Thursday 8 November 2012

ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်

http://www.myanmar.mmtimes.com/2010/timeout/464/myintzima.gif
တေးစု - ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၃)
တေးဂီတ - ပြဿနာ အုပ်စု

Band Line-up

Rhythm Guitar - ခင်မောင်တိုး
Bass Guitar - ရဲလွင်
Lead Guitar - မောင်မောင်ညွန့်
Drums - တွတ်တွတ်
Violin - စောယွန်းနန္ဒာ

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိဟုဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ် ရှိနေဆဲဟု အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန်၏ နိုင်ငံတကာ ရေးရာ ကဏ္ဍများ တွင် အဓိက အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲ မတိုင်မီ ကာလက တည်းက လက်ရှိရာထူးကို စွန့်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ လက်ရှိတွင် အမေရိကန် သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှု ဆက်လက် ရရှိခဲ့သည့်တိုင် ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။

clinton

ကြွေလွင့်တော့မှာလား ကြိုကြာသံရေ .....


 
ပြည်သူချစ်သော အဆိုတော်ကိုခင်မောင်တိုးခေါ်ကိုတိုးကြီး၏ ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေ သည်(သို့)ကွယ်လွန်သွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

ကားပေါ်မှ လူလေးဦးအား အုပ်စုဖွဲ့၍ အကြမ်းဖက်သူများအနက် နှစ်ဦးကို ဖမ်းမိ



ကမာရွတ်မြို့နယ် အင်းစိန်လမ်းပေါ်ရှိ စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် ညသန်းခေါင်အချိန်၌ မတ်ခ်တူး ယာဉ်တစ်စီးအား ရှေ့နောက် ယာဉ်နှစ်စီးပိတ်ရပ်၍ အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့သူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထားဝယ် စီမံကိန်း ဒေသခံ ၃၀၀၀၀ ကျော် ၂၀၁၃ ဇွန်လ မတိုင်ခင်ရွှေ့မည်


တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်းရှိ ရွှေ့ပြောင်းရမည်ဖြစ်သော ရွာသား ၃၀၀၀၀ ကျော်ကို လာမည့်နှစ် ဇွန်လ မတိုင်ခင် စတင်ပြောင်းရွှေ့မည်ဖြစ်ကြောင်း ထားဝယ် အထူး စီးပွားရေး ဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့(ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေ က ပြော သည်။

အိုဘားမားအနိုင်ရရှိမှုက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုခိုင်မာ လာစေနိုင်


မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲကို တွန်းအားပေးခဲ့သည့် အမေရိကန်သမ္မတ ဘာရက် အို ဘားမား သည် သူ၏ ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်လက်ထမ်းဆောင် မည်ဖြစ် ရာ မြန်မာနိုင်ငံရေးပြောင်းလဲမှု သည် ပိုမိုခိုင်မာပြီး နောက်ကြောင်း ပြန်လှည့်နိုင်မည့် အနေအထားဖြစ် လာ နိုင်ဖွယ်မရှိဟုသုံးသပ်သူများက ဆိုသည်။

နှစ်ဘက်စလုံးမှ သေနတ်အပါအ၀င် လက်နက်မျိုးစုံ နှစ်ထောင်ကျော် ရခိုင်ပြည်နယ်၌ သိမ်းဆည်း

နှစ်ဘက်စလုံးမှ သေနတ်အပါအ၀င် လက်နက်မျိုးစုံ နှစ်ထောင်ကျော် ရခိုင်ပြည်နယ်၌ သိမ်းဆည်း
Thursday, 08 November 2012 

နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၌   လက်နက်များသိမ်းဆည်း
အပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ပြီးသည့်နောက်   ဒေသန္တရလုပ် သေနတ်
( ၁၇၆)လက်၊လှံ(၄၄၇)ချောင်း၊လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက်  သိမ်းဆည်းရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူုးရုံးမှ သိရသည်။

“အပ်နှံတာက နှစ်ဘက်လုံးပါ၊ မူဆလင်တွေလည်းပါသလို ဒေသခံ တွေ
လည်းပါတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အဝှမ်း(၃)ရက်အတွင်းဓား၊လှံ၊လက်နက်များအား အောက်တိုဘာ (၃၁)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် လက်နက် ဥပဒေ ပုဒ်မ-၄(ဃ)အရသေနတ် ၊ လှံစွပ် ၊ ဓားလွယ် ၊ ဂျင်ဂလိ ၊ ဓားမြှောင် ၊ လှံ ၊ လေး/မျှားတို့ကို နိုဝင်ဘာလ (၃)ရက်နေ့အတွင်း နီးစပ်ရာ ရဲစခန်း၊
လုံခြုံရေး အဖွဲ့များထံသို့ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟုသတင်းထုတ်ပြန်
ထားခဲ့သည့် နောက်ပိုင်းတွင်  ဒေသခံအချို့က အပ်နှံလာခြင်း ဖြစ်သည်။ 

“မင်းပြားမှာတော့  ရဲစခန်းအပ်လာတာတော့ မရှိဘူး တပ်က တစ်ဆင့်ဘဲ အပ်လာကြတာပါ၊အပ်တဲ့ အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက  သိမ်းဆည်းရမိ ၊အပ်နှံတဲ့ပစ္စည်းတွေကို ကျနော်တို့ဆီ လာအပ်တာပါ၊ ”ဟု မင်းပြားမြို့မှ ရဲအရာရှိတစ်ဦး က ပြောပြသည်။ 

အပ်နှံသိမ်းဆည်းရမိသည့်မြို့နယ်များမှာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများ
ဖြစ်သည့်  မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊  စစ်တွေ ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ ၊မြေပုံ မြို့နယ်တို့်မှ ဒေသလုပ် လက်နက်များ၊ဒုတ်၊ဓါး၊မြှားများ အပ်နှံရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ညွှန်ကြားချက် မထုတ်ပြန်မီ ဒေသလုပ်သေနတ်(၁၈၀) လက်၊
ဓါး(၃)ချောင်း၊ လှံ(၇) ချောင်း၊ လေး(၁)လက်၊ ဂျင်ကလိ(၂၁)ခု၊လေးခွ
(၃)ကို သိမ်းဆည်းရခဲ့ကြောင်းကိုလည်း သိရသည်။

Myit Makha Mediagroup


နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၌ လက်နက်များသိမ်းဆည်း အပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ပြီး သည့်နောက် ဒေသန္တရလုပ် သေနတ်( ၁၇၆)လက်၊လှံ(၄၄၇)ချောင်း၊လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်က လိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက် သိမ်းဆည်းရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူုးရုံးမှ သိရ သည်။

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း အလွန်တွင် ရုရှား ရေငုပ် သင်္ဘော တစ်စင်း ရှာဖွေ တွေ့ရှိ

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း အလွန်တွင် ရုရှား ရေငုပ် သင်္ဘော တစ်စင်း ရှာဖွေ တွေ့ရှိ

အမေရိကန် ရေတပ်သည် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှ မိုင် ၃ဝဝ အကွာရှိရေပြင် အတွင်း၌ Seirra-2 ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော
တစ်စင်းကို အောက်တိုဘာလ အတွင်းက ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အမေရိကန်
ရေတပ် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် တွင်
နိုဝင်ဘာ ၇ ရက်က ဖော်ပြ ခဲ့သည်။

သို့ရာတွင် အဆိုပါ ရေငုပ် သင်္ဘောသည် အမေရိကန် ရေပိုင်နက် အတွင်းသို့
ဝင်ရောက်ခြင်း၊ အမေရိကန် ရေတပ် သင်္ဘော များ နောက်သို့ လိုက်ပါ လာခဲ့ခြင်း
မရှိကြောင်း သိရသည်။ ၎င်းရေငုပ် သင်္ဘောသည် ဖလော်ရီဒါ ကမ်းလွန်တွင် အမေရိကန်
စစ်သင်္ဘော များ ရေကြောင်း ဆိုင်ရာ လေ့ကျင့် မှုများ ပြုလုပ် နေချိန် တွင်
ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း တာဝန် ရှိသူ များ၏ ပြောကြားချက် အရ
သိရသည်။

ရုရှား ရေငုပ် သင်္ဘောအား ယခုကဲ့သို့ တွေ့ရှိ ရခြင်းသည် ရုရှား အစိုးရက
၎င်းတို့၏ ပင်လယ် ရေနက်ပိုင်း ကင်းလှည့်ရေး အစီ အစဉ်ကို အကောင် အထည်ဖော်
လုပ်ဆောင် နေသည်ဟု ယူဆ ရဖွယ် ရှိကြောင်း အမေရိကန် ရေတပ်မှ တာဝန် ရှိသူ
များက ပြောကြား ခဲ့သည်။

Source - မြဝတီ
အမေရိကန် ရေတပ်သည် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှ မိုင် ၃ဝဝ အကွာရှိရေပြင် အတွင်း၌ Seirra-2 ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော တစ်စင်းကို အောက်တိုဘာလ အတွင်းက ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အမေရိကန် ရေတပ် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် တွင်နိုဝင်ဘာ ၇ ရက်က ဖော်ပြ ခဲ့သည်။

လုပ်သားများ၏ဆန္ဒပြတောင်းဆိုမှု ဥပဒေအပြင်ရောက်၍ လိုက်လျောရန်မဖြစ်နိုင်ဟု ဦးကိုကိုထွေးဆို



တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမားများ၏ဆန္ဒပြတောင်းဆိုမှုများသည်ဥပဒေ အပြင် ရောက်   နေပြီဖြစ် ၍ လိုက်လျောရန်မဖြစ်နိုင်ကြောင်း တော်ဝင်မိသားစု ကုပ္မဏီ ဥက္ကဌ ဦးကိုကိုထွေး ကပြော သည်။

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီကြီး ၃ ခုအပြင် ထိပ်တန်းအာမခံကုမ္ပဏီကြီး များ မြန်မာ့အာမခံလုပ်ငန်းအတွင်း ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင် မြန်မာနိုင်ငံအနေဖြင့် အာမခံလုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံဝန်းကျင် အခွန်ရနိုင်ကြောင်း ခန့်မှန်း

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီကြီး ၃ ခုအပြင် နိုင်ငံတကာအာမခံလုပ်ငန်းတွင် ထိပ်တန်းရောက်ရှိနေသည့် အာမခံကုမ္ပဏီကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင် ရန် ပြင်ဆင်ေ နေ ကြာင်း Fox Business သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာလ ၇ ရက်နေ့က ဖော်ပြထားသည်။

“ခေါင်းဆောင်သစ်ထွက်ပေါ်လာမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပါတီကွန်ဂရက်”



တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈)ကြိမ်မြောက် ကွန်ဂရက်အား ပေကျင်းမြို့ တီအန်မင် ရင်ပြင်ရှိ Great Hall တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံအား လာမည့်ဆယ်နှစ်တာ ကာလ အတွင်း ဦးဆောင်မှုပေးမည့် ခေါင်းဆောင်သစ်ခန့်အပ်မည့် ကွန်ဂရက်အား နိုဝင်ဘာ (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပသွားမည် ဖြစ်သည်။

လမ်းဖို့ရန်အတွက်မြေတူးစဉ် ဗုံးတစ်လုံးတွေ့ရှိ

၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် မနက်(၁၀)နာရီခန့်ကကြည့်မြင်တိုင်မြို့နယ်၊ပန်းလှိုင် မီးရထား ၀န်း၊ ကရင် အမျိုးသားရပ်ကွက်တွင် ကလေးငယ်တစ်ဦးမှ လမ်းပြင်ရန်အတွက် မြေတူး စဉ်ဗုံးတစ် လုံးတွေ့ရှိ ခဲ့ကြောင်း သ တင်းရရှိသည်။

သိမ်းကြီး ဈေးက ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား


သိမ်းကြီး ဈေးက ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား
Thursday, 08 November 2012

ရန်ကုန်မြို့တော်၏ စီးပွားရေး  အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ်အရပ်ရပ်မှရဟန်းရှင်လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွား
များဝယ်ယူအားပေးကြသောအဆင့်မြင့် ဈေးကြီးဖြစ်သည်။သို့သော်လည်း   
သိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန်  လမ်းတစ်လျှောက်တွင် ဘီယာဆိုင်  များဖွင့်လှစ်ရောင်းချသဖြင့် အများပြည်သူတို့ ခုံကျော်တံတားများမှ ဈေး
အတွင်းသို့ဝင်ထွက်သွားလာရာတွင် စိတ်အနှောက်အယှက်ဖြစ်နေကြကြောင်း
သိရသည်။

အဆိုပါဘီယာဆိုင်များရှိနေခြင်းကြောင့် သိမ်းကြီးဈေးစီးရုံနှင့်  ဒီရုံတို့
အပေါ်ထပ်များရှိ ညကလပ်များ၊ အနှိပ်ခန်း (ပြည်တန်ဆာ ခန်း) များမှ ညဥ့်ငှက်မလေးများသည် သရုပ်ပျက်ဝတ်ဆင်ပြီး လာရောက်စားသောက်
မြူဆွယ် ခြင်း၊ အမျိုးသားများ မကြာခဏဆိုသလို မူးယစ်သောက်စားရန်
 ဖြစ်ခြင်း၊ သာမန်အမျိုးသမီးကောင်းများကို ရိုင်းစိုင်းစွာစနောက်ခြင်းတို့  
 မြင်တွေ့နေသည်။လောလောဆယ်ဖြစ်ရပ်တစ်ခုမှာ(၈.၁၀.၁၂) နေ့ နံနက်(၁၁) နာရီခန့်၌ Lion World ဘီယာဆိုင်တွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရန်ပွဲသည် ဈေးအတွင်းထဲထိ ဆက်လက်ဖြစ်ပွားခဲ့သည့်အတွက်
 ဈေးသူ/သားများနှင့် အများပြည်သူတို့ အထူးစိုးရိမ် ထိတ်လန့်ခဲ့ရကြောင်း ယခင်က ဈေးစင်္ကြန်လမ်းတစ်လျှောက် ဆိုင်များမရှိခဲ့ကြောင်း ——ဌာန  ၏စီမံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် (သို့မဟုတ်) အဂတိလိုက်စားမှု ကြောင့်
 ပေါ်ပေါက်လာသည်”ဟု ဈေးမိဈေးဖများနှင့် မိဘပြည်သူတို့က ပြောဆို
လျက်ရှိနေကြကြောင်း သို့ဖြစ်၍ ရွှေတိဂုံဘုရားလမ်းမှသိမ်ကြီးဈေးရှိ ဈေးများ
နှင့် လုံးဝမသင့်လျော်ဥပဒေနှင့် မလွတ်ကင်းသော ညကလပ်၊ အနှိပ်ခန်း (ပြည်တန်ဆာခန်း)၊ ဘီယာဆိုင်များအား ဖယ်ရှားပေးရန် ဈေးသူဈေးသား
များကလိုလားလျက်ရှိကြကြောင်း သိရသည်။

The Hot News

ရန်ကုန်မြို့တော်၏ စီးပွားရေး အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင် လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွား များဝယ်ယူအားပေးကြသောအဆင့်မြင့် ဈေး ကြီးဖြစ် သည်။သို့သော်လည်းသိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန် လမ်းတစ်လျှောက်တွင် ဘီယာဆိုင် များဖွင့် လှစ်ရောင်းချသဖြင့် အများပြည်သူတို့ ခုံကျော်တံတားများမှ ဈေး အတွင်းသို့ဝင်ထွက်သွားလာရာတွင် စိတ် အနှောက်အယှက်ဖြစ်နေကြကြောင်း သိရသည်။

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း


 
 အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…






နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…

အဓမ္မပြုကျင့်တဲ့ အာဖဂန်ရဲ ထောင်ချခံရ

Photo: အဓမ္မပြုကျင့်တဲ့ အာဖဂန်ရဲ ထောင်ချခံရ
 
လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရသူ မိန်ကလေးကိုယ်တိုင် တိုင်တန်း


အာဖဂန်နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ယောက်ကို အတင်းအဓမ္မ ပြုကျင့်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက်ကို ထောင်ဒဏ် ၁၆ နှစ် အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အခုနှစ် မေလတုန်းက ရဲ ဝန်ထမ်းအုပ်စုတစ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်းအဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး လာလ်ဘီဘီ Lal Bibi က တရားရုံးမှာ ငိုကြွေးရင်း ပြောပြခဲ့ပါတယ်။

တခြား ရဲဝန်ထမ်းသုံးယောက်ကိုလည်း ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

အဲဒီ အမျိုးသမီးက သူ့ကို မတရားပြုကျင့်ခဲ့တာနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သွားရောက်တိုင်ကြားခဲ့တာပါ။

အာဖဂန်နစ္စတန် နိုင်ငံမှာက လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ အခုလို ကိုယ်တိုင် ထုတ်ဖော်တိုင်ကြားတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ကိစ္စပါ။

သူ့ရဲ့ ထွက်ဆိုချက်တွေကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ စိတ်ဝင်တစား ဖော်ပြခဲ့ကြသလို သမ္မတ ကာဇိုင်းကိုယ်တိုင်က ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အာဖဂန်နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ယောက်ကို အတင်းအဓမ္မ ပြုကျင့်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက် ကို ထောင်ဒဏ် ၁၆ နှစ် အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အခုနှစ် မေလတုန်းက ရဲ ဝန်ထမ်းအုပ်စုတစ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်း အ ဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး လာလ်ဘီဘီ Lal Bibi က တရားရုံး မှာ ငိုကြွေးရင်း ပြောပြခဲ့ပါတယ်။

တစ်ပတ်အတွင်း ယွမ်နှစ်သောင်းတန်ဖိုးရှိ ကုန်ပစ္စည်းများ မှောင်ခိုတင်သွင်းမှု တားဆီးနိုင်ခဲ့


မှောင်ခိုပစ္စည်းပပျောက်ရေး ဆောင်ရွက်နေသော ရွေ့လျားစစ်ဆေးရေးအဖွဲ့(Mobile Team)က တစ်ပတ် အတွင်း တရုတ်ယွမ်ငွေ ၂၀၀၀၀ ကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ ကို မှောင်ခိုတင် သွင်းလာသူ များအား တားဆီးပြီး တရားဝင်လမ်းကြောင်းမှ တင်သွင်းစေကာ အခွန်ဆောင်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ကြောင်း ပြန်မလှည့် လိုသူများ၏ နိုင်ငံရေး နှီးနှောဖလှယ်ပွဲ

ယနေ့ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့ဟာ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အုပ်ချုပ်ပုံ စနစ်များ မတူညီပေ မယ့် ခေတ် မီဖွံ့ဖြိုး တိုးတက်ပြီး ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ဖို့ အတွက် အုပ်ချုပ်သူ အစိုးရများ အနေဖြင့် ကောင်း မွန်သော အုပ်ချုပ်ရေး စနစ် (Good Governance) ထားရှိပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်း သိမ်း လျက်ရှိပါတယ်။

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက် ၊ အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက်

အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်

ရန်ကုန်၊နိုဝင်ဘာ-၇

ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့် မြန်မာဘောလုံးအသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ယခင်လထက် အဆင့် ၂၈ နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် ရမှတ် ၁၄၉ မှတ်ဖြင့် ယခင်လ အဆင့်ရပ်တည်ချက် ၁၈၄ ထက် အဆင့်နှစ်ဆယ်ကျော် ခုန်တက်ကာ အဆင့် ၁၅၆ သို့ ရောက်ရှိလာသည်။ အရှေ့တောင်အာရှတွင် အဆင့်လေးနေရာ၌ ရပ်တည်လာခဲ့ကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်သည်။

ဒေသတွင်းနိုင်ငံများ၌ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၃၈၊ ဖိလစ်ပိုင်အသင်းက ၁၄၃၊ ထိုင်းအသင်းက ၁၄၆၊ မလေးရှားအသင်းက ၁၆၃၊ စင်ကာပူအသင်းက ၁၆၃၊ အင်ဒိုနီးရှားအသင်းက ၁၆၅၊ လာအိုအသင်းက ၁၇၉၊ ဘရူနိုင်းအသင်းက ၁၈၇၊ တီမောအသင်းက ၁၈၇၊ ကမ္ဘောဒီးယားအသင်းက အဆင့် ၁၉၁ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

ဆူဇူကီးဖလားခြေစစ်ပွဲဝင် အသင်းများထဲမှ ကမ္ဘောဒီးယားအသင်းတစ်သင်းသာ ယခင်လထက် နှစ်ဆင့်လျော့ကျသွားပြီး အရှေ့တောင်အာရှနိုင်ငံများတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ လာအို၊ ဘရူနိုင်း၊ တီမောအသင်းများသည်လည်း ယခင်လထက် အဆင့်တစ်ဆယ်ကျော် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း၏ အဆင့်နှစ်ဆယ်ကျော် မြင့်တက်မှုမှာ ယခုလအတွင်း ဒေသတွင်းနိုင်ငံများထဲ၌ အများဆုံးဖြစ်သည်။

လာမည့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရလဒ်များကောင်းမွန်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင်မူ စပိန်အသင်းက ကမ္ဘာ့အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ အီတလီ၊ အင်္ဂလန်၊ နယ်သာလန်၊ ကိုလံဘီယာ၊ ရုရှား၊ ခရိုအေးရှားအသင်းများက အစဉ်လိုက် ရပ်တည်နေသည်။

နာမည်ကြီး ဘရာဇီးအသင်းမှာ ကမ္ဘာ့အဆင့် ၁၃ တွင် ရပ်တည်နေပြီး အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၄ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။
ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့် မြန်မာဘောလုံးအသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် တွင် ယခင်လထက် အဆင့် ၂၈ နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။

ယခုလအတွင်း မြန်မာနိုင်ငံသို့ အိုဘားမားလာရောက်မည်ဟု သတင်းထွက်


ဒုတိယသမ္မတသက်တမ်း လေးနှစ်ဆက်လက်တာဝန်ထမ်းဆောင်ရန် အမေရိကန်ရွေးကောက်ပွဲ တွင် ရွေးကောက် တင်မြှောက်ခံလိုက်ရသော လက်ရှိသမ္မတ ဘားရက်အိုဘားမားသည် ယခု နိုဝင်ဘာ လ ကုန်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက် လည်ပတ်ရန် ရှိကြောင်း အစိုးရ အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို AFP သတင်းဌာနက ကိုးကားရေးသားဖော်ပြသည်။

သံတွဲမြို့ဂျာမေဗလီကို စစ်ဆေးရာလက်နက်များ တွေ့ရှိသဖြင့် တာဝန်ရှိသူ နှစ်ဦးအားဖမ်းဆီး စစ်ဆေး





သံတွဲမြို့ပေါ်ရှိ ဂျာမေဗလီမှ လက်နက်များတွေ့ရှိသဖြင့် လူနှစ်ဦးကို ဖမ်းဆီးကာ ရုံးတင်စစ်ဆေး လျက်ရှိေ ကြာင်း သတင်းရရှိသည်။         

လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမည်


လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေးအတွက် ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမှု များ ပြုလုပ်တော့ မည်ဟု စီးပွား/ကူးသန်း ဝန်ကြီးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို



တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး


မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး


မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး  နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံးသွားကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာက ရေးသား ဖေါ်ပြသည်။

စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေမှ မလေးရှားကို ထွက်ခွာစဉ် ယမန်နေ့ (နိုဝင်္ဘာလ ၇ ရက်)  နံနက်က ကမ်းခြေမှ ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ်သွားသည်ဟ ဆိုသည်။

လှေပေါ်တွင် လိုက်ပါသွားသူ ၅၁ ဦး ကို နီးစပ်ရာ ငါးဖမ်း ဘုတ်များနှင့် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရပြီး ကျန် လူ ၆၀ မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းစာက ရေးသားဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ရေတပ်မှ လူ (၁၁) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုအခါ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် (သူတို့ အခေါ် ရိုဟင်ဂျာ) ဆိုသူ နှစ်ဦးပါဝင်ပြီး ကျန် ၉ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စက်လှေသည် လူပေါင်း ၆၀ ခန့်ကိုသာ တင်ဆောင်နိုင်သော အရွယ်အစား စက်လှေ ဖြစ်သော်လည်း လူပေါင်း ၁၁၀ ကိုတင်ဆောင်ရာမှ အလေးချိန်များပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ ထုတ် New Age သတင်းစာက အသက်မသေဘဲ လွှတ်မြောက်လာသူ ကိုနာပါရာ ကျေးရွာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်ကို ကိုးကားပြီး ဖေါ်ပြရာတွင် စက်လှေပေါ်ရှိ လူပေါင်း ၁၁၀ ပါရှိပြီး  ထိုအထဲတွင် ရိုဟင်ဂျာ ၂၀- ၃၀ ခန့်ပါဝင်ကာ အများစုမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြောင်း ဖေါ်ပြသည်။

သို့သော်လည်း ပြည်ပ မြန်မာ သတင်းဌာ တချို့ကမူ အဖြစ်မှန်ထက် ချဲ့ကားပြီး  လှေနစ်ရာတွင် ပါဝင်သူများမှာ များမကြာမှီက ရခိုင် အရေး အခင်းကြောင်း ထွက်ပြေးလာသူ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ဖေါ်ပြကြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူဦးရေ ထူထပ်ပြီး အလုပ်အကိုင် ရှားပါးမူဖြင့် မလေးရှားသို့ ခိုးလှေများဖြင့် ပွဲစားများကို ငွေပေး၍ မလေးရှားသို့ နှစ်စဉ် တရားမ၀င် ထွက်ခွာနေကြရာ ယခုလို အဖြစ်ဆိုးများနှင့် မကြာခဏ ကြုံတွေ့နေရသည်ဟု ဆိုသည်။

အသက်မသေဘဲ လွှတ်မြောက်လာသူ ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်က သူအနေဖြင့် ပွဲစားအား တာကာငွေ ၂၂၀၀၀ ပေးပြီး မလေးရှားသို့ အလုပ် လုပ်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၇  ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့ အပိုင် အုန်းကျွန်း (စိန့်မာတင် ကျွန်း) အနီးတွင် မလေးသွား ခိုးလှေ တစ်စီး နစ်မြုပ်ရာ လူပေါင်း ၁၂၈ ဦးတွင် ၆ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။


ယမန်နေ့ ခိုးလှေ နစ်ရာမှ အသက်မသေဘဲ လွှတ်မြောက်လာသူများ။ (ဓါတ်ပုံ- စတား)

အေးချမ်းမွန်မှNarinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံးသွားကြောင်း ဘင်္ဂ လာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာ က ရေးသား ဖေါ်ပြ သည်။

ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး


http://www.rfa.org/burmese/images_folder/dawei-project-305
တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီ ကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု


အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု
Thursday, November 08, 2012

ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ် အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။

ဂရိနိုင်ငံမှာ အသုံးစရိတ် အကြီးအကျယ်လျှော့ပေါ့ရေးနဲ့ အကောက်ခွန် တိုးမြှင့်ရေးကိစ္စကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အခုလို အသုံးစရိတ် လျှော့ချတဲ့အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်း ချီတဲ့ ဂရိနိုင်ငံသားတွေ မြို့တော် အေသင်ရဲ့ လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီအသုံးစရိတ် လျှော့ချရေးအစီအစဉ်ကို လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်၊ ကြာသပတေးနေ့ မနက်အစောကြီးမှာ အတည်ပြုလိုက်ကြတာပါ။ ဒီ အစီအစဉ်သစ်မှာ အခွန်တချို့ တိုးမြှင့် ကောက်ခံရေး၊ ပင်စင်လစာနဲ့ အစိုးရထောက်ပံ့ကြေးတွေ အပါအ၀င် အသုံးစရိတ် ကို နောက် ထပ် ဒေါ်လာသန်းပေါင်း ၁၇,၀၀၀ ဖြတ်ရေးတို့ ပါဝင်ပါတယ်။

ဂရိအစိုးရအနေနဲ့ ဥရောပသမဂ္ဂထံက ဒေါ်လာ သန်းထောင်ပေါင်းများစွာ
 နောက်ထပ် အကူအညီ အထောက်အပံ့ရရှိဖို့နဲ့ အစိုးရအနေနဲ့ ငွေပြတ်
တောက်သွားမယ့် အခြေအနေတွေက ရှောင်လွှဲနိုင်ဖို့ ဒီအသုံးစရိတ်
လျှော့ချရေးအစီအစဉ်ဟာ မလုပ်မဖြစ်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ဒီအစီအစဉ်အတွက် လွှတ်တော်အတွင်း ဆွေးနွေးနေကြတဲ့အချိန်မှာပဲ ဂရိလူမျိုး ၈၀,၀၀၀ ကျော်က လွှတ်တော်အပြင်မှာ လုံထိန်းရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မီးလောင် ဗုံးတွေနဲ့ ပစ်ခတ်ပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဥရောပသမဂ္ဂထံကနေ နောက်ထပ် အထောက်အပံ့တွေ ရယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူ
အဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြတာပါ။

VOA

ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ်အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစ ရိတ်ေ တွ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်

မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာရေတပ် က ဖမ်းဆီး ခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာ ရှိ တဦးက ပြောသည်။

Are You Sexy?

ဒီနေ့ခေတ် မိန်းကလေးတွေ အတွက် Sexy ဖြစ်တယ်ဆိုတာက ၀တ်စားဆင်ယင်မှုကို ပြောတာလို့ ထင်ကြ ပြီးတခြား အချက်တွေကို မေ့နေကြပါတယ်။ ဒီ Article မှာသင်မေ့နေတဲ့ အဓိက အချက်တွေ ကိုထောက်ပြ ထားပါတယ်။
မနေ့က ကျွန်မရဲ့ မောင်လေးနဲ့ သူ့သမီး အကြောင်း ပြောဖြစ်ကြ တယ်လေ။ ဒီငါးနှစ်အရွယ် လက်တောက်လောက် တူမလေးဆီက အရွယ်နဲ့ မလိုက်အောင် ကြားလိုက်ရတာက "ဆက်စီ (sexy) ဖြစ်ချင်နေတယ်" ဆိုပါလား။ မောင်လေးကတော့ မျက်လုံးပြူး၊ မျက်ဆံပြူး တွေဖြစ်လို့...အဲဒါနဲ့ အစ်မကြီး ပီသစွာနဲ့ ကျွန်မသမီးတုန်းက ဒီလို ကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းခဲ့ ကြသလဲ ဆိုတာကို ပြန်မျှဝေ ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက် တုန်းက သမီးအသက် ၁၄နှစ်၊ အထက်တန်းကျောင်း စတက်တဲ့ အချိန်မှာ... ဒီဆက်စီ ဆိုတဲ့စကားကို စသိလာပါတယ်။ တူမလေးလိုပဲ ဆက်စီ ဖြစ်ချင်ပါသတဲ့ သမီးချောက။ ဒါနဲ့ သမီးကို ဆက်စီ ဆိုတာ ဘာလဲ၊ ရှင်းပြပါ လားလို့ မေးတော့... ထင်တဲ့ အတိုင်းပါပဲ... ရေရေရာရာ မပြောနိုင်ပါဘူး။ ဒီတော့ သူ့ကို နားလည်အောင် ရှင်းပြဖို့ အချက်ရ သွားတာပေါ့။ "ဆက်စီ ဆိုတာ ကျန်းမာ သန့်ရှင်းတဲ့ ခန္ဓာကိုယ်၊ ကြည်လင်နေတဲ့ အသားအရည်၊ လန်းဆန်း တက်ကြွမှု ရှိတာ...အင်း...သန့်ရှင်း သပ်ရပ်တဲ့ အခန်းလေး တစ်ခုလိုပေါ့။" သမီးကြည့်ရတာ ကျွန်မရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် မှာသူကြားချင်တဲ့ စကားလုံးတွေ မပါတော့ သိပ်ကျေနပ် ပုံမရပါဘူး။ သူ့သူငယ်ချင်းမ တွေဆီ ဖုန်းဆက်ပြီး သူ့အမေ အကြောင်း အတင်းတုပ် ပါလေရော။

သံတွဲဒေသထွက် ငါး ပြည်တွင်းဈေးကွက်သို့ ပိုမိုဦးတည်

http://www.mmtimes.com/2012/business/625/fisheries.gif

ယခင်နှစ်များက သံတွဲမြို့နယ်ထွက် ကျော့ပိုက်ငါးဖမ်းလုပ်ငန်းမှ ရရှိမည့် ငါးများကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ ခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံရေး အခြေအနေကြောင့် ပြည်တွင်းဈေးကွက်သို့သာ ဦးတည်ရ မည်ဖြစ်ကြောင်း ကျော့ပိုက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်စိုး က ပြောသည်။

၂ ပတ်ကြာ ဆန္ဒပြမှု ကိစ္စ အလုပ်ရှင်ဘက်မှ သတင်းစာရှင်းလင်းပွဲလုပ်မည်

၂ ပတ်ကျော်ကြာပြီဖြစ်သည့် တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံမှ အလုပ်သမားများ ဆန္ဒပြ သည့် ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင် ဖြစ်သူ ဦးကိုကိုထွေးက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကို နိုဝင် ဘာလ ၈ ရက်နေ့ (ယနေ့) နေ့လည် ၁ နာရီတွင် စမ်းချောင်းမြို့နယ်၊ ဦးဝိစာရ လမ်းရှိ တော်ဝင် စင်တာ တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

-နူးယောက်မြို့တော်ဝန် မုန်တိုင်းသတိပေးချက် ထုတ်ပြန် -

http://ww4.hdnux.com/photos/16/04/31/3688039/8/centerpiecewide.jpg
 
 တိုက်ခတ်လတ္တံသော Nor'eastern မုန်တိုင်း၏ဘေးထွက်ဆိုးကျိုးများကို ကြို တင်ကာကွယ်သည့်အနေဖြင့် လက်ရှိအချိန်တွင် နူးယောက်မြို့ရှိ ဆောက် လုပ်ရေးလုပ်ငန်းများနှင့် ပန်းခြံများအားလုံးကို နူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ကပိတ်ထားလိုက်ပြီဖြစ်ပြီး ညနေ ၅ နာ ရီနောက်ပိုင်းလမ်းမများပေါ်တွင် ကားေ မာင်းခြင်း ရှောင်  ရှားရန် နှင့် ကားမောင်းသူများ အနေဖြင့်လည်း သတိကြီး စွာထားပြီး မောင်းနှင်ကြ     ရန် တိုက်တွန်းထားပါတယ်။