Saturday 12 July 2014

ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ

Photo: ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ
Saturday, July 12, 2014

ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံသုံး ပစ္စည်းများ ဝယ်ယူ နေရသောကြောင့် ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ဈေးကွက်တွင် ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Medi-tech Trade Center ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးမြင့်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနက ယခင်က ဆေးပစ္စည်း အရည်အသွေးပိုင်းထက် ဈေးနှုန်း အနည်း၊ အများကို ကြည့်၍ ဝယ်ယူသော်လည်း အသုံးစရိတ် မြင့်တက်လာပြီး နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဆေးနှင့် ဆေးပစ္စည်းများကို ပိုဝယ်ယူလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အရင်က အသုံးစရိတ်ကို ကြည့်ပြီးတော့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ဝယ်တာ ဆိုတော့ သိပ်မကောင်းတာတွေလည်း ပါတယ်။ ဈေးသက်သာပေမယ့် အရည်အသွေး မကောင်းတဲ့အတွက် တရုတ်က ပစ္စည်းတွေကို ဝန်ကြီးဌာနက မဝယ်တော့ဘူး” ဟု ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

ပြည်သူ့ဆေးရုံများ၏ ဆေးပစ္စည်း လိုအပ်ချက်များကို ဗဟိုဆေးပစ္စည်း ထိန်းသိမ်းရေး ဌာနသို့ စာရင်းပေးသွင်းရပြီး ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များထံ တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်ရှိ ဆေးရုံအုပ်ကြီးတစ်ဦးက ပြောကြားသည်။

သို့သော် အခြေခံ ဆေးဝါး လိုအပ်ချက် အတွက်မူ သက်ဆိုင်ရာ ပြည်နယ်ဆေးရုံများကို တာဝန်လွှဲအပ်ထားပြီး ဆေးဝါးဝယ်ယူစရိတ် အသုံးစရိတ်ကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ၃၆၇ ဘီလီယံကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆနီးပါး မြင့်တက်ခဲ့သည်။

The Voice Weekly
ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်း များ ထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ

မြန်မာ့တပ်မတော်ရေ ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင်
လိုက်ပါလာသူ သင်္ဘောသားများမှာ အထိအခိုက် မရှိကြောင်း သိရသည်။

အဓိက၀င်ငွေရသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို EITI အဖွဲ့ဝင်လောင်း အစီရင်ခံစာတွင်ပါဝင်ရန် အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်

EITI  အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး တင်သွင်းရမည့် အစီရင်ခံစာတွင် အဓိကဝင်ငွေရနေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို ယင်းအစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို ဆုံးဖြတ်ရန်အတွက် အစိုးရအပါအဝင် ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ယခုလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်

Photo: ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်
Saturday, July 12, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ပါဝင်ဟောပြောရန်စီစဉ်ခဲ့ပြီး နောက်တိုးစာရင်း ထပ်မံတင်ပြခဲ့သော်လည်း မြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နံနက်ပိုင်းတွင် ပခုက္ကူမြို့အလယ်တိုက်တွင် ဆရာတော်ကြီးများအား ဖူးမြော်ပြီးမှ ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ရပ်မိရပ်ဖများ၊ မကွေးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လျှင် ဒေသခံများနှင့် ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်အား သောင်းသောင်းဖျဖျကြိုဆိုရန် ပြင်ဆင်ထားကြောင်း၊ ဟောပြောပွဲအား အေးအေးချမ်းချမ်း ပြီးဆုံးနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက် ထားကြောင်းနှင့် အဖွဲ့ဝင်များက ၀န်းရံသွား မည်ဖြစ်ကြောင်း၊ လုံခြုံရေးအာဏာပိုင်များ အနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် ပြီးဆုံးစေရေး ပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ တစ်နိုင်ငံလုံး၌ မေ ၂၃ ရက်မှ စ၍ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်ပြီး စိတ်ပေါ့သွပ်သူ မဟုတ်လျှင် မြန်မာနိုင်ငံသားတိုင်း ပါဝင်လက်မှတ် ရေးထိုးနိုင်ကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးရာတွင် တပ်မတော်သားများအပါအ၀င် အစိုးရ ၀န်ထမ်းများပါ လက်မှတ်ရေးထိုးနိုင်ကြောင်း၊ လက်မှတ်မရေးထိုးရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်ပြုလုပ်သူများကို ဥပဒေ အရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် လက်မှတ်ရေးထိုးမှု အရေအတွက်မှာ ဇွန် ၂၇ ရက်အထိ ၃၃ သိန်းကျော် ရရှိပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့သို့ သွားရောက်ဟောပြောမည့် ကိစ္စနှင့်ပတ်သက် ၍ ပခုက္ကူမြို့မှ လုပ်ငန်းရှင် ကိုအောင်ဇော်ထက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို ကိုယ်တိုင် တိုက်ရိုက် နားမထောင် ဖူးဘူး။ အခုလို ပခုက္ကူမှာ လာပြောမယ်ဆိုတော့ တိုက်ရိုက်နားထောင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ အနီးတစ်ဝိုက် မြို့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်လာဖို့ မျှော်လင့်နေတဲ့အချိန်မှာ အခုလိုလာရောက်မှာ ဖြစ်တဲ့အတွက် အားလုံးဝမ်းသာနေကြတယ်” ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၂၀၁၄ ခုနှစ် မေ ၁၀ ရက်က မအူပင်မြို့တွင် ကျင်းပစဉ်

Eleven
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြော ကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်း ဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ရန် လက်မှတ်ရေးထိုး တောင်းဆို မှုများ ပိုမိုပြုလုပ် သင့်ကြောင်း ဒေါက်တာအေးမောင်က ပြည်သူများအား တိုက်တွန်းပြော ဆိုခဲ့သည်။