Monday 15 April 2013

သင်္ကြန် အကြတ်နေ့ ပြည်လမ်းမြင်ကွင်း

Photo

ရွှေတိဂုံေ စတီတော် ရင်ပြင်တော်ေ ပ်ါတွင်(၁ ၇)ကြိမ်မြော က်သွေး လှူဒါန်း ပွဲကျင်းပ

Photo: ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်တွင်(၁၇)ကြိမ်မြောက်သွေး
လှူဒါန်းပွဲကျင်းပ
Monday, April 15, 2013

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်မှာ(၁၇)ကြိမ်မြောက်သွေးလှူဒါန်းပွဲကို
မြန်မာနှစ်ဆန်း(၁)ရက်နေ့၊မနက်(၈)နာရီမှာရာဟုထောင့်အောင်မြေ မှာ
ကျင်းပပြုလုပ်မယ်လို့သိရပါသည်။“သွေးလှူဒါန်းပွဲကို(၂၀၀၇)ခုနှစ်၊
သြဂုတ်လကစပြီးကျင်းပခဲ့တာပါ။အခုဆိုရင်(၁၇)ကြိမ်ရှိပါပြီ။တစ်နှစ်ကို
သုံးကြိမ်လုပ်ပါတယ်။(၄)လပိုင်းမှာတစ်ခါ၊(၈)လပိုင်းမှာတစ်ခါ၊(၁၂)လ
ပိုင်းမှာတစ်ခါသွေးလှူဒါန်းပွဲတွေကျင်းပပါတယ်။စုပေါင်းသွေးလှူဒါန်းပွဲ
ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့သွေးလိုအပ်နေတဲ့လူတွေသွေးရပါစေ၊
အလှူဒါနတွေထဲမှာမိမိရဲ့သွေးကိုလှူဒါန်းရတာအမြတ်ဆုံး ဖြစ်ပါတယ်။
သွေးလိုအပ်နေတဲ့လူတွေရဲ့ဒုက္ခတွေကိုတစ်ဖက်တစ်လမ်းက
ကူညီရာလည်းရောက်ပါတယ်”လို့ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ
ရုံးအဖွဲ့မှူးဦးဝင်းကြိုင်ကပြောကြားပါတယ်။မြန်မာနှစ်ဆန်းတစ်ရက်
နေ့နှစ်သစ်မင်္ဂလာအခါတော်နေ့ရက်မှာပြုလုပ်ခဲ့တဲ့(၁၆)ကြိမ်မြောက်
လှူဒါန်းပွဲအထိသွေးပုလင်းပေါင်းတစ်သောင်းတစ်ထောင်တစ်ရာ
ရှစ်ဆယ့်ခြောက်ပုလင်းကိုလာရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း
သတင်းရရှိသည်။

SkyNet TV Browser
ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်မှာ(၁၇)ကြိမ်မြောက်သွေးလှူဒါန်းပွဲကို မြန်မာနှစ်ဆန်း(၁)ရက်နေ့၊မနက်(၈)နာရီမှာရာဟုထောင့်အောင်မြေ မှာ ကျင်းပပြုလုပ်မယ်လို့သိရပါသည်။

ရခို င်ပြည်နယ် စစ်တွေမြို့ အကျနေ့ မြင်ကွင်း

Photo
RFA

ပါလက်စတိုင်း ၀န်ကြီးချုပ် နှုတ်ထွက်

Photo: ပါလက်စတိုင်းဝန်ကြီးချုပ် နှုတ်ထွက်

Sunday, April 14, 2013

ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad ဟာ သမ္မတ Mahmoud Abbas နဲ့ ကာလအတော်ကြာ သဘောထားမတိုက်ဆိုင်မှုတွေ ရှိခဲ့ရာကစနေနေ့ကတော့

ရာထူးကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရသစ်ဖွဲ့မပြီးမချင်း အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်တာဝန် ဆက်ယူသွားမယ်လို့ မစ္စတာ Fayyad ကသဘောတူပါတယ်။

မစ္စတာ Fayyad ဟာ အနောက်ဖက်ကမ်းဒေသမှာ လမ်းစာသင်ကျောင်း

နဲ့ တခြားအခြေခံ အဆောက်အဦးတွေဆောက်လုပ်ဖို့ နိင်ငံတကာ အကူ

အညီပေးငွေသန်းရာနဲ့ချီအောင် ကြွေးတင်ခံဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်ရာထူးရဲ့ လုပ်ပိုင်ခွင့်နဲ့ စီးပွားရေး မူဝါဒ ဆိုင်ရာ ကိစ္စတွေ

မှာ ၀န်ကြီးချုပ် Fayyad နဲ့ သမ္မတကြားအကြီးအကျယ်  သဘောထားကွဲ

လွဲမှုတွေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကတော့ မတည်မငြိမ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်း ၀န်ကြီးချုပ် Fayyad ဟာ သဘောထားမတင်းမာတဲ့ အလယ်အလတ်လမ်းစဉ်သမား ဖြစ်တယ်လို့ရှုမြင်ပါတယ်။ မစ္စတာ

Fayyad ဟာ အမေရိကန်သမ္မတ ဘရက်အိုဘားမား နဲ့ နိုင်ငံခြားရေး

ဝန်ကြီး John Kerry တို့ရဲ့ လူသိရှင်ကြားထောက်ခံမှုကို ရရှိခဲ့သူဖြစ်

ပါတယ်။

ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad (ဇန်န၀ါရီ ၂၀၁၂)

VOA
ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad ဟာ သမ္မတ Mahmoud Abbas နဲ့ ကာလအတော်ကြာ သဘောထားမတိုက်ဆိုင်မှုတွေ ရှိခဲ့ရာကစနေနေ့ကတော့ ရာထူးကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် နိုင်ငံတော် သမ္မတကြီး ကို တွေ့ရပုံ

Photo: မြန်မာ့ရိုးရာ  သင်္ကြန်ပွဲတော်  နိုင်ငံတော် သမ္မတကြီး   ကို တွေ့ရပုံ

credit - orginal uploader

Face book ကြောင့်၂၄ နာရီ အတွင်း ဖော်ထု တ်နို င်တဲ့ ရန်ကုန် လူသတ်မှု

Photo: Facebook ကြောင့်၂၄ နာရီအတွင်း ဖော်ထုတ်နိုင်တဲ့ ရန်ကုန်လူသတ်မှု

Sunday, April 14, 2013

ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံး

တဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မ

ရ ဖြစ်ခဲ့ပါတယ်။

လမ်းမတော်မြို့နယ်က MGM ဟိုတယ် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။

ဟိုတယ်က သေဆုံးတဲ့ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်း

တင်ခဲ့ခြင်းမရှိတဲ့အတွက် စုံစမ်းရခက်သွားတဲ့သဘောပါ။

ရဲအရာရှိက သေဆုံးသူရဲ့ ဓာတ်ပုံကို Facebook မှာ တင်လိုက်ရာ

မှာတော့ သေဆုံးသူ ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်၊

ဒါ့အပြင် လူသတ်သမားအဖြစ် သံသယရှိသူကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်

တဲ့။ ၂၄ နာရီအတွင်း ဒီ ၂ ခုကို ဖော်ထုတ်နိုင်ခဲ့တာပါ တဲ့။

အရပ်သားအစိုးရလက်ထက် အင်တာနက် မြန်နှုန်းတိုးတက်လာတာနဲ့အမျှ Facebook အသုံးပြုမှု ပိုမို တွင်ကျယ်လာတဲ့ အကျိုးကျေးဇူးတခု ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ မြန်မာပြည်မှာ Facebook ကျေးဇူးကြောင့် လူသတ်မှုကို ပထမ

ဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့က အမှုလိုက်ရာမှာ အင်တာနက်ကို အရင်ကထက် ပိုပြီး အသုံးပြုလာဖွယ်ရှိပါတယ်။

MGM ဟိုတယ် လူသတ်မှု ဘာကြောင့် ဖြစ်ပွားရတယ် ဆိုတဲ့ အကြောင်းရင်း

ကို မသိရပါဘူး။

ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်းတင်ခဲ့ခြင်းမရှိတဲ့ MGM ဟိုတယ်ကို ရဲတပ်ဖွဲ့က အရေးယူမယ်လို့ ဆိုတယ်။ဒဏ်ရိုက်တဲ့ အရေးယူမှုမျိုးဖြစ်

မယ်လို့ ယူဆရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ဒီဟိုတယ်က လိမ်လည်မှုကျူးလွန်မယ့် နိုင်ငံခြား

သား ၂ ဦးကို ရဲလက်အပ်နိုင်ခဲ့ပါတယ်။ ကင်မရွန်း နိုင်ငံသား  ဘောလုံးသမား ၂ ဦးက ဒေါ်လာအတု လုပ်ပေးမယ် ဆိုပြီး ရန်ကုန်မှာ ဈေးကွက်ရှာနေတုန်း အဖမ်းခံရတဲ့အမှု ဖြစ်ပါတယ်။

ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ မူရင်းသတင်းကို ကူးယူ

ဖော်ပြပေးလိုက်ပါတယ်။

ဧရာဝတီ
ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံးတဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မရ ဖြစ်ခဲ့ပါတယ်။