Friday 28 November 2014

ပြန်ကြားရေးခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကြော်ငြာကုမ္ပဏီတစ်ခုမှ နိုင်ငံ့ဘဏ္ဍာသို့ ကြော်ငြာခ ကျပ်သိန်းရာချီမသွင်းဘဲ ဖျောက်ထားပြီး လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ကြော် ငြာလုပ်ငန်းများ လုပ်ကိုင် နေသော ကုမ္ပဏီ တစ်ခုသည် နိုင်ငံတော်သို့ ကြော်ငြာခ ကျပ် သိန်းရာနှင့်ချီကာ မပေးသွင်းဘဲဖျောက်ထား ပြီး လုပ်ကိုင်နေမှုကို စစ်ဆေးတွေ့ရှိသော် လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး မဆောင်ရွက် သည့်အပြင် လုပ်ငန်းအချို့ကိုလည်း ဆက်လက်လုပ်ကိုင်ခွင့် ပေးထား ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ ဆိုင်ရာ ၀န်ကြီး H.E.Mr. Nikolay, P. Patrushev အား လက်ခံတွေ့ဆုံသည်။

နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်

Photo: နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်
Friday, November 28, 2014

နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင် လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သမ္မတ ဦးသိန်စိန်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာ ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

သတင်းတွေမှာတော့ နော်ဝေဘုရင်ဟာ ဒီလကုန်ပိုင်းမှာ လာရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြား မယ်လို့ ရေးသားထားပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အစဉ်တစိုက် အကူအညီပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ်က နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး နော်ဝေ ဘုရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီဗွီဘီ
နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း တရားဝင် လာရောက်လည်ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နျူကလီးယားဆွေးနွေးပွဲ ရက်တိုးမှု အီရန်ခေါင်းဆောင် ထောက်ခံ

Photo: နျူကလီးယားဆွေးနွေးပွဲ ရက်တိုးမှု အီရန်ခေါင်းဆောင် ထောက်ခံ
Friday, November 28, 2014

အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်ထပ်တိုးတာကို သူထောက်ခံတယ်လို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ မအောင်မြင်ရင် အနစ်နာရဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေကို အခုချိန်ထိ မကန့်ကွက်သေးတဲ့ အကြောင်းပြချက်အတိုင်းပဲ ခုနစ်လ သပ်တမ်း ထပ်တိုးတာကို သူမကန့်ကွက် ဘူးလို့ Khamenei က နိုင်ငံပိုင်ရုပ်သံကနေ ကြာသပတေးနေ့က ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဆွေးနွေးပွဲတွေကို နောက်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထပ်တိုးဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ တနင်္လာနေ့က သဘောတူ ထားကြတာပါ။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် ဖြစ်တယ် ဆိုတာ သေချာစေပြီး အပြန်အလှန်အား ဖြင့် အီရန်စီးပွားရေးကို ထိခိုက်နေတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ပေးရေးဆိုင်ရာ သဘောတူညီချက် တခုရဖို့ နောက်ဆုံးသတ်မှတ်ရက် တနင်္လာနေ့မှာ နှစ်ဘက် သဘောတူညီချက်မရတာကြောင့် ရပ်ထပ်တိုးတာဖြစ်ပါတယ်။

နျူကလီးယား စေ့စပ်ဆွေးနွေးပွဲတွေအတွင်း အီရန်နိုင်ငံ ဒူးထောက် အရှုံးပေးသွားအောင် အမေရိကန်နဲ့ ဥရောပ ကိုလိုနီဝါဒီ အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေ ကျဆုံးသွားပြီလို့ အစောပိုင်းမှာ Khamenei ကပြောထားပါတယ်။

အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ လုပ်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက သံသယရှိကြတာပါ။ အီရန် နိုင်ငံကတော့ သူ့ရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေ အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာသုတေသန နဲ့ စွမ်းအင်ထုတ်လုပ်ဖို့လို အရပ်ဘက် ရည်ရွယ်ချက်တွေအတွက်ဖြစ်တယ်လို့ အခိုင်အမာပြောနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်ထပ်တိုးတာကို သူထောက်ခံတယ်လို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ မအောင်မြင်ရင် အနစ်နာရ ဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။