Saturday 21 November 2015

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်

ပညာရေး ၀န်ကြီးဌာနမှ တင်သွင်းထားသည့် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လက်ခံဆွေးနွေးခြင်း မရှိဘဲ ဆိုင်းငံ့ထားရန် အမျိုးသား လွှတ်တော်မှ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့၊ ပထမအကြိမ်၊(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်မှ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းက သူနဲ့ဆက်နွှယ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်မှုမရှိလို့ ဆိုင်ငံ့ထားဖို့ တင်ပြတာပါ””ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးဝင်းမောင်က ပြောသည်။

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းပါ ကျောင်းတည်ထောင်ရန် ဖော်ပြချက်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများဖြင့် ညီညွတ်မှုမရှိဘဲ မြန်မာနိုင်ငံတွင် နှစ်ကာလ ကြာရှည်စွာ ဖွင့်လှစ်ထားသည့် သံရုံး၊ သံတမန် မိသားစုများသာ တက်ရောက်ရန် ရေးဆွဲရန် မသင့်ဘဲ နိုင်ငံသားများပါ တက်ရောက် သင်ကြားနိုင်ရန် ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

““ဒီအချက်တွေကို နိုင်ငံတော်သမ္မတဆီ တင်ပြပြီးပါပြီ””ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးဝင်းမောင်က ပြောသည်။

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ ကော်မရှင်မှ ပညာရှင်များ၊ ပညာရေး ၀န်ကြီးဌာနမှ ထင်ရှားသော ပုဂ္ဂိုလ်များဖြင့် အကြိတ်အနယ် ဆွေးနွေးပြီးမှ အမျိုးသား လွှတ်တော်တွင် ဆက်လက် မဆွေးနွေးဘဲ ဆိုင်းငံ့ရန် အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
messenger

No comments:

Post a Comment