Sunday 6 July 2014

ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ

Photo: ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ
Sunday, July 6, 2014

မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်းအတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

 ‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း ပွဲကြည့် သူ ၂၀၀ ဝန်းကျင်လောက် ဇာတ် ခုံပေါ်တက်ကြည့်တာ ဖြစ်ပါ တယ်’’ဟု အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ တွဲဖက်မန်နေဂျာ ဦးကျော်ဦးကပြောသည်။

‘‘ဇာတ်ခုံပြိုကျမှုကြောင့် ဆပ်ကပ်ပွဲလာကြည့်သူတစ်ဦး ကျိုးတယ်။ ၁၅ ဦးဒဏ်ရာ အနည်းငယ်ရတယ်’’ဟု မုံရွာမြို့နယ် အလုံရပ် ကွက်နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဇာတ်ခုံပြိုကျမှုကြောင့် ဆပ် ကပ်အဖွဲ့တွင်ပါဝင်ဖျော်ဖြေလေ့ ရှိသည့် မျောက်လိမ္မာဖိုးပိန်သေ ဆုံးသွားကြောင်း အဆိုပါဆပ်ကပ် အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။

အဆိုပါ ဆပ်ကပ်အဖွဲ့တွင် ဆင်တစ်ကောင်၊ မြင်းတစ်ကောင်၊ ဆိတ်တစ်ကောင်၊ မျောက်နှစ် ကောင်နှင့်  လူ ၇၀ ခန့်ပါဝင်ကပြခဲ့ကြောင်းသိရှိရသည်။

ဆပ်ကပ်အဖွဲ့ဖျော်ဖြေနေစဉ် သံထည်ဇာတ်ရုံမှ ဇာတ်ခုံပြိုကျခဲ့ ခြင်းနှင့်ပတ်သက်၍ မုံရွာမြို့၊ အလုံရပ်ကွက်နယ်မြေခံရဲတပ်ဖွဲ့ စခန်းမှ စုံစမ်းစစ်ဆေးမှုများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily
မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်း အတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့ တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း

ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ

Photo: ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ
Sunday, July 6, 2014

ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ပထမရက်တွင် ၁၄၅ ဦး ကို ထိန်းသိမ်းခဲ့ပြီး ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဒုတိယနေ့ ပုသိမ်ကြီး မြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၁ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ပထမဆုံးက ဒုတိယနေ့ထက်များပေမယ့် အားလုံးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လုံးဝလွှတ်မပေးတော့ဘဲ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။ လတ်တလော မန္တလေးမြို့လုံခြုံရေး အတွက် တိုင်းရဲတပ်ဖွဲ့အပါအဝင် ရွှေစာရံ၊ စစ်ကိုင်း၊ ပုလိပ်ရဲတပ်ရင်းများနှင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှလည်း အင်အားပူးပေါင်းပါဝင် ဆောင်ရွက်နေသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့သော ချမ်းအေးသာစံမြို့နယ် ၈၃ နှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အလုပ်သမားမိန်းကလေးအား မုဒိမ်းကျင့်အမှုဖွင့်ထားသည့်ကိစ္စနှင့် ဆက်နွယ်သော ကောလာဟလများ အင်တာနက်တွင် ပျံ့နှံ့ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ် ပြန်အရေးယူမှုများဖြစ်ပွားခြင်း ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးဈေးချိုနာရီစင်တစ်ဝိုက် သွားလာနေသော ဒေသခံအချို့နှင့် လုံခြုံရေးကားတစ်စီးအား တွေ့ရစဉ်
Eleven Media Group
ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် Viber မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မန္တလေးမြို့၌ ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆရာတော်များ မိန့်ကြား

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် အကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ လုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆရာတော်များက မိန့်ကြားခဲ့သည်။

ဇူလိုင် ၁ ရက်မှ ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် လူစုလူဝေးများဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မန္တလေးမြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိခဲ့ဘဲ ပဋိပက္ခများ ပိုမိုမဖြစ်ပွားလာစေရန်အတွက် ဝင်ရောက်ထိန်းသိမ်း စောင့်ရှောက်မှုများသာ လုပ်ဆောင်ခဲ့ကြကြောင်းကို မန္တလေးမြို့ခံသံဃာတော်များက မိန့်ကြားခဲ့သည်။

အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ

Photo: အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ
Sunday, July 6, 2014

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ 

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြု သဖြင့် ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။
*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြော ဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ 
ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

*ကော်ဖီမစ်များ ( Coffeemix)

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ 
၎င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန် ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ 

ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ ၊ နှလုံးသွေးကြော ပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

ဧရာဝတီ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါ တို့ကို ဖြစ် ပွားစေသည်။

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ