Sunday 5 May 2013

ဒုတိယမြောက်ရေလှူဒါန်းခြင်း

Photo: ဒုတိယမြောက်ရေလှူဒါန်းခြင်း ------------------------------ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ ကနီမြို့နယ်ရှိကျေးလက်နေပြည်သူများအား ၂၀၁၃ မေလကုန်အထိ တနေ့လျှင် ၂ကြိမ် သောက်သုံးရေများ အခမဲ့လှူဒါန်းသွားမည်ဖြစ်ပါသည်။ ယနေ့တွင် အိမ်ခြေ(၆၀)၊ လူဦးရေ(၂၈၀)ခန့်အတွက် ရေဂါလန်(၃၀၀၀) လှူဒါန်းပြီး ဖြစ်ပါသည်။
 အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ ကနီမြို့နယ်ရှိကျေးလက်နေပြည်သူ များအား

ဒုက္ခသည်များ မိုးမကျမီ အမိုးအကာ အောက်ရောက်ရှိရေး မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီ အကြိုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မေ ၂ ရက်ညနေ ၄ နာရီခွဲက စစ်တွေမြို့ရှိ ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

“ မြတ်ဗုဒ္ဓအပေါ် ကိုယ့်ကြောင့် အကြည်ညိုမပျက်စေနဲ့ ”

“ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပါလျက် ကိုယ်ကျင့်သီလကို အလေးမထားဘဲ မတရားသော နည်းဖြင့် ဥစ္စာ၊ စည်းစိမ်၊ ရာထူးတို့ ကို အရယူနေသူများသည်ဗုဒ္ဓဘာသာ ခေါင်းဆောင်းထားသော ' တိတ္ထိ ' များသာ ဖြစ်၏။

ဘယ်သူတွေ လာကမ်းလှမ်း ကမ်းလှမ်း သီချင်းမဆိုဘူး ဆိုတဲ့သင်ဇာဝင့်ကျော်

ဘယ်သူတွေ လာကမ်းလှမ်း ကမ်းလှမ်း သီချင်းမဆိုဘူး ဆိုတဲ့သင်ဇာဝင့်ကျော်သရုပ်ဆောင်တဲ့ အပိုင်းမှာ အောင်မြင် မှုတွေ ရထားတဲ့ သရုပ် ဆောင်သင် ဇာဝင့်ကျော်ကို သီချင်းဆိုဖို့ အစီအစဉ် ရှိလားလို့ မေးတဲ့အခါ "သီချင်း ဆိုဖို့ အစီအစဉ် မရှိပါဘူး။ သင်ဇာက သီချင်းတစ် ပုဒ်လုံးကို မကျက်နိုင်ဘူး။

မြောက်ကိုရီးယားနှင့် စစ်ရေးအရဆက်ဆံမှု လုံးဝမရှိဟု မြန်မာ အစိုးရသစ်ငြင်း

စစ်ရေးခြိမ်းခြောက်မှု များကြောင့် ကမ္ဘာ့နိုင်ငံကြီးများက သတိထားစောင့်ကြည့် နေသော မြောက် ကိုရီးယား နိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှုလုံးဝမရှိဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုလိုက်သည်။

မြန်မာနိုင် ငံ တရား စီရင်ရေး စနစ်တွင် ပါဝင်နေ သည့် ဥပဒေ အရာရှိများ အကြောင်း

Photo: မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်တွင် ပါဝင်နေသည့် ဥပဒေအရာရှိများ အကြောင်း
Sunday, May 5, 2013 


ဒီမိုကရေစီစနစ် လက်ခံကျင့်သုံးနေပြီဖြစ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်အတွင်းမှ တရားစီရင်ရေး မဏ္ဍိုင်ကြီးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက် တာဝန်ထမ်းဆောင်မှု ပြုနေသော အဆင့်ဆင့်သော ဥပဒေရုံးများရှိ ဥပဒေအရာရှိများ အကြောင်း ပြည်သူများ သိရှိနိုင်ရန် ဗဟုသုတ အလို့ငှာ ရေးသားဖော်ပြရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

စာရေးသူအနေနှင့် ယခင်က မည်သည့်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များတွင်မှ သတင်းဆောင်းပါးများ ရေးသားပေးပို့ခဲ့ဖူးခြင်း မရှိကြောင်း ဦးစွာဝန်ခံ တင်ပြအပ်ပါသည်။

စာရေးသူတို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီ ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည်နှင့် အညီ အခြားသော ဒီမိုကရေစီ ကျင့်သုံးနေသည့် နိုင်ငံများ၏ စံနှုန်းများနှင့် ချိန်ထိုး၍ မိမိနိုင်ငံ၏ ရေမြေသဘာဝ အနေအထားပေါ် မူတည်ပြီး ပြည်သူများ၏ ဆန္ဒအပေါ် အလေးထား ကာ ကဏ္ဍတိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိသည်မှာ ထင်သာမြင်သာလျက် ရှိပါသည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော အဓိကမဏ္ဍိုင်ကြီး သုံးရပ်အနက် တရားစီရင်ရေးမဏ္ဍိုင်ကြီး ကိုလည်း အပြောင်းအလဲလိုလား သော ပြည်သူများက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိကြောင်း ယနေ့ခေတ်တွင် စတုတ္ထမဏ္ဍိုင်ကြီးဟု တင်စား ခေါ်ဝေါ်နေသည့် သတင်းစာ၊ ဂျာနယ်အစရှိသည့် မီဒီယာများ၏ အပိုင်းကဏ္ဍ၌ ရေးသားဖော်ပြနေမှု များက ထင်ရှားပေါ်လွင်လျက် ရှိနေပါသည်။

ဥပဒေပြုရေး မဏ္ဍိုင်ကြီးကို အဓိကတာဝန်ယူ ထမ်းဆောင်ပေးနေသည့် လွှတ်တော် အသီးသီး၏ လွှတ်တော်အတွင်း တင်ပြဆွေးနွေးမှုများ အရ လည်းကောင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် ကော်မတီအချို့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအရ လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ယနေ့တရားစီရင်ရေး ကဏ္ဍကို
လူအများပိုမို စိတ်ဝင်စားမှုရှိနေပြီး ထိုဆွေးနွေးမှုများတွင် ဆက်စပ်ပါဝင် ပတ်သက်မှုရှိလာသည့် ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ အကြောင်း၊ ဥပဒေအရာရှိများ အကြောင်း၊ မရှင်းမလင်း ဖြစ်နေသည့် ပြည်သူများ၏ ထင်မြင်နေမှု အသံများ၊ လုပ်ငန်းတာဝန်များအပေါ် စူးစမ်းသိရှိလို၍ မေးမြန်းလာကြသည့် အသံများ အစရှိသည့် ပြည်သူလူထု၏ စိတ်ဝင်စားမှုများ အပေါ် တစ်စိတ်တစ်ဒေသ ရှင်းလင်းစွာ သိရှိစေလိုသည့် စေတနာ ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြရခြင်း လည်း ဖြစ်ပါသည်။

စာရေးသူ၏ အနီးပတ်ဝန်းကျင်ရှိ လူ ၁၀၀ ဦးလျှင် လူ ၇၀ ဦးခန့်မှာ ဥပဒေအရာရှိဟု ပြောလျှင် ဘယ်အဖွဲ့အစည်း ဌာနကလဲ၊ ဘာတွေလုပ်နေလဲ၊ ဘာတာဝန်တွေ ယူနေတာလဲ အစရှိသည့် မေးခွန်းပေါင်းများစွာ မေးလာနေသည်ကို တွေ့ရပြီး ကျန် ၃၀ ဦးခန့်မှာ အမှုအခင်းများ ဖြစ်ဖူး၍သာ သို့မဟုတ် တစ်နည်းနည်းဖြင့် ပတ်သက်ဖူး၍သာ ဥပဒေအရာရှိ အကြောင်း သာမန် ပြင်ပကျောရိုး သဘောသဘာဝ လုပ်ငန်းများကိုသာ သိရှိကြသည်ကို လေ့လာတွေ့ရှိရ ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် တရားရေးဝန်ကြီးဌာန ဟူ၍ ဖွဲ့စည်းထား ရှိပြီး ထိုဝန်ကြီးဌာန၏ အောက်တွင် တရားရုံးချုပ်နှင့် ရှေ့နေချုပ်ရုံးတို့ ဖွဲ့စည်း ထားသည်ကို လေ့လာသိရှိနိုင်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင်မူ လက်ရှိတွင် တရားရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနတစ်ခု သတ်မှတ် ဖွဲ့စည်းထားခြင်းမရှိဘဲ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှာလည်း သီးခြားစီ ရပ်တည်နေကြသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်ကြပါသည်။

ပြည်သူများအကြား မရှင်းမလင်းဖြစ်နေသည့် လုပ်ငန်းတာဝန်များ ရှိနေသော ဥပဒေအရာရှိ များမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အောက်တွင် ကြီးမားကျယ်ပြန့်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ (ဥပမာ-ခရိုင်/ မြို့နယ်) ရှိ ဥပဒေအရာရှိများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းတာဝန် များအကြောင်း အသေးစိတ် သိရှိလိုပါက ပြည်ထောင်စုရှေ့နေချုပ် ဥပဒေတွင် ဖတ်ရှုလေ့လာနိုင်ပြီး စာရေးသူအနေဖြင့် အခြေခံပြည်သူလူထုများ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့်၊ ထိတွေ့ဆက်ဆံမှု ပြုရနိုင်သည့် အခြေခံ အဆင့်တွင် တာဝန်ထမ်းဆောင်လျက် ရှိနေကြသော ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်း ဦးစားပေးရှင်းလင်း တင်ပြလိုပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ (ဥပမာ - ဆဲမှု၊ ရိုက်နှက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လိမ်လည်မှု၊ ယာဉ်တိုက်မှု အစရှိသည် ဖြင့် ...) စုံစမ်းထောက်လှမ်း ရရှိထားသော သက်သေခံ အထောက်အထား များကို သက်ဆိုင်ရာဥပဒေရုံးသို့ စနစ်တကျ ပေးပို့တင်ပြ၍ တရားစွဲဆို တင်ပို့ခြင်း မပြုမီကာလအတွင်း ဥပဒေအကြံ တောင်းခံလာသည့်အခါ အဆိုပါသက်ဆိုင်ရာ ဥပဒေရုံးရှိ တာဝန်ခံ ဥပဒေအရာရှိ (ဥပမာ - မြို့နယ် ဆိုပါက မြို့နယ်ဥပဒေအရာရှိ၊ ခရိုင်ဆိုပါက ခရိုင်ဥပဒေအရာရှိ) က အမှုဖွင့် အရေးယူထားသည့် တရားခံအပေါ် မည်သည့် ဥပဒေပုဒ်မဖြင့် တရားစွဲဆို တင်ပို့သင့်ကြောင်း၊ မည်သူ့ကို တရားခံအဖြစ် ထည့်သွင်း အရေးယူသင့်ကြောင်း၊ မည်သည့်သက်သေခံ ပစ္စည်းများ ထပ်မံဖော်ထုတ်သိမ်းဆည်း တင်ပြသွားရန် လိုအပ်ကြောင်း၊ မည်သူ့ကို သက်သေအဖြစ် ထပ်မံ စစ်ဆေးတင်ပြသွားရန် လိုအပ်ကြောင်း အစရှိသည့် အချက်အလက်တို့ကို အမှုခိုင်မာစွာ တည်ဆောက်နိုင်ရေး အတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရေးသားဖော်ပြ သုံးသပ်၍ သက်ဆိုင်ရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ထံသို့ ဥပဒေအကြံပေးရသည့် လုပ်ငန်းတာဝန်ကြီးကို ထမ်းဆောင်လျက် ရှိနေပါသည်။

ထိုကဲ့သို့ တရားစွဲဆိုတင်ပို့ခြင်းမပြုမီ ဥပဒေအကြံပြု ပြန်ကြားပေး ပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သက်ဆိုင်ရာ တရားရုံးသို့ တရားခံများကို တရားစွဲဆို တင်ပို့လာပါက ဥပဒေရုံးကပင် ကနဦးစိစစ်ပြီး ဥပဒေအကြံပြုချက် နှင့်အညီ တရားစွဲဆို တင်ပို့လာခြင်း ဟုတ်၊ မဟုတ် တရားခံလွဲ၊ မလွဲ သက်သေခံ ပစ္စည်းများ တစ်ပါတည်း တင်ပို့နိုင်ခြင်း ရှိ၊ မရှိ အစရှိသည်တို့ကို စိစစ်ပြီး တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့် လုပ်ငန်းတာဝန်များ ကိုလည်း ထမ်းဆောင်လျက် ရှိနေပါသည်။
တရားရုံးသို့ တရားစွဲဆိုတင်ပို့ပြီး နောက်တွင် တရားရုံး၌ အမှုစစ်ဆေး ရာ၌ ဥပဒေအရာရှိများက နိုင်ငံတော်ဘက်မှ နေ၍ လိုက်ပါစစ်ဆေး ဆောင်ရွက်ကြရပါသည်။ ဤနေရာတွင် စာရှုသူအနေဖြင့် နိုင်ငံတော်ဘက်မှနေ၍ ဟူသည့် စကားရပ်အပေါ် အမြင်ရှုပ်ထွေးသွားစေနိုင် သည့်အတွက် ထပ်မံရှင်းလင်းတင်ပြ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

ပြစ်မှုတစ်ရပ်ဖြစ်ပွားပါက (ဥပမာ - ဆဲမှု၊ ရိုက်နှက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လိမ်လည်မှု၊ ယာဉ်တိုက်မှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု များ အစရှိသည်ဖြင့် ...) ဖြစ်ပွားပါက အဆိုပါ ပြစ်မှုကျူးလွန်ခံရသူ ကိုယ်တိုင်နှင့် ဆက်စပ်ပတ်သက်မှု ရှိနေသည့် မိသားစုများမှာ ကိုယ်/စိတ် နှစ်ပါး ဆုံးရှုံးနစ်နာမှုဖြစ်ရုံ သာမက ပစ္စည်းဥစ္စာများလည်း များစွာဆုံးရှုံးနစ်နာမှု ဖြစ်ရပါသည်။ ထိုနည်းတူစွာပင် အဆိုပါအမှုများ ဖြစ်ပေါ်ပါက ရပ်ရွာအတွင်း၊ ဒေသအတွင်း၊ ခရိုင်အတွင်း ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်အတွင်း ထိုမှတစ်ဆင့် တက်ပါက နိုင်ငံတော်အတွင်း အေးချမ်းသာယာမှုကို ထိခိုက် စေရုံသာမက လူ့စွမ်းအား အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာမှု ဖြစ်ရပါသည်။ ထို့ပြင် လူမှုစီးပွားရေး အသိုက်အဝန်း ကိုလည်း ပျက်စီးယုတ်လျော့ မှုများ ဖြစ်ရပါသည်။ သို့ဖြစ်ပါသောကြောင့် ပြစ်မှုကျူးလွန်ခံရသူ ကာယကံရှင်နှင့် မိသားစုဝင်များ ဆုံးရှုံးနစ်နာမှု ဖြစ်ရသကဲ့သို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော်ကြီး သည်လည်း ကြီးမားသော ဆုံးရှုံးနစ်နာမှုများ ဖြစ်ရပါသည်။

သို့ဖြစ်ပါ၍ အဆိုပါပြစ်မှု ကျူးလွန်ခဲ့သူကို ကျူးလွန်သည့်ပြစ်မှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေး အတွက် လည်းကောင်း၊ ဖြစ်စဉ် အမှန်ပေါ်ပေါက်မှု ဖြစ်စေရေးအတွက် လည်းကောင်း၊ နိုင်ငံတော်ဘက်မှ နေ၍ (တစ်နည်းအားဖြင့် ဆုံးရှုံးနစ်နာသူ ဘက်မှ) လိုက်ပါဆောင်ရွက် အမှုစစ်ဆေး ခြင်းဖြစ်ပါသည်။ နစ်နာသူမှာ တရားလိုဖြစ်ပြီး ပြစ်မှုကျူးလွန် ခဲ့သူမှာ တရားခံဖြစ်သည်ဟု ယေဘုယျသဘော သတ်မှတ်နိုင် သောကြောင့် ရှင်းလင်းစွာ အများနားလည်လွယ် အောင် တင်ပြရပါလျှင် အများအမြင်၌ တရားလိုအကျိုးဆောင် အဖြစ်လည်းကောင်း၊ အစိုးရရှေ့နေ အဖြစ် လည်းကောင်း သတ်မှတ်၍ ရနိုင်ပါသည်။ သို့ဖြစ်ပါသည့် အတွက်ကြောင့် နစ်နာသူတရားလို အနေဖြင့် ၄င်းဘက်တွင် အလိုအလျောက် နိုင်ငံတော် အစိုးရက အစိုးရရှေ့နေ တစ်ယောက် လိုက်ပါဆောင်ရွက်ရန် အတွက် ခန့်ထားပေးလိုက်သည့် သဘော၊ ပြင်ပစကားနှင့် ဆိုရပါလျှင် ရှေ့နေတစ်ယောက် ငှားရမ်းပေးလိုက်သည့် သဘော သက်ရောက်နေပါသည်။

အထက်က စာရေးသူတင်ပြခဲ့သည့် ဥပဒေအရာရှိများ အကြောင်း မသိရှိသူ လူ ၇၀ ဦးကို အပထားပြီး အမှုအခင်းဖြစ်ဖူးသူ သို့မဟုတ် တစ်နည်းနည်းဖြင့် ပတ်သက်ဖူးသူ လူ ၃၀ ဦးခန့်တွင်ပင် တရားရုံး၌ အမှုစစ်ဆေးသော အခါ ဥပဒေအရာရှိ ဆိုသူ၏ စစ်ဆေးမေးမြန်း ဆောင်ရွက်နေမှုများ အပေါ် နားမလည်၊ မသိရှိဘဲ ဘယ်ဘက်က လိုက်သည့် ရှေ့နေလဲ၊ ဘယ်သူငှားထားတာလဲ ဟုပင် အစရှိသည့် သံသယများစွာဖြင့် ကနဦးတွင် အထင်ခံ၊ အမေးခံ၊ အစူးစမ်းခံနေရတတ် ပါသည်။
အမှန်မှာ ဥပဒေနှင့်အညီ အမှန်တရား ပေါ်ပေါက်စေရေးအတွက် နိုင်ငံတော်ဘက်က နေ၍ တစ်နည်းအားဖြင့် တရားလိုနစ်နာသူ ဘက်မှနေ၍ ရပ်တည်စစ်ဆေးပေး နေသည်ကို နစ်နာသူ တရားလိုဘက်မှ ကောင်းစွာ သိရှိနားလည် သဘောပေါက်ထားရန် လိုပါသည်။

အထက်က စာရေးသူတင်ပြခဲ့သည့် အပိုင်းများမှာ ဥပဒေအကြံပေး သည့်အပိုင်းနှင့် တရားစွဲဆို တင်ပို့ပြီးနောက် တရားရုံးတွင် အမှုလိုက်ပါ စစ်ဆေးဆောင်ရွက်သည့် အပိုင်းများဖြစ်ပြီး နောက်ထပ်တင်ပြမည့် အပိုင်းမှာ တရားရုံးက ချမှတ်သည့် အမိန့်တစ်ရပ်အပေါ် ပြင်ဆင်မှုနှင့် အယူခံ တင်သွင်းရေး တို့အတွက် စိစစ်ဆောင်ရွက်ခြင်း အပိုင်းဖြစ်ပါသည်။ ဥပမာ- တရားရုံးက ချမှတ်လိုက်သော အပြီးသတ် အမိန့်တစ်ရပ်အပေါ် တရားခံ ကျူးလွန်သည့် ပြစ်မှုအနေအထားနှင့် ပြစ်ဒဏ်တို့မျှတမှု ရှိ မရှိ၊ မိမိရုံးတွင် သတ်မှတ်ထားသည့် ပုံစံများ၌ စိစစ်ရေးသွင်း၍ သဘောထား မှတ်ချက်များ ဖြင့် တစ်ဆင့်မြင့် ဥပဒေရုံးများသို့ ပေးပို့ တင်ပြရခြင်း ဖြစ်ပါသည်။ ဥပမာ- မြို့နယ်ဥပဒေရုံး ဖြစ်ပါက ခရိုင်ဥပဒေရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ ချုပ်ရုံးများထံသို့ အစီရင်ခံ ပေးပို့တင်ပြရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထို့အတူ တရားရုံးက တရားခံအပေါ် ချမှတ်သော အမိန့်သည် အပြီးအပြတ် လွှတ်သော အမိန့်တစ်ရပ်ဖြစ်ပါက မိမိရုံးတွင်းတွင် သတ်မှတ်ထားသည့် ပုံစံ များ၌ ရေးသွင်း ဖြည့်သွင်း၍ ဥပဒေနှင့် ညီ/မညီ၊ မှန်ကန်မှု ရှိ/မရှိ စိစစ် သုံးသပ်၍ သဘောထား မှတ်ချက်များဖြင့် တစ်ဆင့်မြင့် ဥပဒေရုံးများသို့ အစီရင်ခံပေးပို့ တင်ပြရခြင်း ဖြစ်ပါသည်။

နစ်နာသူတရားလိုအနေနှင့် တရားရုံးက တရားခံအပေါ် ချမှတ်သော အမိန့်အပေါ် ကျေနပ်လက်ခံသည့်တိုင် အမှုလိုက်ပါ ဆောင်ရွက်သည့် ဥပဒေအရာရှိနှင့် တာဝန်ခံ ဥပဒေအရာရှိတို့က ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှု မရှိကြောင်း သို့မဟုတ် တရားခံကို အပြီးအပြတ် လွှတ်သည်မှာလည်း ဥပဒေနှင့် မညီကြောင်း ယူဆသုံးသပ်ပါက အဆိုပါ တရားခံအပေါ် ထိရောက် ဟန့်တားလောက်သော ပြစ်ဒဏ်များရရှိစေရေး သို့မဟုတ် အပြီးပြတ်လွှတ်ပါက ပြစ်ဒဏ်ပြန်လည် ရရှိနိုင်ရေးတို့အတွက် အဆင့်မြင့်ဥပဒေရုံး များသို့ ပြင်ဆင်မှုဝင်ရောက်ရန် တင်ပြခြင်း သို့မဟုတ် အယူခံမှု ဝင်ရောက်ရန် တင်ပြခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ရန် တာဝန်ရှိနေကြသူ များလည်း ဖြစ်ကြပါသည်။

ယနေ့ပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နေသည့် တရားစီရင်ရေး ကဏ္ဍအပိုင်းတွင် ပါဝင်ပတ်သက် တာဝန်ထမ်းဆောင်မှု ပြုနေသည့် ဥပဒေ အရာရှိများအကြောင်း အများပြည်သူများ ရှင်းလင်းလွယ်ကူစွာ သိရှိနိုင်ရေး အတွက် ရေးသားတင်ပြရန်မှာ တစ်ချိန်တည်း၊ တစ်ထိုင်တည်းတွင် မဖြစ်နိုင် ပါသောကြောင့် စာရေးသူအနေဖြင့် နောက်ပိုင်းအလျဉ်းသင့် ပါက ပြည်သူ များ ဗဟုသုတအသစ်များ သိရှိတိုးပွားနိုင်ရေး အလို့ငှာ ဆက်လက်ရေးသား တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ယခုဆောင်းပါးတွင်မူ များမြောင်လှသည့် ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များ အနက်မှ ပြည်သူများ ဦးစားပေး သိထားသင့်သော တစ်စိတ်တစ်ဒေသ တာဝန်ပိုင်းကိုသာ ရွေးထုတ်ရေးသား တင်ပြလိုက်ရခြင်းဖြစ်ကြောင်း အစီရင်ခံတင်ပြရင်း အသိပညာဗဟုသုတ ဝေငှပေး လိုက်ပါသည်။
ရွှေညာသား (ဥပဒေ)

The Voice Weekly

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ဒီမိုကရေစီစနစ် လက်ခံကျင့်သုံးနေပြီဖြစ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အဓိက မဏ္ဍိုင်ကြီး သုံးရပ်အတွင်းမှ တရားစီရင်ရေးမဏ္ဍိုင်ကြီးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက် တာဝန် ထမ်းဆောင်မှု ပြုနေသော အဆင့်ဆင့်သော ဥပဒေရုံးများရှိ ဥပဒေအရာရှိများ အကြောင်း ပြည်သူများ သိရှိနိုင်ရန် ဗဟုသုတ အလို့ငှာ ရေးသားဖော်ပြရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသား တင်ပြခြင်း ဖြစ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဘိန်းဖြူ ၈ ဒသမ ၂ ဂရမ် ဖမ်းဆီးရမိ

ထိုင်းလေကြောင်းခရီးဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လိုက်ပါမည့် ခရီးသည်ညီညီမြင့်သိန်း (ခ) ညီညီလွင် ထံမှ ဘိန်းဖြူ ၈ ဒသမ ၂ ဂရမ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ဝယ်ယူရန် အမေရိကန် နိုင်ငံထံမှ အတည်ပြုချက် ရရှိ

Photo: တောင်ကိုရီးယား နိုင်ငံသည် Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ဝယ်ယူရန် အမေရိကန် နိုင်ငံထံမှ အတည်ပြုချက် ရရှိ
05 May 2013

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယားသို့ Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ရောင်းချပေးရန် လွှတ်တော်မှ အတည်ပြု ပေးခဲ့ပြီးနောက် တောင်ကိုရီးယားသို့ လက်ခံသော
အကြောင်း ကြားစာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ များက မေ ၂ ရက်တွင် ပြောကြားခဲ့ သည်။ တောင်ကိုရီးယား နိုင်ငံသည် အဆိုပါ မောင်းသူမဲ့ လေယာဉ်များ ဝယ်ယူ ခွင့်ကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက အဆိုပြု ထားခဲ့သော်လည်း အမေရိကန် လွှတ်တော်၏ အတည်ပြုမှု မရရှိခဲ့ခြင်း ကြောင့် နှောင့်နှေး ခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ဝမ် ၄၅ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ဝ၈ သန်း)တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ် လေးစင်းကို ၂ဝ၁၅ ခုနှစ်တွင် တပ်ဖြန့် ချထားရန် ကနဦး ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ အင်ဂျင် တစ်လုံးတပ် Global Hawk မောင်းသူမဲ့ လေယာဉ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၈ ကီလိုမီတာ အမြင့်မှ ပျံသန်းနိုင်စွမ်း ရှိပြီး နာရီပေါင်း ၃၆ နာရီကြာ အကွာအဝေး အားဖြင့် ၃ဝဝဝ ကီလိုမီတာ(၁၈၆၄ မိုင်) အထိ ပျံသန်း နိုင်သောကြောင့် ၎င်း အကွာအဝေးသည် မြောက်ကို ရီးယား တစ်နိုင်ငံလုံး အပြင် တရုတ်နှင့် အခြား အိမ်နီးချင်း နိုင်ငံများကိုလည်း ရောက်ရှိ ပျံသန်းနိုင်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံသည် တောင်ကိုရီးယားသို့ Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ် များ ရောင်းချပေးရန် လွှတ်တော်မှ အတည်ပြု ပေးခဲ့ပြီးနောက် တောင်ကိုရီးယားသို့ လက်ခံသော အကြောင်း ကြားစာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက မေ ၂ ရက်တွင် ပြောကြားခဲ့ သည်။

ကြယ်ငါးပွင့် စံနှုန်းအတိုင်း ဆီးဂိမ်းအမီ ဖွင့်လှစ်မည့် တုံဂပူရိ ဟိုတယ်

Photo: ကြယ်ငါးပွင့် စံနှုန်းအတိုင်း ဆီးဂိမ်းအမီ ဖွင့်လှစ်မည့် တုံဂပူရိ ဟိုတယ်

တွေ့ဆုံ မေးမြန်းနှင့် ဓာတ်ပုံ
သန်းဆွေ(မိုးကောင်း)
နေပြည်တော်အား မြန်မာ နိုင်ငံ၏ အဆင့်မြင့် အုပ်ချုပ်မှု မြို့တော်အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီး သွားလာမှု ကဏ္ဍသည်လည်း အရေး ကြီးသော အခန်း ကဏ္ဍမှ ပါဝင်လျက် ရှိသည်။ နေပြည်တော် လေဆိပ်ကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြောင်းလဲ ပေးခဲ့ပြီး နိုင်ငံခြားသား ခရီးသည်များ အတွက် ခရီးစဉ် တစ်ခုအဖြစ် ဆွဲဆောင်နိုင်ရန် ကြိုးစားလျက် ရှိသည်။
ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်က ““နေပြည်တော်တွင် နိုင်ငံခြားသား ခရီးသည်များ ရောက်ရှိပါက ဧပြီမှ ဇွန်လအထိ ပထမ သုံးလတာ ကာလအတွင်း လေဆိပ်မှ တည်းခိုမည့် ဟိုတယ် နေရာများသို့ ပို့ဆောင်ရေး မော်တော်ယာဉ် အခမဲ့ စီစဉ်ပေးခြင်း၊ နိုင်ငံခြားသား ခရီးသည် တစ်ဦးလျှင် တစ်ညအိပ် ခရီးစဉ် ကာလအတွက် နံနက်စာ အပါအ၀င် တည်းခိုသည့် ဟိုတယ် အခန်းခ အခမဲ့ စီစဉ်ဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံခြားသား ခရီးသည် များအား ဖိတ်ခေါ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း”” ပြောကြားခဲ့သည်။ ထို့ကြောင့် နေပြည်တော်တွင် အခြား ဟိုတယ်များနှင့် မတူဘဲ တစ်မျိုး တစ်ဖုံ ဆန်းသစ်တီထွင် တည်ဆောက် လျက်ရှိပြီး ဆီးဂိမ်းအမီ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက် ရှိသည့် တုံဂပူရိ ဟိုတယ်မှ တာဝန်ခံ ဦးရန်မျိုးအောင်အား သိလိုသည် များကို တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်

Read more>> http://bit.ly/10fw7cE
တွေ့ဆုံ မေးမြန်းနှင့် ဓာတ်ပုံ
သန်းဆွေ(မိုးကောင်း)
နေပြည်တော်အား မြန်မာ နိုင်ငံ၏အဆင့်မြင့် အုပ်ချုပ်မှု မြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ဟိုတယ်နှင့် ခရီးသွားလာမှုကဏ္ဍသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ နေပြည်တော်လေဆိပ်ကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြောင်း လဲ ပေးခဲ့ပြီး နိုင်ငံခြားသားခရီးသည်များ အတွက်ခရီးစဉ်တစ်ခုအဖြစ် ဆွဲဆောင်နိုင်ရန် ကြိုးစားလျက်ရှိသည်။

မန်းသို့အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သူအား ဖေါ်ထုတ်ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ယာကြီးပြင်ရပ်နေ ကို---(၂၅) နှစ်သည် တစ်ရပ်ကွက်တည်းနေ မ---(၂၂)နှစ်နှင့် အမျိုးသမီး(၃)ဦးအားမေ၁ရက်က မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုကာ ရေနံချောင်းမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။

နိုင်ငံသား

Photo: နိုင်ငံသား
Sunday, May 5, 2013 

၂၀၀၇ ခုနှစ် လောက်ကကျွန်တော် Georgetown University မှာ အမျိုးသားလုံခြုံရေးဘာသာရပ်နဲ့ ကျောင်းတက်စဉ်အခါက အတန်းထဲက လူ
တစ်ယောက်ကို သတိထားမိတယ်။ အဲဒီလူက အရပ်မြင့်မြင့် ကိုယ်ကာယတောင့်တောင့်တင်းတင်း အာရပ်ပုံမျက်နှာပေါက်နဲ့သူဆိုတော့ လူဖြူကြီးစိုးတဲ့ အတန်းထဲမှာ ထင်ထင်သာသာဖြစ်နေတယ်။ ဒါထက်ပိုပြီး သတိထားမိတာက သူ့ခြေထောက်မှာ သေနတ်အတိုတစ် လက်အမြဲ ပတ်ထားတာတွေ့တော့
အစိုးရလုံခြုံရေးအရာရှိတစ်ယောက်ဖြစ်မယ်ဆိုတာတော့ ခန့်မှန်းလို့ရနေတယ်။ နောင်ရင်းနှီးလာတဲ့အခါ သိရတာက သူကလက်ဘနွန် နိုင်ငံမှာမွေးပြီး
အမေရိကန်မှာ ကြီးပြင်းခဲ့တဲ့ အမေရိကန်နိုင်ငံသားဆိုတာတင်မက FBI မှာ အထူးစုံစမ်းရေးအရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတယ်ဆိုတာတော့
သိရတယ်။ နောက်တစ်လလောက်ကြာတော့ အီရတ်ကဆက်ဒမ်ဟူစိန်ကိုဖမ်းမိစဉ်က ဘယ်လိုစစ်ဆေးခဲ့တယ်။ ဆက်ဒမ်က ဘယ်လိုဝန်ခံခဲ့တယ်ဆိုတဲ့အ
ကြောင်းကို တီဗီမှာပြတယ်။ အဲဒီမှာသိရတာက ဆက်ဒမ်ကိုအဓိကစစ်ခဲ့ သူကကျွန်တော့်အတန်းဖော် FBI က အာရပ်ကြီးဆိုတာပါပဲ။

အမေရိကန်ရဲ့စစ်တပ်ထဲမှာတင်မက အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ရဲ၊ ထောက်လှမ်းရေးစတဲ့ ဌာနတွေမှာ လူဖြူတွေသာမကဘဲ လူမည်း၊ အာရှသား၊
အရှေ့အလယ်ပိုင်းစတဲ့ လူမျိုးစုံ၊ မွတ်ဆလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာစတဲ့ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတွေပါဝင်ကြတယ်။ အမေရိကန်နိုင်ငံက မွတ်ဆလင်
အစွန်းရောက်အကြမ်းဖက်နှိမ်နင်းရေးစီမံချက်တွေမှာ ပါဝင်ဆောင်ရွက်ကြသူထဲမှာ လူဖြူမဟုတ်တဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်သူတွေ အများကြီးပါခဲ့ပါ
တယ်။ အိုစမာဘင်လာဒင်ကို အသေရခဲ့တဲ့ လျှပ်တစ်ပြက်စစ်ဆေးရေးလုပ်တော့ Navy Seals ကွန်မန်ဒိုအဖွဲ့နဲ့အတူ လူဖြူမဟုတ်တဲ့ ပါကစ္စတန်အူဒူ စကားပြော
မွတ်ဆလင်တစ်ဦး လိုက်ပါခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ ကျွန်တော့်အတန်းဖော်တွေထဲမှာ ပါကစ္စတန်မှာမွေး၊ အမေရိကန်ကြီး မွတ်ဆလင်သူငယ် ချင်းတွေရှိပါတယ်။

သူတို့ ကျောင်းပြီးသွားတဲ့အခါမှာ အရေးကြီးတဲ့ လုံခြုံရေးဌာနတွေမှာ အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေကိုအကြမ်းဖက် သမားတွေရန်က ကာကွယ်ဖို့တာဝန်
ထမ်းဆောင်နေတာ တွေ့ရတယ်။ ဒါနဲ့ စိတ်ထဲမှာ တွေးကြည့်မိတယ်။ အမေရိကန်မှာကြီးစိုးတဲ့ လူများစုလူဖြူမဟုတ်ဘဲ ဒီမှာမမွေးဘဲနဲ့တောင် ဒီနိုင်ငံအပေါ်မှာ
ဘာကြောင့်များ သစ္စာခံကြတာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

နိုင်ငံသား ဖြစ်ခြင်းဆိုတာ ဥပဒေအကြောင်း တစ်ခုတည်းနဲ့ တိုင်းတာယုံနဲ့ မပြည်စုံနိုင်ပါဘူး။ နိုင်ငံသားဥပဒေ ဆိုတာကတော့ နိုင်ငံတိုင်းမှာရှိပါတယ်။ Jus sanguinis လို့ ခေါ်တဲ့ သွေးသား တော်စပ်မှုနဲ့ဆိုင်တဲ့ နိုင်ငံသားဖြစ်ခြင်းဆို တာကို ဂရိ၊ အီတလီ၊ တူရကီစတဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ တချို့က
တရားဝင် ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်တဲ့ အချိန်သတ် မှတ်ချက်တွေအပေါ်မူတည်ပြီး Naturalization လို့ခေါ်တဲ့ နိုင်ငံသားပြုခံခွင်ဆိုတာလည်း နိုင်ငံ
အတော်များများမှာရှိပါတယ်။ ဘာသာရေးကို အခြေခံပြီး နိုင်ငံသားပေးတဲ့ အစ္စရေးလိုနိုင်ငံမျိုးလည်းရှိပါတယ်။ ဘယ်လိုရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ပဲ နိုင်ငံသား
ဖြစ်ဖြစ် နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံဝတ္တရားက ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာရှိဖို့ဖြစ်တယ်။ ဒါကြောင့် တိုင်းတစ်ပါးက၀င်ရောက်လာသူတွေ ဥပဒေနဲ့ညီလို့ နိုင်ငံ
သားမဖြစ်မီမှာ နိုင်ငံသစ်ကို သစ္စာခံတဲ့ သစ္စာဆိုပွဲတွေ လုပ်ရတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကို ဆင်းရဲတဲ့ နိုင်ငံတွေက ရေကြည်ရာ မြက်နုရာ အဖြစ်နည်းမျိုးစုံနဲ့ဝင်ရောက်လာကြပါတယ်။ ဒါပေမဲ့ ဒီလူတွေက အလိုအလျောက်
သစ္စာခံဆိုတာဖြစ်သွားတာမဟုတ်ဘူး။ လက်ရှိအမေရိကန်နဲ့ ဗြိတိသျှလုံ ခြုံရေးဌာနတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ လူဖြူမဟုတ်တဲ့ ဘာ သာခြားတွေဟာ
အများစုက အဲဒီ နိုင်ငံမှာမွေးတဲ့ ကြီးတဲ့သူတွေဖြစ် တယ်။ နိုင်ငံသားချင်းတူတာတောင် မှ အသက်ကြီးမှ အခြေလာချပြီးနိုင်ငံသား ဖြစ်လာတဲ့သူတွေထက် စာရင်
ဒီမြေဒီရေမှာမွေးဒီယဉ်ကျေးမှုနဲ့ ဆက်စပ်ကြီးပြင်းတဲ့သူတွေကို လုံခြုံရေးအရ ပိုယုံကြည်လေ့ရှိတယ်။ နိုင်ငံသားနှစ်ခု လက်ခံတဲ့ အမေရိကန်လို နိုင်ငံမှာတောင်
လုံခြုံရေးအရ အရေးကြီးတဲ့ တာဝန်မျိုးတွေယူတော့မယ်ဆိုရင် အခြားနိုင်ငံသားအဖြစ်ကိုစွန့်ရတယ်။

နိုင်ငံတစ်ခုကို သစ္စာခံတယ်ဆိုတာ အဲဒီနိုင်ငံနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ကြားထဲမှာ တည်ဆောက်ထားတဲ့ တွယ်တာမှု မြတ်နိုးမှုတစ်ခုဖြစ်တယ်။ ဒီတွယ်တာမှု
ကြီးလေလေ နိုင်ငံသားရဲ့ သစ္စာကြီးလေလေဖြစ်တယ်။ ဒီတွယ်တာမှုရဲ့ အခြေခံက National Identity လို့ ပြောတဲ့ အမျိုးသားအမှတ်လက္ခဏာ ရှိမှုပါပဲ။

နိုင်ငံသားတစ်ယောက်အဖြစ် နိုင်ငံတော်ကို သစ္စာခံဖို့ ဆိုတာ “မြန်မာနိုင်ငံသား ”ပါဆိုတဲ့ အမျိုး သား လက္ခဏာကို နှစ်နှစ်ကာကာခံ ယူထားဖို့လိုတယ်။
ဥပဒေကြောင်း အရ နိုင်ငံသားဖြစ်ရုံမက ရင်ထဲကလာတဲ့ အမျိုးသားလက္ခဏာသတ် မှတ်ချက်တစ်ခုရှိဖို့လိုတယ်။ အမျိုးသားလက္ခဏာဆိုတာ “သင်ယူရ
တဲ့ဖြစ်စဉ်” ဖြစ်တယ်လို့ မနုဿဗေဒလေ့လာတဲ့ပညာရှင်တွေပြော လေ့ရှိတယ်။ လူတစ်ယောက်ကြီး ပြင်းလာတဲ့ဖြစ်စဉ်မှာ သူ့ရဲ့ပတ်ဝန်းကျင်နဲ့
ထိတွေ့ဆက်ဆံမှုတွေကနေ အမျိုးသားလက္ခဏာကို လက်ခံခဲ့ကြတာဖြစ်တယ်။ တိုင်းပြည်ရဲ့ ပညာရေးစနစ်၊ ယဉ်ကျေးမှု၊ အများနဲ့ထိတွေ့တဲ့ ဆက်ဆံရေး တွေ၊
အမျိုးသားရေး လက္ခဏာဆောင်တဲ့ လူမှုရေးတည်ဆောက်မှုတွေပေါ်မှာမူတည်ပြီး အမျိုးသားလက္ခဏာတစ်ခုဖြစ်လာတယ်။ ဒီဖြစ်စဉ်အတွင်းမှာပဲ ဒီလက္ခဏာ က ဘယ်လောက်ခိုင်တယ်၊ မခိုင်ဘူးဆိုတာလည်း တာသွားပြန်တယ်။

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ကြားမှာ သစ္စာစောင့်သိမှုကို တံတားထိုးပေးထားတာက “စနစ်” ဖြစ်တယ်။ စနစ်က နိုင်ငံသားဆိုတဲ့ အသိကိုသင်ကြားပေးသလို ဒီနိုင်ငံ
က ငါ့ကို ဘယ်လောက်ထိလက်ခံ သလဲဆိုတဲ့ လက်ခံခြင်းနဲ့ ငြင်းပယ် ခြင်းဆိုတဲ့ အသိကိုလည်း ဖန်တီးပေးတယ်။ လူမျိုးဘာသာကွဲပြားမှုအပေါ်မှာ
ခွဲခြားဆက်ဆံတဲ့စနစ် ဆိုရင် ခွဲခြားခံရသူတွေရဲ့ကြားမှာ နိုင်ငံသားဆိုတဲ့အမျိုးသား လက္ခဏာကို သစ္စာစောင့်သိမှုလျော့သွားရော။ စနစ်ကငြင်းပယ်ခံရတဲ့
နိုင်ငံသားမှာ နိုင်ငံအပေါ် သစ္စာရှိမှုဆိုတာလည်း လျော့သွားရော။ ဒီမိုကရေစီကျတဲ့ အနောက် နိုင်ငံတွေမှာ အမျိုးသားလက္ခဏာ တစ်ရပ်ကိုခံယူပြီး နိုင်ငံအပေါ်
သစ္စာရှိကြတယ်ဆိုတာ စနစ်ကိုယ်တိုင်က ခွဲခြားဆက်ဆံမှုတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ထားလို့ဖြစ်တယ်။ လက်တွေ့မှာ အားလုံးတစ်ပြေးတည်း
မဖြစ်နိုင်ရင်တောင် တန်းတူညီမျှရေးဆိုတာ အနည်းဆုံးမူအားဖြင့် ရှိဖို့လိုတယ်။ ဒါကတော့နိုင်ငံတော်ဘက်က နိုင်ငံသားဖြစ်မှုအတွက် ချီးမြှောက်ပေးတဲ့ အသိ
အမှတ်ပြုမှုလို့ ယူဆလို့ရတယ်။

နိုင်ငံတော်ဘက်က စနစ်အရ တာဝန်ကျေရုံနဲ့လည်း မလုံလောက်ပါဘူး။ ဒီမိုကရေစီ လူ့အခွင့်အရေး တွေ ပေးတဲ့ အနောက်နိုင်ငံတွေမှာလည်း
နိုင်ငံသားအတုတွေတင်မက ကိုယ်နေတဲ့ တိုင်းပြည် ကိုယ်ပြန်ရန် ရှာသူတွေ ရှိပါတယ်။ ၂၀၀၅ လန်ဒန်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အိမ်မွေးခြံပေါက် မွတ်ဆလင်အစွန်း ရောက် အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို အနောက်နိုင်ငံတွေမှာ စိုးရိမ်လာကြတယ်။ အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ မွတ်
ဆလင်တွေကို ယှဉ်တွဲလေ့လာပြီး သုတေသနတွေ ပြုလုပ်တဲ့အခါမှာ ဥရောပက မွတ်ဆလင်တွေက ပိုပြီး အစွန်းရောက်တဲ့သဘောကို တွေ့ရှိ
ရတယ်။ အဓိကကတော့ လစ်ဘရယ်ဖြစ်လွန်းတဲ့ ဥရောပမှာ Multiculturalism လို့ခေါ်တဲ့ ယဉ်ကျေးမှုပေါင်းစုံဝါဒကို ကျင့်သုံးခဲ့တာကြောင့်ပါ။ ယဉ်ကျေးမှုမျိုးစုံ
ထွန်းကားဖို့က ဘုံအမျိုးသားရေး လက္ခဏာပေါ်ဖို့ထက် ပိုအရေးကြီးတယ်ဆိုတဲ့ ချည်းကပ်မှုမျိုးကို သုံးခဲ့တာ ကြောင့်ပါပဲ။ ဒါကြောင့် အင်္ဂလန်မှာ မွေးပြီးကြီးတဲ့
ဒုတိယမျိုးဆက် မွတ်ဆလင်တွေထဲမှာတောင်ပင်မ ဗြိတိသျှယဉ်ကျေးမှုနဲ့ ဝေးကွာနေသူတွေ အများကြီးပဲ။ သူ့တို့ဘာသာ သူတို့သီးသန့်နေကြတယ်။ ကျင့်ကြံကြ
တယ်။ ဗြိတိသျှအမျိုးသားလက္ခဏာကို မခံယူကြဘူး။

အမေရိကန်မှာ မွတ်ဆလင် တွေ အစုအဝေးလိုက်နေတဲ့ မြို့တွေ ရှိပေမယ့် အားလုံးလိုလိုက တခြား လူမျိုးတွေနဲ့ ရောထွေးနေထိုင်ကြ တယ်။ ဥရောပထက်စာရင်
အမေရိကန်မှာ ပိုပြီး ရောထွေးယှက်တင်ရှိ တယ်။ အမျိုးသား လက္ခဏာဖြစ်တဲ့“အမေရိကန်နိုင်ငံသား”ဆိုတာကို နှစ်နှစ်ကာကာ ခံယူကြတယ်။ ဒါ ကြောင့်
အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်လှုပ်ရှားတဲ့ အမေရိကန် နိုင်ငံသား မွတ်ဆလင်ဘာသာဝင် အချို့ရှိပေမယ့် အမေရိကန်နိုင်ငံ လုံ ခြုံရေးအတွက် လုပ်နေတဲ့
မွတ်ဆ လင်တွေနဲ့ ယှဉ်လိုက်ရင် အကြမ်းဖက်သမားဆိုတာ အစွန်းထွက်သက်သက်လောက်ပါပဲ။ ကိုးကွယ်တဲ့ ဘာသာကွဲပြားရုံနဲ့ အမျိုးသား လက္ခဏာ မပျောက်သွားပါဘူး။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီမြေမှာမွေး ဒီမြေမှာ ကြီးပြီး အတူတကွ ယှဉ်တွဲနေထိုင်ခဲ့တဲ့ မွတ်ဆလင်ဘာသာဝင်တွေရှိပါတယ်။ သူတို့အထဲမှာ
မြန်မာနိုင်ငံသားဆိုတဲ့ အမျိုးသားလက္ခဏာကို နှစ်နှစ်ခြိုက်ခြိုက်လက်ခံထားသူတွေ အများကြီးပါ။ ဒီအမျိုးသား လက္ခဏာကို ပိုခိုင်မာလာ ဖို့ဆိုရင် သူတို့တွေ
ကို နိုင်ငံတော်က ကျောသားရင်သားမခွဲခြားတဲ့ စနစ်တစ်ခုနဲ့ ဆက်ဆံပေးနိုင်ဖို့ လိုပါတယ်။ ဘာသာရေးကွဲပြားမှုသက်သက်ကြောင့်အကြမ်းဖက်ခံရမှုတွေက
ကာကွယ်ပေးနိုင်ဖို့ လိုပါတယ်။ နိုင်ငံသားလက္ခဏာ ခိုင်မာလာတာနဲ့အမျှ ဘာသာရေးကွဲပြားမှုဆိုတာ အမျိုးသားအကျိုးစီးပွားအတွက် အတားအဆီး
မဟုတ်တော့ပါဘူး။ ကျောသားရင်သား မခွဲခြားတဲ့ စနစ်တစ်ခု ခိုင်ခန့်လာတဲ့အချိန်၊ ဘုံအမျိုးသားလက္ခဏာဆောင်တဲ့ နိုင်ငံသားစိတ်ဓာတ်တွေ ရင့်ကျက်လာတဲ့
တစ်နေ့မှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာလည်း အက်ဖ်ဘီအိုင်က အာရပ်သူငယ်ချင်းလို လူမျိုးဘာသာ မကွဲပြားဘဲ ကိုယ့်နိုင်ငံကို သစ္စာရှိတဲ့သူတွေ တိုင်းပြည်
ကာကွယ်ရေးအတွက် တာဝန်ထမ်း ဆောင်လာကြမှာပါ။

(ဆောင်းပါးရှင် ဒေါက်တာ မင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြုစုခဲ့ပြီး George Mason
တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့သူဖြစ်သည်။ Georgetown တက္ကသိုလ်မှ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဝိဇာဘွဲ့နှင့် George Mason တက္ကသိုလ်မှ
ပဋိပက္ခသုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့တို့ရရှိခဲ့သည်။ လက်ရှိ Myanmar Peace Center အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာအဖြစ်နှင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။(ယခုဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ)။


ရေးသားသူ- ဒေါက်တာမင်းဇော်ဦး

7DaysNewsJournal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
၂၀၀၇ ခုနှစ် လောက်ကကျွန်တော် Georgetown University မှာ အမျိုးသားလုံခြုံရေးဘာသာရပ် နဲ့ ကျောင်း တက်စဉ်အခါက အတန်းထဲက လူတစ်ယောက်ကို သတိထားမိတယ်။ အဲဒီလူက အရပ်မြင့်မြင့် ကိုယ်ကာယတောင့်တောင့်တင်းတင်း အာရပ်ပုံမျက်နှာပေါက်နဲ့သူဆိုတော့ လူဖြူကြီးစိုးတဲ့ အတန်းထဲမှာ ထင်ထင်သာသာဖြစ်နေတယ်။ ဒါထက်ပိုပြီး သတိထားမိတာက သူ့ခြေထောက်မှာ သေနတ်အတိုတစ် လက်အမြဲ ပတ်ထားတာတွေ့တော့ အစိုးရလုံခြုံရေးအရာရှိတစ်ယောက်ဖြစ်မယ်ဆိုတာတော့ ခန့်မှန်းလို့ ရနေတယ်။ နောင်ရင်းနှီးလာတဲ့အခါ သိရတာက သူကလက်ဘနွန် နိုင်ငံမှာမွေးပြီး အမေရိကန်မှာ ကြီးပြင်းခဲ့တဲ့ အမေရိကန်နိုင်ငံသားဆိုတာတင်မက FBI မှာ အထူးစုံစမ်းရေးအရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတယ်ဆိုတာတော့ သိရတယ်။ နောက်တစ်လလောက်ကြာတော့ အီရတ်က ဆက်ဒမ်ဟူစိန်ကို ဖမ်းမိစဉ်က ဘယ်လိုစစ်ဆေးခဲ့တယ်။ ဆက်ဒမ်က ဘယ်လိုဝန်ခံခဲ့တယ်ဆိုတဲ့ အကြောင်းကို တီဗီမှာပြတယ်။ အဲဒီမှာသိရတာက ဆက်ဒမ်ကိုအဓိကစစ်ခဲ့ သူကကျွန်တော့်အတန်းဖော် FBI က အာရပ်ကြီးဆိုတာပါပဲ။

ဦးရဲထွဋ် မှ Eleven ကဲ့သို့ အစ္စလာမ် စစ်သွေးကြွဝါဒီ အချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့သည့် သတင်းဂျာနယ် များကို မေတ္တာရပ်ခံ

ပြည်တွင်းက ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေးကြွ ဝါဒီ အချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြခဲ့ တာတွေ့ရ ပါတယ်။

ချစ်သူက ကိုယ့်ကို ပိုချစ်အောင် ဘယ်လိုလုပ်မလဲ?


၁. ။Give time .. အချိန်ပေးပါ။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူရှိနေ နိုင်ရင်လဲ ရှိနေပေါ့၊ ရှိမနေနိုင်ရင်လည်းဘယ်အချိန်မှာ လိုအပ်မလဲ၊ သူလိုအပ်တဲ့အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစားသင့် ပါတယ်။ဒါကြောင့် အချစ်ကိုပေးဖို့ဆိုရင် အချိန်ကိုလဲပေးသင့်တယ်ဆိုတဲ့ အချက်ကိုချစ်သူတွေရဲ့ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာတစ်ခုပါ။ သိထားသင့်ပါတယ်။ ကိုယ့် ချစ်သူကို ဂရုတစိုက်ရှိရမှာဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ သူကဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးHuawei Show Room ဖွင့်ပွဲကို မေလ ၅ ရက်နေ့ မနက် ၁၀ နာရီတွင် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးကွန်ဒိုတွင် ကျင်းပသည်

ယခုဖွင့်လှစ်သောShow Room တွင် Huawei Handset မျိုးစုံအပြင် Media Pad နဲ့ Mobile Broad Band များကိုလည်း ရရှိနိုင်ပြီး Show Room ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖွင့်ပွဲနေ့တွင် ၀ယ်ယူအားပေးကြသူများအား Huawei Media Pad, C8813 နှင့် Y 300 တို့အပြင် အခြားဆုမဲများကိုလည်း မဲဖောက်ပေးခဲ့သည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ် ပြင်ဆင်ရန် စီစဉ်နေ

မြန်မာနိုင်ငံပညာရေးကဏ္ဍ၏ ပြုပြင် ပြောင်းလဲမှုများတွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ် ပြင်ဆင် ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ယနေ့ပြောကြားသည်။ ပြည် တွင်း၊ ပြည်ပ ပညာရှင်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ထောက်ပြလျက်ရှိသော တက္ကသိုလ် ၀င်ခွင့် ရွေးချယ်ရေးစနစ်နှင့် ပတ်သက်၍ ---

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ
Sunday, May 5, 2013


ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို  “Trusted  Friends”  ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။



Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့  “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး  အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။

“Trusted Contacts” ဆိုတာ ဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ  Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ   security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။

ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။

ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်း
ကြုံခဲ့ရပါတယ်။
ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question)  တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။

“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook  က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမယ့်အချက်ကို  မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့  အကြံပြုသွားပါတယ်။

ဆောင်းဦးလင်း ~

Source: CNet

http://news.cnet.com/8301-1023_3-57582549-93/facebook-puts-account-security-in-the-hands-of-your-friends/

ဧရာဝတီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။

အစိုးရ ဓမ္မာစရိယ နှင့် အစိုးရ ပါဋိပထမပြန် စာမေးပွဲကျင်းပ

အစိုးရ ဓမ္မာစရိယ နှင့် အစိုးရပါဋိပထမပြန် စာမေးပွဲကို မြစ်ကြီးနားစာစစ်ဌာနတွင် မေလ ၂ ရက် မွန်းတည် ၁၂ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော် သြ၀ါဒစရိယ ဓမ္မရက္ခိတ ၀န်းသိုကျောင်း တိုက်ကြီး ၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ သီလ၀ံသ နှင့် စာမေးပွဲ ကြီးကြပ်ရေး သြ၀ါဒါ စရိယ ဆရာတော်ကြီးများ ကြွရောက်ကာ စာဖြေသံဃာတော် ၆၂ ပါး နှင့် သီလရှင် ၃ ပါးတို့က ပထမနေ့ တွင် ပါရာဇိကဏ် ဘာသာရပ် ကို ကြွရောက် ဖြေဆို ကြကြောင်း သိရသည်။

KIA လက်ဖြောင့် စစ်သမီးများ လက်နက်ချ အလင်းဝင်ရောက်

 KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်ကြီးများသည် အစိုးရ၏ အပစ်အခက်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးချက်များအား လက်မခံဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားစေရန် ဆောင်ရွက်လျှက် ရှိသောကြောင့် KIA အဖွဲ့တွင် ခေါင်းဆောင်များနှင့် လက်အောက်ခံတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲ မှုများ ဖြစ်ပေါ် လျက်ရှိသည်။

ကလေး-တမူးဒေသ ရော်ဘာ စမ်းသပ်ထုတ်လုပ်

Photo: ကလေး-တမူးဒေသ ရော်ဘာ စမ်းသပ်ထုတ်လုပ်

စစ်ကိုင်း-မေ၅
ကလေး-တမူးဒေသတွင် ရော်ဘာစိုက်ခင်းတချို့တွင် ရော်ဘာ စမ်းသပ်ထုတ်နေကြောင်း
ရော်ဘာစိုက်ပျိုးသူတစ်ဦးကပြောသည်။
ရော်ဘာပင်တွေအတွက် ဓာတ်မြေသြဇာရယ်လို့တော့ သီးသန့်မသုံးဖြစ်ပါဘူး။
သဘာဝဖြစ်တဲ့ နွားချေးပဲ သုံးပါတယ်။ အပင်သက်တမ်းနဲ့ အစေးထုတ်ရတယ်လို့တော့
မသိဘူးခင်ဗျ။ အပင်လုံးပတ် လက်မ (၂) ပြည့်ရင် အစေးထုတ်လို့ ရတယ်လို့ပဲ
သိတယ်။  လို့ ရော်ဘာစိုက်ပျိုးသူတစ်ဦးမှ popular news journal သို့
ပြောသည်။
ရော်ဘာကို ကလေး-တမူး ကားလမ်းမကြီးဘေးတစ်ဖက်တစ်ချက်စီတွင်
မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ကာ နှစ်ရှည်စီမံကိန်းအဖြစ် (၂၀၀၀)
ခုနှစ် နောက်ပိုင်းကတည်းက စိုက်ပျိုးကြပြီး ပုဂ္ဂလိက စိုက်ပျိုးခြံများ၊
တပ်မတော်ပိုင် စိုက်ပျိုးခြံများ ၊ စုပေါင်းစိုက်ပျိုးခြံများအဖြစ်
ရော်ဘာစိုက်ပျိုးခြင်းများကို ကလေး-တမူး ဒေသတွင်း ဧကပေါင်း သန်းချီ
လုပ်ကိုင်လျှက်ရှိသည်။ ရာဘာပင်များအကြားတွင် သနပ်ခါးများကိုပါ
ရောထွေးစိုက်ပျိုးခြင်းများပါ စမ်းသပ်လျှက်ရှိသည်။
ချစ်သူမောင်
ကလေး-တမူးဒေသတွင် ရော်ဘာစိုက်ခင်းတချို့တွင် ရော်ဘာ စမ်းသပ်ထုတ်နေကြောင်း ရော်ဘာစိုက်ပျိုး သူတစ်ဦးကပြောသည်။ ရော်ဘာပင်တွေအတွက် ဓာတ်မြေသြဇာရယ်လို့တော့ သီးသန့်မသုံးဖြစ်ပါဘူး။

"ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် မမုံကျေးရွာတို့တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများအား လူအုပ်စုဖြင့် ဖျက်ဆီးမှုများအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းဆောင်ရွက်"

၂-၅-၂ဝ၁၃ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းအား သင်တန်းသား/ သူ(၄၇၆)ဦး၊ ဆရာတော်(၄)ပါးနှင့် အရပ်သား ဆရာ/ဆရာမ(၇)ဦးဖြင့် ပို့ချနေစဉ် အဆိုပါသင်တန်းအား နှောင့်ယှက်မည်ဟု ကောလာဟလသတင်းကြောင့်

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံအချို့ ပြင်ဆင်ရန် ကျန်ရှိနေ

Photo: ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံအချို့ ပြင်ဆင်ရန် ကျန်ရှိနေ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရွှေဘိုငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်းအဆောက်အအုံ အချို့မှာ ယခုအချိန်ထိ ပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံများအနက် နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်းနှင့် စေတီပုထိုး အချို့တွင် ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

"ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းမှာ ရှေးဟောင်းအဆောက်အဦးတွေ အနည်းငယ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ မယ်နုအုတ်ကျောင်းကိုလည်း ပြုပြင်ထိန်းသိမ်းမှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။ စေတီနှစ်ဆူကိုလည်း ပြန်လည်ထီးတင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်" ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ အချို့မှာ သက်တမ်းကြာမြင့်လာပြီး ခိုင်ခံ့မှုမှာ တဖြေးဖြေး အားနည်းလာနေပြီး ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာများဖြစ်သည့် ဗားကရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်နှင့် အခြားရှေးဟောင်း အဆောက်အအုံအချို့တို့မှာ နှစ်သက်တမ်းအားဖြင့် ၂၀၀ ၀န်းကျင်အထိ ကြာမြင့်နေပြီ ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ နေရာများဖြစ်သည့် နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးဘုရား စသည့်နေရာများသို့ လာရောက်လည်ပတ် ကြသူများအား တက်ရောက်လေ့လာရာတွင် ကြံ့ခိုင်သည့်နေရာမှသာ လေ့လာကြရန် သတိပေးစာများကို ယခုအချိန်အထိ ထုတ်ပြန်ကြေညာထားဆဲလည်း ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် အနည်းငယ် ပျက်စီးသွားခဲ့ရသည့် နန်းမတော်မယ်နု၏ အုတ်ကျောင်းတော်ကိုလည်း ပြန်လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိပြီး အခြားစေတီ ပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိသည်။ နန်းမြင့်မျှော်စင်မှာ ပြန်လည်ဖွင့်လှစ် ပေးထားသော်လည်း ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်အတွက် ကျန်ရှိနေသေးကြောင်း သိရသည်။

(ဓာတ်ပုံ - မယ်နုအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့မြင်ရစဉ်)
(ဓာတ်ပုံ - မယ်နုအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့မြင်ရစဉ်)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ရွှေဘိုငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်းအဆောက်အအုံအချို့မှာ ယခုအချိန်ထိ ပြင်ဆင်နိုင်ခြင်း မရှိသေး   ကြောင်း စုံစမ်း သိရသည်။

ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ

Photo: ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံ အချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က "မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွဲမယ်ဆိုပြီးတော့ ပြောကြားလိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ယခင်ကထက် လုံခြုံရေးကို ပိုမိုဆောင်ရွက်နေပါတယ်။ မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ မြို့တွင်းမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွားလာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။ ဗုံးနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်းပြောကြားနေပါတယ်" ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ်ပွားအောင်လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်းပေးတွေနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေပူးပေါင်းပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက်နေတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "ပြည်တွင်းကို အကြမ်းဖက်သမားတွေက ၀င်ရောက်ပြီးတော့ ဖောက်ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။ ဒါကြောင့် လုံခြုံရေးကို အရင်ကထက် ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန်ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။ အခု နယ်စပ်ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုးကြီးမြ၀င်းက "အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်းတွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက်ထားတယ်။ ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်းကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။ သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာအသီးသီးကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့်စစ်ဆေးနေပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဖြစ်သူ ဦးသန်းနိုင်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။

(ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လအတွင်းက တွေ့ရစဉ်)
(ဓာတ်ပုံ - ၀င်းမြင့်ကျော်)
(ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လအတွင်းက တွေ့ရစဉ်)
မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံအချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှု များ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

ကားနှင့်မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးသေဆုံး

Photo: ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရား လမ်းမအတိုင်း ဆီဒိုးနားဟိုတယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၂င/၇၄၀၆ မော်တော်ယာဉ်နှင့် အင်းယားကန်ဘောင်ပေါ်မှ ဆင်းလာပြီး ရှစ်မိုင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ သစ္စာလမ်းမီးပွိုင့် အရောက်တွင် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။        

"ဆိုင်ကယ်က ကန်ဘောင်ပေါ်က ဆင်းလာတာ။ ကားကလည်း ရှစ်မိုင်ဘက်က မောင်းလာတာ။ မီးပွိုင့် အရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိတာပါ။ တိုက်မိတဲ့အရှိန်က ပြင်းတော့ ဆိုင်ကယ်ရော ဆိုင်ကယ်ပေါ်က လူသုံးယောက်ရော လွင့်စင်သွားတာ။ ကောင်လေးနှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်က မြောင်းထဲမှာ နောက်တစ်ယောက်ကတော့ ပေ ၁၀၀ လောက် အကွာထိ လွင့်စင်သွားတယ်။ ကောင်မလေးကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကို ပို့လိုက်တယ်။ အသက်ရှင် မရှင်တော့ မပြောတတ်ဘူး။ ကားမောင်းတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပုံ မရဘူး" ဟု ဖြစ်စဉ်အား မျက်မြင် ကြုံတွေ့ခဲ့သည့် တက္ကစီမောင်းနှင်သူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်သို့ လာရောက်တာဝန် ထမ်းဆောင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တစ်ဦးက "သတင်းရရခြင်း ဖြစ်စဉ်ကို လာပြီး ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ဖို့ စီစဉ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆေးရုံကို ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့် အင်းယားကန်ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရားလမ်းမအတိုင်း ဆီဒိုးနားဟိုတယ်ဘက် သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၂င/၇၄၀၆ မော်တော်ယာဉ်နှင့် အင်းယားကန်ဘောင်ပေါ်မှ ဆင်းလာပြီး ရှစ်မိုင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ သစ္စာလမ်းမီးပွိုင့် အရောက်တွင် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။ 

ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံ တရုတ် တာဝန်ယူတည်ဆောက်မည်

Photo: ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံ တရုတ် တာဝန်ယူတည်ဆောက်မည်

စစ်ကိုင်း-မေ၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်
ရာဇဂြိုဟ်ကျေးရွာအနီးတွင်တည်ရှိပြီး နေရဉ္စရာမြစ်ကို အခြေပြုမည့်
ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံကို တရုတ်မှ တာဝန်ယူတည်ဆောက်မည်ဟု
၎င်းဆည်စီမံကိန်း တာဝန်ခံ ဦးစီးအရာရှိတစ်ဦးမှပြောသည်။
ရာဇဂြိုဟ်ဆည်လုပ်ငန်းတွေက ပြီးဆုံးဖို့ နီးနေပါပြီ။
ကြီးတာလေးတစ်ခုဆိုလို့ ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့လောက်ပဲ
ကျန်တော့တာပါ။ ဓာတ်အားပေးစက်ရုံကိုတော့ တရုတ်ပညာရှင်တွေ လာဆောက်မှာ
သူတို့အတွက် နေစရာ လိုင်းခန်းတွေတောင် ကျွန်တော်တို့ ဆောက်ထားပြီးပါပြီ
လို့ ဆည်စီမံကိန်း တာဝန်ခံ ဦးစီးအရာရှိတစ်ဦးမှ popular news journal
သို့ ပြောသည်။

ချစ်သူမောင်

Popular Myanmar News Journal
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးတွင်တည်ရှိပြီး နေရဉ္စရာမြစ်ကို အခြေပြု မည့် ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံကို တရုတ်မှ တာဝန်ယူတည်ဆောက်မည်ဟု ၄င်းဆည်စီမံကိန်း တာဝန်ခံ ဦးစီးအရာရှိတစ်ဦးမှပြောသည်။