Thursday 17 December 2015

စည်းမျဉ်းသစ်က မြန်မာကစားသမားကောင်းများမွေးထုတ်ရေး အလုပ်ဖြစ်မလား

၂၀၁၆ ဇန်န၀ါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၌
ပြည်တွင်းဘောလုံးသမားများ နေရာပိုမိုရရှိရန် ရည်ရွယ်ပြီးပြိုင်ပွဲအတွင်း နိုင်ငံခြားကစားသမားပွဲထွက်အသုံးပြမှုအပေါ် ကန့်သတ်သည့်စည်းမျဉ်းသစ်ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။
အတည်ပြုလိုက်သည့် စည်းမျဉ်းသစ်မှာနေရှင်နယ်လိဂ် ကလပ်အသင်းများက ကစားသမားခေါ်ယူရာတွင် (၃+၁) စနစ်ဖြင့် နိုင်ငံခြားသားသုံးဦးနှင့် အာရှကစားသမားတစ်ဦး၊ ကစားသမားခေါ်ယူခွင့် လေးဦးခွင့်ပြုခဲ့သော်လည်း ကွင်းအတွင်း၌ သုံးဦးသာ ကစားခွင့်ပြုမည့် စည်းမျဉ်းဖြစ်သည်။ အခြားနိုင်ငံခြားကစားသမားတစ်ဦးကို ထပ်မံအသုံးပြုလိုပါကကွင်းအတွင်းရှိ နိုင်ငံခြားကစားသမားတစ်ဦးနှင့် လဲလှယ်ရမည်ဖြစ်သည်။

ကားတင်သွင်းခွင့်ပြုသောပုံစံများ နှစ်သစ်တွင် စတင်ပြောင်းလဲမည်

 
၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစ၍ ကား တင်သွင်းခွင့်မူဝါဒသစ်ကြောင့် ကားတင်သွင်းမှု ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ယခင် ကားတင်သွင်းခွင့် လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနတွင် လျှောက်ထားပြီးမှ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရသော်လည်း ပုံစံသစ်မှာ ကားတင်သွင်းခွင့်ကို ကညနမှစ တင် လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြန် ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြော သည်။

အမေရိကန်စစ်လက်နက် ဒေါ်လာ ၁.၈၃ ဘီလီယံဖိုး တိုင်ဝမ်ကို ရောင်းမည်

အမေရိကန်နိုင်ငံခြားရေးဌာနကနေ တိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၈၃ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ့် အစီအစဉ်ကို လွှတ်တော်ကို တရားဝင် အကြောင်းကြားခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်ကြောင့် ချင်းပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ၁၂ပါတီ ပူးပေါင်းရန်ဆွေးနွေးမည်

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားကိုယ် စားပြုနိုင်ငံရေး ပါတီများ မဲဆန္ဒနယ်အနည်းငယ်သာအနိုင်ရရှိ ခဲ့သောကြောင့် ချင်းပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီ ၁၂ခု ပူးပေါင်းရန်ဆွေးနွေးမည်ဖြစ်ကြောင်း ချင်းအမျိုး သားတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌနိုထန်ကပ်က The Voice သို့ပြောကြားသည်။

RCSS/SSA နှင့် PSLF/TNLA တိုက်ပွဲထပ်မံဖြစ်ပွား

ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA)နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁၆ ရက်တွင် RCSS/SSA နှင့် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)တို့ကြား တိုက်ပွဲများဆက်လက်ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

မတော်တဆလဲကျရာမှ လိင်ဆက်ဆံမိလျှက်သားဖြစ်ရသည်ဟူသော လျှောက်လဲချက်ဖြင့် ဆော်ဒီသန်းကြွယ်သူဌေး မုဒိမ်းမှုစွဲချက်မှ လွတ်မြောက်

ထူးဆန်း အံသြဖွယ်ရာပါပဲ။ ဆော်ဒီသန်းကြွယ်သူဌေး တစ်ယောက်ဟာ ချော်လဲရာက ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မတော်တဆ လိင်ဆက်ဆံ မိလျှက်သား (penetrated)ဖြစ်သွားတယ်လို့ ရုံးတော်မှာ လျှောက်လဲလိုက်တော့ ဆယ်ကျော်သက်မုဒိမ်းမှု စွဲချက်ကနေ လွတ်မြောက်သွားခဲ့ပါသတဲ့။

ခင်ပွန်းကို မုဒိမ်းမှုဖြင့် တိုင်ကြားသော အမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန် နေစဉ် ဖမ်းဆီး

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁ နာရီက ခင်ပွန်းကို မုဒိမ်းမှုဖြင့် တိုင်ကြားခဲ့သော အသက် ၂၄ နှစ် အရွယ် အမျိုးသမီးကို ၎င်း၏ နေအိမ်တွင် အမျိုးသား တစ်ဦးနှင့်အတူ အိမ်ထောင်ရေး ဖောက်ပြန်နေစဉ် ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း မင်္ဂလာဒုံ မြို့မ ရဲစခန်းထံမှ သိရှိရသည်။

အာဏာလွှဲပြောင်းရေးအစည်းအဝေး တစ်ပတ်သုံးကြိမ်ပြုလုပ်ရန် သဘောတူ

ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူများနှင့် လက်ရှိအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ ဒီဇင်ဘာ ၁၆ ရက်တွင် ပထမဆုံးအကြိမ် အာဏာလွှဲပြောင်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ − ဦးရဲထွဋ် ဖေ့စ်ဘွတ်ခ်)
နိုင်ငံတော်အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲပြောင်းရေးဆိုင်ရာ အစည်း အဝေးကို တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်ပြု လုပ်ရန် အစိုးရ ကိုယ်စားလှယ် အ ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ၏ အသွင်ကူးပြောင်း ရေး ကော်မတီတို့ ဒီဇင်ဘာ ၁၆ ရက်၌ ပြုလုပ်သော ပထမဆုံး အကြိမ်တွေ့ဆုံမှုတွင် သဘော တူညီခဲ့သည်။