
ရန်ကုန်မြို့တော်အတွင်း
တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်တင်လျက်ရှိရာ
အကျိုးတူပူးပေါင်းမှုအတွက် လုပ်ငန်းရှင်ပေါင်း ၆၆ ဦးမှ
တင်ဒါတင်သွင်းထားပြီးမကြာမီ တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ပေးသွားရန်
ရှိကြောင်းသိရသည်။
လုပ်ငန်းရှင်များနှင့် အကျိုးတူ
ပူးပေါင်းခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာငါးခုကို ထပ်မံဖော်ထုတ်ပေးရန်
အတွက်စီစဉ်လျက်ရှိပြီး ဗိုလ်တထောင်မြို့နယ်အတွင်း အကောင်အထည်ဖော်
ဆောက်လုပ်ရန်ရှိသည့် အိမ်ရာစီမံကိန်းနှစ်ခုကို လုပ်ငန်းရှင်များက
ပူးပေါင်းဆောင်ရွက်ရန် တင်ဒါအဆိုပြုမှု အများ ဆုံးဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။