Saturday 6 June 2015

အစိုးရကို ဆန္ဒပြချင်သည်

မေလ ၃၁ ရက်မှ စတင်ကာအစိုးရကို ဆန္ဒပြချင်စိတ်များကိန်းအောင်းနေသည်။ အထူးသဖြင့်တော့ စည်ပင်သာယာဌာနကို ဖြစ်သည်။ကိုယ်က အစိုးရသတ်မှတ်ထားသော ဆန္ဒပြခွင့်ပုဒ်မ ၁၈ တွေ၊ ဘာညာ သာရကာထွေလီ ကာလီသတ်မှတ်ချက်တွေကိုတော့ဖြင့် နားမလည်လှ။ မိမိလိုက်ပါချင်သော ဆန္ဒပြပွဲများကို လိုက်ပါခဲ့ဖူးသော်လည်း ကိုယ်တိုင်ဦးမဆောင်ခဲ့ဖူး။ ထို့ကြောင့် ခွင့်ပြုချက်မည် သို့ တင်ပြတောင်းခံရမည်လည်း မသိ။ သို့သော် ယမန်နေ့ကစ၍ စိတ်ထဲမှာ ကလိ ကလိ တရိရိဖြင့်ဆန္ဒပြချင်နေသည်ကိုသာ သိ သည်။

ဖမ်းမိသမျှ လှေစီးဒုက္ခသည်များ ရခိုင်သို့ ပို့နေမှု စစ်တွေမြို့မိမြို့ဖအဖွဲ့ကန့်ကွက်မည်

ပင်လယ်ပြင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် လှေစီးဒုက္ခ သည်များအား ရခိုင်ပြည်နယ်အ တွင်းသို့ပို့ဆောင်နေသည့် အစိုးရ ၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ရပ် တန့်ရန် ဇွန်လ ၄ ရက်၌ ဆုံးဖြတ် လိုက်သည်။
စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့် ဒေသခံများအ ကြား သြဇာကြီးသည့်အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းအချို့ တွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
စစ်တွေ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့်ပူးပေါင်းဆောင် ရွက်နေသည့် မြို့နယ်အထောက် အကူပြုကော်မတီ၊ စည်ပင်သာ ယာကော်မတီ၊ နိုင်ငံသားစိစစ် ရေးကော်မတီနှင့် ဘင်္ဂါလီ၊ ၀ှိုက် ကတ်၊ လှေစီးဒုက္ခသည်များအား စိစစ်နေသည့် ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ် တော့မည်မဟုတ်ကြောင်းစစ်တွေ မြို့မိမြို့ဖအဖွဲ့မှ ဦးသန်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် မေလ တတိယ နှင့် စတုတ္ထပတ်အတွင်း မြန်မာ့ ရေပြင်တွင်တွေ့ရှိခဲ့သည့် လှေ စီးဒုက္ခသည် ၉၀၀ ကျော် ရခိုင် ပြည်နယ်သို့ ပို့ဆောင်နေသည့် အစိုးရ၏ အစီအစဉ်ကို မကျေနပ် ကြောင်း ပြသသည့်အနေဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့မှ ဦးသန်းထွန်းက ပြော ကြားသည်။

ဖေ့စ်ဘွတ်ခ်သုံး၍ ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထုတ်မည်ဟုဆို

ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းတွင် ဖေ့စ်ဘွတ်ခ်လူ မှုကွန်ရက်အသုံးပြုပြီး ခိုက်ရန်ဖြစ် ပွားသော ကျောင်းသား၊ ကျောင်း သူများကို ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ် ကြောင်း သတင်းထွက်ပေါ်နေ သည်။
အထက(၅) ဗိုလ်တထောင် ကျောင်းတွင် ကျောင်းသားများ ဖေ့စ်ဘွတ်ခ်သုံး၍ ရန်ဖြစ်ပါက ကျောင်းကထုတ်ပယ်မည့် စည်း ကမ်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ အထူးစည်းကမ်းအဖြစ် ထုတ်ပြန်လိုက်ကြောင်း ဇွန်လ ၃ ရက်၌ အင်တာနက်တွင် ပျံ့နှံ့နေခဲ့ သည်။
အထက်ပါ အကြောင်းအရာ နှင့်ပတ်သက်၍ အထက(၅)ဗိုလ် တထောင်ကျောင်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း ကျောင်းရှိ ဆရာ၊ ဆရာမများက လက်ခံတွေ့ဆုံခြင်းမရှိခဲ့သကဲ့သို့ ပြန်လည် ဖြေကြားခြင်းလည်း မရှိခဲ့ပေ။ ကျောင်းသား၊ ကျောင်းသူများ ဖေ့စ်ဘွတ်ခ်အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး ဆဲဆိုရန်ဖြစ်ခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် သူတစ်ပါးအ ကြောင်း မကောင်းရေးခြင်း၊ မှတ်ချက်ပေးခြင်း၊ ညစ်ညမ်းသောဓာတ်ပုံများ၊ စာများရေးသားခြင်း များပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ် ကြောင်း အဆိုပါ ကျောင်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ရာကျော်ကို လူကုန်ကူးသည့် ထိုင်းလူမျိုးအား စတင်စစ်ဆေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ကို လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသားအပါအဝင် လူငါး ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
မောင်တောမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများနှင့် ပတ်သက်၍ လူကုန် ကူးသူ အဓိကတရားခံ ထိုင်းအမျိုး သားတစ်ဦးကို မေလ ၂၉ ရက်၌ ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ထို့နောက် ၎င်းနှင့် ဆက်နွှယ်သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ရန်ကုန်တွင် မိန်းကလေးချင်း ဓားထောက်လုယက်မှုဖြစ်ပွား


ရန်ကုန်တိုင်း တာမွေ မြို့နယ်တွင် အသက်(၂၀)ခန့် မိန်းကလေးချင်း ဓားဖြင့်ထောက်ကာ လုယက်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၄ ရက် ညနေက အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လစာထုတ်ပြီး ဧရာဝတီတိုင်း မော်ကျွန်းမြို့သို့ပြန်ရန် အချိန်မမီတော့သဖြင့် လမ်းမတော်မြို့နယ် (၁၅)လမ်းမှ ၎င်းနေထိုင်သည့် တာမွေမြို့နယ် (၁၃၃)လမ်းရှိ အဆောင်သို့ ပြန်ရန် ကားငှားစီးရာ လမ်းကြောင်းတူသည့် မိန်းကလေးတစ်ဦးနှင့် ပေါင်း၍ ငှားစီးခဲ့သည်။
(၁၃၅)လမ်း အရောက်၌ ကားအတူငှားစီးလာသည့် အသက်(၂၁)နှစ်အရွယ် မိန်းကလေးက တိုက်ခန်းလေးလွှာသို့ လိမ်ညာခေါ်ဆောင်သွားကာ ဓားထောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ အမှုစစ်အရာရှိက ပြောကြားသည်။

တပ်ချုပ်ပါဝင်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီးကို ထားဝယ် ရွှေတောင်စားစေတီတွင် ရေစက်ချလှူဒါန်း


တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ပါဝင်လှူဒါန်းခဲ့သည့် ကြေးပိဿချိန်တစ်သောင်းကျော် ရှိ မဟာခေါင်းလောင်းကြီးကို ထားဝယ်မြို့ ရွှေတောင်စားစေတီ တော်၌ ထားရှိရန် ရေစက်ချလှူ ဒါန်းခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအ၀င် တပ်မ တော်(ကြည်း၊ရေ၊လေ)မိသားစု များနှင့် စေတနာရှင် အလှူရှင် များက စုစုပေါင်းကျပ်သိန်းသုံးရာ ကျော်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။