
သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ပါတီမှာ ၁၁ ပါတီသာ ရှိခဲ့သည်။
သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီအားလုံးနှင့် မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ တွေဆုံခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီအနက် ၆၃ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ တက်ရောက်လာသည့် ပါတီများကို သမ္မတထံ တိုက်ရိုက်တင်ပြခွင့်အတွက် မဲနှိုက်စေခဲ့ပြီး နံပါတ်စဉ် ၁ မှ ၁၁ အထိရသည့် ပါတီများက တိုက်ရိုက်တင်ပြခွင့် ရခဲ့ကြခြင်းဖြစ်သည်။