Sunday 9 October 2011

လိမ်ညာမှုများဖြင့်ပြည့်နှက်နေသော သတင်းဌာန(သို့) ဧရာဝတီ

လွန်ခဲ့တဲ့ စက်တာဘာလ(၆) ရက်နေ့က လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် သမ္မတဦးသိန်းစိန်၏ ပြည်ပရောက် မြန်မာများ ပြန်လာနိုင်ခွင့်ကြောင့် ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အရောက် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံ နေရသည်ဟု ဧရာဝတီသတင်းဌာန က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
 ဖုံးကွယ်လို့မရသော ဧရာဝတီသတင်းဌာနရဲ့ လိမ်ညာမှုများ

သို့သော် ထို သတင်း မှားယွင်းကြောင်း ကို ကာယကံရှင် သတင်းထောက် ဦးစိန်ကျော်လှိုင်က မိမိသည်ဘာသာရေး ကိစ္စတစ်ခုကြောင့် ခရီးလွန်နေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ကိုလည်း မပြန်ကြောင်း၊ စစ်ကြောရေး မှ ဖမ်းဆီးစစ်ဆေးခြင်းခံရသည် မှာလည်း မဟုတ်ကြောင်း ၊ ဧရာဝတီ မှ သတင်းမှားကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။  ထို့အပြင် ဧရာဝတီမှ ထုတ်ပြန်သောသတင်းသည်  လုံးဝ အခြေအမြစ် မရှိ ခိုင်လုံခြင်း မရှိကြောင်း၊ ထို့အတွက် ဧရာဝတီသတင်းဌာန မှ တာဝန်ယူသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဧရာဝတီ သတင်းဌာနသည် ထိုကဲ့သို့ သတင်းမှားများဖြင့် ဖြူစင်သော မြန်မာပြည်သူလူထု အပေါ် မီဒီယာမှိုင်းဖြင့် လိမ်ညာခဲ့သည်မှာ ယခုမှမဟုတ် ကြာခဲ့ပြီဖြစ်သည်။ ယခင် တခါကလည်း နိုင်ငံကျော် အဆိုတော် မေဆွိသေဆုံးပြီဆိုပြီး မတ်လ(၁၁)ရက်နေ့တွင် ဧရာဝတီသတင်းဌာန အင်္ဂလိပ် ပိုင်းအစီအစဉ်မှာ ကောလဟာလအဖြစ် မဟုတ်မမှန် သတင်းလွှင့်ခဲ့ဖူးပါတယ်။ ဒီ့အတွက် မေဆွိကို ချစ်ခင်သော ပရိသတ်တွေအပြင် မိသားစုဝင်တွေပါ ၀မ်းနည်းကြေကွဲခဲ့ရပါသေးတယ်။ မေဆွိလည်း ဒီသတင်းမဟုတ်မမှန်ကြောင်း ချက်ချင်းဆိုသလို ဖေ့ဘုတ်မှာ ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။ ဒါ့အပြင် ဒီလိုသတင်းမျိုးတွေကို သေချာမှုရှိမရှိ စုံစမ်းစိစစ်ပြီးမှ အများပြည်သူကို ချပြ သင့်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကြောင့်  ဧရာဝတီသတင်းဌာနရဲ့ ပြည်သူတွေအပေါ် မဟုတ်မမှန် ၀ါဒဖြန့် သတင်းမှားတွေ ထုတ်လွှင့်နေမှု ဟာ ဖုံးကွယ်လို့မရပဲ အရှက်တကွဲ ပေါ်ပေါက်လာရပါတယ်။ မီဒီယာ ကျင့်ဝတ်နဲ့လည်း မညီညွှတ် သတင်းတစ်ခုကို မှန်ကန်မှုရှိမရှိ စိစစ်မှုမရှိဘဲ ထုတ်လွှင့်နေတဲ့ ဧရာဝတီရဲ့ သတင်းတွေကြောင့် ပုဂ္ဂိုလ်ရေးအရရော၊ နိုင်ငံနဲ့လူမျိုးအရပါ ထိခိုက်နစ်နာမှုတွေဟာ မနည်းလှပါဘူး။ ဒီ့အတွက်ဧရာဝတီ သတင်းဌာန ကနေ ဘယ်လိုများတာဝန်ယူ ဖြေရှင်းခဲ့ပါသလဲ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ဧရာဝတီသတင်းဌာန ဟာ ဂရုစိုက်ဖြေရှင်းနေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက်က ဘယ်သူသေသေငတေမာ ရင်ပြီးရော ဆိုသလို မိမိအတွက်သာ ကြည့်ပြီး အများအကျိုးကို ထည့်မတွက်တာကြောင့်ပါ။

မကြာခင် ကာလအတွင်း အကျဉ်းသားနစ်ထောင်ကျော်အား လွှတ်ပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းပြောကြား

ယနေ့ နိုင်ငံတော်အစိုးရသည်  သဘောထားပျော့ပြောင်းသော အစိုးရဖြစ်တာနှင့်အညီ ပြည်သူ့ဆန္ဒကို အလေးပေးဖော်ဆောင်လျက်ရှိပါတယ်။ မကြာသေးမီ ရက်ပိုင်းအတွင်းကပင် အများပြည်သူ၊ရဟန်း၇ှင်လူများ လက်မခံနိုင်သော ကန့်ကွက်လျက်ရှိသော မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းကို ပြည်ထောင်စုသမ္မတကြီးက လွှတ်တော်သို့ သ၀ဏ်လွှာပို့ကာ မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထို့အတူ (၇.၁၀.၂၀၁၁)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းသည် နော်ဝေနိုင်ငံမှ အစိုး၇အဖွဲ့ဝင် ၀န်ကြီး  အက်စ်ဘတ်အီဒဲ (Espen Barth Eide) နှင့်တွေ့ဆုံခဲ့ရာ မကြာခင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း မိမိတို့ အစိုး၇အနေဖြင့် နိုင်ငံရေးအရ ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။