ရန်ကုန်- နိုင်ငံရေးပါတီများ ရုံးခန်း ဖွင့်လှစ်နိုင်ရန် လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းအိမ်ရာစီမံကိန်း တွင် ငွေကျပ်သိန်းတစ်ရာကျော် တန်ဖိုးရှိသောတိုက်ခန်းများကို ၀ယ်ယူငှားရမ်းခြင်း စတင်ပြုလုပ် နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံ ရေးပါတီများကို အသိပေးလိုက် ကြောင်းသတင်းရရှိသည်။
နိုင်ငံရေးပါတီများ ရုံးခန်းဖွင့် လှစ်နိုင်ရန် ပထမအဆင့်အနေ ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊လှိုင် သာယာမြို့နယ်၊ ရွှေလင်ပန်းအိမ် ရာစီမံကိန်းတွင် အဆောက်အအုံ တစ်လုံးလျှင်ခြောက်ခန်းတွဲလေး ထပ်၊ စတုရန်းပေ(၄၆၈)မှ (၄၈၄) ကျယ်ဝန်းသော အိမ်ခန်းစုစုပေါင်း ၂၄ခန်းကို ဆောက်လုပ်ရေးဝန် ကြီးဌာနက ရောင်းချခြင်း၊ ငှားရမ်း ခြင်းပြုလုပ်သွားရန် စီစဉ်ကြောင်း မတ်လ ၂၀ ရက်စွဲဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အား အသိပေးထားခြင်း ဖြစ်သည်။