇွန်လ ၂၅ရက်က ယင်းနည်းဥပဒေကို မီဒီယာသမားများကို ရှင်းလင်းပြသည့် ပွဲ၌ ပြောသည်။

" ဥပဒေမူကြမ်းတုန်းက သတင်းသမား အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ အချက်တချို့ကို ပြန်ကြားရေးဝန်ကြီးဌာနဲ့ လွှတ်တော်က ကန့်ကွက်တာတွေရှိလို့ အလျှော့ ပေးလိုက်ရတာတွေရှိတယ်။ တတ်နိုင်သလောက်တော့ သတင်းသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ အချက်တွေ ပြည့်စုံအောင် ရေးဆွဲထားပါတယ်။ နည်းဥပဒေ အသက်ဝင်သွားရင် သတင်းသမားတွေကို ထိရောက်တဲ့ အကာကွယ်တွေပေးနိုင်မှာပါ"ဟု ဦးကျော်မင်းဆွေက ပြောသည်။
နည်းဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကိုရယူကာ အတည်ပြုပြဌာန်းမည်ဖြစ်သည်။
ထိုနည်းဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး ဇွန်လ ၂၅ရက်က ရုပ်သံ၊ ပုံနှိပ်မီဒီယာ စသည့် မီဒီယာ လုပ်ငန်းများရှိ အယ်ဒီတာများ၊ သတင်းထောက်များထံမှ အကြံပြုချက်များကို တောင်းခံခဲ့သည်။

Mizzima - News in Burmese 

မန်မာ သတင်းမီဒီယာလောကသားများအား သတင်းမီဒီယာ နည်းဥပဒေ အသိပေးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ မြန်မာနိုင်ငံ စာနယ်ဇင်းကောက်စီ(ယာယီ) ရုံးခန်းတွင် ဇွန်လ ၂၅ရက် နံနက်ပိုင်းက ပြုလုပ်နေစဉ် 
(ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)
မြန်မာ သတင်းမီဒီယာလောကသားများအား သတင်းမီဒီယာ နည်းဥပဒေ အသိပေးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ မြန်မာနိုင်ငံ စာနယ်ဇင်းကောက်စီ(ယာယီ) ရုံးခန်းတွင် ဇွန်လ ၂၅ရက် နံနက်ပိုင်းက ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)
သတင်းမီဒီယာ အဖွဲ့အစည်းများကိုယ်တိုင် ရေးဆွဲထားသည့် သတင်းမီဒီယာ နည်းဥပဒေကို မတ်လမှ စတင်ကာ သုံးလကြာသည့်အထိ ရေးဆွဲပြီးနောက် ဇွန်လ ၂၈ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဇွန်လ ၂၅ ရက်က ယင်းနည်းဥပဒေကို မီဒီယာသမားများကို ရှင်းလင်းပြသည့် ပွဲ၌ ပြောသည်။

အမျိုးသားတက္ကသိုလ်(၇)ခု သတ်မှတ်ရေးကို အဆင့်မြင့်ပညာရေး ဥပဒေ အတည်ပြုပြီးမှသာ စတင်အကောင်အထည်ဖော်နိုင်မည်

အမျိုးသားတက္ကသိုလ်(၇)ခု သတ်မှတ်ရေးကိုအမျိုးသားပညာရေး ဥပဒေကို အတည်ပြုပြီး နောက်ဆက်တွဲ ဥပဒေဖြစ်သည့် အဆင့်မြင့်ပညာရေးဥပဒေကို ရေးဆွဲအတည်ပြုပြီးမှသာ စတင်အကောင်အထည်ဖော်နိုင် မည်ဖြစ် သည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာဇော်မင်းအောင်ကပြောကြားခဲ့သည်။

မြိတ်မြို့နယ်တွင် မီးစက်သံဆူညံမှုကြောင့် ဆန္ဒပြမည်

Photo: မြိတ်မြို့နယ်တွင် မီးစက်သံဆူညံမှုကြောင့် ဆန္ဒပြမည်
Wednesday, June 25, 2014

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေပေးကျေးရွာတွင် မီးစက်ကြီးတစ်ခုမှာ  လူနေအိမ်များကြားတွင် တည်ဆောက်ထားပြီး ဒေသခံများက စက်သံဆူညံမှု အားလျော့ချပေးရန် အာဏာပိုင်များနှင့် စက်ပိုင်ရှင်ထံသို့
တင်ပြတောင်းဆိုခဲ့သော် လည်း လိုက်လျောမှု မရှိသောကြောင့် ဆန္ဒ ထုတ်ဖော် သွားကြမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ်လအတွင်း မီးစက်သံဆူညံမှုများအားလျော့ချပေးရန် စက်ရုံနှင့် နီးကပ်စွာ တည်ရှိနေသော
အိမ်ထောင်စုဝင်များမှ လက်မှတ်ထိုးကာ တင်ပြတောင်းဆိုခဲ့သော်လည်း ပိုင်ရှင်နှင့်အာဏာပိုင်များက
လစ်လျူရှုခဲ့သည် ဟုဒေသခံ ဦးဝင်းမြင့်မှ ပြောပြသည်။

“မီးစက်ကြီးလာတည်တာက လွန်ခဲ့တဲ့သုံးနှစ်ထဲကပါ။အဲဒီတုန်းကလည်း ပတ်ဝန်းကျင်က လူတွေကို ဘာမှမပြောပြဘဲ
ဒီအတိုင်းစက်ရုံတစ်ခု လာတည်ဆောက်ခဲ့တာပါ။ဖိုးသီးချိုမီးလင်းရေးက သူတို့ လျှပ်စစ်ထရန်စဖော်မာတစ်ခုကို
ဒီမှာလုပ် ဖို့ပြောတယ်။ မီးစက်အသေးလေးတစ်ခု လုပ်မယ်။ ပြီးရင် ရွာကို မီးပေးမယ်လို့ ပြောပါတယ်။ဒါကလည်း
ဒေသခံတွေသွားမေးမှပြောတာပါ။ဘာမှမချပြဘူး နောက်တော့တဖြည်းဖြည်းနဲ့ မီးစက်ကြီးတွေထပ်တိုးပြီးထိုင်လာတော့
ညဘက်ဆိုရင် အတော် ဒုက္ခရောက်နေကြပါပြီ ”ဟု ရွှေပေးကျေးရွာသား ဦးဝင်းမြင့်မှ ပြောကြားသည်။

အဆိုပါမီးစက်ကြီးအား ဒေသခံများက ပြောင်းရွှေ့ခိုင်းခြင်းမဟုတ်ကြောင်း လက်ရှိ ဆူညံနေမှုများအား လျော့ချပေးရန်
ကျောင်းသူ၊ကျောင်းသား၊ သက်ကြီးရွယ်အိုများအား ထောက်ထား စာနာပြီး ဆူညံသံများ လျော့ချပေးရန်သာ
တောင်းဆိုကြောင်း ရွှေပေးရွာသား တစ်ဦးက ဆိုပါသည်။ ယခင်က ရွှေပေးတစ်ရွာသာ မီးပေးခဲ့သော်လည်းယခုအခါ
ကွမ်းသီးချောင်း ကျေးရွာ၊ ကုန်းမြင့်သာယာရွာ၊ စရဖတပ်၊ စန္ဒ၀တ် ကျေးရွာများသို့ မီးစက်ကြီးများတိုးပြီး လျှပ်စစ်မီး
ဖြန့်ဖြူးပေးနေသည် ဟုသိရသည်။

“မီးစက်ကြီးကို သွပ်ပြားတွေကာထားရုံနဲ့ အသံပျောက်မသွားပါဘူး။မီး စက်အဆောက်အအုံကို ကွန်ကရစ်နဲ့ ဆောက်လုပ်ပြီး
အသံဆူညံမှုကိုလျော့ချနိုင်တဲ့ ပြောင်းတွေတပ်ဆင်ဖို့လိုပါ့မယ်”ဟု ဦးဝင်းမြင့်မှ ဆိုသည်။

မီးစက်ပိုင်ရှင်များမှဒေသခံ များတောင်းဆိုသည့်ကိစ္စမှာ ကုန်ကျစရိတ်များစွာ ကြီးမြင့်သည်ဟု အကြောင်းပြပြီး
ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ပြောကြားထားသည်ဟုဦးဝင်းမြင့်မှ ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအင်အားစုတွေ၊လူမှုရေးအသင်းအဖွဲ့တွေကို အကူအညီတောင်းခံ ပြီးဆန္ဒထုတ်ဖော်ခွင့်
တင်ပြနိုင်အောင်ပြုလုပ်သွားမှပါ ”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ဆန္ဒထုတ်ဖော်ခွင့်ကို ယခုလအကုန်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးထံတွင်သွားရောက်ခွင့်ပြု ချက်တင်ပြသွားမည်ဖြစ်ကြောင်း၊
ခွင့်ပြုချက်ရရှိပြီးသည်နှင့်တပြိုင်နက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်ထွဋ် ( မြိတ် )
The Myanmar Age
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေပေးကျေးရွာတွင် မီးစက်ကြီးတစ်ခုမှာ  လူနေအိမ်များကြားတွင် တည်ဆောက် ထားပြီး ဒေသခံများက စက်သံဆူညံမှုအားလျော့ချပေးရန် အာဏာပိုင်များနှင့် စက်ပိုင်ရှင် ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း လိုက်လျောမှု မရှိသောကြောင့် ဆန္ဒ ထုတ်ဖော် သွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မက္ကဆီကို မူးယစ်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိပြီ

Photo: မက္ကဆီကို မူးယစ်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိပြီ
Wednesday, June 25, 2014

မက္ကဆီကိုစစ်သားတွေက နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ တီဟွာနာမှာ မူးယစ်ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်ကို ဖမ်းမိပြီလို့ အစိုးရအရာရှိတွေက ဇွန် ၂၄ ရက်နေ့က ပြောပါတယ်။

အင်ဂျင်နီယာလို့ လူသိများတဲ့ လူးဝစ် ဖာနန်ဒို စန်ချဲ့ဇ် အာရေလာနိုကို တီဟွာနာမြို့က အိမ်တအိမ်ကို စစ်တပ်က စီးနင်းမှုအတွင်း ဇွန် ၂၃ ရက်နေ့ နေလည်ပိုင်းက ဖမ်းမိတာလို့ ဆိုပါတယ်။သူ့ကို ဖမ်းမိအောင် သတင်းပေးနိုင်သူ ကို မက္ကဆီကို ပီဆိုငွေ သန်း ၃၀ ပေးမယ်လို့ အစိုးရက ကမ်းလှမ်းခဲ့ဖူးပါတယ်။
မက္ကဆီကို အနောက်မြောက်ပြည်နယ် စီနာလိုအာက မိသားစုကြီးတခုကနေ ဆင်းသက်လာတဲ့ သူတို့ညီအကိုတွေဟာ ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အသက် ၃၀ ကျော်လို့ ယုံကြည်ရတဲ့ စန်ချဲ့ဇ်ဟာ ဂိုဏ်းကို သူဦးလေးဆီက အမွေရပြီး သူတို့ အာဏာလုပွဲကို ကာကွယ်ဖို့ နှိပ်စက် သတ်ဖြတ်တဲ့နည်းကို သုံးခဲ့တာပါ။
၂၀၀၈ ခုနှစ်က ရတဲ့ သတင်းအချက်အလက်တွေအရ ဂိုဏ်းကို ထိန်းချုပ်ဖို့ တိုက်ရာမှာ အပိုင်း ၂ ဖက်လုံးကြား အကြမ်းဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ အများကြီး ဖြစ်ခဲ့တယ်လို့ အမျိုးသားလုံခြုံရေး ကော်မရှင် အဖွဲ့ဝင် မွန်တီ အလဲဂျန်ဒရို ရူဘစ်ဒိုက ပြောပါတယ်။

တီဟွာနာဂိုဏ်းဟာ ပစ်ခတ်မှုတွေထဲမှာ ရှင်သန်ကျန်ရစ်မှု၊ ပြိုင်ဖက်တွေကို အတိအကျ လက်စားချေမှုနဲ့ အရာရှိတွေကို အပိုင်ကိုင်ထားနိုင်မှုတွေဟာ သူတို့ရဲ့စွန့်စားမှုတွေကြောင့် မက္ကဆီကိုမြောက်ပိုင်းက မူးယစ်ကုန်ကူးသူတွေရဲ့ စင်္ကြန်လမ်းတွေမှာ အကျော်အမော် ဖြစ်ခဲ့ဖူးပါတယ်။

DVB
မက္ကဆီကိုစစ်သားတွေက နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ တီဟွာနာမှာ မူးယစ်ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်ကို ဖမ်းမိပြီလို့ အစိုးရအရာရှိတွေက ဇွန် ၂၄ ရက်နေ့က ပြောပါတယ်။

ဘိလပ်မြေတွေ သင်္ဘောအစီးလိုက် အကြီးအကျယ် မှောင်ခို တင်သွင်းနေ

Photo: ဘိလပ်မြေတွေ သင်္ဘောအစီးလိုက် အကြီးအကျယ် မှောင်ခို တင်သွင်းနေ
Wednesday, June 25, 2014

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် ဆိုပြီး နိုင်ငံတကာ ဆိပ်ကမ်းတွေကနေ ဘိလပ်မြေတွေ သင်္ဘောအစီးလိုက် တင်သွင်းလာပြီး ရန်ကုန်ရောက်မှ အိတ်သွတ် ဈေးကွက်တွင်း ပြန်လည် ရောင်းချမှုတွေ ရှိနေကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူ အရာရှိတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တင်သွင်းလာတာ ဖြစ်လို့ ဒီဘိလပ်မြေတွေကို အကောက်ခွန်လွတ် တင်သွင်းခွင့်ပေးတာကို အခွင့်ကောင်းယူပြီး မှောင်ခိုသဘော ဈေးကွက်တင် ရောင်းချတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နောက်ပိုင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ဒီထက် အရှိန်မြှင့် အကောင်အထည် ဖော်လာရင် ခုထက် မှောင်ခိုသွင်းမှုနဲ့ မသမာမှုတွေ ပို များလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

DVB TV News
သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် ဆိုပြီး နိုင်ငံတကာ ဆိပ်ကမ်းတွေကနေ ဘိလပ်မြေတွေ သင်္ဘော အစီးလိုက် တင်သွင်းလာပြီး ရန်ကုန်ရောက်မှ အိတ်သွတ် ဈေးကွက်တွင်း ပြန်လည် ရောင်းချမှုတွေ ရှိနေကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူ အရာရှိတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပြင်ဦးလွင်မြို့မဟာမုနိမျက်ရှင်တော်ဘုရားကြီး ရောင်ခြည်တော်ကွန့်မြူး

Photo: ပြင်ဦးလွင်မြို့မဟာမုနိမျက်ရှင်တော်ဘုရားကြီး ရောင်ခြည်တော်ကွန့်မြူး
Wednesday, June 25, 2014

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်မြို့နယ် ရပ်ကွက်ကြီး(၂)နယ် မြေအတွင်းရှိ သာသနဟိတဓဇ နာယကဘွဲ့တံဆိပ်တော်ရ ရသေ့ ကြီး ဦးခန္တီတည်ထားကိုးကွယ်ခဲ့ သော မဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံအဆင့် စိန်ဖူးတော်မှ ရောင်ခြည်တော်များ ကွန့်မြူးဖြာထွက်နေသည်ကို ယခု လ ၁၉ ရက် ည ၈ နာရီကျော်က ရပ်ကွက်ပြည်သူတစ်ဦးတွေ့ရှိရာ ရပ်ကွက်အတွင်း သတင်းပျံ့နှံ့မှု ကြောင့် လာရောက်ဖူးမြော်သူများ နေ့စဉ်စည်ကားလျက်ရှိသည်။ 

ရပ်ကွက်နေ မျက်မြင်တွေ့ရှိ သူတစ်ဦးက လွန်ခဲ့သော ၁၇ နှစ် လောက်ကလည်းမဟာမုနိမျက်ရှင် တော်ဘုရားကြီး၏မျက်လုံးတော် မှ ရောင်ခြည်တော်များ ဖြာထွက် ကွန့်မြူးခဲ့၍ မြို့နယ်အတွင်းရှိ ပြည် သူများ လာရောက်ဖူးမြော်ကြသည် မှာ ကြိတ်ကြိတ်တိုး စည်ကားနေ သည်ကို တွေ့မြင်ခဲ့ရကြောင်း၊ယခု လည်းမဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ ဂန္ဓကုဋိတိုက် အပေါ်ဘုံ အဆင့်အလယ်မှစိန်ဖူးတော်အထိ ရောင်ခြည်တော်များ 
အစိမ်း၊ အနီ ရောင်စုံများကွန့်မြူးဖြာထွက်လျက် နေ့စဉ်ဖူးမြော်နေရပြီး ညဥ့် ၂ နာရီ ကျော်၌ အထက်ကောင်းကင်မှ အစိမ်းတန်းရောင်ခြည်များဘုရားကြီး ၏ ဂန္ဓကုဋိတိုက်အပေါ် ဘုံအဆင့် စိန်ဖူးတော်သို့ အလင်းတန်းများ ကျရောက်လာကြောင်း ပြောပြ ခဲ့သည်။

ရောင်ခြည်ကွန့်မြူးစဉ် လာ ရောက်ဖူးမြော်သူများ၏ တောင်းဆို ချက်အရ မဟာမုနိမျက်ရှင်တော် ဘုရားကြီးအတွင်း၌ ယခုလ ၂၁ ရက်ညပိုင်းက အလှူခံပုံးထားရှိ ရာ ည ၁ဝ နာရီအထိ အလှူငွေ ၁ဝသိန်းကျော်ရရှိခဲ့သည်။ သာသန ဟိတဓဇမာယကဘွဲ့တံဆိပ်တော်ရ ရသေ့ကြီးဦးခန္တီတည်ထား
ကိုးကွယ် ခဲ့သော မဟာမုနိမျက်ရှင်တော် ဘုရားကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံ အဆင့်၌ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကိုပြင်ဦးလွင် စာပန်းအိမ် ကိုယ်ပိုင်အထက်တန်း ကျောင်း အဂ္ဂမဟာသီရိသုဓမ္မမဏိ
ဇောတရ ဒေါက်တာကျော်စော (မိသားစု)က ရေစက်ချလှူဒါန်း ပူဇော်ခြင်း၊ ဗုဒ္ဓပူဇနိယမင်္ဂလာ အခမ်းအနားကို မေ ၂၄ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

The Union Daily
မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်မြို့နယ် ရပ်ကွက်ကြီး(၂)နယ် မြေအတွင်းရှိ သာသနဟိတဓဇ နာယကဘွဲ့တံဆိပ်တော်ရ ရသေ့ ကြီး ဦးခန္တီတည်ထားကိုးကွယ်ခဲ့ သော မဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံအဆင့် စိန်ဖူးတော်မှ ရောင်ခြည်တော်များ ကွန့်မြူးဖြာထွက်နေသည်ကို ယခု လ ၁၉ ရက် ည ၈ နာရီကျော်က ရပ်ကွက်ပြည်သူတစ်ဦးတွေ့ရှိရာ ရပ်ကွက်အတွင်း သတင်းပျံ့နှံ့မှု ကြောင့် လာရောက်ဖူးမြော်သူများ နေ့စဉ်စည်ကားလျက်ရှိသည်။ 

တယ်လီနော နယ်ဆင်း ဈေးကွက်ရှာ စည်းရုံး

Photo: တယ်လီနော နယ်ဆင်း ဈေးကွက်ရှာ စည်းရုံး
Wednesday, June 25, 2014

နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ နယ်မြို့တွေကို ဆင်းပြီး ကုမ္ပဏီရဲ့ ၀န်ဆောင်မှုဆိုင်ရာ ကိစ္စတွေကို ရှင်းလင်းပြောဆိုပြီး ဈေးကွက် ရှာဖွေမှုတွေ စ လုပ်နေပြီလို့ သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၁ ရက်နေ့က မြင်းမူမြို့မှာ မြို့ခံတွေနဲ့ တွေ့ဆုံပြီး တယ်လီနောအနေနဲ့ လာမယ့် စက်တင်ဘာလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချ ၀န်ဆောင်မှုပေးမယ့် အကြောင်း၊ ဆင်းကဒ် ၁ ခုကို ကျပ် ၁၅၀၀ သတ်မှတ်ထားတဲ့ အကြောင်း၊ ဖုန်းပြောဆိုခ ၁ မိနစ် ၂၅ ကျပ် သတ်မှတ်ထားကြောင်းနဲ့ ၅ နှစ်အတွင်း တနိုင်ငံလုံး လွှမ်းခြုံ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းပြပါတယ်။

ပထမအဆင့်အနေနဲ့ကတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့ကြီးတွေမှာပဲ စပြီး ၀န်ဆောင်မှု ပေးနိုင်ဦးမယ်လို့ တယ်လီနောကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးသိန်းထွန်းလှ က ပြောပါတယ်။

ဒီဗွီဘီ
နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ နယ်မြို့တွေကို ဆင်းပြီး ကုမ္ပဏီရဲ့ ၀န်ဆောင် မှု ဆိုင်ရာ ကိစ္စတွေကို ရှင်းလင်းပြောဆိုပြီး ဈေးကွက် ရှာဖွေမှုတွေ စ လုပ်နေပြီလို့ သတင်း ထုတ်ပြန်ပါတယ်။

တွင်းတောင်ကို ဘယ်လိုပြန်အသက်သွင်းမလဲ

Photo: တွင်းတောင်ကို ဘယ်လိုပြန်အသက်သွင်းမလဲ
Wednesday, June 25, 2014

မရောက်တာကြာပြီဖြစ်သည့် တွင်းတောင်သို့ ၂၀၁၃ တွင် ပြန်ရောက်လာသော တွင်းတောင်ရွာသား ဦးငွေမောင်သိန်းတစ်ယောက် တွင်းတောင်အတွင်းမှ ရေများကိုကြည့်ကာ အံ့သြသွားသည်။

သူတအံ့တသြဖြစ်စေသည့် မြင်ကွင်းက အခြားတော့မဟုတ်။ တစ်ချိန်က စိမ်းပြာရေညှိများ လှိုင်လှိုင်ထွက်ခဲ့ပြီး အစိမ်းပုပ်ရောင်သန်းနေသည့် ရေပြင်က ယခုတော့ အရောင်တွေလျော့ကျကာ အ၀ါရောင်ဖျော့ဖျော့ဘက်သို့ သန်းနေခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၀န်းကျင် ဦးငွေမောင်သိန်းတို့ တွင်းတောင်အင်းဘေးတွင် နေထိုင်ခဲ့စဉ်အချိန်က ကန်မျက်နှာပြင်ပေါ်၌ စိမ်းပြာရေညှိများ ထူထပ်များပြားစွာ ပေါက်ရောက်နေ၍ လှေလှော်၍ပင် မရခဲ့သော၊ ခဲတစ်လုံး လှမ်းပစ်လျှင်ပင် ရေအောက်သို့ ကျမသွားတတ်သော တွင်းတောင်အင်းရေပြင်မှာ အခုတော့ စိမ်းပြာရေညှိက ရေပြင်ပေါ်မှာ မတွေ့ရသလောက် ဖြစ်နေသည်။

ဘိုးစဉ်ဘောင်ဆက် တွင်းတောင်အင်းအတွင်းက တွင်းတောင်ရွာတွင် ဦးငွေမောင်သိန်းတို့မိသားစု နေထိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အသက်(၆၅)နှစ်အရွယ် ဦးငွေမောင်သိန်းသည် တွင်းတောင်ရွာတွင် (၅၉) နှစ်ကြာ နေထိုင်ခဲ့ပြီး ကွမ်းစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးခဲ့သည်။ ၁၉၉၈ ခုနှစ်၌ စပီရူလိုင်းနားဆေးဝါးထုတ်လုပ်ရေးအတွက် ရွာလုံးကျွတ် ပြောင်းရွေ့ခဲ့ရသဖြင့် တွင်းတောင်အင်းအနီးမှ    အင်းပြင်ပ တောင်ပေါ်ကျေးရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က တွင်းတောင်အင်းရေမျက်နှာပြင် ပြီးခဲ့သည့်နှစ်ကဲ့သို့ မြင့်တက်ခဲ့ဖူးသော်လည်း အင်းမျက်နှာပြင်မှ ရေညှိများ ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်က အသွင်အပြင်သဏ္ဌာန်တစ်ခုတည်းသာ ပြောင်းလဲသွားခြင်းမဟုတ်ပါ။ ယခင်က တစ်နှစ်လျှင် စိမ်းပြာရေညှိပေါင်း တန်ချိန်ထောင်ချီထွက်ရှိခဲ့သည့် တွင်းတောင်သည် လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်ကာ စိမ်းပြာရေညှိ အထွက်သိသိသာသာ လျော့ကျလာခဲ့ပြီး ယခုနှစ်တွင်တော့ လုံးဝမထွက်တော့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ပြောကြားခဲ့သည်။

‘‘ဒီနှစ်မှာတော့ လုံးဝမထွက်တော့ဘူး။ ရပ်သွားပြီ။ တွင်းတောင်မှာ စပီရူလိုင်းနားမရှိတော့ဘဲ တခြားအမျိုးမတူတဲ့ ရေညှိတွေ ၀င်လာတယ်။ အဲဒါက စပီရူလိုင်းနားမဟုတ်ဘူး’’ဟု တွင်းတောင်တွင် စိမ်းပြာရေညှိမှ ဆေးဝါးထုတ်လုပ်နေသည့် ဒေါက်တာမင်းသိမ်းကလည်းပြောသည်။

ထို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ ရေညှိဆိုင်ရာပညာရှင်များ၊ ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာပညာရှင်များက ဇွန်လ ၅ ရက်က နေပြည်တော်တွင် ခေါင်းချင်းဆိုင်ကာ အဖြေထုတ်ခဲ့ကြသည်။

အဖြေထုတ်ရာတွင် ကဏ္ဍအသီးသီးမှ ပညာရှင်များဖြစ်၍ တစ်ဦးနှင့်တစ်ဦး အယူအဆမတူမှုများလည်း ရှိခဲ့သည်။ သို့သော် သေချာသည်ကတော့ နှစ်ပါင်းများစွာ ဆေးဖက်ဝင်စိမ်းပြာရေညှိထုတ် ပေးခဲ့သော ဒေသခံများ ၀င်ငွေတိုးရန် တွင်းပိုးထုတ်ပေးခဲ့သော တွင်းတောင်မှာ အခုတော့ အခက်ခဲဆုံးအချိန်များ ရင်ဆိုင်နေရပြီဖြစ်၏။

စိမ်းပြာရေညှိ မထွက်တော့ခြင်းကြောင့် ဒေသခံတို့အပေါ် ရိုက်ခတ်မှုလည်း ရှိလာပါသည်။ တွင်းတောင် စိမ်းပြာရေညှိလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဒေသခံဝန်ထမ်း ၆၀ ကျော်ခန့်မှာ ယခင်လို အိုးမကွာ၊ အိမ်မကွာ လုပ်ကိုင်ခွင့်မရတော့ဘဲ စက်ရုံ၏အစီအစဉ်ဖြင့် အလုပ်အကိုင်ရရှိစေရန် စစ်ကိုင်းရေခါးအင်းစက်ရုံသို့ အလှည့်ကျ ပြောင်းရွှေ့လုပ်ကိုင်စေခဲ့ကြောင်း တွင်းတောင်ဆေးဝါးထုတ်လုပ်ရေးစခန်းမှ တာဝန်ခံ ဦးစည်သူကပြောပါသည်။

‘‘အရင်တုန်းက လက်ရှိဝန်ထမ်းတွေအပြင် နေ့စားဝန်ထမ်းတွေပါခေါ်ပြီး အလုပ်ပေးနိုင်ခဲ့တယ်။ ခုတော့ ရှိတဲ့ဝန်ထမ်းတွေကိုတောင် စက်ရုံမှာ လိုသလောက်ပဲထားခဲ့ပြီး စစ်ကိုင်းက ပင်မစက်ရုံကို ပြောင်းပေးထားတယ်’’ဟု ဦးစည်သူကပြောသည်။

စိမ်းပြာရေညှိသည် ကမ္ဘာတွင် မြန်မာနိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် ကွန်ဂိုနိုင်ငံတို့တွင်သာ သဘာဝနည်းလမ်းအတိုင်း ထွက်ရှိပြီး အခြားနိုင်ငံများမှာ မွေးမြူသည့်နည်းလမ်းအတိုင်းသာ ထွက်ရှိသည်။

ပြည်တွင်း၌ စိမ်းပြာရေညှိထွက်သောနေရာ ၁၀ နေရာခန့်ရှိပြီး တွင်းတောင်မှာ အများဆုံးထွက်သည်။ ရေခါးအင်းမှာလည်း အတန့်အသင့်ထွက်ရှိပြီး ကျန်နေရာများမှာ အနည်းငယ်သာထွက်သည်။ တွင်းတောင်မှ စိမ်းပြာရေညှိထုတ်လုပ်ရန် ၁၉၈၄ ခုနှစ်တွင် သုတေသနပြုပြီး ၁၉၈၈ ခုနှစ်မှ စတင်၍ ထုတ်လုပ်ခဲ့သည်။

‘‘တစ်ချိန်တုန်းက စိမ်းပြာရေညှိကို တွင်းတောင်ရွာက တိရစ္ဆာန်အစာအဖြစ်ပဲ သုံးခဲ့တယ်။ သုတေသနလုပ်ငန်းတွေ အောင်မြင်လာတဲ့နောက်ပိုင်း ဆေးဝါးနဲ့ စားသောက်ကုန်တွေအထိ ထုတ်လုပ်နိုင်ခဲ့တယ်’’ဟု တွင်းတောင်စိမ်းပြာရေညှိထုတ်လုပ်ရေး စခန်းတာဝန်ခံ ဦးစည်သူက သုတေသနလုပ်ငန်းများအစကို ပြောပြသည်။

မြန်မာနိုင်ငံရှိ တွင်းတောင်စိမ်းပြာရေညှိမှာ အထွက်နှုန်းအကောင်းဆုံးအပြင် အရည်အသွေးမှာလည်း အကောင်းဆုံးဖြစ်ခဲ့ပြီး ဆေးဖက်ဝင်သည့်အတွက် ဆေးဝါးပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်တို့တွင် အသုံးပြုခဲ့သည်။ ‘‘စိမ်းပြာရေညှိဆေးကို တစိုက်မတ်မတ် သုံးနေတဲ့သူတွေရှိတယ်။ ရေညှိမထွက်တော့ဘူးဆိုရင် အဲဒီလိုစားသုံးသူတွေအတွက် အခက်အခဲဖြစ်မယ်’’ဟု မုံရွာတက္ကသိုလ် ဘူမိဗေဒဌာနပါမောက္ခမှူး ဒေါက်တာဇော်မြင့်နီကပြောသည်။

တွင်းတောင်တွင် စိမ်းပြာရေညှိတစ်ခုတည်းတင် ပျောက်ကွယ်သွားခြင်းမဟုတ်ပါ။ တွင်းတောင်၏ အခြားလူသိများသည့် ၀ိသေသတစ်ခုဖြစ်သော တွင်းပိုးကောင်များလည်း မထွက်တော့ကြောင်း တွင်းတောင်အနီးရှိ တွင်းတော်ကျေးရွာ ဒေသခံများက ပြောသည်။ ရွာရှိလူဦးရေ၏ လေးပုံသုံးပုံခန့်က တွင်းပိုးဖမ်းသည့် လုပ်ငန်းအား ယခုလို မိုးရာသီကာလတွင် လုပ်ကိုင်ခဲ့ကြရာ ယခုနှစ်တွင်မူ တွင်းပိုးထွက်ရှိမှု မရှိတော့ခြင်းကြောင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်နေရကြောင်း ဒေသခံများကပြောသည်။ တွင်းတော်ရွာတွင် လူဦးရေ ၁၂၀၀ ကျော်ရှိကာ တွင်းပိုးရောင်းရသော ရက်များက တစ်ရက်လျှင် တစ်အိမ်လျှင် ကျပ်တစ်သောင်းဝန်းကျင် ၀င်ငွေရလေ့ရှိသည်။ တွင်းတောင်အင်းပတ်လည်တွင် ကျောက်တန်းစီကာ ကွန်ကရစ်လောင်းလိုက်သည့်အတွက် တွင်းပိုးအောင်းရန် နေရာမရှိတော့ကြောင်း ဒေသခံများကပြောသည်။ ထို့အပြင် တွင်းတောင်အင်းအတွင်း ငါးများပေါများလာခြင်းက စိမ်းပြာရေညှိအပြင် တွင်းပိုးကိုပါ ပျောက်ကွယ်စေခဲ့သည်ဟု ထင်မြင်ကြောင်း ဒေသခံတို့က ထင်မြင်ယူဆနေသည်။

‘‘တွင်းထဲမှာ အရင်က ငါးမရှိဘူး။ အခုငါးတွေပေါလာတော့ ငါးတွေစားတာလည်း ဖြစ်နိုင်တယ်’’ဟု ဒေသခံ ဦးဉာဏ်လင်းက ပြောပါသည်။

တွင်းတောင်အင်းအတွင်း ယခင်က ငါးများ နေထိုင်ကျက်စားခြင်း မရှိခဲ့သော်လည်း တွင်းတောင်အတွင်း တွင်းတော်ရွာတည်ရှိခဲ့စဉ်အချိန်က ကွမ်းစိုက်ပျိုးရေးအတွက် ရေချိုတွင်းများရှိခဲ့ပြီး အဆိုပါ ရေချိုတွင်းများအတွင်း ငှက်ဖျားရောဂါကာကွယ်ရေးအတွက် ငါးများမွေးမြူခဲ့ရာမှ အင်းအတွင်း ၀င်ရောက်ပေါက်ဖွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ပညာရှင်များကပြောသည်။ တွင်းတောင်အင်းအတွင်း ပေါက်ဖွားနေသည့် ငါးအမျိုးအစားမှာ တီလားဗီးယားငါးမျိုးဖြစ်ပြီး အဆိုပါငါးများ ပေါက်ဖွားမှုလျော့ကျစေရန် ရေလုပ်သား ငါးဦးမှဆယ်ဦးအထိ အသုံးပြုကာ စတင်ဖမ်းဆီးနေပြီး အင်းအတွင်း ငါးများမရှိတော့စေရန် စီမံကိန်းရေးဆွဲ၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု စခန်းတာဝန်ခံ ဦးစည်သူကပြောသည်။

တီလားဗီးယားငါးများမှာ စိမ်းပြာရေညှိများကို ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရပြီး အဆိုပါငါးများကို တွင်းတောင်အင်းအတွင်းမှ ပိုက်ကွက်အရွယ်စုံသုံး ရှင်းလင်းရန် လိုအပ်နေကြောင်း ပါမောက္ခ ဒေါက်တာဇော်မြင့်နီက အကြံပြုသည်။

စိမ်းပြာရေညှိမထွက်ရှိတော့ခြင်းမှာ ရေချိုနှင့် တီလားဗီးယားငါးများကြောင့်အပြင် ရာသီဥတုဖောက်ပြန်ခြင်း၊ ဂေဟစနစ် ပြောင်းလဲလာခြင်း၊ အလင်းရောင်နှင့် အပူချိန်ပြောင်းလဲခြင်း အစရှိသည့်  အချက်များလည်း ပါဝင်ကြောင်း၊ စပီရူလိုင်းနားမျိုးဆက်များ မကုန်ဆုံးစေရေး၊ ဂေဟစနစ်ပြောင်းလဲပျက်စီးခြင်းမရှိစေရေး  မူလသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း မုံရွာတက္ကသိုလ်ရုက္ခဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာအုန်းမောင်ကလည်း ပြောသည်။

စိမ်းပြာရေညှိ အထွက်လျော့စေသည့် ရေချိုဝင်ရောက်မှု လမ်းကြောင်းတစ်ခုအဖြစ် တွင်းတောင်အနီးရှိ မြစ်ရေတင်စီမံကိန်း ရေသွင်းမြောင်းကို လက်ညှိုးထိုးမှုများရှိနေ၍ အဆိုပါရေသွင်းမြောင်းမှ စိုက်ပျိုးရေမရရှိတော့မည်ကို ဒေသခံတောင်သူများက စိုးရိမ်လျက်ရှိသည်။

‘‘လက်ရှိစိမ့်ရေထွက်ရှိတဲ့နေရာက လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကတည်းက ရှိခဲ့တာ။ ဆည်မြောင်းပိတ်မယ်၊ ရေပိတ်မယ်ဆို အဆင်မပြေတော့ဘူး။ ဒီမြစ်ရေတင်စီမံကိန်းကြောင့် တစ်သီးစားကနေ သုံးသီးစားစိုက်နိုင်တာ’’ဟု ဒေသခံတောင်သူ ဦးဉာဏ်လင်းကပြောပါသည်။ အဆိုပါမြစ်ရေတင်စီမံကိန်းအား မှီခိုနေသူ ကျေးရွာပေါင်းသုံးဆယ်ဝန်းကျင်ခန့်ရှိပြီး ယင်းဒေသများမှာ မိုးခေါင်ရေရှားဒေသဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး မှီခိုစိုက်ပျိုးနေရကြောင်း ဒေသခံတောင်သူများကပြောသည်။

ရေငန်တွင်ထွက်ရှိသည့် စိမ်းပြာရေညှိသည် PH အဆင့် ၁၀ တွင် သဘာဝအတိုင်းထွက်ရှိပြီး လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က စတင်ခဲ့သော မြစ်ရေတင်စီမံကိန်းကြောင့် ရေချိုဝင်ရောက်ကာ PH အဆင့် ၈ ဒသမ ၆ သာရှိတော့သည့်အတွက် အထွက်နှုန်းလျော့သွားရာမှ လုံးဝမထွက်တော့ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးညိုမောင်ကပြောသည်။

ထိုသို့ အထွက်နှုန်းလျော့ကျလာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသော ရေခါးအင်းမှ စိမ်းပြာရေညှိကို တွင်းတောင်ထဲသို့ထည့်၍ ပြန်လည်မွေးမြူသော်လည်း မရတော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘PH Level မြင့်မှပဲ ရတော့မယ်။ လာလေ့လာသွားတဲ့ တရုတ်ပညာရှင်တွေကလည်း ရေချိုဝင်ရောက်တာကြောင့်လို့ ပြောသွားတယ်။ မနှစ်က နှစ်ဆယ်ရာခိုင်နှုန်း ထွက်တာကနေ ၆ လကြာ ဒီနှစ်မှာ လေ့လာကြည့်တော့ လုံးဝမပေါက်တော့ဘူး’’ဟု ဦးညိုမောင်ကဆိုသည်။

တွင်းတောင်စိမ်းပြာရေညှိမှ ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသော ဒေါက်တာမင်းသိမ်းက တွင်းတောင်တွင် ရေချိုဝင်ရောက်လာခြင်းကြောင့် PH Level ကျဆင်းလာပြီး စိမ်းပြာရေညှိများပွားများလာမှု မရှိတော့ခြင်း၊ ထို့အပြင် တွင်းအတွင်းရှိ ငါးများကလည်း စိမ်းပြာရေညှိများကို စားသုံးသည့်အတွက် လျော့နည်းရာမှ လုံးဝမထွက်ရှိတော့ခြင်းဖြစ်ကြောင်း ၎င်း၏အမြင်ကို ပြောသည်။

ထို့အပြင် တွင်းတောင်တွင် စိမ်းပြာရေညှိမျိုးပွားတိုးတက်ရေးကို ရည်ရွယ်ကာ ယူရီးယားနှင့် ဓာတုပစ္စည်းများ ထည့်သွင်းရာတွင် ယခင်ကာလများထက် ငါးဆခန့်ပိုမိုသုံးစွဲခြင်းကို သုံးသပ်တွေ့ရှိခဲ့ရသည်ဟု ပညာရှင်များကပြောသည်။ ထို့ကြောင့် ဓာတုပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများကို အထူးဂရုပြုသင့်ပြီး ယင်းတို့အား ထည့်သွင်းမှုကို ထိန်းချုပ်သင့်ကြောင်း သတိပေးဆွေးနွေးခဲ့သည်။

ဒေါက်တာဇော်မြင့်နီကတော့ တွင်းတောင်မှရေညှိ ရုတ်တရက် ကျဆင်းသွားရခြင်းသည် ရေသွင်းမြောင်းမှတစ်ဆင့် ရေချိုဝင်ရောက်နိုင်သည့် အက်ကွဲကြောင်းကြောင့် ဖြစ်နိုင်ခြေနည်းပါးကြောင်း ပြောသည်။

စိမ်းပြာရေညှိကိုမူ မူလအတိုင်း အထွက်နှုန်းတိုးတက်စေရန် မြစ်ရေတင်စီမံကိန်းမှ စပါးစိုက်ပျိုးမှုကို ရပ်ဆိုင်းခြင်းနှင့် စပါးစိုက်ပျိုးရန် ဖောက်လုပ်ထားသည့်မြောင်းကို ကွန်ကရစ်မြောင်းအဖြစ်    ပြန်လည်ပြောင်းလဲ လုပ်ဆောင်သင့်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက အကြံပြုထားသည်။

တွင်းတောင်အင်းတွင် စိမ်းပြာရေညှိ ပြန်လည်ရှင်သန်လာရန် ရေအောက်ရှိ မြေဆီလွှာကို ညစ်ညမ်းစေခြင်းမှ ကာကွယ်ပေးရန်၊ အင်းအတွင်း ပေါက်ပွားလာသော တီလားဗီးယားငါးများ ပျောက်ကွယ်သွားအောင် ဆောင်ရွက်ရန်၊ စပီရူလိုင်းနားပေါက်သော အင်းအတွင်း သဘာဝဂေဟစနစ်မပျက်စီးရန် အင်းပတ်ဝန်းကျင်၌ ဓာတုမြေသြဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ အလွန်အမင်း သုံးစွဲခြင်းမပြုရန်၊ စပီရူလိုင်းနားမျိုးဆက်များ မကုန်ဆုံးစေရန်အတွက် ဂေဟစနစ်ကို ပြောင်းလဲပျက်စီးခြင်းမရှိစေရန် မူလသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊ တွင်းတောင်အင်းအတွင်း မိုးရေ၀င်ရောက်ပြီး ရေမြင့်တက်ခြင်းနှင့် PH ပြောင်းလဲခြင်းမှ ကာကွယ်ရန်၊ တွင်းတောင်အင်း၏ ဘေးပတ်လည် သဘာဝမြေဆီလွှာတွင် ရေစုပ်အားကောင်းမွန်ပြီး ပင်ငွေ့ပြန်နှုန်းများသည့် အပင်များ ချိန်ဆစိုက်ပျိုးပေးသင့်ကြောင်း မုံရွာတက္ကသိုလ် သတ္တဗေဒဘာသာရပ် လေ့လာတွေ့ရှိချက်အပေါ် အခြေခံ၍ အကြံပြုထားသည်။

တွင်းတောင်အင်းစိမ်းပြာရေညှိ(ရေချိုတွင်ပေါက်ပွားသော ရေညှိများ)နှင့် အင်းအတွင်း ပေါက်ဖွားနေသောငါးများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများအား ကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် စီစဉ်နေကြောင်း ဦးစည်သူကပြောကြားခဲ့သည်။

တွင်းတောင်အင်းကြီးကြောင့် အံ့သြခဲ့ရသည့် ဦးငွေမောင်သိန်းတစ်ယောက် နောက်ထပ်အံ့သြစရာတွေ ဖြစ်လာမှာ စိုးရိမ်နေပုံရသည်။ သူက တွင်းတောင်အင်းဘက် တစ်ချက်လှမ်းကြည့်ရင်းပြောသည်။ ‘‘ဖြစ်ရပ်အမှန်ကို သေချာရှာစေချင်တယ်။ စပီရူလိုင်းနား ထုတ်လုပ်တာကိုလည်း မထိခိုက်စေချင်ဘူး။ နည်းလွဲသွားပြီး ဒေသခံတောင်သူတွေကိုလည်း မနစ်နာစေချင်ဘူး’’ဟု ဒေသခံ ဦးငွေမောင်သိန်းက ပြောလိုက်ပါတော့သည်။

7Day DAILY 

စိမ်းပြာရေညှိထုတ်လုပ်ရာ တွင်းတောင်အားတွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)
စိမ်းပြာရေညှိထုတ်လုပ်ရာ တွင်းတောင်အားတွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)
မရောက်တာကြာပြီဖြစ်သည့် တွင်းတောင်သို့ ၂၀၁၃ တွင် ပြန်ရောက်လာသော တွင်းတောင်ရွာသား ဦးငွေမောင်သိန်းတစ်ယောက် တွင်းတောင်အတွင်းမှ ရေများကိုကြည့်ကာ အံ့သြသွားသည်။

၂၀၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို ရုပ်ရှင်အစည်းအရုံးမှ ပထမဆုံး တာဝန်ယူပေးအပ်ချီးမြှင့်သွားမယ်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးအပ်ချီးမြှင့်ခြင်းကို ၁၉၅၂ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာက ပြန်ကြားရေးဝန်ကြီးဌာန မှတာဝန်ယူပေးအပ်ချီုးမြှင့်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်ထိပေးအပ်ခဲ့ပြီးဖြစ်ရာ ၂၀၁၃ခုနှစ်မှစတင်ကာ ရုပ်ရှင်အစည်းအရုံးကနေ တာဝန်ယူပေးအပ်မှာ ဖြစ်တာကြာင့် အကယ်ဒမီနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ဖြစ်ပုံတွေကို မေးဖြစ်ခဲ့တဲ့အခါ “၂၀၁၃ခုနှစ်အတွက် ရွေးချယ်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီရွေးချယ်ရေး ပထမအဆင့်မှာ ဝါရင့်အနုပညာရှင် အများအပြားပါဝင်ဖို့ စီစဉ်နေပါတယ်။ ရွေးချယ်စီစစ်ရေး ပထမအဆင့်ကို ဇူလိုင်လဆန်းမှာ စတင်စီစစ်မှာဖြစ်ပြီး ပါဝင်မယ့် အဖွဲ့များ စာရင်းကို ဇွန်လကုန်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမှာပါ။ ၂၀၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ခြင်းကို ရုပ်ရှင်အစည်းအရုံးက တာဝန်ယူပေးအပ်ခွင့်ရရှိမှာဖြစ်ပြီးတော့ ယခုနှစ်မှာ အကယ်ဒမီ ရွေးချယ်စီစစ်ရေး အဆင့်နှစ်ဆင့်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။ အကယ်ဒမီ ရွေးချယ်စီစစ်ရေး ပထမအဆင့်အတွက် လူစာရင်းတွေ လျာထားညှိုနှိုင်းနေတယ်။ ဝါရင့် အနုပညာရှင်တွေ အများအပြား ပါဝင်နိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။ အဆင့်နှစ်ဆင့်နဲ့ ရွေးချယ် စီစစ်သွားမှာပါ။

နိုင်ငံသား ၁၀ ဦး တိုင်ကြားရုံဖြင့် တပ်မတော်သားအမတ်များကို တာဝန်မှရပ်စဲနိုင်မည့် ဥပဒေ အမျိုးသားလွှတ်တော် အတည်ပြု

လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အမတ် တာဝန်မှ ရပ်စဲလိုပါက နိုင်ငံသားတစ်ဦးက ခေါင်းဆောင်ကာ နိုင်ငံသား ၁၀ ဦး၏ ခိုင်လုံသည့် အသိသက်သေလက်မှတ်ဖြင့် တာဝန်မှ ပြန်လည်ရပ်ဆိုင်းနိုင်သည့် ဥပဒေကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့ ဇွန်လ ၂၄ ရက်က အတည်ပြုလိုက်သည်။“လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေ”ကို အမျိုးသားလွှတ်တော်တွင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များနှင့် အမျိုးသား လွှတ်တော်ကော်မတီက ပြင်ဆင်ချက်များကို အပိုဒ်လိုက် အတည်ပြုလိုက်ခြင်းဖြစ်သည်။ တပ်မတော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီးတိုင်ကြားချက်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြောင်းကြားချက်ရသည့်အခါ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းကြောင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်း မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် သက်ဆိုင် ရာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်များကို ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

အမျိုးသားတစ်ဦး လျှပ်စစ်ဓာတ်ကြိုးပေါ် လဲကျရာမှ ဓာတ်လိုက်သေဆုံး

ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက် မိုးမောက် (၁) လမ်းထိပ်တွင် ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီခွဲခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ချော်လဲပြီး လျှပ်စစ်ဓာတ်ကြိုးပေါ် လဲကျရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း လှော်ကား နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ယင်းလမ်းတွင် နေထိုင်သူကို အောင်ပိုင်ဦးမှာ ၎င်း၏သူငယ်ချင်းနှင့် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်စဉ် လမ်းထိပ်တွင် ချော်လဲပြီး လမ်းဘေးသို့ အိကျကာ မြေကြီးနှင့် ကပ်နေသော ဓာတ်ကြိုးပေါ် လဲကျခဲ့ကြောင်း၊ ယင်းနောက် ဓာတ်လိုက်ပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း လှော်ကားနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။“ကောင်လေးက လက်ဖက်ရည်ဆိုင်သွားရင်း လမ်းကမိုးရေနဲ့ ချောနေတော့ ချော်လဲပြီး ဓာတ်ကြိုးပေါ် လက်ထောက်ပြီးကျတာ။ ဓာတ်ကြိုးကလည်း ပေါက်နေတော့ ဓာတ်လိုက်ပြီး လဲသွားတယ်၊ သူ့ သူငယ်ချင်းရယ် ဓာတ်လိုက်တဲ့ ကောင်လေးရဲ့ အဖေတို့က ဆေးရုံပို့ပေမယ့် လမ်းမှာဆုံးသွားတယ်” ဟု ဏ/၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။

ယာဉ်(၂)စီးမျက်နှာချင်းဆိုင်တိုက်မိသဖြင့် ယာဉ်မောင်း(၂)ဦးနှင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၃)ဦးတို့ ဒဏ်ရာရ

၂၄.၆.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ဥတိုကျေးရွာ၊ မိုင်တိုင် အမှတ်(၅၄/၇)အနီးတွင် ယာဉ်(၂)စီးမျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက် အရိပ်ရ သစ်ပင်များ စိုက်ပျိုးမည်

မန္တလေးမြို့၊ တောင်စလင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တသိက္ခနှင့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့၏ စီစဉ်မှုဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက်တွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးမြို့ ဗုဒ္ဓ ဘာသာသနာ ပြန့်ပွားရေး အသင်းချုပ် ဥက္ကဋ္ဌ ဦးလှဝင်းက The Messenger Media သို့ပြောသည်။

နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်ငံ

Photo: နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်ငံ
Wednesday, June 25, 2014

ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ဗီယက်နမ် သင်္ဘောနဲ့တရုတ်သင်္ဘောတွေရဲ့ ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့
သိရပါတယ်။ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံဌာနဟာ တရုတ်သင်္ဘောနဲ့ ဗီယက်နမ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်းမှာ ၀င်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဓါတ်ပုံတွေကိုပြသခဲ့ပြီး တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်အစိုးရက ကင်းလှည့်ရေယာဉ်ကို ၀ိုင်းရံပြီးရေပိုက်တွေနဲ့ ထိုးခဲ့ကြတယ်လို့လည်း ဗီယက်နမ်နိုင်ငံပိုင် ရုပ်သံဌာနက တနင်္လာနေ့နံနက်ပိုင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။
 
ဒါပေမယ့် ဒဏ်ရာရသူတစ်ယောက်မှ မရှိခဲ့ဘူးလို့သိရပါတယ်။ သတင်းမှာပြသခဲ့တဲ့ဓါတ်ပုံတွေမှာ တရုတ်နာနမည်ရေးထားတဲ့ သင်္ဘောကဗီယက်နမ်သင်္ဘောကို ၀င်တိုက်ခဲ့တာကြောင့် ဗီယက်နမ်သင်္ဘောမှာ အပေါက်ကြီးဖြစ်သွားခဲ့တဲ့ပုံလည်း ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ရေနံတူးစင်တည်ဆောက်ထားတဲ့ နေရာရဲ့အနောက်တောင်ဘက် (၂၁)ကီလိုမီတာအကွာအဝေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တရုတ်ကင်းလှည့်ရေယာဉ် အစင်း(၁၂၀)ခန့်ဟာ ရေနံတူးစင် တည်ဆောက်တဲ့နေရာမှာ ကင်းလှည့်နေတယ်လို့ ဗီယက်နမ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
 
တရုတ်နဲ့ဗီယက်နမ်နှစ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေဟာ ဟနွိုင်းမြို့မှာပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးမှုပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက် မရရှိခဲ့ကြဘူးလို့သိရပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုအရေးဆွေးနွေးဖို့အတွက် ဖိလစ်ပိုင်သမ္မတ အကွီနိုဟာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ အင်္ဂလန်မှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 
 
MRTV-4
ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ဗီယက်နမ် သင်္ဘောနဲ့ တရုတ် သင်္ဘောတွေ ရဲ့ ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံဌာနဟာ တရုတ်သင်္ဘောနဲ့ ဗီယက်နမ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်းမှာ ၀င်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဓါတ်ပုံတွေကိုပြသခဲ့ပြီး တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်အစိုးရက ကင်းလှည့်ရေယာဉ်ကို ၀ိုင်းရံပြီးရေ ပိုက်တွေနဲ့ ထိုးခဲ့ကြတယ်လို့လည်း ဗီယက်နမ်နိုင်ငံပိုင် ရုပ်သံဌာနက တနင်္လာနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာမှ ပြန်တွေ့ခဲ့သည့် ပျောက်ဆုံးငှက်

နှစ်ပေါင်း ၇၀ ကျော်မှ ပြန်လည်တွေ့ရှိသော Jerdon's Babbler ငှက်တစ်ကောင်
ပဲခူးတိုင်းအတွင်းရှိ ဥတိုတစ်ဝိုက်မှ မြက်ခင်းတောများတွင် ပျောက်ဆုံးငှက်ရှာဖွေနေသော လေ့လာရေး ပညာရှင် အဖွဲ့အတွက် မေလနောက်ဆုံးပတ်၏ ညနေခင်းတစ်ခုသည် အဖိုးဖြတ်မရသော ညနေခင်း တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် (၇၃)နှစ်ကြာ တွေ့ရှိခြင်းမရှိသော မြက်ခင်းတောများတွင်သာ ကျက်စား သည့် Jerdon's Babbler ငှက်မျိုးစိတ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ

မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက် ထွင်းခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ဒုဝန်ကြီးတို့၏ ချီးမြှင့်ငွေနှင့် အဆောင်အယောင်များ ရရှိမည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးများရရှိသည့် ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကို ရရှိမည်ဖြစ်ပြီး ကော်မရှင်အတွင်းရေးမှူးသည် ဒုတိယ၀န်ကြီးအဆင့် ချီးမြှင့်ငွေ နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်တွင် ပြန်လည်ပြင်ဆင်အ တည်ပြုချက် အရ ကော်မရှင်ဥက္က ဋ္ဌနှင့် အတွင်းရေးမှူးတို့သည် အ ထက်ပါအတိုင်း ချီးမြှင့်ငွေနှင့် အ ဆောင်အယောင်များ ရရှိမည်ဖြစ်သည်။ ၂၀၁၄ မတ်လ ၃၀ ရက်တွင် ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သောအဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေမှ အချို့သော ပုဒ်မများကို လွှတ်တော်က ပြန်လည် ပြင်ဆင်ခဲ့ရာ ကော်မတီက နိုင်ငံတော်သမ္မတမှ သတ်မှတ်ပြင်ဆင်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည့် ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကို ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီက အထက်ပါအတိုင်း ပြင်ဆင်၍ ဇွန်လ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော် က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ကြားဖြတ်ရွှေးကောက်ပွဲဝင်ပြိုင်ရန် SNLD မဆုံးဖြတ်ရသေး

ရှမ်းအမျိုးသားဒီမိုကရေစီပါတီ လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသော် လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ဦးဆန်းဆင့် ငွေအလွဲသုံးမှု ရှိမရှိ လွှတ်တော်စိစစ်မည်

သာသနာရေးဝန်ကြီးဌာနဘတ်ဂျတ်တွင် ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ ငွေအလွဲသုံးမှု ရှိမရှိ ဆိုသည်ကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီက စိစစ်သွားမည်ဟု ၎င်းကော်မတီဝင် ကော်မတီရုံးအဖွဲ့မှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမစမီ မဇ္ဈိမကို ပြောသည်။

NLD ဆိုပြုချက် ပြည်ခိုင်ဖြိုး မဆွေးနွေးသည်မှာ တစ်နှစ်ခန့်ကြာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၀င် လွှတ်တော်အမတ်တို့ လွှတ်တော်အတွင်း အဆိုပြုချက် များ အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအမတ်များက တစ်စုံတစ်ရာမျှ ၀င်ရောက် ဆွေးနွေးခဲ့ခြင်း မရှိဟု ဇွန် ၂၄ ရက်က ထုတ်ပြန်သော ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) အစီရင် ခံစာက ဆို သည်။

ချီလီနီကို ဆွာရက်ဇ် ကိုက်ခဲ့သည့် ကိစ္စ ဖီဖာ စုံစမ်း စစ်ဆေးမည်

Photo: ချီလီနီကို ဆွာရက်ဇ် ကိုက်ခဲ့သည့် ကိစ္စ ဖီဖာ စုံစမ်း စစ်ဆေးမည်
Wednesday, June 25, 2014

အင်္ဂါနေ့က အီတလီကို ၁-၀ ဂိုးဖြင့် အနိုင်ခဲ့သည့် ပွဲစဉ်တွင် ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဇ်ဆွာရက်ဇ်သည် အီတလိ နောက်ခံလူ ဂျော်ဂျီယို ချီလီနီကို ကိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များအတွက် ဖီဖာက စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ဥရုဂွေးသည် အီတလီကို ဂိုဒင်၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရှိခဲ့ပြီး ရှုံးထွက် အဆင့်သို့ တက်ရောက် သွားခဲ့သည်။ ချီလီနီသည် ဆွာရက်ဇ်၏ အကိုက်ခံရပြီးနောက် ဒိုင်လူကြီး မာကို ရိုဒရီဂွက်ဇ်ထံ သွားကိုက်ရာကို ပြသခဲ့သော်လည်း အဆိုပါ မက္ကဆီကို ဒိုင်လူကြီးမှာ မည်သည့် အရေးယူမှုကိုမျှ မပြုလုပ်ခဲ့ပေ။

ထို့နောက် ဆွာရက်ဇ်က ချီလီနီကို ကိုက်ခဲ့သည့် ဗီဒီယိုများနှင့် ဓာတ်ပုံများသည် လူမှုရေးမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဖီဖာက အဆိုပါ ဖြစ်ရပ်အပေါ် စစ်ဆေးမှု ပြုလုပ်သွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပွဲကိုကြီးကြပ်သူတွေရဲ့ အစီရင်ခံ စာတွေကို စောင့်ဆိုင်းနေပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ရယူစုဆောင်းပြီးတာနဲ့ ဒီဖြစ်အပေါ် ဆုံးဖြတ်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ဖီဖာမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Goal ထံ ပြောကြားခဲ့သည်။

ဖီဖာ အနေဖြင့် ဗီဒီယို သက်သေ အထောက်အထားများဖြင့် စည်းကမ်းဖောက်ဖျက်ကြောင်း တွေ့ရှိခဲ့ပါက လီဗာပူးလ် ကြယ်ပွင့် အနေဖြင့် နှစ်နှစ်အထိ ပွဲပယ်ခံရနိုင်သည်။

“ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒိုင်လူကြီးရဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်သွားတဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကို တာဝန်ယူဆောင်ရွက်ပါတယ်။ သက်သေ အထောက်အထားတွေ၊ ဒိုင်လူကြီးရဲ့ အစီရင်ခံစာတွေ၊ အသံနဲ့ ဗီဒီယို မှတ်တမ်းတွေကနေ စုံစမ်းစစ်ဆေးသွားမှာပါ” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

၁၉၉၄ ခုနှစ်ကလည်း စပိန် ကစားသမား လူးဝစ်အင်းနရစ်၏ မျက်နှာကို တံတောင်ဖြင့်တွတ်ခဲ့သည့် အီတလီ နောက်ခံလူ မော်ရို တက်စ်ဆိုတီသည် ဒိုင်လူကြီးများ၏ အရေးယူခံရမှုမှ လွတ်မြောက်ခဲ့သော်လည်း ဖီဖာက ၈ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ဆွာရက်ဇ်သည် ယခင်ကလည်း ပြိုင်ဘက် ကစားသမားကို ကိုက်ခဲ့ခြင်းကြောင့် နှစ်ကြိမ် ပွဲပယ် ခံခဲ့ရဖူးသည်။

၎င်းသည် အေဂျက်ဇ်တွင် ကစားခဲ့စဉ်က ပီအက်စ်ဗွီ ကစားသမား အော့တ်မန် ဘက်ကယ်ကို ကိုက်ခဲ့သည့် အတွက် ၇ ပွဲပယ် ခံခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ်ကလည်း ချယ်ဆီးနောက်ခံလူ ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့သောကြောင့် ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

Soccer Myanmar
အင်္ဂါနေ့က အီတလီကို ၁-၀ ဂိုးဖြင့် အနိုင်ခဲ့သည့် ပွဲစဉ်တွင် ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဇ်ဆွာရက်ဇ်သည် အီတလိ နောက်ခံလူ ဂျော်ဂျီယို ချီလီနီကို ကိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များအတွက် ဖီဖာက စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

ပါကစ္စတန်ရှိ ပက်ရှဝါလေဆိပ် တိုက်ခိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

Photo: ပါကစ္စတန်ရှိ ပက်ရှဝါလေဆိပ် တိုက်ခိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
Wednesday, June 25, 2014

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက ပက်ရှဝါ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇွန် ၂၄ ရက်နေ့ညက ခရီးသည်တင်လေယာဉ်တစင်းကို သေနတ်သမားတွေရဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး လေယာဉ်ဝန်ထမ်း ၃ ဦး ဒဏ်ရာ ရရှိသွားကြပြီး လေယာဉ်မှူးလည်း ကျည်ဆံနဲ့ သီသီလေး ကပ်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသည် ၁၇၈ ဦးနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံကနေ ထွက်ခွာတဲ့လေယာဉ် ဖြစ်ပြီး လေယာဉ်ဆင်းခါနီးမှာ အပစ်ခံရတာ ဖြစ်ပါတယ်။ လေယာဉ်အင်ဂျင်လည်း အနည်းဆုံး ကျည်ဆံတချက်ထိမှန်ခဲ့တယ်လို့ လေဆိပ်ရဲအရာရှိတဦးက ဆိုပါတယ်။

ဇွန်လ ၁၅ ရက်က စတင်ပြီး တာလီဘန်တွေကို ပါကစ္စတန်လေတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာမှာ တာလီဘန်တွေရဲ့တန်ပြန်တိုက်ခိုက်မှုတွေကို ပါကစ္စတန်စစ်တပ် ပြင်ဆင်ထားရဲ့လားဆိုတာ မေခွန်းထုတ်နေကြပါတယ်။

အခု တိုက်ခိုက်မှုပါဆိုရင် ပါကစ္စတန်လေကြောင်းသယ်ယူပို့ဆောင်ရေးကို တာလီဘန်တွေ တိုက်ခိုက်မှု ၁ လအတွင်း ၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဇွန် ၈ ရက်နေ့က ပါကစ္စတန်နိုင်ငံရဲ့ အဓိကလေဆိပ်ကြီးဖြစ်တဲ့ ကရာချီလေဆိပ်ကို သေနတ်သမား ၁၀ ဦး ၀င်ရောက်စီးနင်းခဲ့ပြီး လူအားလုံး ၃၄ ဦး သေဆုံးခဲ့ပါတယ်။ ၂ ရက်အကြာမှာပဲ ကရာချီလေဆိပ်လုံခြုံရေးတွေ ထပ်မံ တိုက်ခိုက်ခံခဲ့ ရပါတယ်။
ပက်ရှဝါလေဆိပ်ဟာ ၂၀၁၂ ခုနှစ်ကလည်း အသေခံတိုက်ခိုက်ခံခဲ့ရဖူးပြီး တိုက်ခိုက်သူတွေ အပါအ၀င် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

DVB TV News
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက ပက်ရှဝါ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇွန် ၂၄ ရက်နေ့ညက ခရီးသည် တင် လေယာဉ်တစင်းကို သေနတ်သမားတွေရဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး လေယာဉ်ဝန်ထမ်း ၃ ဦး ဒဏ်ရာ ရရှိသွားကြပြီး လေယာဉ်မှူးလည်း ကျည်ဆံနဲ့ သီသီလေး ကပ်လွတ်ခဲ့တယ် လို့ ဆိုပါတယ်။

ရန်ကုန်-မန်း အဝေးပြေး ခရီးသည်တင်ကားများ အရှိန်ထိန်း GPS စနစ် သုံးနိုင်တော့မည်

မကြာခဏယာဉ် အန္တရာယ်ဖြစ်ပေါ်လျက်ရှိသော ရန်ကုန်-နေပြည်တော်-မန်း အဝေးပြေးလမ်း (အမြန်လမ်း)ပေါ်တွင် အဓိကထားပြေးဆွဲလျက်ရှိသည့် ယာဉ်များကို အချိန်ပြည့် အနီးကပ်စောင့်ကြပ်နိုင်ရန် အဆင့်မြင့် GPS စနစ် တပ်ဆင်သုံးစွဲနိုင်တော့မည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးနေ၀င်းက ပြောသည်။

ကားများသို့ရောင်းသော သဘာဝဓာတ်ငွေ့ဈေးနှုန်း ၂၀၁၅တွင် နှစ်ဆကျော်တိုးမြှင့်ရန် စီစဉ်

သိသဘာဝဓာတ်ငွေ့CNG ဈေးနှုန်းများကို လာမည့် ၂၀၁၅ တွင်လက်ရှိဈေးနှုန်းထက် အနည်း ဆုံးနှစ်ဆ တိုးမြှင့်ရန် စွမ်းအင်ဝန် ကြီးဌာနက ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် တရုတ်ရေတပ် ပုလဲဆိပ်ကမ်းကို ရောက်ရှိ

Photo: နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် တရုတ်ရေတပ် ပုလဲဆိပ်ကမ်းကို ရောက်ရှိ
Wednesday, June 25, 2014 

ပစိဖိတ်အနားဝန်းလို့ နာမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ တရုတ်ရေတပ်သင်္ဘောတွေ ဇွန် ၂၄ ရက်နေ့က ပုလဲဆိပ်ကမ်းကို ပထမဆုံးအကြိမ် ရောက်လာပါတယ်။

China Navyဒီစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့က ပူးတွဲ ပုလဲဆိပ်ကမ်းမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံကို အမေရိကန်အစိုးရက လက်ခံ ကျင်းပတာပါ။

တရုတ်နဲ့ အမေရိကန်ကြား စစ်ရေးမယုံကြည်မှုတွေ ခိုင်မြဲနေပေမယ့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဖျက်သင်္ဘောနဲ့ ကင်းထောက်သင်္ဘော တစီးစီပါတဲ့ သင်္ဘော ၄ စီး စေလွှတ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်က အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေ မြင့်မားနေပြီး အမေရိကန်နဲ့ တရုတ်ကြား ဆိုင်ဘာလုံခြုံရေးနဲ့ တရုတ်ရဲ့ စစ်ရေးတိုးမြှင့်မှုတွေကြောင့် ဆက်ဆံရေး မချောမွေ့ချိန်မှာ တရုတ်အစိုးရက ခုလို ဆုံးဖြတ်ခဲ့တာပါ။

တရုတ်ဟာ အရင်က ဒီ စစ်ရေးလေ့ကျင့်မှုကို ၁၉၉၈ ခုနှစ်က လေ့လာသူတွေ လွှတ်ခဲ့ဖူးတယ်။ တခါမှတော့ ပါဝင်မှုမရှိခဲ့ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

တရုတ်ဟာ အမြောက်ပစ်လေ့ကျင့်မှု၊ ပင်လယ်ရေကြောင်းလုံးခြုံရေး၊ စစ်သင်္ဘောလေ့ကျင့်မှု စစ်ဘက်ဆေးဝါးဖလှယ်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ ရေငုပ်လေ့ကျင့်မှုတို့အပြင် ကပ်ဘေးလျော့ချရေးတို့မှာ ပါဝင်လေ့ကျင့်မှာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ဟာဝိုင်ယီ ကျွန်းစုတွေနားမှာ လေ့ကျင့်မှာပါ။

DVB
ပစိဖိတ်အနားဝန်းလို့ နာမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင် ဖို့ တရုတ်ရေတပ်သင်္ဘောတွေ ဇွန် ၂၄ ရက်နေ့က ပုလဲဆိပ်ကမ်းကို ပထမဆုံးအကြိမ် ရောက်လာ ပါတယ်။

ရန်ကုန်ရှိ မြို့နယ်အချို့ ရေကြီး၊ စာသင်ခန်းများပင် ပိတ်ထားရ

မိုးတွင်းကာလ တစ်လပင်မပြည့်သေးသော်လည်း ရန်ကုန်မြို့တော်ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် မြောက်ဥက္ကလာပနှင့် ဒဂုံတောင်ပိုင်းမြို့နယ် အခြေခံပညာကျောင်းအချို့ရှိ စာသင်ခန်းများ ပိတ်ထား ရသည် ဟု ကျောင်းဆရာများနှင့် မိဘများကဇွန် ၂၄ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

အငြင်းပွားဖွယ်ရာ တရုတ်ပြည်က ခွေးသားစား ပွဲတော်

Photo: အငြင်းပွားဖွယ်ရာ တရုတ်ပြည်က ခွေးသားစား ပွဲတော်
Wednesday, June 25, 2014 

တရုတ်ပြည်ရဲ့ Yulin မြို့မှာ နှစ်စဉ် နွေရာသီ ရောက်တိုင်း ပွဲတော်ကြီး တစ်ခု ရှိပါတယ်။ ယင်းပွဲတော်က ခွေးသားစားတဲ့ ပွဲတော် ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ များ ရှိနေ သေးပေမယ့် ယနေ့တိုင် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ 

ပွဲတော် ရောက်ခါနီးတိုင်း ယင်းပွဲတော် မလုပ်ဖြစ်အောင် ဒေသခံနဲ့ အခြားပြည်နယ် များက ဆန္ဒပြပါတယ်။ သို့ပေမယ့် ယင်းပွဲတော် ဖြစ်မြောက် ရေး အတွက် ထောက်ခံ အားပေး ပါဝင်တဲ့ အဖွဲ့ကလည်း အင်အားကြီးတော့ နှစ်စဉ် ကျင်းပဖြစ်နေမြဲ ဖြစ်ပါတယ်။ အသတ်ဖြတ် စားသုံး ခံရတဲ့ ခွေး အကောင် အရေအတွက် ကတော့ တစ်နှစ်ထက် တစ်နှစ် ပိုပို နည်းသွား ပါတယ်။ ဒါတောင် ယခု နှစ် (ပြီးခဲ့တဲ့ စနေနေ့ ပွဲတော်) မှာ ခွေး အကောင်ရေ ၂၀၀၀ (နှစ်ထောင်) ကျော် အသတ်ဖြတ် စားသုံးခံရ ပါတယ်။ 

ရနိုင်သမျှ ခွေး အရေအတွက် ကို ပွဲတော် ဆင်နွဲသူများက တတ်နိုင် သလောက် စုစည်း ဝယ်ယူခြင်း ဖြစ်ပါတယ်။ ခွေး အမျိုးအစား စုံလင်ပြီး အိမ်မွေးခွေး များတောင် ပါဝင် ပါသေးတယ်။ ခွေးသားဟာ ယင်းဒေသမှာ နေထိုင် သူများအတွက် အာဟာရ အတွက် စားသုံးဖွယ် အသား တစ်မျိုး အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။ 

Ref: Reuters
အောင်ခမ်း (ရိုးရာလေး)
တရုတ်ပြည်ရဲ့ Yulin မြို့မှာ နှစ်စဉ် နွေရာသီ ရောက်တိုင်း ပွဲတော်ကြီး တစ်ခု ရှိပါတယ်။ ယင်းပွဲတော်က ခွေးသားစားတဲ့ ပွဲတော် ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ များ ရှိနေ သေးပေမယ့် ယနေ့တိုင် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ 

ဒေါ်ခင်ဝိုင်းကြည်အိမ် ဖောက်ထွင်းခံရ

လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နေအိမ် ဇွန်လ ၂၃ ရက် ညတွင် ဖောက်ထွင်းခံရပြီး တယ်လီဖုန်းတစ်လုံး ခိုးယူခံခဲ့ရသည်ဟု သတင်းရရှိသည်။

လူသတ်ပြီးထွက်ပြေးသူကို သုံးရက်အတွင်း ပြန်လည် ဖမ်းဆီးရမိ

မိတ္ထီလာ မြို့နယ် တောမကျေးရွာ အုပ်စု မကျီးပင်ပု ကျေးရွာ မှန်ကျောင်း ဘုန်းတော်ကြီးကျောင်း အနီး မိုးနှံချုံ အတွင်းမှ ဇွန်၁၉ ရက်က ဒဏ်ရာဖြင့် လူသေ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ မကျီးပင်ပု ကျေးရွာနေ ဦးအောင်မောင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးအောင်မောင်း သည် ဇွန် ၁၇ ရက် အစ်မဖြစ်သူ ဒေါ်လှလှဝင်း ထံမှ အရက်ဖိုး ငွေကျပ် ၁ဝဝဝ တောင်း၍ အရက်သောက် သွားရာ ပြန်မလာ၍ ရှာဖွေခဲ့စဉ် ဇွန် ၁၉ ရက်နံနက်က ဒဏ်ရာဖြင့် အလောင်းကို တွေ့ရသည်။ ထို့ကြောင့် ဒေါ်လှလှဝင်း က မိတ္ထီလာမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ခဲ့သဖြင့် အမှတ် (၂)နယ်မြေ ရဲစခန်းက (ပ)၂၂ဝ/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ-  ၃ဝ၂ဖြင့် အမှုဖွင့် အရေးယူ ခဲ့သည်။

အမှတ်(၂) နယ်မြေ ရဲစခန်းက မသင်္ကာသူများ ဖြစ်ကြသော မိတ္ထီလာ မြို့နယ် ကဖြူအုပ်စု၊ မင်းတဲကုန်း ကျေးရွာနေ ဇော်နိုင် နှင့် အောင်အောင် တို့ကို စုံစမ်း စစ်ဆေးခဲ့ရာ လူသတ်ပြီး ပြေးသူ ဇော်နိုင် ကို ဇွန် ၁၉ ရက်က ဖမ်းဆီးရမိပြီး အောင်အောင် မှာ ထွက်ပြေးလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် အောင်အောင် ကို ဖမ်းဆီး ရမိရေး အတွက် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စောနေလင်း ၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင် များ၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် လူသတ်ပြီး ထွက်ပြေးသူ အောင်အောင် ကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဇွန် ၂ဝ ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

သာသနာရေးဝန်ကြီးအဖြစ် ဦးစိုးဝင်းကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒုဝန်ကြီး ဦးစိုးဝင်းကို ခန့်အပ်ရန် ဇွန်လ ၂၅ရက်က ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ ထောက်ခံကာ အတည်ပြုလိုက်ပြီ။

စစ်တွေမှာ ဆိုင်ကယ်စီး လုယက်အဖွဲ့ ဖမ်းလိုက်ပြီ

လွန်ခဲ့တဲ့ တစ်နှစ်လောက်ပင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆိုင်ကယ်စီးပြီး အုပ်စုဖွဲ့လုယက်မှု ကျူးလွန်နေ တဲ့  အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးလိုက်ပါပြီ။

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?

Photo: မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?
Wednesday, June 25, 2014

နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။

မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့ မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက် ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။

ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေ ပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Food တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။

Credit - Original up-loader
မြ၀တီ
နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

သယံဇာတကိစ္စ ချင်းအဖွဲ့တွေ ပြည်နယ်အစိုးရနဲ့ တွေ့မယ်

ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက ချင်းပြည်နယ်မှာ သယံဇာတ တူးဖော်ဖို့ အတွက် ကမ်းလှမ်းထားချက်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ နိုင်ငံရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ တွေ့ဆုံကြမယ်လို့ ပါဝင်တွေ့ဆုံကြမယ့် အဖွဲ့အစည်းတွေက ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအတွက် သတင်းကောင်း နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည်

Photo: နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအတွက် သတင်းကောင်း

နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည်
Wednesday, June 25, 2014

နေပြည်တော်၊ မဇ္ဈိမ။ ။ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့ သည်ဆိုသော နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ အရ အမျိုးသမီး ၀န်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့် လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ်လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

"မီးဖွားခွင့်နဲ့ပတ်သက်ရင် အရင်က သုံးလခွင့်ပြုခဲ့တယ်။ အခု နည်းဥပဒေအရ ခြောက်လအထိ တိုးမြှင့် သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် မီးဖွားရာမှာ အမြွှာ၊ သုံးမြွှာပူး စသည်ဖြစ်ရင် နောက်ထပ် ခြောက်ပတ် တိုးမြှင့်ခံစားခွင့် ပေးပါတယ်။ ခင်ပွန်းက ၀န်ထမ်းဖြစ်နေရင်လည်း ဇနီးနဲ့ ကလေးကိုပြုစုဖို့ သူ့ကို လစာပြည့်နဲ့ ခွင့်နှစ်ပတ် ပေးထားပါတယ်"
ဟု ရာထူးဝန်ဥက္ကဋ္ဌ ဦးကျော်သူက လွှတ်တော်သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြေကြားအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "နိုင်ငံဝန်ထမ်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားACလှယ်တွေလဲ အကျုံးဝင်ပါတယ်"ဟု မှတ်ချက်ပြုပြောကြားသည်။

မယ်စဲ့မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်းက နိုင်ငံဝန်ထမ်းနည်းဥပဒေ စတင် အာဏာသက်ရောက်စေရန် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ဌာနဆိုင်ရာ အသီးသီးသို့စောလျင်စွာ ညွှန်ကြားပေးနိုင်ခြင်း ရှိ၊ မရှိ" ဟူ၍ အစိုးရအဖွဲ့အား မေးမြန်းခြင်းအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

စိုးသန်းလင်း
Mizzima - News in Burmese

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ နှင့် မယ်စဲ့မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ နှင့် မယ်စဲ့မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း
၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့ သည်ဆိုသော နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ အရ အမျိုးသမီး ၀န်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့် လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ် လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ကြက်သွန်နီကို များများစားပါ

ကြက်သွန်အနီနှင့် အဖြူဆိုပြီး နှစ်မျိုးရှိရာ ကြက်သွန်နီ အကြောင်း အနည်းငယ် ပြောပြပါရစေ။

အစိုးရအား အယုံကြည်မရှိကြောင်း ဆန္ဒပြသသည့် MDCF အဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်ခြောက်လချ

၂၀၁၄ ခုနှစ် မေ ၆ ရက်တွင် ပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဆန္ဒပြကာ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့မှ  အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုခင်မောင်ကြည်နှင့် ကိုဇော်ဝင်းတို့အား ဇွန် ၂၄ ရက် နံနက် ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ အစိုးရမှ ငွေကျပ် ဘီလျံသိန်းချီ သုံးစွဲမှုများ ရှိနေသဖြင့် စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်

ဘတ်ဂျက်စာရင်းတွင် မပါဝင်ဘဲ အစိုးရမှ သုံးစွဲနေသည့် Non Budget ဟုခေါ်သည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ စစ်ဆေးခွင့်မရှိဘဲ အစိုးရမှ သုံးစွဲနေသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဇွန် ၂၄ ရက်တွင် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။

ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေး ၀န်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ် စိစစ်ရန် လွှတ်တော်ကော်မတီ ဆုံးဖြတ်

ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အခြား ၀န်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ်စိစစ်ရန် ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ဆုံးဖြတ်ခဲ့သည်။

ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ အစိုးရမှ ငွေကျပ် ဘီလျံသိန်းချီ သုံးစွဲမှုများ ရှိနေသဖြင့် စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်

ဘတ်ဂျက်စာရင်းတွင် မပါဝင်ဘဲ အစိုးရမှ သုံးစွဲနေသည့် Non Budget ဟုခေါ်သည့် ငွေကျပ်ဘီလျံပေါင်း သိန်းချီကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ စစ်ဆေးခွင့်မရှိဘဲ အစိုးရမှ သုံးစွဲနေသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဇွန် ၂၄ ရက်တွင် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။

အီတလီနည်းပြ ပရင်ဒယ်လီ နုတ်ထွက်စာတင်ခဲ့

Photo: အီတလီနည်းပြ ပရင်ဒယ်လီ နုတ်ထွက်စာတင်ခဲ့
Wednesday, June 25, 2014

အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက်မှာ နည်းပြရာထူးက နုတ်ထွက်ပြီလို့ ပရင်ဒယ်လီက အတည်ပြုခဲ့ပါတယ်။ အီတလီဟာ အဖွင့်ပွဲစဉ်မှာ အင်္ဂလန်ကို အနိုင်ခဲ့ရလို့ (၁၆)သင်းအဆင့် တက်ရောက်ခွင့်အတွက် အခြေအနေကောင်းခဲ့ပေမယ့် ကော်စတာရီကာ၊ ဥရုဂွေးတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရုဂွေးကို ရှုံးခဲ့တဲ့ပွဲစဉ်အပြီး ပရင်ဒယ်လီက ''ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ စကားပြောပြီး
နုတ်ထွက်စာ တင်ခဲ့ပါတယ်။ အသင်းရဲ့နည်းစနစ်ပိုင်းက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီအတွက် ကျွန်တော် တာဝန်ယူပါတယ်။ စာချုပ်သစ် ချုပ်ပြီးကတည်းက အပြောင်းအလဲတွေ ဖြစ်ခဲ့တာပါ။ ကျွန်တော် ရွေးချယ်ခဲ့တဲ့ နည်းစနစ်ပိုင်း အလုပ်မဖြစ်လို့ နုတ်ထွက်တာ ဖြစ်ပါတယ်''လို့
ပြောခဲ့ပါတယ်။

ပရင်ဒယ်လီဟာ (၂၀၁၀)ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး အီတလီအသင်းကို တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ ယူရို (၂၀၁၂)ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲမှာ စောစောစီးစီး ခြေစစ်ပွဲအောင်ဖို့ ဦးဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ မတ်လမှာ အီတလီ ဘောလုံးအဖွဲ့ချုပ်က ပရင်ဒယ်လီကို (၂၀၁၆)ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။

အီတလီဟာ ဥရုဂွေးနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရရင် နောက်တစ်ဆင့် တက်နိုင်မှာဖြစ်ပေမယ့် မာချီစီယို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရလို့ အခက်တွေ့ရခဲ့ပြီး ဂိုဒင်ရဲ့ ၈၁မိနစ် ခေါင်းတိုက်ဂိုးကြောင့် ရှုံးပွဲကြုံခဲ့တာဖြစ်ပါတယ်။ ပရင်ဒယ်လီက နုတ်ထွက်စာ တင်ခဲ့သလို အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဘာတီကလည်း ရာထူးကနေ အနားယူတော့မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အဘာတီက '' အီတလီ ပြန်ရောက်ရင် ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးလုပ်ပါမယ်။ ပရင်ဒယ်လီ ရာထူးက မထွက်အောင် ဖျားယောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရာထူးက အနားယူတော့မှာပါ။ ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက အဲဒီလို ကျွန်တော် ဆုံးဖြတ်ထားတာပါ''လို့ ပြောပါတယ်။

Football Café
အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက်မှာ နည်းပြရာထူးက နုတ်ထွက်ပြီလို့ ပရင်ဒယ်လီ က အတည်ပြုခဲ့ပါတယ်။ အီတလီဟာ အဖွင့်ပွဲစဉ်မှာ အင်္ဂလန်ကို အနိုင်ခဲ့ရလို့ (၁၆)သင်းအဆင့် တက် ရောက် ခွင့် အတွက် အခြေအနေကောင်းခဲ့ပေမယ့် ကော်စတာရီကာ၊ ဥရုဂွေးတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး နောက် အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။