Tuesday 21 August 2012

ကျူးကျော် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ အချင်းများရာမှ ခုနှစ်ဦး ထိခိုက် ဒဏ်ရာရ


သြဂုတ်၂၁ ရက်

မန္တလေးမြို့ အရှေ့တောင်ပိုင်းရှိ မြရည်နန္ဒ ရပ်ကွက် ကျုးကျော်သူများ နေထိုင်ရာ ဝင်းအတွင်းသို့   အောင်ပင်လယ် ရဲစခန်းမှ စခန်းမှူး ဦးဆောင်သော ရဲအင်အား လေးဆယ်ခန့်က ကျုးကျော်သူများ အရေး ဦးဆောင် လှုပ်ရှားသူ ဦးဝင်းမြင့်ထွန်းကို ဝင်ရောက်ဖမ်းဆီးရာမှ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူများက ပြောကြားသည်။

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်


မန္တလေး သြဂုတ်(၂၁)ရက်


၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူ ခံသေတ္တာပုံးများအတွင်းမှအလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လ  အကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

 “အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှသူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ”    မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။

၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ
မသိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျ ၀န်ထမ်း(၁၁)ယောက်ကို ရာထူးမှချကာချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြ  သာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက်နေကြောင်းတာဝန်ကျရဲ ၀န်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။

မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

ref:7daynews

Assange ကို လွှတ်ပေးရေး အတွက် Anonymous အဖွဲ့မှ ဗြိတိန် အစိုးရ ဆိုက်များကို တိုက်ခိုက်

တရားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် အပါအဝင် ဗြိတိန် အစိုးရ ဝက်ဘ်ဆိုက် အတော်များများမှာ wkileaks ထူထောင်သူ Julian Assange ကိုလွှတ်ပေးရန် အတွက် ဟက်ကာများ၏ လက်စားချေ     တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။

ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းသို့ ထပ်မံဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်းကြီးများ

သြဂုတ်လ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN(15W) ဖိလစ်ပိုင်အမည် IGME သည် အလွန်အားကောင်းသော အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ထိုင်ဝမ်ကျွန်းသို့ ဦးတည်ရွေ့လျားလျှက်ရှိပါသည်။


ဆီးရီးယားအစိုးရလက်ဖြောင့်တပ်သားတို့လက်ချက်ကြောင့် ဂျပန်သတင်းထောက်သေဆုံး

အသက် ၄၅နှစ်အရွယ်ရှိ ဂျပန်အမျိုးသမီးသတင်းထောက် Mika Yamamoto သည် ဆီးရိးယားနိုင် ငံမြောက်ပိုင်း Aleppo မြို့တွင်သတင်းရယူနေစဉ် သမ္မတအဆတ်ကိုသစ္စာခံသောအစိုးလက်ဖြောင့်တပ် တို့လက်ချက်ဖြင့် သြဂုတ်လ ၂၀ရက်နေ့က သေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှကြေ ညာလိုက်သည်။ Mika Yamamoto သည် ၁၉၉၅မှစတင်၍ ဂျပန်နိုင်ငံသတင်းလောကသို့ဝင်ရောက်ခဲ့ပြီး အာဖဂန်၊အီရတ် စစ်ပွဲများသို့သွားရောက်သတင်းယူခဲ့ပြီး စစ်မက်ဖြစ်ပွားဒေသတို့ရဲ့အခြေအနေကို တင်ပြသော စစ်မြေပြင်သတင်းထောက်တဦးဖြစ်သည်။