
၇.၅.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင် မြို့ နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်းဆိပ်ကမ်းဝင်းအတွင်း၌ အမျိုးသား(၂)ဦး ကွန်တိန်နာ သေတ္တာပိမိ၍ သေ ဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက် ပန်းတောင်းမြို့နယ်နေ ယာဉ်နောက်လိုက်များဖြစ်ကြသော သက်ပိုင်ဖြိုးနိုင်ဦး၊ (၁၇)နှ စ်နှင့် မောင်ဇော်၊ (၂၀)နှစ်တို့(၂)ဦးဖြစ်ပြီး ၎င်းတို့တွင် နှတံရိုးကျိုး၊ လက်ကျိုး၊ လက်မောင်းနှင့် ပုခုံးတို့တွင် ညိုမဲဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။