Sunday 7 April 2013

မြောက်ကိုရီးယားက ဒီသတင်းပတ်ထဲ ဒုံးကျည်ပစ်လွှတ်လိမ့်မယ်လို့ ယူဆကြောင်း တောင်ကိုရီးယားအစိုးရက မနေ့က ပြောဆို


မြောက်ကိုရီးယားက ဒီသတင်းပတ်ထဲ ဒုံးကျည်ပစ်လွှတ်လိမ့်မယ်လို့ ယူဆကြောင်း တောင်ကိုရီးယားအစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ ၀န်းကျင်လောက်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ 
ဒါပေမဲ့ အခုအချိန်အထိတော့မြောက်ကိုရီးယားက ဒုံကျည်ပစ်လွှတ်ဖို့ ကျည်တင်ထဲ့တာ ရှင်းရှင်းလင်းလင်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဒီလိုစတင်စစ်ပြင်မယ်ဆိုရင် သူတို့ ရရှိလာမဲ့ ထိခိုက်မှုဟာ အလွန်တရာ များလိမ့်မယ်လို့ တောင်ကိုရီးယားက သတိပေးလိုက်ပါတယ်။

နှစ်နိုင်ငံပူးတွဲဖွင့်လှစ်ထားတဲ့ စက်မှုဇုံမှာ ကုမ္ပဏီပေါင်း ၁၃ ခုရှိပြီး အခု အလုပ်သမား ၅ရာကျော် ပြန်လည်ထွက်ခွါခဲ့ကြပါပြီ။ ကျန် ၃၉ ဦးကတော့ ဒီကနေ့ ထွက်ခွါရမှာပါ။ 

မြောက်ကိုရီးယားဟာ နေ့စဉ်နေ့တိုင်း သတင်း ခေါင်းကြီးပိုင်းမှာ စစ်ပြင်နေတဲ့သတင်းတွေပုံတွေကို ဖော်ပြပြီး လူတွေကို
ကြောက်လန့််တကြားဖြစ်စေမယ့် ပရိယာယ်ကို အသုံးပြုနေတယ် လို့ တောင်ကိုရီးယား အစိုး၇က ပြောဆိုပါတယ်။ Z

ကိုးကား- http://www.cnn.com/2013/04/07/world/asia/koreas-tensions/index.html?hpt=hp_t1

Burma-Newselite


မြောက်ကိုရီးယားက ဒီသတင်းပတ်ထဲ ဒုံးကျည်ပစ်လွှတ်လိမ့်မယ်လို့ ယူဆကြောင်း တောင် ကိုရီးယား အစိုးရက မနေ့က ပြောဆိုလိုက်ပါ တယ်။
ဧပြီလ ၁၀ ရက်နေ့ ၀န်းကျင်လောက်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ 
ဒါပေမဲ့ အခုအချိန်အထိတော့မြောက်ကိုရီးယားက ဒုံကျည်ပစ်လွှတ်ဖို့ ကျည်တင်ထဲ့တာ ရှင်းရှင်း လင်းလင်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။


ကြက်ဥကြော်ရာက မီးလောင်မှုဖြစ်

၆-၄-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့ကင်းသာ ကျေးရွာအုပ်စု၊ တဲကူးရွာနေ ဦးစိုးသိန်း(၄၃)နှစ်၏ နေအိမ်မီးဖိုချောင်တွင် ကြက်ဥကြော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်တဲ ၂၁ လုံး၊ (၃)ပင်/(၄)ပင် သွပ်မိုး၊ အုတ်နံရံကပ် ၁ လုံး၊ စုစုပေါင်းနေအိမ်(၂၂)လုံး အား လောင်ကျွမ်းခဲ့ပြီး ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၆၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။

ရန်ကုန်တွင် One Stop Services ဌာနဖွင့်လှစ်မည်

ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများအား တစ်နေရာတည်း၌ အပြီး ဝန်ဆောင်မှုပေးနိုင်မည့် One Stop Services ဌာနကြီးကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီး ဌာန၊ မြန်မာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဂုဏ်ပြုကြိုဆို

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဂုဏ်ပြုကြိုဆို
Sunday ,April 07, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

 

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာသို့ ရောက်ရှိလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတအား တရုတ်နိုင်ငံသမ္မတဘက်မှ တက်ရောက်ကြသူများ နှင့် မိတ်ဆက်ပေးသည်။ အလားတူ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူ ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

 

ယင်းနောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။  ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတြ မန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

 

ထို့နောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကြသည်။

 

ဆက်လက်၍ နှစ်နိုင်ငံသမ္မတတို့အား ဂုဏ်ပြုတပ်ဖွဲ့က အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

နိုင်ငံတော် သမ္မတရုံး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

အမေရိကန် နိုင်ငံသား ၈၀၀၀ ကို ရွေးချယ်၍ Google အင်တာနက်မျက်မှန် ရောင်းချမည်

Photo: အမေရိကန် နိုင်ငံသား ၈၀၀၀ ကို ရွေးချယ်၍ Google အင်တာနက်မျက်မှန် ရောင်းချမည်
Sunday ,April 07, 2013

ယခုနှစ် အကုန်ပိုင်းအထိ ဈေးကွက်ထဲ ရောက်ရှိလာဖို့ရန် သေချာမှုမရှိသည့် Google Glass အင်တာနက် မျက်မှန်အား အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုရွေးချယ်၍ ယခုလပိုင်းအတွင်း အစောဆုံး ရောင်းချသွားရန် Google က တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်သည်။ ၎င်းအင်တာနက် မျက်မှန်ပုံကြမ်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း အချောသပ် ဖန်တီးသူ  Developer များက စိတ်ကျေနပ်သည့် အတိုင်းအတာအထိ ပြုလုပ်ကြရာတွင် နှောင့်နှေးမှု ရှိနေခြင်းကြောင့် ဈေးကွက်အတွင်း ရောက်ရှိရန် ကြန့်ကြာနေရသည်။ ခန့်မှန်းမှုများအရ လာမည့်နှစ် အစောပိုင်းအထိပင် ဈေးကွက်အတွင်း၌ ရောင်းချမည့် အစီအစဉ်မှာ ဖြစ်လာနိုင်ဖွယ် မသေချာသေးကြောင်း သိရပြီး ယခု Google မှ စမ်းသပ်ထုတ်လုပ်ထားသည့် ဗားရှင်းကို သာ အစောဆုံး ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

နာမည်ကျော် Foxcomm စက်ရုံတွင် ထုတ်လုပ်နေပြီဖြစ်သော ယင်းမျက်မှန် အမျိုးအစားများကို ကံထူးသူ အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုသာ ရွေးချယ်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် မျက်မှန်ကို ရရှိရန် ဒေါ်လာ ၁၅၀၀ ပေးရမည်ဖြစ်သည်။ Google အနေဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်သည့် လက်ပတ်နာရီကို ထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းထွက်ပေါ်လာခဲ့သည်။ ယင်းအချက်များကြောင့် ၂၀၁၄ ခုနှစ်အတွင်း Google ၏ နည်းပညာ ထုတ်ကုန်ပစ္စည်း ဖန်တီးမှုဆိုင်ရာ ပစ်မှတ်မှာ ဝတ်ဆင်နိုင်သည့် ကွန်ပျူတာ စနစ်များသာ ဖြစ်နိုင်ကြောင်း ခန့်မှန်း သုံးသပ်မှုများလည်း ရှိနေသည်။ Google Glass ဝယ်ယူရန် ရွေးချယ်ခံရသူများ အနေဖြင့် နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို စသည့်မြို့များသို့လည်း လည်ပတ်ခွင့်ရရန် စီစဉ်ပေးသွားမည် ဖြစ်သည်။
zz

goldmyanmarယခုနှစ်အကုန်ပိုင်းအထိ ဈေးကွက်ထဲ ရောက်ရှိလာဖို့ရန် သေချာ မှုမရှိသည့် Google Glass အင်တာနက် မျက်မှန်အား အမေရိကန်နိုင်ငံ သား ၈၀၀၀ ကိုရွေးချယ်၍ ယခုလပိုင်းအတွင်း အစောဆုံး ရောင်းချ သွားရန် Google က တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်သည်။ ၎င်းအင်တာနက် မျက်မှန်ပုံကြမ်းကို ၂၀၁၂ ခုနှစ်ကတည်းက

အင်္ဂလန်သက္ကသိုလ်အသိအမှတ်ပြုဘာသာရပ်သစ်အတွက်ဝင်ခွင့်လျှောက်နိုင်

Photo: အင်္ဂလန်သက္ကသိုလ်အသိအမှတ်ပြုဘာသာရပ်သစ်အတွက်ဝင်ခွင့်လျှောက်နိုင်
Sunday ,April 07, 2013


အင်္ဂလန်တက္ကသိုလ် Univer sity of Glamorgan မှပေးအပ် သော စင်ကာပူနိုင်ငံH MDIS  တွင်  လေ့လာသင်ယူရမည့်MSC in Computing and Information Systemsဘာသာရပ်သစ်ကိုMDIS Meit Scholarshipစင်ကာပူဒေါ်လာ(၄၀၀၀)နှင့်အတူ  ၀င်ခွင့်များ စတင်လျှောက်ထားနိုင် ကြောင်းနှင့်အဆိုပါဘာသာရပ်၏  ထူးခြားချက်မှာအိုင်တီဘွဲ့ရ မဟုတ်   သူများ လည်းလျှောက်ထားနိုင် ကြောင်းသိရသည်။

University of Glamorganသည် ဝေလပြည်နယ်တွင်  Compus  သုံးခုဖွင့်လှစ်ထားပြီးနိုင်ငံစုံမှ   ကျောင်းသူ၊သားပေါင်း(၂၂၀၀၀)ကျော်  တက်ရောက်ကြောင်းThe Com plete University Guide (2013) အရ ကွန်ပျူတာသိပ္ပံနယ်ပယ်တွင်   အဆင့်(ဒေ)ရှိကြောင်း၊ University  of Glamorgan ၏ ကွန်ပျူ တာ ဆက်စပ်ဘာသာရပ် သင်ရိုး    ညွှန်းတမ်းကို လက်တွေ့လုပ်ငန်း ခွင်တွင် အသုံးချနိုင်အောင် ပို့ချ သောကြောင့် ကျောင်းပြးအလုပ် အကိုင်အခွင့်အလမ်းများစွာ အထောက်အကူပြုခြင်း၊ကျောင်းသူ၊ သားများအနေဖြင့် ဆော့ဝဲဒီဇိုင်း ၊application ဖန်တီးရေးဆွဲခြင်းများ  ကို အဓိကလေ့လာသင်ယူရမှာဖြစ်   ပြီး သင်ယူရမည့် မော်ဂျူးများမှာ   Professional Skills Developme nt Advance Reseasch Methods Prosect Management ICT  Systems Development နှင့်fh Sof twore Development တို့ဖြစ် ကြောင်းကို CROWN Education တာဝန်ရှိသူတစ်ဦးကပြော သည်။

စက်တင်ဘာလတွင် ကျောင်း    ၀င်ခွင့်ရရှိမှာဖြစ်ပြီး IELTS 6.5ရှိလိုကြောင်း၊IELTS ရမှတ်မရှိ  များမှာIELTS ၏ English Pla cement Testအား  CROWN   Education တွင် အခမဲ့ဖြေဆိုရ မှာဖြစ်ပြီး အဆိုပါပရိုဂရမ်အား    (၁၂)လကြာမြင့်မည်ဖြစ်သော ကြောင့် ပညာသင်ထောက်ပံ့ကြေး   နှင့်ကျောင်းလျှောက်ထားလိုသူများ    အနေဖြင့်CROWN Education အမှတ်(၂၇၀)(ပထမထပ်၊အခန်း  (TC မြေနီကုန်း၊ပြည်လမ်းကောင်း မြတ်မွန်ဆေးခန်းအပေါ်ထပ်၊    ဖုန်း ၀၉-၇၃၂၇၃၂၇၇၊၀၉-၅၀၈၅၁၈၅သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်းသိရသည်။

 ယဉ်ပပထွန်း
HotNewsWeekly အင်္ဂလန်တက္ကသိုလ် Univer sity of Glamorgan မှပေးအပ် သော စင်ကာပူနိုင်ငံH MDIS တွင် လေ့လာသင်ယူရမည့်MSC in Computing and Information Systemsဘာသာရပ်သစ်ကိုMDIS Meit Scholarshipစင်ကာပူဒေါ်လာ(၄၀၀၀)နှင့်အတူ ၀င်ခွင့်များ စတင်လျှောက်ထားနိုင် ကြောင်းနှင့်အဆိုပါဘာသာရပ်၏ ထူးခြား ချက်မှာ အိုင်တီဘွဲ့ရ မဟုတ် သူများ လည်းလျှောက် ထားနိုင် ကြောင်းသိရသည်။

ဆယ်ကျော်သက်တွေ ဘာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကြတာလဲ

Photo: ဆယ်ကျော်သက်တွေ ဘာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကြတာလဲ
Sunday ,April 07, 2013

ကလေးဘဝတုန်းက စောစောစီးစီး အိပ်ရာဝင်တဲ့ အကျင့်ရှိခဲ့ပေမယ့် မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်လည်း ရောက်လာရော၊ စောစော အိပ်ရာဝင်ဖို့ ငြင်းဆန်တတ်ပြီး ညဥ့်နက်မှသာ အိပ်ရာဝင်လေ့ ရှိတတ်ပါတယ်။ မနက်ကျတော့လည်း နေမြင့်တဲ့အထိ အိပ်နေတတ်ကြပါတယ်။

အဲဒီအခါ “ဒီကလေး အကျင့်ပျက်လာပြီ” ဆိုပြီး လူကြီးသူမတွေက မြည်တွန် တောက်တီးတတ်ပေမယ့် တကယ်က သူတို့ ခန္ဓာကိုယ်ထဲက ဓာတ်အပြောင်းအလဲတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။ ကလေးဘဝမှာ အိပ်-နိုး စက်ဝန်းကို ဟန်ချက်ညီအောင် ထိန်းပေးတဲ့ မယ်လတိုနင် ဟော်မုန်းကို ညနေအစောပိုင်း အချိန်ကတည်းက ပိုင်နီရယ်ဂလင်း (Pineal Gland) ကနေ ထုတ်ပေးပါတယ်။ မြီးကောင်ပေါက်စအရွယ် အသက် ၁၀ နှစ်- ၁၄ နှစ် ဝန်းကျင် ရောက်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းဟာ ည ၉ နာရီ ဒါမှမဟုတ် ၁၀ နာရီ ဝန်းကျင်လောက်မှာမှ ထွက်လာပါတယ်။

“ဒီလို ပြောင်းလဲမှုကြောင့် ဆယ်ကျော်သက် အများစုဟာ ည ၁၁ နာရီ မတိုင်ခင်မှာ အိပ်မောကျနိုင်စွမ်း မရှိတတ်ပါဘူး” လို့ အိပ်စက်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပါမောက္ခဘရောင်းက ရှင်းပြပါတယ်။ ညဘက်မှာ စောစော အိပ်မပျော်တာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကာ မနက်စောစောမှာ အိပ်ရာမထနိုင်တော့ပါဘူး။ ဆယ်ကျော်သက် လူငယ်တွေက တစ်နေ့မှာ ကိုးနာရီနဲ့အထက် အိပ်စက်ချိန် လိုအပ်တာကြောင့် ညဘက်မှာ ဆုံးရှုံးသွားတဲ့ အိပ်ချိန်ကို မနက်ဘက်မှာ ပြန်လည် အစားထိုးတတ်ကြပါတယ်။

ကြယ်စင်ကလေးဘဝတုန်းက စောစောစီးစီး အိပ်ရာဝင်တဲ့ အကျင့်ရှိခဲ့ပေမယ့် မြီးကောင်ပေါက်စ ဆယ်ကျော်သက် အရွယ်လည်း ရောက်လာရော ၊ စောစောအိပ်ရာဝင်ဖို့ ငြင်းဆန်တတ်ပြီး ညဥ့်နက်မှသာ အိပ်ရာဝင်လေ့ ရှိတတ်ပါတယ်။ မနက်ကျတော့လည်း နေမြင့်တဲ့အထိ အိပ်နေ တတ်ကြပါတယ်။

မြန်မာ့ဆက်သွယ်ရေးလောကထဲဗိုဒါဖုန်းလာတော့မည်

Photo: မြန်မာ့ဆက်သွယ်ရေးလောကထဲဗိုဒါဖုန်းလာတော့မည်
Sunday ,April 07, 2013

ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များ ဆီက မန်ယူအသင်းကိုစပွန်ဆာ  ပေးခဲ့သော ကမ္ဘာအကြီးဆုံးဆက် သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော  ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေးလုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအား လေလံဆွဲရန်ရှိနေသည်ဟု သတင်း ရရှိသည်။
အိုင်ရမ်လူမျိုးကုမ္ပဏီပိုင်ရှင်  များဖြစ်သောMr. Soros နှင့်Denis O’ Brien တို့က “ဆက်သွယ်   ရေးကဏ္ဍဖွံ့ဖြိုးလာမှုက မြန်မာ စီးပွားရေးကို လှုံ့ဆော်ပေးနေသလို  ပါပဲ”ဟု ဆိုသည်။ ကမ္ဘာအချမ်း သာဆုံးပုဂ်္ဂိုလ် (၃၀) တွင် စာရင်း  ပေါက်သောအဆိုပါပုဂ်္ဂိုလ်တို့က   ကန်ဒေါ်လာ ၁၈.၂ ဘီလီယံသုံး စွဲရန်အတွက် ပြင်ဆင်ထားသည်  ဟုသိရသည်။ လာမည့်ဇွန်လအတွင်း ၁၅ နှစ်စာစာချုပ်ကိုရရှိရန်အတွက်  ကြေညာမည်ဟုလည်းဆိုသည်။ “ကမ္ဘာဆက်သွယ်ရေးဈေးကွက်မှာ မြန်မာနိုင်ငံကအသစ်တစ်ခုပါပဲ”ဟု  ၎င်းကဆိုသည်။

 မောင်ယဿ
HotNewsWeeklyပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များ ဆီက မန်ယူအသင်းကို စပွန်ဆာ ပေး ခဲ့သော ကမ္ဘာအကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအား လေလံဆွဲရန်ရှိနေသည်ဟု သတင်း ရရှိသည်။

ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး

တောင်နှင့်မြောက် ကိုးရီးယားအကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးအ တွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိ ရကြောင်း စုံစမ်းသိရှိရသည်။