Monday 6 July 2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန် နှင့် ရခိုင်ရှိအစ္စလာမ်ဘာသာဝင်အများစုရှိသည့် နေရာများတွင် ရွေးကောက် ပွဲဝင်မည်

 အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန်နှင့် ရခိုင်မှ အစ္စလာမ် ဘာသာဝင်အများစုရှိသည့် မြို့နယ် ၇ခုမှ နေ၍  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဌ ဦးကျော်မင်းက ဇူလိုင်  ၆ရက်တွင် မဇ္ဈိမကိုပြောသည်။
၎င်းက "ရန်ကုန်က ပန်းပဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းတို့လို့ အစ္စလာမ်အများစု ရှိတဲ့ဆီက၀င်မယ်၊ ရခိုင်ကတော့ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောက ပြည်နယ် လွှတ်တော်အတွက် ၀င်ဖို့ လျာထားတာ ကိုယ်စားလှယ်တွေတော့ မရွေးရသေးဘူး" ဟု ပြောသည်။

တောင်ကိုရီးယားသမ္မတ ကတော်ဟောင်းနောက်လ တွင်မြောက်ကိုရီးယားသို့ သွားရောက်မည်

 ကွယ်လွန်သူတောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံ၏ ဇနီးဖြစ်သူသည် နောက်လထဲတွင် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု ကင်ဒေးဂျုံ၏ဖောင်ဒေး ရှင်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအရာရှိများနှင့် ညိနှိုင်းပြီးနောက် အသက် ၉၃ နှစ်အရွယ်ရှိ လီဟီးဟို၏ လေးရက်ကြာခရီးစဉ်၏ ရက်စွဲများနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း ဆိုးလ်ရှိ ကင်ဒေးဂျုံငြိမ်းချမ်းရေးစင်တာက ပြောကြားခဲ့သည်။

အာဖဂန်တပ်ဖွဲ့ဝင်များက တာလီဘန် စစ်သွေးကြွ ၄၁ ဦးကို ၂၄ နာရီအတွင်း သတ်ဖြတ်

နိုင်ငံတစ်ဝန်း၊ အာဖဂန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ၂၄နာရီးအတွင်း တာလီဘန် ၄၁ ဦးသေဆုံး ခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၆ ရက်ကထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် အခြားတာလီဘန် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထား သည်။

အာဖဂန်တပ်ဖွဲ့ဝင်များသည် ဘက်ဂ်လန်၊ တက်ခါ၊ ကန်ဒါဟာ၊ ဇာဘူးလ်နှင့် ဟယ်လ်မန်ပြည်နယ်များ အပါအ၀င် နိုင်ငံအနှံ့အပြား တွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဒဂုံစီးတီးစီမံကိန်း ဖျက်သိမ်းရန် အစိုးရမှ တရားဝင် အသိပေးစာ ထုတ်ပြန်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်မည်

ရွှေတိဂုံကုန်းတော်အနီးရှိ စီမံကိန်း ၅ ခုပါဝင်သာ ဒဂုံစီးတီး စီမံကိန်းအတွက် အစိုးရမှ ဆုံးဖြတ်ချက်ကို ဇွန်လကုန်တွင် တရားဝင်အသိပေးစာ ပေးပို့သွားမည် ဆိုသော်လည်း ယခုတိုင်တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိ၍ လူထု ဆန္ဒဖော်ထုတ်ပွဲပြုလုပ်သွားမည်ဟု ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဆရာတော် ဦးပါမောက္ခက  ဇူလိုင် ၆ရက်က ပြုလုပ်သည့်  ရွှေတိဂုံစေတီတော် ကာကွယ်ရေး စတုတ္ထအကြိမ်မြောက် အစည်းအဝေး တွင် ပြောကြားလိုက်သည်။

အီရတ်တွင် အကြမ်းဖက်မှုများအတွက် လေ့ကျင့်ပေးရန် ကလေး ၁၀၀ ကျော်ကို အိုင်အက်စ်တို့ ဖမ်းဆီးခေါ်ဆောင်သွား

အီရတ်နိုင်ငံ မိုဆူးလ်မြို့အတွင်း ခရိုင်နယ်မြေများမှ ကလေးငယ် ၁၁၁ ဦးကို အစွန်းရောက်အကြမ်းဖက်မှုများ လုပ်ခိုင်းရန်အတွက် အိုင်အက်စ်တို့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အီရတ်ကာဒစ်စတန် ဒီမိုကရက်ပါတီက ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ်မာမူဇန်နီက အသက် ၁၀ နှင့် ၁၅နှစ် ကြား ကလေးအများ စု ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း၊ အိုင်အက်စ် သင်တန်းကျောင်းများသို့ ဝါဒမှိုင်းတိုက်ရန် ယင်းကလေးများကို ပို့ဆောင် လိုက်ကြောင်း ဇူလိုင် ၅ ရက်ကပြောခဲ့သည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။

ဇူလိုင်၁မှ ၅ရက်အထိ ဆိုင်းနိုင်းစစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်ပြီးဟု အီဂျစ်ထုတ်ပြန်

 အီဂျစ်စစ်တပ်သည် ဇူလိုင်၁မှ ၅ အထိ ဆိုင်းနိုင်းဒေသရှိ စစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်ပြီးကြောင်း စစ်တပ်က ဇူလိုင်၆ တွင်ထုတ်ပြန်ခဲ့သည်။
ယင်းသို့သုတ်သင်ခံရသူများတွင် လွန်ခဲ့သည့် သီတင်းပတ်က ကြီးမားသည့် တိုက်ခိုက် မှုပြုလုပ်ခဲ့သည့် အိုင်အက်စ်အုပ်စုမှ ဂျီဟတ်ဝါဒီများပါဝင်သည်။
၂၀၁၃ခုနှစ် ဇူလိုင်လက သမ္မတမိုဟာမက်မော်စီကို ထိုစဉ်က စစ်တပ်အကြီးအကဲ ယခုသမ္မတအက်ဘ်ဒဲလ်ဖာတာ အယ်လ်စီစီ က ဖြုတ်ချလိုက်ကတည်းက ဆိုင်းနိုင်းကျွန်းဆွယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစ္စလာမစ်သောင်းကျန်းသူများကို တိုက်ခိုက်နေရသည်။

UNHCR နှင့် INGO တို့မှ ထုတ်ပေးသော အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေ


ဘူးသီးတောင်မြို့ပေါ်ရှိ မြို့မဈေး၊ နတ်ပင်ရင်းခွဆုံ ပျံကျဈေးနှင့် အနောက်ကွင်း ပျံကျဈေးတို့တွင် UNHCR, WFP, နှင့် အခြား NGO များမှ အရေးပေါ် ကူညီ ကယ်ဆယ်ရေးအတွက် ထောက်ပံ့ထုတ်ပေးသော ပစ္စည်းပေါင်းစုံကို အလွယ်တကူ ဈေးသက်သာစွာ ရောင်းချနေလျှက်ရှိသည်။
UNHCR မှ သဘာဝဘေးအန္တရာယ် ကျရောက်သူများကို ထောက်ပံ့သည့် စတီးအိုးနှင့် ပန်းကန် ခွက်ယောက် အစုံ ပါကင်များ၊ ခြင်ထောင်မျိုးစုံ၊ ဖျာ၊ မျက်နှာသုတ်ပုဝါများ၊ WFP မှ ထုတ်ပေးသော ဆီသန့်ပုလင်းများနှင့် အာဟာရမှုန့်ထုတ်၊ INGO များမှ ထုတ်ပေးသော ပုဇွန်ခြောက်ကြော်၊ အာဟာရမှုန့်ထုတ်များ၊ ကျောပိုးအိတ်၊ ဖိနပ်၊ ဆေးစိမ်ခြင်ထောင်များ စသည်ဖြင့် အမျိုးအမည် စုံလင်စွာ ပါဝင်သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာတွင်ရှိသော အလောင်းမင်းတရား အုတ်ဂူဟု ပြောနေကြသည့် အဆောက်အအုံမှာ အလောင်းမင်းတရားကြီး အုတ်ဂူအစစ် မဟုတ်ဟုဆို

အလောင်းမင်းတရားကြီးအုတ်ဂူဟုပြောနေကြသည့် အဆောက်အအုံ Photo: နိုင်လင်းဦးဖေ့စ်ဘွတ်ခ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာတွင်ရှိသော အလောင်းမင်းတရားအုတ်ဂူဟုပြောဆိုနေကြသည့် အဆောက် အအုံမှာ အလောင်းမင်းတရားကြီးအုတ်ဂူအ စစ်မဟုတ်ကြောင်း သိရသည်။

အမျိုးသမီးများတွင် ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မပြုသူ အချိုး များလာခြင်းကြောင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာ

အသက်ငါးနှစ်အောက် ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) 
မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မပြုသူ အချိုး များလာခြင်းကြောင့် ကလေးမွေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက်ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးပြီး ပြင်ဆင်နိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်ပြားသွားမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက် ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်အထိ ဆွေးနွေးမှုများတွင် ပြင်ဆင်ချက်များကို လက်မခံဘဲ မူလအတိုင်း ထားရှိရန်သာ ဆွေးနွေးလျက်ရှိသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ဆွေးနွေးချက်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်နိုင်ရေး ပြင်ဆင်ချက်လည်း ပါဝင်လျက် ရှိသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခြင်း မရှိပါက ပြင်ဆင်နိုင်မည့် အခြေအနေ မရှိကြောင်း သိရသည်။

နမ္မတူမြို့ အခြေစိုက် တပ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၍ ဒုအရာခံ ဗိုလ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ် နမ္မတူမြို့နယ် အခြေစိုက် တပ်မတော်စခန်းကို ဇူလိုင်လ ၅ ရက်နေ့တွင် လက်နက်ကိုင်အဖွဲ့ တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒုတိယအရာခံဗိုလ် အဆင့်ရှိ အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားမှပင် 7 July အခမ်းအနား သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်မည်

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားကပင် တကသများက ဦးဆောင်ပြီး ဆဲဗင်းဇူလိုင်အခမ်းအနားကို သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်သွားမည်ဟု တကသ ကျောင်းသား များထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲစာရင်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေးညှိနှိုင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များသည် ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ မဲစာရင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းပေ မယ့် ကြေညာချက် မထုတ်နိုင်ကြောင်း သမ္မတရုံးပြော

ရွှေတိဂုံစေတီတော်အနီး တည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဖျက်သိမ်းပေးပါမယ်ဆိုတဲ့ အမိန့် ကြေညာ စာထုတ်ပြန်မပေးနိုင်ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) မဘသ ကို အကြောင်းပြန်ခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော် တွေက မိန့်ကြားပါတယ်။

ဖားကန့်မြို့ရှိ ရပ်ကွက်အချို့ ရေလွှမ်းနေဆဲဖြစ်

ဥရုချောင်းရေ ဆက်လက်တက်လာ၍ ဖားကန့်မြို့ရှိ ရပ်ကွက်လေးခု ရေလွှမ်းမိုးမှု နှစ်ရက် ဆက်တိုက် ရင်ဆိုင်နေရ ပြီး ရေဘေးသင့်သူ ဦးရေတိုးလာ နေကြောင်း သတင်းရရှိသည်။