ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လာမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားစဉ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်ရေးနှင့် မဲရုံအဖွဲ့ဝင်များ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် လူမှုအဖွဲ့အစည်းများမှ စောင့်ကြည့်သည့် အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဟု မတ် ၁၃ ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။