Wednesday 25 November 2015

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဂျန်းရှင်းစကွဲ တတိယထပ် သုံးရက်ပိတ်

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဂျန်းရှင်းစကွဲ ဈေးဝယ်စင်တာ တတိယထပ်ကို ပြင်ဆင်မှုများ ပြန်လည်ပြုလုပ် နေ၍ သုံးရက်ခန့် ပိတ်ထားမည်ဖြစ်ကြောင်း စင်တာမှ တာဝန်ရှိသူကပြောသည်။
‘‘ရေဖျန်းလိုက်တဲ့ နေရာတွေကို ပြန်ပြီးပြင်ဆင်နေလို့ပါ။ နှစ်ရက်၊ သုံးရက်လောက်ပဲကြာမှာပါ’’ဟု တာဝန် ရှိသူက ပြောသည်။

တတိယထပ်ကို ပိတ်ထားသော်လည်း  ပထမထပ်နှင့် ဒုတိယထပ်ရှိ ဈေးဆိုင်များကို နိုဝင်ဘာ ၂၄ ရက် နံနက်ကတည်းက ပုံမှန်ဖွင့်လှစ်နေပြီဟု ၎င်းကပြောသည်။

လူစည်ကားသော ဂျန်းရှင်းစကွဲဈေးဝယ်စင်တာတွင် နိုဝင်ဘာ ၂၃ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး တတိယထပ်ရှိ YKKO ကြေးအိုးဆိုင် ငါးကင်သည့် မီးဖိုမှမီးပွားများသည် အငွေ့စုပ်ပိုက်ခေါင်းလိုင်း အတွင်းသို့ လွင့်စဉ်၍ခေါင်းတိုင်ရှိ ဆီချိုးများအပေါ်သို့ ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်သည့်အချိန်သည် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး ဆုံးရှုံးမှုမှာလည်း ကျပ်ငါးသောင်းဖိုးသာရှိခဲ့သည်ဟု မီးသတ်ဦးစီး ဌာနက သတင်းထုတ်ပြန်သည်။

ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် စင်တာအတွင်းရောက်ရှိနေသည့် ဈေးဝယ်နေသူများ၊ ရုပ်ရှင်ကြည့်နေ သူများ၊ ဆိုင်ခန်းပိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများအား စိုးရိမ်ထိတ်လန့်မှုဖြစ်စေခဲ့၍ ယင်းစင်တာ အုပ်ချုပ်သူများအဖွဲ့က အနူးအညွတ်တောင်းပန်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာ ထားသည်။

7Day Daily 

No comments:

Post a Comment