Monday 28 September 2015

ရေဘေးသင့်ဒေသမှလွဲ၍ ကျန်ဒေသများတွင် မဲစာရင်းကြေညာရက် ထပ်တိုးရန်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော


နောက်ဆုံးအကြိမ်ထုတ်ပြန်ထားသော မဲစာရင်းကို  ရေ ဘေးကြုံတွေ့ခဲ့ရသည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်အချို့ရှိ နေ ရာများမှလွဲ၍ ကျန်နေရာများ တွင် ရက်ထပ်မံတိုးမြှင့်ပြီး ကြေ ညာပေးရန် အစီအစဉ်မရှိတော့ ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ထံမှ သိရ သည်။

‘‘ကျွန်တော်တို့မှားရင်ပြင်ဖို့၊ မပါသေးရင် လျှောက်ဖို့ အချိန်လုံ လုံလောက်လောက်ပေးခဲ့ပါ တယ်။ သဘာဝဘေးသင့်ခဲ့တဲ့နေ ရာတွေကလွဲရင် ကျန်တာတွေကို တော့ ရက်တိုးပေးဖို့ မရှိတော့ပါ ဘူး’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောသည်။

မဲစာရင်းတွင် မှားယွင်းမှုများ ကို နောက်ဆုံးအကြိမ်အဖြစ် ပြင် ဆင်ခွင့်ပေးသော မဲစာရင်းကို ယခုလ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးခဲ့သည်။

စစ်ကိုင်းတိုင်းမှ ရေဘေးသင့် ဒေသအချို့တွင် မဲစာရင်းကို အောက်တိုဘာ ၂ ရက်အထိ ကြေညာထားမည်ဟု တိုင်းကော်မရှင်ပြော


စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်ခဲ့သော ဒေသများ၌ နောက်ဆုံးအကြိမ် ထုတ်ပြန်ရမည့် မဲစာရင်းကြေညာ ချိန်နောက်ကျခဲ့၍ မဲစာရင်း ကြည့်ရှုနိုင်မည့်ရက်ကို အောက် တိုဘာ ၂ ရက်အထိ တိုးမြှင့်ပေး ထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်ရုံး မှ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မြို့နယ် ငါးမြို့နယ်၊ ကျေး ရွာအုပ်စု ၈၀ နှင့် ကျေးရွာ ၂၆၅ ရွာတွင် ရေကြီးနစ်မြုပ်ခဲ့၍ စက်တင်ဘာ ၁၄ ရက်၌ တစ်ပြိုင်နက် တည်းမဲစာရင်းကြေညာနိုင်ခြင်း မရှိဘဲ စက်တင်ဘာ ၁၈ ရက်မှ စတင်ကြေညာနိုင်ခဲ့ခြင်း ဖြစ် သည်။
ကျန်မြို့နယ်များတွင်မူ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အ ထိ မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင်  ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများ ကျဉ်စက်တုတ် စတင်အသုံးပြု


 တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၇ ရက်တွင် လက် ကိုင်ကျဉ်စက်တုတ်များစတင်အ သုံးပြုကိုင်ဆောင်ခွင့်ပေးခဲ့ကြောင်းအမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။‘‘အဓိကကတော့ တပ်ဖွဲ့ဝင် တွေရဲ့ လုံခြုံရေးအတွက် အထက် က ထုတ်ပေးတာပါ’’ဟု အမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ခံအရာရှိ ဒုရဲမှူး ထွန်းထွန်းအောင်က ပြောသည်။စက်တင်ဘာ ၂၇ ရက်မှစ တင်၍ တောင်ကြီးမြို့တွင် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင် ၃၀ ဦးကို လက် ကိုင် ကျဉ်စက်တုတ်များ စတင် ကိုင်ဆောင်ခွင့်ပေးထားပြီး ရှမ်း ပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၄၀ ဦးအား အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

ဘုန်းကြီးနှင့် သီလရှင်အယောင်ဆောင် လိမ်လည်အလှူခံသည့် အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူ


 မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျူးကျော်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင်ငှားရမ်းနေထိုင်ပြီး သင်္ကန်းများ၊ သီလရှင်ဝတ်စုံများဝတ်ဆင်၍ လိမ်လည်အလှူခံနေသည့် အမျိုးသားရှစ်ဦးနှင့်အမျိုးသမီးသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ပြင်ဦးလွင် မြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။မိုးကုတ်ကျောင်းဆရာတော် နှင့် အခြားသံဃာတော်များက ကျူးကျော်ရပ်ကွက်တွင် ငှားရမ်း နေထိုင်သူများကို သွားရောက် ဖမ်းဆီး၍ ရဲစခန်း လာရောက်ပို့ ဆောင်ခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စ ခန်းမှ အကြီးတန်းရဲအရာရှိတစ်ဦး ကပြောသည်။‘‘ကျွန်တော်တို့ ဖမ်းတာမ ဟုတ်ဘူး။ မိုးကုတ်ကျောင်းဆရာ တော်ကနေ ဖမ်းဆီးပြီး စခန်းကို လာပို့တယ်။ ရဲအရေးမပိုင်မှုဖြစ် တဲ့အတွက်တရားရုံးကို ဦးတိုက် လျှောက်ထားပြီး စခန်းမှာချုပ် ထားတယ်’’ဟု ၎င်းကထပ်မံပြော ကြားသည်။

ရုရှနှင့် အက်စတိုးနီးယား နှစ်နိုင်ငံပိုင်းခြားထားသည့် တံတားပေါ်တွင် အကျဉ်းသားလဲလှယ်


ရုရှနှင့် အက်စတိုးနီးယားတို့မှာ နှစ်နိုင်ငံကို ပိုင်းခြားထားသည့် တံတားတစ်စင်းပေါ်တွင် သူလျှိုအကျဉ်းသားနှစ်ယောက်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ပြီးခဲ့သည့်လက အက်စတိုးနီးယား လုံခြုံရေးအရာရှိ အက်စတန် ခိုဗာကို ရုရှက ထောင်၁၅နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းကို ၂၀၁၂ခုနှစ်က အက်စတိုးနီးယားတွင် မော်စကိုအတွက် သူလျှိုလုပ်ပေးမှုစွဲချက်များဖြင့် ထောင်ချခံခဲ့ရသည့် အလက်ဆဲ ဒရက်ဆင်နှင့် လဲလှယ်ခဲ့ခြင်းပင် ဖြစ်သည်။

ဆီးရီးယားရှိ အိုင်အက်စ်များကို ပထမဆုံးလေကြောင်းတိုက်ခိုက်မှု ပြင်သစ်စတင်ဆင်နွှဲ


ဆီးရီးယားနိုင်ငံတွင်းက အိုင်အက်စ်စစ်သွေးကြွများကို ပြင်သစ်နိုင်ငံက ပထမဆုံးလေကြောင်းတိုက်ခိုက်မှုကို စတင်ဆင်နွှဲပြီဖြစ်သည်။
ထောက်လှမ်းရေးလေယာဉ်များ ရှာဖွေထားသည့် ပစ်မှတ်များကို ပြင်သစ်လေယာဉ်များက စတင်လေကြောင်း ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။
ပြင်သစ်ဂျက်တိုက်လေယာဉ်များက အိုင်အက်စ်ပစ်မှတ်များကို အီရတ်နိုင်ငံတွင်း လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိပြီးလည်းဖြစ်သည်။

“ဘယ်မောင်းလား၊ ညာမောင်းလား၊ စနစ်မရှိတဲ့ တိုင်းပြည် ”


အခုရက်ပိုင်း ကားတင်သွင်းသူတွေကြား၊ ကားအရောင်းအ၀ယ် လုပ်သူတွေကြား ကားပွဲစားတွေကြားမှာ အပြောဖြစ်ဆုံး အကြောင်းအရာကတော့ သိပ်မကြာသေးခင်တုန်းကမှ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေ ပါပဲ။ တကယ်တော့ အဲဒီ ဥပဒေထဲမှာ ပါသင့်ပါထိုက်တဲ့ မူဝါဒ ဆိုင်ရာ အချက်အလက်ကြီးတွေတောင် မပါပါဘူး။ ဒါပေမယ့်လည်း ကားလုပ်ငန်းနဲ့ စီးပွားရှာနေကြသူတွေအတွက်ကတော့ ဒီ ဥပဒေနဲ့ မကြာမီ ထွက်ပေါ်လာမယ့် နည်းဥပဒေဟာ အသက်တမျှ အရေးကြီးနေပါတယ်။ အကြောင်းကတော့ ကိုယ်ကျိုးစီးပွားတွေနဲ့ ဆက်စပ်နေလို့ပါ။ အဲဒီအထဲ နောင်အခါ ဘယ်ဂိုင်းကား ပဲ သွင်းရတော့မလား၊ ပြည်တွင်းမှာ ရောက်နေပြီးသား ညာဂိုင်းကားတွေကို ဘာဆက်လုပ်ရမလဲ စတဲ့ မေးခွန်းတွေကလည်း အတော်လေးကို ကျယ်လောင်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။