မြန်မာနိုင်ငံဟာ
ပြည်နယ် (၇) ပြည်နယ်၊ တိုင်းဒေသကြီး (၇) တိုင်းနဲ့ ဖွဲ့စည်းထားပြီး ကချင်၊ ကယား၊ကရင်၊
ချင်း၊ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုး မှီတင်းနေထိုင်ရာ
ပြည်ထောင်စုကြီး ဖြစ်ပါတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ပေါင်းများ စွာ၌ နေထိုင်သော
တိုင်းရင်းသားလူမျိုးပေါင်းဟာ သန်း (၆၀) ရှိပါတယ်။ ဓလေ့စရိုက်၊ ဘာသာစကား ကွဲပြားပြီး
လူသူအရောက်အပေါက်နည်းတဲ့ ဝေးလံ သီခေါင်တဲ့ အစွန်အဖျားဒေသတွေမှာလည်း တိုင်းရင်းသားတွေ
နေထိုင်ကြပါတယ်။
Thursday, 10 October 2013
မြန်မာကျပ် သိန်း ၄၀ ကျော်တန် ရွှေအစစ် HTC One

ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ HTC One ဖုန်းကို တကယ် ထုတ်လုပ် ရောင်း ချနေ ပါပြီ။ ဗြိတိန်နိုင်ငံက ဇိမ်ခံပစ္စည်း အလှဆင် ကုမ္မဏီ တစ်ခုနဲ့ ပါတနာ ဖွဲ့ပြီး HTC One တွေကို ရွှေဖုန်း ဖြစ်အောင် ဖန်တီးလိုက်ခြင်း ပါ။
မသေနိုင်သော သတ္တဝါ - Immortal Jellyfish

ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။
KNPP နယ်မြေမှ တပ်မတော် စစ်ကြောင်းများ ဆုတ်ခွာလျှင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုးမည်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည် မဟုတ်ဟု ကြေညာထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ထိန်းချုပ် နယ်မြေများ အတွင်းရှိ တပ်မတော် စစ်ကြောင်းများ ဆုတ်ခွာပေးပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီးရယ် က ပြောကြားသည်။
လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားဖွယ်ရှိ

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ရှိနေပေမဲ့၊ လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားရဖွယ်ရှိ တယ် လို့  UPI သတင်းက ဖေါ်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရဖို့ ကုလကိုယ်စားလှယ် တောင်းဆို

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စား လှယ် Tomas Ojea Quintana က မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။
အလုပ်သမားဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အမျိုးသားလွှတ်တော် တွင် ဆွေးနွေးမည်
မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ခန့်ရှိသော လုပ်သားထုများအတွက် တိကျခိုင်မာသည့် အလုပ်သမား ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
“ ဒေါ်လာ ၁၁ ဘီလျံ ရှင်းတမ်း ”

အခုတလော ပြည်သူတွေကြားထဲမှာရော အစိုးရအဖွဲ့ဝင် နိုင်ငံရေးသမားတွေ နဲ့ လွှတ်တော် အမတ်တွေ ကြားထဲမှာပါ ရေပန်းအစားဆုံး သတင်းတစ်ခုကတော့ “ ဒေါ်လာ ၁၁ ဘီလျံ ” ပြသနာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ၁၂ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း သတင်းစာ မှာ “ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများဇ။် နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာ အကောင့်န် ၅ ခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစိုးရအပေါ် စွတ်စွဲထားတဲ့ သတင်းတစ်ပုဒ် စတင် ဖော်ပြခဲ့ပြီးနောက် ဒီ သတင်း ဂယက် အကြီးအကျယ် ရိုက်ခတ်သွားခဲ့ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံက ထမ်းဆောင်ချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်က ပြုလုပ် ခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားသည်။
မိုးစက်ဝိုင်အကြောင်း တရုတ်သတင်းတွေမှာလည်း ဖော်ပြနေ

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး တရုတ် သတင်းမီဒီယာတွေ က ဖော်ပြနေကြပါတယ်။
တရားရုံးများ စောင့်ကြည့်မည့် အဖွဲ့တွင် မီဒီယာသမားကို အတွင်းရေးမှူး အဖြစ် ခန့်ရန် ဥပဒေကြမ်းတွင် ထည့်သွင်း

တရားစီရင်ရေးတွင် အဂတိလိုက်စားမှု ရှိ မရှိနှင့် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စောင့်ကြည့်နိုင်ရန် ဖွဲ့စည်းမည့် တရား ရုံး စောင့်ကြည့်ရေး ကော်မတီတွင် သတင်းမီဒီယာသမား တစ်ဦးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်မည့် ပုဒ်မတစ်ခုကို တရားရုံးများ စောင့်ကြည့်ရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။
အင်ဒိုနီးရှား ရေပိုင်နက်သို့ ကျူးကျော်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ထိုင်း ငါးဖမ်း ရေယာဉ်များမှ မြန်မာရေလုပ်သား ၃၇ ဦး ပြန်လည်ရောက်ရှိ

အင်ဒိုနီးရှား ရေပိုင်နက်သို့ ကျူးကျော်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ထိုင်းငါးဖမ်းရေယာဉ်များမှ မြန်မာရေလုပ်သား ၄၀ ဦးအနက် ၃၇ ဦးမှာ အောက်တိုဘာ ၉ ရက်က မလေးရှား လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိလာသည်။
ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဖြစ်လိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အခိုင်အမာ ထုတ်ဖော် ပြောလိုက်ပါတယ်။
ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံးပိ၍ သုံးဦးသေ

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အမှတ်(၁)ထုံးဘို အကျဉ်းဦးစီးဌာနရှိ ကျောက်ထုတ်လုပ်ရေးစခန်း တွင် အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်အတွင်း ကျောက်တုံးများပိ၍ လူ သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။
EU Sakharov ဆုကို ဒေါ်စုကိုတိုင် သွားရောက်လက်ခံမယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ပြည့်နှစ် တုန်းက
ရရှိခဲ့တဲ့ EU Sakharov လူ့အခွင့်အရေးဆုကို ဥရောပပါလီမာန်မှာ
ကိုယ်တိုင်သွားရောက် လက်ခံရယူတော့မယ်လို့ သိရပါတယ်။
|
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင် တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်နိုင်သော နေရာများအတွက် တပ်ပိုင်း ဆိုင်ရာကိစ္စများ တံခါးပိတ်ဆွေးနွေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင်တပ်မတော်နှင့် ကေအိုင်အေတပ်များအကြား တိုက်ပွဲဖြစ် ပွားနိုင်ေ သာ နေ ရာများအတွက် တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။
ဆီးရီးယား ပဋိပက္ခတွင် ဓာတုလက်နက် သုံးမှု လက်ခံနိုင်ဖွယ် မရှိကြောင်း သမ္မတဦးသိန်းစိန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြား
ဆီးရီးယား ပဋိပက္ခတွင် ဓာတုလက်နက်သုံးစွဲမှု လက်ခံနိုင်ဖွယ်မရှိကြောင်း သမ္မတဦးသိန်းစိန် က အောက် တိုဘာ ၉ ရက်တွင် ဘရူနိုင်းနိုင်ငံ၌ ပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ၌ ပြောကြားသည်။
တစ်ချိန်က Apple တို့ ထုတ်ခဲ့သော ကင်မရာ

Apple QuickTake လို့ အမည်ပေးထားတဲ့ ဒစ်ဂျစ်တယ် ကင်မရာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှ စတင်ဖြန့် ချိပြီး ၁၉၉၇ ခုနှစ်မှာ ထုတ်လုပ်မှု ရပ်တန့်ခဲ့ တဲ့ ကင်မရာ ဖြစ်ပါတယ်။
သားလုခန်းမှ မိခင်စိတ်ဓာတ်မွေးမြူနိုင်ပါစေ

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြန်မာလူမျိုးတို့နှင့် စိမ်းကား လှ သည် မဟုတ်သော်လည်း လိုက်နာကျင့်ကြံမှုမရှိသည်ကတော့ အမှန် ပင်ဖြစ်သည်။ ဘာကြောင့်မလိုက်နာ လည်းဟုအကျဉ်းချုပ်ဆိုရသော် ကိုယ်ကျိုးအတ္တစီးပွားကြောင့်ပင်ဖြစ်သည်ဟုဆိုရပေမည်။
Subscribe to:
Posts (Atom)