
နိုင်ငံတစ်ခု ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အခြေခံတဲ့ အကြောင်းအချက်အလက် Activity တွေများစွာ ရှိနေပေမဲ့ ဒါတွေ အားလုံးဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆိုတဲ့ Main Point သုံးခုအောက်က ခွဲထွက်သွားတဲ့ Branch တွေဘဲဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ တိုင်းပြည်ကို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ အုပ်ချုပ်သူ အစိုးရရဲ့ မှန် ကန်တဲ့ Bureaucracy စနစ် နဲ့ အဲဒီစနစ်အပေါ်မှာ ပြည်သူအားလုံးက ပူးပေါင်းပါဝင် လိုက်နာကျင့်သုံးမှ ရမယ် ဆိုတာကို နားလည်ခဲ့ကြတဲ့အတွက် အကောင်းဆုံးအုပ်ချုပ်မှုစနစ်လို့ အများလက်ခံထားတဲ့ Democracy (ပြည်သူဗဟိုပြု) အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးပြီး Develop ဖြစ်အောင် ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။