Friday 5 April 2013

အိန္ဒိယနိုင်ငံတွင် ဆောက်လက်စတိုက် ပြိုကျမှုကြောင့် လူ ၃၁ ဦး သေဆုံး


အိန္ဒိယနိုင်ငံ၏ အဓိက စီးပွားရေး မြို့တော်ကြီး တစ်ခုဖြစ်သော မွမ်ဘိုင်းတွင် လူနေတိုက်တာ အဆောက် အအုံ တစ်ခု ပြိုကျခဲ့ရာ လူပေါင်း (၃၁)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိယ၏ အကြီးဆုံး မြို့ကြီးလည်းဖြစ်သော မွမ်ဘိုင်းတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက မွမ်းမံ ဆောက် လုပ်နေဆဲ တိုက်တစ်လုံး ပြိုကျခဲ့ခြင်း ဖြစ်သည်။ ရဲများက လူ(၃၁)ဦးထိ အသေအပျောက်ရှိခဲ့ပြီး ယင်းတို့အနက် ကလေး(၁၁)ဦး ပါဝင်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ"



နေပြည်တော် ဧပြီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ကျွန်း ဘိုအောင်းမြို့၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ တက်ရောက် ရန် နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ နံနက် (၉) နာရီ (၁၅) မိနစ် တွင် နေပြည်တော်မှ ဘိုအောင်းမြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာ သွားသည်။

အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာအစိုးရမှ ဖြေရှင်းချက်တောင်းဆိုမည်





အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍
=====================================

ဂျာကာတာရှိ မြန်မာသံရုံးက အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူများထံ-

(၁) ဖြစ်စဉ်အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား 'Hack'လုပ်ခြင်းခံရ..

Photo: မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား 'Hack'လုပ်ခြင်းခံရ..
Friday, April 5, 2013

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား အမည်မသိအဖွဲ့
အစည်းတစ်ခုမှ 'Hack' လုပ်ခြင်းခံခဲ့ရကြောင်းသိရသည်။ Hacker များ၏
လုပ်ရပ်ကြောင့်မြောက်ကိုရီးယား၏ သတင်းဆိုက်(ဒ်)တစ်ခုဖြစ်သော
'Uriminzokkiri' ၏ ထုတ်လွှင့်မှုများ ပြတ်တောက်ခဲ့၍ 'Twitter' နှင့် 'Flicker'
အကောင်းများဖျက်စီးခံခဲ့ရသည်။

တက္ကသိုလ်ကျောင်းသားတစ်သောင်းငါးထောင်တို့၏ Username နှင့် Passwords များကိုလည်း တက္ကသိုလ်ကျောင်းရှိ Database များထဲမှ
ရယူနိုင်ကြောင်း Hackers များမှအခိုင်အမာပြောကြားခဲ့သည်ဟု BBC
သတင်းဌာနတွင်ဖော်ပြထားသည်။

SkyNet TV Browser

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား အမည်မသိအဖွဲ့အစည်းတစ်ခုမှ 'Hack' လုပ်ခြင်းခံခဲ့ရကြောင်းသိရသည်။ Hacker များ၏လုပ်ရပ်ကြောင့်မြောက်ကိုရီးယား၏သတင်းဆိုက်(ဒ်)တစ်ခုဖြစ်သော'Uriminzokkiri' ၏ထုတ်လွှင့်မှု များ ပြတ်ေ တာက် ခဲ့၍ 'Twitter' နှင့် 'Flicker'အကောင်းများဖျက်စီးခံခဲ့ရသည်။

ယုံကြည်မြတ်နိုး ၉၆၉ ဂယက်


ရန်ကုန်မြို့  အလုံလမ်းမရှိ နိုက်ကလပ်တစ်ခုအရှေ့ ၌ ၉၆၉ အမှတ် တံဆိပ်ပါ တက္ကစီကားတစ်စီး ရပ်တန့်လာပြီး   ဒေါက်ဖိနပ် စီးထားသော စကပ်တိုတိုနှင့် မိန်းမပျိုတစ်ဦးမှာ ထိုကားထဲမှ ဆင်းလာ သည်။
 သူမမှာ ၄င်းကလပ်တွင် ကိုယ်ခန္ဓာရင်း၍ စီးပွားရှာနေသော ဝေေ၀ ဟုခေါ် သည့် ညဥ့်ငှက်မလေး တစ်ဦးဖြစ်ပြီး မိသားစုတာဝန်အား တစ်ဦး တည်းထမ်းဆောင်နေရသူလည်း ဖြစ်သည်။ 

နေပြည်တော်အနီးတစ်ဝိုက်ကို ဗဟိုပြု၍ နှစ်ရက်အတွင်း အင်အားအသင့်အတင့်ရှိ ငလျင်သုံးကြိမ်လှုပ်ခတ်



နေပြည်တော် အနီးတစ်ဝိုက်ကို ဗဟိုပြု၍ ဧပြီလ ၃ရက် ညပိုင်းကတစ်ကြိမ်၊ဧပြီ ၄ရက်နေ့ နံနက်တွင် တစ်ကြိမ်၊ ဧပြီ ၄ရက်နေ့ ညပိုင်းတွင်တစ်ကြိမ် စုစုပေါင်း ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း



Photo: ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရေးဖို့ ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထားတာကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့်မဖြစ်သေးတာကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက RFAကို ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး အဲဒီအချိန်က သဘောတူညီချက်တချို့ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ စုစုပေါင်း ၁၂ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တွေ့ ဆုံဆွေးနွေးရေးဖို့ ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆို ထား တာကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့ အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်း လိုက်ပါ တယ်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့် မဖြစ်သေးတာကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က

၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တိုင်းဒေသအဆင့် ဆွေးနွေးဆဲ


Photo: ၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တိုင်းဒေသအဆင့် ဆွေးနွေးဆဲ

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေးလိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"တိုင်းဒေသကြီး အစီအစဉ်နဲ့ ဘယ်လိုလုပ်မယ်ဆိုတာလဲ ဆက်သွယ်ရေးနဲ့ ညှိအုံးမှာပါ၊ တိုင်းဒေသကြီး အစီအစဉ်နဲ့လို့တော့ ပြောထားတယ်၊ ကျွန်တော်တို့တွေ လိုအပ်တာကတော့ တကယ်သုံးတဲ့သူတွေလက်ထဲကိုရောက်ဖို့ပဲ ပြောထားတာရှိပါတယ်၊ အဲ့ဒီမှာလုပ်မယ့် အစီအစဉ်တွေကို ပြန်တင်မှာပါ၊ လောလောဆယ်တော့ သူတို့လုပ်မယ့် အစီအစဉ်တွေကို မသိရသေးပါဘူးဗျာ၊ ဆက်သွယ်ရေးလုပ်ငန်းကတော့ လိုင်းအရေအတွက်နဲ့ လူဦးရေအရေအတွက်အပေါ် မူတည်ပြီးတော့ လစဉ်တိုင်းဒေသကြီး အစိုးရဆီကို ခွဲတမ်းနဲ့ပေးသွားမယ်၊ တိုင်းဒေသကြီး အစိုးရတွေက အမှန်တကယ်လိုချင်တဲ့သူတွေလက်ထဲကို ပြန်ပြီးရောင်းချပေးသွားမယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆက်သွယ်ရေးဝန်ကြီးကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခုလိုဆင်းကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ဘယ်လိုအစီအစဉ်နဲ့ ဖြန့်ဖြူးမလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်မပြောနိုင်သေးကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီဖုန်းဆင်းမ်ကဒ်တွေကိုတော့ ကနဦးဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ဖြည့်သွင်းပေးထားမှာဖြစ်ပြီး ၁၅ ရက်အတွင်းမှာ ဖုန်းပြောဆိုခ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်ကို ထပ်မံဖြည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။

တစ်ကယ်လို့ ၁၅ ရက်အတွင်းမှာ ထပ်မံအဖြည့်သွင်းဘူးဆိုရင်တော့ အလိုအလျှောက် ပြန်လည်ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြထားတာပါ။

ဖုန်းပြောဆိုခ တစ်မိနစ်ကို ကျပ် ၅၀ သတ်မှတ်ထားပြီး အဝင်ဖုန်းလက်ခံ ပြောဆိုခကိုတော့ ကောက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်း ချပေး မယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေ ကို ပြည်သူတွေ လက်ဝယ် အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြ ပြီဖြစ် တယ်လို့ သိရပါတယ်။
ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ် တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေး လိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။