Saturday 1 November 2014

ကေအင်န်ယူလက်အောက်မှ ရဲတပ်ဖွဲ့ဝင် ငါးဦးကို ကေအင်န်ယူဒုဗိုလ်တစ်ဦးက သေနတ်ဖြင့်ပစ်သတ်ဟုဆို

ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ကေအင်န်ယူထိန်း ချုပ်နယ်မြေတပ်မဟာ(၆)၊ တပ် ရင်း (၁၆)မှ ရဲတပ် ဖွဲ့ဝင်ငါးဦးကို ဒုဗိုလ်အဆင့်ရှိသူတစ်ဦးက သေ နတ်ဖြင့်ပစ်သတ်သောကြောင့် စစ်ခုံရုံးဖွဲ့၍စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

MH370 ပျောက်ဆုံးမှု ပထမဆုံး အမှုဖွင့် တရားစွဲ

Photo: MH370 ပျောက်ဆုံးမှု ပထမဆုံး အမှုဖွင့် တရားစွဲ

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်

ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 နဲ့ အတူ ပါသွားတဲ့ မလေးရှား လူမျိုး ဖခင် တစ်ယောက်ရဲ့ ကျန်ရစ်သူ သား ၂ ယောက်က မလေးရှား လေကြောင်းလိုင်းနဲ့ မလေးရှား အစိုးရ အပေါ် အမှုဖွင့် တရားစွဲဆို လိုက်ပါတယ်။

ဒီအမှုဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က MH370 ပျောက်ဆုံး သွားပြီးကတည်းက ဥပဒေကြောင်း အရ ရင်ဆိုင် စွဲဆိုတဲ့ ပထမဆုံး အမှုအခင်း ဖြစ်ပါတယ်။

စွဲဆိုချက်တွေမှာ လုံခြုံ စိတ်ချရတဲ့ ခရီးစဉ် ဖြစ်အောင် ဆောင်ရွက်စရာ ရှိတာတွေ အားလုံးကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး လေကြောင်းလိုင်းကို စွဲဆိုထားသလို အရပ်ဘက် လေကြောင်း ဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာနနဲ့ လေတပ် တို့ကိုပါ ပေါ့ဆမှု တွေနဲ့ စွဲဆိုထားပါတယ်။

ရှေ့နေတွေဟာ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် Jee Jing Hang ရဲ့ အသက် မပြည့်သေးတဲ့ ကျန်ရစ်သူ သား ၂ ယောက် အတွက် ကိုယ်စားပြု ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

ကွာလာလမ်ပူ ကနေ ဘေဂျင်း မြို့ကို ပျံသန်းတဲ့ MH370 လေယာဉ်ပေါ်မှာ လူ ၂၃၀ ယောက် လိုက်ပါသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 နဲ့အတူပါသွားတဲ့ မလေးရှားလူမျိုး ဖခင်တစ်ယောက်ရဲ့ ကျန်ရစ်သူသား ၂ ယောက်က မလေးရှားလေကြောင်းလိုင်းနဲ့ မလေးရှား အစိုးရ အပေါ် အမှုဖွင့် တရားစွဲဆို လိုက်ပါတယ်။

ခေတ်မမီတော့သည့် မူဝါဒများကြောင့် ပြည်သူ့ကျန်းမာရေး ပိုမိုဆိုးရွားစေဟု MSF သတိပေး

မြန်မာနိုင်ငံအပါအ၀င် တီဘီရောဂါအကြီးအကျယ်ခံစား နေရသော နိုင်ငံများတွင် ဆေးယဉ်ပါး တီဘီရောဂါ ကုသရာ၌ ခေတ်မမီတော့သည့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကြောင့် ပြည်သူ့ကျန်းမာရေးအကျပ်အ တည်းကို ပိုမိုဆိုးရွားစေကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)က သတိပေးချက်ထုတ်ပြန် လိုက်သည်။

ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး ဆောင်ရွက်ရန် အချက်လေးချက် ကမ္ဘာ့ဘဏ်အကြံပြု

Photo: ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး ဆောင်ရွက်ရန် အချက်လေးချက် ကမ္ဘာ့ဘဏ်အကြံပြု
Saturday, November 1, 2014

 မြန်မာနိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အရှိန် မြှင့်တင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု ပြု လုပ်ရန် အခက်အခဲများအဖြစ် ရင်ဆိုင်နေရသော ကဏ္ဍကြီး လေးခုဖြစ်သည့် ငွေကြေးအထောက်အကူရရှိနိုင်မှု၊ မြေ ယာ၊ လျှပ်စစ် ဓာတ်အားကဏ္ဍပြု ပြင်ပြောင်းလဲရေးနှင့် ကျွမ်းကျင် လုပ်သား မွေးထုတ်ရေး တို့သည် အလျင်အမြန်ဆောင်ရွက်ရန် လို အပ်နေသေးကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးဆိုင်ရာ လေ့လာချက် အသစ်တွင် ထောက်ပြထား သည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်မှသာ မျှတမှုနှင့် ပွင့် လင်းမြင်သာမှုရှိသည့် စီးပွားရေး ၀န်းကျင်ကောင်းတစ်ခုပေါ်ထွန်း နိုင်မည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ကာ အလုပ် အကိုင် အခွင့်အလမ်းများ တိုး တက်လာနိုင် မည်ဟု အကြံပြု ဖော်ပြထားသည်။

‘‘ယခု လေ့လာတွေ့ရှိချက် တွေဟာ အစိုးရရဲ့ မူဝါဒချမှတ် ရာမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ် လုပ်မှုမြှင့်တင်ရေး၊ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရေးကို ဖော်ဆောင်နိုင် မယ့် တန်းတူညီမျှရှိတဲ့ စီးပွားရေး ၀န်းကျင်တစ် ခုပေါ် ထွန်းရေးကို ဦးတည်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်’’ ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ အဗ္ဗဒူလာရေဆက်ကပြောသည်။

ကမ္ဘာ့ဘဏ်က စီးပွားရေး လုပ်ငန်းဆိုင်ရာ ကွင်းဆင်းလေ့ လာမှုများကို ၂၀၁၄ နွေရာသီက ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနှင့် ပဲခူးမြို့များတွင် လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းလုပ် ငန်းရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင် များဆောင်ရွက်နေ သည့် စိုက်ပျိုးရေးလုပ်ငန်း မဟုတ်သော စီးပွားရေးလုပ်ငန်း ရှင်များ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ လက်လီရောင်းချသူများနှင့် ၀န် ဆောင်မှု လုပ်ငန်းများမှ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်ကို မေးမြန်းခဲ့မှုမှ အဆိုပါ အချက်များတွေ့ရှိရသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

စစ်တမ်းကောက်ယူခဲ့သော လုပ်ငန်းများမှ လုပ်ငန်းပေါင်း ၂၃ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ်မှုအတွက် ငွေကြေးအ ထောက်အပံ့ရရှိနိုင်မှု အခက်အခဲ သည် ကြီးမားဆုံးသော အတား အဆီးကြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအထဲ တွင် လုပ် ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းသာ  ဘဏ်၌ ငွေစာရင်းဖွင့်ထားမှုရှိပြီး ယင်းမှာ ဒေသတွင်းတွင် အနိမ့်ဆုံးအခြေအနေတစ်ခုဖြစ်နေသည်။

စစ်တမ်းကောက်ယူရန် လေ့လာဆန်းစစ်မှုများပြုလုပ်ရာတွင် လုပ်ငန်းများ၏ ငါးပုံတစ်ပုံမှာ မြေယာကိစ္စကို အဓိက ဖြစ်နေ ကြောင်း ဖော်ပြကြပြီး  ၁၇ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ကျွမ်းကျင်လုပ်သားများအတွက် အဓိက ကန့်သတ်ချက်များဖြစ်နေကြောင်း စစ်တမ်းက ဆိုထားသည်။

 ‘‘လေ့လာတွေ့ရှိချက်က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ ကို ထင်ဟပ်ရုံ မကဘဲ စီးပွားရေး လုပ်ငန်းများ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လေ့လာ ရာမှာ လည်း တခြားနိုင်ငံများနဲ့ ချိန်ထိုး သုံးသပ်ဖို့ အခွင့်အလမ်းများရရှိ မှာဖြစ်ပါတယ်’’ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် မစ္စတာ အဗ္ဗဒူလာရေ ဆက်ကပြောသည်။

‘‘ဒီပြဿနာတွေက အားလုံး သိပြီးသားပဲ။ ဒီအစိုးရတက်က တည်းက ရှိခဲ့တဲ့ ပြဿနာတွေ။ အခုထိမရှင်းနိုင်သေးတာပါ’’ ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်း ရှင်တစ်ဦးကပြောကြားသည်။

လက်ရှိပြည်တွင်း၌ ထုတ် ကုန်လုပ်ငန်းရှင်များသည် လျှပ် စစ်မီး လိုအပ် ချက်၊ ငွေကြေး ထောက်ပံ့လိုအပ်ချက်၊ မြေယာ ဈေးကြီးမြင့်မှုကြောင့် လုပ်ငန်းချဲ့ ထွင်ရန် အခက်အခဲရှိသည့်အပြင် နည်းပညာ မပြည့်စုံမှုတို့ကြောင့် ပြည်တွင်း လုပ်ငန်းရှင်များမှာ ၂၀၁၅ တွင် အာဆီယံစီးပွားရေးအသိုက်အ၀န်း ဖြစ်လာ မည်ကိုပင် ထိတ်လန့်နေကြရကြောင်း ၎င်းကပြောကြားသည်။

7Day DAILY 

ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ ၀င်ရောက်လာမည့်မျှော်လင့်ချက်ဖြင့် တည်ဆောက်ရန် စီစဉ်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း (ဓာတ်ပုံ− kyaukpadaung.wordpress)
ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ ၀င်ရောက်လာမည့်မျှော်လင့်ချက်ဖြင့် တည်ဆောက်ရန် စီစဉ်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း (ဓာတ်ပုံ− kyaukpadaung.wordpress)
 မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခက် အခဲများအဖြစ် ရင်ဆိုင်နေရသော ကဏ္ဍကြီး လေးခုဖြစ်သည့် ငွေကြေးအထောက်အကူရရှိနိုင်မှု၊ မြေယာ၊ လျှပ်စစ်ဓာတ်အားကဏ္ဍပြု ပြင်ပြောင်းလဲရေးနှင့် ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးတို့သည် အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာ လေ့လာချက် အသစ်တွင် ထောက်ပြထားသည်။

အင်တာနက်သုံးလျှင် အသုံးပြုခသက်သာသောနည်းကို တယ်လီနောစီအီးအိုပြော

တယ်လီနောဆင်းမ်ကတ်များဖြင့် အင်တာနက်အသုံးပြု၍ အွန်လိုင်းစာမျက်နှာများ ကြည့်ရှုခြင်း၊ သတင်း အချက်အလက်များရှာဖွေခြင်းများကို Opera Mini Browserဖြင့်ပြုလုပ်ပါက အင်တာနက်အသုံးပြုခ သက် သာစေမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg ကဆိုသည်။

နေပြည်တော် ငါးပွင့်ဆိုင် တွေ့ဆုံပွဲ ထင်ရှားသည့် ရလာဒ်မထွက်သော်လည်း ထပ်မံတွေ့ရန် သဘောတူခဲ့

Photo: နေပြည်တော် ငါးပွင့်ဆိုင် တွေ့ဆုံပွဲ ထင်ရှားသည့် ရလာဒ်မထွက်သော်လည်း ထပ်မံတွေ့ရန် သဘောတူခဲ့
Saturday, November 1, 2014

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည့် ငါးပွင့်ဆိုင်တွေ့ဆုံပွဲတွင် သိသာထင်ရှားသည့် နိုင်ငံရေး ရလာဒ်များ မထွက်ပေါ်ခဲ့သော်လည်း သင့် တင့်သည့် အချိန်တွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြသည်ဟု တွေ့ဆုံပွဲ တွင် ပါဝင်သူများက ပြောသည်။

ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA )ကိုယ်စားပြု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက "သိသာထင်ရှားတဲ့ ရလာဒ်ထွက်တာ မျိုးတော့ မရှိပါဘူး၊ အမြင်ချင်း ဖလှယ်တာလောက်ပဲရှိပါတယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့်ပြောသည်။

ယခုအစည်းအဝေးမှ ရှေ့ဆက်၍ မည်သည့်ကိစ္စများ ပြုလုပ်မည်၊ ရှေ့အလားအလာများကို ပြောဆိုဆွေးနွေးခြင်း မရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ယခုတွေ့ဆုံမှုသည် ပထမဦးဆုံးခြေလှမ်းဖြစ်သည့်အတွက် ရလာဒ်မထွက်နိုင်ကြောင်း၊ ရလာဒ်ထွက်ပေါ်ပါကလည်း ခိုင်မာမည့်ရလာဒ်မဖြစ်နိုင်ဟု သုံးသပ်သည်။

၎င်းက "အကောင်းမြင်ဘက်ကဆို Initiative (အဦးဆုံး) ခြေလှမ်း၊ ပထမဦးဆုံးခြေလှမ်း၊ ပထမဦးဆုံးခြေလှမ်းနဲ့တော့ ပန်းတိုင်ဝင်ဖို့မစဉ်းစားနဲ့၊ ဒီလိုခြေလှမ်းမျိုးကို သူတို့နောက်တစ်ခါလှမ်းဖို့မသင့်တော့ဘူး၊ ဒီထက်ကောင်းတဲ့ခြေလှမ်းမျိုးသူတို့လှမ်းသင့်တယ်’’ ဟု အကြံပြုပြောသည်။

သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ယခုတွေ့ဆုံသူများသည် သက်ဆိုင်ရာအဖွဲ့အစည်းများတွင် ယနေ့ဆွေးနွေးပွဲအကြောင်းကို ပြန်လည်၍ရှင်းပြကာ နောက်တစ်ကြိမ်အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးနိုင်သဖြင့် အောင်မြင်သည်ဟု ဆိုနိုင်သည်ဟု ပြောသည်။

တရားရေးမဏ္ဍိုင်မှ မပါဝင်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများကိုယ်စားပြုသူ ၁၄ ဦးတက်ရောက်ခဲ့ပြီး နောက်ထပ်သင့်လျော်သည့်အချိန်တွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ အုပ်ချုပ်ရေးပိုင်းမှ သမ္မတနှင့် ဒုသမ္မတနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌနှစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တစညကိုယ်စားလှယ် ဦးသိန်းထွန်း၊ ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ညီနောင်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့မှ ဦးခွန်ထွန်းဦး၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးစိုင်းအိုက်ပေါင်းနှင့် ဖယ်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့တို့မှ ဦးခင်မောင်ဆွေတို့တက်ရောက်သည်။

အဆိုပါတွေ့ဆုံမှုသည် ကန်သမ္မတ အိုဘားမား လာမည့်နိုဝင်ဘာလ ၁၁ ရက်နှင် ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ နိုင်ငံရေးဟန်ပြလုပ်ရပ်ဟု ဝေဖန်မှုများရှိသော်လည်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုလိုက်သည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက “အမျိုးသားနိုင်ငံရေး အင်အားစုများအားလုံး နည်လမ်းရှာဖွေရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်" အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၄ ကုန်ပိုင်း သို့မဟုတ် ၂၀၁၅ ခုနှစ်အစပိုင်းတွင် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် အခြေခံမူဘောင်များချမှတ်နိုင်ရန်အရေးကြီးသည်ဟု ဆိုသည်။

၂၀၁၆ ရွေးကောက်ပွဲအပြီးတွင် မည်သူတာဝန်ယူသည် ဖြစ်စေ ၊မည်သည့် အစိုးရက တက်သည်ဖြစ်စေ တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆွေးနွေးနိုင်မည်ဟု ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို သဘောတူကြောင်းပြောကြားခဲ့ပြီး အခြေခံဥပဒေပါပြဌာန်းချက်များအတိုင်း ပြင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း ၄၃၆ကဲ့သို့ ပုဒ်မတစ်ခုချင်းအလိုက် မဆွေးနွေးခဲ့ဘဲ Process သာ ဆွေးနွေးသည်ဟု ဦးရဲထွဋ်က ပြောသည်။

အောက်တိုဘာ ၃၁ရက် နံနက် ၉ နာရီ၊ ၃၀ မိနစ်မှ ၁၁ နာရီ မိနစ် ၃၀ အထိ စုစုပေါင်း ၂ နာရီခန့် ဆွေးနွေးခဲ့သည့် အစည်းအဝေးတွင် တစ်ဦးလျှင် ဆယ်မိနစ်ခန့်သာ ပြောကြားခွင့်ရခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကတွေ့ဆုံပွဲ၏ရလာဒ်နှင့် ပတ်သက်၍ "အောင်မြင်တယ်ဆိုတာ ဘယ်လိုသတ်မှတ်ထားလို့လဲတော့ မသိဘူးပေါ့နော်၊ တကယ်တော့ တစ်ယောက်ကို ဆယ်မိနစ်လောက်ပဲပြောကြရတာ’’ ဟု ပြောကြားသည်။

Mizzima - News in Burmese 

သမ္မတ၊ ဒု-သမ္မတနှစ်ဦး၊ ကာကွယ်ချုပ်ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ဒေါ်အောင်ဆန်း စုကြည် နှင့် နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ်များ ကိုးပွင့်ဆိုင် တွေ့ဆုံပွဲ ကို နေပြည်တော် ရှိ သမ္မတ အိမ်တော်တွင် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီမှ စတင်၍ တွေ့ဆုံဆွေးနွေးနေပြီ။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
သမ္မတ၊ ဒု-သမ္မတနှစ်ဦး၊ ကာကွယ်ချုပ်ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ဒေါ်အောင်ဆန်း စုကြည် နှင့် နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ်များ ကိုးပွင့်ဆိုင် တွေ့ဆုံပွဲ ကို နေပြည်တော် ရှိ သမ္မတ အိမ်တော်တွင် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီမှ စတင်၍ တွေ့ဆုံဆွေးနွေးနေပြီ။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည့် ငါးပွင့်ဆိုင်တွေ့ဆုံပွဲတွင် သိသာထင်ရှားသည့် နိုင်ငံရေးရလာဒ်များ မထွက်ပေါ်ခဲ့သော်လည်း သင့် တင့်သည့် အချိန်တွင် ထပ်မံတွေ့ဆုံရန် သဘောတူညီ ခဲ့ကြ သည်ဟု တွေ့ဆုံပွဲ တွင် ပါဝင်သူများက ပြောသည်။

ရာသီဥတုအပြောင်းအလဲကြောင့် တုပ်ကွေးဖြစ်ပွားသူများ

ယခုရက်ပိုင်းအတွင်း ရာသီဥတုအပြောင်းအလဲများကြောင့် တုပ်ကွေးဖြစ်ပွားသူဦးရေ မှာ ၂ ရက်၊ ၃ ရက် အတွင်း ပိုတိုး လာကြောင်း ရန်ကုန်မြို့ရှိ ဆေး ခန်းအချို့မှသတင်းရရှိသည်။

ဦးအောင်သောင်းကို အမည်မည်း စာရင်းသွင်း

Photo: ဦးအောင်သောင်းကို အမည်မည်း စာရင်းသွင်း
Saturday, November 1, 2014

မြန်မာနိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအတွင်း သြဇာ ကတ္တိမကြီးမားသူ တယောက်ဖြစ်သလို လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှုချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစတင် လုပ်ဆောင်လာတဲ့  နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလို  သူဟာ အတိုက်အခံ ဒီိမိုကရေစီ အင်အားစုတွေ     ကို နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံမှု ပေးနေသလို အစဉ်တစိုက်လေ့လာ စောင့်ကြည့်လျှက်ရှိကြောင်းနဲ့ ဦးအောင်သောင်းဟာ ဒီဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ် လိုက်ပြီး အမေရိကန်နိုင်ငံ သားတွေ အနေနဲ့ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။

အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းတွေ၊ သူနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ အရင်စစ်အစိုးရ လက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်သူတဦးအဖြစ် လူသိများပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm
ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm
မြန်မာနိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအတွင်း သြဇာကတ္တိမကြီးမားသူ တယောက်ဖြစ်သလို လက်ရှိလွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန်အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု ချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများအား စိစစ်နေပြီး နိုဝင်ဘာ ၃ ရက် (သို့မဟုတ်) ၄ ရက်တွင် ကြေညာမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများအား စိစစ်နေပြီး နိုဝင်ဘာ ၃ ရက် (သို့မဟုတ်) ၄ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် ကော်မရှင်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော စက်မှုမြေကွက်လွတ် ၂၃၀၀ ကျော်နှင့် ဂိုဒေါင် ၁၂၀၀ ကျော် လုပ်ငန်းမလုပ်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ ခုမှ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော စက်မှုမြေကွက် လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးမှာ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီထက် နောက်မကျဘဲ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှ စောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံးလမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ် စတင်

Photo: ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှ စောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံးလမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ် စတင်
Saturday, November 1, 2014

ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှစောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်နေသည့် လမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ်အား စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးပွိုင့်များအနက် မီးပွိုင့် ၇၅ ခုမှာ နေ့စဉ်ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှု အများဆုံးဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ Control Center မှ စောင့်ကြည့်ကာ ယာဉ်ကြောရှင်းလင်းသည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စနစ်ပြောင်းထားသည့် မီးပွိုင့်များတွင် ယခင်ကဲ့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လမ်းရှင်းပေးသည့်စနစ်ကို ဆောင်ရွက်သွားမည်မဟုတ်ကြောင်း၊ လျှပ်စစ်မီးပျက်သည့် အချိန်တွင်လည်း မီးပွိုင့်စနစ် အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဒီစနစ်ကို ဂျပန်နိုင်ငံက ဂျိုက်ကာအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ အခုဒီရက်ပိုင်းမှာတော့ မီးပွိုင့် ၁ဝ ခုကို ပြီးစီးအောင် ဆောင်ရွက်သွားမယ်။ အဲဒီ ၁ဝ ခုကို Control Center ကနေ စောင့်ကြည့်ထိန်းချုပ်သွားမယ်။ ပြီးရင် နောက်ထပ်မီးပွိုင့် ၆၅ ခုကို ဆက်လက်လုပ်ဆောင်သွားမယ်။ ယာဉ်ကြောအရမ်းများတဲ့ လမ်းကြောင်း၊ ယာဉ်ကြောအရမ်းပိတ်ဆို့နေတဲ့ လမ်းကြောင်းတွေကို စောင့်ကြည့်ပြီးတော့ အဲဒီလမ်းကြောင်းကို မီးပွိုင့်အချိန်ပိုပြီး လွှတ်ပေးမယ်။ အခုအချိန်မှာတော့ မီးပွိုင့်ငါးခုကို ပြင်ဆင်ပြီးသွားပါပြီ” ဟု လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ စော်ဘွားကြီးကုန်းမီးပွိုင့်၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းတစ်လျှောက်တို့တွင် အော်တိုမီးပွိုင့်စနစ်ကို ပြောင်းလဲတပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

အမှတ်(၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က “စနစ်ပြောင်းထားတဲ့ မီးပွိုင့်တွေမှာ ပိုကျပ်လာလား၊ လျော့ကျသွားလားဆိုတာကို လိုက်ကြည့်နေတယ်။ တကယ်လို့ အခြေအနေ ထူးခြားမှုမရှိဘူး၊ ပိုကျပ်လာတယ်ဆိုရင်တော့ ပြန်လည်စစ်ဆေးပြီး ပြင်ဆင်သွားမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

အငှားယာဉ်မောင်း ကိုအောင်ကျော်ကလည်း “ကျွန်တော် ရန်ကုန်မှာ ကားမောင်းလာတဲ့သက်တမ်းက ခုနစ်နှစ်ကျော်သွားပြီ။ ဒါပေမဲ့ အခုလထဲမှာမှ ယာဉ်ကြောတွေတော်တော်လေး ပိတ်ဆို့လာတယ်လို့ ယူဆရတယ်။ ခရီးသည်တစ်ဦးက ငှားရင်မောင်းရမယ့် လမ်းကြောကို စိတ်ကူးရုံနဲ့ မမောင်းချင်လောက်အောင် ဖြစ်နေပါတယ်” ဟု ၎င်း၏ကိုယ်တွေ့ဖြစ်စဉ်ကို ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်မှုများကို လုပ်ဆောင်နေသော်လည်း အဓိကလုပ်ဆောင်ရမည့် ကားတင်သွင်းမှုစနစ်နှင့် အထပ်မြင့်ကားပါကင် ပြုလုပ်ပေးမှုကို မြေနေရာ အခက်အခဲများကြောင့် လုပ်ဆောင်ရန် ကြန့်ကြာမှုများ ရှိနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ လမ်းမကြီးများ အားလုံးတွင် လူသွားလမ်းပလက်ဖောင်းများအား သွားလာနိုင်လောက်သည့် အတိုင်းအတာတစ်ခု အထိထားပြီး ယင်းနေရာများတွင် ကားပါကင်များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Eleven Media Group 

အော်တိုစနစ် ပြောင်းလဲတပ်ဆင်ထားသည့် ချော်တွင်းကုန်းမီးပွိုင့်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
အော်တိုစနစ် ပြောင်းလဲတပ်ဆင်ထားသည့် ချော်တွင်းကုန်းမီးပွိုင့်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှစောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံး ဖြစ်နေသည့် လမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ်အား စတင်အကောင်အထည်ဖော် လုပ်ဆောင် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယ ဌာနမှူး ဦးစိုးသိန်းအောင်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးစာရင်းတွင် မြန်မာ ငါးဆင့်သာတက်၍ စစ်တမ်းအပေါ် ပြည်ထောင်စုဝန်ကြီး မတင်းတိမ်

Photo: စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးစာရင်းတွင် မြန်မာ ငါးဆင့်သာတက်၍ စစ်တမ်းအပေါ် ပြည်ထောင်စုဝန်ကြီး မတင်းတိမ်
Saturday, November 1, 2014

အစိုးရက ဖြေလျှော့မှု များစွာ ပြုလုပ်ပေးသော်လည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော Doing Business စစ်တမ်းတွင် စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံအဆင့်သတ်မှတ်ရာ၌ မြန်မာနိုင်ငံမှာ ငါးဆင့်သာမြင့်တက်လာသဖြင့် လာမည့်နှစ်တွင်  ပိုမိုစနစ်တကျ စစ်တမ်းကောက်ခံရန် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ရှေ့နှစ်ကျရင် ပိုပြီးတိတိ ကျကျစစ်တမ်းကောက်နိုင်ဖို့ကို ကူညီပေးမယ်’’ဟု ပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ၂၀၁၅ ခုနှစ် Doing Business အစီရင်ခံစာတွင် မြန်မာနိုင်ငံ သည် သွင်းကုန်ထုတ်ကုန် လုပ် ငန်းများ ဆောင်ရွက်ရသည့် စာ ရွက်စာတမ်းဆိုင်ရာ ဆောင်ရွက် မှုများကို လျှော့ချလိုက်ခြင်းအား ဖြင့် နယ်စပ်ကုန်သွယ်ရေးကို ပိုမို လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့ ပြီး ယခုဘဏ္ဍာရေးနှစ် ဇွန်လကုန် ထိ စီးပွားရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများအနက်မှ တစ်ခု ကို အနည်းဆုံးပြေလျော့စေရန် ဆောင်ရွက်ပေးခဲ့သည်ဟု စစ် တမ်း၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံစာရင်းတွင် အဆင့် ၁၇၇၌ ရပ်တည်နေပြီး ယခင်နှစ်က ၁၈၂ ဖြစ်သည်။ နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို အဆင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံများမှာ ထိပ်ဆုံးမှဖြစ်ပြီး၊ အောက်ရောက်လေလေ စီးပွား ရေးလုပ်ရန် ခက်ခဲလေလေဟု သတ်မှတ်ထားခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ် Doing Business စစ်တမ်းသည် တိုင်း ပြည်တစ်ခု၏ စီးပွားရေးတိုးတက် မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင် ရောက်ရန် အထောက်အပံ့များဖြစ်သည်။ ယင်းကြောင့် မြန်မာနိုင်ငံသည် ယခင်နှစ်စာရင်းတွင် ပါဝင်သော အဆင့်ကို ဖြေလျှော့ရန် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်း ရေးမှူးဦးအောင်နိုင်ဦးက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရန် စတင်ချိန်မှစ၍ အခက်အခဲများစွာရှိနေသဖြင့် ကုမ္ပဏီမှတ်ပုံတင်ပြုလုပ်ချိန် ယခင်က ခြောက်လခန့် ကြာတတ်သော်လည်း ယခုအခါ သုံးရက်မှ နှစ်ပတ်အတွင်းပြုလုပ်ပေးနေသည်။ ကုမ္ပဏီ မှတ်ပုံတင်ကြေးမှာလည်း ပြည်တွင်းလုပ်ငန်းရှင်များဆိုလျှင် ကျပ်ငွေ ၁၂ သန်းသာ ကုန်ကျသည်။ ထို့အတူ ကုမ္ပဏီတည်ထောင်ရာတွင် မတည် ရင်းနှီးငွေကိုလည်း အနည်းဆုံး ပမာဏကို သတ်မှတ်မထားဘဲ စတိသဘောမျိုးအဖြစ် ကျပ်ငွေ ၂ ကျပ်သာ သတ်မှတ်ထားသည်။ ယခင်က မတည်ရင်းနှီးငွေကို ကျပ် သန်း ၅၀ သတ်မှတ်ထားသည်။

ရင်းနှီးမြှုပ်နှံသူများအနေ ဖြင့် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင် ရန် ပြင်ဆင် ထားခြင်းဖြစ်သည်။

ဖြေလျှော့မှုများပြုလုပ်ထား သော်လည်း ကမ္ဘာဘဏ်၏ DoingBusiness စစ်တမ်းထုတ်ပြန်ချိန် တွင် အဆင့်တစ်ဆင့်သာ  တိုး တက်လာသဖြင့် ပြည်ထောင်စု ၀န်ကြီးက စစ်တမ်းစနစ်တကျ ကောက်ခံရန် အကြံပြုခြင်းဖြစ်သည်။

‘‘တိုင်းပြည်ပြုပြင်ပြောင်းလဲ မှုက စာရွက်ထဲမှာပဲရှိသေးတယ်။ တကယ် လက်တွေ့ ဘ၀ကို ရောက်မလာသေးဘူး’’ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေ၀င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် DoingBusinessတွင် အဆင့်တိုးမြှင့် နိုင်ရန် ၀န်ကြီးဌာနအသီးသီးမှအကောင်အထည်ဖော် ဆောင်ရွက်ရုံသာမက ပိုမိုထိ ရောက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (IFC)မှ အကူအညီပေးခဲ့သည်။ DoingBusiness ၂၀၁၄ အစီရင်ခံစာကို မြန်မာနိုင်ငံတွင် ကောက်ယူရာ၌ အခြေခံ အချက်ကြီး ၁၁ ချက်ပေါ်မှာသာ လေ့လာထားခြင်းဖြစ်ပြီး ကဏ္ဍအားလုံးကို မလွှမ်းခြုံကြောင်း နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းမှ အကြီးတန်းအရာရှိ Mr. Charles Schneiderက ပြောကြားထားသည်။

7Day DAILY 

လက်ရှိအစိုးရလက်ထပ်တွင် ဆောက်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူ အများဆုံးဖြစ်သည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လက်ရှိအစိုးရလက်ထပ်တွင် ဆောက်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူ အများဆုံးဖြစ်သည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အစိုးရက ဖြေလျှော့မှု များစွာ ပြုလုပ်ပေးသော်လည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော Doing Business စစ်တမ်းတွင် စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံအဆင့်သတ်မှတ်ရာ၌ မြန်မာနိုင်ငံမှာ ငါးဆင့်သာ မြင့် တက်လာသဖြင့် လာမည့်နှစ်တွင်  ပိုမိုစနစ်တကျ စစ်တမ်းကောက်ခံရန် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။

ရော်နယ်ဒိုထက် မက်ဆီက စွမ်းရည်ပိုကောင်းသည်ဟု ကာပယ်လိုပြော

ရီးရဲလ်အသင်းမှ ၂၀၁၃ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် ရော်နယ်ဒိုထက် ဘာစီလိုနာမှ မက်ဆီက စွမ်းရည်ပို ပြည့်ဝသည်ဟု အင်္ဂလန်နည်းပြ ဟောင်း ဖာဘီယိုကာပယ်လိုက ပြောကြားသည်။

ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းအလုပ်ရုံများ ရေဆိုးသန့်စင်မှုပြုလုပ်ရန် ညွှန်ကြား

Photo: ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းအလုပ်ရုံများ ရေဆိုးသန့်စင်မှုပြုလုပ်ရန် ညွှန်ကြား
Saturday, November 1, 2014

ဝမ်းတွင်းမြို့နယ်ရှိ စက် ရက်ကန်းအလုပ်ရုံများသည် ရေဆိုး စွန့်ပစ်မှုများ လာသည့် အတွက် ရေဆိုးသန့်စင်မှုပြုလုပ်ရန်ညွှန် ကြားထားပြီး ယင်းအလုပ်ရုံများ ကို ဒီဇင်ဘာတွင် ပြန်လည်စစ် ဆေးမည်ဟု သတင်းရရှိသည်။

ဝမ်းတွင်းမြို့နယ်တွင် စက် ရက်ကန်းအလုပ်ရုံ ၂၀၆ ရုံရှိရာ ယင်းအလုပ်ရုံများမှ ထွက်ရှိလာ သည့် စွန့်ပစ်ရေဆိုးများမှာ ဝမ်း တွင်းမြို့နယ်ရှိ ဆည်အောက်ပိုင်း တစ်လျှောက်မှ ချောင်း၊ မြောင်း များသို့ ပျံ့နှံ့နေပြီး ပတ်ဝန်းကျင် တွင် ညစ်ညမ်းမှုများရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်ရက်ကန်းအလုပ်ရုံများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများ ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း နေမှုကို ကာကွယ်တားဆီးနိုင်ရန် ၂၀၁၄ မတ်လက နည်းပညာပေး ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ကိုဖွဲ့စည်း၍ အလုပ်ရုံများသို့ လစဉ်သွားရောက်ပြီး ရေဆိုးသန့် စင်သည့် နည်းပညာလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

စက်ရက်ကန်းအလုပ်ရုံများမှ စက်ရုံသုံးရုံသာရေဆိုးသန့်စင်မှု ပြုလုပ်ထားရာ ကျန်ရက်ကန်းအလုပ်ရုံများ ရေဆိုးသန့်စင်မှုပြု လုပ်ထားခြင်းရှိ၊ မရှိကို ဒီဇင်ဘာ တွင်စစ်ဆေး၍ လိုက်နာခြင်းမရှိ သည့် အလုပ်ရုံများကိုအရေးယူ နိုင်ရန် ဆက်လက်တင်ပြသွားမည် ဟု ၎င်းကဆိုသည်။

ဝမ်းတွင်းမြို့နယ်ရှိ စက် ရက်ကန်း အလုပ်ရုံများသည် ပတ် ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ် တားဆီးနိုင်ရန် စွန့်ပစ်ဆိုးဆေးရေများကို မဖြစ်မနေ သန့်စင်မှုပြုလုပ်ပြီးမှ စွန့်ပစ်ကြရန်နှင့် ဆေးဆိုးရန်မလိုအပ်သည့် အသင့်ဆေးဆိုးပြီး ၁×၃၀၊ ၁×၄၀ ချည်ခင်များ ဝယ်ယူသုံးစွဲရန် နည်းပညာပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

စွန့်ပစ်ရေဆိုးများသည် ဝမ်း တွင်းမြို့နယ်ရှိ ဆည်အောက်ပိုင်း တစ်လျှောက် လယ်ယာမြေများကို ဖြန့်ဝေပေးနေသည့် သုံးခွ ချောင်းထဲသို့ ဝင်ရောက်နေပြီး ယင်းရေများမှာ ဆိုးရွားစွာမည်း ညစ်နေကြောင်း ဝမ်းတွင်းမြို့နယ် သို့ ရေဆိုးသန့်စင်မှု နည်းပညာ များ သွားရောက်ပြသခဲ့သည့် ရေဆိုးသန့်စင်မှုပညာရှင်ဦးခင်မောင်ဝင်းက ပြောသည်။

ယင်းရေဆိုးများကြောင့်  ဝမ်းတွင်းမြို့နယ်ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေ၊ မြေအောက်ရေတွင် စွန့်ပစ်ရေဆိုးများဝင်ရောက်မှု အခြေအနေတို့ကို စစ်တမ်းကောက်ယူပြီး ရေဆိုးစွန့်ပစ်မှုများနှင့် စွန့်ပစ်ထားသော ရေဆိုးများ တစ်ပြိုင်နက်တည်းပြန်လည်သန့်စင်ရန်လုပ်ဆောင်သင့် ကြောင်း ၎င်းက ဆိုသည်။

‘‘ရေတွေမှာ ဘာဓာတ်များနေလဲဆိုတာ မစစ်ရသေးဘူး။ ဝမ်း တွင်းမြို့သားတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ စိုးရိမ်ရ တယ်ထင်တယ်။ ကလေးတွေက အဲဒီရေထဲမှာ ဆော့နေကြတယ်။ ဆည်ရဲ့အောက်ပိုင်းက ချောင်း၊ မြောင်းတွေမှာ ရေတွေကအကြည် မရှိဘူး။ ရေဆိုးတွေက မည်းနေ တာဟု ဦးခင်မောင်ဝင်းက ပြော သည်။

ဝမ်းတွင်းမြို့နယ်ရှိ စက် ရက်ကန်း လုပ်ငန်းများမှ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်း ထားသည့် နည်းပညာပေးရေးနှင့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ကျွမ်းကျင်ပညာရှင်များ၊ စက်ရက်ကန်းလုပ်ငန်းရှင်များနှင့် မြို့နယ်နှင့် ကျေးရွာတာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

7Day DAILY 

စက်ရက်ကန်းအလုပ်ရုံများမှ စွန့်ပစ်သော ရေဆိုးများကို တွေ့ရစဉ် (ဓာတ်ပုံ− ခင်မောင်ဝင်း)
စက်ရက်ကန်းအလုပ်ရုံများမှ စွန့်ပစ်သော ရေဆိုးများကို တွေ့ရစဉ် (ဓာတ်ပုံ− ခင်မောင်ဝင်း)
ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းအလုပ်ရုံများသည် ရေဆိုးစွန့်ပစ်မှုများလာသည့်အတွက် ရေဆိုး သန့်စင်မှုပြုလုပ်ရန်ညွှန်ကြားထားပြီး ယင်းအလုပ်ရုံများကို ဒီဇင်ဘာတွင် ပြန်လည်စစ်ဆေးမည်ဟုသတင်းရရှိသည်။

ထိုင်းရောက်တရားမ၀င် မြန်မာလုပ်သား ငါးသိန်းကျော် ပန်းရောင်ကတ် လျှောက်ထား

ဘန်ကောက် - ထိုင်းနိုင်ငံတွင် တရားမ၀င် လုပ်သားများအား ခြောက်လသက်တမ်းရှိ ပန်းရောင်ကတ် များကို အောက်တိုဘာ ၃၁ ရက်က နောက်ဆုံးပြုလုပ်ပေးရာ တရားမ၀င်မြန်မာလုပ်သား ငါး သိန်းကျော် လာရောက်ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်နှစ်သောင်းကျော် ဈေးကျ

အမေရိကန်ဒေါ်လာဈေး တက်ချိန်တွင် ကမ္ဘာ့ရွှေဈေး အကျများသည့်အတွက် ပြည်တွင်းရွှေဈေး သုံးရက် အတွင်း ကျပ်နှစ်သောင်းကျော် ဈေးကျသွားခဲ့ ကြောင်း ရွှေဈေးကွက်မှ သတင်း ရရှိသည်။