Wednesday 24 April 2013

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

w1-23-4-2
နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းကို ဧပြီလ ၂၃ ရက်နေ့ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးအပြီး တွေ့ရစဉ်
အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်လင်းကဘရူနိုင်း နိုင်ငံသို့  ရောက်ရှိနေစဉ် ကာလအတွင်း Eleven Media Group သို့ ပြော ကြားခဲ့ပါသည်။

ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်

တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ အရှေ့တရုတ် သမုဒ္ဒရာအတွင်းက ကျွန်းတန်းအနီးကို သင်္ဘောအုပ်စု တစု စေလွှတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက် ခဲ့ပါတယ်။