Friday 10 October 2014

တောင်ကြီးမြို့ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် လူငယ်တို့ ပေါင်းလုပ်မည်

Photo: တောင်ကြီးမြို့ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် လူငယ်တို့ ပေါင်းလုပ်မည်
Friday, Ocotber 10, 2014

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့လုံခြုံရေ နှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့နှင့် လူငယ်တို့ အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ပြည်သူပူးပေါင်းပါဝင်သည့် လုံခြုံရေးစနစ်ဖြစ်ပေါ်ရန်၊ လုံခြုံရေး ထိန်းသိမ်းနည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေတို့ကို ပြည်သူတို့ သိရှိရန် ရပ်ကွက်များအလိုက် ပြည်သူတို့နှင့် ကွင်းဆင်းဆွေးနွေးနေသည်ဟု ၎င်းက ပြောသည်။

“ကိုယ့်နယ်မြေ ကိုယ့်ဒေသ ရဲဌာန အားနည်းချက်တွေကို အားဖြည့်ပေးတဲ့ ပုံစံမျိုးတွေက လူတိုင်းမှာတာဝန်ရှိတယ်။ လုံခြုံရေး ကွန်ယက်ကို ပိုမိုအားကောင်းအောင် လုပ်သွားမယ် ” ဟု  ဦးဇော်မြင့်သိန်းက ပြောသည်။

တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်ရှိ တက်ကြွသောလူငယ်များ ပူးပေါင်းပါဝင်သော ရပ်ရွာလုံခြုံရေး အဖွဲ့များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဖွဲ့စည်းပေးထားပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းမည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူးက ဆိုသည်။ ရှမ်းပြည်နယ်အတွင်း လူဦးရေ ၁၅၀၀ လျှင် ရဲဝန်ထမ်းတစ်ဦးနှုန်းသာ ရှိသည်ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၄ ရက် ညပိုင်းက တောင်ကြီးမြို့ပေါ်ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) အနီး၊  အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်ရှေ့နှင့် ယာဉ်ထိန်းရုံးရှေ့တို့၌ ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး ရပခရှေ့ လမ်းလယ်ကျွန်းတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံးတွေ့ရှိသည်။ ယင်းသို့ ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။

"ညပိုင်းဆို အပြင်ဘက် သိပ်ထွက်မလည်ရဲတော့ဘူး။ စိုးရိမ် စိတ်ရှိနေတာပေါ့” ဟု တောင်ကြီးဒေသခံ လူငယ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာဖြစ်သည်ဟု ခရိုင် ရဲမှူးကြီး ဝင်းထွန်းက ပြောသည်။

Mizzima - News in Burmese 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှုအပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈျိမ)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှု အပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈျိမ)
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့လုံခြုံရေနှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့နှင့် လူငယ် တို့ အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ဒီမိုကရေစီတူဒေး သတင်းစာ ဖြန့်ချိရေးဝန်ထမ်း သုံးဦး ယာဉ်မတော် တဆမှု ကြောင့် သေဆုံး

ဒီမိုကရေစီတူဒေး နေ့စဉ်ထုတ်သတင်းစာရဲ့ ဖြန့်ချိရေးဝန်ထမ်း သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက် နံနက် ၄ နာရီခွဲအချိန်မှာ မြောက်ဥက္ကလာပ မြို့နယ်မှာ ယာဉ်မတော်တဆဖြစ်လို့ သေဆုံးသွားတယ်လို့ ဝေဘာဂီ နယ်မြေ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။

မြန်မာ-စင်ကာပူဥပဒေရေးရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စင်ကာပူသမ္မတနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနတို့၏ မြန်မာ-စင်ကာပူ ဥပဒေ ရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး ပွဲအခမ်းအနား ကို ယနေ့နံနက်(၈) နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ the Hotel Royal ACE ၌ ကျင်းပပြုလုပ်သည်။

ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန် အမည်စာရင်းတင်သွင်းနိုင်ရေး အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပုဂံတွင်ကျင်းပမည်

Photo: ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန် အမည်စာရင်းတင်သွင်းနိုင်ရေး အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပုဂံတွင်ကျင်းပမည်
Friday, Ocotber 10, 2014

ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်ရန် အမည်စာရင်း တင်သွင်းနိုင်ရေး အတွက် အပြည်ပြည်ဆိုင်ရာဆွေးနွေး ညှိနှိုင်းပွဲအစည်းအဝေးကို အောက်တို ဘာ ၁ဝ ရက်မှ ၁၂ ရက်နေ့အထိ ပုဂံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များ ကမ္ဘာ့စာရင်း ဝင်နိုင်ရေးအတွက် အီတလီအစိုးရမှ အဓိကကူညီထောက် ပံ့သည့် ယဉ်ကျေးမှုများ ထိန်းသိမ်း စောင့်ရှောက်ရန် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ပရောဂျက်အရဦးဆောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ် ဝင်မည့် ဆုံးဖြတ်ချက်အား အဖွဲ့ဝင်ပေါင်း နှစ်ဆယ့်တစ်နိုင်ငံပါဝင်သည့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ မှ ဆုံးဖြတ်မည်ဖြစ်သည်။

အီတလီအစိုးရ၊ ဂျပန်နှင့်ဆွစ် ဇာလန်အစိုးရတို့၏ ပူးပေါင်းပြီး ယူနက်စကိုအဖွဲ့မှ ပုဂံတွင်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group
ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်ရန် အမည်စာရင်း တင်သွင်းနိုင်ရေး အတွက် အပြည်ပြည် ဆိုင်ရာဆွေးနွေး ညှိနှိုင်းပွဲအစည်းအဝေးကို အောက်တို ဘာ ၁ဝ ရက်မှ ၁၂ ရက်နေ့အထိ ပုဂံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြ

Photo: လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြ
Friday, Ocotber 10, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ မြန်မာနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ရန်ကုန်မြို့တော် ရောက်ရှိနေစဉ် ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြရန် စီစဉ်ထားပေမယ့် လုံခြုံရေးအရလို့ ဆိုပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုလို့ ရန်ကုန်မြို့တော် မြို့တော်ခန်းမရှေ့မှာပဲ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀ ဦးကျော် ဆန္ဒပြခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့တော် ပြည်လမ်းမ တလျှောက် မှာ မော်တော် ယာဉ်နဲ့ လှည့်လည်ပြီး အသံချဲ့စက်ဖွင့်ပြီး တောင်းဆိုခဲ့ကြ ပါတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

The Voice Weekly
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ မြန်မာနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ရန်ကုန်မြို့တော် ရောက်ရှိနေစဉ် ဆန္ဒပြ တောင်းဆိုခဲ့တယ် လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

IS အဖွဲ့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တူရကီ ဆွေးနွေးရန် စီစဉ်

Photo: IS အဖွဲ့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တူရကီ ဆွေးနွေးရန် စီစဉ်
Friday, Ocotber 10, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု တွင်ကျယ်လာသည့် အခြေအနေကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အမေရိကန်နှင့် တူရကီတို့ လာမည့် သီတင်းပတ်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

တူရကီနိုင်ငံ၊ အန်ကာရာ မြို့တော်တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံမည့် အစီအစဉ်ကို အောက်တိုဘာ (၉)ရက်၌ အတည်ပြု သဘောတူညီခဲ့သည်။ အမေရိကန်၏ ထိပ်တန်း အရာရှိနှစ်ဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အန်ကာရာတွင် တူရကီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး ရက်စက်ကြမ်းတမ်းသော နည်းလမ်းများဖြင့် ဖိနှိပ်အုပ်ချုပ်နေသည့် IS အဖွဲ့သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစိုက်ရသည့် အကြမ်းဖက် အဖွဲ့တစ်ခု ဖြစ်လာခဲ့သော်လည်း အစောပိုင်းတွင် တူရကီက ISကို ဖြိုခွင်းသည့် အစီအစဉ်များနှင့် အတန်ငယ် လက်ရှောင်နေခဲ့သည်။ ယင်းမှာလည်း IS အဖွဲ့၏ လက်ထဲတွင် တူရကီ နိုင်ငံသား ဓားစာခံ အများအပြား ရှိနေ၍ ဖြစ်သည်။

ယခုအခါတွင်မူ IS တပ်ဖွဲ့၏ ထိုးဖောက် တိုက်ခိုက်မှုသည် တစ်စထက်တစ်စ ကျယ်ပြန့်လာပြီး တူရကီ နယ်စပ်ရှိ ဆီးရီးယားမြို့ ကိုဘာနီကိုပင် သိမ်းယူနိုင်လုနီးပါး အခြေအနေသို့ ရောက်လာသည်။ IS အဖွဲ့၏ ခြိမ်းခြောက်လာမှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးမည့် ကိစ္စကို အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို သတင်းထုတ်ပြန်ရန်မူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ငြင်းဆိုခဲ့သည်။

သူမက “ပူးပေါင်း စစ်ဘက် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ အန်ကာရာကို လာမယ့် သီတင်းပတ်မှာ သွားရောက်ပါမယ်။ ဆွေးနွေးမှု အစီအစဉ်ဟာ နှစ်နိုင်ငံ စစ်ဘက်ရေးရာ ဆက်နွယ်မှုကို ဦးတည်ပါမယ်”ဟုသာ ပြောကြားခဲ့သည်။ သူမက IS အဖွဲ့၏ စွမ်းဆောင်ရည်ကို လက်ရှိထက် သိသိသာသာ လျှော့ချနိုင်ရန် လိုအပ်နေပြီ ဆိုခြင်းကို အမေရိကန်ရော၊ တူရကီကပါ လက်ခံထားကြောင်းမူ ဝန်ခံခဲ့သည်။

IS တပ်ဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်နေရုံ သက်သက်ဖြင့် မလုံလောက်ကြောင်း ဝေဖန်မှုများ ရှိနေချိန်တွင် တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လုတ် ကာဗူဆော့ဂ်လူက မြေပြင်ထိုးစစ် ဆင်နွှဲမည် ဆိုပါကလည်း တူရကီ တစ်နိုင်ငံတည်း၏ အင်အားဖြင့် ဖြစ်နိုင်ဖွယ် မရှိကြောင်း အစောပိုင်းက ပြောကြားထားသည်။ “တူရကီက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြေပြင်ထိုးစစ်တစ်ရပ် ဦးဆောင်ဆင်နွှဲဖို့ ဆိုတာကတော့ လက်တွေ့ကျတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ”ဟု ၎င်းက မှတ်ချက်ပြုထားသည်။

Ref: Channelnewsasia
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု တွင်ကျယ်လာသည့် အခြေအနေကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အမေရိကန်နှင့် တူရကီတို့ လာမည့် သီတင်းပတ်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ

Photo: မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား
ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ
Friday,October 10, 2014

မန္တ လေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင် ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန် ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမတိုက်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခါ ရေကန်ကြီးများမှာ ယိုယွင်းပျက်စီးလာခြင်းကြောင့် အ လှူရှင်များမှ မင်းတုန်းမင်းတရားကြီး နှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့ အား အမှူးထား ကာ ပြန်လည်ပြုပြင် လှူဒါန်းထားသည်။

မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့သည် နန်းတော်ကြီး၏အရှေ့ထိပ် ၂၉ဒသမ ၂ဝဧကကျယ်ဝန်းသော မြေနေရာ တွင် မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ် တပို့တွဲလပြည့်ကျော် ၅ရက် သော ကြာနေ့ ပန္နက်ချပြီး မဟာတုလွတ် ဘုမ်စံ ရွှေကျောင်းတော်ကြီးအား ဝဲဘက်ထောင့်၊ ယာဘက်ထောင့်တွင် ရေကန်တော်ကြီးတစ်ကန်စီ အရန် ကျောင်းပေါင်း ၂ဝဖြင့်ဆောက်လုပ် ကာ ဥေယျဓမ္မာဘိမုနိဝရဥာဏကိတ္တိ သီရိဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာ ဇာဓိရာဇဂုရုရွှေတံဆိပ်တော်ရ သု ဓမ္မာသာသနာပိုင်ဆရာတော်ကြီး အားတင်လှူတော်မူခဲ့သည်။

ကျောင်း တော်ကြီးမှာ ဒုတိယကမ္ဘာစစ်ဘေး ကြောင့်ပျက်စီးခဲ့ပြီး လှေကားလက် ရန်းအုတ်ခုံကြီးလေးခုသာ ကျန်ရှိ သည်။

ယခုအခါ အရန်ကျောင်း ၂ဝ တွင် တိုက်အုပ်နှင့် နာယက ဆရာ တော်အပါအဝင် သံဃာတော်များ သီတင်းသုံးလျက်ရှိပြီး ရေကန်ကြီး နှစ်ကန်မှ ရေကို အသုံးပြု လျက် ရှိခြင်း ကြောင့် ယခုနှစ်အတွင်း ရေကန်ကြီး များအားပြန်လည်ပြုပြင်ခဲ့သည်။

Yangon Media Group
မန္တလေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီ မိဖုရား ခေါင်ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန် ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမတိုက် ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှ ဆိုးလ်သို့ MAI တိုက်ရိုက်ပြေးဆွဲမည်

Photo: ရန်ကုန်မှ ဆိုးလ်သို့ MAI တိုက်ရိုက်ပြေးဆွဲမည်
Friday,October 10, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ရန်ကုန်မှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။

ယခင်က ကိုရီးယားခရီးစဉ်များကို Korean Air၊ Asiana Airlines တို့နှင့် Code Share အကျိုးတူပူးပေါင်း၍ ရန်ကုန်-ဆိုးလ်-ရန်ကုန် ခရီးစဉ်များကို စင်လုံးငှား လေယာဉ်များဖြင့် ပျံသန်းခဲ့သော်လည်း ယခုအခါ ကိုရီးယားသို့ MAI တစ်ဦး တည်း Airbus A320 ဖြင့် တိုက်ရိုက်ပျံသန်းမည် ဖြစ်သည်။

"အခုလို တိုက်ရိုက်ပြေးဆွဲတာက မြန်မာနိုင်ငံကိုဝင်တဲ့ ခရီးသွားတွေ တိုးလာမယ်။ နောက်ပြီး နှစ်နိုင်ငံကြားက စီးပွားရေးကဏ္ဍ  တိုးမြင့်စေဖို့ ရည်ရွယ်ပြီး ပြေးဆွဲပေးတာပါ"ဟု ဒေါ်အေးမရသာက ဆိုသည်။

MAI သည် လက်ရှိတွင် ဂျပန်နိုင်ငံမှ ခရီးသည်များအား ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိပြီး လာမည့် ပွင့်လင်းရာသီတွင် တောင်ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ်များဖြင့် ပျံသန်းပြေးဆွဲသွားတော့မည်ဖြစ်သည်။

MAI သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂါယာမြို့များသို့ Airbus A320 (လူဦးရေ ၁၈၀ ဆန့်)၊ Airbus A319 (လူဦးရေ ၁၂၀ ဆန့်) လေယာဉ်များဖြင့် ပုံမှန်ပျံသန်းပေးလျက်ရှိသည်။

Mizzima - News in Burmese
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ရန်ကုန်မှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။

ကိုဘာနီမြို့မှာ Kurdish တွေ ပြန်လည်အသာစီးရ

ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့ ​နေရာတချို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်နိုင်ခဲ့ပေမယ့် ​အခုအခါမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုနဲ့ ​Kurdish ​အဖွဲ့ရဲ့ ​ထိုးစစ်ဆင်မှုတွေကြောင့် ​IS ​အဖွဲ့တွေ ​ရှုံးနိမ့်နေတဲ့ ​အခြေအနေ ​ရောက်ရှိနေပါတယ်။

ကိုဘာနီမြို့ရဲ့ ​သုံးပုံ ​တစ်ပုံကို ​IS ​တပ်ဖွဲ့က ​သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပေမယ့် ​အခုအခါမှာ ​Kurdish ​တပ်ဖွဲ့က ​သူတို့ ​အဲ ​ဒီ ​နေရာ ​တွေကို ​ပြန်လည် ​ရရှိ ​ထားပြီလို့ ​ပြောပါတယ်။

ညတုန်းကတော့ ​အမေရိကန် ​ဦးဆောင်တဲ့ ​တပ်တွေက ​Kurdish ​တပ်တွေအတွက် ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေ ​တိုးမြှင့် ​လုပ်ဆောင်ပေးခဲ့ပါတယ်။

အခုလောလောဆယ် ​IS ​တပ်ဖွဲ့က ​ကိုဘာနီမြို့ရဲ့ ​အရှေ့နဲ့ ​အရှေ့တောင်ပိုင်းက ​နေရာတချို့ကို ​သိမ်းပိုက်ထားတယ်လို့လည်း ​သိရပါတယ်။

မြန်မာနှစ်ဦးကို ဗြိတိန်စုံတွဲအား သတ်သည်ဟု စွပ်စွဲခြင်းမှာ မှားယွင်းကြောင်း ထိုင်းမှုခင်း ဆေးပညာ အကြီးအကဲဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနိုင်ငံသား နှစ်ဦးကို မှားယွင်းစွပ်စွဲခြင်းသာ ဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် အမှားများ ကျူးလွန်ခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းဆေးပညာဌာန ညွှန်ကြားရေးမှူးချုပ် Khunying Porntip Rojanasunan က ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။အဆိုပါအမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရာတွင် မှုခင်းဆေးပညာဌာနက ဆရာဝန်ကို ခေါ်ယူစစ်ဆေးခြင်း မပြုဘဲ သက်သေခံပစ္စည်း အချက်အလက်များ စုဆောင်းခဲ့ကြောင်း ၎င်းက ပြောဆိုထားသည်။
“အဓိက အားနည်းချက်က ရဲတွေက ဒီအမှုမှာ မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒ ဆရာဝန် တစ်ယောက်တော့ လိုအပ်တယ်ဆိုတာ နားမလည်တာပဲ။ တာဝန်ရှိတဲ့သူတွေက သက်သေခံ ပစ္စည်းတွေကို ဆူရတ်ဌာနီ ဆေးရုံက ဆရာဝန် မခေါ်ဘဲနဲ့ စုဆောင်းခဲ့တာပါ” ဟု The Manager News Agency ကို ၎င်းက ပြောဆိုထားသည်။

မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်

ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။

လစာနှင့် ရာထူး ခံစားခွင့်ရမည့် အလုပ်ခြောက်မျိုး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးတော့မည်

လုပ်သားများ လစာနှင့် ရာထူးခံစားခွင့် အာမခံချက်ရရှိရေး အလုပ်အကိုင် ခြောက်မျိုးအတွက် ဦးစွာ အသိ အမှတ်ပြု လက်မှတ် ထုတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း စစ်ဆေးအကဲဖြတ်ရေးအဖွဲ့ဝင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။

အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်

ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ် အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထား လိုက်ပြီ လို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။

မြို့ပတ်ရထား လက်မှတ်ခနှုန်းထား ပြင်ဆင်ကောက်ခံမည်

မြန်မာ့မီးရထားက ပြောင်းလဲကောက်ခံမည့် ရန်ကုန်မြို့တော် မြို့ပတ်ရထား ရိုးရိုးတန်းလက်မှတ်ခ နှုန်းထားသစ်များကို နိုဝင်ဘာလတွင် စတင် ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည်က ယနေ့ ထုတ်ပြန်သည်။

မင်းသမီးများနဲ့ တူအောင် မိတ်ကပ်ပြင်နိုင်တဲ့ အမျိုးသား

Photo: မင်းသမီးများနဲ့ တူအောင် မိတ်ကပ်ပြင်နိုင်တဲ့ အမျိုးသား
Friday,October 10, 2014

Filipino Paolo Ballesteros လို့အမည်ရတဲ့ အမျိုးသားဟာ Eat Bulaga အမည်ရ ရုပ်သံတီဗီ အစီအစဉ်မှ သရုပ်ဆောင်မော်ဒယ်တစ်ဦး ဖြစ်ပြီး မိတ်ကပ် ဖန်တီးရှင် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တ်ီးနိုင်တဲ့ အရည်အချင်း ကတော့ ပုံမှ မြင်တွေ့ရသလိုပါပဲ။

ကေတီပယ်ရီ၊ ဂျနီဖာလော့ရန့်စ်၊ မယ်လီဆိုင်းရက်စ်၊ မယ်ဂန်ဖော့ အစရှိသဖြင့် နာမည်ကြီး မင်းသမီးနဲ့ Celebrity ပေါင်း မြောက်များစွာနဲ့ကို တူအောင် ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူဖန်တီးတဲ့ မိတ်ကပ် အလှအပ များကို သူ့ရဲ့ Instagram ပေါ်မှာ တင်ပြီး ဝင်ရောက် ကြည့်ရှုသူ များပြား ပါတယ်။ Link ကတော့ http://instagram.com/pochoy_29 ဖြစ်ပါတယ်။

သူ ကြိုက်နှစ်သက်တဲ့ မော်ဒယ် မင်းသမီးနဲ့ အနုပညာရှင်များရဲက ရုပ်ရည်အတိုင်း ဖ်ြစအောင် သူ့ရဲ့ မျက်နှာ တစ်ခုတည်းနဲ့ ပြုလုပ်ဖန်တီးနိုင် တာ ကြောင့် လူအများအား မင်သက်အံ့သြ စေပါတယ်။ နဂိုမူလ မင်းသမီးများထက်တောင် လှကြောင်းလည်း တင်စား အပြောဆိုခံရ ပါတယ်။ ဒါကြောင့်မို့ မိန်းကလေး တစ်ယောက်ရဲ့ အလှအပကို မြင်ချင်ရင် မနက် မျက်နှာ သစ်ပြီးခါစမှာ ကြည့်ရမယ်လို့ ရှေးကလူတွေ ပြောဆိုခဲ့တာ မမှားနိုင်ပါဘူး။

အောင်ခမ်း (ရိုးရာလေး)
Filipino Paolo Ballesteros လို့အမည်ရတဲ့ အမျိုးသားဟာ Eat Bulaga အမည်ရ ရုပ်သံတီဗီ အစီအစဉ်မှ သရုပ်ဆောင်မော်ဒယ်တစ်ဦး ဖြစ်ပြီး မိတ်ကပ် ဖန်တီးရှင် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တ်ီးနိုင်တဲ့ အရည်အချင်း ကတော့ ပုံမှ မြင်တွေ့ရသလိုပါပဲ။

မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ

Photo: မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ
Friday, Ocotber 10, 2014

 ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

စူရတ်ဌာနီခရိုင်၊  ခိုတောင်ကျွန်းတွင် ဖြစ်ပွားခဲ့သော ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် ကော့စမွီထောင်တွင် ထိန်းသိမ်းခံထား ရသည့် သံသယတရားခံ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ပထမရမန်ချုပ်ရက်မှာ အောက်တိုဘာ ၁၅ ရက်တွင် ရက်စေ့မည် ဖြစ် သည်။ တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေဌာနမှာ ခရိုင်ရုံးထက်အဆင့်မြင့်ကြောင်း သတင်းရရှိ သည်။ ထိုင်းအခြေစိုက် သတင်း အရ ၎င်းတို့၏ တရားစွဲဆိုရေးအ ဖွဲ့ကို ကျွမ်းကျင်သူ ငါးဦးဖြင့် ဖွဲ့ စည်းထားကြောင်း တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေရုံး ညွှန် ကြားရေးမှူးချုပ်နှင့် ယခုအမှု၏ တရားစွဲဆိုစွဲချက်တင်ရေးအဖွဲ့ ခေါင်းဆောင်တို့က ဆိုသည်။ ၎င်း တို့နှစ်ဦးနှင့်အတူ တိုင်းဒေသ (၈) ဥပဒေရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ် ရာဇ၀တ်မှုရေးရာ အထူး ဥပဒေအရာရှိ ကော့စမွီ ဥပဒေ ရုံး ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့လည်း ပါဝင်နေသည်။

‘‘လောလောဆယ် ကျွန် တော်တို့ နိုင်ငံတော်အဆင့်ကို တင်ပို့ထားပါတယ်။ ခိုင်မာတဲ့၊ ထိ ရောက်တဲ့ အဖွဲ့နဲ့ လာရောက်ပူး ပေါင်းဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုထားပါတယ်။ ပူးပေါင်းဆောင်ရွက်တယ်ဆိုရာမှာ တရား ရင်ဆိုင်ဖို့လည်း အပါအ၀င်ပါ’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အရေးသွားရောက်မေးမြန်းစုံစမ်း နေသည့် မြန်မာသံရုံးအထူးအဖွဲ့ မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သံသယတရားခံ မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦးတွင် စာရွက်စာတမ်း၊ အထောက်အ ထားမရှိ၍ ၎င်းတို့၏ အလုပ်ရှင် များကိုလည်း တရားမ၀င်အလုပ် သမားများ ငှားရမ်းမှုဖြင့် ဖမ်းဆီး မည်ဖြစ်ကြောင်း တိုင်းဒေသအမှတ် (၈) အစိုးရဥပဒေဌာနက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ တရားရုံးစနစ် အရ ရဲက တိုက်ရိုက်စွဲချက်တင်၍ မရပေ။ အစိုးရဥပဒေအရာရှိကို အမှုမှတ်တမ်း ပေးပို့ရပြီး ယင်းအရာရှိက တရားစွဲမည့် ပုဒ်မနှင့် တရားစွဲမည့်အချက် စသည်တို့ကို လုပ်ဆောင်ရသည်။ ထိုင်းရဲတပ် ဖွဲ့သည် ဗြိတိန်စုံတွဲအသတ်ခံရ မှုအတွက် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု မှတ်တမ်းကို အောက်တိုဘာ ၇ ရက်က စမွီခရိုင် တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာရုံးသို့ တင်သွင်းခဲ့ သည်။ စာမျက်နှာ ၈၅၀ ပါဝင် သည့် စုံစမ်းစစ်ဆေးမှုမှတ်တမ်း ၌ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် စောနှင့် ၀င်းတို့နှစ်ဦးကို လူသတ် မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င် ရောက်မှုတို့ဖြင့် တရားစွဲဆိုရေးကို ထောက်ခံမှတ်တမ်းတင်ထား သည်။ ယင်းအမှု၏ စုံစမ်းစစ်ဆေး ရေးမှူးချုပ်လည်း ဖြစ်၊ ဒေသ (၈) ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့၏ လက်ထောက်ကော်မရှင်နာမင်းကြီး လည်း ဖြစ်သည့် Pol Maj Gen Paween Pongsirin နှင့် စူရတ် ဌာနီရဲတပ်ဖွဲ့၏ လက်ထောက် Commander ဖြစ်သူ Pol Col Pornsak Nuannu တို့က ယင်း မှတ်တမ်းနှင့် ပတ်သက်ဆက်စပ် ရာ သက်သေတို့ကို တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာ ရုံးသို့ တင် သွင်းခဲ့ကြခြင်း ဖြစ်သည်။ ကနဦး ရဲက တင်လာသည့် အမှုတွဲမှတ်တမ်းတွင် အချက်အလက်များ ပြည့်စုံလုံလောက်မှုမရှိ၍ ပြန်လည်ဖြည့်စွက်ရန် ဥပဒေအရာရှိက  ရဲများကို ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အောက်တိုဘာ ၉ ရက်တွင် မူ တိုင်းဒေသအမှတ် (၈) အစိုးရ ဥပဒေဌာနက ရဲတပ်ဖွဲ့ပေးပို့လာ သည့် စစ်ဆေးချက်များသည် ကျေနပ်စရာကောင်းကြောင်း၊ သို့ သော် အသေးစိတ်ထောင့်စေ့ အောင် ဆက်လက်ပြုလုပ်နေ ကြောင်း၊ ပထမရမန်ချုပ်ရက်စေ့ မည့် အောက်တိုဘာ ၁၅ ရက်အမီ ရုံးတင်နိုင်ရန် ကြိုးစားနေကြောင်း ပြောကြားလာသည်ဟု ထိုင်းအခြေစိုက် သတင်းများက ဖော်ပြ လာသည်။

‘‘သူတို့ဘက်က အခုစွဲချက် ကို ပြင်ဆင်ရေးသားပြီး ၁၅ ရက် နေ့အမီ တင်မယ်။ သူ့ဘက်က အားနည်းချက်တွေကို သူတို့ဘယ် လိုပြင်မလဲ မသိနိုင်ဘူး။ ကိုယ့် ဘက်က အမှုရင်ဆိုင်တဲ့အချိန်မှာ၊ လျှောက်လဲတဲ့အချိန်မှာ ပိုပြီး အားစိုက်ရတော့မယ်’’ဟု ထိုင်းနိုင်ငံ၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန် ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြော သည်။

သက်သေခံများအားလုံးကို စုဆောင်းမှုမတိုင်မီမှာပင် မှုခင်းဖြစ်ပွားရာနေရာသို့ ကမ္ဘာလှည့် ခရီးသွားများ ပြန်လည်ဝင်ရောက် ခွင့်ပေးခဲ့ခြင်းအပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အပတ်က ဖမ်းဆီးခဲ့ သည်အထိ ကပြက်ကချော်ဖြစ်စဉ် တသီတတန်းက အသက်(၂၁) နှစ်အရွယ် ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ပြစ်မှုအတွက် မဆီ မဆိုင် အချောင်ကြားဝင်ခံရသူ များအဖြစ် ဖန်တီးခဲ့သည်ဆိုသည့် ဝေဖန်မှုများ၊ စွပ်စွဲမှုများဆီ ဦး တည်သွားစေခဲ့သည်ဟု ထိုင်းသ တင်းစာကြီး တစ်စောင်ဖြစ်သည့် ဘန်ကောက်ပို့စ်က ဆိုသည်။

7Day DAILY 

ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည် သရုပ်ပြခိုင်းနေစဉ် (Reuters)
ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည် သရုပ်ပြခိုင်းနေစဉ် (Reuters)
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

လိပ်ကျွန်းအမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုကို ထိုင်းမှုခင်းဆေးပညာပါရဂူကြီး ဝေဖန်

ဘန်ကောက် - လိပ်ကျွန်း၌ ဗြိတိန်ခရီးသွားနှစ်ဦး သေဆုံးမှုကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးသည့်အခါ မှန်ကန်သည့် မှုခင်း ဆေးပညာ သိပ္ပံနှင့် ပြစ်မှုဖြစ်အင် စုံစမ်းစစ်ဆေးမှုနည်းလမ်းများကို ရဲတပ်ဖွဲ့က လိုက်နာမှုမရှိခဲ့ဟု ထိုင်းနိုင်ငံ၏ လေးစားခံ ရဆုံး မှုခင်းဆေးပညာဆိုင်ရာ ပါရဂူကြီးက ယနေ့ပြောကြားလိုက်သည်။

အခွန်အမှတ်တံဆိပ်များ နိုင်ငံခြားမှ မှာယူသုံးစွဲမည်

ဈေးကွက်တွင် သုံးစွဲ လျက်ရှိသည့် အခွန်အမှတ်တံ ဆိပ်များကို နိုင်ငံခြားမှ မှာယူပြီး ဒီ ဇင်ဘာလအတွင်း စတင်ပြောင်း လဲ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကပြောကြားသည်။

ရွေးကောက်ပွဲစနစ် မပြောင်းလိုသည့်အတွက် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင်အချို့ ထပ်မံလေ့လာမှုမလုပ်

ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုး ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသော် လည်း ရွေးကောက်ပွဲ စနစ်မပြောင်းလို၍ ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်အချို့ ရွေးကောက်ပွဲစနစ် ခုနစ်မျိုးပြည့်ရန် ထပ်မံလေ့လာမှုပြုလုပ်ခြင်းမရှိ ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအား ဥပဒေအရ ရပိုင်ခွင့်များရရှိရန် NDF တိုက်တွန်း

Photo: ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအား ဥပဒေအရ ရပိုင်ခွင့်များရရှိရန် NDF တိုက်တွန်း
Friday, Ocotber 10, 2014

 ခိုတောင်ကျွန်းတွင် ဗြိတိန်နှစ်ဦးအသတ်ခံရသည့်ကိစ္စ နှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် မြန်မာများတရားဥပဒေအရ ရပိုင် ခွင့်များရရှိရေးဝိုင်းဝန်းလုပ် ဆောင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက အစိုးရ၊နိုင်ငံရေးပါတီများအပါအ၀င် အဖွဲ့အစည်းမျိုးစုံအားတိုက်တွန်း လိုက်သည်။

ခိုတောင်ကျွန်းလူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာတို့ သည် မိမိနိုင်ငံသားတစ်စုံတစ် ယောက် နိုင်ငံပြင်ပတစ်နေရာ တွင် ရောက်နေစေကာမူ နိုင်ငံ သားအခွင့်အရေးနှင့် မြန်မာနိုင်ငံ သားဟူသည့် မြန်မာ့ဥပဓိရုပ်ကို အမြဲတစေအရေးတယူစောင့် ရှောက်ကာကွယ်တတ်သည်ဟူ သည့် ဂုဏ်သတင်းကို နိုင်ငံတကာမြင်ကွင်း၌ ထင်လင်းပေါ်လွင် ရေးကို ရှေးရှုလုပ်ဆောင်ရန် လည်း NDFက ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထား သည်။

‘‘ကာယကံရှင်တွေအမှန် တ ကယ်ကျူးလွန်ရင်လည်း သူတို့ကို ဥပဒေအတိုင်း အရေးယူပေါ့။ ဒါ ပေမဲ့ မကျူးလွန်ဘဲနဲ့တော့ ခံရ တာတွေ။ ဥပဒေအရ အကာအ ကွယ်မရတာတွေဆိုရင်တော့ လက်မခံကြောင်းပြောတာ’’ဟု  NDFမှ အတွင်းရေးမှူး (၂) ဦးနေ မင်းကျော်ကပြောသည်။

မြန်မာလုပ်သားလူငယ် နှစ် ဦးသည် မိခင်နိုင်ငံပြင်ပတစ်နေ ရာတွင် မှန်ကန်သည့် ဥပဒေအ ကာအကွယ်ရရှိရေးအတွက် အပူ တပြင်းဝိုင်းဝန်းလုပ်ဆောင်ကြရန် မှာ နိုင်ငံသားပြည်သူတစ်ဦးချင်း စီကို နိုင်ငံတော်က စောင့်ရှောက် ရမည့်တာဝန်ဟူ၍လည်း ၎င်းတို့ အနေဖြင့် ယူဆကြောင်း NDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

‘‘သူတို့ဥပဒေကြောင်းအရ စစ်တာတော့ ဘာမှမပြောလိုဘူး ပေါ့။ ဒါပေမဲ့အမှန်အတိုင်းဖြစ် စေချင်တယ်။ ဥပဒေနဲ့အညီဖြစ် စေချင်တယ်’’ဟု ဦးနေမင်းကျော် ကပြောသည်။

ဗြိတိန်စုံတွဲ အသက် (၂၄) နှစ်ရှိ ဒေးဗစ်မီလာနှင့် အသက် (၂၃)နှစ်အရွယ် ဟန်နာယီသာရစ်ခ်ျတို့နှစ်ဦးသည် စက်တင်ဘာ ၁၄ရက် ညဥ့်သန်းခေါင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင်အသတ်ခံရပြီး ထိုလူသတ်မှု၏ လက်သည်းတရားခံမှာ အသက်(၂၃) နှစ် အရွယ်စောနှင့် အသက် (၂၁) နှစ်အရွယ်ဝင်းဟုနာမည်အတိုကောက်ထုတ်ပြန် ခဲ့သူ နှစ်ဦးဖြစ်ကြောင်း ထိုင်းရဲက ထုတ်ပြန်ထားသည်။

7Day DAILY

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ−Supapong Chaolan)
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ−Supapong Chaolan)
ခိုတောင်ကျွန်းတွင် ဗြိတိန်နှစ်ဦးအသတ်ခံရသည့်ကိစ္စ နှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် မြန်မာများတရားဥပဒေအရ ရပိုင် ခွင့်များရရှိရေးဝိုင်းဝန်းလုပ် ဆောင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက အစိုးရ၊နိုင်ငံရေးပါတီများအပါအ၀င် အဖွဲ့အစည်းမျိုးစုံအားတိုက်တွန်း လိုက်သည်။

ကျောင်းသားထု တစ်ရပ်လုံး လိုလားသည့် ပညာရေးဥပဒေပြဋ္ဌာန်းနိုင်ရန် ကျောင်းသားထု အရေးပေါ် အစည်းအဝေးလုပ်မည်

ကျောင်းသားထုတစ်ရပ် လုံး လိုလားသည့် အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းပေးရန် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂ များ ပူးပေါင်း ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

၂၀၁၅ တွင် တင်သွင်းသည့်ကားများ ဘယ်မောင်းဖြစ်ရန် ဌာနအားလုံး ထောက်ခံချက်လို

၂၀၁၅ တွင် တင်သွင်းသမျှ မော်ဒယ်များ အားလုံးကို ဘယ်မောင်းကားများကိုသာ သွင်းခွင့်ပြုမည်ဆိုခြင်းမှာ သက်ဆိုင်ရာ ဌာနအားလုံး၏ ထောက်ခံချက်လိုအပ်ပြီး လတ်တလော မသေချာသေးကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမင်းမင်းက ပြောသည်။

နိဗ္ဗာန်ရောက်မည့် ဈေးသည်များ၏ ဈေးပွဲတော်

Photo: နိဗ္ဗာန်ရောက်မည့် ဈေးသည်များ၏ ဈေးပွဲတော်
Friday, Ocotber 10, 2014

မိုးအကုန်ဆောင်းဥတုသို့ ကူးပြောင်းစကာလတိုင်းတွင်  ဗုဒ္ဓဘာသာဝင်များသည် သီတင်းကျွတ်လပြည့်နေ့  အဘိဓမ္မာအခါတော်နေ့၊) သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲခဲ့ပြီးသည့်နောက် တန်ဆောင်မုန်းလအရောက်တွင် တန် ဆောင်တိုင်မီးထွန်းပွဲတော်ကို ဆက်လက်ဆင်နွှဲကြတော့မည် ဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင် သာမညဖလ သုတ်တော်ကို ဟောကြားတော်မူခဲ့သောကြောင့် သာမညဖလအခါတော်နေ့အဖြစ်  သတ်မှတ်၍  တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်၍ ဗုဒ္ဓဘုရားရှင်ကို ဆီမီး ပူဇော်ကြခြင်းဖြစ်သည်။

တန်ဆောင်တိုင်မီးထွန်းပွဲတော်များတွင် မပါမဖြစ် ပြုလုပ်သည့် အလှူဓလေ့တစ်ခုရှိသည်။ မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးပွဲတော်အဖြစ် ဗုဒ္ဓဘာသာဝင်များက နှစ်စဉ်နှစ်တိုင်း ပြုလုပ်လှူဒါန်းကြခြင်းဖြစ်သည်။ ယင်းမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင်၍ မြို့နယ်အလိုက်၊ လမ်းအလိုက်၊ ကျေးရွာအလိုက် စုစည်း၍ အသီးသီးပိုမိုပြုလုပ်လှူဒါန်းလာခဲ့ကြသည်။

မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးပွဲတော်ဆိုသည်မှာ ပုံမှန်ဈေးရောင်းသော ဈေးဆိုင်အချို့၌ အလေးချိန်ခွင် မပြည့်ခြင်း၊ ပစ္စည်းမမှန်ကန်ခြင်း၊ မတရားအမြတ်ကြီးစားခြင်းစသည်ဖြင့် သမ္မာအာဇီဝ မမျှတဘဲ ရောင်းချပါက ထိုဈေးသည်ကို ‘‘အပါယ်သွားမည့်ဈေး သည်’’ ဟု သတ်မှတ်ပြီး နိဗ္ဗာန်ဈေးဆိုသည်မှာမူ အရပ်လေးမျက်နှာမှလာ၍   စားသောက်သောသူများကို အယုတ်-အလတ်-အမြတ်မရွေး စေတနာထက်သန်စွာဖြင့်လက်ရည်တစ်ပြင်တည်း ထား၍ ကျွေးမွေးလှူဒါန်းသည့် အတွက် ‘‘နိဗ္ဗာန်ဈေးပွဲတော်’’ ဟု ခေါ်တွင်သည်ဟု ရှေးလူကြီးများ က ဆိုသည်။

နိဗ္ဗာန်ဈေးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလ၏ အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော်တစ်ရက်နေ့များတွင် သုံးရက်ကျင်းပပြုလုပ်လေ့ရှိပြီး အချို့နေရာများတွင်မူ တန်ဆောင်မုန်းလပြည့်နေ့   တစ်ရက်တည်းသာ ကျင်းပလေ့ရှိသည်။

မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပုံ၊ ကျင်းပနည်းမှာ နှစ်မျိုးနှစ်စားရှိပြီး ပထမတစ်နည်းမှာ နိဗ္ဗာန်ဈေးပွဲတော် ကျင်းပ မည့်နေရာတွင် လှူဒါန်းမည့်အ စားအသောက်၊ အသုံးအဆောင်များကို ခင်းကျင်းထား၍ မီးထွန်းပွဲလာကြ သည့် မည်သူမဆို အယုတ်၊ အလတ်၊ အမြတ်မရွေး လာရောက်စားသုံးနိုင်ကြပါသည်။ နောက်တစ်နည်းမှာ အလှူရှင်များက လှူဒါန်းမည့်ပစ္စည်းများကို မဲလက်မှတ်ပြုလုပ်၍ အဆိုပါမဲလက်မှတ်များကို မြို့နယ်အလိုက်၊ရပ်ကွက်အလိုက်၊လမ်းအလိုက်စုစည်း၍ မီးထွန်းပွဲသို့ လာရောက်သူများကို ပြန်လည်ဝေငှကာ လက်မှတ်ရရှိသူများက အလှူရှင်များ၏အိမ် ကို လိုက်လံရှာဖွေပြီး မဲလက်မှတ်နှင့် လှူဒါန်းပစ္စည်းများကို လဲလှယ်ရသည့် နည်းလမ်းဖြစ်သည်။

မြို့ကြီးများရှိ မြို့နယ်၊ ရပ်ကွက်နှင့် လမ်းအသီးသီးရှိ နိဗ္ဗာန်ဈေးပွဲတော်များတွင် အဆိုပါ လှူဒါန်းသည့်ပစ္စည်းနှင့် လက်မှတ်လဲလှယ်သည့် နည်းလမ်းကို ပိုမိုအသုံးပြုကြပြီး ကျေးလက်ဒေသများတွင် ကျေးရွာဘုရားပွဲသို့ လာရောက်သူ များကို လှူဒါန်းမည့် ပစ္စည်းများကို ဗန်းများ၊ ဇလုံများ ခင်းကျင်းကာ လှူဒါန်းမှုများကို ပိုမိုပြုလုပ်လေ့ရှိကြပါတယ်။

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးများတွင် မြန်မာ့ရိုးရာ နိဗ္ဗာန် ဈေးပွဲတော် ကျင်းပပြုလုပ်သည့် နေရာများပြားလာပြီး အများစုမှာ အစားအသောက်ကို အဓိက လှူဒါန်းကြကာ အသုံးအဆောင်ပစ္စည်းများအပြင် အချို့နေရာများ၌ ကံစမ်းမဲများပါ မဲဖောက်ပေးလေ့ရှိကြသည်။

မြို့ကြီးများ၏ မြို့နယ်များ၊ ရပ်ကွက်များ၊ လမ်းများတွင် နိဗ္ဗာန်ဈေးပွဲတော်ကို ပိုမိုကျင်းပဖြစ်လာသည့် အကြောင်းရင်းမှာ သက်ဆိုင်ရာက ယခင်ကထက်ပို၍ ကျင်းပခွင့်ကို ခွင့်ပြုပေးလာခြင်းကြောင့်ဖြစ်ကြောင်း နိဗ္ဗာန်ဈေးပွဲတော် ဦးဆောင်ကျင်းပသူများကဆိုသည်။

ရန်ကုန်မြို့အတွင်း မြို့နယ်အသီးသီး၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်များနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော်များကိုပါ ကျင်းပပြုလုပ်လေ့ရှိကြပြီး ရန်ကုန်မြို့လယ်ရှိ မြို့နယ်များအပါအ၀င် ကြည့်မြင်တိုင်၊ အလုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာမြို့နယ်များတွင် စည်ကားလေ့ရှိကြသည်။တန်ဆောင်တိုင် မီးထွန်းပွဲ တော်အတွင်း လည်ပတ်ရန်သင့် လျော်သည့်၊ စည်ကားသည့်နေ ရာအချို့ကို ရွေးချယ်ဖော်ပြလိုက် ပါသည်။

(၁)လမ်းမတော် တန်ဆောင် တိုင် ပျော်ပွဲရွှင်ပွဲ

လမ်းမတော်မြို့နယ်အ တွင်းရှိ တန်ဆောင်တိုင်ပျော်ပွဲ ရွှင်ပွဲကို နှစ်စဉ်နှစ်တိုင်း အစဉ်အ ဆက် အဖိတ်နေ့နှစ်ရက်အပါအ ၀င် လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့အထိ လေးရက် ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။

လမ်းမတော်မြို့နယ်အတွင်း ရှိ (၄) လမ်းမှ (၁၅) လမ်းအထိ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဈေး ရောင်းပွဲတော်ကို ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

လမ်းမတော်တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲတွင် ထူးခြားချက်တစ် ခုအနေဖြင့် ၁၃ လမ်း (အောက် ဘလောက်)၊ ကာတွန်းဦးဘဂျမ်း လမ်းတွင် တန်ဆောင်တိုင် ကာ တွန်းမီးထွန်းပွဲတော်ကို ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။

(၂)ဗိုလ်ရာညွန့်လမ်း နိဗ္ဗာန်ဈေး ပွဲတော်

ဒဂုံမြို့နယ်အတွင်းရှိ ဗိုလ် ရာညွန့်လမ်း နိဗ္ဗာန်ဈေးပွဲတော် ကို တန်ဆောင်မုန်းလပြည့်နေ့ (နို ၀င်ဘာ ၆ ရက်) တစ်ရက်တည်း သာ ကျင်းပပြုလုပ်လေ့ရှိသည်။

နိဗ္ဗာန်ဈေးပွဲတော်တွင် ဆိုင် ခန်းပေါင်း ၂၀၀ ကျော် ဖွင့်လှစ် ထားပြီး ပွဲသို့လာရောက်သူများ ကို ညနေ ၃ နာရီတွင် ဆိုင်ခန်း နံပါတ်များ ပါဝင်သည့် ကူပွန်စာ ရွက်များကို ဝေငှပေးသွားမှာဖြစ် ပြီး ဆိုင်ခန်းများကို လိုက်လံရှာ ဖွေ၍ ကူပွန်နံပါတ်နှင့် လှူဒါန်း ထားသည့်ပစ္စည်းများကို လဲလှယ် ရမည်ဖြစ်သည်။

လှူဒါန်းပစ္စည်းများမှာ အ စားအသောက် အပါအ၀င် အသုံး အဆောင်ပစ္စည်းများလည်း ပါဝင် မည်ဖြစ်ပြီး စတုဒီသာများလည်း ကျွေးမွေးသွားမည်ဖြစ်သည်။

အလှူကောက်ခံ၍ ရရှိသည့် အလှူငွေများဖြင့် ၀ယ်ယူထား သည့် တန်ဖိုးကြီးအသုံးအဆောင် ပစ္စည်းများ၊ စားသောက်ကုန်များ နှင့် ငွေသားများပါဝင်သည့် ကံ စမ်းမဲများကို ထပ်မံမဲဖောက်ပေး သွားမှာဖြစ်ပါတယ်။ ထို့အပြင် နိဗ္ဗာန်ဈေးပွဲတော် ဖွင့်လှစ်သည့် အခမ်းအနားတွင် လွှင့်တင်လိုက် သည့် ပူဖောင်းများတွင် ငွေသား ပမာဏနှင့် လိပ်စာပါဝင်သည့် အလံကို ချိတ်ဆွဲပေးထားပြီး ရရှိသူများက ဗိုလ်ရာညွန့်လမ်းသို့ လာရောက်ထုတ်ယူနိုင်သည်။

(၃)နှင်းဆီကုန်းဘိုးဘွားရိပ်သာ ပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော်

နှင်းဆီကုန်းဘိုးဘွားရိပ်သာ ရှိ အဘိုး၊ အဘွားများ ရန်ပုံငွေ ပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော်ကို နှစ်စဉ်ဒီဇင်ဘာ ပထမအပတ် စနေနေ့တွင် ကျင်းပပြုလုပ်လေ့ရှိ ပြီး ယခုအကြိမ်သည် (၅၃) ကြိမ် မြောက် ဖြစ်သည်။

ပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲ တော်တွင် ဖျော်ဖြေရေးအစီအစဉ်   များနှင့်အတူ ဆိုင်ခန်းပေါင်း ၈၀ ကျော် ဖွင့်လှစ်သွားမည်ဟု သိရ သည်။

ဆိုင်ခန်းများတွင် အသင့် စား အစားအသောက်များအပါအ၀င် စားသောက်ဖွယ်ရာများကို တစ်ပွဲ လျှင် ငွေကျပ် ငါးရာမှ တစ် ထောင်ကျပ်နှုန်းသာ ရောင်းချကြ ပြီး ရောင်းချရသည့်ငွေများကို နှင်း ဆီကုန်းဘိုးဘွားရိပ်သာသို့ လှူ ဒါန်းသွားမည်ဖြစ်သည်။

ဖျော်ဖြေရေးအနေဖြင့် ယ ခင်နှစ်များတွင် စတိတ်ရှိုးများကို စီစဉ်သော်လည်း နောက်ပိုင်းတွင် အငြိမ့်နှင့် အကများကိုသာ စီစဉ် လေ့ရှိပါသည်။

7Day DAILY 

သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းက ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ပြုလုပ်ခဲ့သော နိဗ္ဗာန်ဈေးပွဲမြင်ကွင်း (ဓာတ်ပုံ−သီဟ)
သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းက ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ပြုလုပ်ခဲ့သော နိဗ္ဗာန်ဈေးပွဲမြင်ကွင်း (ဓာတ်ပုံ−သီဟ)
မိုးအကုန်ဆောင်းဥတုသို့ ကူးပြောင်းစကာလတိုင်းတွင် ဗုဒ္ဓဘာသာဝင်များသည် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့၊) သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲခဲ့ပြီးသည့်နောက် တန်ဆောင်မုန်းလ အရောက် တွင် တန် ဆောင်တိုင်မီးထွန်းပွဲတော်ကို ဆက်လက်ဆင်နွှဲကြတော့မည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်အကောင်အထည်ဖော်ရန် နှစ်နိုင်ငံခေါင်းဆောင် များ သဘောတူ လိပ်ကျွန်းလူသတ်မှု မျှတပွင့်လင်းရေး၊ မြန်မာလုပ်သားအရေး၊ နယ်စပ်မြို့ သုံးမြို့ကို ညီအစ်မမြို့တော်သတ်မှတ်ရေးများ ထည့်သွင်းဆွေးနွေး

Photo: ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်အကောင်အထည်ဖော်ရန် နှစ်နိုင်ငံခေါင်းဆောင် များ သဘောတူ
လိပ်ကျွန်းလူသတ်မှု မျှတပွင့်လင်းရေး၊ မြန်မာလုပ်သားအရေး၊ နယ်စပ်မြို့ သုံးမြို့ကို ညီအစ်မမြို့တော်သတ်မှတ်ရေးများ ထည့်သွင်းဆွေးနွေး
 Friday, Ocotber 10, 2014

ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုတွင် ထား ၀ယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ရန် သဘောတူပြီး လိပ်ကျွန်းလူ သတ်မှုကို တရားဥပဒေနှင့်အညီ ဖြစ်စေရန်၊ အမှုစစ်ဆေးမှုများ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ထိုင်း ရောက် ရွှေ့ပြောင်းလုပ်သားများ အရေးအပါအ၀င် ထိုင်း-မြန်မာ နယ်စပ်မြို့ သုံးမြို့ကို ညီအစ်မ မြို့အဖြစ်သတ်မှတ်ရန် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ကြောင်း သတင်းရရှိသည်။

သို့သော်ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရချင်းဆက်ဆံ ရေးနှင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားအပေါ် အဓိကထားဆွေးနွေး မည်သာဖြစ် ပြီး မြန်မာရွှေ့ပြောင်းလုပ်သား အရေးနှင့် လိပ်ကျွန်းလူသတ်မှု ကိစ္စတို့ကို ကြည့်ကောင်းရုံသာ ဆွေးနွေးမည့်ပုံစံမျိုးဖြစ်ကြောင်းထိုင်း-မြန်မာနှစ်နိုင်ငံ နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြော ကြားသည်။

အောက်တိုဘာ ၉ ရက် ည နေတွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် ၀န်ကြီးချုပ် ပရာ ယွတ်တို့ တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်တွင် ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ယင် လပ်အစိုးရလက်ထက်က အစိုးရ ချင်းလုပ်ကိုင်ရန် သဘောတူထား သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်ရန် နှစ်ဖက်စလုံးက သဘောတူပြီး အစိုးရချင်းပံ့ပိုးမှု များပြုလုပ်၍ အမြန်ဆုံးဆောင် ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်က ပြောသည်။

‘‘လိပ်ကျွန်းလူသတ်မှု မျှမျှ တတဖြစ်ဖို့၊ အမှုစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ထိုင်း ရောက် မြန်မာရွှေ့ပြောင်းလုပ် သားတွေကို ကူညီကာကွယ် စောင့်ရှောက်ဖို့ မြန်မာဘက်က မေတ္တာရပ်ခံပါတယ်။ ထိုင်းနိုင်ငံ ဘက်ကလည်း နှစ်နိုင်ငံချစ်ကြည် ရေးအရ အခုလည်း မြန်မာအလုပ် သမားတွေကို ပတ်စ်ပို့ မရခင် ယာယီနေထိုင်ခွင့်တွေ ပေးထား တယ်။ လိပ်ကျွန်းလူသတ်မှုကို လည်း မျှမျှတတဖြစ်စေပါမယ်ဆို ပြီး ပြန်ဆွေးနွေးပါတယ်’’ဟု ၎င်းကပြောကြားသည်။

ခရီးစဉ်အတွင်း မြန်မာ- ထိုင်းနယ်စပ်မြို့ သုံးမြို့ဖြစ်သည့် ကော့သောင်း-ရနောင်း၊ ချင်းမိုင်−ကျိုင်းတုံ၊ မြိတ်−ပရာကျွတ်ကရိကန်တို့ကို ညီအစ်မမြို့အဖြစ် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့ကြောင်း ၎င်းကပြောသည်။

‘‘ညီအစ်မမြို့ သုံးခုတည် ထောင်ဖို့ သမ္မတနဲ့ ၀န်ကြီးချုပ်တို့ က စာချွန်လွှာ လက်မှတ်ထိုးပါ တယ်။ စာချုပ်ထဲမှာတော့ ညီ အစ်မမြို့ဖြစ်ရင် ဘာတွေလိုချင် တယ်ဆိုတာ နှစ်ဖက်ညှိနှိုင်းပြီး ထည့်ထားတဲ့ အချက်တွေရှိပါ တယ်။ မြန်မာရွှေ့ပြောင်း လုပ် သားတွေအတွက်လည်း ဒီစာချုပ် က နှစ်ဖက်လိုချင်တာထည့်တာဆိုတော့ အကျိုးရှိစေမှာပါ’’ ဟု ဦးစံ လွင်ကပြောကြားသည်။

မြန်မာသို့ ပထမဆုံး လာ ရောက်သည့် ၎င်း၏ခရီးစဉ်တွင် ရွှေ့ပြောင်းလုပ်သားများ အရေး နှင့် ၎င်းတို့၏ အနာဂတ်အတွက် ဆွေးနွေးခြင်း၊ မြန်မာအာဆီယံ ဥက္ကဋ္ဌတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်းနှင့် ထား ၀ယ် ရေနက်စီမံကိန်းကို ဆက် လက်လုပ်ကိုင်ရန်တို့ကို ဦးစား ပေးတိုက်တွန်းဆွေးနွေးဖွယ်ရှိပြီး လိပ်ကျွန်းလူသတ်မှုမှာ စုံစမ်း စစ် ဆေးဆဲအနေအထားတွင် ဖြစ်၍ ထိုအချက်ကို အလေးပေးဖွယ်မရှိ ကြောင်း ထိုင်းနိုင်ငံသားသတင်း စာဆရာမစ္စတာက၀ီကပြောသည်။

‘‘ထိုင်းဝန်ကြီးချုပ်က အခု မြန်မာပြည်သူတွေ စိတ်ဝင်စားတဲ့ ရွှေ့ပြောင်းလုပ်သားတို့၊ ခိုတောင်ကျွန်းလူသတ်မှုတို့ကို တကယ် လှိုက်လှိုက်လှဲလှဲ ဆွေးနွေးမယ် မထင်ဘူး။ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မြန်မာဆီက သူတို့အစိုးရအပေါ် ထောက်ခံမှုကိုနက်နက်နဲနဲလိုချင် လို့ ဒီကိစ္စတွေကို ကြည့်ကောင်း ရုံဆွေးနွေးတာပဲရှိတယ်’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထား သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍ ယခုနှစ် မေလ ၈ ရက်တွင် အာ ဏာသိမ်းခဲ့ခြင်းဖြစ်သည်။ စစ် အာဏာသိမ်းထားစဉ် စစ်တပ် အုပ်ချုပ်ရေးနှင့် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ထောင် သွင်းအကျဉ်းချခြင်း၊ ညှဉ်းပန်နှိပ် စက်ခြင်း စသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်ခဲ့သည် ဟု စွပ်စွဲခံနေရပြီး ဒီမိုကရေစီ စနစ် နောက်ပြန်လှည့်သွားသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးဆက်ဆံမှုများ ဖြတ်တောက်ခြင်း ခံထားရသည်။

ဝန်ကြီးချုပ် ပရာယွတ်သည် အာဏာသိမ်းခေါင်းဆောင်ဖြစ် ပြီး နိုင်ငံတကာ၏ ဝေဖန်မှုခံနေရချိန်တွင် အစိုးရ ခေါင်းဆောင်တစ်ဦးအနေဖြင့် ရပ်တည်နေကြောင်း ပြသရန်နှင့် နိုင်ငံရေး တွင် စစ်တပ် ပါဝင်ပတ်သက်မှု ကျယ်ကျယ်ပြန့်ပြန့်ရှိသည့် မြန်မာနိုင်ငံ၏ ပုံစံကို အတုယူရန် ယခု ခရီးစဉ်တွင် ပိုမိုအာရုံစိုက်မည်ဖြစ် ကြောင်း ထိုင်းနိုင်ငံရေးရာ သုတေ သီ Ji Umpakorm ကပြောကြား ကြောင်း BBC သတင်းဌာန၌ဖော်ပြထားသည်။

7Day DAILY 

ထိုင်းအာဏာသိမ်းစစ်အစိုးရခေါင်းဆောင်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ် (ဓာတ်ပုံ − MOI Webportal Myanmar)
ထိုင်းအာဏာသိမ်းစစ်အစိုးရခေါင်းဆောင်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ် (ဓာတ်ပုံ − MOI Webportal Myanmar)
ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုတွင် ထား ၀ယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ရန် သဘောတူပြီး လိပ်ကျွန်းလူ သတ်မှုကို တရားဥပဒေနှင့်အညီ ဖြစ်စေရန်၊ အမှုစစ်ဆေးမှုများ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ထိုင်း ရောက် ရွှေ့ပြောင်းလုပ်သားများ အရေးအပါအ၀င် ထိုင်း-မြန်မာ နယ်စပ်မြို့ သုံးမြို့ကို ညီအစ်မ မြို့အဖြစ်သတ်မှတ်ရန် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦးအရေး ဒီမိုကရေစီတက်ကြွသူများ ဆန္ဒပြ

Photo: မြန်မာလုပ်သားနှစ်ဦးအရေး ဒီမိုကရေစီတက်ကြွသူများ ဆန္ဒပြ
Friday, Ocotber 10, 2014

 ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် တရားခံဟုစွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး မတရားဖမ်းဆီးခံရခြင်းကြောင့် ပြန်လွှတ်ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အောက်တိုဘာ ၉ ရက် ညနေ၄ နာရီအချိန်တွင် ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူ ၁၀ ဦး သည် ထိုင်းနိုင်ငံတွင် မြန်မာ လုပ် သားနှစ်ဦး မတရားဖမ်းဆီးခံ နေရခြင်းကြောင့် ပြန်လွှတ်ပေးရန် နှင့် တရားမျှတစွာ တရားစီရင်ပေး ရန် မဟာဗန္ဒုလပန်းခြံကို တစ်ပတ်ပတ်ကာ ဆူးလေစေတီတွင် အဆိုပါနှစ်ဦး ပြန်လွတ်ရန် အတွက် ဆုတောင်းမှုများပြုလုပ်ခဲ့သည်။

‘‘မြန်မာနှစ်ဦးဖမ်းဆီးခံရတာ နဲ့ ပတ်သက်ပြီး သတင်းတွေဖတ် တော့ မတရားဖမ်းဆီးခံရတာလို့ သုံးသပ်တယ်။ မေးမြန်းကြည့် တော့ ထိုင်းရဲတပ်ဖွဲ့က ဒီလိုမျိုး ကိစ္စတွေမှာ တရားခံတွေကို လူ စားထိုးပြုလုပ်နေတာတွေရှိတယ် လို့သိရတယ်။ အခုမြန်မာနှစ်ဦးက လည်း မတရားခံနေရတာပဲလို့ သုံးသပ်တယ်။ အဲဒါကြောင့် ဆန္ဒပြတောင်းဆိုတာပါ။ သူ့ကိုလွှတ်ပေးဖို့ပါ’’ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ဦးဘမြင့်ကပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲ ပြု လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဆန္ဒပြရာတွင် ‘‘ထိုင်းဝန်ကြီး ချုပ်မြန်မာရွှေ့ပြောင်းလုပ်သား များကို အကာအကွယ်ပေး၊ စွပ်စွဲ ခံမြန်မာနိုင်ငံသားနှစ်ဦးကို သံသ ယအကျိုးခံစားခွင့်ပေးပါ၊ ထိုင်း ၀န်ကြီးချုပ်အား ကြိုဆိုပါ၏၊ မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ ထိုင်းရောက် မြန်မာနိုင်ငံသား များကို ဥပဒေအရ အကာအ ကွယ်ပေးပါရန်’’စသည့် ဆိုင်း ဘုတ်များကိုင်ဆောင်ကာ တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်သည်။

7Day DAILY

မြန်မာလုပ်သားနှစ်ဦးအတွက် မျှတသောတရားစီရင်ရေးဖြစ်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
မြန်မာလုပ်သားနှစ်ဦးအတွက် မျှတသောတရားစီရင်ရေးဖြစ်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် တရားခံဟုစွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး မတရားဖမ်းဆီးခံရခြင်းကြောင့် ပြန်လွှတ် ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

ပြည်တွင်းကျောက်မျက်ပွဲ အပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူမှုများနိုင်

Photo: ပြည်တွင်းကျောက်မျက်ပွဲ အပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူမှုများနိုင်
Friday, Ocotber 10, 2014

ပြည်တွင်းကုန်သည်များ ကိုသာ အဓိက ရောင်းချမည့် ကျောက်မျက်ပြပွဲမှာ ကုန်ကြမ်း ပြတ်လပ်နေသည့် မြန်မာ ကုန် သည်အချင်းချင်း အပြိုင်အဆိုင် ဝယ်ယူ မည့်ပြပွဲတစ်ခုဖြစ်လာနိုင် ကြောင်း ကျောက်စိမ်းကျောက် မျက်လုပ်ငန်းရှင် များက ပြော ကြားသည်။

အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ပြုလုပ်မည့် အဆိုပါကျောက်မျက်ပွဲတွင် ကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်ပြီး ပြည်တွင်း ကုန်သည်များသာ ဝင်ရောက်ဝယ် ယူခွင့်ရရှိမည့်ပွဲဖြစ်သော်လည်း အပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူနိုင်ကြောင်း ဖားကန့်မြို့မှ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ရှင်များက ပြောသည်။

ပြီးခဲ့သည့် အကြိမ် (၅၀) မြောက် ကျောက်မျက်ပြပွဲတွင် တရုတ်ကုန်သည်များနှင့် ပြည် တွင်းကုန်သည်များအပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူခဲ့ရာ တရုတ် ကုန်သည် များက အများစုတွင်  လေလံအောင်ခဲ့သော ကြောင့် မြန်မာကုန်သည် များလို အပ်သလောက် ဝယ်ယူခွင့်မရ ခဲ့၍ ယခုပွဲတွင် အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်ဝယ်ယူဖွယ်ရှိ ကြောင်း မြစ်ကြီးနားကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလာခရီလာအောင်က ပြောသည်။

ယခုပြပွဲတွင် ကျောက်စိမ်း ကျောက်မျက်အတွဲပေါင်းခုနစ် ထောင်ကျော် ပြသရောင်း ချ မည် ဟု မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းက ထုတ်ပြန် ထားသည်။

ပြည်တွင်းကျောက်မျက်ပြပွဲ ဖြစ်သော်လည်း တရုတ်ကုန်သည် များအတွက် အမည်ခံဝယ်ယူပေး မည့် မြန်မာလုပ်ငန်းရှင်များလည်း ပါဝင်လာနိုင်ကြောင်း  Gems Garden ကျောက်စိမ်းကျောက် မျက်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ ဦးကျော်ဇော်မြတ်က ပြော ကြားသည်။

 အစိုးရက  ကျောက်စိမ်း အဓိကထွက်ရာ ဖားကန့်တွင် ပြီး ခဲ့သည့် စက်တင်ဘာ ၁ ရက်မှစ၍ ကျောက်စိမ်း ပြန်လည်တူးဖော်ခွင့်ပြုနေပြီဖြစ်သော်လည်း လုပ်ငန်း အများစုမှာမစတင်နိုင်သေး သဖြင့် ကုန်ကြမ်းပြတ်လပ်မှုများ နှင့် ကြုံတွေ့နေရသည်။ ထို့ ကြောင့် ယခုပွဲသည် မြန်မာကုန် သည်အများစုအလေးထားသည့် ပွဲတစ်ခုဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းသည် ပြီးခဲ့သည့် အကြိမ် (၅၀) မြောက် ကျောက်မျက်ရတနာပြပွဲမှ စတင်ပြီး ပြည်တွင်း အချောထည်ဈေးကွက် အောင် မြင်ရန် ကျောက်စိမ်း ကျောက် မျက်အကြမ်းထည်များကို လျှော့ ချပြသမည်ဟု  ပြောကြားထား သည်။

7Day DAILY

နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ− မိုးညို)
နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ− မိုးညို)
ပြည်တွင်းကုန်သည်များ ကိုသာ အဓိက ရောင်းချမည့် ကျောက်မျက်ပြပွဲမှာ ကုန်ကြမ်း ပြတ်လပ်နေသည့် မြန်မာ ကုန် သည်အချင်းချင်း အပြိုင်အဆိုင် ဝယ်ယူ မည့်ပြပွဲတစ်ခုဖြစ်လာနိုင် ကြောင်း ကျောက်စိမ်းကျောက် မျက်လုပ်ငန်းရှင် များက ပြော ကြားသည်။

NLD ပါဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ခေါင်းဆောင် အမည်စာရင်းများ နိုဝင်ဘာလဆန်း အစည်းအဝေးမှသာ ထုတ်ပြန်နိုင်မည်

Photo: NLD ပါဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ခေါင်းဆောင် အမည်စာရင်းများ နိုဝင်ဘာလဆန်း အစည်းအဝေးမှသာ ထုတ်ပြန်နိုင်မည်
Friday, Ocotber 10, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများ ပါဝင်သော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ၏ ခေါင်းဆောင်အမည်စာရင်းများကို နိုဝင်ဘာလဆန်း ပုံမှန်အစည်းအဝေး၌ အတည်ပြုထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများက ပြောကြားသည်။
 
အဆိုပါ တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး  အတည်ပြုဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
 
ထိုသို့ ဖွဲ့စည်းရာတွင် အဖွဲ့ခေါင်းဆောင်အဖြစ် NLD က တာဝန်ယူပြီး တွဲဖက်ခေါင်းဆောင်များအဖြစ် CRPP ကိုယ်စားပြုတစ်ဦး၊ UNA မှကိုယ်စားပြုတစ်ဦးနှင့် CRPP နှင့် UNA တို့တွင် လုံးဝပါဝင်ခဲ့ခြင်း မရှိသည့် အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားပြုတစ်ဦး ပါဝင်မည်ဖြစ်ပြီး ကျန်ပါတီများအနေဖြင့် အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်မည့်သူများကို သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် ထပ်မံတွေ့ဆုံမည့် နိုဝင်ဘာလဆန်းအစည်းအဝေးမှသာ ထုတ်ဖော်ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
 
 NLD အနေဖြင့် ခေါင်းဆောင်အဖြစ် ပါဝင်မည့်ပုဂ္ဂိုလ်၏ အမည်စာရင်း ကြိုတင်ထုတ်ပြန်ရန် ရှိ မရှိနှင့်ပတ်သက်၍“NLD ကလည်း နိုဝင်ဘာလဆန်း အစည်းအဝေးလုပ်တဲ့နေ့ကျရင် ကြေညာပါမယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
 
ယခုဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့တွင် NLD အနေဖြင့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော်လည်း NLD မှ ဦးဆောင်သည့် ပုံစံမျိုးမဟုတ်ဘဲ မဟာမိတ်ပုံစံသာဖြစ်ကြောင်း သိရသည်။
 
ထို့အတူ UNA အနေဖြင့်လည်း တွဲဖက်ခေါင်းဆောင်တစ်ဦး အမည်စာရင်းပေးရမည်ဖြစ်သော်လည်း UNA အဖွဲ့ဝင်ပါတီများ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရသေးသဖြင့် ကိုယ်စားလှယ်အဖြစ် ပါဝင်မည့်သူအား ရွေးချယ်ခြင်းမပြုလုပ်ရသေးကြောင်း EAPP ဖွဲ့စည်းရာတွင် UNA  အဖွဲ့ကိုယ်စား ပါဝင်ခဲ့သည့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။
 
သို့ရာတွင် CRPP  မှ အဖွဲ့ဝင်ကိုယ်စားပြုတစ်ဦး ပါဝင်ရန်မှာ CRPP အနေဖြင့် သီးခြားအဖွဲ့ပုံစံမရှိတော့ဘဲ CRPP တွင် ပါဝင်ခဲ့သည့်သူများမှာ လက်ရှိ UNA  တွင် ပါဝင်နေသူများဖြစ်သဖြင့် CRPP ကိုယ်စားရွေးချယ်ရန် မည်သို့လုပ်ဆောင်မည်ကိုလည်း မသိရှိရသေးကြောင်း ဦးမင်းကျော်ဝင်းက ဆိုသည်။ တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများအနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံရေး ပြဿနာများအား အတူတကွ ညှိနှိုင်းဖြေရှင်းမှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်ရေးအတွက် လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများ ပါဝင်သော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ၏ ခေါင်းဆောင်အမည်စာရင်းများကို နိုဝင်ဘာလဆန်း ပုံမှန်အစည်းအဝေး၌ အတည်ပြုထုတ်ပြန် နိုင်မည် ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများက ပြောကြားသည်။

ခိုထောင်ကျွန်း (လိပ်ကျွန်း) ကိစ္စ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြား

လက်ရှိဖြစ်ပွားနေသည့် ခိုထောင်ကျွန်း (လိပ်ကျွန်း) ကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်

Photo: တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်
Friday, Ocotber 10, 2014

ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော် တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လုံခြုံရေးဆောင် ရွက် ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။
 
ယင်းကဲ့သို့ တောင်ကြီး၌ ဗုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် လာရောက်မည့် ခရီးသွား ဧည့်သည်များနှင့် ဒေသခံများအနေဖြင့် ပွဲတော်ကာလတွင် လုံခြုံရေးအား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
 
ထို့ကြောင့် ပွဲတော်ကာလအတွင်း လုံခြုံမှုရှိစေရန် လုံခြုံရေးဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်မည့်အပြင် ရဲလုပ်ငန်းများကိုလည်း ယခုရက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
 
“ဒီတန်ဆောင်တိုင်ပွဲတော်မှာ လုံခြုံရေးအနေနဲ့ပတ်သက်ပြီးတော့ ဘာမှမဖြစ်အောင် အခုကတည်းက အစီအမံတွေ ဆောင်ရွက်နေပါပြီ။ ဒီပွဲတော်က ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ တက်ရောက်တဲ့ ပွဲလည်းဖြစ်တယ်။ နိုင်ငံတစ်ခုလုံးအနေနဲ့လည်း အထင်ကရပွဲတော် ဖြစ်တယ်။ ဒါကြောင့် ဒီပွဲတော်ကာလမှာ ဘာမှဖြစ်စရာအကြောင်းမရှိဘူးလို့ ယူဆထားတယ်။  ပွဲတော်ကျင်းပရက်က လိုနေသေးပေမယ့် အခုကတည်းက ရဲလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဝင်းထွန်းက ပြောကြားသည်။
 
၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပြိုင်ပွဲဝင် မီးပုံးပျံ ၁၄၇ လုံး မီးလောင်ပျက်စီးကာ ပြုတ်ကျခဲ့ပြီး ပွဲကြည့်ပရိသတ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
 
အဆိုပါပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ၂၄၃ ရုပ် လွှတ်တင်ခဲ့ပြီး ၁၁ဝ လုံး တက်ခဲ့ကာ ၁၃၃ လုံး ပျက်ကျခဲ့ကြောင်း၊ ညလွှတ်မီးပုံးပျံ ၁ဝ၁ လုံးလွှတ်တင်ခဲ့ကာ ၁၄ လုံး ပျက်ကျခဲ့ကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုံခြုံရေးကော်မတီမှ သိရသည်။
 
ထို့အပြင် ၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် နိုဝင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ အမေရိကန်၊ နယ်သာလန်၊ ရုရှားနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံ မှ နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၈ဝဝ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်နိုင်ငံသူတစ်ဦး အတက်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှ သိရသည်။    

Eleven Media Group 

တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်အတွက် လုံခြုံရေးကြိုတင်လေ့ကျင့် ခဲ့မှုအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်အတွက် လုံခြုံရေးကြိုတင်လေ့ကျင့် ခဲ့မှုအား ၂၀၁၃ ခုနှစ် အတွင်း က တွေ့ရစဉ်
ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက် ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော် တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်း ပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့် မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။

ဖားကန့်မှော်များတွင် ကျောက်စိမ်းတူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက်သို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာ

Photo: ဖားကန့်မှော်များတွင် ကျောက်စိမ်းတူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက်သို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာ
Friday, Ocotber 10, 2014

ဖားကန့်မှော်များတွင် ပုဂ္ဂလိကကျောက်စိမ်းလုပ်ကွက်များ ပြန်လည်တူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက်တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း  ဈေးကွက်အတွင်းမှ သိရသည်။
 
ကျောက်စိမ်းလုပ်ကွက်များ၌ စက်တင်ဘာ ၁ ရက်မှ စ၍ကျောက်စိမ်းတူးဖော်မှု စတင်နေပြီဖြစ်သောကြောင့် မန္တလေးသို့ ကုန်ကြမ်းဝင်ရောက်မှု မြင့်တက်လာသော်လည်း မဟာအောင်မြေကျောက်ဝိုင်းတွင် တရုတ်ကုန်သည်များ၏ ဈေးပေးဝယ်မှုမှာမူ ယခင်အတိုင်း နည်းနေဆဲဖြစ်ကြောင်း သိရသည်။
 
“လုပ်ကွက်တွေက ပြန်တော့စနေပြီ။အကုန်တော့ မလုပ်ကြသေးဘူး။ မိုးမပြတ်သေးတာရယ် တစ်လလောက်ပဲ ရှိသေးတော့ တွင်းရှင်းရလင်းရတာနဲ့ ကျောက်အထွက်နည်းသေးတယ်။ မန္တလေးကိုနည်းနည်းပဲ ပို့နိုင်သေးတယ်”ဟု ဖားကန့်မှော်တွင် လုပ်ကိုင်နေသူ ကိုဝင်းဗိုလ်က ပြောကြားသည်။
 
အောက်တိုဘာ ဒုတိယပတ်အတွင်း ပြုလုပ်မည့် နေပြည်တော်ကျောက်မျက်ပြပွဲအပေါ် မန္တလေးမှ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စိတ်ဝင်စားမှု နည်းပါးလျက်ရှိပြီး ဖားကန့်ဒေသမှ ဝင်ရောက်သည့် ကုန်ကြမ်းပေါ်မူတည်ကာ ကုန်ချောပြန်လည်ထုတ်လုပ်မှု ရှိနေကြောင်း သိရသည်။
 
နေပြည်တော်ကျောက်မျက်ပြပွဲနှင့် ပတ်သက်၍ “ခုပွဲက နိုင်ငံခြားငွေနဲ့ မတင်ပို့ပေးနိုင်လို့ ပြည်တွင်းကုန်သည်အချင်းချင်း တရားဝင် ရောင်းဝယ်ခွင့်ပြုပေးတဲ့ ပွဲသေးလို့ ပြောလို့ရပါတယ်။ ပြည်တွင်းကုန်သည်တွေ ဆိုပေမယ့် တချို့တရုတ်တွေက မြန်မာကုန်သည်တွေနဲ့ပေါင်း နာမည်ခံပြီး လာဝယ်တာမျိုးလည်းရှိတယ်”ဟု ဝင်းသီတာ ကျောက်စိမ်းအချောထည်ရောင်းဝယ်ရေးမှ ဦးကျော်ညွန့်က ရှင်းပြသည်။
 
ဖားကန့်ကျောက်စိမ်းမှော်များကို လုံခြုံရေးအခြေအနေအရ ပိတ်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကာ ပြန်ဖွင့်ပေးခဲ့သည်မှာ တစ်လကျော်သာ ရှိသေးသည်။  

Eleven Media Group 

မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်ဝိုင်းအား အောက်တိုဘာ ၇ ရက် နံနက်က တွေ့ရစဉ်
မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်ဝိုင်းအား အောက်တိုဘာ ၇ ရက် နံနက်က တွေ့ရစဉ်
ဖားကန့်မှော်များတွင် ပုဂ္ဂလိကကျောက်စိမ်းလုပ်ကွက်များ ပြန်လည်တူးဖော်ခွင့် ပြုလိုက်ပြီးနောက် မန္တလေးဈေးကွက် တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ ဆုံ စဉ် လိပ်ကျွန်း လူသတ်မှု ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ စစ်ဆေးပေးရန် တောင်းဆို

Photo: ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ ဆုံ စဉ် လိပ်ကျွန်း လူသတ်မှု ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ စစ်ဆေးပေးရန် တောင်းဆို
Friday, Ocotber 10, 2014

လိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊ မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ "အပြစ်ရှိသူကို အပြစ်မပေး မိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်" ဟူသော ဥပဒေ စကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေလိုကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။

ထိုင်း ဒု-၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပါဝင်တဲ့ ချစ်ကြည်ရေးအဖွဲ့နဲ့ ကာချုပ် မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိတွေ အောက်တိုဘာ ၉ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံကြစဉ် ပြောကြားလိုက်တာပါ။ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယွတ် ဦးဆောင်တဲ့ ချစ်ကြည်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံကို ၂ရက်တာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ထိုင်း ဒု-၀န်ကြီးချုပ်ကလည်း လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အချက်အလက်များ ရရှိရေး၊ အမှန်တရား ရှင်းရှင်းလင်းလင်း သိရှိရေး အတွက် ဘန်ကောက်ရှိ မြန်မာသံရုံးနဲ့ ညှိနှိုင်း ဆောင်ရွက် နေပါတယ်လို့ ပြန်လည် ပြောကြား ခဲ့ကြောင်း နိုင်ငံပိုင် သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DVB TV News
https://www.facebook.com/DVBTVNews
Photo: MOI

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့်တွေ့ဆုံ
လိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊ မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေ မှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ "အပြစ်ရှိသူကို အပြစ်မပေး မိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်" ဟူသော ဥပဒေ စကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေလိုကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။

လန်ဒန် လေဆိပ်ကြီး တွေမှာ အီဘိုလာကို တိုးမြှင့် စစ်ဆေးမယ်

လန်ဒန်က အဓိက လေဆိပ်ကြီး ၂ ခု ဖြစ်တဲ့ ဟီးသရိုးနဲ့ ဂတ်တဝစ် လေဆိပ် တွေမှာ အီဘိုလာ ဗိုင်းရပ်စ် ပိုး ရှိမရှိ ခရီးသည် တွေကို တိုးမြှင့် စစ်ဆေး တော့ မယ် လို့ ဗြိတိသျှ အစိုးရက ကြေညာ လိုက်ပါတယ်။