Sunday 29 November 2015

ကြိုတင်မဲနှစ်ကြိမ်ထည့်သည့် ရဲအုပ် ယာဉ်ထိန်းတပ်ဖွဲ့မှ ထုတ်ပယ်ခံရပြီး အမှုပါရင်ဆိုင်နေရ

ကြိုတင်မဲနှစ်ကြိမ်ထည့် ခဲ့သည့် ယာဉ်ထိန်းရဲအုပ်ကို နိုဝင် ဘာတတိယပတ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပယ်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့(၂)မှ ဒုရဲမှူး ကြီး အောင်ကိုဦးက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက်ရှိ မဲရုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယာဉ်ထိန်းသင်တန်းကျောင်းတို့ တွင် ကြိုတင်မဲနှစ်ကြိမ်ထည့်မိခဲ့ သောကြောင့် ယခုကဲ့သို့ထုတ်ပယ် ခဲ့ရခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။
‘‘ရဲတပ်ဖွဲ့စည်းမျဉ်းစည်း ကမ်းအတိုင်း သူ့ကို ယာဉ်ထိန်း ရဲအရာရှိအဖြစ်ကနေ ထုတ်ပယ် လိုက်တာပါ။ သူကိုယ်တိုင်လည်း အရာရှိဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့ ဆဆလုပ်ခဲ့လို့ အပြစ်ပေးခဲ့ရတာ ပါ။ ဝန်ထမ်းဖြစ်တဲ့အတွက် ချ မှတ်ထားတဲ့ စည်းကမ်းဖောက် ဖျက်တဲ့သူကို ဥပဒေအတိုင်း အ ရေးယူခဲ့ခြင်းဖြစ်ပါတယ်’’ဟု ဒုရဲ မှူးကြီး အောင်ကိုဦးက ပြော ကြားသည်။

ရဲအုပ်အောင်ဆန်းဝင်းသည် နိုဝင်ဘာ ၁ ရက်က မင်္ဂလာ တောင်ညွန့်မြို့နယ် တောင်ညွန့် ကြီးရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး တွင် မဲစာရင်း အမှတ်(၁၂၅၄)ဖြင့် တစ်ကြိမ်၊ နိုဝင်ဘာ ၃ ရက် က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်ရှိ ယာဉ်ထိန်းရဲအုပ်သင်တန်း ကျောင်းတွင် ကြိုတင်မဲတစ်ကြိမ် ပေးခဲ့ကြောင်း မင်္ဂလာတောင် ညွန့်မြို့နယ် ရွေးကောက်ပွဲကော် မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
‘‘လူတစ်ဦးတည်းကနေ မဲနှစ်ကြိမ် ထည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲ ဥပဒေ ၅၉(ဆ)နဲ့ အမှုဖွင့်လို့ရပါတယ်။ အခုလည်း ယာဉ်ထိန်းရဲအရာရှိကို အမှုဖွင့်ပြီး မင်္ဂလာတောင်ညွန့်တရားရုံးမှာ စစ်ဆေးနေပါတယ်။ ဒါမျိုးက ပေါ့ဆလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး’’ ဟု ၎င်းက ပြောကြားသည်။
ထုတ်ပယ်ခံရသည့် ယာဉ် ထိန်းရဲအရာရှိ ရဲအုပ်အောင်ဆန်း ဝင်းသည် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၃၄)မှဖြစ်ပြီး ရာထူးမှ ထုတ်ပယ်ခံရသည့်အပြင် တရားစွဲဆိုခံရသည့် အတွက် များစွာနစ်နာကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါယာဉ်ထိန်းရဲအရာရှိ သည် နိုဝင်ဘာ ၁ ရက်တွင် ကြို တင်မဲပေးခဲ့ပြီး သင်တန်းတက် ရောက်သည့် နိုဝင်ဘာ ၃ ရက်၌ လည်း သင်တန်းဆရာက မသေ ချာမည်စိုး၍ နောက်တစ်ကြိမ်မဲ ထည့်ခိုင်းရာ ကြိုတင်မဲ ဒုတိယ အကြိမ် ထပ်မံပေးခဲ့ခြင်းဖြစ်သည် ဟု မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
‘‘ကြိုတင်မဲစစ်ဆေးတဲ့အခါ မှာ ဒီယာဉ်ထိန်းရဲအရာရှိက မဲနှစ် ခါပေးထားတာ တွေ့ပါတယ်။ အဲဒီအချိန်မှာ ပါတီတချို့က မဲရုံ ကိုယ်စားလှယ်တွေလည်းတွေ့ပါ တယ်။ ဒါကြောင့်မို့ မဲနှစ်ခါပေးတဲ့ အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအတိုင်း အရေးယူခြင်းဖြစ် ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
7 day

No comments:

Post a Comment