Tuesday 30 September 2014

တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

Photo: တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်

 ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဖြစ်ပွားနေသည့် ပဋိပက္ခများဖြေရှင်းရေးနှင့် ယင်းကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုများ မထိခိုက်စေ ရန် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် DKBA ခေါင်းဆောင်ပိုင်းတို့ ဆွေးနွေးနေကြပြီး မကြာမီတွင် ဖြေရှင်းသွားနိုင်မည်ဟု ပြောသည်။
တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က စက်တင်ဘာ ၁၄ ရက်တွင် မြ၀တီမြို့အတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ယူနီဖောင်းနှင့်တကွ လက်နက်ကိုင်ဆောင်မှု မပြုရန် သတိ ပေးပြီးနောက် ယင်းသို့ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်တပ်များ ရင်ဆိုင်ပစ်ခတ်မှုအချို့ကြောင့် စက်တင်ဘာ ၂၉ ရက်အထိ ကရင်အကျိုးပြု တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ သူတစ်ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အနီး ကရင်ပြည်နယ်အစပ်တွင် ပိတ်မိနေသဖြင့် လမ်းကြောင်းဖွင့်ပေးရန် DKBA တို့ တောင်းဆို ထားသည်။ ယင်းကို တပ်မတော်ဘက်ကလည်း စက်တင်ဘာ ၂၆ ရက် ကျိုက်မရော တိုက်ပွဲအတွင်း သိမ်းဆည်းထားသော လက်နက်များပြန်ပေးရန် ညှိနှိုင်းထားသည်ဟု DKBA ဘက်က ပြောသည်။
ဒီကေဘီအေသည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာတွင် ပမာဏအပစ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် လေးကြိမ် တပ်မတော်နှင့် ရင်ဆိုင် ထိတွေ့မှု ဖြစ်ဖူးသည်။
Mizzima
 ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စတုခ်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏နယူးကာဆယ်နည်းပြ အနာဂတ် မသေချာတော့ဟု အလန်ပါဂျူးဝန်ခံ

 Photo: စတုခ်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏နယူးကာဆယ်နည်းပြ အနာဂတ် မသေချာတော့ဟု အလန်ပါဂျူးဝန်ခံ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်

ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် စတုခ်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နယူးကာဆယ် အသင်းနည်းပြ အလန်ပါဂျူးက ၎င်း၏အနာဂတ်မှာ မသေ ချာတော့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ သို့သော် အလန်ပါဂျူးက နယူးကာဆယ် နည်းပြအဖြစ်ဆက်လက်ရှိနေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြော သည်။
နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်တွင် ၃ ပွဲသရေ ၃ ပွဲရှုံးဖြင့် အမှတ်ပေးဇယားအောက်ဆုံး ဒုတိယနေရာသို့ ရောက်ရှိနေ သည်။ နယူးကာဆယ်အသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက် ပရိသတ်များမှာအလွန်စိတ်ပျက် လျက်ရှိနေကြသည်။

နယူးကာဆယ်ပရိသတ် ၁၇၅၀ ဦးသည် စတုခ်စီးတီးကွင်းသို့လိုက်လံအားပေးခဲ့ကြပြီး ပထမပိုင်းမှာတင် အလန်ပါဂျူးကို ရာထူးမှ နုတ်ထွက်ပေး ရန်တောင်း ဆိုခဲ့ကြသည်။ ပွဲအပြီးတွင်လည်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပါဂျူးကို ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည်။

“ပရိသတ်တွေက သူတို့ယုံကြည်ရာ၊ သူတို့ အမြင်ကို ရိုးရိုးသားသား ဖွင့်ချပြ တယ်လို့ ယုံကြည် ပါတယ်။ ပွဲအပြီးမှာ လက်ခုပ်တီး နှုတ်ဆက်ပြီး သူတို့ရဲ့အမြင် ကို လေးစားကြောင်း ပြသခဲ့ပါတယ်။ ဒီအခြေ အနေကနေ ကျွန်တော် ပုန်းကွယ်နေမှာ မဟုတ်ပါဘူး။ ဒါက အလွန် အရေးကြီးတဲ့ မေးခွန်းတစ်ခုဆိုတာ သိပါ တယ်။ ဒါကို အဖြေပေးနိုင် ဖို့အတွက် အလုပ်ကို အကောင်းဆုံး ကြိုးစားပြီး ကျွန်တော့်အရည် အချင်းတွေကို ပြသကာ ရလဒ်ကောင်းတွေဆီ ပြန်လာဖို့ လိုပါ တယ်။ ဒီလိုအခြေအနေမျိုးကို ကျွန်တော်တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ ဒါက ခါးသီးတဲ့ အခြေအနေပါ။ဒါပေမယ့် ကျွန်တော်ကပရော်ရှင်နယ်ဘောလုံး နည်းပြ တစ်ဦးဖြစ်ပါတယ်။ အကောင်း ဆုံးပြန်လည် ကြိုးစား သွားမှာပါ။ ရလဒ်ကောင်း တွေပြန်ရဖို့ ကျွန်တော်တို့ တစ်သင်းလုံး အဆုံးအထိ ကြိုးပမ်းသွားမှာပါ” ဟု အလန်ပါဂျူးက ပြောသည်။

၎င်းအနာဂတ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ပါဂျူးက “ကျွန်တော်မသိသေးပါဘူး။ကစားဖို့ ပွဲစဉ် ၃၂ ပွဲတောင်ကျန်ရှိနေပါ သေးတယ်။ကျွန်တော့်အလုပ် က ကစားသမားတွေကို အကောင်းဆုံးဦးဆောင် နည်းပြပြီး အသင်းရဲ့ အရည်အချင်းကို ပြသဖို့ပါ။ အခုကျွန်တော်တို့ နိုင်ပွဲတစ်ပွဲမှမရသေးပါဘူး။ နိုင်ပွဲရဖို့နဲ့ ပုံစံကောင်းကို မြန်မြန်ရဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်အပတ်က နယူးကာဆယ်အသင်းပိုင်ရှင်မိုက်အက်ရှ်လေက စတုခ်စီးတီးအသင်းကိုရှုံးနိမ့်ခဲ့ပါကအလန်ပါဂျူး၏  အနာဂတ်ပြီးဆုံးပြီဟုအရွှန်းဖောက်   ပြောဆိုထားသည်။အလန်ပါဂျူးကလည်းစတုခ်စီးတီးအသင်းနှင့်ပွဲမတိုင်မီကမိုက်အက်ရှ်လေနှင့် တွေ့ဆုံဆွေးနွေးရာတွင်အဆင်မပြေမှုများရှိထားကြောင်း ၀န်ခံခဲ့သည်။

mizzimaburmese
ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် စတုခ်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နယူးကာဆယ် အသင်းနည်းပြ အလန်ပါဂျူးက ၎င်း၏အနာဂတ်မှာ မသေ ချာတော့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ သို့သော် အလန်ပါဂျူးက နယူးကာဆယ် နည်းပြအဖြစ်ဆက်လက်ရှိနေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြော သည်။နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်တွင် ၃ ပွဲသရေ ၃ ပွဲရှုံးဖြင့် အမှတ်ပေးဇယားအောက်ဆုံး ဒုတိယနေရာသို့ ရောက်ရှိနေ သည်။ နယူးကာဆယ်အသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက် ပရိသတ်များမှာအလွန်စိတ်ပျက် လျက်ရှိနေကြသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု ၇၀ ရာခိုင်နှုန်း မြင့်တက်လာရန် ဆက်သွယ်ရေး ကုမ္ပဏီလေးခု ဆောင်ရွက်မည်ဟုဆို


ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုနိုင်မှု  ရာခိုင်နှုန်းကိုလာမည့် ၂၀၁၅ အကုန်တွင် လက်ရှိအနေအထားမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo Myanmar, Telenor Myanmar, MPT နှင့် YTP တို့က ရည်မှန်းထားကြောင်း သတင်းရရှိသည်။

Oil & Gas ပြပွဲကြီး ကျင်းပမည်

oil&gas
အမေရိကန်၊ အင်္ဂလန်က ကုမ္ပဏီတွေအပါအ၀င် နိုင်ငံပေါင်း ၂၀ ကျော်က ကုမ္ပဏီ ၁၃၀ လောက် ပါဝင်မယ့် Oil & Gas ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းဆိုင်ရာပြပွဲကြီးတခုကို ကျင်းပမယ်လို့ စင်ကာပူပြပွဲ ၀န်ဆောင်မှုကုမ္ပဏီက စက်တင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စောတိုက်ဂါးနှင့် KNLA-PC တို့၏လမ်းခွဲပျက်စဲခြင်းနောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်

လွန်ခဲ့သည့်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA-PC ၏ဗဟိုဦးစီးကော်မတီ မှ ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ဒေါက်တာတင်မိုသီဆိုသူမှာသြစတေးလျ နိုင်ငံသူတစ်ဦးနှင့်အကြောင်းပါခဲ့သူဖြစ်ပြီး ထိုနိုင်ငံတွင်နေ ထိုင်ကာ ဗိုလ်ချုပ်ကြီးမြတို့လက်ထက်ကတည်း ကပင် KNU၏ငြိမ်းချမ်းရေး သံတမန်ကဲ့သို့ တာဝန်ထမ်းဆောင်ခဲ့ဘူးသူတစ်ဦးဖြစ်ပေသည်။ 
ဗိုလ်ချုပ်စောဌေးမောင် အလင်းဝင်စဉ် ကာလတွင် KNLA-PC နောက်သို့လိုက်ပါလာခဲ့သူဖြစ်ပြီး KNLA-PC ခေါင်းဆောင်ပိုင်းတွင်သူ့ခြေသူ့လက်ဖြင့်ထင်တိုင်းကြဲနေသူလည်း ဖြစ်ပေသည်။ KNLA-PC တပ်ဖွဲ့၏ ဗဟိုဦးစီးကော်မတီ တွင်တာဝန် ထမ်းဆောင် ခဲ့သော သူတစ်ဦးလည်းဖြစ်သလို တပ်ဖွဲ့အတွင်းတွင်လည်း လက်ရှိခေါင်းဆောင် စောဌေးမောင် မရှိတော့ပါက ခေါင်းဆောင်ပိုင်း ရာထူးကို မျက်စပစ်နေ သူတစ်ဦးဖြစ်ပြီး တပည့်တပန်းများ မွေးမြူကာ တစ်စင်ထောင်နေသူလဲဖြစ် ပေ သည်။ သူ၏တပည့်တပန်းများတွင် အားအကိုးရဆုံးနှင့် သူကြိုးဆွဲရာကသည့် အမာခံတပည့်တစ်ဦး ရှိပေသည်။ ထိုသူကတော့ အားလုံးသိရှိကြသည့် ဗိုလ်မှူးကြီးစောတိုက်ဂါး ပင် ဖြစ်ပေတော့သည်။

ပန်းလှိုင်မြစ် ပြန်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး နိုဝင်ဘာတွင် စတင်တူးဖော်မည်

ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး လာမည့်နိုဝင်ဘာလတွင် စတင်တူးဖော်သွားမည်ဟု ဆည်မြောင်းဦးစီးဌာန၊ လှည်းကူးမြို့နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် သီးသန့်ရန်ပုံငွေဖြင့် ပန်းလှိုင်မြစ် ပြန်လည်ပြုပြင်တူး ဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် မြေကြီး လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါများ ပေးသွင်းရန် စက်တင်ဘာ ၂၉ ရက်တွင် စတင်ခေါ်ယူထားသည်။“မြစ်ကြောင်းအတိုင်း မြေကြီးတူးဖော် မယ့်ကုမ်္ပဏီကို ရွေးချယ်ပြီးသွားတာနဲ့ လုပ်ငန်းစတင်သွားမယ်။ ၂၀၁၅ ခုနှစ် မတ်လအတွင်း မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်း ပြီးစီးအောင် လုပ်သွားမယ်။ မြစ်တွင်းမြစ် ကြောင်းအပြင် မြစ်ဘေးလမ်းကိုပါ မြေဖို့ပြီး သွားလာလို့ရအောင် ဖောက်လုပ်သွားမယ်” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။

အလျင်စလို ကောက်ချက်မချကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆို

Photo: အလျင်စလို ကောက်ချက်မချကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆို

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေ အဆုံးသတ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုလိုက်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေတွေ အပေါ် အဆောတလျင် ကောက်ချက်မချကြဖို့၊ အပြစ်တင်မစောကြဖို့ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာအပေါ် အလျင်စလိုကောက်ချက်မချခင်၊ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူမျိုးစုံလင်ထွေပြားမှု၊ အဲ့ဒါတွေအပေါ် အခြေခံတဲ့ ရှုတ်ထွေးမှုတွေကို အသေအချာ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်၊ မိမိတို့အနေနဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းတရားကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်တွင်းက ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို ဦးတည်ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် အစိုးရဟာ လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ထဲက ၁၄ ဖွဲ့နဲ့ ဆွေးနွေးဆောင်ရွက်နေရာမှာ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးပန်းတိုင်နဲ့ နီးကပ်လာနေပြီလို့ ယုံကြည်ကြောင်း၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဥပဒေနဲ့ တားဆီးအရေးယူနေကြောင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း ပေးထားပြီး ဖြစ်ကြောင်း၊ အဲဒါကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမယ့် လူ့အခွင့်အရေးကောင်စီရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေတော့မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လက သတင်းသမားတွေ ဖမ်းဆီးတရားစွဲထောင်ချ ခံခဲ့ရပြီးတဲ့နောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အခုလိုပြောကြားခဲ့တာဖြစ်ကြောင်း AP သတင်း ကဖေါ်ပြပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကလည်း စာပေစိစစ်ရေး ဆင်ဆာမရှိတော့ပေမဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပြောဆိုကြပါတယ်။
ဒါ့ပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ နောက်ပြန်ဆုတ်သွားနေတယ်လို့လည်း ဝေဖန်ကြပါတယ်။
RFA Burmeseမြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေ အဆုံးသတ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုလိုက်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေတွေ အပေါ် အဆောတလျင် ကောက်ချက်မချကြဖို့၊ အပြစ်တင်မစောကြဖို့ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာအပေါ် အလျင်စလိုကောက်ချက်မချခင်၊ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူမျိုးစုံလင်ထွေပြားမှု၊ အဲ့ဒါတွေအပေါ် အခြေခံတဲ့ ရှုတ်ထွေးမှုတွေကို အသေအချာ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်၊ မိမိတို့အနေနဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းတရားကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်တွင်းက ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို ဦးတည်ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် အစိုးရဟာ လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် ဒုတိယလူ

နှမလက်လျှော့ပြီး ဒုတိယလူ ရှာမည်လော။ ဆက်လက်တိုက်ပွဲ ဝင်မည်လော။
စစ်အစိုးရလက်ထက် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရသည့် အချက်များ ပါနေပြီး ယင်းကိုပြင်ဆင်ရန် တိုက်ပွဲက မရေမရာ ဖြစ်နေချိန် မေးခွန်းများ ထွက်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲအထိ ထိုသို့ ဆက်လက် ပိတ်ပင်ခံထားရပါက သမ္မတ နေရာအတွက် မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ရထားသည်ဟု ဆိုနိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မည်သူ့ကို သမ္မတ အမည်စာရင်း တင်သွင်းမည်နည်း။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို အမျိုးသားလွှတ်တော်က အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်က အစုအဖွဲ့နှင့် ယင်းလွှတ်တော် နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ပေါင်းကာ ဖွဲ့စည်းထားသော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်သည်။

ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှကျောက်ပျဉ်ဖြင့်ထု၍အစ်ကိုသေဆုံး

မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့စက်ရုံရပ်ကွက်ပြည်တော်အေး(၃)လမ်းတွင်စက်တင်ဘာ၁၈ရက်ည ၉ နာရီခန့်က တရားလို မအိအိဝင်းနှင့် အစ်ကိုဖြစ်သူ အောင်အောင်လွင်တို့ နေအိမ်၌ရှိနေစဉ်ညီအစ်ကိုအရင်းဖြစ်သူ ကျော်ကျော်လွင်ကအရက်မူး၍ ရောက်ရှိလာပြီး ညီအစ်ကိုချင်းတစ်ယောက်တစ်ခွန်း စကားများရာကျော်ကျော်လွင်၏ဇနီးပန်းအိဖြူ တုတ်ကိုင်၍ ရောက်ရှိလာပြီးညစ်ညမ်းစွာဆဲဆိုကာမအိအိဝင်း က၀င်ရောက်ဖျန်ဖြေစဉ် ကျော်ကျော်လွင်က အနီးရှိကျောက်ပျဉ်ဖြင့် အောင်အောင်လွင်အားထုရာဦးခေါင်းဝဲဘက်ချိုစောင်း ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊၀ဲဘက်နား သွေးထွက်ဒဏ်ရာ၊ရင်ဘတ်ပေါက်ပြဲဒဏ်ရာနှင့်မအိအိဝင်းတွင် နဖူးပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိ၍ မအိအိဝင်းက တရားလိုပြုလုပ်၍ အောင်လံမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်တန်းရာဒုရဲအုပ်စိုးမင်းထွန်းက(ပ)၁၀၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၃၂၅/၂၉၄/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။

တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများမကျေနပ်

သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင် တဦးကပြော ပါသည်။
မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ ဦးဆွေအား လူသတ်မှုတရားခံဟု သံသယရှိကာတောင်ကြီးမြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့် မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ တို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေးပါတီမရှိဘဲဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက်လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

Photo: နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Tuesday, September 30, 2014

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက်လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
နိုင်ငံရေးပါတီဆိုတာ အခုခေတ်မှာ လိုအပ်လို့ ရှိရတာ။ တိုက်ရိုက်ဒီမိုကရေ စီလို့ ပြောလို့ရတယ်။ တိုက်ရိုက်ဒီမိုကရေစီ မဟုတ်တဲ့ခေတ်မှာဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ သွယ်ဝိုက်ဆိုတာက ပါတီဒီမိုကရေစီပေါ့။ တချို့ဟာဆိုရင် ပါတီ နိုင်ငံရေးနဲ့ အမျိုးသား နိုင်ငံရေးကို ခွဲခြားပြီးပြောတယ်။ ဒါကအမှန်ပြောရရင် အရင်နှစ် ၂၀ တုန်းက အန်အယ်လ်ဒီကို တိုက်ချင်လို့ ပြောတာ။ အန်အယ်လ်ဒီက ပါတီ နိုင်ငံရေးလုပ်နေလို့ပေါ့။ ပါတီနိုင်ငံရေးဟာ နိမ့်ကျတယ်၊  အမျိုးသားနိုင်ငံရေးဟာ မြင့်တယ်လို့ပြောတယ်။ တကယ်တော့ ပါတီနိုင်ငံရေးပဲ လုပ်လို့ရတယ်။ အခုခေတ်မှာတော့ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ခွဲခြားပြီးတော့ ပြောတာဟာ ပွင့်ပွင့်လင်းလင်းပြောရင် ရိုးသားမှုမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ နိုင်ငံရေးပါတီမရှိဘဲနဲ့ ဒီခေတ်မှာ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရဘူး။ အဲ့တာတော့ ရိုးရိုးလေးနဲ့ နားလည်ဖို့လိုတယ်။ နိုင်ငံရေးပါတီဆိုတာ ဒီခေတ်ရဲ့ လိုအပ်ချက်အရ ပေါ်လာတာ။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစပြီးကျင့်သုံးနေတဲ့ ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံရေးပါတီတွေ အများကြီးပေါ်တတ်ပြီ အရေးကြီးတာက ကိုယ့်ပါတီရဲ့ အခန်းကဏ္ဍကို နားလည်ဖို့လိုကြောင်း၊ သိပ်ပြီးအထင်ကြီးလို့မဖြစ်သလို လျှော့တွက်လို့လည်း မရဘူးလို့ ပြောပါတယ်။

DVB 

RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့ကြားက ပဋိပက္ခ တင်းမာနေ၍ ဒေသခံတို့ စိုးရိမ်ထိတ်လန့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လွင်ခရိုင်၊ မိုင်းပွန်တိုက်နယ်အတွင်းတွင် စက်တင်ဘာလလယ်မှစတင်ကာ ဖြစ်ပွားခဲ့သော RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့၏ ပဋိပက္ခမှာ တင်းမာနေဆဲဖြစ်၍ ဒေသခံအချို့ စိုးရိမ်ထိတ်လန့်နေကြကြောင်း ယင်း ဒေသခံများထံမှ သိရသည်။ အဆိုပါတိုက်နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လုံအောင်ကျေးရွာနှင့် စံပူးကျေးရွာကြားတွင် နယ်မြေရှင်းလင်းဆောင်ရွက် နေသော PNO ပြည်သူ့စစ်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့၌ RCSS/SSA ထောင်ထားသောမိုင်းတစ်လုံး နင်းမိ ပေါက်ကွဲခဲ့ရာ ပြည်သူ့စစ် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“ဒဏ်ရာရတဲ့ ၃ ယောက်လုံး တောင်ကြီးဆေးရုံပို့လိုက်ရတယ်၊ အခုထိဆေးရုံကမဆင်းရသေးဘူး၊ ဒါဟာငါတို့အဖွဲ့ကို သက်သက်မဲ့ရန်စတာ၊ အဲဒီကိစ္စအတွက် လုံးဝမကျေနပ်ဘူး” ဟု PNO ပြည်သူ့ စစ်ခေါင်းဆောင် တစ်ဦးကဆိုသည်။

မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ်မှားကာ ရေနစ်သတ်

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၆) ရပ်ကွက်တွင် လွန်ခဲ့သော လေးရက်က ရေနစ်သေဆုံးခဲ့သော ၂ နှစ်အရွယ် ကလေးငယ်၏ အမှုကို စစ်ဆေးရာမှ သေဆုံးသူ၏ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ် ရာမှ ရေနစ်သတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာ ခံ မှာ ပြော လိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ 

စက္ကန့်ပိုင်း အတွင်း လူကြီးအဖြစ် ပြောင်းသွားသည့် ဖြစ်ရပ်ဆန်းကို လိုင်ဘေးရီးယား သတင်းစာ ဖော်ပြ

DailyObserver
သဘာဝလွန် ထူးထွေ ဆန်းကြယ်လွန်းသည့် အဖြစ်သနစ်တစ်ရပ် အာဖရိကတွင် အမှန် တကယ် ဖြစ်ပျက် ခဲ့ရာ ဒေသတွင်း သတင်းစာများ၏ မျက်နှာဖုံး များတွင် စာလုံး မည်းကြီးဖြင့် ဖော်ပြခြင်း ခံခဲ့ရသည်။ လသား အရွယ် ကလေးငယ် တစ်ဦး စက္ကန့်ပိုင်း အတွင်း လူကြီးအရွယ် ဖြစ်သွားခြင်း အကြောင်း လိုင်ဘေးရီးယား နိုင်ငံထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သည့် Daily Observer က
အထူးသတင်း တစ်ရပ် အဖြစ် ဖော်ပြ ခဲ့သည်။
ယင်းသတင်းကို ဖော်ပြခဲ့သည်ဟု မယ်ရာ သတင်းစာမှ ဖော်ပြခဲ့သည့် လိုင်ဘေးရီးယားထုတ် Daily Observor သတင်းစာ မျက်နှာဖုံး။ ဓာတ်ပုံ - Mirror
ယင်း သတင်းစာတွင် မိခင်ဖြစ်သူ၏ မျက်စိအောက်တွင်ပင် လူကြီး တစ်ယောက်အဖြစ်သို့ စက္ကန့် ပိုင်း

ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်

ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေး ရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်း တတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။