Sunday 30 October 2011

သောတရှင်နှင့် ပရိသတ်ကို ဂရုမစိုက်ပဲ လျစ်လျူရှုရင်တော့ သတင်းဌာနနဲ.သတင်းထောက်တွေကို ဆုံးမဖိုက လွယ်ပါသည်။

သောတရှင်တွေ ပရိသတ်အသံ Audience/Reader  ကို ဂရုမစိုက်ပဲ ထင်ရာဆိုင်းချင်တဲ့ သတင်းသမား အထူးသဖြင့် ပြည်ပ သတင်းဌာနတွေကို ဆုံးမနိုင်သည့် နည်းလမ်းတွေ အများအပြားရှိပါသည်။ အထူးသဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးတဲ့ ပြည်ပ သတင်းဌာနတွေအနေဖြင့် နောက်ကနေ ငွေပေးပြီး အားပေးထောက်ခံနေသည့် အရှင်တွေ Master တွေ သိအောင် တရားဝင် စာရေးပြီး ဆုံးမလို.ရပါသည်။ အချက်အလက်တွေ မမှန်မကန်ရေးသားပြီး Factually wrong, Misleading and Misinformation တွေ ဖြန်.ချီရင် ဆုံးမရမည် ဖြစ်ပါသည်။

သတင်းအချက်အလက်တွေ မမှန်ဘူးဆိုရင် လွဲမှားစွာ ရေးသား ဖြန်ချီနေရင် သက်ဆိုင်ရာ သတင်းဌာနတွေကို တရားဝင် စာရေး ဖုန်းဆက်ပြီး ကန်.ကွက်နိုင်ပါသည်။ သောတရှင်တွေ ပရိသတ်တွေ၏ ရေးသားချက်တွေဟာ ထိရောက်ပါသည်။ ရေးသားတဲ့စာကိုလဲ သက်ဆိုင်ရာ သတင်းထောက် သို.မဟုတ် အစီအစဉ်မှူးကိုလဲ ကော်ပီ မိတ္တူပေးသင့်ပါသည်။ အဲဒီလို တရားဝင် ရေးသား တင်ပြချက်ကိုမှ လျစ်လျူရှုနေသေးရင် သက်ဆိုင်ရာ သတင်းဌာန၏ အကြီးအကဲတွေ ဖြစ်တဲ့ ဥက္ကဌတွေ ဘွတ်အဖွဲ.အ၀င် ဒါရိုက်တာတွေ အယ်ဒီတာချုပ်တွေ ကိုပါ အသိပေးပြီး ထောက်ပြနိုင်ပါသည်။