Saturday 31 October 2015

ဒဏ်ရာရ ကစားသမားများနေသော်လည်း အသင်း၏လေ့ကျင့်ရေး နည်းလမ်းများကို အာစင်ဝင်းဂါးကာကွယ်

ဒဏ်ရာရလူစာရင်းရှည်ထဲတွင် ချိန်ဘာလိန်နှင့် ဝဲလ်ကော့တ်တို့ထပ်မံပါဝင်လာသော်လည်း အသင်း၏လေ့ကျင့်ရေးနည်းလမ်းများကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ကာကွယ်ပြောဆိုလိုက်သည်။အင်္ဂလန်ကစားသမားနှစ်ယောက်ဒဏ်ရာရခဲ့ခြင်းနှင့်ပတ်သက်ပြီး နယ်သာလန်လူမျိုးကြံ့ခိုင်ရေးပညာရှင် ရေမွန်ဗာဟေယန်က အာစင်ဝင်းဂါးကိုစွပ်စွဲပြစ်တင်ထားသည်။
ချိန်ဘာလိန်နှင့် ဝဲလ်ကော့တ်တို့သည် အင်္ဂါနေ့တွင် အာဆင်နယ်အသင်းက ရှက်ဖီးဝမ့်နက်စ်ဒေးကို ၃-၀ဂိုးဖြင့် ရှုံးသည့်ပွဲ၌ ဒဏ်ရာရခဲ့ကြ ခြင်းဖြစ်သည်။"အဲဒီလူ (ဗာယေယန်) ကိုကြည့်ရတာ အရာရာသူသိသူတတ်လို့ ထင်နေပုံပဲ။ ကျွန်တော်တို့ ကြံ့ခိုင်ရေးမှူးတွေနဲ့ ဆရာဝန်တွေထက် သူပိုသိ နေတာ အံ့သြစရာပဲ။ ဆေးအဖွဲ့ကို ကျွန်တော်ယုံကြည်သလို နည်းပြအဖွဲ့ကလည်း ကြံ့ခိုင်ရေးအစီအစဉ်တွေကို ကောင်းကောင်းလုပ်နိုင်မယ် လို့ ယုံကြည်ပါတယ်။ ပြောရရင် ပြင်ပဘဝလိုပဲပေါ့။ သူကျတော့ဖျားပြီး သူကျတော့ဘာလို့မဖျားလဲ။ ဒါကိုနားလည်ထားဖို့ လိုပါမယ်"ဟု အာစင် ဝင်းဂါးက ပြောသည်။

မန္တလေး သီရိမင်္ဂလာကားကြီးကွင်းကို ဒေါနဘွားအဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းသို့ နိုဝင်ဘာလကုန်ပြောင်းမည်

မန္တလေးမြို့၊ ၂၂ လမ်း၊ သီရိမင်္ဂလာကားကြီးကွင်းရှိ ယာဉ်လိုင်းများကို မန္တလေးတောင်အရှေ့ဘက် ဒေါနဘွား အဝေးပြေးကုန်တင် ယာဉ်ရပ်နားစခန်းသို့ နိုဝင်ဘာလအကုန်တွင် ပြောင်းရွှေ့ရမည်ဟု မန္တလေးတိုင်းဒေသကြီးမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက မဇ္ဈိမကိုပြောသည်။

"ပြောင်းရွှေ့ရောက်ရှိလာမယ့် ယာဉ်လိုင်းတွေအတွက် ဂိတ်အခန်းအသစ်တွေ ထပ်ဖြည့်ဆောက်နေတယ်။ ရက်ပိုင်းအတွင်း ပြီးစီးပါလိမ့်မယ်။ နိုဝင်ဘာလကုန်လောက်တော့ အဆင်သင့်ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ သီရိမင်္ဂလာကားကွင်းက ယာဉ်လိုင်းတွေပြောင်းရမယ်။ " ဟု ဝန်ကြီးဦးကျော်ဆန်း ကပြောသည်။

လက်ရှိအခြေအနေကို မော်ရင်ဟိုပြောင်းလဲနိုင်မည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီ ယုံကြည်

 ရာသီအစဆိုးရွားသည့် ရလဒ်များရရှိနေပြီး ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်အထိ နီးစပ်နေသော်လည်း ချယ်လ်ဆီးနည်းပြမော်ရင်ဟိုအနေဖြင့် ထိုအခြေအနေများကို ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြိုင်ဘက် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်သည်။
ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်နှင့်ပွဲစဉ်မတိုင်မီအထိ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားခဲ့ရာတွင် ငါးပွဲအထိရှုံးခဲ့ပြီး အဆင့် ၁၆ နေရာသို့ရောက်ရှိနေခဲ့ရသည်။ ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲတွင် စတုခ်စီးတီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ထိုကဲ့သို့ ဆိုးရွားသောအခြေအနေများနှင့်ရင်ဆိုင်နေရသော်လည်း မော်ရင်ဟိုအနေဖြင့် ထိုအခြေအနေကို ပြောင်းလဲနိုင်လိ့မ်မည်ဟု ပယ်လီဂရီနီက ယုံကြည်နေသည်။

တောင်ကြီးမြို့တွင် ပညာရေးနှင့် ရဲဝန်ထမ်း အများဆုံး ကြိုတင်မဲပေး

တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၉ ရက်မှစတင်၍ ရွေးကောက်ပွဲကာလအတွင်း ခရီး ထွက်မည့် ၀န်ထမ်းများ၊ ရွေး ကောက်ပွဲကို လုံခြုံရေးယူပေးမည့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င်ဌာနဆိုင်ရာ ၀န်ထမ်းအချို့ ကြိုတင်ဆန္ဒမဲများစတင်ပေးနေပြီး ပညာ ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ မဲပေးမှု အများဆုံးဖြစ်ကြောင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံ မှ သတင်းရရှိသည်။
ရွေးကောက်ပွဲနေ့တွင် လုံခြုံ ရေးတာဝန်ယူဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ နှင့် ပညာရေးဌာနမှ ၀န်ထမ်းများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည် ဟု ရေအေးကွင်းရပ်ကွက်ကော်မ ရှင်(အဖွဲ့ခွဲ)ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။
‘‘၂၉ ရက်က စတင်ပြီးတော့ ဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်း တွေ၊ တာဝန်နဲ့ခရီးထွက်မယ့် ၀န် ထမ်းတွေ လုံခြုံရေးယူပေးရမယ့် ရဲတပ်ဖွဲ့တွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ပြီးတော့ ကြိုတင်မဲရုံဖွင့်လှစ် ရခြင်းဖြစ်တယ်’’ဟု ဦးကျော်မြင့် က ပြောသည်။
ကြိုတင်ဆန္ဒမဲလာရောက် ပေးသူဦးရေ အတိအကျကိုမူ မ သိရှိရသေးဘဲ မဲရုံစောင့်ကြည့် လေ့လာရေးအဖွဲ့များကို လေ့လာ ခွင့်ပြုထားပြီး သက်ဆိုင်ရာနယ် မြေအလိုက် ပညာရေးနှင့် ရဲဝန် ထမ်းများ ကြိုတင်ဆန္ဒမဲပေးမှု အ များဆုံးရှိနေသည်ဟု ဦးကျော်မြင့် က ပြောသည်။

Thursday 29 October 2015

ရှမ်းတောင်ပိုင်းမြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပဟု ကြေညာပြီးနောက်တစ်နေ့တွင် တိုက်ပွဲပိုမိုပြင်းထန်လာ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေညာပြီး နောက်တစ်နေ့၌  မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ရွေးကောက်ပွဲကော်မရှင်၏ အဆိုပါကြေညာချက်ကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် ဒေသခံများကကန့်ကွက်နေကြသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းရှူး ကျေးသီးမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်အုပ်စု၊ ဟိုပန်မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းနေ့တွင်ပင် SNLD က အဆိုပါ ထုတ်ပြန်ချက်အပေါ် တရား ၀င်ကန့်ကွက်ခဲ့သည်။

နီပေါတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတဖြစ်လာ

လွှတ်တော်၏ ရွေးချယ်တင်မြှောက်မှုအရ နီပေါနိုင်ငံတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတ ဖြစ်လာကြောင်း သိရှိရသည်။

အသက် ၅၄ နှစ်ရှိ ဘစ်ဟ်ဟယာဒေဝီဘန်ဒါရီ သမ္မတ ဖြစ်လာခြင်းသည် နီပေါနိုင်ငံရေး သမိုင်းတွင် ကြီးကျယ်ထင်ရှားသည့် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။ ယခုလအတွင်း လွှတ်တော်က အစိုးရ၏ အရေးအပါဆုံး ရာထူးနေရာများအတွက် လူသစ်များ ရွေးချယ် တင်မြှောက်ရာတွင် ဘန်ဒါရီသည် ဒုတိယမြောက် ဖြစ်သည်။ အောက်တိုဘာလ အစောပိုင်းတွင် ကေပီရှာမာအိုလီကိုလည်း နီပေါလွှတ်တော်က ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခန့်အပ်ခဲ့သည်။

ရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ

 ရွေးကောက်ပွဲကျင်းပ ရန် ၁၁ ရက်သာ လိုတော့သည့်အ ချိန်တွင် ကျရောက်သော သီတင်း ကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီသို့ လာ ရောက်ဖူးမြော်သူများထဲတွင် ရွေး ကောက်ပွဲအေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ ရှိခဲ့သည်။

ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်သူ ၃၇ဦးကို ရွေးကောက်ပွဲ နှင့်ပတ်သက်၍ 7Day သတင်းစာက ကျပန်းမေးမြန်းခဲ့ရာ ၁၂ဦးကရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံး ရန်နှင့် ကောင်းမွန်သည့် အစိုးရတစ်ရပ်တက်လာရန် ဆုတောင်းခဲ့ပြီး ၁၀ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရန် ဆုတောင်းခဲ့ကြောင်းနှင့် ၁၅ ဦးက မိသားစုနှင့် ဆွေမျိုးများအတွက် ဆုတောင်း ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးရွှေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲ ဗဟုသုတအားနည်း

မန္တလေးတိုင်းဒေသကြီး တွင် ရွှေထွက်သည့်ဒေသတစ်ခု ဖြစ်သော သပိတ်ကျင်းမြို့နယ် ရွှေတောများအတွင်း နေထိုင် သည့် ရွှေလုပ်သားများသည် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ဗဟုသု တအား နည်းနေကြောင်း အောက်တိုဘာ၂၇ရက်က သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း များသို့ သွားရောက်မေးမြန်းချက် အရ သိရသည်။‘‘မသိပါဘူး။ တချို့ကျတော့ လည်း မဲပေးဖို့ ပြန်သွားကြတယ် ပြောတယ်။ ၀န်ထမ်းတွေကိုတော့ ကုမ္ပဏီက စီစဉ်ထားတယ်ပြော တယ်။ မဲဆွယ်စည်းရုံးတာတွေ မလာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကြားဖူးပါတယ်။ အဒေါ်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတွေ ဘာတွေမသိဘူး။ မဲဘယ်သူ့ကို ပေးရတယ်။ ဘာလို့ပေးရတယ်ဆိုတာ မသိဘူး။ အဒေါ်တို့ ကတော့ စစ်ကိုင်းနယ်ဘက်က ဒီကိုလာလုပ်တာပါ’’ဟု  ကုမ္ပဏီ ကွင်းအတွင်း နေထိုင်သူ ရွှေလုပ် သားမိသားစုဝင်တစ်ဦးက ပြော သည်။

တော်ဝင်မိသားစု၏ ပုံရိပ်ကို အလွဲသုံးစား ပြုသူများအား ထပ်မံ ဖမ်းဆီးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ကြေညာ

တော်ဝင်မိသားစု၏ ဂုဏ်ဒြပ်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုမှုအတွက် ဖမ်းဆီးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ထိုင်းအိမ်ရှေ့မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ကို အလွဲသုံးစားပြုကာ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရရှိလာအောင် ကြံဆောင်နေသူများကို ရှာဖွေ ဖမ်းဆီးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆိုပါ စွဲချက်အတွက် ထိုင်းနိုင်ငံရှိ နာမည်ကျော် ဗေဒင်ဆရာ တစ်ဦးအပါအဝင် လူသုံးဦးကို ရဲများက ဖမ်းဆီးခဲ့သည်။

လေဘောလုံးများဖြင့် အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ် လာမည့်နှစ်တွင် စတင်နိုင်ရန် Google မျှော်လင့်

လေဘောလုံးများဖြင့် ကမ္ဘာတလွှားတွင် အင်တာနက်ကွန်ရက်များ ဖြန့်ကျက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို လာမည့်နှစ်တွင် အစပြုနိုင်ရန် Googleက မျှော်လင့်လျက် ရှိသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ် ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။

အမေရိကန် စစ်တပ်သုံး လေသင်္ဘောတစ်စီး ထိန်းချုပ်မှု လွတ်သွား၍ အရှုပ်အထွေးများ ဖြစ်ပေါ်

အမေရိကန် စစ်ဘက်သုံး လေသင်္ဘောတစ်စီး  ထိန်းချုပ်မှု လွတ်သွားခဲ့သည့်နောက် မေရီလန်းနှင့် ပင်ဆယ်လ်ဗေးနီးယားတို့တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒုံးကျည် တိုက်ခိုက်မှုများကို ကြိုတင် ထောက်လှမ်းနိုင်စေရန် တီထွင်ထားသည့် အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေသင်္ဘောသည် အထိန်းအကွပ်မဲ့ မျောလွင့်သွားပြီးနောက် ဓာတ်ကြိုးများနှင့် ချိတ်မိ၍ အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Monday 26 October 2015

၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုရဲ့ ကျယ်လောင်လာတဲ့ စိန်ခေါ်သံ

ဂေါ်ဇီလာအယ်လ်နီညို

ရာစုနှစ်ရဲ့ အပြင်းထန်ဆုံး သော အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် အရှိန်ယူအစပျိုးနေပြီ ဖြစ်ပါ တယ်။ သေဆုံးသူပေါင်း ၂,၁၀၀ ကျော်နဲ့ အထွေထွေအရပ်ရပ်ပျက် စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော်တဲ့အထိ ထိခိုက် ပျက်စီးသေဆုံးမှုမြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်ပွား ခဲ့ပြီးနောက် ယခု ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာ အယ်လ်နီညို (Godzilla El Nino) ကို လူအများက စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။

ပြိုင်တူတွန်းလျှင် ပြောင်းနိုင်ပါသည်

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားလာသည့် စကား လုံးတစ်လုံးရှိသည်။ အပြောင်းအ လဲဆိုသည့် စကားလုံးဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် ပါတီအချို့ သည်ပင်လျှင် အပြောင်းအလဲကို ဖော်ဆောင်မည်၊ ဖော်ဆောင်နေ သည်ဟု ကြွေးကြော်ကာ မဲဆွယ် စည်းရုံးနေကြသည်ကို တွေ့နေရ သည်။ အမှန်တကယ်လည်း မြန်မာနိုင်ငံသည် အပြောင်းအလဲ ကို အရေးတကြီးလိုအပ်နေသည် မဟုတ်ပါလား။
မြန်မာနိုင်ငံ၏ လက်ရှိပစ္စက္ခ အခြေအနေသည် အစစ အရာရာ နိမ့်ကျနေသည်။ နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတို့သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မကောင်းသည့်ဘက်က စတင်ရေတွက်ပါက ထိပ်ဆုံးတွင်ရှိနေသည်။ ထိုထိပ်ဆုံးနေရာတွေကို ဗိုလ်စွဲကာ ပြိုင်ဘက်မရှိနေရာယူ ထားခဲ့သည်မှာလည်း ဆယ်စုနှစ် ငါးစုစာလောက်ရှိပြီ ဖြစ်သည်။ အ လုံးစုံ နိမ့်ကျသည့်ဒဏ်ကို မြန်မာပြည်သူ၊ ပြည်သားသန်းပေါင်းများစွာ ခါးကော့အောင်ခံခဲ့ကြရပြီးဖြစ်သည်။

သန်လျင်တံတား ဖြတ်သန်းခကောက်ခံသည့်အဖွဲ့များပြားခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှုကို မထသ၀င်ရောက် ဖြေရှင်းမည်ဟုဆို

သန်လျင်တံတားဖြတ် သန်းရာတွင် မြို့ဝင်ကြေးအပါအ၀င် အခွန်ကောက်ခံသည့် အဖွဲ့များပြားနေခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာ ခြင်းကို မထသမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ တင်ပြထား ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
လက်ရှိတွင် သန်လျင်တံ တားဖြတ်သန်းရာ၌ တံတားဖြတ် သန်းခ ၁၀၀ ကျပ်၊ YCDC မြို့ဝင် ကြေး ၂၀၀ ကျပ်နှင့် သန်လျင်မြို့ ၀င်ကြေး ၁၀၀ ကျပ်ကောက်ခံ လျက်ရှိသည်။
အဆိုပါ သန်လျင်တံတား ဖြတ်သန်းခ ကောက်ခံရာ တွင် မြို့ဝင်ကြေးနှင့် စည်ပင်ခွန် တို့ကိုပါ နှစ်ဖက်ကောက်ခံသည့် စနစ်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမိုဖြစ်စေ၍ တစ်ဖက်တည်း တွင်သာ ကောက်ခံရန်စီစဉ်ခြင်း ဖြစ်ကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ရှင်းပြသည်။ ‘‘တံတားမှာ မြို့ဝင်ကြေး ကောက်ခံလို့ ကြန့်ကြာမှုဖြစ်ရင် ယာဉ်ကြောကျပ်တည်းမှု ဖြစ် တယ်။ ယာဉ်ကြောကျပ်တည်း တာနဲ့အမျှ ယာဉ်တွေကလည်း စည်းကမ်းဖောက်လာနိုင်တယ်။ ဒါကြောင့် ယာဉ်တွေစည်းကမ်း မဖောက်အောင် ၀ိုင်းဝန်းထိန်း သိမ်းပေးတဲ့အပိုင်းမှာ မထသ ရယ်၊ ယာဉ်ထိန်းရယ် ပူးပေါင်း ပြီး ဆောင်ရွက်ပေးနေပါတယ်’’ဟု ၎င်းကပြောသည်။

ကနေဒါတွင် ဝေလငါးကြည့် လှေတစ်စီး နစ်မြုပ်ပြီး ၄ ဦးထက်မနည်း သေဆုံး

ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ
ကနေဒါနိုင်ငံတွင် ဝေလငါးများကို အပျော်တမ်း စောင့်ကြည့်သည့် လှေတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကနေဒါ ကယ်ဆယ်ရေး တာဝန်ရှိ အဖွဲ့အစည်းများက ဗြိတိသျှ ကိုလံဘီယာရှိ ဗန်ကူးဗား ကျွန်းမှ တိုဖီနို အနီးတွင် လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြောကြားခဲ့သည်။ နိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားသည့် မတော်တဆမှုအတွက် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။

APနှင့် AFP သတင်းဌာနများက ကယ်ဆယ်ရေး အဖွဲ့များ၏ အဆိုကို ကိုးကားပြီး လှေပေါ်တွင် လူ ၂၇ ဦး လိုက်ပါခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် သေဆုံးသူများ၏ နိုင်ငံသား ဖော်ပြချက်ကို တိတိကျကျ မသိရသေးချေ။

ရလဒ် မပြတ်သားသဖြင့် အာဂျင်တီးနား ရွေးကောက်ပွဲ နောက်ဆက်တွဲ ယှဉ်ပြိုင်ရဖွယ်ရှိ

မည်သည့် သမ္မတလောင်းမျှ လုံလောက်သည့် မဲအရေအတွက် မရရှိသည့်နောက် အာဂျင်တီးနား နိုင်ငံတွင် နောက်ဆက်တွဲ ရွေးကောက်ပွဲတစ်ခု ကျင်းပသွားရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၅ ရက် ရွေးကောက်ပွဲအတွက် မဲများ ရေတွက်ပြီးစီးလုနီးပါး ရှိနေချိန်တွင် ဗဟိုလက်ဝဲယိမ်း သမ္မတလောင်း ဒန်နီရယ်လ် ဆကွိုင်လီက ဗျူနိုအေးရိစ် မြို့တော်ဝန် မော်ရစ်ဟီယို မာကရီကို မဲအရေအတွက် အတန်ငယ် အသာစီးဖြင့် ဦးဆောင်လျက် ရှိသည်။

မဲအားလုံး ရေတွက်ပြီးချိန်တွင် ဆကွိုင်လီ၏ ဦးဆောင်မှုက ပိုမိုပြတ်သားလာမည်ဟု နိုင်ငံရေး အကဲခတ်များက ထင်ကြေးပေးထားသည်။ သို့သော်လည်း အစိုးရ ဖွဲ့စည်းရန် လိုအပ်သည့် မဲအရေအတွက် နှစ်ဖက်စလုံး မရရှိနိုင်သောကြောင့် နိုဝင်ဘာ ၂၂ ရက်တွင် စိတ်မကျေပွဲအဖြစ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

အစ္စရေး-အာရပ်တစ်ဦး လေတံခွန်ဖြင့် နယ်စပ်စည်းရိုးကို ကျော်ဖြတ်ကာ အိုင်အက်စ်တို့ထံ ပူးပေါင်းသွား

ဆီးရီးယားနှင့် နယ်စပ်စည်းရိုးအနီး လုံခြုံရေး စောင့်ကြပ်နေသည့် အစ္စရေးတပ်ဖွဲ့များ။
အစ္စရေးနိုင်ငံမှ အာရပ်တစ်ဦးက လေတံခွန်တစ်ခုကို အသုံးပြုကာ ဆီးရီးယားသို့ ပျံသန်းပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အသက် ၂၃ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦးသည် ဆီးရီးယားဘက်ခြမ်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ အစ္စရေးရှိ အာရပ်အနွယ်များ အဓိက နေထိုင်ရာ ဂျယ်ဂျူလီယာ ကျေးရွာတွင် နေထိုင်သည့် အဆိုပါ အမျိုးသားသည့် နှစ်နိုင်ငံ နယ်ခြားတွင် တားဆီးထားသည့် သံစည်းရိုးများကို လေတံခွန် အကူအညီဖြင့် ကျော်ဖြတ်ကာ ဒါရား ဒေသဘက် ဆင်းသက်သွားခဲ့ခြင်း ဖြစ်သည်။

Friday 23 October 2015

တိုင်ကြားချက် ၇၀ ကျော် UEC လက်ခံ ရရှိ

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း ဥပဒေအရ တိုင်ကြားမှု ၇၀ ကျော် ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီတိုင်တန်းမှုတွေမှာ အကျိုး ဖျက်ဆီးမှု၊ နိုင်ငံရေးပါတီ အချင်းချင်း တိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုင်တန်းမှု စတဲ့အမှုတွေပါတယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဖြစ်အပျက် ၉၀ကျော် ဖြစ်ပွားခဲ့တာမှာ အမှုဖွင့်တိုင်ကြားမှုဟာ ၇၀ကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးဝင်းကိုက ဗွီအိုအေ မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

အစွန်းရောက် အမျိုးသားရေး ဝါဒ မြန်မာ ရွေးကောက်ပွဲ ကို ထိခိုက်နိုင်

မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒ ကြီးထွားလာနေတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့နေရပြီး ဒါဟာ မကြာခင် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ အတွက် လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီ ရှေ့မှောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို တင်ပြချိန်မှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။

မြန်မာ ရွေးကောက်ပွဲ အပေါ် Mitch McConnell မျှော်လင့်ချက် ထားဆဲ

လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ အတွက် သူတို့ လိုလား တဲ့ ခေါင်းဆောင်ကို ရွေးချယ်ခွင့် ရမယ့် အခွင့်အလမ်းတရပ်ဖြစ်တာမို့၊ ဒီရွေးကောက်ပွဲ အခြေအနေကို အမေရိကန်ပြည်ထောင်စု နဲ့  နိုင်ငံတကာ က စောင့်ကြည့် အကဲခတ်နေတယ်လို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောလိုက်ပါတယ်။ ဒီရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို တိုင်းတာ အကဲဖြတ်ရမယ့် အခြေအနေ တရပ်ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnellမနေ့တုန်းက အမေရိကန် အထက်လွှတ်တော် မှာ လာမယ့်မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆို သွားတာတွေကို ကိုသားညွန့်ဦးက ကောက်နုတ် တင်ဆက်ပေးပါမယ်။

Thursday 22 October 2015

မြန်မာရွေးကောက်ပွဲအလားအလာ ကန်လွှတ်တော်ကြားနာ


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေဆဲ ဆိုပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး စိုးရိမ်စရာတွေ ရှိနေဆဲ အခြေအနေတွေကို အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြားနာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေဟာ အောင်မြင်မှုရှိတယ်လို့ မကြာခဏ ပြောဆိုနေပေမဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကန့်သတ်မှုတွေ ရှိနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကိုလည်း ဥပဒေပြု အမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော်မှာ ဆွေးနွေးကြားနာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေ တုန်းက အပြောင်းအလဲတွေနဲ့အတူ အမေရိကန်အစိုးရက ထိတွေ့ဆက်ဆံလာခဲ့တဲ့ မူဝါဒတွေဟာ လက်တွေ့ ကျရဲ့လား ဆိုတာကိုလည်း ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Steve Chabot တို့လို ဥပဒေပြုအမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။

“အမေရိကန် အစိုးရက ကျနော်တို့ရဲ့ ဆက်ဆံရေးသစ်၊ မြန်မာနိုင်ငံသစ်ဟာ အောင်မြင်မှုတခု အဖြစ် ပြသဖို့ ကြိုးစားနေပါတယ်။ ကျနော်ထင်ပါတယ် အပြုသဘောပြောမယ်ဆိုရင်တောင် အပြတ်ပြောနိုင်တဲ့ အခြေအနေမျိုးမှာ မရှိသေးပါဘူး။ ပြဿနာတွေ ကြီးကြီးမားမား ရှိနေတဲ့အထဲမှာ ရိုဟင်ဂျာအရေးလည်း ပါပါတယ်။ ကျနော်အနေနဲ့ ဝေဖန်ရမယ်ဆိုရင်တော့ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေး ကတိတွေအတိုင်း ဆောင်ရွက်တာမျိုးကိုလည်း ထင်ထင်ရှားရှား သက်သေမပြနိုင်သေးပါဘူး။ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေဆဲဖြစ်ပြီး၊ ဒါတွေဟာလည်း စစ်တပ်နဲ့ပတ်သက်နေပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေပါ။”

အားလုံးပါဝင်ခွင့်မရှိဘဲ ကန့်သတ်မှုတွေကြားက ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတာ၊ ရိုဟင်ဂျာမူဆလင်တွေကို တိုင်းရင်းသား အဖြစ် မြန်မာအစိုးရက လက်မခံဘဲ ခွဲခြားဆက်ဆံတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတာ၊ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီး အရေးယူထားတာတွေကိုလည်း အဓိကဆွေးနွေး ကြားနာခဲ့ကြပါတယ်။ သီတင်း ၃ ပတ်လောက်သာ ကျန်တော့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် မဲပေးခွင့် မရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း အောက်လွှတ်တော် အာရှနဲ့ပစိဖိတ် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Matt Salmon က မေးခွန်းထုတ်ခဲ့ပါတယ်။

“မနေ့တနေ့ကပဲ ကြားရတဲ့သတင်းအရ ခန့်မှန်းချေ မြန်မာနိုင်ငံသား ၄ သန်းလောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့် မရဘူးလို့ သိရပါတယ်။ ဒါဟာ တရားဝင် မဲပေးခွင့်ရှိသူ ၃၃ သန်းခွဲထဲမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီရွေးကောက်ပွဲဟာ အများက ယုံကြည်လက်ခံနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာလားဆိုတာ ဘယ်လိုများ ဆန်းစစ် အကဲဖြတ်ထားသလဲဆိုတာ သိချင်ပါတယ်။ ဒါဟာမြန်မာပြည်သူတွေက ရွေးကောက်ပွဲကို လက်ခံသလားဆိုတဲ့ အပေါ်မှာ လုံးဝမူတည်နေတယ်လို့ ကြားပါတယ်။ လေ့လာအကဲခတ် သိလာရတဲ့ အပေါ်မှာ ကျနော်တို့ တခုခုဆုံးဖြတ်မယ်လို့လည်း ကြားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်ရော ဘာလုပ်မှာလဲ။”

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ဒုတိယအကြီးအကဲ Jonathan Stivers တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်က စိန်ခေါ်မှုတွေကို အမေရိကန် အစိုးရတာဝန်ရှိသူတွေအနေနဲ့ သတိပြုမိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မမြင်သလို လုပ်နေမှာတော့ မဟုတ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရကိုလည်း အမေရိကန်က ဆက်လက် ကူညီသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီး လျှော့ချဖို့ဆိုတာဟာ ဖြစ်စဉ်တခုလုံးပေါ် မူတည်တယ်လို့လည်း ၀န်ကြီး Russel က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတိထားရမယ့် စိန်ခေါ်မှုတွေကိုလည်း အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ အခုလို ဖြေကြားသွားခဲ့ပါတယ်။

“အခြေခံအားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ကျနော်တို့ ခေါင်းထဲမှာ အမြဲထည့်ထားပါတယ်။ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်တွေက နေရာယူထားတာဟာ ဘယ်လိုမှ တရားမျှတမှုမရှိပါဘူး၊ White Card ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ မဲပေးခွင့်မရတာဟာလည်း တရားမျှတမှု မရှိပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ နိုင်ငံရေးပါတီတွေက ဒီချို့ယွင်းချက်တွေ ရှိနေတယ်ဆိုတဲ့ အသိနဲ့ပဲ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ ကျနော်တို့ အနေနဲ့လည်း မြင်တွေ့ ကြားသိရတာတွေအပေါ် အခြေခံပြီး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တခြား နိုင်ငံရေးပါတီတွေ၊ ပြီးတော့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် အခြေခံပြီး ဆန်းစစ်အကဲဖြတ်သွားမှာပါ။ ဒီအထဲမှာ IFES၊ IRI၊ NDI၊ ကာတာစင်တာ၊ အီးယူရွေးကောက်ပွဲ စောင့်ကြည့်ရေး စတဲ့ အဖွဲ့တွေ ပါဝင်ကြတာဟာလည်း ဒီနေရာမှာ အရေးကြီးပါတယ်။ ပြည်တွင်းက ထောင်နဲ့ချီတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေရဲ့ ပြောဆိုချက်တွေကိုလည်း ကျနော်တို့က နားထောင်သွားမှာပါ။ မြန်မာသတင်းမီဒီယာတွေနဲ့ မြန်မာပြည်သူတွေရဲ့ ပြောဆိုချက်တွေလည်း နားထောင်ပြီးတော့ ကျနော်တို့အနေနဲ့ ချင့်ချိန် အကဲဖြတ် သွားမှာပါ။”

ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေအပေါ် ဆက်ဆံမှုတွေကို အထူး စိုးရိမ်မိသလို၊ ရွေးကောက်ပွဲရက်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်စေနိုင်တဲ့ အမုန်းစကား ပြန့်ပွားမှုကိုလည်း ၀န်ကြီး Russel က သတိပေးသွားခဲ့ပါတယ်။ မြန်မာ့အရေး အောက်လွှတ်တော် ကိုယ်စားလှယ်များရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Joe Crowley ကလည်း - လာမယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ တကယ့်ဆန္ဒအမှန်ကို အကောင်အထည် ဖော်ပေးနိုင်လိမ့်မယ်ဆိုတဲ့အပေါ် သံသယရှိနေတာပါ။

“ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကို ဖော်ထုတ်နိုင်မယ်လို့ ကျနော်ကတော့ မယုံကြည်ပါဘူး။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို နေရာယူထားဦးမှာပါ။ ဒါတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ဒါကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းစကားပါးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရီပတ်ပလစ်ကန်ရော၊ ဒီမိုကရက် ပါတီ ၂ ရပ်စလုံးကပါ - ဒါတွေ ပြောင်းလဲဖို့လိုအပ်တယ်လို့ သဘောတူ လက်ခံထားကြပါတယ်။”

ဒါ့အပြင် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ Ed Royce ကလည်း - မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အမည်မဲစာရင်းမှာ ထည့်သွင်းဖို့ အမေရိကန် ဘဏ္ဍာရေးဌာနကို တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မှာ ကျင်းပခဲ့တဲ့ ကြားနာပွဲမှာတော့ လူမျိုးတုန်းသတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားနေတဲ့ United to End Genocide အဖွဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ U.S. Campaign for Burma တို့က တာဝန်ရှိသူတွေလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေးအရ နောက်ပြန်ဆွဲတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ကြပါတယ်ရှင်။
VOA

စစ်တပ် မဲရုံတွေအတွင်း အီးယူစောင့်ကြည့်ရေးအဖွဲ့ လေ့လာနိုင်မည်


နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေကို သွားရောက် လေ့လာနိုင်မှာ ဖြစ်တယ်လို့ EU EOM အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီကိုလည်း အာရုံစိုက် လေ့လာသွားမယ်လို့လည်း ပြောပါတယ်။အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင် က သတင်းပေးပို့ထားပါတယ်။၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်မယ့် အဖွဲ့တဖွဲ့ဖြစ်တဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေမှာ သွားရောက် လေ့လာနိုင်မှာဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ လေ့လာရေးမှူးအဖွဲ့ချုပ် Alexander Graf Lambsdorff က ဆိုပါတယ်။

Wednesday 21 October 2015

ထောင်ထားတဲ့ထီးဖြူနဲ့ ဘယ်သူဘုရင်လုပ်မလဲ


(တစ်)
ရွေးကောက်ပွဲနီးသည့်ရက်များအတွင်းမှာမှ ပုဂံသို့ခပ်စိပ် စိပ်ကလေးဆိုသလို ရောက်ဖြစ်ပါသည်။ မြင်းခြံသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ပခုက္ကူသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ချင်းတောင်သို့အသွားတွင်လည်း ပုဂံကခရီး တစ်ထောက်မို့ မူလပထမပုဂံနှင့် အကျွမ်းတဝင်ရှိပြီးသားတွင် လက်ပွန်းတတီးက ထပ်ဆောင်းကာ နွေးနွေးထွေးထွေးရှိလို့မဆုံးသည့်ရက်များပင် ဖြစ်ပါလေသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ရွေးကောက်ပွဲအကြိုရက်များအတွင်း ပုဂံသို့ရောက်သောအခါ ဖျတ်ခနဲအာရုံရောက်သွားမိသည်က ထီးလိုမင်းလိုဘုရားပဲဖြစ်ပါသည်။ ထီးလိုမင်းလိုဘုရင်က ရွေးကောက်တင်မြှောက်သည့် နည်းမျိုးဖြင့် နန်းတက်လာသည် ဟုဆိုကြသည်မဟုတ်လား။
စာအုပ်စင်ပေါ်၌ ဆရာတော်‘‘ရွှေကိုင်းသား’’၏‘‘ပုဂံသွားမှတ်တမ်း’’စာအုပ်ကလေးရှိရာ ထိုစာအုပ်တစ်နေရာတွင် ဆရာတော်က ‘‘ပုဂံရာဇဝင်တွင် ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကို ရရှိခဲ့သော ထီးလိုမင်းလိုခေါ် ဇေယျသိင်္ခနန်းတောင်းများမင်း’’ ဟုထည့်သွင်းရေးသားထားခဲ့ဖူးသည်ကို အမှတ်ရမိ၍ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကိုရရှိတဲ့။

ရွေးကောက်ပွဲနေ့တွင် လုပ်သားစေလွှတ်မှုအချို့ ရပ်နားထားမည်


ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ပထွက်ခွာအလုပ်လုပ်သူဦးရေမှာ လျော့သွားခြင်းမရှိဘဲ ပုံမှန်အခြေအနေ၌ ရှိနေပြီး အေဂျင်စီအချို့ရွေးကောက်ပွဲရက်တွင် လုပ်သားစေလွှတ်မှု ရပ်နားထားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန်ရှိသော်လည်း ပြည်ပနိုင်ငံများမှ လုပ်သားခေါ်ယူမှုပုံမှန်အတိုင်းရှိနေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များက ဆိုသည်။
‘‘လုပ်သားစေလွှတ်မှုက ပုံမှန်အတိုင်းရှိနေပါတယ်။ ခေါ်စာတွေလည်း အဲဒီလပိုင်းအထိရှိနေတာပဲ။ ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်က ရွေးကောက်ပွဲလုပ်မှာဆိုတော့ ကျွန်တော်တို့ဆီက အဲဒီ့တစ်ရကတော့ လုပ်သားပို့မှာတော့ မဟုတ်ဘူး’’ဟု ရွှေဝင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောသည်။

အမျိုးသမီးအခွင့်အရေး တန်းတူညီမျှရဖို့ ဥပဒေများ တင်သွင်းရန်လိုနေဟု ဒေါ်ညိုညိုသင်း ထောက်ပြ

အမျိုးသမီးများ အခွင့်အရေး တန်းတူညီမျှ ရရှိရန်အတွက် ဥပဒေများ ကိုလွှတ်တော်သို့ တင်သွင်းရန် လိုအပ်နေသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။
“နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့နေရာမှာ ပါဖို့မဖြစ်မနေ ရေးဆွဲပေးရမယ်”ဟု ၎င်းက ပြောသည်။

ဒဂုံစီးတီး စီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း အစရှိသည့် စီမံကိန်းများအတွက် လွှတ်တော်သို့ အဆိုများတင်သွင်းကာ တားဆီးနိုင်ရေး ကြိုးပမ်းခဲ့သူလည်း ဖြစ်သည့် လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသမီးဆိုလျင် ကိုယ်ဝန်ဆောင် မိခင်မှသာ နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို ရသလို ဖြစ်နေကြောင်း မိခင်မဟုတ်သည့် အမျိုးသမီးများ အနေဖြင့် နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို မရသလိုဖြစ်နေ၍ နိုင်ငံတော် အခြေခံမူကိုပင် အမျိုးသမီးများအခွင့်အရေးနှင့် ပက်သက်ပြီး ပြင်စရာတွေ အများကြီး ရှိနေသေးသည်ဟု ပြောသည်။

ရေကြီးနစ်မြုမှုများကြောင့် လယ်ဧက ၁၀ သိန်းကျော် ပျက်စီး အကူအညီများ အစောတလျင်ပေးရန် FAO နှင့် WFO တို့ပြော


ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးမှုများကြောင့် လယ်မြေဟက်တာ ငါးသိန်း (ဧက ၁၂သိန်းကျော်) ပျက်စီးခဲ့ရပြီး ဆိတ်၊ နွား၊ ဝက်ကောင်ရေ နှစ်သိန်းခွဲ သေဆုံးခဲ့ခြင်းကြောင့် လယ်သမားတို့အတွက် အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့က အောက်တိုဘာ ၂၀ ရက်က ပူးတွဲ ထုတ်ပြန်ကြေညာသည်။

“ထိခိုက် ဆုံးရှုံးခဲ့ရသော လယ်သမားများ အထူးသဖြင့် ဆင်းရဲမှုကြောင့် ပိုမို ထိခိုက်လွယ်သော အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများအတွက် မွေးမြူရေး တိရစ္ဆာန်များ၊ မျိုးစေ့များ၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံး ပစ္စည်း ကိရိယာများ ကူညီကြရန်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့သည် ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ကြရသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

UEFA ၏ နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်းအရ ပရီးမီးယားလိဂ်မှာ ၀င်ငွေကဏ္ဍအားလုံးကို လွှမ်းမိုးထား


ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)၏ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းအရ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ၀င်ငွေကဏ္ဍအားလုံးတွင် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သည်။ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးအနေဖြင့် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သော်လည်း အသင်းတစ်သင်းချင်းစီအလိုက် ကဏ္ဍတွင်မူ ရီးယဲလ်အသင်းက အချမ်းသာဆုံးအသင်း၊ ကွင်းဝင်ကြေးအများဆုံး ရရှိသည့်အသင်း၊ ကစားသမားတန်ဖိုးအကြီးဆုံးအသင်း၊ လစာငွေပေးချေရမှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းဝင်ငွေမှာ ပေါင် ၃ ဒသမ ၃ ဘီလီယံအထိရှိခဲ့ပြီး အချမ်းသာဆုံးထိပ်သီးအသင်း ၃၀ တွင် ပရီးမီးယားလိဂ်မှ ၁၂ သင်းအထိပါဝင်ခဲ့သည်။
၂၀၀၉ ခုနှစ်က တစ်နှစ်လျှင်ဝင်ငွေ ယူရိုသန်း ၁၀၀ ကျော်ရရှိသည့်အသင်း ၂၄ သင်းသာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၄၅ သင်းအထိ ရှိလာပြီ ဖြစ်သည်။ အချမ်းသာဆုံးထိပ်သီးအသင်း ငါးသင်းမှာ ရီးယဲလ်၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ဖြစ်ပြီး ထပ်သီး ၁၀ သင်းတွင် ပရီးမီးယားလိဂ်က ငါးသင်း ပါဝင်ခဲ့သည်။

ပိုလန်ဝန်ကြီးချုပ် အီဝါကိုပက်ဇ်

မစ္စစ်အီဝါကိုပက်ဇ်သည် ပိုလန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိပိုလန်နိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်သည်။ ယင်းမတိုင်မီ ပါလီမန် ဥက္ကဋ္ဌဖြစ်ပြီး အဆိုပါရာထူးကို ရ ရှိသော ပထမဆုံးအမျိုးသမီးဖြစ် သည်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်း ဆောင်ခဲ့သည်။အီဝါကိုပက်ဇ်ကို ၁၉၅၆ တွင် စကာရစ်ဇူးဒေသ၌ မွေးဖွားခဲ့ သည်။ ဖခင်မှာ စက်ပြင်ဆရာတစ် ဦးဖြစ်ပြီး မိခင်မှာ စက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သည်။ ရာဒွန်မြို့တွင် ကြီး ပြင်းခဲ့ပြီး အထက်တန်းအောင် မြင်ခဲ့သည်။အီဝါကိုပက်ဇ်သည် ၁၉၈၁ လူဘလင် ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။ မိသား စုဆေးပညာရှင်ကလေးအထူးကု ဘာသာရပ်များ အထူးပြု၍ ထပ်မံလေ့လာခဲ့သည်။ ကျေးလက်ဆေး ခန်းများမှ စတင်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဒေသခံဆေးရုံအကြီး အကဲဖြစ်လာခဲ့သည်။မစ္စစ် အီဝါကိုပက်ဇ်သည် ၁၉၈၀ ပြည့်နှစ်က ညီညွတ်သော ပြည်သူ့ပါတီသို့ ၀င်ရောက်ခဲ့ သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ တွင်မူ လွတ်လပ်ရေးသမဂ္ဂပါတီ သို့ ၀င်ရောက်ခဲ့ပြီး ရာဒွန်ခရိုင် ပါတီအကြီးအကဲဖြစ်လာသည်။ ၁၉၉၈ ဒေသဆိုင်ရာရွေးကောက် ပွဲတွင် ဒေသဆိုင်ရာကောင်စီလူ ကြီး တစ်ဦးအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။

ကာဗွန်များ ပျော်ဝင်နေသည့် ပင်လယ်သမုဒ္ဒရာများ


ကမ္ဘာတစ်ဝန်းရှိ ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းရိုးတန်းရေ ပြင်များက စိတ်အနှောင့်အယှက်ဖြစ်ရာ ဇာတ်လမ်းကို စတင်ပြော ကြားနေကြသည်။ ပင်လယ်သမုဒ္ဒ ရာများသည် ရေမြှုပ်တစ်ခုကဲ့သို့ ပင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်များကို တစ်နေ့တ ခြားပိုမိုစုပ်ယူနေပါသည်။ ကာဗွန် ဒိုင်အောက်ဆိုက်များကို စုပ်ယူ လွန်းအားကြီး၍ ပင်လယ်သမုဒ္ဒရာ နှင့် ကမ်းရိုးတန်းရေပြင်များ၏ ဓာ တုဗေဒမျှခြေညီမျှနေမှုများ ပြောင်းလဲနေပြီး ရေနေသဘာဝဂေဟ စနစ်များကို တိုး၍ ခြိမ်းခြောက်နေ သည်။လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း လူတို့၏ ပယောဂကြောင့် ထွက်ရှိလာသော ကာဗွန်မက်ထရစ်တန်ဘီလီယံ ၁၅၀ ကို ကမ္ဘာ ပေါ်ရှိ ပင်လယ်သမုဒ္ဒရာများက စုပ်ယူထားသည်။ လက်ရှိတွင် လူတစ်ဦး၏ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှု မှာ သီတင်းတစ်ပတ်လျှင် ၁၅ ပေါင်ရှိပြီး ယင်းမှာ နှစ်စဉ်အီကွေတာ ကို ၁၃ ပတ်ပတ်နိုင်အောင် ရှည် လျားသော ကျောက်မီးသွေးသုံး ရထားကို စွမ်းအင်ဖြည့်ပေးရန် လုံလောက်ပါသည်။

ပုပ်ရဟန်းမင်းကြီး ဦးနှောက်တွင် အကြိတ်ရှိနေသည်ဆိုသော သတင်းကို ဗာတီကန် ငြင်းဆို

ပုပ်ရဟန်းမင်းကြီး အနေဖြင့် ဦးနှောက်အတွင်း အကြိတ်ရှိနေသည့် ရောဂါဝေဒနာ ခံစားနေရကြောင်း သတင်းများကို ဗာတီကန် နန်းတော်က ငြင်းဆန်သွားခဲ့သည်။ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်နိုင်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် ဦးနှောက်ထဲတွင် အကြိတ်ရှိနေကြောင်း ဆေးစစ် တွေ့ရှိခဲ့သည်ဟု အီတလီ မီဒီယာများက ဖော်ပြခဲ့သည်။ပုပ်ရဟန်းမင်းကြီး အခြေချ သီတင်းသုံးရာ ဗာတီကန် နန်းတော်က အောက်တိုဘာ ၂၁ ရက်တွင် အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရှင်းလင်း ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။“ပုပ်ရဟန်းမင်းကြီး အနေနဲ့ လုပ်ငန်းတာဝန် မှန်သမျှကို တတ်အားသ၍ စူးစိုက် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအမြစ်မရှိ ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းစကားတွေဟာ ပုပ်ရဟန်းမင်းကြီးအတွက် အာရုံထား အရေးတယူပြုဖို့ မထိုက်တန်ပါဘူး”ဟု ဗာတီကန်နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဖာသာ ဖက်ဒရေကို လွမ်ဘာဒီက ပြောကြားခဲ့သည်။

မူဆယ်မြို့၊ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့မှ ဆက်ကြေးပေးဆောင်ရန် ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆို


ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ထံသို့ ဆက်ကြေး ပေးဆောင်ရန်အတွက် လာရောက်ဆွေးနွေးရန် ဖုန်းဖြင့်ဆက်သွယ် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မူဆယ်မြို့၊ ဈေးရပ်ကွက်ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ဝင် ကျောင်းဟုန် ဆိုသူမှ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲချိန်တွင် ဆက်ကြေးငွေပေးဆောင်ရန်အတွက် ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆိုရာ အစိုးရဘဏ်ဖြစ်၍ မန်နေဂျာတစ်ယောက်အနေဖြင့် ဆုံးဖြတ်ခွင့် မရှိကြောင်း ၊ အထက်ဌာနသို့ သတင်းပို့ပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဘဏ်ဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရ သိရသည်။

အနာဂတ်တွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင့်သုံးခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာအရ အနာဂတ်တွင် မြန်မာနိုင်ငံသား များအနေဖြင့် စစ်မှုမထမ်းမနေရ စနစ်အရ အချိန်ကာလအပိုင်းအခြားတခုဖြင့် စစ်မှုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိများ၊ စစ်သည်များနှင့် မနေ့ကတွေ့ဆုံရာတွင် ပြောဆိုကြောင်း စစ်တပ်ပိုင် မြ၀တီသတင်း တွင် ဖော်ပြသည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်မျှတသည့်အင်အား၊ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည်။

Saturday 17 October 2015

ရုရှ၏ ထောက်ကူမှုဖြင့် အလက်ပိုမြို့အနီး ဆီးရီးယားစစ်တပ်က ထိုးစစ်စတင်


 ရုရှလေကြောင်းပစ်ကူနှင့် မဟာမိတ်ပြည်သူ့စစ်တို့၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၆က ဒုတိယမြို့ကြီး အလက်ပိုဝန်းကျင်ရှိ သူပုန်များကို တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာသစ်တစ်ခုကို ဖွင့်လိုက်သည်။ယင်းထိုးစစ်တွင် အီရန်နောက်ခံ တပ်ဖွဲ့ဝင် ၂,၀၀၀ခန့်လည်း ပါသည်ဟု ၀ါရှင်တန်က ပြောသည်။ ဆီးရီးယားနယ်စပ်အနီး ၄င်း၏ လေပိုင်နက်သို့ ကျူးကျော်လာသည့် မည်သူ၏   လေယာဉ်မှန်း မသိရသည့် လူမဲ့ဒရုန်းယာဉ်တစ်စင်းကို ပစ်ချလိုက်သည်ဟု တူရကီက ပြောကြားပြီးနောက် ယခုထိုးစစ်ဖြစ်ပေါ်လာသည်။စက်တင်ဘာ ၃၀တွင် မော်စကိုက လေကြောင်းစစ်ဆင်ရေးစတင်ကတည်းက သမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရက ဆင်နွှဲသော ထိုးစစ်များတွင် ယခုအလက်ပိုထိုးစစ်က စတုတ္ထမြောက်ဖြစ်သည်။

ကြိုတင်မဲ အခက်အခဲ စာနာ နားလည်ပေးရန် ရွေးကောက်ပွဲကော်မရှင် တောင်းပန် ထုတ်ပြန်


နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲများကို သက်ဆိုင်ရာနိုင်ငံ သံရုံး အသီးသီးတွင် ပေးနိုင်ကြပြီဖြစ်ရာ မဲဆန္ဒပေးခွင့် မရှိသူများ ပေါ်ပေါက်ခြင်း၊ ဆန္ဒမဲ လက်မှတ်မပြည့်စုံမှုများ ပေါ်ပေါက်လာပြီးနောက် အခက်အခဲများကို နားလည်ပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
သက်ဆိုင်ရာ သံရုံးများသည် “ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်း၊ သံရုံးများတွင် ဝန်ထမ်းကန့်သတ်ချက် ရှိခြင်း၊ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန် သံရုံးအသီးသီးတွင် အခက်အခဲ ရှိမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခံစား နားလည်မိပါကြောင်း၊ ပြည်တွင်း/ပြည်ပရှိ မဲဆန္ဒရှင်များ အနေဖြင့်လည်း နားလည်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံ အသိပေး ကြေညာ အပ်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။

ဘာသာရေး၊ လူမျိုးရေးဖြင့် တိုက်ခိုက်သူများ သတ္တိရှိပါက တရားဝင်စွပ်စွဲပါဟု ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်


ရွေးကောက်ပွဲကိုအကြောင်းပြုပြီး သူမနှင့် သူမ၏ပါတီကို လူမျိုးရေး၊ ဘာသာရေး ထိုးနှက်နေသူများအနေဖြင့် သတ္တိရှိရှိ တရားဝင်စွပ်စွဲလိုက်ပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ခရီးစဉ်တွင် ပြတ်ပြတ်သားသားပြောဆိုလိုက်သည်။
“ဒီလိုပြောတတ်တဲ့သူတွေဟာ တစ်ကယ်သတ္တိရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့ကိုတရားဝင် စာရေးပြီးတော့ စွပ်စွဲပါ။ တရားဥပဒေဘောင်အတွင်းကနေ ကျွန်မတို့ရင်ဆိုင်ပါမယ်” ဟု ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အောက်တိုဘာ ၁၇ရက်၊ နံနက်ပိုင်းကပြုလုပ်သည့် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ ၁၃နှစ်အတွင်း ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသခံများအများဆုံးမေးမြန်းသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်ပါက ရခိုင်တိုင်းရင်းသားတို့လက်မခံသည့် ဘင်္ဂလီများကြီးစိုးသွားမည်လော၊
ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားမည်လော ဟူသည့် မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရွေးစင်နည်းပြချုပ် မိုဗစ်ကို ရာထူးမှ ထုတ်ပြီး ဂတ်ဇီဆီနှင့် အစားထိုး


 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် အစားထိုး ခဲ့သည်။
ဆာဘီးယားလူမျိုး အေဗရာမိုဗစ်သည် ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီတွင် လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့သော်လည်း ၄င်းလက်ထက်တွင် လက်ရွေးစင်အသင်း ပွဲပေါင်း ၂၂ ပွဲ၌ ခုနစ်ပွဲနိုင် လေးပွဲသရေ ၁၁ ပွဲရှုံး ရလဒ်သာ ရရှိထားသည်။MFF သည် နည်းပြဟောင်း ရာဒီ အေဗရာမိုဗစ်အား လစာ(၃)လစာ ပေးအပ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီး ဆာဘီးယား ကြံ့ခိုင်ရေး နည်းပြ လူကာ ကိုလည်း လစာ(၂)လစာ ပေးအပ်၍ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တစ်သောင်းတန်ငွေစက္ကူအတုတွေ့ရှိမှု များလာ


အောက်တိုဘာလ ဆန်းမှစတင်၍ ရခိုင်ပြည်နယ်အ တွင်း မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူအတု တွေ့ရှိရမှုများပြားနေကြောင်း သ တင်းရရှိသည်။‘‘ဘဏ်ကို ငွေသွင်းလာတဲ့ လူတွေမှာ အများဆုံးတွေ့လာရ တာ ဖြစ်ပါတယ်။ အပြင်မှာတော့ ဘယ်လောက်ထိ ပြန့်နေမလဲဆို တာကို မပြောတတ်တော့ပါဘူး။ အရင်ကလည်း ပျောက်နေပြီးတော့အခုအောက်တိုဘာလဆန်းပိုင်း ကစပြီး အများဆုံးတွေ့လာရတာ ဖြစ်ပါတယ်’’ဟု မင်းပြားမြို့နယ်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြော သည်။ ရခိုင်ပြည်နယ်တွင် တစ် သောင်းတန်ငွေစက္ကူအတုပျံ့နှံ့ နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အများစုသည် ငွေအတု၊ အစစ်ခွဲ ခြားမသိ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ငွေအတုများကို အစစ်နှင့် ရောနှောလက်ခံမိကြောင်း မြောက်ဦးမြို့မဈေးတွင် ကုန်မျိုးစုံရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။

Friday 16 October 2015

“စစ်သား မဟုတ်ပေမယ့် တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးလို့ ရပါတယ်”


၂ဝ၁၅ ရွေးကောက်ပွဲ တသီးပုဂ္ဂလ အမတ်လောင်းတွေထဲမှာ လုပ်ငန်းရှင် ဦးဌေးအောင်လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် မဲဆွယ်နေတဲ့ ဦးဌေးအောင်ဟာ မြန်မာနိုင်ငံရဲ့ မော်တော်ကား ဈေးကွက်မှာ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။မြစ်ဝကျွန်းပေါ်ဒေသ ဟသာင်္တမြို့ဇာတိ ဦးဌေးအောင်ဟာ ပြည်ပအတွေ့အကြုံ များပြားတဲ့ လုပ်ငန်းရှင် ဖြစ်ပြီးလွန်ခဲ့တဲ့နှစ် မြို့တော်စည်ပင် ရွေးကောက်ပွဲမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စည်ပင် သာယာရေး ကော်မတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူပါ။
Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဦးဌေး အောင်က မြန်မာ့ မဲဆန္ဒရှင်များ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တဲ့ အလားအလာ၊ နိုင်ငံ ရေးမှာ စစ်တပ်ပါဝင်နေမှု၊ သူရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်းရင်း တွေကို ပြောပြထားပါတယ်။

လစာတစ်ချို့တစ်ဝက် မိဘများကို ပေးရမည်ဟု တရုတ်ကုမ္ပဏီက မူချမှတ်ရာမှ အငြင်းပွားမှုများဖြစ်


တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုသည် အလုပ်သမားများအား လစာထဲမှ တစ်ချို့တစ်ဝက်ကို မိဘဖြစ်သူများအား မဖြစ်မနေ ပေးရမည်ဟု ထုံးစံမရှိသည့် ပေါ်လစီတစ်ရပ်ကို ချမှတ်ထားရာ အဆိုပါ သားသမီး ကျင့်ဝတ်ခွန်နှင့် ပတ်သက်ကာ အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများ ပြင်းထန်သွားသည်။
အလှကုန်ပစ္စည်းထုတ်ရာ ယင်းကုမ္ပဏီကို အမည်မဖော်ပြထားသော်လည်း အလုပ်သမားကြားတွင် ကောင်းမွန်သည့် ကိုယ်ကျင့်သိက္ခာတန်ဖိုးမြင့်တက်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကွမ်ကျို့နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။မိဘကို ရိုသေလေးမြတ်ခြင်းသည် တရုတ်လူအဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတွင် အဓိကတန်ဖိုးနှုန်းထားဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်ကမူ ဒေသတွင်းမီဒီယာများတွင် ယင်းကုမ္ပဏီက အကဲပိုလွန်းခြင်းဖြစ် သည်ဟု ရေးသားဖော်ပြကြသည်။

ဒီမိုကရေးစီသို့ အမြန်ပြန်သွားရန် ထိုင်းကို အမေရိကန် ထပ်မံတောင်းဆို


လက်ရှိတည်ရှိနေသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံး တိုးတက်လုပ်ဆောင်ရန် ကတိပြုသော်လည်း လမ်းပြမြေပုံအရ ဒီမိုကရေစီသို့ အမြန်ဆုံးပြန်သွားရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်က ထပ်မံတောင်းဆိုခဲ့သည်။အမေရိကန်သံအမတ်ကြီး ဂလင်းဒေးဗီးစ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွီနိုင်ကို အောက်တိုဘာ ၁၅က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်ကျင့်သုံးရေးအပါအ၀င် များပြားလှသည့်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သံအမတ်က ပြောသည်။နှစ်ပေါင်း ၁၈၀ကျော်ပြီဖြစ်သော နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်ထပ်အားကောင်းစေရန့် အမေရိကန်က နည်းလမ်းများရှာဖွေနေသည်ဟုလည်း ၄င်းက ပြောသည်။
"ဒီမိုကရေစီစနစ်ကို အမြန်ပြန်သွားပြီး ရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ်ကို ဖွဲ့စည်းရေး ထိုင်းနိုင်ငံက ဆက်လက်လုပ်သွားမည်လို့ ကျွန်တော်တို့(အမေရိကန်တွေ) မျှော်လင့်ပါတယ်"ဟု မစ္စတာဒေးဗီးစ်က ပြောသည်။

Thursday 15 October 2015

မိသားစုများ ပြန်လည် တွေ့ဆုံရေး အစီအစဉ်အတွက် တောင်ကိုရီးယား ရှေ့ပြေးအဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်


ကွဲကွာခဲ့သည့် မိသားစုများ ပြန်လည် ပေါင်းစည်းပေးရေး အစီအစဉ်အရ တောင်ကိုရီးယား အစိုးရ စေလွှတ်သည့် အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားသို့ ကြိုတင် ဝင်ရောက်သွားကြောင်း သိရှိရသည်။
စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် တွေ့ဆုံပေးရေး အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ သဘောတူညီထားပြီး လာမည့်သီတင်းပတ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။ အောက်တိုဘာ ၁၅ တွင်မူ တောင်ကိုရီးယား အစိုးရက လူ ၂၅ ဦး ပါဝင်သည့် အဖွဲ့တစ်ခုကို မြောက်ကိုရီးယားထံ စေလွှတ်လိုက်ကြောင်း ကြေညာခဲ့သည်။

ဆီးရီးယား စစ်မြေပြင်တွင် ဖျက်ဆီးအားပြင်းသည့် ဒုံးကျည်စနစ် ရုရှားအသုံးပြုနေဟု သတင်းများထွက်ပေါ်


ဆီးရီးယားတွင် ရုရှားအနေဖြင့် TOS-1A အမျိုးအစား ဒုံးကျည်လက်နက်များ ဖြန့်ကျက် အသုံးပြုသွားရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။တောက်ပသောကြယ်ဟု နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ လက်နက်စနစ်တွင် ဒုံးကျည် အများအပြားကို ပစ်လွှတ်နိုင်ပြီး မြို့ကြီး တစ်မြို့၏ ရပ်ကွက်ရှစ်ခုစာမျှ အကျယ်အဝန်းကို ပြားပြားဝပ်သွားစေနိုင်သည်အထိ ဖျက်ဆီးအား ပြင်းထန်ကြောင်း သိရသည်။ဆီးရီးယားတွင် သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်ဘက်မှ ပါဝင်ကူညီပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့နှင့် အခြားသော သူပုန်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။ ယခုအခါတွင်မူ ရုရှားသည် တင့်ကားပေါ် တင်ဆောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်လက်နက်များကိုပါ ဆီးရီးယားတွင် ဖြန့်ကျက်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။စက်တင်ဘာ ၃၀ မှ စတင်ကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားသည် အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်များတွင် အိုင်အက်စ်ပစ်မှတ် ၄၀ ကျော်ကို ဗုံးကြဲခဲ့ပြီး ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

ကရင်ပြည်နယ်ရှိ ကလေးများ အာဟာရဖွံ့ဖြိုးရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်


ကရင်ပြည်နယ်ရှိ ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဆင့်သုံးဆင့်ဖြင့် လာမည့်နှစ်မှစတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ယင်းပြည်နယ်တွင် ဆောင်ရွက်ရခြင်းမှာ အာဟာရဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် အာဟာရချို့တဲ့မှု များပြားခြင်းတို့ကြောင့်ဖြစ်ပြီး ယင်းအစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ဒုညွှန်မှူး ဒေါက်တာထင်လင်းက ပြောသည်။‘‘အာဟာရချို့တဲ့မှုများတဲ့ နေရာဒေသရွေးလိုက်တဲ့အခါမှာ မကွေး၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ကရင်ဆိုပြီး ထွက်လာတယ်။ ဒါ ကြောင့် နောက်နှစ်မှာ ကရင်မှာ လုပ်ဖို့ရှိတယ်။ လုပ်တဲ့အခါမှာ ပိုမိုထိရောက်တဲ့ နည်းစနစ်ကျင့်သုံးဖို့ အတွက် ရည်ရွယ်ပြီး အဆင့်သုံး ဆင့်နဲ့ ဆောင်ရွက်မှာပါ’’ဟု ၎င်း က ပြောသည်။

ဧရာဝတီနှင့်ရန်ကုန်တွင် အာဟာရဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်


ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင် အာဟာရအားဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားအာဟာရဌာနခွဲမှ သတင်းရရှိသည်။အဆိုပါတိုင်းဒေသကြီးနှစ်ခု ရှိ ဆန်စက်များနှင့်ညှိနှိုင်း၍ ခေတ်မီစက်ကြီးများဖြင့် အာဟာရအတွက် အားဖြည့်ဆန်ထုတ်လုပ် ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာ နလက်အောက်ရှိ အမျိုးသားအာ ဟာရဌာနခွဲ (NNA) ၊ FDA ၊ PSI အဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၇၀ ကျော်ကို အာဟာရလုပ်ငန်းများ ကူညီ ထောက်ပံ့ပေးနေသည့် PATH အဖွဲ့အစည်းတို့ကပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။‘‘အမှန်က ဒီလမှာစပြီးဖြန့်ရ မှာ။ စက်ပစ္စည်းတွေကနေ ဆန် ထုတ်တာမနိုင်တာတို့၊ ဆန်ထဲမှာ ထည့်ရမယ့် အနုအာဟာရတွေလိုနေသေးတာတို့၊ FDA ခွင့်ပြုချက် တို့၊ ဥပဒေရေးရာကင်းလွတ်ခွင့် လိုတာတွေနဲ့ ပြည်သူလူထု  လက် ခံသုံးစွဲအောင် ပညာပေးဖို့လိုတာ တွေ၊ ဖြန့်ဖြူးရောင်းချမယ့်လူလိုတာတွေကြောင့်ဈေးကွက်ထဲ မ ဖြန့်နိုင်သေးဘူး။ ဒါကြောင့် နိုဝင် ဘာနဲ့ ဒီဇင်ဘာလောက်မှာတော့ တိုင်းနှစ်ခုမှာ စပြီးဖြန့်ပါမယ်’’ဟု အမျိုးသားအာဟာရဌာနခွဲ ဒုညွှန် မှူး ဒေါက်တာထင်လင်းကပြောသည်။

အရည်အသွေးမပြည့်မီသည့် ငှက်ဖျားဆေးများကြောင့် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ်ထိခိုက်နိုင်


အရည်အသွေးမပြည့်မီသော ငှက်ဖျားဆေးအတုများသည် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် FDA အမှတ်အသားပါမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆေးပညာရှင်များက အကြံပြု ပြောကြားသည်။ဆေးဈေးကွက်အတွင်းသို့ အိန္ဒိယနှင့် တရုတ်နယ်စပ်များမှ ငှက်ဖျားဆေးဝါးအတုများ ဝင်ရောက်နိုင်ခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က အသိအမှတ် ပြုစစ်ဆေးထားသည့် Myanmar Registration Number (MRN) နံပါတ်ပါရှိသော ဆေးမှသာ စိတ်ချရကြောင်း အင်းစိန်ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည် က အကြံပြုသည်။
‘‘ဆေးအတုတွေက အလွန်ကို အန္တရာယ်ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ရာနှုန်းပြည့်သေသွားနိုင်တယ်။ ပြောရရင် ရာနှုန်းပြည့်စံနှုန်းမမီဘူး။ သွေးထဲမှာ ငှက် ဖျားပိုးတွေ ပျံ့နေတဲ့သူကို ထိုးမိမယ်၊ သောက်မိမယ်ဆိုရင် မကောင်းဘူး။ အသက်သေနိုင် တယ်။ ဒါကြောင့် ဆေးမှာ FDA အသိအမှတ်ပြု နံပါတ်ပါတဲ့ သောက်ဆေး၊ ထိုးဆေးဆိုရင် ဒီဆေးက အစစ်ပဲ။ အခုဆေးဈေး ကွက်ထဲမှာ ဆေးဝါးအတုတွေရဲ့ အန္တရာယ်က တော်တော်သတိ ထားရမယ်။ မရှိဘူး မဟုတ်ဘူးရှိ တယ်။ နယ်စပ်ပေါက်တွေက ဝင်လာတယ်လို့ ယူဆရတယ်’’ဟု ၎င်းက ပြောသည်။

ရခိုင်နှင့် စစ်ကိုင်းတွင် ငှက်ဖျားဖြစ်ပွားသူ မြင့်မားလျက်ရှိ


ရွှေ့ပြောင်းသွားလာမှု များပြားခြင်းကြောင့် ရခိုင်နှင့် စစ်ကိုင်းတိုင်းတွင် ငှက်ဖျားဖြစ်ပွားသူဦးရေ မြင့်မားလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ငှက်ဖျား ဖြစ်ပွားသူဦးရေ သုံးသောင်း ခြောက်ထောင်ကျော်ရှိကာ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းသည် သုံးသောင်းတစ်ထောင်ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရန်ကုန်တွင် သုံးရာကျော်နှင့် မန္တလေးတိုင်းတွင် ခြောက်ထောင်ကျော်ဖြင့် ငှက်ဖျားဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားငှက်ဖျား ရောဂါတိုက်ဖျက်ရေး စီမံချက် ၂၀၁၄ စာရင်းများအရ သိရသည်။‘‘၂၀၁၁ ကနေ ၂၀၁၄ အထိ ကြည့်လိုက်ရင် ငှက်ဖျားဖြစ်ပွားနှုန်းက တဖြည်းဖြည်းနည်းလာပေမယ့် ရခိုင်နဲ့ စစ်ကိုင်းမှာတော့ များ နေသေးတာ တွေ့ရတယ်။ တိုင်း နဲ့ပြည်နယ်တွေကို ငှက်ဖျားပိုးရှိ၊ မရှိ သွေးဖောက်စစ်လိုက်တဲ့အခါ မှာ ရခိုင်နဲ့ စစ်ကိုင်းက အများဆုံးဖြစ်နေတယ်’’ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါနှိမ်နင်းရေးဌာန(ရပကန) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။

Wednesday 14 October 2015

NLD အောင် နိုင်ရေး Online လှုပ်ရှားမှုဆိုသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အနီရောင်တီရှပ် ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသည့်သတင်း မမှန်နိုင်ကြောင်း ဈေးကွက်အတွင်း အထည်ဆိုင်များဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး အတွက် ပါဝင်ကူညီခဲ့သည့် အနှေးယာဉ်နှင့် ယာဉ်မောင်းများ
ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မင်္ဂလာဈေးမှ တီရှပ်အနီရောင် ကျပ်သိန်း ၆,၀၀၀  ကျော်ဖိုး ၀ယ်ယူသွားသည့်သတင်းမှာ မဟုတ်မှန်နိုင်ကြောင်း အဆိုပါဈေးရှိ တီရှပ်လက်ကားဆိုင်ကြီးများမှ သတင်းရရှိသည်။ရွေးကောက်ပွဲနီးကပ်လာ ချိန်တွင် အဓိကအတိုက်အခံပါတီ ကြီးဖြစ်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ ပါတီဝတ်စုံနှင့် အ ရောင်တူညီသည့် အနီရောင်တီ ရှပ်များကို အများအပြားဝယ်ယူ သည့် သတင်းပျံ့နှံ့လာခြင်း ဖြစ် သည်။ အဆိုပါ သတင်းကြောင့် ရွေးကောက်ပွဲနေ့တွင် တီရှပ်များ ပေါ်၌ ဒီချုပ်တံဆိပ်များရိုက်နှိပ်ဝတ်ဆင်ပြီး ရွေးကောက်ပွဲဥပဒေ နှင့် မညီသည့်အရာများပြုလုပ် မည်ကို စိုးရိမ်မှုများရှိနေသည်။‘‘အဲဒီသတင်းကို ကျွန်တော် မကြားပါဘူး။ အဲဒီလိုလာဝယ် တာလည်း မရှိပါဘူး’’ဟု မင်္ဂလာဈေး (ရွှေပြည့်စုံဈေး) မြေညီထပ်ရှိ တီ ရှပ်အင်္ကျီလက်ကားအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မူးမြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းတစ်လျှောက် ကျေးရွာများရှိ လူတစ်သောင်းကျော် ရေဘေးသင့်


စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အောက်တိုဘာလဆန်း က မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းကြောင့် မူးမြစ်ရေမြင့်တက် လာကာ အရာတော်နှင့် ၀က်လက်မြို့နယ်အတွင်း မူးမြစ်ကမ်းဘေး ကျေးရွာများတွင် အောက်တိုဘာ ၁၁ ရက်မှစ၍ ရေများတစ်ကျော့ ပြန်ဝင်ရောက်ခဲ့သဖြင့် ဒေသခံတစ်သောင်းကျော် ရေဘေးဒုက္ခခံနေရကြောင်း သတင်းရရှိသည်။ရွှေဘိုခရိုင် ၀က်လက်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် လှကွေ၊ ကျောက်ကုန်း၊ သရက်ချို၊ မင်းကန်၊ သမရိုး၊ တည်တောအပါအ၀င် ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ခြေနှစ်ထောင်ကျော်အတွင်း ရေများဝင်ရောက်နေ၍ လူဦးရေ ၉,၀၀၀ ကျော် ရေဘေး အခက်ကြုံတွေ့ခဲ့ရကြောင်း စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။မုံရွာခရိုင် အရာတော်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် ကူးတို့ကိုင်း၊ ပေါက်ပင် ဆိပ်၊ ဆင်တလည်၊ အောင်သာ၊ လက်ပံသာစသည့် ကျေးရွာများ အတွင်းသို့ ရေ၀င်ရောက်လာ၍လူဦးရေ နှစ်ထောင်ကျော်ရေဘေးကြုံတွေ့ခဲ့ရသည်။

မင်းလှမြို့နယ်တွင် ချောင်းရေစီးအတွင်း လူခုနစ်ဦးမျောပါ


မကွေးတိုင်းဒေသ ကြီး မင်းလှမြို့နယ်တွင်ချောင်းရေ ကြီးမှုကြောင့် ဓာတ်ကုန်းချောင်းနံ ဘေးရှိ ယာခင်းများအတွင်း တဲ ငယ်များဆောက်လုပ်နေထိုင်သူ များအနက် ခုနစ်ဦး ရေစီးနှင့်မျော ပါသွားခဲ့ကြောင်း သရက်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၁၂ ရက် နံ နက် ၁ နာရီ မိနစ် ၃၀ ခန့်က အဆိုပါ  ငနောင်မုန်းကျေးရွာအနီး ဓာတ်ကုန်းချောင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ချောင်းရေကြီးမှု ဖြစ်ပေါ်ခဲ့ကာ ချောင်းကမ်းနံဘေး ယာခင်းများအတွင်း ယာယီတဲငယ်များဖြင့် နေထိုင်ကြ သော မိသားစုများ မျောပါသွား ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက အတည်ပြုပြော သည်။
ချောင်းရေဖြင့် မျောပါသွား သူများသည် အခြားမြို့နယ်များမှ လာရောက်ပြီး ပျံကျလုပ်ကိုင်စား သောက်သည့် မိသားစုများဖြစ် ကြောင်းနှင့် မြိုင်မြို့နယ်မှ အမျိုး သားသုံးဦး၊ မင်းဘူးမြို့နယ်မှ အ မျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ် ဦးတို့ဖြစ်ကြောင်း ၎င်းကပြော သည်။

ပုဂ္ဂလိက တယ်လီဖုန်းတာဝါတိုင်စိုက်ထူမှု ရပ်ကွက်နေပြည်သူအချို့ ကန့်ကွက်


 တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ စဥ့်ဟယ် (၁) ရပ် ကွက်၊ နယ်မြေ (၁) အတွင်းရှိ လူ နေခြံဝင်းတစ်ခုအတွင်း စတင်စိုက်ထူနေသည့် ပုဂ္ဂလိကတယ်လီနော ဆက်သွယ်ရေးတာဝါတိုင်ကို ရပ်ကွက်နေပြည်သူ ၃၀ ဦးခန့်က လက်မှတ်ရေးထိုးကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
စဥ့်ဟယ် (၁) ရပ်ကွက်၊ နယ်မြေ (၁) အတွင်းနေထိုင်သူ ၃၀ ဦးခန့်က အောက်တိုဘာလဆန်းက ရှမ်းပြည် နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနအသီးသီးထံသို့ လိပ်မူကန့်ကွက်တိုင်ကြားထားကြသည်ဟု ကန့်ကွက်ရာတွင် ပါဝင်သူ ဒေါ်မြင့်မြင့်ဟန်က ပြောသည်။ ‘‘တာဝါတိုင်က နှိုးတဲ့စက် တွေရှိတယ်။ အဲဒီက ဆူညံသံတွေ အဲဒီကနေ ထွက်လာမယ့် အနံ့တွေကို ကျန်းမာရေးအတွက် ကန့်ကွက်ရခြင်း ဖြစ်တယ်။ နောက်ပြီး သ ဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်လို့ ကန့်ကွက်တာပါ။ ပြည်နယ်ဝန်ကြီးချုပ်ဆီကိုလည်း လိပ်မူပြီး တိုင်ကြားထားပါတယ်’’ဟု ဒေါ် မြင့်မြင့်ဟန်က ပြောသည်။

ရေကြီး မြေပြိုသဘာဝဘေးများကြောင့် ကျပ်ဘီလီယံနှစ်ရာကျော်ဆုံးရှုံးခဲ့

 လွန်ခဲ့သည့် သုံးလခန့်က  စ၍ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ရေကြီး၊ မြေပြိုမှုသဘာဝဘေး အန္တရာယ်များကြောင့် လူဦးရေ ၁ဒသမ ၆၇ သန်းဘေးသင့်ခဲ့ရပြီး  ပျက်စီးဆုံးရှုံးမှု ကျပ်ဘီလီယံ၂၀၀ ကျော် ရှိခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဘေးအန္တရာယ်ဖြစ်ပွားမှု ၄၁၅ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှု ကျပ်သန်း ပေါင်း ငါးရာခြောက်ဆယ်ကျော်ရှိ ခဲ့ကာ သဘာဝဘေးအန္တရာယ် ကြောင့် ဘေးသင့်လူဦးရေမှာ ခုနစ်သောင်းကျော်သာ ရှိခဲ့သည်။‘‘မကြာသေးခင်က မြန်မာ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေ လျှံမှုနဲ့ မြေပြိုမှုကြောင့် ဆုံးရှုံးခဲ့ရ တဲ့ ပမာဏကိုကြည့်ရင် သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ ဖြိုးတိုးတက်မှုကို များစွာအဟန့် အတားဖြစ်စေတယ်ဆိုတာ သိရှိ နိုင်ပါတယ်’’ဟု အပြည်ပြည်ဆိုင် ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့ သော သဘာဝဘေးအန္တရာယ် ကြောင့် အသက်ဆုံးရှုံးမှုဦးရေ သည် တစ်ရာကျော်ရှိခဲ့ရာ နာဂစ် မုန်တိုင်းပြီးလျှင် ပျက်စီးဆုံးရှုံးမှု နှင့် အသက်အန္တရာယ်ထိခိုက်မှု များသော နှစ်ဖြစ်သည်။

Tuesday 13 October 2015

တိုင်းရင်းသားလက်နက်ကိုင်တွေ သိသင့်တဲ့ DDR


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ်က သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၈ ရက်နေ့မှာပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရွက်ဆစ်ကို DVB ၊ ဧရာဝတီ၊ မဇ္ဈိမ သတင်းဌာနတွေက NCA နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ DDR နဲ့ပတ်သက်ပြီး မေးမြန်းမှု အပေါ် ရွက်ဆစ်က “DDR ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုပြည်လည်တည်ထောင်ဖို့ လုပ်မှာလေ၊ တိုင်းရင်းသား အားလုံးရော အစိုးရ၊ တပ်မတော်ရော အားလုံးလက်နက်ဖြုတ်သိမ်းပြီးမှ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ပြန်တည်ဆောက်မှာလေ၊ ဘယ်လိုပြန်ဖွဲ့မယ်၊ ရာခိုင်နှုန်းနဲ့လား ဘာလားဆိုတာတော့ ကျနော်တို့ ပြန်ပြီး ဆွေးနွေးရမယ် ” လို့ ဖြေကြားသွားပါတယ်။

ကျောက်ဖရုံသီး မိုးကြိုးလွှဲသည်ဟု မကြားဖူးကြောင်း ဒေါက်တာထွန်းလွင်ပြော


ကျောက်ဖရုံသီးမှာ မိုး ကြိုးလွှဲသည်ဟု မကြားဖူးကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။‘‘ကျောက်ဖရုံသီးက မိုးကြိုး လွှဲတယ်လို့ တစ်ခါမှ မကြားဖူးဘူး။  မိုးကြိုးလွှဲကိရိယာတွေလည်းအလွယ်တကူဝယ်လို့ရတာပဲ’’ ဟု ရန်ကုန်မြို့ ဈေးကြီးအချို့၏ ခေါင် မိုးတွင် မိုးကြိုးမပစ်အောင် ကျောက် ဖရုံ သီးများ တင်ထားခြင်းနှင့် ပတ် သက်၍ 7Day Daily က မေးမြန်း ရာ၌ ဒေါက်တာထွန်းလွင်က အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။
ထို့အပြင် မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ရန်ကုန်မြို့ရှိ ဈေးကြီးအချို့၏ ခေါင်မိုးများတွင် ကျောက်ဖရုံသီးများကို မိုးကြိုးလွှဲအဖြစ် တပ်ဆင်ခြင်းထက် မိုးကြိုးလွှဲ ကိရိယာများသာ တပ်ဆင်သင့်ကြောင်း ပြောသည်။
‘‘မိုးကြိုးလွှဲဖို့က မိုးကြိုးလွှဲကိ ရိယာတွေ တပ်ဆင်ရမှာပါ။ မိုး ကြိုးလွှဲဖို့အပြင် တခြားပတ်သက် မှုတွေရှိနိုင်မယ် ထင်တယ်’’ ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို မတရားအသင်းမှ ပယ်ဖျက်၊ နှစ်ဖွဲ့ကို အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ


တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်မရေးထိုး မီ သုံးရက်အလိုတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို သမ္မတအမိန့်ဖြင့် မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးလိုက် သည်။
မတရားအသင်းအဖြစ် ကြေ ညာထားသော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်တပ်မ တော် တောင်ပိုင်း (RCSS/SSA) တို့ကို သမ္မတအမိန့်ဖြင့် မတရား အသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့အပြင် RCSS/SSA နှင့် ABSDF တို့ကို အောက်တိုဘာ၁၂ ရက်မှစ၍ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်သည်။

မြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စု ၄၀၀ ကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်ကြေညာ


လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲကျင်းပရန်အ ခြေအနေမရှိသဖြင့် မြို့နယ် ၃၄ခု ရှိကျေးရွာအုပ်စု လေးရာကျော် တွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ကြေညာချက်ငါးစောင်  ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ရှိသည့်အနက် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခု၊ မွန်ပြည်နယ်ရှိမြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်ရှိမြို့နယ် ၁၃ ခုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်နှစ်ခုစုစုပေါင်းမြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စုများတွင် နိုဝင်ဘာ ၈ရက်၌ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မည်မဟုတ်ပေ။ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၃၄ ခုတွင် ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ နားဖန်းမြို့နယ်တို့မှလွဲပြီး ကျန်မြို့နယ်၃၀ တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ၀င်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ စာရင်းပေးသွင်းထားသည်။

ဒေါ်လာဈေးနှုန်း ကျဆင်းလာ၍ ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်မြင့်တက်


ကမ္ဘာ့ရွှေဈေးမြင့်တက် လာချိန်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာသဖြင့် ပြည် တွင်း၌ ကျပ်ငွေတန်ဖိုးအနည်းငယ် ပြန်လည် မြင့်တက်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန် ဒေါ် လာ ၁,၁၅၀ ခန့်ရှိလာပြီး ယခင် တစ်ပတ်ထက် ၄ ရာခိုင်နှုန်းမြင့် တက်လာသည်။ ကမ္ဘာ့ဈေးကွက် တွင် ရွှေနှင့်ဒေါ်လာဈေးသည် ပြောင်းပြန်ဖြစ်နေ၍ အမေရိကန် ဒေါ်လာတန်ဖိုးမှာ စတင် ကျ ဆင်းလာပြီး မြန်မာနိုင်ငံတွင် လည်း ဒေါ်လာငွေလဲနှုန်း ပြန် လည်ကျဆင်းလာကြောင်း စီးပွား ရေးသမားအချို့က ရှင်းပြသည်။ပြည်တွင်း၌ ငွေလဲနှုန်းကျ ဆင်းမှုသည် စက်တင်ဘာ ၁၂ ရက်တွင် ပြင်ပဈေးတစ်ဒေါ်လာ လျှင် ၁,၂၈၅ ကျပ်ခန့်သာ ဈေးရှိ နေသည်။ စက်တင်ဘာ ၈ ရက် တွင် ပြင်ပဈေးကွက်၌ ငွေလဲနှုန်း သည် တစ်ဒေါ်လာလျှင် ၁,၂၉၀ ကျပ်ခန့် ရှိခဲ့သည်။ ပြင်ပ ဈေးကွက်တွင် ငွေလဲနှုန်းကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁,၂၈၆ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။ ဗဟိုဘဏ်က သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ယခင်တစ်ပတ်လျှင် ၁,၂၈၇ ကျပ်နှင့်အထက်သာ ရှိခဲ့သည်။

ထိုင်းဆန်ဟု သံသယရှိသော ဆန်အိတ် ၂၀၀ ကို စစ်ဆေးနေ


 ပဲခူး-ညောင်းခါးရှည် လမ်းကြောင်းမှ ဝင်ရောက်လာ သည့် ဆန်အိတ်နှစ်ရာကို ထိုင်း ဆန်များဟု သံသယရှိသော ကြောင့် ဓာတ်ခွဲစမ်းသပ်ရန် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဗဟို (Mobile Team) က သိမ်းဆည်း ထားကြောင်း သတင်းရရှိသည်။
ပြည်တွင်း ဆန်ဈေးကွက်သို့ ထိုင်းနိုင်ငံမှ ဆန်များ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာ သည်ဟု သတင်းများပျံ့နှံ့နေခြင်း ကြောင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ တင်ဆောင်လာဖွယ်ရှိသည့် ဆန် အိတ်နှစ်ရာကို ဝေါမြို့အနီးတွင် အောက်တိုဘာ ၁၁ ရက်က သိမ်း ဆည်းခဲ့ခြင်းဖြစ်သည်။
‘‘စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဌာနက လယ်ယာ ထွက်ကုန် ဓာတ်ခွဲစမ်းသပ်ခန်းမှာ စမ်းသပ်ဖို့ ပို့ထားတယ်။ ထိုင်း ဆန်ဆိုရင် တရားမဝင်ကုန်သွယ် မှုနဲ့ အရေးယူသွားမယ်’’ ဟု Mobile Team မှ ဒုတိယညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။

တောင်ကိုရီးယားတွင် မားစ်ရောဂါဖြစ်ပွားပြန်


တောင်ကိုရီးယားတွင် မားစ်ရောဂါကင်းစင်ပြီဆိုကာ ဆေးရုံဆင်းခွင့်ရသည့် အမျိုးသားတစ်ဦး ကိုးရက်အကြာတွင် ရောဂါပြန်လည်ပေါ်ပေါက်လာကြောင်း အာဏာပိုင်များက ပြောသည်။
အသက် ၃၅ နှစ်ရှိ ယင်းအမျိုးသားသည် ကိုယ်အပူချိန်အရမ်တက်၍ ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံသို့ အောက်တိုဘာ ၁၁ ရက်က ပြန်လည်တက်ရောက်လာရကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောသည်။
အောက်တိုဘာအစောပိုင်းက ရောဂါကူးစက်ခြင်းမရှိတော့ဟု စမ်းသပ်တွေ့ရှိပြီးနောက် ဆေးရုံမှ ဆင်းခိုင်းလိုက်သည့် ယင်းအမျိုးသားက ပထမဆုံးရောဂါဖြင့် ဆေးရုံပြန်တက်ရောက်လာရသည့် လူနာဖြစ်ခဲ့သည်။