ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားနေစဉ်
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အထက်တနင်္သာရီ မြစ်ကမ်းပေါ်ရှိ ဟိန္ဒား သတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် အနီးရှိ မြောင်ပျိုကျေးရွာသားများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်း ကုမ္ပဏီ တစ်ခုဖြစ်သော Myanmar Pongpiat Compay Ltd.(MPCL) တို့အား ဒေသခံများမှ ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။