Tuesday 30 September 2014

တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

Photo: တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်

 ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဖြစ်ပွားနေသည့် ပဋိပက္ခများဖြေရှင်းရေးနှင့် ယင်းကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုများ မထိခိုက်စေ ရန် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် DKBA ခေါင်းဆောင်ပိုင်းတို့ ဆွေးနွေးနေကြပြီး မကြာမီတွင် ဖြေရှင်းသွားနိုင်မည်ဟု ပြောသည်။
တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က စက်တင်ဘာ ၁၄ ရက်တွင် မြ၀တီမြို့အတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ယူနီဖောင်းနှင့်တကွ လက်နက်ကိုင်ဆောင်မှု မပြုရန် သတိ ပေးပြီးနောက် ယင်းသို့ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်တပ်များ ရင်ဆိုင်ပစ်ခတ်မှုအချို့ကြောင့် စက်တင်ဘာ ၂၉ ရက်အထိ ကရင်အကျိုးပြု တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ သူတစ်ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အနီး ကရင်ပြည်နယ်အစပ်တွင် ပိတ်မိနေသဖြင့် လမ်းကြောင်းဖွင့်ပေးရန် DKBA တို့ တောင်းဆို ထားသည်။ ယင်းကို တပ်မတော်ဘက်ကလည်း စက်တင်ဘာ ၂၆ ရက် ကျိုက်မရော တိုက်ပွဲအတွင်း သိမ်းဆည်းထားသော လက်နက်များပြန်ပေးရန် ညှိနှိုင်းထားသည်ဟု DKBA ဘက်က ပြောသည်။
ဒီကေဘီအေသည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာတွင် ပမာဏအပစ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် လေးကြိမ် တပ်မတော်နှင့် ရင်ဆိုင် ထိတွေ့မှု ဖြစ်ဖူးသည်။
Mizzima
 ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စတုခ်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏နယူးကာဆယ်နည်းပြ အနာဂတ် မသေချာတော့ဟု အလန်ပါဂျူးဝန်ခံ

 Photo: စတုခ်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏နယူးကာဆယ်နည်းပြ အနာဂတ် မသေချာတော့ဟု အလန်ပါဂျူးဝန်ခံ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်

ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် စတုခ်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နယူးကာဆယ် အသင်းနည်းပြ အလန်ပါဂျူးက ၎င်း၏အနာဂတ်မှာ မသေ ချာတော့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ သို့သော် အလန်ပါဂျူးက နယူးကာဆယ် နည်းပြအဖြစ်ဆက်လက်ရှိနေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြော သည်။
နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်တွင် ၃ ပွဲသရေ ၃ ပွဲရှုံးဖြင့် အမှတ်ပေးဇယားအောက်ဆုံး ဒုတိယနေရာသို့ ရောက်ရှိနေ သည်။ နယူးကာဆယ်အသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက် ပရိသတ်များမှာအလွန်စိတ်ပျက် လျက်ရှိနေကြသည်။

နယူးကာဆယ်ပရိသတ် ၁၇၅၀ ဦးသည် စတုခ်စီးတီးကွင်းသို့လိုက်လံအားပေးခဲ့ကြပြီး ပထမပိုင်းမှာတင် အလန်ပါဂျူးကို ရာထူးမှ နုတ်ထွက်ပေး ရန်တောင်း ဆိုခဲ့ကြသည်။ ပွဲအပြီးတွင်လည်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပါဂျူးကို ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည်။

“ပရိသတ်တွေက သူတို့ယုံကြည်ရာ၊ သူတို့ အမြင်ကို ရိုးရိုးသားသား ဖွင့်ချပြ တယ်လို့ ယုံကြည် ပါတယ်။ ပွဲအပြီးမှာ လက်ခုပ်တီး နှုတ်ဆက်ပြီး သူတို့ရဲ့အမြင် ကို လေးစားကြောင်း ပြသခဲ့ပါတယ်။ ဒီအခြေ အနေကနေ ကျွန်တော် ပုန်းကွယ်နေမှာ မဟုတ်ပါဘူး။ ဒါက အလွန် အရေးကြီးတဲ့ မေးခွန်းတစ်ခုဆိုတာ သိပါ တယ်။ ဒါကို အဖြေပေးနိုင် ဖို့အတွက် အလုပ်ကို အကောင်းဆုံး ကြိုးစားပြီး ကျွန်တော့်အရည် အချင်းတွေကို ပြသကာ ရလဒ်ကောင်းတွေဆီ ပြန်လာဖို့ လိုပါ တယ်။ ဒီလိုအခြေအနေမျိုးကို ကျွန်တော်တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ ဒါက ခါးသီးတဲ့ အခြေအနေပါ။ဒါပေမယ့် ကျွန်တော်ကပရော်ရှင်နယ်ဘောလုံး နည်းပြ တစ်ဦးဖြစ်ပါတယ်။ အကောင်း ဆုံးပြန်လည် ကြိုးစား သွားမှာပါ။ ရလဒ်ကောင်း တွေပြန်ရဖို့ ကျွန်တော်တို့ တစ်သင်းလုံး အဆုံးအထိ ကြိုးပမ်းသွားမှာပါ” ဟု အလန်ပါဂျူးက ပြောသည်။

၎င်းအနာဂတ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ပါဂျူးက “ကျွန်တော်မသိသေးပါဘူး။ကစားဖို့ ပွဲစဉ် ၃၂ ပွဲတောင်ကျန်ရှိနေပါ သေးတယ်။ကျွန်တော့်အလုပ် က ကစားသမားတွေကို အကောင်းဆုံးဦးဆောင် နည်းပြပြီး အသင်းရဲ့ အရည်အချင်းကို ပြသဖို့ပါ။ အခုကျွန်တော်တို့ နိုင်ပွဲတစ်ပွဲမှမရသေးပါဘူး။ နိုင်ပွဲရဖို့နဲ့ ပုံစံကောင်းကို မြန်မြန်ရဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်အပတ်က နယူးကာဆယ်အသင်းပိုင်ရှင်မိုက်အက်ရှ်လေက စတုခ်စီးတီးအသင်းကိုရှုံးနိမ့်ခဲ့ပါကအလန်ပါဂျူး၏  အနာဂတ်ပြီးဆုံးပြီဟုအရွှန်းဖောက်   ပြောဆိုထားသည်။အလန်ပါဂျူးကလည်းစတုခ်စီးတီးအသင်းနှင့်ပွဲမတိုင်မီကမိုက်အက်ရှ်လေနှင့် တွေ့ဆုံဆွေးနွေးရာတွင်အဆင်မပြေမှုများရှိထားကြောင်း ၀န်ခံခဲ့သည်။

mizzimaburmese
ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် စတုခ်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နယူးကာဆယ် အသင်းနည်းပြ အလန်ပါဂျူးက ၎င်း၏အနာဂတ်မှာ မသေ ချာတော့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ သို့သော် အလန်ပါဂျူးက နယူးကာဆယ် နည်းပြအဖြစ်ဆက်လက်ရှိနေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြော သည်။နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်တွင် ၃ ပွဲသရေ ၃ ပွဲရှုံးဖြင့် အမှတ်ပေးဇယားအောက်ဆုံး ဒုတိယနေရာသို့ ရောက်ရှိနေ သည်။ နယူးကာဆယ်အသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက် ပရိသတ်များမှာအလွန်စိတ်ပျက် လျက်ရှိနေကြသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု ၇၀ ရာခိုင်နှုန်း မြင့်တက်လာရန် ဆက်သွယ်ရေး ကုမ္ပဏီလေးခု ဆောင်ရွက်မည်ဟုဆို


ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုနိုင်မှု  ရာခိုင်နှုန်းကိုလာမည့် ၂၀၁၅ အကုန်တွင် လက်ရှိအနေအထားမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo Myanmar, Telenor Myanmar, MPT နှင့် YTP တို့က ရည်မှန်းထားကြောင်း သတင်းရရှိသည်။

Oil & Gas ပြပွဲကြီး ကျင်းပမည်

oil&gas
အမေရိကန်၊ အင်္ဂလန်က ကုမ္ပဏီတွေအပါအ၀င် နိုင်ငံပေါင်း ၂၀ ကျော်က ကုမ္ပဏီ ၁၃၀ လောက် ပါဝင်မယ့် Oil & Gas ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းဆိုင်ရာပြပွဲကြီးတခုကို ကျင်းပမယ်လို့ စင်ကာပူပြပွဲ ၀န်ဆောင်မှုကုမ္ပဏီက စက်တင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စောတိုက်ဂါးနှင့် KNLA-PC တို့၏လမ်းခွဲပျက်စဲခြင်းနောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်

လွန်ခဲ့သည့်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA-PC ၏ဗဟိုဦးစီးကော်မတီ မှ ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ဒေါက်တာတင်မိုသီဆိုသူမှာသြစတေးလျ နိုင်ငံသူတစ်ဦးနှင့်အကြောင်းပါခဲ့သူဖြစ်ပြီး ထိုနိုင်ငံတွင်နေ ထိုင်ကာ ဗိုလ်ချုပ်ကြီးမြတို့လက်ထက်ကတည်း ကပင် KNU၏ငြိမ်းချမ်းရေး သံတမန်ကဲ့သို့ တာဝန်ထမ်းဆောင်ခဲ့ဘူးသူတစ်ဦးဖြစ်ပေသည်။ 
ဗိုလ်ချုပ်စောဌေးမောင် အလင်းဝင်စဉ် ကာလတွင် KNLA-PC နောက်သို့လိုက်ပါလာခဲ့သူဖြစ်ပြီး KNLA-PC ခေါင်းဆောင်ပိုင်းတွင်သူ့ခြေသူ့လက်ဖြင့်ထင်တိုင်းကြဲနေသူလည်း ဖြစ်ပေသည်။ KNLA-PC တပ်ဖွဲ့၏ ဗဟိုဦးစီးကော်မတီ တွင်တာဝန် ထမ်းဆောင် ခဲ့သော သူတစ်ဦးလည်းဖြစ်သလို တပ်ဖွဲ့အတွင်းတွင်လည်း လက်ရှိခေါင်းဆောင် စောဌေးမောင် မရှိတော့ပါက ခေါင်းဆောင်ပိုင်း ရာထူးကို မျက်စပစ်နေ သူတစ်ဦးဖြစ်ပြီး တပည့်တပန်းများ မွေးမြူကာ တစ်စင်ထောင်နေသူလဲဖြစ် ပေ သည်။ သူ၏တပည့်တပန်းများတွင် အားအကိုးရဆုံးနှင့် သူကြိုးဆွဲရာကသည့် အမာခံတပည့်တစ်ဦး ရှိပေသည်။ ထိုသူကတော့ အားလုံးသိရှိကြသည့် ဗိုလ်မှူးကြီးစောတိုက်ဂါး ပင် ဖြစ်ပေတော့သည်။

ပန်းလှိုင်မြစ် ပြန်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး နိုဝင်ဘာတွင် စတင်တူးဖော်မည်

ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး လာမည့်နိုဝင်ဘာလတွင် စတင်တူးဖော်သွားမည်ဟု ဆည်မြောင်းဦးစီးဌာန၊ လှည်းကူးမြို့နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် သီးသန့်ရန်ပုံငွေဖြင့် ပန်းလှိုင်မြစ် ပြန်လည်ပြုပြင်တူး ဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် မြေကြီး လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါများ ပေးသွင်းရန် စက်တင်ဘာ ၂၉ ရက်တွင် စတင်ခေါ်ယူထားသည်။“မြစ်ကြောင်းအတိုင်း မြေကြီးတူးဖော် မယ့်ကုမ်္ပဏီကို ရွေးချယ်ပြီးသွားတာနဲ့ လုပ်ငန်းစတင်သွားမယ်။ ၂၀၁၅ ခုနှစ် မတ်လအတွင်း မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်း ပြီးစီးအောင် လုပ်သွားမယ်။ မြစ်တွင်းမြစ် ကြောင်းအပြင် မြစ်ဘေးလမ်းကိုပါ မြေဖို့ပြီး သွားလာလို့ရအောင် ဖောက်လုပ်သွားမယ်” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။

အလျင်စလို ကောက်ချက်မချကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆို

Photo: အလျင်စလို ကောက်ချက်မချကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆို

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေ အဆုံးသတ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုလိုက်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေတွေ အပေါ် အဆောတလျင် ကောက်ချက်မချကြဖို့၊ အပြစ်တင်မစောကြဖို့ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာအပေါ် အလျင်စလိုကောက်ချက်မချခင်၊ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူမျိုးစုံလင်ထွေပြားမှု၊ အဲ့ဒါတွေအပေါ် အခြေခံတဲ့ ရှုတ်ထွေးမှုတွေကို အသေအချာ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်၊ မိမိတို့အနေနဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းတရားကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်တွင်းက ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို ဦးတည်ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် အစိုးရဟာ လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ထဲက ၁၄ ဖွဲ့နဲ့ ဆွေးနွေးဆောင်ရွက်နေရာမှာ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးပန်းတိုင်နဲ့ နီးကပ်လာနေပြီလို့ ယုံကြည်ကြောင်း၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဥပဒေနဲ့ တားဆီးအရေးယူနေကြောင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း ပေးထားပြီး ဖြစ်ကြောင်း၊ အဲဒါကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမယ့် လူ့အခွင့်အရေးကောင်စီရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေတော့မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လက သတင်းသမားတွေ ဖမ်းဆီးတရားစွဲထောင်ချ ခံခဲ့ရပြီးတဲ့နောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အခုလိုပြောကြားခဲ့တာဖြစ်ကြောင်း AP သတင်း ကဖေါ်ပြပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကလည်း စာပေစိစစ်ရေး ဆင်ဆာမရှိတော့ပေမဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပြောဆိုကြပါတယ်။
ဒါ့ပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ နောက်ပြန်ဆုတ်သွားနေတယ်လို့လည်း ဝေဖန်ကြပါတယ်။
RFA Burmeseမြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေ အဆုံးသတ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုလိုက်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေတွေ အပေါ် အဆောတလျင် ကောက်ချက်မချကြဖို့၊ အပြစ်တင်မစောကြဖို့ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာအပေါ် အလျင်စလိုကောက်ချက်မချခင်၊ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူမျိုးစုံလင်ထွေပြားမှု၊ အဲ့ဒါတွေအပေါ် အခြေခံတဲ့ ရှုတ်ထွေးမှုတွေကို အသေအချာ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်၊ မိမိတို့အနေနဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းတရားကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်တွင်းက ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို ဦးတည်ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် အစိုးရဟာ လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် ဒုတိယလူ

နှမလက်လျှော့ပြီး ဒုတိယလူ ရှာမည်လော။ ဆက်လက်တိုက်ပွဲ ဝင်မည်လော။
စစ်အစိုးရလက်ထက် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရသည့် အချက်များ ပါနေပြီး ယင်းကိုပြင်ဆင်ရန် တိုက်ပွဲက မရေမရာ ဖြစ်နေချိန် မေးခွန်းများ ထွက်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲအထိ ထိုသို့ ဆက်လက် ပိတ်ပင်ခံထားရပါက သမ္မတ နေရာအတွက် မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ရထားသည်ဟု ဆိုနိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မည်သူ့ကို သမ္မတ အမည်စာရင်း တင်သွင်းမည်နည်း။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို အမျိုးသားလွှတ်တော်က အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်က အစုအဖွဲ့နှင့် ယင်းလွှတ်တော် နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ပေါင်းကာ ဖွဲ့စည်းထားသော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်သည်။

ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှကျောက်ပျဉ်ဖြင့်ထု၍အစ်ကိုသေဆုံး

မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့စက်ရုံရပ်ကွက်ပြည်တော်အေး(၃)လမ်းတွင်စက်တင်ဘာ၁၈ရက်ည ၉ နာရီခန့်က တရားလို မအိအိဝင်းနှင့် အစ်ကိုဖြစ်သူ အောင်အောင်လွင်တို့ နေအိမ်၌ရှိနေစဉ်ညီအစ်ကိုအရင်းဖြစ်သူ ကျော်ကျော်လွင်ကအရက်မူး၍ ရောက်ရှိလာပြီး ညီအစ်ကိုချင်းတစ်ယောက်တစ်ခွန်း စကားများရာကျော်ကျော်လွင်၏ဇနီးပန်းအိဖြူ တုတ်ကိုင်၍ ရောက်ရှိလာပြီးညစ်ညမ်းစွာဆဲဆိုကာမအိအိဝင်း က၀င်ရောက်ဖျန်ဖြေစဉ် ကျော်ကျော်လွင်က အနီးရှိကျောက်ပျဉ်ဖြင့် အောင်အောင်လွင်အားထုရာဦးခေါင်းဝဲဘက်ချိုစောင်း ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊၀ဲဘက်နား သွေးထွက်ဒဏ်ရာ၊ရင်ဘတ်ပေါက်ပြဲဒဏ်ရာနှင့်မအိအိဝင်းတွင် နဖူးပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိ၍ မအိအိဝင်းက တရားလိုပြုလုပ်၍ အောင်လံမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်တန်းရာဒုရဲအုပ်စိုးမင်းထွန်းက(ပ)၁၀၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၃၂၅/၂၉၄/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။

တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများမကျေနပ်

သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင် တဦးကပြော ပါသည်။
မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ ဦးဆွေအား လူသတ်မှုတရားခံဟု သံသယရှိကာတောင်ကြီးမြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့် မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ တို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေးပါတီမရှိဘဲဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက်လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

Photo: နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Tuesday, September 30, 2014

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက်လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
နိုင်ငံရေးပါတီဆိုတာ အခုခေတ်မှာ လိုအပ်လို့ ရှိရတာ။ တိုက်ရိုက်ဒီမိုကရေ စီလို့ ပြောလို့ရတယ်။ တိုက်ရိုက်ဒီမိုကရေစီ မဟုတ်တဲ့ခေတ်မှာဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ သွယ်ဝိုက်ဆိုတာက ပါတီဒီမိုကရေစီပေါ့။ တချို့ဟာဆိုရင် ပါတီ နိုင်ငံရေးနဲ့ အမျိုးသား နိုင်ငံရေးကို ခွဲခြားပြီးပြောတယ်။ ဒါကအမှန်ပြောရရင် အရင်နှစ် ၂၀ တုန်းက အန်အယ်လ်ဒီကို တိုက်ချင်လို့ ပြောတာ။ အန်အယ်လ်ဒီက ပါတီ နိုင်ငံရေးလုပ်နေလို့ပေါ့။ ပါတီနိုင်ငံရေးဟာ နိမ့်ကျတယ်၊  အမျိုးသားနိုင်ငံရေးဟာ မြင့်တယ်လို့ပြောတယ်။ တကယ်တော့ ပါတီနိုင်ငံရေးပဲ လုပ်လို့ရတယ်။ အခုခေတ်မှာတော့ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ခွဲခြားပြီးတော့ ပြောတာဟာ ပွင့်ပွင့်လင်းလင်းပြောရင် ရိုးသားမှုမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ နိုင်ငံရေးပါတီမရှိဘဲနဲ့ ဒီခေတ်မှာ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရဘူး။ အဲ့တာတော့ ရိုးရိုးလေးနဲ့ နားလည်ဖို့လိုတယ်။ နိုင်ငံရေးပါတီဆိုတာ ဒီခေတ်ရဲ့ လိုအပ်ချက်အရ ပေါ်လာတာ။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစပြီးကျင့်သုံးနေတဲ့ ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံရေးပါတီတွေ အများကြီးပေါ်တတ်ပြီ အရေးကြီးတာက ကိုယ့်ပါတီရဲ့ အခန်းကဏ္ဍကို နားလည်ဖို့လိုကြောင်း၊ သိပ်ပြီးအထင်ကြီးလို့မဖြစ်သလို လျှော့တွက်လို့လည်း မရဘူးလို့ ပြောပါတယ်။

DVB 

RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့ကြားက ပဋိပက္ခ တင်းမာနေ၍ ဒေသခံတို့ စိုးရိမ်ထိတ်လန့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လွင်ခရိုင်၊ မိုင်းပွန်တိုက်နယ်အတွင်းတွင် စက်တင်ဘာလလယ်မှစတင်ကာ ဖြစ်ပွားခဲ့သော RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့၏ ပဋိပက္ခမှာ တင်းမာနေဆဲဖြစ်၍ ဒေသခံအချို့ စိုးရိမ်ထိတ်လန့်နေကြကြောင်း ယင်း ဒေသခံများထံမှ သိရသည်။ အဆိုပါတိုက်နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လုံအောင်ကျေးရွာနှင့် စံပူးကျေးရွာကြားတွင် နယ်မြေရှင်းလင်းဆောင်ရွက် နေသော PNO ပြည်သူ့စစ်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့၌ RCSS/SSA ထောင်ထားသောမိုင်းတစ်လုံး နင်းမိ ပေါက်ကွဲခဲ့ရာ ပြည်သူ့စစ် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“ဒဏ်ရာရတဲ့ ၃ ယောက်လုံး တောင်ကြီးဆေးရုံပို့လိုက်ရတယ်၊ အခုထိဆေးရုံကမဆင်းရသေးဘူး၊ ဒါဟာငါတို့အဖွဲ့ကို သက်သက်မဲ့ရန်စတာ၊ အဲဒီကိစ္စအတွက် လုံးဝမကျေနပ်ဘူး” ဟု PNO ပြည်သူ့ စစ်ခေါင်းဆောင် တစ်ဦးကဆိုသည်။

မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ်မှားကာ ရေနစ်သတ်

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၆) ရပ်ကွက်တွင် လွန်ခဲ့သော လေးရက်က ရေနစ်သေဆုံးခဲ့သော ၂ နှစ်အရွယ် ကလေးငယ်၏ အမှုကို စစ်ဆေးရာမှ သေဆုံးသူ၏ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ် ရာမှ ရေနစ်သတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာ ခံ မှာ ပြော လိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ 

စက္ကန့်ပိုင်း အတွင်း လူကြီးအဖြစ် ပြောင်းသွားသည့် ဖြစ်ရပ်ဆန်းကို လိုင်ဘေးရီးယား သတင်းစာ ဖော်ပြ

DailyObserver
သဘာဝလွန် ထူးထွေ ဆန်းကြယ်လွန်းသည့် အဖြစ်သနစ်တစ်ရပ် အာဖရိကတွင် အမှန် တကယ် ဖြစ်ပျက် ခဲ့ရာ ဒေသတွင်း သတင်းစာများ၏ မျက်နှာဖုံး များတွင် စာလုံး မည်းကြီးဖြင့် ဖော်ပြခြင်း ခံခဲ့ရသည်။ လသား အရွယ် ကလေးငယ် တစ်ဦး စက္ကန့်ပိုင်း အတွင်း လူကြီးအရွယ် ဖြစ်သွားခြင်း အကြောင်း လိုင်ဘေးရီးယား နိုင်ငံထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သည့် Daily Observer က
အထူးသတင်း တစ်ရပ် အဖြစ် ဖော်ပြ ခဲ့သည်။
ယင်းသတင်းကို ဖော်ပြခဲ့သည်ဟု မယ်ရာ သတင်းစာမှ ဖော်ပြခဲ့သည့် လိုင်ဘေးရီးယားထုတ် Daily Observor သတင်းစာ မျက်နှာဖုံး။ ဓာတ်ပုံ - Mirror
ယင်း သတင်းစာတွင် မိခင်ဖြစ်သူ၏ မျက်စိအောက်တွင်ပင် လူကြီး တစ်ယောက်အဖြစ်သို့ စက္ကန့် ပိုင်း

ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်

ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေး ရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်း တတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။

Monday 29 September 2014

ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံထုတ် ဆေးနှစ်မျိုး အပါအ၀င် ဆေးငါးမျိုးကို ကျန်းမာရေး ၀န်ကြီးဌာနမှ မသုံးစွဲသင့်ကြောင်း ကြေညာ

မြန်မာနိုင်ငံ အိမ်သုံးဆေးဝါး ဈေးကွက်အတွင်း မှတ်ပုံတင် ထားခြင်း မရှိဘဲ ရောက်ရှိ နေသည့် ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး၊ အိန္ဒိယနိုင်ငံထုတ် ဆေးနှစ်မျိုးနှင့် ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြထားခြင်း
မရှိသည့် ဆေးတစ်မျိုး ပေါင်းဆေးငါးမျိုး ကို သုံးစွဲခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။
တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပြည်တွင်း ဈေးကွက်အတွင်း

DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ်လှန့်ထား

ထိုင်း မြန်မာနယ်စပ်မှာ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား တိုက်ခိုက် မှုတွေ ဆက်တိုက်ဖြစ်ပွား နေတာကြောင့်၊ မြန်မာနဲ့ နယ်စပ်တပ်ခရိုင်က ထိုင်းစစ်တပ်ကို ထိုင်းအစိုးရက တပ်လှန့်ထားကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတ။
နှစ်ဘက်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ထိုင်းနယ်စပ် ကနေ နှစ်မိုင် သုံးမိုင်ဝန်းကျင်အကွာမှာ ဖြစ်ပွားခဲ့တာကြောင့် ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရ တယ်လို့

ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးမှု တစ်ပတ်အတွင်း ၇၅ စီးရှိ

Photo: ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးမှု တစ်ပတ်အတွင်း ၇၅ စီးရှိ
Monday, September 29, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်အတွင်း ဆိုင်ကယ်မစီးရ သတ်မှတ်ထားသော်လည်း စက်တင်ဘာ ၁၉ ရက်မှ၂၅ရက်အတွင်းဆိုင်ကယ် ၇၅ စီး ဖမ်းဆီးမိထားသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးမျိုးအောင်မြင့်က ပြောသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ် ၇၅ စီးတွင် လိုင်စင်ဖြင့်မောင်းနှင်သည့်ဆိုင်ကယ် ၇၁ စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ၄ စီး ပါဝင်သည်ဟု ဆိုသည်။

ပီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်က မရမ်းကုန်းမြို့နယ်တွင် လူသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်ပါအမျိုးသ မီး တစ်ဦးသေဆုံးကာ နှစ်ဦး ဒါဏ်ရာရရှိခဲ့သည်။

ထို့ပြင် လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်အစီးရေ နှစ်သောင်းခန့်ရှိပြီး ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်အများစုတွင် ဆိုင်ကယ်စီးနင်းမှုများ ရှိနေသည်။

၂၀၀၀ ခုနှစ်အထိသာ ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းခွင့် ပေးခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း ဆိုင်ကယ် မတော်တစ်ဆအမှုပေါင်း ၁၇၅ မှု ဖြစ်ပွားကာ ၃၃ ဦးသေဆုံးခဲ့သည်။

Mizzima - News in Burmese 

မော်တော်ဆိုင်ကယ် စီးနင်းရန် ကန့်သတ်ထားသည့် ရန်ကုန် စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီး နင်းနေသည် ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)









မော်တော်ဆိုင်ကယ် စီးနင်းရန် ကန့်သတ်ထားသည့် ရန်ကုန်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီး နင်းနေသည် ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်အတွင်း ဆိုင်ကယ်မစီးရ သတ်မှတ်ထားသော်လည်း စက်တင်ဘာ ၁၉ ရက်မှ၂၅ရက်အတွင်းဆိုင်ကယ် ၇၅ စီး ဖမ်းဆီးမိထားသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးမျိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံသစ်ရှိ ပိုမိုလွတ်လပ်သော သတင်းစာလောကသို့

ယခင်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မီဒီယာကွန်ဖရင့်တွင် အဓိက ဆွေးနွေးငြင်းခုံစရာအကြောင်းများ ဖြစ်ခဲ့သည်။ ကုလအေဂျင်စီတစ်ခုဖြစ်သော UNESCO၊ International Media Support နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့သော မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု တတိယအကြိမ်မြောက် ကွန်ဖရင့် "ရေရှည်တည်တံ့ခိုင်မြဲသည့် မီဒီယာဝန်းကျင် အခြေအနေ တစ်ရပ်ဆီသို့" ဟူသည့် အမည်ဖြင့် ကျင်းပခဲ့သော ထိုကွန်ဖရင့်တွင် ထိုအပြောင်းအလဲများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထိုကွန်ဖရင့်သည် တက်ရောက်သူများအား ဘက်ပေါင်းစုံမှ အကျိုးရှိစေခဲ့သည်။ သတင်းလောက ကြီးကြပ်ရေးမူဘောင်အတွင်း အပြုသဘောဆောင်သည့် အပြောင်းအလဲများ၊ ဥပဒေပြုခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ သတင်းအယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ သတင်းထောက် ၄,၀၀၀ ကျော်မှီခိုနေရသည့် သတင်း လောကအဖို့ ပိုမိုလွတ်လပ် သည့် ပုံနှိပ်မီဒီယာ တစ်ရပ်အတွက် အရေးပါသည့် ဝန်းကျင်အခြေအနေတစ်ရပ် ပေါ်ပေါက်ရေးတို့ကို ဤကွန်ဖရင့်၌ ဆွေးနွေးခဲ့ကြသည်။

မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

Photo: မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Monday, September 29, 2014

မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမေရိကန်ပြည်ထောင်စုမှ အမျိုးသမီးရေးရာ ဆိုင်ရာ Ambassador Melanne Verveer ၊ ကမ္ဘောဇအုပ်စု၏ အမှုဆောင် ဒါရိုက်တာနှင့် Chair&Co-founder, Brighter Future Foundational Myanmar မှ ဒေါ်နန်းလန်ခမ်း၊ Inle Princess Co., Ltd. နှင့် Inthar Heritage House ထူထောင်သူ ဒေါ်ယဉ်မျိုးစု၊ Global Responsibility, Human Rights, Gap Inc. မှ Vice President ဖြစ်သူ Wilma Wallace တို့က မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာမှု၊ မြန်မာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် အခွင့် အလမ်းများ၊ မြန်မာ လူမှုအဖွဲ့ အစည်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍအရေးပါမှု စသည်တို့ကို ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လက်ရှိ အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားတွင်အမျိုးသမီးများ အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာမှု အခြေအနေများကိုဖြည့်စွက် ဆွေးနွေး ခဲ့ပြီး နောက် အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar
မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကာချုပ်၏ ဂျပန်ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့ရာ နေရာသို့ သွားရောက်ကြည့်ရှု

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်တို့ကို ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားပေးရန် ကူညီခဲ့သူ ဂျပန်ဗိုလ်မှူးကြီးဆူဇူကီး၏ ဟာမာမတ်ဆုမြို့ရှိ နေအိမ်သို့သွား ရောက်၍ ဗိုလ်မှူးကြီး၏မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

Sunday 28 September 2014

မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

Photo: မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
Sunday, September 28, 2014

အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ်
မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့ မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စစ်မှန်တဲ့မေတ္တာတရားတွေနဲ့ ယုံမှားသံသယတွေ စိတ်ထဲမှာ အမြစ်တွယ် ကိန်းအောင်းနေခဲ့လို့ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာပဲဖြစ် ပါတယ်။ အဆိုပါလူသတ်မှုဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံရှိ ချာလ် လီဗီလီမြို့မှာနေထိုင်တဲ့ အိုဒရီစကိုးလ်တို့ လင်မယားနှစ်ဦးဟာ ဂျိုနသန် လို့အမည်ပေးထားတဲ့ ကလေးငယ်တစ်ဦးကိုမွေးစားခဲ့ပြီး သိပ်မကြာခင် မှာပဲ အမြွှာပူးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ သူတို့မွေးဖွားလာခဲ့တဲ့ အမြွှာ ပူးလေးနှစ်ဦးကိုတော့ သောမတ်နဲ့ ပါထရီအိုဒရီစကိုးလ်လို့ အမည်ပေး ထားခဲ့ပါတယ်။ ယင်းအမြွှာပူးနှစ်ဦးကို ချစ်စနိုးနဲ့ တွန်တွန်နဲ့ ပါဒီလို့ လည်း ခေါ်ကြပါသေးတယ်။ 

သူတို့မိသားစုဟာ စုစုပေါင်းငါးယောက်ဖြစ်ပြီး မွေးစားသား 
ဂျိုနသန်ကတော့
အသက်အရွယ်ကြီးသော်လည်း မိသားစုထဲမှာ ညီငယ်တစ်ယောက်လို သိမ်ငယ်စွာနဲ့ နေရရှာပါတယ်။ ဂျိုနသန်ဟာ အိုဒရီစကိုးလ်မိသားစုမှာ သားအရင်းမဟုတ်တဲ့ မွေးစားသားဆိုတဲ့အသိစိတ်ဟာ သူ့ရဲ့စိတ်ထဲ အမြစ်တွယ်ကိန်းအောင်းနေခဲ့တာ ယခုဆို သူ့ရဲ့အသက် ၂၁နှစ်အရွယ် အထိပါဘဲ။ 

ကြေကွဲဆို့နင့်ဖွယ်ရာတွေနဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ နေ့တစ်နေ့ ရောက်လို့လာခဲ့ပါတယ်။ အဲဒီနေ့မှာတော့ စကိုးလ်တို့ဇနီး မောင်နှံနှစ်ဦးဟာ ဈေးဝယ်ထွက်သွားတဲ့အချိန်မှာ ဂျိုနသန်ဟာ ညီငယ် အမြွှာပူးတွန်တွန်နဲ့ ပါဒီတို့နဲ့ ခြံထဲကကစားကွင်းမှာကစားရင်း သတ် ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
ဂျိုနသန်ဟာ ညီငယ်အမြွှာပူးကိုသတ်ဖြတ်ခဲ့ပြီး
မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ ဂျိုနသန်
ရဲ့အလောင်းကိုတော့ အိမ်နားမှာရှိတဲ့တောစပ်မှာ တွေ့ရှိခဲ့တာပဲဖြစ် ပါတယ်။ မိခင် အိုဒရီစကိုးလ်နဲ့ သူမယောက်ျား သောမတ်တို့ဟာ ဈေး ဝယ်ပြီးပြန်လာချိန်မှာတော့ သေဆုံးနေတဲ့ သားငယ်အမြွှာနှစ်ယောက် ရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ မသေ ခင် ၁၅မိနစ်လောက်မှာ မိခင်အိုဒရီစကိုးလ်ဆီဖုန်းဆက်ပြီး သားမှာ လိုက်တဲ့ ကစားစရာတွေဝယ်လာလားဆိုပြီးတောင် မေးမြန်းခဲ့ပါသေး တယ်လို့ သိရပါတယ်။

ယင်းအမှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ အိုဒရီစကိုးလ်က''ကျွန်မ ရဲ့သားကြီး ဂျိုနသန်ကို မမုန်းပါဘူး။ ကျွန်မ သူ့ကို အကြိမ်တစ်ရာမကပြော ခဲ့တယ်။ မင်းဟာ အမေ့သားလို့ ပြောခဲ့ပါတယ်''။
မွေးစားသားဆိုပြီး မိသားစုဝင်တွေထဲမှာ သိမ်ငယ်စိတ်တွေ ဝင်ခဲ့တဲ့ ဂျိုနသန်ဟာ မိုက်မဲတဲ့လုပ်ရပ်ကိုလုပ်ခဲ့သော်လည်း မိခင်ဖြစ်သူ က သူ့ကိုမမုန်းခဲ့ပါဘူးလို့ ပြောဆိုတာဖြစ်ပါတယ်။
''အခုလိုဖြစ်ရတဲ့အတွက် အရမ်းကိုဝမ်းနည်းကြေကွဲနေခဲ့ရ ပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ပြီ''လို့လည်း မိခင်အိုဒရီစကိုးလ်က ထပ်မံပြောဆိုခဲ့ပါတယ်။

Yangon Media Group
အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့ မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား

Photo: အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား
Sunday, September 28, 2014

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြားချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်း ပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ဥပဒေ ပြင်ဆင် သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြန်လည်ပြင်ဆင် ရန် လွှတ်တော်တွင်တင်ပြခဲ့သော်လည်း လက် ခံဆွေးနွေးရန် ကိုယ်စားလှယ်မရှိသဖြင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက နိုင်ငံတော်အစိုးရလျှို့ဝှက်ဥပဒေ နှင့်ပတ်သက်သော ¤င်း၏သဘောထားကို ပြောဆိုရာတွင် ''ဒီဥပဒေနဲ့ပတ်သက်ပြီး ပိုမို တိကျအောင် နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာများ ထုတ်ပြန်ဖို့လိုမလိုဆိုတာကို စဉ်းစား ဖို့ လိုတယ်။ ဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့နေရာ မှာ ပြင်ဆင်အဆိုနဲ့အတူ လွှတ်တော်ကိုယ်
စားလှယ်တွေကို ဖြန့်ဝေထားတဲ့ အတိုင်း အင်္ဂလိပ်လိုရေးသား ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံဥပဒေမှာ မြန်မာစာကိုသာ အဓိကထားပြီး ရုံးသုံးဘာသာအဖြစ် ဆောင်ရွက်ထား တာကြောင့် အင်္ဂလိပ်လိုရေးသားတဲ့ဥပဒေဟာလဲ ပြည် သူတွေ နားလည်ခဲပါတယ်။ ဒီဥပဒေတွေကို ကျင့်သုံး နေတဲ့ ပညာရှင်တချို့၊ တရားရေးရာဝန်ထမ်းတချို့လဲ နားလည်ရန်ခက်ခဲတဲ့အတွက် မြန်မာလိုဘာသာပြန်ဖို့ လိုပါတယ်။ ထွက်လာတဲ့အခြေအနေကိုမူတည်ပြီး ပြင် ဆင်ရန်လိုမလိုပေါ့။ ဘယ်ကိစ္စမှာ လိုအပ်တယ်ဆိုတာ ကို လေ့လာဖို့လိုပါတယ်''ဟု ပြောဆိုခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ သည် ၁၉၂၃ခုနှစ် ဧပြီ ၂ရက်တွင် အင်္ဂလိပ်အစိုးရမှ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာ မတည်မီ နှစ်ပေါင်း ၉ဝကျော်ခန့်က ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်သော ကြောင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေရှိ သော ဥပဒေဖြစ်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

Yangon Media Group
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြား ချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည် တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရရန် ဦးဝင်းမြင့်က သမ္မတထံ ခွင့်ပြုမိန့်တင်မည်

ဓမ္မစေတီခေါင်း လောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ရရှိရန် နိုင်ငံတော်သမ္မတထံ နှစ်လအတွင်း ခွင့်ပြုမိန့် တင်သွားမည်ဟု ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်က ပဲခူးမြို့ ရွှေအုန်းပင်ထမင်းဆိုင်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း ဂျပန်ဟင်းချက်လမ်းညွှန်စာအုပ်ထွက်ရှိ

ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း လမ်းညွှန် စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပြီလို့ UPI သတင်းဌာနမှာ ဖော်ပြ ပေးထားပါတယ်။ 

စုစုနွေး လုပ်ကြံခဲ့သော သာယာကုန်းမှ အမှန်တရား

တစ်နေ့ကအင်တာနက်လူမှုကွန်ယက်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရလေသည်။ သတင်းထဲတွင် ဓါတ်ပုံလေးတစ်ပုံလည်းပါရှိလေသည်။ ဓါတ်ပုံထဲတွင် ကျောင်းဝတ်စုံ ၀တ်ဆင်ထားသည့် ခလေးငယ် လေးငါးယောက် သည် အုတ်တံတိုင်းတစ်ခုကို ၀ါးလှေကားလေးဖြင့်ကျော်တက်နေသည့် ဓါတ်ပုံဖြစ်သည်။ သတင်းခေါင်းစဉ်ကတော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်၏ မြေသိမ်းယူမှုနှင့်အုတ်တံတိုင်းခတ်မှုကြောင့် ရွာခံကလေးငယ်များ ကျောင်းသွား ရာတွင်အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည် ဟူသည့်သတင်းပင်ဖြစ်ပေ တော့ သည်။ ကျွန်ပ်အနေဖြင့်ပထမတော့ အံ့သြသွားခဲ့ရပေသည်။ သို့သော် ထိုသတင်း ၏ ဇစ်မြစ်အစသည် မစုစုနွေး၏ ဖေ့ဘုတ်စာမျက်နှာမှ စတင်လာသည်ကို တွေ့ရှိခဲ့ ရပြီးနောက်တွင်တော့ အံသြခြင်းမဖြစ်ပေါ် တော့ပေ၊ အဘယ်ကြောင့်ဆိုသော် မစုစုနွေး ကျွန်ပ်တို့ရွာသို့လာရောက်ကတည်းက ဒီလိုသတင်းမျိုးကို ကျွန်ပ်တွေ့ရ မည်ကို ကြိုတင်တွက်ဆပြီးဖြစ်ပေသည်။ ထို့ကြောင့်သာယာကုန်းရွာတွင် လက်ရှိနေထိုင်နေ သော ကျွန်ပ်အနေဖြင့်ဤအကြောင်းရာနှင့်ပက်သက်သည့် အကြောင်းစုံကိုအနည်းငယ်ဖော်ပြလိုပါသည်။ 

မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ

Photo: မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ
Sunday, September 28, 2014

ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန် များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များနှင့်ပတ်သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်နေ့က သူမ၏ နာရေးအား လိုက်ပါပို့ဆောင်သည့် ဆွေမျိုးများ သင်္ချိုင်း အတွင်းမှ ထွက်ခွာသွားပြီး မကြာမီတွင် သင်္ချိုင်းအပြင်ဘက် တွင် နေထိုင် သူများနှင့် ကစားနေသော ကလေးများက အတွင်းမှ အော်ဟစ်အကူအညီ တောင်းသံကို ကြားခဲ့ရခြင်းဖြစ်သည်။

၎င်းတို့က ရဲများကို ဆက်သွယ်အကြောင်းကြားပြီး အလောင်းကို တူးဖော်ရန် ကြိုးပမ်းခဲ့သော်လည်း အသက် ၄၅ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် အခေါင်း တွင်း အသက်ရှူကြပ်ကာ သေဆုံးသွား ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် အသက်မသေဘဲ မြေမြှုပ်ခံရခြင်းဟုတ်၊ မဟုတ်ကို သူမ၏ ကင်ဆာ ရောဂါအား ကုသနေပြီး သေဆုံးကြောင်း ထောက်ခံချက်ပေးခဲ့သည့် ဆရာဝန်များအား ရဲများက စစ်ဆေးနေကြောင်း သိရသည်။

သို့သော် အလောင်းအား ပြန်ဖော်ပြီးနောက် စစ်ဆေးသည့် ဆရာဝန်က အဆိုပါအမျိုးသမီးသေ ဆုံး သွားသည်မှာ နာရီများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် ပြန်ရှင်နိုင် ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် ဒီကိစ္စကို မယုံပါဘူး။ ဒီအမျိုးသမီးရဲ့ နှလုံးအပါအ၀င် အမျိုးမျိုးစမ်းသပ်ပြီးမှ သေဆုံး ကြောင်း အတည်ပြုခဲ့တာပါ” ဟု အဆိုပါ ဆရာဝန် က ပြောကြားသည်။

“သေပြီး ခန္ဓာကိုယ် တောင့်တင်းပြီး သွားတဲ့သူတစ်ယောက်ဟာ အခုလို အော်ပြီး အခေါင်းကို ထုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

Credit - Mizzimaburmese
ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန်များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များနှင့်ပတ် သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်

Photo: အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်
Sunday, September 28, 2014

အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။

အိုင်အိုဒင်းဆားကို ပုံမှန် စားသုံးပေးပါက ဉာဏ်ရည် ကောင်းမွန်ခြင်း၊ ဦးနှောက် ဖွံ့ဖြိုးခြင်းနှင့်ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ကြောင်း သိရသည်။

''ယခင်က မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့လူနာများကို မကြာခဏ တွေ့ရှိရကြောင်း၊ အထူးသဖြင့် မကွေးတိုင်းဒေသကြီး မြစ်ဝ ကျွန်းပေါ် ဒေသတချို့နှင့် ချင်းဒေသ များတွင် အများအပြား တွေ့ရှိခဲ့ရပြီး အိုင်အိုဒင်း ချို့တဲ့ရောဂါ၏ သိသာထင်ရှားသော လက္ခဏာမှာ လည်ပင်းကြီးခြင်း ဖြစ်ကြောင်း'' ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''အိုင်အိုဒင်းဓာတ် လွန်ကဲတဲ့ဖြစ်စဉ်က ကြုံခေါင့်ကြုံခဲ ပြဿနာပါ။အိုင်အိုဒင်းက ကိုယ်စားလိုက်တဲ့ အစားအစာက တစ်ဆင့် ဆီးထဲကနေ ပြန်ထွက် တာကြောင့် အိုင်အိုဒင်းဓာတ် လွန်ကဲမှာကို ကြောက်ဖို့ မလိုပါဘူး'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အိုင်အိုဒင်းဓာတ် လုံလောက်စွာ မရရှိပါက ကလေးငယ်များတွင် စာသင်ယူနိုင်မှု စွမ်းရည် လျော့နည်းတတ်ကြောင်း၊ ကြိုးစားပြီး သင်ယူသော်လည်း ဥာဏ်မလိုက် နိုင်ခြင်းများ ဖြစ်တတ်ကြောင်းနှင့် ပိုမိုဆိုးရွားပါက မူလတန်းအထိသာ စာသင်ကြားနိုင်ပြီး နောက်ဆုံး အဆိုးရွားဆုံး အခြေအနေ အဖြစ် ဦးနှောက်မဖွံ့ဖြိုးခြင်း၊ နားမကြားခြင်းနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ခံစားရတတ်ကြောင်း သိရသည်။

အိုင်အိုဒင်းဆားများကို အရည်အသွေး ပြည့်မီအောင် မြန်မာ့ဆား လုပ်ငန်းမှ စီစစ်လျက် ရှိပြီး အိုင်အိုဒင်းဓာတ် အပြည့်အဝ ရရှိစေရန် အိုင်အိုဒင်းဆား များကို အစိုမပြန်စေဘဲ ခြောက်သွေ့သော နေရာများတွင် စနစ်တကျ ထားရှိသင့်ကြောင်း သိရသည်။

မြ၀တီ
အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။

အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ချင်ပါသလား

ဒီဆောင်းပါးလေးကို မမျှော်လင့်ဘဲ ဆေးရုံရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့ပြီး စာရွက်ဖြင့် ကူးယူကာ မြ၀တီ web Portal ပရိတ်သတ်များ အသားအရေ လှပပြီး အရွယ်တင် နုပျိုသူ တစ်ဦးဖြစ်စေရန် ယခုကျန်းမာရေး ဆောင်းပါးလေးကို ဖော်ပြအပ်ပါတယ်။ ဒီ ဆောင်ရန်၊ ရှောင်ရန် ရေးထားတဲ့ မူရင်း ဆောင်းပါးရှင်ကိုလည်း ကျန်းမာရေးကောင်းသော ပြည်သူပြည်သားများ ဖြစ်စေရန် ရည်ညွှန်းပြီး ရေးသားထားတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့လည်း ပတ်သက်နေပါတယ်။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ မိမိရဲ့ ဘ၀၊ မိသားစုရဲ့ စီးပွားရေးကို ကြိုးစား လုပ်ဆောင်နိုင်တဲ့ သူ ဖြစ်လာ မှာ ဖြစ်ပါတယ်။

ယူကရိန်းအစိုးရစစ်တပ် ဒွန်းညက်မြို့လေဆိပ်တွင် ပိတ်မိ

Photo: ယူကရိန်းအစိုးရစစ်တပ် ဒွန်းညက်မြို့လေဆိပ်တွင် ပိတ်မိ
Sunday, September 28, 2014

 ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရ စစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင် သံကြား 1+1 လိုင်းက ပြသပါတယ်။

သတင်းအရ စစ်သားတွေဟာ ကာရိုဂရက် အထူးနယ်မြေက ဖြစ်ပြီး လေဆိပ် ကို မေလကတည်းက ခုခံ ကာကွယ်နေရတယ်လို့ ဆိုပါတယ်။ ဒီပုံဟာ စက်တင်ဘာလ ၂၆ ရက်နေ့ညက ခွဲထွက်ရေး သူပုန်တွေ ဒွန်းညက်လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ အချိန်က ရိုက်ကူးတာပါ။

ယူကရိန်း အစိုးရ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ပြောခွင့်ရသူက သူပုန်တွေဟာ လေဆိပ်ကို ၀င်သိမ်းဖို့ နှစ်ကြိမ် ကြိုးစားခဲ့ပေ မယ့် အောင်မြင်မှုမရခဲ့ဘူးလို့ စက်တင်ဘာလ ၂၆ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုဟာ ယူကရိန်း အရှေ့ပိုင်းဒေသ အပစ်ရပ်စဲရေး သဘောတူထားပေမယ့် ကြိုကြား ဖြစ်နေတဲ့ တိုက်ပွဲတွေထဲက တခုပါ။ စက်တင်ဘာလ ၂၆ ရက်နေ့မှာပဲ ယူကရိန်း အစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ တွေ့ဆုံပြီး ၁၉ မိုင် အကွာအဝေး ကြားခံ နယ်မြေ သတ်မှတ်ရေး ဆွေးနွေးခဲ့ပါတယ်။ 

ယူကရိန်း ပဋိပက္ခအတွင်း လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး သူပုန်တွေကို ရုရှားက လက်နက်ထောက်ပံ့ပေးတယ်လို့ ယူကရိန်း အစိုးရနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပေမယ့် ရုရှားက ငြင်းဆန်ထားပါတယ်။

ဒီဗွီဘီ
 ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရစစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင်သံကြား 1+1 လိုင်းက ပြသပါတယ်။

ကလေးများကို ပုံပြင် ပြောပြပါ

Photo: ကလေးများကို ပုံပြင် ပြောပြပါ
Sunday, September 28, 2014

ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများ ပြောပြသောပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။

ဘိုးဘိုး၊ ဘွားဘွားနှင့် ဖေဖေ၊ မေမေတို့ဘေးတွင် လဲလျောင်း၍ ၎င်းတို့ ပြောပြသော ပုံပြင်များကို နားထောင်ရင်း ကျွန်တော်တို့ကို စိတ်ကူးယဉ်ခရီးသို့ ခေါ်ဆောင်သွားသော ယင်းကလေးဘ၀ အချိန်များမှာ အမှတ်ရစရာနေ့ရက်ဟောင်းများပင် ဖြစ်သည်။

၎င်းတို့ ပြောပြသော ပုံပြင်များတွင် ယုန်နှင့်လိပ် အပြေးပြိုင်ခြင်း၊ဘုရားဟောဇာတကတို့အပြင် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ကဲ့သို့ သောအရာများကကျွန်တော်တို့ ဘ၀အတွက်အရေးကြီးသောသင်ခန်းစာအချို့ သင်ယူနိုင်ရန် ကူညီပေးသည်။

သို့သော် ယနေ့ခေတ်တွင် ကျွန်တော်တို့၏ ဘ၀များသို့  ယခင်ကနှင့်မတူဘဲ နည်းပညာများ ထိုးဖောက်ဝင်ရောက်လာကာ အလုပ်များသော မိဘများနှင့် မိသားစုတွင် အခြားလူပိုမရှိကြသောကြောင့် ပုံပြောပြသော အလေ့အထမှာ ရှားပါးလာပြီ ဖြစ်သည်။ ကလေးများကို ပုံပြောပြခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ပုံပြင်နားထောင်ခွင့်ရသော ကလေးများမှာ ဝေါဟာရပိုကြွယ်ဝလာနိုင်သည်။ ယင်းကဲ့သို့ ပုံပြင်နားထောင်ရချိန်တွင် ကလေးများက ၎င်းတို့နားမလည်သော ဝေါဟာရ၏ အဓိပ္ပာယ်ကို သိလိုစိတ်ဖြင့် ပြန်လည်မေးမြန်းလေ့ရှိသောကြောင့် စကားလုံးအသစ်များ၏ အဓိပ္ပာယ်ကို သိရှိနားလည်လာမည် ဖြစ်သည်။

ကလေးများသည် ၎င်းတို့ ဘ၀နောက်ပိုင်းတွင် အသုံးပြုမည့်စကားလုံးများစွာကို ငယ်စဉ် အရွယ်တွင် အများဆုံးမှတ်သားလေ့ရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့် စကားမပြောတတ်သေးသောအရွယ် ကလေးငယ်များကို ပုံပြောပြလျှင်ပင် အကျိုးများသည်။ ၎င်းတို့ ကြီးပြင်းလာချိန်တွင် ကလေးများ၏ နားထောင်နိုင်စွမ်းများကိုလည်း အားကောင်းလာစေသည်။ ကလေးများသည် နားထောင်ခြင်းထက် စကားပိုပြောလေ့ရှိသော အလေ့အထများကို စာသင်ခန်းများ၌ အထူးသဖြင့် မြင်တွေ့နိုင်သည်။ ပုံပြင်နားထောင်သော အလေ့အထရှိသည့် ကလေးများမှာ ကောင်းစွာနားထောင်နိုင်သော ကလေးများ ဖြစ်လာပေမည်။

သို့သော် ကွန်ပျူတာများတွင် ပုံပြင်များ ဖွင့်ပြခြင်းမှာ အကျိုးရှိသော်လည်း လူသားမဆန်သဖြင့် ကလေးငယ်များကို ကိုယ်တိုင် ကိုယ်ကျပုံပြောပြခြင်းက ပိုကောင်းကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ကလေးများကို ပုံပြင်ပြောပြခြင်းဖြင့် ၎င်းတို့သည်ယဉ်ကျေးမှုဆိုင်ရာများကို ပိုမိုနားလည်လာကာ သမိုင်းကြောင်းများကို လေ့လာသင်ယူလိုစိတ် ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

ပုံပြင်ပြောပြခြင်းဖြင့် ကလေးများကို အပြန်အလှန် ဆက်သွယ်တတ်လာစေပြီး ကလေးများ ဖွံ့ဖြိုးလာသည်နှင့်အမျှ မေးခွန်းများ မေးတတ်လာကြသည်။ ပုံပြောပြသူတစ်ဦးအနေဖြင့် ကလေးများသိ လိုစိတ် ရှိလာစေမည့် နည်းလမ်းများကို သုံးသင့်ပြီး ကလေးများကို စဉ်းစားတွေးတောစေ၍ မေးခွန်းများ မေးလာစေရန် တွန်းအားဖြစ်စေသည်။

ကလေးများကို ပြောပြထားသည့် ဇာတ်ကောင်များနှင့် ပုံပြင် တိုလေးတစ်ပုဒ် ဖန်တီးခိုင်းခြင်းမျိုး ပြုလုပ်ရန် တစ်ခါတစ်ရံ ကလေး များကို မိဘများက တိုက်တွန်းသင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ယင်းကဲ့သို့ ပုံပြင်ဖန်တီးခိုင်းခြင်းကြောင့် ၎င်းတို့၏ စိတ်ကူးပုံဖော်နိုင်မှုကို အားကောင်းလာစေပြီး ပြောပြသောပုံပြင်များကို ပို၍ စိတ်ဝင်စားလာစေမည် ဖြစ်သည်။

ပုံပြောပြခြင်းက ကလေးတစ်ယောက်၏ စိတ်ခံစားချက်နှင့် ခံစားမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေသည်။ ၎င်းတို့၏ စိတ်ကူးတွေးတောနိုင်စွမ်းကိုလည်း အားကောင်းလာစေမည် ဖြစ်သည်။

7Day DAILY
ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများ ပြောပြသောပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။

မန္တလေးမြို့ သာသနာ့နယ်မြေများအနီး အရက်ဘီယာ ရောင်းချခြင်း တားမြစ်

 မန္တလေးမြို့ရှိ ဘုရား၊ ပုထိုး၊စေတီများနှင့် သာသနာ့နယ် မြေများအနီးတစ်ဝိုက်တွင်   အရက်ဘီယာများ     ရောင်းချခြင်း မပြုရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက  သတိ ပေးတားမြစ်ထား 
ကြောင်း    သ တင်းရရှိသည်။

နိုင်ငံခြားသားများ နေထိုင်ရန် ဗဟန်းနှင့် ကမာရွတ်ကို ရွေးချယ်လာကြဟုဆို

ရန်ကုန်မြို့၌ နေထိုင်ရန် နိုင်ငံခြားသား အများစုသည်ဗဟန်း၊ ကမာရွတ် စသည့်မြို့ နယ်များကို အများဆုံး ရွေးချယ် လာကြကြောင်း House.com အွန်လိုင်း ကုမ္ပဏီ၏ စစ်တမ်းများမှ သိရသည်။

ဘရာဇီးဒိုင်လူကြီးများ သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

ဆော်ပေါ်လို− နည်းပြများ၊ ကစားသမားများနှင့် ကလပ်ဒါရိုက်တာများထံမှ ဝေဖန်ပြောဆိုမှုများ ပိုများ လာသောကြောင့် ဘရာဇီးနိုင်ငံတွင် ဘောလုံးဒိုင်လူကြီးများက သပိတ်မှောက်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။

မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း ဂုဏ်ပြုပွဲ မန္တလေးမြို့တွင် ကျင်းပမည်

၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရတနာပုံ အသင်း ဂုဏ်ပြုပွဲ အခမ်း အနားကို စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကားပါကင်ကိစ္စစကားများရာမှ ပါတီဝင်တစ်ဦးနှင့် ဘောလုံးသမားများကြား အပြန်အလှန် တရားစွဲရန် စီစဉ်

ကားရပ်နားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ပါတီတစ်ခု၏ မြို့နယ်စည်းရုံးရေးမှူး နှင့် မြန်မာ နေရှင် နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံအသင်းသားများ အပြန်အလှန် တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံ စနစ်နှစ်ခု ဖြင့် ကိုရီးယားပြန်လည်ပေါင်းစည်းရေးကို မြောက်ကို ရီးယားက ကုလအထွေထွေညီလာခံတွင် အဆိုပြု

Photo: တစ်နိုင်ငံ စနစ်နှစ်ခု ဖြင့် ကိုရီးယားပြန်လည်ပေါင်းစည်းရေးကို မြောက်ကို ရီးယားက ကုလအထွေထွေညီလာခံတွင် အဆိုပြု
Sunday, September 28, 2014

တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်း ချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခုပုံစံကို ကျင့်သုံး ရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

“ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးကို ထိပ်တိုက်ရင်ဆိုင်မှုနဲ့ မလုပ်သင့်ဘဲ တစ်နိုင်ငံတည်းမှာ စနစ်နှစ်ခုနဲ့ ပေါင်းစည်းထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့် ပါတယ်” ဟု ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြောက်ကိုရီးယားတာဝန်ရှိသူ တစ်ဦး၏ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် မိန့်ခွန်းတွင် ရီဆုယောင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် လူ့အခွင့်ဆိုင်ရာကိစ္စရပ်များတွင် စံနှုန်းနှစ်မျိုး ခွဲခြားသတ်မှတ်မှုများ လုပ်ဆောင် နေကြောင်းလည်း ရီက စွပ်စွဲခဲ့သည်။

“လုံခြုံရေးကောင်စီအနေနဲ့ လိမ်ညာပြောဆိုမှုတွေလုပ်တဲ့ ဆွေးနွေးပွဲနေရာတစ်ခုအဖြစ် ဆက်ပြီးမ ဖြစ်သင့်တော့ပါဘူး” ဟု ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက် မှုကြောင့် အရပ်သားများ သေဆုံးနေရမှု အပေါ် လျစ်လျှူရှုနေသော်လည်း ဆီးရီးယားနိုင်ငံအတွင်း မတည်ငြိမ်မှုဖြစ်ပွားနေမှုအပေါ် အစိုးရအား အပြစ်ပေးအရေးယူ မှုများ ပြုလုပ်နေခြင်းတို့ကို ရီက နှိုင်းယှဉ်ထောက်ပြခဲ့သည်။

မိမိတို့အစိုးရအား ရန်မလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပူးပေါင်းကာ လူ့အခွင့်အရေးကိစ္စများကို ဆောင်ရွက်သွားရန် မြောက်ကိုရီးယားအနေဖြင့် အသင့်ရှိကြောင်း ရီက ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် မိမိတို့အစိုးရအား ဖြုတ်ချရန် လူ့အခွင့်အရေးကိစ္စအား လက်နက်တစ်ခုအဖြစ် အသုံးပြုသည့် ကြိုးပမ်းချက်များကိုလည်း ၎င်းက ကန့်ကွက်ခဲ့သည်။

“နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကိစ္စကို အလွဲသုံးစားလုပ်ခြင်းဟာလည်း လူ့ အခွင့်အရေးချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ရီက ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ရန်လိုသော မူဝါဒကြောင့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် များ ထုတ်လုပ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ဟာ အခြားနိုင်ငံတွေကို ခြိမ်းခြောက် တိုက်ခိုက်ဖို့မဟုတ် ပါဘူး။ တစ်စုံတစ်ရာကို အလဲလအလှယ်လုပ်ချင်လို့လည်း လုပ်နေတာမဟုတ်ပါဘူး” ဟု ရီက ပြောကြားသည်။

Ref:Bangkok Post
Mizzima - News in Burmese
တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်း ချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခု ပုံစံကိုကျင့်သုံးရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာ ခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

စီအင်န်ဂျီဈေးတိုးမြှင့်ရန် မရှိသေးဟုဆို

မော်တော်ယာဉ်များတွင် အသုံးပြုလျက်ရှိသော သဘာဝ ဓာတ်ငွေ့ (CNG) ဈေးနှုန်းကို အောက်တိုဘာတွင် နှစ်ဆတိုးမြှင့် သွားရန် မရှိကြောင်း စွမ်းအင်ဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ် ဦးထံမှ သတင်းရရှိသည်။

စတော့အိတ်ချိန်း ဈေးကွက် အများပိုင် ကုမ္ပဏီသုံးခုဖြင့်စတင်မည်

အသစ် စတင်မည့် စတော့အိတ်ချိန်း ဈေးကွက်ကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ F.M.I ကုမ္ပဏီနှင့် မြန်မာ့ လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း (MAPCO)စသောအများ ပိုင်ကုမ္ပဏီသုံးခုနှင့်စတင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာခွန် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောကြားသည်။

တယ်လီနောဆင်းမ်ကတ် ပြည်ပငါးနိုင်ငံကို ဖုန်းခေါ်ဆိုနိုင်မည်

Photo: တယ်လီနောဆင်းမ်ကတ် ပြည်ပငါးနိုင်ငံကို ဖုန်းခေါ်ဆိုနိုင်မည်
Sunday, September 28, 2014

ယှဉ်ပြိုင်မှု ပြင်းထန်လာသော ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်သို့ ဝင်ရောက်လာသည့် နော်ဝေအခြေစိုက် တယ်လီနော ဆင်းမ်ကတ်များသည် နိုင်ငံငါးနိုင်ငံသို့ စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။

မန္တလေးမြို့တော်တွင် စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်ရောင်းချနေပြီ ဖြစ်သည့် တယ်လီနော ဆင်းမ်ကတ်များသည် တယ်လီနော ဖုန်းကွန်ရက် ရှိထားပြီးသော ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ဖုန်းခေါ်ဆိုနိုင်မည်ဟု ၎င်းကဆိုသည်။
“အခုစရောင်းတဲ့ ဆင်းမ်ကတ်တွေက စပြီး ဒီနိုင်ငံ ငါးနိုင်ငံကို ဖုန်းခေါ်ဆိုလို့ ရပါပြီ။ ဒီနိုင်ငံတွေက တယ်လီနောရဲ့ တာဝါတိုင် ရှိပြီးသား ဖြစ်တဲ့အတွက်ပါ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ နိုင်ငံများသို့ ဖုန်းခေါ်ဆိုခများကိုမူ စက်တင်ဘာလ ၂၈ ရက်နေ့ (ယနေ့) ကြေညာပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
တယ်လီနောမြန်မာ၏ ပြည်တွင်းဖုန်းခေါ်ခများမှာ မည်သည့် အော်ပရေတာကိုမဆို တစ်မိနစ်လျှင်၂၅ ကျပ် ကောက်ခံမည် ဖြစ်ပြီး စာတိုတစ်စောင်လျှင် ၁၅ ကျပ်နှင့် Internet မြန်နှုန်း ၃၀၀ kbps ဖြင့် အင်တာနက် အသုံးပြုလျှင် 1MB အတွက် ခြောက်ကျပ်နှင့် Smart Internet မြန်နှုန်း 2Mbps ဖြင့် အသုံးပြုလျှင် 1MB အတွက် ၁၀ ကျပ် ကောက်ခံမည် ဖြစ်ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။

“ကျွန်မတို့ ဆင်းမ်ကတ်တွေလည်း ပြည်ပ ဖုန်းခေါ်ဆိုနိုင်အောင် လုပ်နေပါတယ်။ အဲလို ပြည်ပခေါ်ဆိုမှုတွေအတွက် အဲဒီနိုင်ငံတွေ ရှိတဲ့ အော်ပရေတာတွေနဲ့ ဈေးနှုန်းသတ်မှတ်မှု ဆွေးနွေးနေလို့ ဖုန်းခေါ်ဆိုလို့ ရနိုင်မယ့်ရက်ကို မကြေညာနိုင်သေးတာ” ဟု အော်ရီဒူး ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုက ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချသော မိုဘိုင်းလ်ဖုန်းများသည် International Roaming စနစ်ဖြင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး အလယ်အာရှ၊ ဥရောပ၊ သြစတြေးလျ၊ အာဖရိကနှင့် အမေရိကန် ပြည်ထောင်စုတို့အထိ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ နေရာဒေသအပေါ် မူတည်၍ တစ်မိနစ်ကို ကျပ် ၁၂၀၀ မှ ကျပ် ၅၀၀၀ အထိ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

The Voice Weekly
ယှဉ်ပြိုင်မှု ပြင်းထန်လာသော ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်သို့ ဝင်ရောက်လာသည့် နော်ဝေအခြေစိုက် တယ်လီနော ဆင်းမ်ကတ်များသည် နိုင်ငံငါးနိုင်ငံသို့ စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။

ဦးတေဇ ကိုယ်ရေးအရာရှိ စီးသွားသည့် လေယာဉ်ပျောက်ဆုံးနေ၊ သမ္မတရုံးကို အကြောင်းကြားထား

ပျောက်ဆုံးနေသော ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရေး လုပ်ဆောင်နေစဉ် ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံး သွားသည်မှာ ၁၉ နာရီကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို စက်တင်ဘာ ၂၈ ရက် မနက်က ပြောသည်။

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ သတင်းတပ်သားတစ်ဦး မောင်တောတွင် ဖမ်းဆီးရမိဟုဆို

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီလက်နက်ကိုင် တပ်ဖွဲ့ဝင်ဟုယူဆရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီး ထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် DKBA တပ်များ ကျိုက်မရောမြို့နယ်အတွင်းတွင် တိုက်ပွဲထပ်မံ ဖြစ်ပွား

ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာအနီးတွင် စက်တင်ဘာ ၂၈ ရက် နံနက်မှစတင်ကာ အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ 

အစ္စလာမ္မစ်စစ်သွေးကြွ ISIS ပြဿနာနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ISIS စစ်သွေးကြွများ ပြဿနာနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများက ပထမဆုံးအကြိမ်ပူးတွဲကြေညာချက်တစ်ရပ်ကို စက်တင် ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

NLD ပါတီ ပြင်ပရောက် အဖွဲ့ဝင်ဟောင်းများ နိုင်ငံရေးအင်အားစု တည်ထောင်

Photo: NLD ပါတီ ပြင်ပရောက် အဖွဲ့ဝင်ဟောင်းများ နိုင်ငံရေးအင်အားစု တည်ထောင်
Sunday, September 28, 2014 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြင်ပရောက် အဖွဲ့ဝင်ဟောင်း များက ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့အမည်ဖြင့် နိုင်ငံရေးအင်အားစု တစ်ရပ် တည်ထောင်ကာ လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၂၇ ရက် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ယုဒသန်ခန်းမတွင် ပြင်ပရောက် NLD ပါတီ အဖွဲ့ဝင်ဟောင်းများ တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ဆောင်ရွက်လာမှာပါ၊ ကျွန်တော်တို့က  NLD နဲ့ သက်ဆိုင်မှာတော့ မဟုတ်ပါဘူး” ဟု ယင်းအဖွဲ့၏ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က မဇ္ဈိမကို ပြောသည်။

ယင်းအဖွဲ့က အရေးကြီးလုပ်ငန်းစဉ်အနေဖြင့် အမျိုးသားရေးတန်းတူညီမျှသော ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကို အဓိကဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တွင်လည်း စစ်မှန်သော ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရန် အစိုးရကို တွန်းအားပေးသွားမည်ဟု ဆိုသည်။

“ပျံ့ကျဲနေတဲ့အခါ ကျွန်တော်တို့တွန်းတာရှေ့မရောက်ဘူး” ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သည် NLD ပါတီ အဖွဲ့ဝင်ဟောင်း ဦးသန့်ဇော်က ပြောသည်။

ကျောင်းသားသမဂ္ဂများ လွှတ်လပ်စွာဖွဲ့စည်းနိုင်ရေး ၊မှန်ကန်သည့် ပညာရေးစနစ် ပေါ်ပေါက်လာရေး၊ တောင်သူလယ်သမားတို့ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို အာမခံသည့် ဥပဒေများ ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းတွင် အဖွဲ့ဝင် ၄၅ ဦးပါဝင်ပြီး ဟိုအလုပ်မှုဆောင် ၁၇ ဦးပါဝင်သည်။

Mizzima - News in Burmese 

ပြင်ပရောက် NLD ပါတီ အဖွဲ့ဝင်ဟောင်းများ တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ယုဒသန်ခန်းမတွင် ကျင်းပစဉ်။ (ဓာတ်ပုံ - ကေဇူး၊ မဇ္ဈိမ)
ပြင်ပရောက် NLD ပါတီ အဖွဲ့ဝင်ဟောင်းများ တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ယုဒသန်ခန်းမတွင် ကျင်းပစဉ်။ (ဓာတ်ပုံ - ကေဇူး၊ မဇ္ဈိမ) 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြင်ပရောက် အဖွဲ့ဝင်ဟောင်း များက ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့အမည်ဖြင့် နိုင်ငံရေးအင်အားစု တစ်ရပ် တည်ထောင်ကာ လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု များ ပြုလုပ်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

အစ္စလာမ္မစ်စစ်သွေးကြွ ISIS ပြဿနာနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ISIS စစ်သွေးကြွများ ပြဿနာနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာ ချက် တစ်ရပ်ကို စက်တင် ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

Saturday 27 September 2014

ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။
Photo: ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ  လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီး ထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ ပြင်သစ်သံရုံးတွေကိုလည်း လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံထဲက အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

ပါရီမြို့တော်နဲ့ အမေရိကန်မြို့ကြီးတွေရဲ့ မြေအောက်ရထားလိုင်းတွေကို အိုင်အက်စ် အကြမ်းဖက်တွေ တိုက်ခိုက်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရခဲ့တယ်လို့လည်း အီရတ်ဝန်ကြီးချုပ်က  စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုပါတယ်။

ပြင်သစ်မွတ်စလင်အဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အိုင်အက်စ်အကြမ်းဖက်တွေကို ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
DVB 

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


Photo: အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။

အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက်  ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။

နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။
7daydaily.com

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

 Photo: ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

အလှူငွေထည့်ဝင်ရန် သူမစိန်ခေါ်ခဲ့သူများမှာ မြန်မာနိုင်ငံမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဟိုတ ယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၏သားဖြစ်သူ ဦးတိုးနိုင်မန်း၊ မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ၊ မန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်နှင့် Star model Int’l မှ ဂျွန်လွင်တို့ဖြစ်သည်။

‘‘Ice Bucket Challenge’’ ခေါ် ကိုယ့်ကိုကိုယ် ရေခဲရေလောင်းပြီး စိန်ခေါ်မှုမှာ ကမ္ဘာ့နိုင်ငံများတွင် ခေတ်စားနေ ပြီး ALS အာရုံကြောရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေလှုပ်ရှားမှုက အစပြုခဲခြင်းဖြစ်သည်။ ထိုစိန်ခေါ်မှု၏ သဘောမှာ စိန်ခေါ်ခံရသူအနေဖြင့် ရေခဲရေမလောင်းနိုင်ပါက အလှူငွေထည့်ရမည်ဖြစ်ပြီး ရေခဲရေလောင်းပြီး တစ်ခြားသူများကို ထပ်မံစိန်ခေါ်ခွင့်ရှိသည်။

အဆိုပါလှုပ်ရှားမှုကို ကမ္ဘာကျော်များဖြစ်သည့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၊ ဘောလုံး အားကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ၊ ဒေးဗစ်ဘက်ခမ်းတို့ အပါအဝင် အားကစားလောက၊ အနုပညာလောက ကျော်ကြားသူတို့ လက်ခံဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေးလောက ကျော်ကြားသူများဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင် ဘီလ်ဂိတ်၊ လူမှုကွန်ရက် Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်တို့လည်း ပါဝင်ဆင်နွှဲထားကြသည်။

စိန်ခေါ်ခဲ့သည့် အီတလီအမျိုးသမီးမှာ ထိုလှုပ်ရှားမှုအပြင် ယခုနှစ် ဒီဇင်ဘာလအတွင်း  အီတလီနိုင်ငံမှ တေးဂီတပညာရှင်များ ဖိတ်ခေါ်၍ ချက်ထရီယန် ဟိုတယ်တွင် ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကာ ပါရမီ မိဘမဲ့ ဂေဟာအတွက် ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ ပါရမီဂေဟာတွင် မိဘနှစ်ပါးလုံးမရှိသူနှင့် မိခင်မရှိသူများကို ဦးစားပေးလက်ခံထားရှိပြီး  အသက် ၄ နှစ်မှ ၂၂ နှစ်အထိ ကလေးငယ် ၂၂ ယောက်ကိုစောင့်ရှောက်ပေးနေပြီး အရွယ်ရောက် အမျိုးသမီးများအတွက် လုံခြုံသည့် အဆောက်အဦး ဆောက်လုပ်ရန် လိုအပ်နေသည်။
အီတလီနိုင်ငံမှ အလွတ်တန်းသတင်းထောက်နှင့် ခရီးသွား အကြံပေးဖြစ်သူ Ms. Pamela Mccourt သည် ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာမှ ကလေးငယ်များအတွက် အလှူငွေရရှိရန် လှုံ့ဆော်သည့်အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရေခဲရေလောင်း စိန်ခေါ်မှုကို ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ယုဝေ၊ မဇ္ဈိမ)
ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့


အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

Friday 26 September 2014

တရုတ်တွင် ဓားဖြင့်ရမ်းကား တိုက်ခိုက်သူ တစ်ဦးကြောင့် ကလေးငယ် လေးဦး သေဆုံး

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်သူ တစ်ဦးကြောင့် မူလတန်း ကျောင်းသူကျောင်းသား ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုကာ လုံခြုံရေး ဆောင်ရွက်ပေးရန် မုံရွာတက္ကသိုလ် ကျောင်းသား (၃) ဦးက ပါမောက္ခချုပ်ထံ တင်ပြ တောင်းခံ

မုံရွာ တက္ကသိုလ်တွင် ယခုလက်ရှိ ဖြေဆိုခဲ့ပြီးသည့် စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် မှုများနှင့် တွေ့ ကြုံနေသည်ဟု ဆိုကာ လုံခြုံမှုပေးရန် မုံရွာတက္ကသိုလ် ကျောင်းသားသုံးဦးက တက္ကသိုလ် ပါမောက္ခချုပ် ထံသို့ တင်ပြ တောင်းခံ ထားကြောင်း သိရသည်။

လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား

Photo: လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား
Friday, September 26, 2014

ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန်လည်ဖွဲ့စည်း လိုက်ပါတယ်။ 

လူဟောင်း၊ နာမည်ဟောင်းနဲ့ ပြန်ဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ သမ္မတရဲ့ ဘက်တော်သားတွေဖြစ်တယ်လို့ ဘယ်သူတွေက စွပ်စွဲလိုက်လဲ။
အရင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂစင်မြင့်ထက်ကနေ အကာအကွယ်ပေးခဲ့သူတွေနဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားတာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေမပါဘဲ လွတ်လပ်တဲ့ ပြောဆိုအစီရင်ခံမှုတွေ မလုပ်နိုင်တာဟာ ဒီကော်မရှင်ရဲ့ အားနည်ချက်ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုကို အများဆုံး ကျုးလွန်တာမို့ ဒီကိစ္စတွေကို လူ့အခွင့်အရေးကော်မရှင်က မကိုင်တွယ်ရဲသလို မြေယာသိမ်းဆည်းမှုတွေ၊ မုန်းတီးမှုအခြေခံတဲ့ ပြောဆိုမှုတွေ၊ သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေကို တရားဝင်ကန့်ကွက်ပြောဆိုတာလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ NGO များကွန်ရက်ရဲ့ ၂ဝ၁၄ခုနှစ် အစီရင်ခံစာဖြစ်တဲ့ "သမ္မတ၏ ဘက်တော်သားများသာဖြစ်သည်”တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အကြောင်း ရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ 

ဒီအစီရင်ခံစာမှာ မြန်မာကဏ္ဍကိုတော့ Equality Myanmarနဲ့ Burma Partnership အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းထုတ်ဝေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလို သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တဲ့အပြင် ချိုးဖောက်မှုပုံစံအသစ်တွေပါ တွေ့လာရတယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ 

လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတကို ဗဟိုပြုတာမျိုးမဖြစ်သင့်ဘဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြအစီရင်ခံစာမျိုးပဲ ဖြစ်သင့်တယ်လို့ သူက ဆိုပါတယ်။

Kamayut Media
ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန် လည် ဖွဲ့စည်း လိုက်ပါတယ်။

နိုင်ငံရေးမူဘောင် ချမှတ်ရန် သုံးပွင့်ဆိုင် ဆွေးနွေးမှု ဒုတိယအကြိမ် ပြုလုပ်မည်

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးမူဘောင် ချမှတ်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒုတိယအကြိမ် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

PR စနစ် ကျင့်သုံးမှုကို ထောက်ခံကြောင်း တစညပါတီ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာ

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးရန် လွှတ်တော်နှစ်ရပ်က ပြင်ဆင်နေမှု ကို ထောက်ခံကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီ၏ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးထုပါဝင်မှုနည်းပါးနေဟုဆို


မြန်မာနိုင်ငံ၏ လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် အမျိုးသမီးထုပါ ဝင်မှု အလွန်တရာ နည်းပါးနေကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဒုဥက္ကဌ-၁ ဖြစ်သူ စောစံငြိမ်းသူ က ထောက် ပြပြောဆိုသည်။

ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ၊ ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့

Photo: ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ

ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့

Friday, September 26, 2014

 ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myan-mar Industrial Port) က ငွေကျပ်သိန်းငါးရာစီ လှူဒါန်းခဲ့ပြီး အထည်ချုပ်လုပ်ငန်း တည်ထောင်ထားသည့် ၀မင်းကုမ္ပဏီ၊ Strong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တုတွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်တစ်ခုတို့ စုပေါင်းပြီး ကျပ်သိန်းငါးရာ လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အလှူရှင် ခုနစ်ဦးသည် စုစုပေါင်းငွေကျပ်သိန်း ၁,၅၀၀  လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ခေါင်းလောင်းကြီး ရှာဖွေရန် ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုပြီးနောက် ဆယ်ယူကုန်ကျစရိတ်အတွက် အလှူငွေ လှူဒါန်းပွဲကို ပဲခူးမြို့ ရွှေမော်ဓောဘုရားတွင် ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ပြီး အလှူရှင်များ စာရင်းကို ယင်းရှင်းလင်းပွဲသို့  တက်ရောက်ခဲ့သော ဒေသခံ သတင်းထောက်တစ်ဦးက ပြောသည်။

ခေါင်းလောင်း မတွေ့ဘဲ တွေ့သည်ဟု ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ‘‘သူ ဒီလက်ရှိ သန်း၅၀ ကို လိမ်တယ်။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်လို့ပြောတယ်’’ဟု ခေါင်းလောင်းဆယ်ယူရန် ကျပ် ၅၂ သိန်းကျော် လှူဒါန်းခဲ့သည့် ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ဦးစံလင်းဦးဆောင်သည့်ခေါင်း လောင်းဆယ်ယူရေးမှာ ပဲခူးမြို့ရွှေအုန်းပင် စားသောက်ဆိုင်မှ စတင်ခဲ့သည့်အတွက် ထိုနေရာမှာပင် အဆုံးသတ်လို၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့တွင်ငွေစာရင်းကိုပါ တာဝန်ယူကိုင်တွယ်ခဲ့သောဦးဝင်းမြင့်က ပြောသည်။  ဓမ္မစေတီ  ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက သြဂုတ်၂၆ ရက်တွင် ခေါင်းလောင်းတွေ့ရှိပြီဟု ကြေ ညာခဲ့ပြီး အမှန်တကယ်တွေ့ရှိခဲ့ သော အရာမှာ သင်္ဘောပျက်ဟု ယူဆရသည့် သံထည်သာဖြစ်နေသည်။

‘‘ကျွန်တော်တို့ ဖုန်းတွေကို ပိတ်ခိုင်းထားတယ်။ သင်္ဘောက နေ အပြင်ထွက်လို့ မရဘူး။ ကျွန်တော် အဓိဋ္ဌာန် ၂၀ ရက်မြောက်နေ့မှ သူကထုတ်ပြန်သွားတာ။ အဓိဋ္ဌာန်က ၂၅ ရက်ဆိုတော့ ပြောလို့ မရခဲ့ဘူး။ အဓိဋ္ဌာန်က ထွက် ကုန်းပေါ်မှာ ရက် နှစ်ဆယ်နေခဲ့ပေမယ့် ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မပြောခဲ့ဘူး’’ ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ဦးဝင်းမြင့်က ခေါင်းလောင်း တွေ့ရှိသည်ဟု ကြေညာသည် မှာ ဦးစံလင်းဖြစ်ပြီး ၎င်းတို့ကို မတိုင်ပင်ဘဲ လိမ်လည်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွား သည်။

‘‘အဲဒီမှာ အရမ်းတုန်လှုပ် သွားတယ်။ မနက်ဖြန်ပဲ ကိုယ်တို့ အဖမ်းခံရတော့မလား စိုးရိမ်တယ်ပေါ့။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်ပြောမယ်ဆို အများ ကြီးချောက်ချားကုန်တယ်။ သင်္ဘောသား တစ်ဖွဲ့လုံး။ ကိုယ်ဒါ ပြီးရင် ဒါနိုင်ငံတော်သမ္မတကြီးဆီ တင်ပြမယ်။ ဒီဖြစ်စဉ်အားလုံးကို တင်ပြမယ်’’ ဟု ဦးစံလင်း လိမ် လည်ခဲ့သည်များကို သမ္မတထံသို့ ပါတင်ပြမည်ဟု ၎င်းကဆိုသည်။

 သတင်းမထုတ်ပြန်မီ သြဂုတ် ၂၅ ရက်ညတွင် ဦးစံလင်း က ၎င်းကို အိပ်ရာမှ နှိုးပြီး မြစ် သုံးစင်းဆုံရာသို့  ကြည့်ရှုစေ၍ ရွှေရောင် နဂါးဆီမီးပူဇော်သည်ကို တွေ့လားဟု မေးမြန်းခဲ့ကြောင်း၊ ၎င်းက မတွေ့ရှိဟု ပြန်လည်ဖြေ ကြားရာတွင် သီလသမာဓိမရှိ၍ မတွေ့ရှိခြင်းဖြစ်သည်ဟု မူမမှန် စွာပြောခဲ့ကြောင်း ဦးဝင်မြင့်က ဆိုသည်။

ခေါင်းလောင်းတွေ့ရှိခြင်း မရှိဘဲ တွေ့ရှိသည်ဟု လိမ်လည်ခဲ့ သော အဖွဲ့နှင့်ပတ်သက်၍ အလှူ ရှင်တစ်ယောက်အနေဖြင့် မည်သို့ခံစားရကြောင်း မေးမြန်းရာ ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မိုးက ‘‘လှူတာပဲ လုပ်လိုက်တာပါ။ ကျန်တာဘာမှ မရှိဘူး။ ဘာပြောစရာမှ မရှိပါဘူး’’ဟု စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

‘‘ဘာညာအဆက်အသွယ် တွေ မရှိပါဘူး။ ဒီအတိုင်း လှူလိုက်တာပါ။ လှူတာက ကျွန်တော့်အစ်ကိုပါ။ ဘာမှပြောစရာမရှိပါဘူး’’ဟု ၀မင်းကုမ္ပဏီအုပ်စု ဒါရိုက်တာ နောင်ခွန်မြင့်ဝေက ပြောကြားသည်။

ကုမ္ပဏီများ လှူဒါန်းသော ငွေကျပ် သိန်းတစ်ထောင့်ငါးရာသည် ယတိပြတ်လှူဒါန်းခြင်း ဖြစ်သောကြောင့် ပြန်အမ်းမည် မဟုတ်သော်လည်း အလှူရှင်များ လှူဒါန်းသော ငွေကြေးများကို ပြန်လည်ပေးအပ်သွားမည်ဟု ဓမ္မ စေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

‘‘ငွေကြေးအများဆုံး လှူခဲ့ တဲ့ အလှူရှင်တွေက အသုံးစရိတ် တွေ ဘာတွေလာမပြနဲ့ မီးရှို့ လိုက်တောင် ရတယ်လို့ ပြော တယ်။ သူတို့ကိုလည်း ပြန်မပေး နဲ့ ယတိပြတ်လှူတာလို့ ပြော တယ်။ ကျန်တဲ့ပိုက်ဆံကို ဦးစံ လင်း၊ ဦးကြည်လင်းတို့ကို ပြန် ပေးခဲ့ပါတယ်။ ဦးစံလင်းက ပါမစ် ကိုင်ထားတဲ့သူဆိုတော့ တူးဖော် ခွင့်ရနေသေးပါတယ်။ ဒီငွေတွေ ကို ဆယ်ယူရေးမှာ သုံးချင်သုံး မှာပါ’’ဟု ဦးဝင်းမြင့်ကပြောသည်။

ထို့အပြင် ခေါင်းလောင်း ဆယ်ယူရေးအတွက် အများပြည် သူများမှ လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ သိန်းကျော်ရှိသည်။ အဆိုပါအလှူငွေများကို ပြန်ပေးမည်ဟုဆိုသည်။ လုပ်ငန်းရှင် ခုနစ်ဦးနှင့်ဦးဝင်းမြင့်အပါအ၀င် အခြားလုပ်ငန်းရှင်အချို့က လှူခဲ့သော စုစုပေါင်း ငွေကျပ် ၁၅၈၃ သိန်းကျော်မှ တစ်ထောင်ကျော်ကို ခေါင်းလောင်း ဆယ်ယူရေးအတွက် အသုံးပြုခဲ့ပြီး ပိုသောငွေကျပ်သိန်းငါးရာကျော်ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားကြောင်း သတင်းရရှိသည်။

အလှူငွေများကို ၎င်းတို့က အလှူခံခဲ့ခြင်း မဟုတ်ဘဲ ဦးစံလင်းနှင့် အဖွဲ့ဆယ်ယူမည်ဟု သတင်းထုတ်ပြန်ပြီးနောက် အလှူရှင်များက ဆက်သွယ်ကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်း မြင့်က ဆိုသည်။

‘‘ရန်ကုန်  အစိုးရအဖွဲ့ကို ပါမစ်ကြေး ဘာမှမပေးရပါဘူး။ ဒီပါမစ်ခွင့်တောင်းတဲ့ စာရွက်ကို ဖတ်ပြီးပေးလိုက်တာပါ။ သောင် တူးစက်ငှားရင် ပုံမှန်ဆိုရင် တစ် ရက် ၄၁ သိန်းလောက်ပေးရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ငါးသိန်းပဲ ပေးရပါတယ်။ စက် သုံးဆီဝယ်တာ၊ သင်္ဘောငှားတာ တွေက ကုန်ကျစရိတ်များခဲ့ပါ တယ်’’ ဦးဝင်းမြင့်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေရေးအဖွဲ့ဝင်များက ကျပ် သိန်း ၁၅၀၀ လှူ ဒါန်းခဲ့သူများ၏ စာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိဘဲ လှူဒါန်းသူများ၏ သဘောဆန္ဒအရ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

‘‘ပိုက်ဆံတွေ  အားလုံးကို ရွှေအုန်းပင်က ဦးဝင်းမြင့်က ငွေ ကိုင်တယ်။ အားလုံးသူကိုင်တယ်။ ပိုက်ဆံက သူ့ဆီက ပြန်တောင်းရတာ။ အခု ရှင်းလင်းပွဲလုပ်တာ ဘာမှ မပြောချင်ဘူး။ ဦးလည်း ရှင်းလင်းသွားဖို့ ရှိပါတယ်။ ပွဲစီ စဉ်ဖို့ နေရာအတိအကျသိရရင် ကြေညာပေးမယ်’’ ဟု ဦစံလင်းက ပြောခဲ့သည်။

သို့သော် ဦးဝင်းမြင့် ကိုယ်တိုင်ဦးဆောင်၍ ကျပ်သိန်းတစ်ထောင်မတည်ကာ ခေါင်းလောင်းကို ဆက်လက်ရှာဖွေမည်ဟုဆိုသည်။

7Day DAILY
 ခေါင်းလောင်းတွေ့ရှိပြီဟုဆိုကာ လူထုကိုလိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး

Photo: ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး
Friday, September 26, 2014

မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် သီရိမန္တလာအနောက်ပွဲ ကုန်းရပ်ကွက်၊ လမ်း ၉၀၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားတွင်  နံနက် ၄ နာရီ မိနစ်၄၀ ခန့်က ဈေး သည် တစ်ဦး  ၎င်းနေအိမ်၌   မီးသွေး မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှတစ် ဆင့် မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ်လေးလုံး ပျက် စီးဆုံးရှုံးခဲ့ပြီး တန်ဖိုး ကျပ်သိန်းလေးဆယ်နှင့် ငါးသောင်းခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီး ဌာနက ခန့်မှန်းတွက်ချက်သည်။

မီးလောင်ချိန်သည် နံနက်မိုးမလင်းမီအိပ်ချိန်ဖြစ်၍ ကိုယ်ပေါ်မှ အ၀တ်အစားမှ တစ်ပါး အခြားပစ္စည်းအသုံးအဆောင်များ  သယ် ယူနိုင်ခဲ့ခြင်းမရှိကြောင်း မီးလောင် ကျွမ်းသွားသည့်နေအိမ်ရှင်များကပြောသည်။ ‘‘ဈေးချိုမှာ အထည်ဆိုင် ဖွင့်ထား တာလည်း   မကြာသေးပါဘူး။ မီးထဲပါသွားတဲ့ အထည်တွေကလည်း မနေ့ကမှ ငွေရှင်းပေးလိုက်တာ။ အခုကိုယ်ပေါ်က အ၀တ်အစားတောင် သူများပေးလို့ ၀တ်ထားရတာ။ ဘာမှကိုမရလိုက်ဘူး’’ဟု   မီးဘေးဒုက္ခ သည် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

မီးလောင်ရာသို့ မန္တလေးမြို့ မှ မီးသတ်ယာဉ်အစီးလေးဆယ် နှင့် မီးသတ် အင်အား ၂၅၀ ကျော်ငြှိမ်းသတ်ပေးခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားရာအနီးရှိ ဘုန်း တော်ကြီးကျောင်းများမှ သံဃာ တော်များနှင့် ရပ်ကွက်သူ၊ ရပ် ကွက်သား များကလည်း ၀ိုင်းဝန်း ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင် သူများ က ပြောသည်။

မန္တလေးမြို့တွင် မိုးရာသီ ကာလဖြစ်သော်လည်း ပေါ့ဆ သည့်အတွက် မီးလောင် ကျွမ်းမှု များ မကြာခဏဖြစ်ပွားနေပြီး ယခုစက်တင်ဘာလ အတွင်း မွေ့ရာ ပေါ်ခြင်ဆေးခွေ ထွန်းရာမှ ထရံသို့ ကူးစက်လောင်ကျွမ်းခြင်း၊ ပန်ကာအပူလွန်ကဲ ရာမှ လောင်ကျွမ်း ခြင်း၊ အိပ်ခန်းအတွင်း ဆေးလိပ် သောက် ရာမှ မွေ့ရာပေါ်ကျကာ လောင်ကျွမ်းခြင်းများ  ဖြစ်ပွားခဲ့ ကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

7Day DAILY 

မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။